Arc(3): ကမ္ဘာပျက်ကပ်ကရည်းစားဟောင်း။
ကျောက်ကျင်းစစ်၏မကောင်းတဲ့စိတ်တန်ဖိုးပြောင်ရှင်းသွားပြီး နှစ််သက်မှုတန်ဖိုးပြည့်သွားပြီးနောက် နေရာလွတ်-အချိန်စီမံခန့်ခွဲရေးဌာနက လင်ခုံးလု၏မစ်ရှင်မှာကောင်းမွန်စွာပြီးမြောက်သွားပြီဟုတွေးမိကြသည်။ ဒါပေမဲ့ ချက်ချင်းထွက်ခွာမှုကကျောက်ကျင်းစစ်ကိုမကောင်းတဲ့စိတ်ပြန်ဝင်လာစေမှာစိုးလို့ ခေါင်းဆောင်များသည်သုတေသနပြုလုပ်ပြီးနောက် လင်ခုံးလုကိုဒီကမ္ဘာမှာနည်းနည်းပိုကြာကြာနေခွင့်ပေးရန်တညီတညွှတ်တည်းဆုံးဖြတ်ခဲ့ကြသည်။
ဘယ်လောက်ကြာကြာနေမလဲဆိုတာကတော့ လင်ခုံးကိုယ်တိုင်အခြေအနေအရဆုံးဖြတ်ရသည်။ ထို့ကြောင့် လင်ခုံးလုကကျောက်ကျင်းစစ်သေဆုံးချိန်အထိနေခဲ့သည်။
ထွက်ခွာနေစဥ် ယခင်ကမ္ဘာကကဲ့သို့ပင် နွေးထွေးသောစွမ်းအားကကျောက်ကျင်းစစ်၏ခန္ဓာကိုယ်ထဲမှထွက်လာကာ လင်ခုံးလု၏မျက်ခုံးများကြားမှာဆင်းသက်သွားပြီး သူ့အသိစိတ်ကိုရစ်ပတ်သွားသည်။
လင်ခုံးလုနှင့်သူ့ချစ်သူတို့မျက်လုံးအတူမှိတ်လိုက်ပြီး သူတို့မျက်လုံးဖွင့်လိုက်ချိန်တွင် သူတို့နှစ်ယောက်မှာဖက်ကာနမ်းရှိုက်လျက်သားဖြစ်နေမှန်းတွေ့လိုက်ကြရသည်။
လင်ခုံးလု: "!!!" တောင်းပန်ပါတယ်၊ ဘာတွေဖြစ်ကုန်တာလဲ။
"ကလေးလေး၊ ကလေးလေး...."
သူ့ကိုယ်ပေါ်ကလူကသူ့ခါးကိုလက်မောင်းများဖြင့်ရစ်ပတ်ကာ အက်ရှရှတီးတိုးဆိုလျက် သူ့ကိုပိုင်စိုးပိုင်နင်းဆန်သောအရှိန်အဝါဖြင့်တင်းကြပ်စွာပွေ့ဖက်လာသည်။
လင်ခုံးလုမှာဒီနာမ်စားကြောင့်မိန်းမောသွားရကာ သူဘယ်ကမ္ဘာမှာဘယ်သူနှင့်တစ်ညတာဖြတ်သန်းခဲ့မှန်းမမှတ်မိတော့ပေ။
"မင်း၊ ငါ့ကိုလွှတ်။"
သူအံကြိတ်ကာ ခပ်ပြင်းပြင်းရုန်းလိုက်သည်။
ထိုစဥ်တံခါးခေါက်သံထွက်လာပြီးနောက် သက်လတ်ပိုင်းအမျိုးသား၏အသံထွက်ပေါ်လာသည်။
"လင်သခင်လေး၊ လူကြီးမင်းကဒီနေ့အလုပ်ခရီးရှိတာမို့ ကျွန်တော်မနက်ဖြန်ကျရင်သခင်လေးကိုကျောင်းလိုက်ပို့ပေးပါ့မယ်ဗျ။"
လင်ခုံးလု: "...." သောက်ကျိုးနည်း၊ ဒါဘယ်နေရာလဲသူသိလိုက်ပြီ။
ဒီကမ္ဘာကိုဇွန်ဘီတို့ဝင်ရောက်ဖျက်ဆီးတော့မည်ဖြစ်ပြီး သူကားကမ္ဘာပျက်ကပ်အပြီးမှာဇာတ်လိုက်ပေါ်မှီခိုပြီး ဇာတ်လိုက်အတွက်ပြဿနာမျိုးစုံရှာပေးလေ့ရှိသည့်ခွန်အားမရှိသောရည်းစားဟောင်းဖြစ်ပေသည်။
