အပိုင်း ၄၉၈
Viewers 53k

အခန်း ၄၉၈

ဂဏန်ပေါင်း၏မွှေးရနံ့နှင့် ပေါက်ကွဲသွားသောဆေးမီးဖိုများ


"မွှေးရနံ့က ဘယ်လိုလုပ်ပြီးတော့ပျော့သွားတာလဲ...ဒါက ပျောက်ကွယ်လုနီးပါးတောင် ဖြစ်သွားပြီ..."


မွှေးရနံ့က သူတို့ကို ဗိုက်ဆာလာအောင် ဆွဲဆောင်ထားနိုင်ပေသည်။သို့သော်လည်း ရုတ်တရက်အမွှေးနံ့ပြန်လည်ပျောက်ကွယ်သွားခြင်းက စိတ်မသက်မသာပင်ဖြစ်မိသည်။


ပရိတ်သတ်ကြားထဲတွင်ရှိနေသော ဒိုင်လူကြီး၏ မျက်နာ၌ မျက်ရည်များပင် ပြည့်နေပေပြီ။


ပုဖန်က သူ့၏ ချောမောမှုကို မနာလို ဖြစ်နေသည်ဟုပင် ခံစားလိုက်မိသည်။သူ့အလှည့်တွင်မူ အဘယ်ကြောင့် ရှုပ်ရှက်ခတ်နေအောင်လုပ်ရသနည်း။


သူဒိုင်လူကြီးလုပ်စဉ်အခါက အဘယ့်ကြောင့် ပြဿနာများ ရှာရသနည်း။


ပထမဦးစွာ ပုပ်စပ်လှသောအနံ့၊ ဒုတ်ိယတစ်ခေါက်မွှေးပျံ့လှသော ရနံ့ ...သို့သော် ယခု ဒိုင်လူကြီးချုပ်ရှိနေသောအခါ၌ ထိုလူငယ်က ကြောက်နေသည်လား ။


ဘာဖြစ်လို့ ကြောက်ရွံ့နေရတာလဲ ...မြန်မြန်လေး ပြဿနာရှာပါတော့...


ဒိုင်လူကြီးချုပ်၏ စိတ်ထဲ၌လည်း မကောင်းသည့်အငွေ့အသက်များ ခံစားနေမိသည်။သို့သော်လည်း သူ လေထုထဲမှ လျော့ပါးသွားသော မွှေးရနံ့များကို ခံစားမိသွားသောအခါ တင်းကျပ်နေသော စိတ်က သက်သာရာရသွားလေသည်။ထိုကောင်လေး ပြဿနာမရှာသရွေ့အဆင်ပြေနေပေသည်။


အဂ္ဂိရတ်ပညာရှင်များလည်း သက်ပြင်းရှည်ကြီးတစ်ချက်မှုတ်ထုတ်လိုက်ကြသည်။ပုဖန်က သူ့၏ ပေါင်းအိုးပေါ် လက်တင်၍ သူ့ဟင်းပွဲချက်နေသည်ကို စောင့်နေလေသည်။ကြည့်ရသည်မှာ အရာရာတိုင်းက အဆင်ပြေနေပေသည်။နောက်ဆုံး၌ သူတို့အားလုံး စိတ်သက်သာရာရသွားကြ၏။


ဒီတစ်ကြိမ်၌ သူတို့ သက်စောင့်ဆေးကို အေးချမ်းစွာ သန့်စင်နိုင်ပေတော့မည်။စိတ်လှုပ်ရှားစရာများမတွေ့ရတော့သောကြောင့် ပရိတ်သိတ်များအားလုံးက စိတ်ပျက်သွားကြသည်။သူတို့က ဒီနေရာ၌ နောက်ထပ် ဆေးမီးဖိုများ အပြိုင်အဆိုင် ပေါက်ကွဲသည့်ပွဲမျိုးကို ကြည့်ရှုလိုခြင်းဖြစ်သည်။


ပုဖန်က ဒိုင်လူကြီးချုပ်၏ ခြိမ်းခြောက်ခြင်းကို ခံလိုက်ရသည်မှာ သူတို့အတွက် တကယ့်ကို ဆိုးရွားလှပေသည်။အရာအားလုံးက ထိုဒိုင်လူကြီးချုပ်ကြောင့်ပင် ပုဖန်၏ နှောင့်ယှက်မှုမရှ်ိတော့သောကြောင့် အဂ္ဂိရတ်ပညာရှင်များအားလုံးက သူတို့၏ ဆေးလုံးသန့်စင်မှုကို စ၍ အာရုံစိုက်လိုက်ကြသည်။


ခဏအတွင်းမှာပင် စင်ပေါ်၌ သန့်စင်နေသော သက်စောင့်ဆေးအမျိုးမျိုးမှ ထွက်ပေါ်လာသော မွှေးရနံ့များဖုံးလွှမ်းသွားလေသည်။ယခုတော့ သူတို့တောက်ပရမည့် အလှည့်ပြန်ရောက်လာပေမည်။


ဘုန်း...


