အခန်း ၄၉၉
အကြံသမားစားဖိုးမှူး
အံ့အားသင့်နေသော ဒိုင်လူကြီးချုပ်က ကူရာမဲ့စွာဖြင့်ပင် နေရာ၌ရပ်နေဆဲဖြစ်သည်။သူ့ကိုကြည့်ရသည်မှာအလွန်တုန်လှုပ်ခြောက်ခြားပြီး အတော်လေးလေးကန်နှေးကွေးသွားပုံရလေသည်။
ကြည့်ရှုနေကြသော အရိတ်သတ်များကလည်း မည်သို့ဖြစ်သွားမှန်းသေချာမသိလိုက်ပဲ အူကြောင်ကြောင်ဖြစ်နေကြည်။
"အခုဘာတွေဖြစ်သွားတာလဲ...ဘယ်လိုဖြစ်ပြီး ဆေးမီးဖိုတွေက တစ်ပြိုင်တည်းပေါက်ကွဲတာလဲ..."
"သူတို့က ပြီးပြည့်စုံတဲ့ သက်စောင့်ဆေးလုံးကို သန့်စင်ချင်တယ်လို့ပြောခဲ့တယ်မဟုတ်ဘူးလား...ဘယ်လိုလုပ် ဒီလိုတွေဖြစ်သွားတာလဲ..."
အဂ္ဂိရတ်ပညာရှင်တစ်ယောက်က အေးစက်စွာ သက်ပြင်းချလိုက်သည်။ထို့နောက် တစ်စုံတစ်ခုကို စဉ်းစားမိသွားပုံဖြင့် ပုဖန်ရှိရာဆီသို့ လှည့်ကြည့်လိုက်သည်။သူထင်ထားသည့်အတိုင်းပဲ ပုဖန်၏ စင်မြင့်ပေါ်၌ အလင်းရောင်းများတောက်ပနေသည့် ဟင်းပွဲတစ်ပွဲကို တွေ့လိုက်ရသည်။
"ဟင်းပွဲတစ်ပွဲက အဲ့ဒီလောက်တောက်ပနိုင်လို့လား...ဒါဘယ်လိုအံသြဖွယ်ရာ ဖြစ်ရပ်မျိုးလဲ..."
အားလုံးအံ့အားသင့်နေကြသည်။သူတို့က ပုဖန် ဒီတစ်ကြိမ် ပြိုင်ပွဲမှ ထွက်ခွာသွားရမည်ဟု မျှော်လင့်ထားခြင်းဖြစ်သည်။သို့သော် ထင်မှတ်မထားစွာပင် သူက နောက်ဆုံးအချိန်လေးတွင်မှ ပြင်းပြလှသော မွှေးရနံ့များထုတ်လွင့်နေသည့် ဟင်းပွဲတစ်ပွဲကို ထုတ်လုပ်နိုင်ခဲ့သည်။
မွှေးရနံများက ပြိုင်ကွင်းတစ်ခုလုံးကို မြူသဖွယ်အုံ့ဆိုင်းထားလေသည်။ပရိတ်သတ်များအားလုံးက ဟန်မဆောင်နိင်တော့ပဲ မျက်လုံးများမှေးစင်း၍ လေကို အငမ်းမရ ရှုရှိုက်နေကြတော့သည်။
မွှေးရနံ့များက သူတို့ကို လုံးဝ ဆွဲဆောင်ထားပေပြီ။ထိုမွှေးရနံ့များက ပထမနေ့က ပြုလုပ်ခဲ့သော ကမာနှလုံးသားပန်ကိတ်နှင့် အဆပေါင်းများစွာ သာလွန်နေပေသည်။ထိုမွှေးရနံ့များက ပင်လယ်၏ သဘာဝရနံ့ကိုပါ သယ်ဆောင်လာပေသည်။
ပုဖန်က မည်သူ့ကိုမဆို ဖမ်းဆီးထားနိုင်ပေသည်။ကုန်းတွင်းပိုင်းတွင်သာ နေထိုင်ခဲ့ကြသူများက ပင်လယ်၏ရနံ့က စွဲမက်ဖွယ်ကောင်းလှကြောင်း တွေ့ရှိသွားကြသည်။
အေးခဲနေသော တရားသူကြီးက နောက်ဆုံး ပြန်လည်သတိဝင်လာပြီး သူ့ခန္ဓာကိုယ်က တုန်ရီလာပေသည်။ သူ့ဒေါသများက အထွဋ်အထိပ်သို့ ရောက်နေပေပြီ။
ထိုသို့ ဖြစ်ပွားခဲ့သည်။မယုံနိုင်စရာကောင်းလှသော ဖုန်းလွှမ်းနိုင်မှုက သူ့မျက်စိရှေ့တွင်ပင် ဖြစ်ပွားခဲ့ပေပြီ။
လုံးဝ ခွင့်မလွှတ်နိုင်ဘူး...