သူနှင့်ဇာတ်လိုက်ကျန့်စစ်တို့ကကမ္ဘာပျက်ကပ်မတိုင်ခင်မှာတွေ့ဆုံခဲ့ကြသည်။ ထိုအချိန်တုန်းကတစ်ဖက်လူဟာAတက္ကသိုလ်မှာနတ်ဘုရားအဆင့်ပုံရိပ်တစ်ခုဖြစ်ကာ အေးစက်ကာကပ်စေးနည်းသောခပ်မြင့်မြင့်တောင်ထိပ်ပေါ်က ဒဏ္ဍာရီလာပန်းတစ်ပွင့်ဖြစ်သည်။
သူကတော့ ဂျူနီယာအထက်တန်းကျောင်းကထွက်လာပြီး Aတက္ကသိုလ်အနီးမှာစားစရာပို့သည်။ သူကားပုံမှန်ဆိုချိုမြန်ကာချစ်စရာကောင်းပြီးနွေးထွေးချင်ယောင်ဆောင်လေ့ရှိပေမဲ့ သူဟာတကယ်တမ်းနှလုံးနက်နှင့်တွက်ချက်တတ်သောကြာပန်းဖြူလေးဖြစ်ပေသည်။
တစ်နေ့ကျသူသည်မတော်တဆနေရာမှားပို့ချင်ယောင်ဆောင်ကာ အရက်မူးနေသည့်ကျောက်ကျင်းစစ်ထံခုန်ဝင်ပြီးတော့ ခပ်မြင့်မြင့်တောင်ထိပ်ပေါ်ကပန်းလေးကိုခူးခဲ့သည်။
ဟုတ်တာပေါ့၊ ထိုညကတကယ်ဘာမှမဖြစ်ခဲ့ဘဲ ကျန့်စစ်တစ်ယောက်အထင်လွဲသွားရုံသာ။ သူနောက်ပိုင်းရည်းစားဟောင်းဖြစ်လာခဲ့သည့်အကြောင်းရင်းမှာ သူကသူဌေးတစ်ယောက်ဆီခြံခုန်သွားခဲ့သောကြောင့်ပင်။
စျေးထဲမှာမွေးဖွားလာခဲ့သည့်အမြှောက်စာဇာတ်ကောင်အနေဖြင့် လောကကြီးကိုသိပ်မမြင်ဖူးဘဲ အနည်းငယ်တုံးအကာ ချမ်းသာသောသူဌေးကြောင့်မျက်စိကျိန်းသွားပြီး ကျန်းစစ်ကိုအမြန်ကန်ထုတ်ပစ်ကာ သူဌေးနှင့်လိုက်သွားနေချင်တော့သည်။
သူတို့လမ်းမခွဲခင် သူကကျန့်စစ်ကိုအထင်သေးစွာပြောခဲ့သည်။
"အနာဂတ်မှာငါ့ဆီမလာနဲ့တော့၊ သူကငါ့ကိုလာခေါ်တိုင်းLamborghiniအမြဲမောင်းလာတယ်၊ မင်းကတော့လျှပ်စစ်မြည်းသေးသေးလေးကိုဘယ်လိုစီးရမလဲဆိုတာဘဲသိတယ်။"
ကျန့်စစ်မှာရုပ်ဆိုးသောမျက်နှာဖြင့်ကျန်ရစ်ခဲ့ပြီး ဒီမြည်းလေးကိုစီးရတာကရိုမန့်တစ်ဆန်တာမို့ အကျီအဖြူဝတ်ပြီး လျှပ်စစ်မြည်းလေးကိုမောင်းကာသူ့ကိုလာခေါ်ပါဟု ကြာပန်းဖြူလေးကပြောခဲ့ဖူးတာမို့ သူဒီလျှပ်စစ်မြည်းလေးကိုဘဲစီးလေ့ရှိတာဟုအမြင်မရှိသည့်ဒီကြာပန်းဖြူလေးကိုမပြောခဲ့ပေ။
ဒီအကြောင်းကြောင့် ယာဥ်ထိန်းရဲကသူ့ကိုတာကာ တရားမဝင်လူသယ်ဆောင်သည့်အတွက်ဒဏ်ကြေးရိုက်ခဲ့သည်။
သူကLamborghiniကိုတတ်နိုင်သည်ဟုသူလည်းမပြောခဲ့ဖူးပေ။ ကြာပန်းဖြူလေးကမျက်ကန်းဖြစ်ကာ သူ့ကိုပေးခဲ့သည့်လက်ပတ်နာရီကသန်းပေါင်းများစွာတန်မှန်းမမြင်ခဲ့လို့ သူဒေါသထွက်မိသည်။
ကြာပန်းဖြူလေးတကယ်မျက်ကန်းဖြစ်နေပြီး သူနှင့်ပျော်ပျော်ကြီးလမ်းခွဲပြီးနောက်ပိုင်းမှာ ဗီလာမှာနှစ်ရက်ပင်မနေရသေးခင်ကမ္ဘာပျက်ကပ်ရောက်လာသည်။
လင်ခုံးလုအနည်းငယ်ပြန်တွေးကြည့်ပြီးနောက် ဒီဟာကသူဗီလာမှာနေသည့်ပထမဆုံးညဖြစ်ကြောင်းသတိရသွားသည်၊ ဒီတော့ သူ့ပေါ်ကလူက....