ဆေးမီးတောက်တစ်ခုက ဧရိယာတစ်ခွင်လုံးကို ဖြတ်သန်းသွားလေသည်။ထိုအရာက မီးမြွေတစ်ကောင် ဆေးစွမ်းအင်များကို မြိုချစားသောက်နေသည်နှင့်ပင်တူသည်။ထိုမီးမြွေက စင်မြင့်တစ်ခုလုံးကို လှည့်ပတ်သွားလာသောအခါ၌ ဧရိယာတစ်ခုလုံး အပူလှိုင်းများဖြင့် ပြည့်နှက်သွားသည်။ကြည့်ရသည်မှာ အလွန်ပင်ကောင်းလှသည်။


ထိုအရာက တောက်ပကောင်းကင်မြို့မှ အဂ္ဂိရတ်ပညာရှင်တစ်ဦးပြသနေသောနည်းစနစ်တစ်ခုဖြစ်သည်။ထိုအချင်းအရာကိုကြည့်၍ ပရိတ်သတ်များကအံ့အားသင့်သွားပြီး လှုပ်လှုပ်ရှားရှားပြန်ဖြစ်လာကြသည်။


ကောင်းကင်ဆေးမြို့တော်မှ စီနီယာအကိုကျန်းကလည်း အရှုံးမပေးချေ။


သူကကျယ်လောင်စွာပင် ကြုံးဝါးအော်ဟစ်လိုက်ရာ သူ့၏ ဆေးမီးက မိုးကြိုးသွားတစ်လက်ကဲ့သို့ ပြောင်းသွားသလိုထင်ရပြီး ကောင်းကင်ပေါ်မှနေ၍ တရှ်ိန်ထိုးပြန်လည်ဆင်းကြလာသည်။


ထိုအလင်းက သူ့၏ ဆေးမီးဖိုထဲသို့ပင် ဖြတ်သန်းသွားပြီး အရည်ပျော်ကျသွားတော့မလိုပင် ထင်ရသည်။ထိုအလင်းတန်းက ဆေးရည်များကြား၌ မြွေတစ်ကောင်ကဲ့သို့ ရစ်ခွေသွားလာနေလေသည်။ထိုနည်းလမ်းကလည်း အလွန်ပင်ကြည့်ကောင်းလှသည်။


"ဝါး ...ကြည့်လိုက် ကြည့်လိုက် အဲ့ဒါက ကောင်းကင်ဆေးမြို့တော် ဆေးလုံးအဆောက်အဦးက လျှပ်စီးငြိမ်သတ်နည်းစနစ်ပဲ...တောက်ပကောင်းကင်မြို့တော်ရဲ့ မီးမြွေနည်းလမ်းကလည်း တကယ့်ကိုမိုက်တာပဲ...သူတို့က ပါရမီရှင်အဂ္ဂိရတ်ပညာရှင်ဆိုတဲ့ နာမည်နဲ့ တကယ့်ကိုထိုက်တန်တယ် ... သူတို့က တကယ့်အဂ္ဂိရတ်ပညာရှင်တွေပဲ တကယ်ပဲ မိုက်လိုက်တာ..."


အံ့အားသင့်ဖွယ်ရာကောင်စလှသော အဂ္ဂိရတ်ပညာရှင်များ၏ စနစ်များက ပရိတ်သတ်များ၏ အာရုံကို ဆွဲဆောင်သွားပြန်သည်။သူတို့အားလုံး စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်နေကြ၏။သို့သော်လည်း ယနေ့ ပုဖန်ပြဿနာမရှာသည်ကို တွေ့မြင်လိုက်ရသောကြောင့် လူတစ်ချို့ကလည်း ပြိုင်ပွဲကို စိတ်ပျက်နေကြပေပြီ။သူတို့က တခြားပြိုင်ကွင်းနေရာများသို့သာ ထွက်ခွာသွားကြသည်။


သူတို့က သူတို့အမှန်တကယ်ပင် ကြိုက်နှစ်သက်လှသော အဂ္ဂိရတ်ပညာရှင်များကို အားပေးထောက်ခံဖို့ရန်အတွက် တခြားပြိုင်ကွင်းနေသို့ ထွက်သွားကြခြင်းကြောင့် ပြိုင်ကွင်းငါး၌ လူတစ်ချို့သာကျန်ခဲ့တော့သည်။


တကယ်တမ်းပြောရမည်ဆိူလျှင်လည်း စားဖိုမှူးတစ်ယောက်က အဂ္ဂိရတ်ပညာရှင်တစ်ယောက်ကဲ့သို့ ယှဉ်နိုင်ပါမည်နည်း။