အစောပိုင်းအချိန်က မည်သည့်မွှေးရနံ့များ ထွက်မလာဘူးမဟုတ်ပါလား။အဘယ့်ကြောင်း မွှေးပျံ့လှသော ရနံ့က ရုတ်တရက်ကြီး ထွက်ပေါ်လာရသနည်း။ထိုကောင်လေးက သေချာပေါက် ရည်ရွယ်ချက်ရှိရှိ လုပ်ခြင်းဖြစ်ပေလိမ့်မည်။
စားဖိုမှူး၏ အကြံအစည်က ထိုမျှနက်ရှိုင်းလိုက်မည်ဟု မထင်ထားခဲ့ပေ။လူတိုင်းသတိထားနေသည့်အချိန်တွင် သူ့၏ ဟင်းပွဲက မည်သည့်အနံ့မှ ထွက်မလာခဲ့ပေ။သို့သော် အားလုံးက စိတ်ဖြေလျှော့လိုက်ပြီး သတိလက်လွတ်နေလိုက်သောအချိန်မှသာလျှင် ထိုကောင်လေးက ရုတ်တရက် မွှေးရနံ့များကို ထုတ်လွင့်လိုက်ပြီး အဂ္ဂိရတ်ပညာရှင်များ၏ ဆေးမီးဖိုများကိုပေါက်ကွဲသွားစေခဲ့သည်။
အကြံအစည်တွေ ပြည့်နေတဲ့ စားဖိုမှူးပဲ...
ဘန်း...ဘန်း...
ပေါက်ကွဲသံများနှင့်အတူ ကျောက်စများနှင့် မီးညွှန့်များက ကောင်းကင်ယံသို့ လွင့်တက်နေကြသည်။ခမ်းနားထည်ဝါလှသော မြင်ကွင်းကို ပရိတ်သတ်များအားလုံးက ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြသည်။အဂ္ဂိရတ်ပညာရှင်များ၏ ဆေးမီးဖိုအမျိုးမျိုးပေါက်ကွဲသော ထိုမြင်ကွင်းမျိုးကို ကြည့်ရှုနိုင်ရန် ရှားပါးလှလေသည်။
ဒီတစ်ကြိမ်၌ ရင်ပြင်ကျယ်၏ အလယ်ဗဟို ပြိုင်ကွင်းနေရာက အားလုံး၏ အာရုံစူးစိုက်ရာနေရာဖြစ်နေပေသည်။ကျောက်တုံးများနှင့် မီးညွှန့်များလွင့်ပျံတက်နေသည့် မြင်ကွင်းက အလွန်လှပလှလေရာ မည်ကဲ့သို့ အာရုံမစိုက်ပဲ နေနိုင်ပါမည်နည်း။
စီနီယာအကိုကျန်း၏ မျက်နာက သကြားသီးကဲ့သို့ နီရဲနေပေသည်။သူက လျှပ်စီးငြိမ်းသက်နည်းစနစ်ဖြင့် သူ့၏ သက်စောင့်ဆေးကို သန့်စင်နေသည်မှာ ပြီးမြောက်အောင်မြင်ခံနီးနေပေပြီ။
ထိုအချိန်တွင်ပင် အလွန် ကျေနပ်ဖွယ်ကောင်းလှသော မွှေးရနံ့လေးက သူ့နှာခေါင်းပေါက်ကို လာရောက်ကျီစယ်ပြီးနောက် နှာခေါင်းထဲ လျှင်မြန်စွာတိုးဝင်သွားလေသည်။
"ဘာအနံ့လဲ...ဘာကြောင့် ဒီလောက်တောင် မွှေးနေရတာလဲ...ဒါက ပင်လယ်ရဲ့ မွှေးရနံ့လား...လှိုင်းလုံး တစ်လုံးပြီးတစ်လုံး..."