သူတို့ကကွဲပြား ခြားနားသည့် အဆင့်များ၌ တည်ရှိနေခြင်းဖြစ်သည်။


အဂ္ဂိရတ်ပညာရှင်တစ်ယောက်ကသာ မှတ်တိုင်စိုက်ထူလိုက်နိုင်သည်ဆိုသည်နှင့် ထိုစားဖိုမှူးက သူတို့အားလုံး၏ ခြေဖဝါးအောက်တွင် နင်းချေခံရပေလိမ့်မည်။


ပြီးခဲ့သည့်ပြိုင်ပွဲများအကြောင်းပြောရလျှင်လည်း အဂ္ဂိရတ်ပညာရှင်များက ပုဖန်၏ လုပ်ရက်များနှင့် မရင်းနီးခဲ့ရသောကြောင့်ဖြစ်သည်။သူတို့က အနံ့ဆိုးနှင့် မွှေးရနံ့တို့ကြောင့် အာရုံစူးစိုက်မှုများပျောက်ဆုံးသွားခဲ့ရသည်။ထိုအကြောင်းကြောင့်သာလျှင် ဆေးမီးဖိုများ တဟုန်းဟုန်း ပေါက်ကွဲခြင်းဖြစ်၏။


ဒီနေ့တွင် ပုဖန်က ယခင်ပြိုင်ပွဲများကဲ့သို့ လုပ်ဆောင်မှုကို မတွေးရသောကြောင့် ကြည့်ရှုသူများက ထွက်ခွာသွားကြသည်။ထိုသို့ ဖြစ်နေသော်လည်း လူတစ်ချို့၏ စိတ်ထဲ၌မူ မျှော်လင့်ချက်များရှိနေသေးသည်။သူတို့က ပုဖန် ဝုန်းဒိုင်းကြဲသည့် တစ်စုံတစ်ရာကို လုပ်မည်ကို မျှော်လင့်နေကြသေးသည်။


ဥပမာပြရမည်ဆိုလျှင် ပုဖန်ကြောင့် နှစ်ကြိမ်တောင် ဒုက္ခရောက်ခဲ့ရသည့် ဒိုင်လူကြီးမင်းက ယခုပြိုင်ပွဲတွင်လည်း ပြဿနာတစ်စုံတစ်ရာ ပြုလုပ်မည်ကို မျှော်လင့်စောင့်စားလျက်ရှိသည်။ယခုအချိန်၌ သူက စိတ်အားထက်သန်စွာဖြင့်ပင် ပုဖန်ရှိနေသည့်စင်ကို စူးစ်ိုက်ကြည့်နေလေ၏။


ပုဖန်က အံ့အားသင့်စရာများ သေချာပေါက်ပေးလိမ့်မည်ဟု သူ ခံစားမိနေသေည်။ရုတ်တရက် သူ့ခန္ဓာကိုယ်မှ အကြောချဉ်များပင် ပွင့်ထွက်သွားသလို စိတ်လှုပ်ရှားလာမိ၏။နောက်ဆုံး၌ ပုဖန် လှုပ်ရှားလာပေပြီ။မျက်လုံးများမှိတ်၍ အမူအရာမဲ့စွာမတ်တပ်ရပ်နေသော ပုဖန်က နောက်ဆုံး လှုပ်ရှားလာခဲ့ပြီ။


ပုဖန်မျက်လုံးပြန်ဖွင့်လိုက်ခြင်းကို ဘယ်သူမှ မသိလိုက်ပေ။ပုဖန်က ပေါင်းအိုးပေါ်တွင် လက်တင်ထားဆဲဖြစ်ပြီး များပြားလှသော အစစ်အမှန်စွမ်းအင်များကို ထည့်သွင်းလိုက်သည်။အစစ်အမှန်စွမ်းအင်များက ရေဝဲတစ်ခုသဖွယ်လှည့်ခွေ၍ ပေါင်းအိုးထဲတွင် ရစ်ပတ်နေလေသည်။


"ဒီတစ်ကြိမ်ကော ထူးဆန်းအံ့ဖွယ်ရာတွင် ကြုံတွေ့ရဦးမှာလား...ဒီတစ်ခါ ပေါက်ကွဲမှုတွေ ဖြစ်ဦးမှာလား..."


ပုဖန်လှုပ်ရှားသည်ကို တွေ့လိုက်သည့်ခဏ၌ ပရိတ်သတ်များကြားထဲ၌ ဆူညံပူညံမှုများ ပြန်လည်ဖြစ်ပေါ်လာသည်။တစ်ချို့က သူတို့၏ လည်ပင်များကို ဆန့်ထုတ်၍ ပုဖန်၏ စင်မြင့်ကို ကြည့်နေကြသည်။သူတို့၏ စိတ်ထဲ၌လည်းပုဖန် တစ်စုံတစ်ခုပြုလုပ်တော့မည်ဟူသော ခံစားချက်ကို ရနေလေသည်။သေချာပေါက် ကောင်းမွန်သည့် ပွဲတစ်ခုကို ကြည့်ရပေတော့မည်။


တစ်ချိန်တည်းမှာပင် ပြိုင်ပွဲဝင်နေကြသော အဂ္ဂိရတ်ပညာရှင်များကလည်း သူတို့၏ ဆေးလုံးသန့်စင်ခြင်း နောက်ဆုံးအပိုင်းကို ရောက်ရှိနေပေပြီ။သူတို့၏ ဆေးအနှစ်များကို ပျစ်ခဲသွားအောင်လုပ်၍ ဆေးလုံးပုံသဏ္ဍာန်ပေါ်လာပေတော့မည်။


ဆေးမီးဖိုအတွင်းမှ ဆေးအနှစ်များကလည်း အဂ္ဂိရတ်ပညာရှင်များ၏ စိတ်ဝိညာဉ်စွမ်းအားများအောက်၌ လှည့်လည်နေကြသည်။အဂ္ဂိရတ်ပညာရှင်များက သူတို့ဆေးမီးဖို၏ အတွင်းပိုင်းကိုသာ သေသေချာချာအာရုံစူးစိုက်ထားကြ၏။ဆေးအနှစ်များက စတင်၍ ပေါင်းစည်းလာပေပြီ။


ဆေးမီဖိုထဲမှ လုံးဝ ပြီးပြည့်စုံသည့် ပုံသဏ္ဍာန်ထွက်မလာသေးသော်လည်း ထိုအဂ္ဂိရတ်ပညာရှင်၏ ဆေးလုံးက ပြီးစီးတော့ပေမည်။


မှန်ပေသည်။သဘာဝကျစွာပင် ဒိုင်လူကြီးချုပ်ကလည်း ပုဖန်၏ လှုပ်ရှားမှုကို သတိပြုမိသော်လည်း သူစ်ိတ်ပူခြင်းမရှိပေ။အဂ္ဂိရတ်ပညာရှင်များက ဆေးလုံးသန့်စင်မှု ပြီးတော့မည်ဖြစ်လေရာထိုကောင်စုတ်လေးက ဒီပြိုင်ပွဲကို ရှုပ်ထွေးအောင် ဘာများပြုလုပ်နိုင်ပါဦးမည်နည်း။


ထို့အပြင် သူချက်ပြုတ်နေသည်မှာ ကြာမြင့်လှပြီဖြစ်သော်လည်း ထိုဟင်းပွဲမှ မည်သည့်မွှေးရနံ့မှ ထွက်ပေါ်လာခြင်းမရှိပေ။မည်သည့်အနံ့ဆိုးမှလည်း ထွက်ပေါ်လာခဲ့ခြင်းမရှိပေ။ထိုသို့ဖြစ်လေရာ ပြိုင်ပွဲဝင်များပေါ်တွက် သက်ရောက်မှုရှိမည့် တခြားနည်းလမ်းလည်း ရှ်ိမနေနိုင်တော့ပေ။


ရိုးရိုးသားသားပြောရလျှင်တော့ တခြားနည်းလမ်းများရှိသေးပေသည်။သို့သော်လည်း ထိုကောင်လေးကောင်းကင်ဘုံတက်ရန် ပြင်ဆင်ထားမှသာလျှင် တခြားနည်းလမ်းကို သုံးနိုင်ပေလိမ်မည်။


ထိုသို့မှ မဟုတ်လျှင် အရာရာတိုင်းက အေးအေးချမ်းချမ်းပြီးဆုံးသွားပေလိမ့်မည်။


ဒိုင်လူကြီး၏ စိတ်ထဲမှ အေးစက်စွာ ရယ်မောလိုက်သည်။ ဒီအကြိမ်၌ ဆယ်ယောက်သာ အရည်အချင်းပြည့်မီစွာ အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်လျှင် ပုဖန်၏ ဟင်းပွဲက မည်မျှပင် ကောင်းနေစေကာမူ သူ့ကို နောက်တစ်ဆင့်သို့ တက်ခွင့်ပေးလိမ့်မည်မဟုတ်ပေ။


ဒီကောင်စုတ်လေးကို ဒီပြိုင်ပွဲထဲမှ စောစောစီးစီးကန်ထုတ်နိုင်မှသာလျှင် သူ့စိတ်သက်သာရာရပေလိမ့်မည်။


တခြားပြိုင်ပွဲဝင်များက သူတို့၏ ကျွမ်းကျင်မှုများကို မြင့်တင်နိုင်ရန်အတွက် ဒီပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။သို့သော် ထိုကောင်လေးကမူဒီပြိုင်ပွဲတွင်လာရောက်၍ တခြားသူများ၏ နှလုံးသားကို လာရောက်ကစားနေခြင်းဖြစ်သည်။


ဒီတစ်ကြိမ်၌ ပုဖန် ဒယ်အိုးထဲထည့်ပေါင်းထားသော ပေါင်းခံအိုးကို ထုတ်ယူလိုက်သည်။ဒယ်အိုးထဲမှ ရေများကလည်း ခန်းခြောက်သွားပြီ ဖြစ်သည်။သူ ပေါင်းအိုးအဖုံးကို အနည်းငယ်ဖွင့်ဟလိုက်၏။


"နောက်ဆုံးတော့ ဟင်းပွဲကို ထုတ်ပြတော့မှာလား ..."