စီနီယာအကိုကျန်းက မွှေးရနံ့ထဲ နစ်မြှုပ်သွားပြီး သတိလက်လွတ် မျက်လုံးများပိတ်လိုက်မိသည်။သူ့၏ ခန္ဓာကိုယ်ကို လှိုင်းများက လာရောက် ပွတ်တိုက် ကျီစယ်နေသလို ခံစားလိုက်ရသည်။ထိုခံစားမှုက အလွန်ပင်သာယာပြီး ကျေနပ်ဖွယ်ကောင်းလှပေသည်။
ရုတ်တရက် စီနီယာအကိုကျန်း၏ စိတ်ဝိညာဉ်က တုန်ခါသွားပြီး သူမျက်ဝန်းများ ပြန်ဖွင့်လိုက်သည်။သူ့မျက်ဝန်းများက သွေးနီရောင်ရဲနေပေသည်။ပင်လယ်၏ မြင်ကွင်းက ချက်ခြင်းပျောက်ကွယ်သွားပြီးပြင်းထန်လှသော ပေါက်ကွဲမှုများ အစားထိုးဝင်ရောက်လာလေသည်။ထိုပေါက်ကွဲမှုမှ ထွက်ပေါ်လာသော တုန်ခါသံများကပင် သူ့နှလုံးသားကို တုန်ရီနေစေသည်။
"ဒါကြောက်စရာကောင်းလွန်းတယ် ...တကယ့်ကိုကြောက်စရာကောင်းလွန်းတယ်...ဒါ့ကြောင့် ဂျူနီယာညီလေးလျှို ပြိုင်ပွဲမှ ထွက်ခွာခဲ့ရတာကို...ဒီမွှေးရနံ့တွေရဲ့ သက်ရောက်မှုက အဂ္ဂိရတ်ပညာရှင်များအတွက် ဆိုးရွားစွာ ပျက်စီးစေတယ်..."
ထိုရနံ့က သူတို့၏ စိတ်ကို နစ်မြောသွားစေပြီး မီးတောက်များကို ထိန်းချုပ်ရန် ခက်ခဲသွားစေသည်။မီးတောက်များမငြိမ်မသက်ဖြစ်လာပြီးနောက် မီးဖိုများပေါက်ကွဲသွားခြင်းဖြစ်သည်။
ဖူး....
ခပ်လှမ်းလှမ်းနေရာတွင်လည်း တောက်ပကောင်းကင်မြို့တော်မှ အဂ္ဂိရတ်ပညာရှင်တစ်ယောက်က အသဲအသန်ကြိုးစားနေပေသည်။သူက ချောင်းတစ်ချက် ဆိုး၍ သူ့၏ သွေးအဆီအနှစ်ကို ငရဲမီးတောက်ထဲသို့ ထည့်လိုက်သည်။ထို့ကြောင့် သူ့၏ မီးတောက်က ပြန်လည်တည်ငြိမ်သွားလေသည်။
"ဟာ...ငါ့မီးဖိုပေါက်ကွဲပြီ..."
"ငါ့မီးဖိုလည်း ပေါက်ကွဲသွားပြီ...ငါသိတယ် ငါ့မီးဖိုလည်း ပေါက်ကွဲတော့မယ်ဆိုတာကို ငါသိနေတယ်..."
"ဘာကြောင့်များ ဒီလိုလူမျိုးနဲ့ ယှဉ်ပြိုင်ရတာလဲ..."
"ဘာလို့ အရမ်းမွှေးနေရတာလဲ...ဘာလို့ အရမ်းမွှေးနေရတာလဲလို့..."
စင်ပေါ်၌ မီးဖိုပေါက်ကွဲသွားသော အဂ္ဂိရတ်ပညာရှင်များ၏ ငိုကြွေးအော်ဟစ်သံများနှင့် ပြည့်နှက်နေလေသည်။တစ်ချို့ အဂ္ဂိရတ်ပညာရှင်များ၏ မျက်ဝန်းများက နီရဲနေကာ သူတို့၏ ဆံပင်များကို ဆောင့်စွဲနေလေသည်။တစ်ချို့ကမူ ဒေါသများပေါက်ကွဲထွက်သွားပြီးနောက် ပေါက်ကွဲသွားသော မီးဖို အပိုင်းအစများကို ဒေါသတကြီးဖြင့် ဆောင့်တက်နင်းနေကြသည်။တုံ့ပြန်ပြုမူကြပုံများက ကွဲပြားခြားနားလှသည်။
တခြားတစ်ဘက်တွင်မူ...