ပရိတ်သတ်များက စိတ်လှုပ်ရှားတကြီးဖြင့် ပုဖန်ကိုသာ စူးစ်ိုက်ကြည့်နေကြသည်။ဒိုင်လူကြီးချုပ်ပင်လျှင် အပေါ်ယံ၌ အေးဆေးတည်ငြိမ်ယောင် ဟန်ဆောင်ထားပေမယ့် အတွင်းထဲမှ သူ့၏ နှလုံးသားက ခုန်လှုပ်နေပေသည်။


သူပါးစပ်အပြည့် တံတွေးတစ်လုတ်မျိုချလိုက်ပြီး ပုဖန်လက်ထဲမှ ပေါင်းအိုးကိုသာ စိုက်ကြည့်နေလေသည်။ပေါင်းအိုးအဖုံးကို ဖွင့်လိုက်သည်နှင့် လေတိုးသံတစ်ချက် ထွက်ပေါ်လာပြီး ပေါင်းအိုးထဲမှ အဖြူရောင်အခိုးအငွေ့များ လုံးခနဲတက်လာကာ ကောင်းကင်ယံသို့ ထိုးတက်သွားလေသည်။ပုဖန်၏ ဘေး၌ ပတ်လည်၌ တိမ်မြူများအုပ်ဆိုင်းသွားသည်ကိုတွေ့လိုက်ရသည်။


ကြည့်ရှုနေကြသော ပရိသတ်က လေထုကို အငမ်းမရ ရှုရှိုက်လိုက်ကြသည်။သို့သော် အခ်ျိန်အတော်ကြာသည်အထိ မည်သည့်အနံ့မှ သူတို့ မရှုရှိုက်မိပေ။


"ဘာတွေဖြစ်နေတာလဲ ...ဘာလို့ ဘာအနံ့မှမရှိတာလဲ..."


သူတို့၏ စိတ်ထဲ၌ ထိတ်လန့်သွားမိသည်။ဒီတစ်ကြိမ်၌ ပုဖန်က အနံ့မွှေးပျံ့ခြင်းမရ်ှသည့် သာမန်ဟင်းပွဲတစ်ပွဲကို ပြုလုပ်ခဲ့ခြင်းလား ထိုသို့သာဆိုလျှင် သူအဂ္ဂိရတ်ပညာရှင်များကို မည်ကဲ့သို့ အနိုင်ရပါတော့မည်နည်း။


ပုဖန်က သူ့လက်ထဲမှ အိုးအဖုံးကို တစ်ဖက်သို့ လွတ်လွတ်ကင်းကင်း ချလိုက်သည်။ထိုအခါမှသာ အခိုးအငွေ့များကြားထဲမှ ဟင်းပွဲပေါ်ထွက်လာလေ၏။လုံးဝ အနီရောင်ပြောင်းလဲသွားပြီဖြစ်သော ကြီးမားလှသည့် ဂဏာန်းက ပေါင်းအိုးအလယ်တည့်တည့်တွင်ရှိနေလေသည်။


ခြေထောက်များမရှိတော့ဘူးဆိုသော်လည်း ကြီးမားလှသည့် လက်မကြီးနှစ်ချောင်းက အကောင်းပကတိရှိနေဆဲပင်ဖြစ်သည်။အနီရောင်ပြောင်းနေပြီဖြစ်သော ဂဏန်းခွံပေါ်တွက် ရေစက်ကလေးများထင်ကျန်နေသည်။ထိုရေစက်ကလေးများက အလွန်ပင်သေးငယ်ပြီး ချစ်စရာကောင်းကာ နှစ်လိုဖွယ်ကောင်းလှသည်။


ထိုမှထွက်ပေါ်လာသောရနံ့က အလွန်မပြင်းထန်ပေ။သို့သော်လည်း ထ်ိုဂဏာန်းပေါင်းကို မြင်လိုက်ရုံဖြင့်ပင် စားချင်စိတ်ပေါက်ကာ ဆာလောင်လာမိသည်။


"ဂဏာန်းက ကြည့်ရတာ အရမ်းအရသာရှိမယ့်ပုံပဲ...ဒီကောင်လေးက ဒီနေ့တော့ ဘာပြဿနာမှရှာပုံမရဘူး..."


ပုဖန်၏ ဂဏာန်းပေါင်းကို မြင်လိုက်သောအခါ၌ ဒိုင်လူကြီးချုပ်လည်း အံ့အားသင့်သွားမိသည်။သို့သော်လည်း မည်သည့်အနှောင့်ယှက်မှမလုပ်သောကြောင့် သူအနည်းငယ်လည်း ပျော်ရွှင်နေမိသည်။


.....


ဝီ....


စင်ပေါ်၌ ထူးဆန်းလှသော စွမ်းအင်အတက်ကျလှ်ိုင်းများ ပြန့်နှံ့ထွက်ပေါ်လာသည်။ထိုအချင်းအရာက လူတစ်ဦးသက်စောင့်ဆေးကို အောင်မြင်စွာ သန့်စင်ပြီးတော့ပုံပေါ်လေသည်။


လေထုကိုပင် တုန်ခါသွားစေသောကြောင့် ထိုဆေးလုံးကလည်း သာမန်ဆေးလုံးမဖြစ်နိုင်ပေ။တစ်စုံတစ်ယောက်က စိတ်ဝိညာဉ်ဆေးကို သန့်စင်လိုက်တာလား။ပရိတ်သတ်များ၏ အာရုံကို ထိုအဂ္ဂိရတ်ပညာရှင်ဆီသို့ ရောက်သွားပြန်သည်။


ပြောရမည်ဆိုလျှင် ပရိတ်သတ်များအနေဖြင့် စိတ်ဝိညာဉ်စုစည်းဆေးလုံးကို အောင်မြင်စွာ သန့်စင်သွားန်ိုင်သည်အား ကြည့်ရသည်မှာရှားပါးလွန်းလှသည်။ထိုမြင်ကွင်းက လူအားလုံးကို လူအမြောက်အများကို ဆွဲဆောင်သွားနိုင်ပေသည်။


စိတ်ဝိညာဉ်ဆေးလုံးကို သန့်စင်နိုင်သည့်သူက သေချာပေါက်ဆေးအဆောက်အဦး၏ ပါရမီရှင် တိမ်အဆင့် အဂ္ဂိရတ်ပညာရှင်ဖြစ်ရပေမည်။တိမ်တစ်စ အဂ္ဂိရတ်ပညာရှင်များက အမှတ် ၁ စိတ်ဝိညာဉ် ဆေးလုံးကို သန့်စင်နိုင်ပေသည်။တိမ်နှစ်စအဂ္ဂိရတ်ပညာရှင်များကလည်း အမှတ် ၂ စိတ်ဝိညာဉ်ဆေးလုံးကို သန့်စင်နိုင်၏။တိမ်သုံးစ အဂ္ဂိရတ်ပညာရှင်များကမူ အမှတ် ၃ ၊ ၄ စသည်ဖြင့် အဆင့်မြင့်သော စိတ်ဝိညာဉ် ဆေးလုံးများကို သန့်စင်နိုင်ပေသည်။


စိတ်ဝိညာဉ်စွမ်းအင်လှိုင်းများက ပို၍ပင် သိပ်သည်းပြင်းထန်လာသည်။ထိုအဓိပ္ပါယ်က စိတ်ဝိညာဉ်ဆေးလုံးကို သန့်စင်နိုင်သည့် ပညာရှင်က တစ်ယောက်မက များပြားသည်ပင် ။


ပြိုင်ပွဲက ပို၍ပို၍ပင် စိတ်လှုပ်ရှားစရာကောင်းလာပေသည်။


"လခွမ်း...ကြည့်လိုက် အဲ့ဒါက တောက်ပကောင်းကင်မြို့က အဂ္ဂိရတ်ပညာရှင်ပဲ ဖြစ်ရမယ်...သူကသာ အဲ့ဒီစိတ်ဝိညာဉ်ဆေးလုံးကို သန့်စင်နေတဲ့သူပဲဖြစ်မယ်...."


"မင်းကန်းနေတာလား...ကောင်းကင်ဆေးမြို့တော်က အဂ္ဂိရတ်ပညာရှင်ကသာ စိတ်ဝိညာဉ်ဆေးလုံးကို သန့်စင်နေတဲ့သူဆိုတာမမြင်ဘူးလား..."


"အခု ဘယ်သူက အောင်မြင်အောင်သန့်စင်နိုင်ဦးမလဲဆိုတာကို ငါတို့လည်းမပြောနိုင်သေးဘူး...ဒါက အားလုံးအတွက် စိန်ခေါ်မှုကြီးတစ်ရပ်ပဲ ထင်တယ်..."