ပုဖန်က ပတ်ဝန်းကျင်တွင်ဖြစ်နေကြသော အရာအားလုံးက သူနှင့်မဆိုင်သကဲ့သို့ လျစ်လျူရှူထားလေသည်။ဂဏာန်းပေါင်းမှ ထွက်ပေါ်နေသော မွှေးရနံ့ကို ရှုရှိုက်၍ သူ့၏ စိတ်များကို ဖြေလျော့လိုက်သည်။အဆင့် ၈ ပါဝင်ပစ္စည်းက တကယ့်ကို အဖိုးထိုက်တန်လှပေသည်။ချက်ပြုတ်ပြီးနောက် သူ့၏ ရနံ့က အလွန်ပင် မွှေးပျံ့ကြိုင်လှိုင်နေပေသည်။
စင်အောက်ရှိ ပရိတ်သတ်များကလည်း အလွန်စိတ်လှုပ်ရှားသောကြောင့် အသက်ရှုရန်ပင်ခက်ခဲလာခဲ့သည်။
ပြိုင်ပွဲမှ ရပ်နားခြင်းခံထားရသော ဒိုင်လူကြီးကလည်း ထိုနည်း၎င်းပင် ဖြစ်သည်။သူက အလွန်စိတ်လှုပ်ရှားစွာဖြင့် စင်ပေါ်သို့ ခုန်တက်ကာ ပုဖန်ကို အနမ်းတောင်သွားပေးချင်လာသည်။
သူက ဒိုင်လူကြီးချုပ်၏ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော မျက်နာအမူအရာကို မြင်လိုက်ရသောအခါ၌ သူ့၏ ဂန္မာပန်းဝ၌ နေ့တစ်ဝက်ခန့်မျှ တစ်ဆို့နေသော အီးလုံးကို ထုတ်လွင့်လိုက်ရသကဲ့သို စိတ်ကျေနပ်သွားမိသည်။
ဟမ်း...အရင်တုန်းက ငါမပြောခဲ့ဘူးလား ငါကို အပြစ်တင်လို့မရပါဘူးလို့...အဲ့ဒီစားဖိုမှူးက လုံးဝ လူထူးလူဆန်းပဲ သူနဲ့တွေ့ရတဲ့ ဘယ်သူမဆို ကံဆိုးတာပဲ...
ထိုဒိုင်လူကြီး၏ စိတ်ထဲ၌ စိတ်ကျေနပ်စွာဖြင့် ရယ်မောနေလေသည်။
"ဆေးမီးဖိုတွေ ပေါက်ကွဲတာကို မင်းမြင်လိုက်လား...အသံကျယ်ကြီးနဲ့ မီးဖိုက ပေါက်ကွဲသွားပြီးတော့ မီးတောက်တွေက ကောင်းကင်ပေါ်လွင့်တက်သွားတယ်...တကယ့်ကို ခမ်းနားကြီးကျယ်တဲ့ မြင်ကွင်းပဲ..."
"ပထမဆုံးအနေနဲ့ ငါအဲ့ဒီလို တောက်ပတဲ့ မီးတောက်တွေကို ပထမဆုံးမြင်ဖူးတာပဲ...ခဏအတွင်းမှာပဲ အဂ္ဂိရတ်ပညာရှင်မီးဖိုက နှစ်ခြမ်းခွဲပြီး ပေါက်ကွဲသွားတာ..."
"စားဖိုမှူးတွေက အဂ္ဂိရတ်ပညာရှင်တွေရဲ့ ရန်သူအကြီးအစားဖြစ်နေမလား...ဒါကြောင့်မလို့ မြူကောင်းကင်မြို့တော်ထဲမှာ စားဖိုမှူးတစ်ယောက်မှရှိမနေတာကို...သူတို့ အမြစ်ဖြတ် သုတ်သင်ထားတာပဲ ဖြစ်ရမယ်..."
ပရိတ်သတ်များက တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောဆိုနေကြလေသည်။ဒိုင်လူကြီးချုပ်၏ နှလုံးသားထဲမှ သွေးစိမ်းရှင်ရှင်စီးကျနေပေသည်။သူ စင်မြင့်ပေါ်ကို ဝေ့ဝဲအကဲခတ်ကြည့်လိုက်သည်။တွေ့မြင်လိုက်ရသော မြင်ကွင်းကြောင့် စိတ်ပျက်အားငယ်သွားရပေသည်။
နောက်ဆုံးအချိန်သို့ ရောက်ခါမှပင် အဂ္ဂိရတ်ပညာရှင်တိုင်းလိုလို၏ မီးဖိုများပေါက်ကွဲသွားခဲ့သည်။သက်စောင့်ဆေးသန့်စင်ဆဲသူဟူ၍ နှစ်ယောက်သာကျန်ရှိတော့သည်။တစ်ယောက်က ကောင်းကင်ဆေးမြို့တော်မှ ပါရမီရှင်တစ်ယောက်ဖြစ်ပြီး တစ်ယောက်က တောက်ပကောင်းကင်မြို့တော်မှ ပါရမီရှင်ဖြစ်သည်။
ယခုသူ့၏ မျှော်လင့်ချက်များကို ထိုနှစ်ယောက်အပေါ်တွင်သာ ပုံအောထားရပေသည်။သူတို့သာ ကျဆုံးခဲ့လျှင် သူသွေးအန်ရပေလိမ့်မည်။
ဝီ...