ပရိတ်သတ်များ၏ စိတ်လှုပ်ရှား ငြင်းခုန်သံများက အဆုံးသတ်မသွားပေ။သူတို့က စင်ပေါ်၌ရှိနေသော အဂ္ဂိရတ်ပညာရှင်များကို ချီးမွှမ်းပြောဆိုနေခြင်းနှင့် ဆင်တူလေသည်။ပြိုင်ပွဲအတွင်း၌ အဂ္ဂ်ိရတ်ပညာရှင်များ၏ ယှဉ်ပြိုင်မှုကို အများဆုံးတွေ့မြင်လိုက်ခြင်းရှ်ိသည်။သူတို့ ဘယ်သူက ဆေးလုံးကို အောင်မြင်စွာသန့်စင်သွားနိုင်သည်ကို ကြည့်ရသည်မှာ စိတ်လှုပ်ရှားစရာကောင်းလှသည်။


ထို့အပြင် ပြိုင်ဘက်၏ ဆေးလုံးကို အရည်အသွေးပိုမြင့်သည့် တစ်ယောက်က နင်းချေနိုင်ပေလိမ့်မည်။ယခုအခ်ျိန်၌ သူတို့အားလုံး၏ အာရုံက ပုံပေါ်လာတော့မည့် စ်ိတ်ဝိညာဉ်ဆေးလုံးအပေါ်တွင်သာကျရောက်နေပေသည်။


မည်သူမှ ပုဖန်ကို ဂရုစိုက်မနေကြတော့ပေ။သို့သော်လည်း မျှော်လင့်ချက်အပြည့်ဖြင့် လူတစ်ယောက်ရှိနေသေးသည်။


ထိုသူက ပုဖန် နှစ်ကြိမ်ဒုက္ခပေးခြင်းကို ခံထားရသော ဒိုင်လူကြီးပင်ဖြစ်သည်။သူက ပုဖန်ကိုသာ မလွှဲတမ်းစူးစိုက်ကြည့်နေလေသည်။သူ့၏ ပုံစံက ပြင်းထန်လှသော စိတ်ခံစားချက်များကို ဆုပ်ကိုင်ထားပုံရလေသည်။


ရုတ်တရက် ပုဖန်က နောက်တစ်ကြိမ် ထပ်မံ ချက်ပြုတ်နေသည်ကို တွေ့လိုက်ရသောကြောင့် သူ အံ့အားသင့်သွားမိသည်။


ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ကိုမှုတ်ထုတ်လိုက်ပြီးနောက် ပါဝင်ပစ္စည်းနှင့် ဂဏာန်းသားများကို ဒယ်အိုးထဲ ပစ်ထည့်လိုက်သည်။


ဝှစ်...ဝှစ်...


သူအားလုံးကို ရောမွှေလ်ိုက်သည်နှင့် မွှေးပျံ့လှသည့် ရနံ့များ ပြိုင်ကွင်းတစ်ခွင်ကို လွှမ်းခြုံလာလေသည်။ထ်ိုရနံ့များကလည်း အလွန်တရာမွှေးကြိုင်လှသည်ဆိုသော်လည်း ကမာနှလုံးသားပန်ကိတ်နှင့် ယှဉ်လိုက်လျှင် အားနည်းနေပေသေးသည်။ထိုရနံ့က အဂ္ဂိရတ်ပညာရှင်များအပေါ်တွက်သက်ရောက်မှုမရှိပေ။


ပရိတ်သတ်များက လေထုထဲ ရစ်ဝဲလာသောမွှေးရနံ့များက်ို ရှုရှိုက်လိုက်မိပြီး ပုဖန်တစ်ယောက် ကြံရာမရ ဖြစ်နေသည်ဟု ထင်လိုက်မိကြသည်။ထိုပုဖန်တွင် ပြစရာစွမ်းရည်များမရှိတော့ပေ။


အဂ္ဂိရတ်ပညာရှင်များက ထိုရနံ့ကို ရှုရှိုက်လိုက်ကြသော်လည်း သူတို့စိတ်ထဲ အနည်းငယ်မျှပင် လှုပ်ရှားသွားခြင်းမရှိပေ။သူတို့ပုဖန်ကို အထင်အမြင်သေးစွာပင် နှာခေါင်းတစ်ချက်ရှုံ့လိုက်ကြသည်။


 ထိုသူက သာမန်ထက်နဲနဲပိုသာသည့် စားဖိုမှူးတစ်ယောက်သာသာပင်ဖြစ်လေသည်။


ဒီနေရာ၌ ပုဖန်ဘာလုပ်နေသည်ကို သိသည့်သူဟူ၍ ဒုက္ခရောက်ထားသော ဒိုင်လူကြီးတစ်ယောက်သာရှိလေသည်။အချိန်တိုအတွင်းမှာပင် ဒယ်အိုးထဲမှ အပူလှိုင်းလုံးများ လိမ့်ထွက်လာလေသည်။