စွမ်းအင်လှိုင်းများက ပြိုင်ကွင်းတစ်ခုလုံးကို ဖုံးလွှမ်းလာပေသည်။စီနီယာအကိုကျန်းတစ်ယောက် အော်ဟစ်ငိုမိတော့မလိုပင်ဖြစ်သွားလေသည်။နောက်ဆုံးတော့ သူ ဆေးလုံးသန့်စင်ပြီးသွားလေပြီ။
သူ့၏ ဆေးလုံးပတ်လည်၌ ရွေ့လျားနေသော ခပ်ဝါးဝါးပုံသဏ္ဍာန်လိုင်းလေးတစ်ခု ဖြစ်ပေါ်နေသည်။အမှတ် ၁ စ်ိတ်ဝိညာဉ် ဆေးလုံးကို သန့်စင်ခဲ့ခြင်းဖြစ်သည်။ယခု လိုင်းလေး တစ်လိုင်းပေါ်နေလေရာ သူ့၏ ဆေးလုံးက ပြီးပြည့်စုံခဲ့လေသည်။
တောက်ပကောင်းကင်မြို့တော်မှ အဂ္ဂိရတ်ပညာရှင်လည်း သူ့၏ ဆေးလုံးကို သန့်စင်ပြီးသွားလေပြီ။သူ့၏ မျက်နာက နွမ်းနယ်နေပြီး သူ့၏ မျက်လုံးများကလည်း မဲမှောင်နေသည်။ထိုပုံစံက အလွန်အကျွံ ပင်ပန်းနွမ်းနယ်နေသည့် ပုံစံပင်ဖြစ်သည်။
နောက်ဆုံး၌ ဒိုင်လူကြီးချုပ်လည်း စိတ်သက်သာရာရသွားသည်။အမှတ် ၁ စိတ်ဝိညာဉ်ဆေးလုံး နှစ်လုံး...
အနည်းဆုံး ဒီတစ်ကြိမ်၌ လူသုံးယောက်ဖြတ်ကျော်နိုင်မည့်ပုံရလေသည်။သူက ပုဖန်၏ ဟင်းပွဲကို အရင်မမြည်းပဲ စီနီယာအကိုကျန်းနှင့် တောက်ပကောင်းကင်မြို့တော်မှ အဂ္ဂိရတ်ပညာရှင်ရှိရာဆီသို့ လျှောက်သွားလေသည်။
ဒိုင်လူကြီးချုပ်က နှောင့်နှေးနှောင့်ယှက်မှုများကို ကာကွယ်ရန်အတွက် သက်စောင့်ဆေးများကို အရင်စစ်ဆေးလိုခဲ့သည်။နောက်ဆုံးသောရလဒ်က သူ့ကို စိတ်မပျက်စေခဲ့ပေ။ပုဖန်၏ ဟင်းပွဲမှ ထွက်လာသော မွှေးရနံ့များက သက်စောင့်ဆေးသန့်စင်ရာတွင် နောက်ဆုံးအခြေအနေသို့ ရောက်နေပြီဖြစ်သော ဒီအဂ္ဂိရတ်ပညာရှင်များကို နှောင့်ယှက်ခဲ့သောကြောင့် ဆေးမီးဖိုများ ပေါက်ကွဲမလိုပင် ဖြစ်ခဲ့ရသည်။
သို့သော်လည်း အချိန်မီ ပြန်လည်ထိန်းနိုင်သွားခဲ့သည်။မည်သို့ပင်ဆိုစေ သူတို့က ပါရမီရှင် အဂ္ဂိရတ်ပညာရှင်များပင်ဖြစ်သည်။ယခု အမှတ် ၁ စိတ်ဝိညာဉ်ဆေး၏ အရည်အသွေးကိုလည်း စမ်းသပ်ကြည့်ရန်မလိုပေ။
ထို့ကြောင့် ထိုအဂ္ဂိရတ်ပညာရှင်နှစ်ယောက်လုံးက နောက်တဆင့်သို့ တက်ရောက်သွားနိုင်ပေပြီ။ဒိုင်လူကြီးချုပ်က စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။ထို့နောက် သူ ပုဖန်ဘက်သို့ လှည့်ကြည့်လိုက်သည်။သူ့၏ အကြည့်များက ပုဖန်၏ စင်မြင့်ပေါ်ရှိ ဟင်းပွဲပေါ်သို့ ကျရောက်သွားလေသည်။
ဂဏာန်းပေါင်းကြီး...
ပူပူမွှေးမွှေးစွပ်ပြုတ်ရည်ထဲတွင် အခွံမပါတော့သော အနီရောင်ဂဏာန်းကြီးက အလွန်ပင် ဆွဲဆောင်မှုရှိလှသည်။ဖြူဖွေးသော ဂဏာန်းသားများနှင့် အဆီအနှစ်ပြည့်နေသော အဝါရောင်ဂဏာန်းဥလေးများမှ မွှေးပျံ့ကြိုင်လှိုင်သော ရနံ့များကို ထုတ်လွင့်နေသည်။
"အရမ်းပဲ ဆွဲဆောင်မှုရှိတယ်..."
ထိုမွှေးရနံ့များ၏ စွဲဆောင်မှုကို ခံနေရသူများထဲ၌ ဒိုင်လူကြီးချုပ်လည်းတစ်ယောက်အပါအဝင်ဖြစ်သည်။ပုဖန်ဆီသို့ လျှောက်လှမ်းလာလိုက်ပြီးနောက် သူ့ကိုကြည့်၍ မေးလိုက်သည်။
"ဒီတစ်ကြိမ်မင်းလုပ်ခဲ့တဲ့ ဟင်းပွဲကို ဘယ်လိုခေါ်လဲ..."
"ပင်လယ်ဂဏာန်းပေါင်း..."
ပုဖန်က မော်မော်ကြွားကြွားပင်ပြန်ဖြေလိုက်သည်။
"ဂဏာန်းပေါင်း..."
ဒိုင်လူကြီးချုပ် လေတစ်ချက်ရှုရှိုက်လိုက်သည်နှင့် မွှေးပျံ့သောရနံ့များက အလုအယက် တိုးဝင်သွားပြန်သောကြောင့် သူပါးစပ်အပြည့်တံတွေးတစ်လုတ်မျိုချလိုက်မိသည်။
"ဒီအနံ့က အရမ်းကို မွှေးကြိုင်လွန်းတယ်...ဂဏာန်းပေါင်းတစ်ခုက အဲ့ဒီလောက် မွှေးကြိုင်လို့လား..."
သူကိုယ်သူပင် ထ်ိန်းချုပ်မှု မဲ့လာသည်ဟု ခံစားလိုက်မိသည်။ထို့နောက် သူ ရွှေဝါရောင်အဆောင်ပြားတစ်ခုကို ထုတ်လိုက်သည်။ထို့နောက် အစစ်အမှန်စွမ်းအင်များ ထည့်သွင်း၍ အဆောင်ပြားကို အသက်သွင်းလိုက်၏။အစီအရင်ပုံပေါ်လာပြီးနောက် ဂဏာန်းပွဲကို ဖုံးအုပ်သွားလေသည်။
ဝီ...
စွမ်းအင်လှိုင်းများ ဖြာထွက်လာပြီးနောက် အလင်းရောင်များ ထုတ်လွင့်လာလေသည်။တောက်ပလှသော အလင်းတန်းများက စတင်လည်ပတ်လာပြီး တစ်ပတ်လည်လေတိုင်း အလင်းရောင်က ပိုမိုတောက်ပလာသည်။
"မြင်ကြတဲ့အတိုင်းပဲ ဒီဟင်းပွဲမှာ စိတ်ဝိညာဉ်စွမ်းအင်တွေ အမြောက်အများပါဝင်နေတယ်...ဒါက အဆင့် ၉ သက်စောင့်ဆေးလုံးနဲ့ တကယ့်ကို နှိုင်းယှဉ်နိုင်တယ်..."
အစီအရင်မှ တောက်ပလာသော အလင်းတန်းများကို မြင်သည်နှင့် ဒိုင်လူကြီးချုပ်၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားသည်။အရင်ဒိုင်လူကြီးပြောထားသည့်အကြောင်းအရာများအားလုံးက အမှန်တရားများဖြစ်ပုံရလေသည်။
ဒီစားဖိုမှူးက သာမန်စားဖိုမှူးတစ်ယောက်မဟုတ်ပေ။သူ့၏ အချက်အပြုတ်ကျွမ်းကျင်မှုက တမူထူးခြားလှပေသည်။စီနီယာအကိုကျန်း၏ မျက်ဝန်းများလည်း ကျဉ်းမြောင်းသွားပြီး သူလေအေးတစ်ချက်ရှိုက်လိုက်မိသည်။
ထိုဟင်းပွဲတွင်ပါဝင်နေသော စိတ်ဝိညာဉ်စွမ်းအားများက အဆင့် ၁ စိတ်ဝိညာဉ်ဆေးလုံးထက် အနည်းငယ်မျှ လျော့နည်းလိမ့်မည်မဟုတ်ပေ။
"ဒါ ဘယ်လိုဟာသမျိုးလဲ..."