ထို့နောက် ပုဖန်က အိုးထဲမှ တုန်တုန်လေးဖြစ်နေသော အနီရောင်အသားရဲရဲလေးများကိုဆယ်ယူလိုက်သည်။ထို့နောက်ထိုအသားနှင့် အနှစ်များကို ပေါင်းအိုးထဲမှ ထုတ်ထားသော ဂဏာန်းပေါင်းပေါ်သို့ လောင်းထည့်လိုက်သည်


လေတိုးသံကဲ့သ်ို့ အသံတိုးတိုးနှင့်အတူ အပူငွေ့များလွှမ်းခြုံသွားလေသည်။ပုဖန်၏ အမူအရာက အလွန်တည်ငြိမ်နေလေသည်။သူ သူ့လက်ချောင်းလေးများကို အသာအယာလှုပ်ခါလိုက်ရာ ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားပေါ်လာသည်။


ထို့နောက် ပုဖန်က သူ့၏ ဖြတ်တောက်ခြင်းနည်းပညာကို ထုတ်သုံးလိုက်လေရာ ဓားမှ တောက်ပလှသော အလင်းပန်းများ ပွင့်လန်းလာသကဲ့သို့ အလင်းရောင်များ လက်သွားလေသည်။သူက မျက်လုံးတစ်ချက်မလွှဲပဲ သူ့အာရုံအားလုံးကို ဂဏာန်းပေါ်တွင်သာ စူးစိုက်ထားသည်။


ဂဏာန်းခွံပေါ်မှ ဖိလိုက်ပြီးနောက် ဓားဖြင့် ပါးစပ်နေရာမှ ကလန့်၍ ဆွဲဖွင့်လိုက်သည်။အခွံကျိုးကြေသွားသည့် အသံတစ်ခုကို ကြားလိုက်ရသည်။ထိုအသံက ပတ်ဝန်းကျင်ရှိ လူအားလုံး၏ အာရုံကို ဆွဲဆောင်လိုက်ပြန်သည်။ခန္ဓာကိုယ်ပေါ်မှ အခွံကို ဖယ်ရှားလိုက်သည်နှင့် အပူငွေ့များ ထပ်မံထွက်ပေါ်လာပြန်သည်။ထိုအပူငွေ့နှင့်အတူ မွှေးပျံ့သော ရနံ့များပါ လိုက်ပါလာလေ၏။


ထိုမွှေးရနံ့က မုန်တိုင်းတစ်ခုကဲ့သို့ပင် ပြိုင်ကွင်း၏ ဧရိယာတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။ဒိုင်လူကြီးနှင့် ကြည့်ရှုနေကြသူအားလုံး ကြောင်အမှင်သက်နေမိကြသည်။


ပုဖန်၏ စင်မြင့်နေရာမှ ကောင်းကင်ယံထက်သို့ အလင်းတန်းများပစ်လွှတ်နေသကဲ့သို့ပင် အလင်းရောင်များ ဖြာထွက်နေသည်။


ဒိုင်လူကြီး၏ အကြည့်များကလည်း သူ့စင်မြင့်ပေါ်တွင်သာကျရောက်နေလေပြီ။


"ဒီဟင်းပွဲ ဒါဘယ်လိုဟင်းပွဲမျိုးလဲ...ဘယ်လိုဖြစ်ပြီးတော့ မျက်စိကန်းလောက်မယ့် အလင်းတန်းမျိုး ထုတ်လွင့်နိုင်ရတာလဲ ..."


ဘန်း...ဘန်း...ဘန်း...


ဒိုင်လူကြီးချုပ်၏ ခန္ဓာကိုယ်က တုန်ယင်သွားပေသည်။ခဏအတွင်းမှာပင် သူ့ခန္ဓာကိုယ်တစ်ခုလုံးချွေးများစိုနစ်သွားတော့သည်။စင်ပေါ်၌ ခဏအတွင်းမှာပင် ပေါက်ကွဲသံများဆက်တိုက် ထွက်ပေါ်လာပြီး မြေပင်တုန်ခါသွားလေသည်။


ပေါက်ကွဲသံများနှင့်အတူ ဒေါသတကြီးအော်ဟစ်လိုက်သံများပါ ကပ်လျက်ပါလာလေသည်။


ပရိသတ်များအားလုံးအံ့အားသင့်ကြောင်အစွာဖြင့် လေအေးတစ်ရှိုက်ရှုရှိုက်လိုက်မိကြသည်။


"သောက်ကျိုးနဲ ဒီနေ့ ပုဖန် ပြဿနာမရှာဘူးလို့ ဘယ်သူပြောလိုက်တာလဲ..."


အချိန်ကြာမြင့်စွာ ဖုံးကွယ်ထားသော မွှေးရနံ့များက ပေါက်ကွဲထွက်လာသည်။မွှေးရနံ့များ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဆေးမီးဖိုများပေါက်ကွဲသွားလေသည်။