"ခင်ဗျားမြည်းကြည့်နိုင်တယ်...မြည်းကြည့်ပြီးမှသာလျှင် ဒီဟင်းပွဲရဲ့ သက်ရောက်မှုကို သိလိမ့်မယ်..."
ပုဖန်က ဒိုင်လူကြီးချုပ်ကို သာမန်အတိုင်း အေးဆေးစွာပင်ပြောလိုက်သည်။
ဒိုင်လူကြီးချုပ်က ပုဖန်ကို တစ်ချက်မျှ စောင်းကြည့်လိုက်ပြီးနောက် တူတစ်စုံကို ကောက်ယူလိုက်သည်။တူကိုင်ထားသော သူ့၏ လက်များက မသိမသာတုန်ယင်နေပေ၏။
သူ ဟင်းတစ်ပွဲကို မစားရသည်မှာ နှစ်ပေါင်းဘယ်လောက်ကြာမြင့်ခဲ့ပြီလဲ...
အရသာမျိုးစုံ အဆာခံဆေးလုံးများ ထွက်ပေါ်လာကတည်းက သူအစားအသောက်စားခြင်းကို ရပ်တန့်ခဲ့သည်။ယခုအနံ့မွှေးကြိုင်လှသော ဟင်းတစ်ပွဲကို မြည်းခွင့်ကြုံခဲ့လေပြီ။သူ၏ စိတ်ခံစားချက်များက အနည်းငယ်လှုပ်ရှားနေမိသည်။
ပူပူမွှေးမွှေးစွပ်ပြုတ်ရည်များထဲမှ ဂဏာန်းသားလေးများက တုန်ရီနေ၏။ထို့အပြင် စွပ်ပြုတ်ရည်အပေါ်၌လည်း ဂဏာန်းခြေထောက်မှ ထုတ်ထားသော အသားဖတ်လေးများက ပေါလောမျောနေသည်။ထိုပုံစံကပင် တကယ့်ကို စားချင်စဖွယ်ကောင်းလှသည်။
ဒိုင်လူကြီးမင်းက အသားတစ်ဖက်ကို ကောက်ယူလိုက်သည်။ပုဖန် ဂဏာန်းပေါင်းစဉ်အခါက သူ့၏ စွမ်းအားများဖြင့် မီးကို ကောင်းစွာ ထိန်းချုပ်နိုင်ခဲ့သည်။ထို့ကြောင့် ဂဏာန်းသားများက အလွန်နူးညံ့နေပေသည်။ထို့ကြောင့် ဂဏာန်းအခွံကိုထုတ်ရာတွင် အားစိုက်စရာမလိုပေ။
သူအသားတွင်းမှ အခွံအမာကို စွဲထုတ်ယူလိုက်သည်။ဖြူဖွေးသော ဂဏာန်းသားလေးများက နူးအိပြီး မွှေးပျံ့လှပေသည်။ဒိုင်လူကြီးမင်းက အသားဖတ်လေးကို ဟင်းရည်ထဲသို့ တစ်ဖန်ပြန်နစ်လိုက်သည်။
ထိုမြင်ကွင်းနှင့် မွှေးရနံ့များကြောင့် ကြည့်ရှုနေသူများအားလုံး မထိန်းချုပ်နိုင်ပဲ ဂလုခနဲ တံတွေးမျိုချလိုက်မိကြသည်။
ကြည့်ရှုနေသူများအားလုံးက သူတို့၏ လည်ပင်းကို ဆန့်နိုင်သရွေ့မြင့်မြင့်ဆန့်ကာ ဒိုင်လူကြီးမင်းပါးစပ်ထဲသွင်းလိုက်သည့်ပုံကို လိုက်လံကြည့်ရှုကြသည်။
အာ...
တစ်ချို့သူများဆိုလျှင် ပါးစပ်မှ သရေများပင် စီးကျနေလေပြီ။
"မင်းအဲ့ဒီလောက် စွဲဆောင်မှုရှိအောင် လုပ်ထားစရာလိုလို့လား..."
ပရိတ်သတ်များအားလုံးက မြည်ကြွေးမိကြသည်။သူတို့ဟင်းပွဲကို မြင်နေရသော်လည်း မြည်းစမ်းခွင့်မရှိပေ။ထိုကဲ့သို့သောနာကျင်မှုက ထုတ်ဖော်ပြရန်ခက်ခဲလှပေသည်။
နယ်သာရီ၏ မျက်ဝန်းနက်နက်လေးများကလည်း ဟင်းပွဲတွင်သာ ကပ်ငြိနေလေသည်။သူမ၏ အနက်ရောင်ဆံနွယ်များက လေအရှိန်ဖြင့် တဖျက်ဖျက်လွင့်ခါလာပြီးနောက် သေးသွယ်နူးညံ့လှသော ခြေဖဝါးလေးကို မြေပြင်ပေါ်အသာထောက်ကန်လိုက်သည်။
ချက်ချင်းဆိုသလို စင်ပေါ်ရှိ ပုဖန်ဘေးနားသို့ ရောက်သွားလေသည်။
"ဒါကို နင်စားလို့မရဘူး ...ဒါက ပြိုင်ပွဲအတွက်..."
နယ်သာရီကို မြင်လိုက်သည့်ခဏ၌ ပုဖန်အံ့အားသင့်သွားသော်လည်း ချက်ချင်းပင်အလျှင်အမြန်ပြောလိုက်သည်။
ဒီအမျိုးသမီးက ဒီကို ဘာလာလုပ်ပြန်တာလဲ...
ဒိုင်လူကြီးချုပ်က ဟင်းပွဲ၏ အရသာထဲတွင် လုံးဝ နစ်မြှုပ်ပျော်ဝင်နေပေပြီ။နူးညံ့လှသော ဂဏာန်းသားလေးက လျှာပေါ်၌ ပျော်ဝင်သွားသည်။ချိုမြလှသော စွပ်ပြုတ်ရည်ထဲမှ နဂါးတစ်ကောင်ထွက်ပေါ်လာသလို မွှေးရနံ့များက သူ့၏ ခံတွင်းတစ်ခုလုံးကို တိုက်ခိုက်ပြီး အရသာခံ အာရုံကြောလေးများကို ထိုးနှက်နေသောကြောင့် အသက်ရှုများပင် ပြင်းထန်လာလေသည်။
အသားမှ ထွက်ပေါ်လာသောချိုမြလှသည့် အရသာလေးက သူ့က်ိုပင်လယ်ထဲ နစ်မြှုပ်နေသလိုပင် ခံစားရစေသည်။ပင်လယ်ထဲမှ လှိုင်းတံပိုးက တစ်လုံးပြီးတစ်လုံး သူ့အပေါ်ဖုံးလွှမ်းလာလေ၏။
ထိုအခ်ျိန်ခဏ၌ သူ့ခန္ဓာကိုယ်ရှိ ကြွက်သားများတုန်ခါလာပြီး သန်မာလာသည်ဟု ခံစားလိုက်မိသည်။ဂဏာန်းအသားတစ်ဖက်ကပင် ခွန်အားများဆထက်တစ်ပိုးတိုးလာအောင် စွမ်းဆောင်နိုင်ပေသည်။
ဟင်းပွဲ၏ ဖုံးလွှမ်းနိုင်စွမ်းသောအရသာကို ဘေးဖယ်ထားလိုက်လျှင်ပင်... သူ့၏ သက်ရောက်မှုတခုထဲဖြင့် လုံးဝ ထူးခြားနေပေပြီ။
"ဒါက တကယ့်ကို နတ်သုဒ္ဓါပဲ အရသာရှိလွန်းတယ်..."
ဒိုင်လူကြီးမင်းက ဂဏာန်းဟင်းပွဲ၏ အရသာထဲ နစ်မြှုပ်နေသည်ကို အခွင့်အကောင်းယူ၍ ပုဖန် သူ့ဆိုင်းဘုတ်ကိုဆွဲထုတ်လိုက်သည်။ထို့နောက် သူ့၏ သံစင်မြင့်နှင့်ရိုက်လိုက်ပြီး ဒီနေ့အတွက် ကြော်ငြာခြင်းလုပ်ငန်းကိုစတင်လိုက်သည်။
ပုဖန်ကြော်ငြာနေစဉ်အတွင်း သူ့ဘေးနားတွင်ရပ်နေသော နယ်သာရီက ဂဏာန်းဟင်းပွဲကို စွဲယူ စားသောက်နေသည်ကို မည်သူမှမသိလိုက်တော့ပေ။
အားရပါးရ စားနေသောနယ်သာရီနှင့် တက်ကြွစွာကြော်ငြာနေသောပုဖန်... နှစ်ာက်ပေါင်းမြင်ကွင်းက တကယ့်ကို လိုက်ဖက်ညီလှ၏။