သူတောင့်တင်းစွာခေါင်းလှည့်ကြည့်မိတော့ တစ်ဖက်လူ၏မျက်နှာကိုရှင်းလင်းစွာမြင်လိုက်ရချိန် သူ့မျက်လုံးမှာတမဟုတ်ချင်းပြူးကျယ်သွားရသည်။
"ကျန့်စစ်?"
ကျန့်စစ်ကသူ့ကိုဖိထားပေမဲ့ မသိမသာအကွာအဝေးခြားထားသည်။
သူကလင်ခုံးလုကိုလက်နှစ်ဖက်လုံးဖြင့်တင်းကြပ်စွာဖိထားပြီး သူ့မျက်နှာထားမှာယခင်ကကဲ့သို့အေးစက်ကာမထူးခြားမခြားနားဖြစ်မနေဘဲ သူ့မျက်လုံးများမှာရူးသွပ်မှုတစ်စွန်းတစနှင့်အတူ ထူးဆန်းစွာနီရဲလျက်ရှိသည်။
လင်ခုံးလုလန့်သွားပေမဲ့ ဒီအခိုက်အတန့်မှာယခင်ကမ္ဘာနှစ်ခုတုန်းကလိုမျိုးရင်းနှီးသောကျွမ်းဝင်မှုကိုခံစားလိုက်ရသည်။
ကျန့်စစ်မှာတံခါးခေါက်သံကြားလိုက်ရချိန် သူ့မျက်နှာထားမှာအေးစက်မှု၂ဒီဂရီပြောင်းသွားတော့သည်။ သူကသူ့ရင်ခွင်ထဲကလူကိုကြည့်ကာပြောလာသည်။
"မင်းရဲ့စပွန်ဆာလား။"
လင်ခုံးလု: "....." ဒါအရမ်းရှက်ဖို့ကောင်းတာပဲ။
ဒါပေမဲ့ကျန့်စစ်ကဘာလို့ဒီရောက်နေတာလဲ။ ဒါက"ရွှေသခင်ကြီး"ရဲ့ဗီလာလေ။ သူကစောင့်ကြည့်နေတဲ့မောနီတာနဲ့လုံခြံရေးအစောင့်တွေကိုဖြတ်ပြီး ဘယ်လိုခိုးဝင်လာတာလဲ။
အဓိကအချက်က ကျန့်စစ်ဟာအရင်တစ်ခေါက်တုန်းကသူ့ကိုလိုက်မရှာခဲ့ပေ။
လမ်းခွဲပြီးနောက်ပိုင်း တစ်ဖက်လူကAမြို့တော်ကိုထွက်သွားခဲ့ပြီး ကမ္ဘာပျက်ကပ်နောက်ပိုင်းမှသာပြန်ဆုံခဲ့ကြမှန်းသူမှတ်မိသည်။ ကျန့်စစ်၏အဖွဲ့ကဗီလာဘေးကဖြတ်သွားကာ ဗိုက်ဆာပြီးသေတော့မည့်သူ့ကိုကယ်တင်ခဲ့သည်။
"မင်း၊ ဘာလို့ဒီမှာရှိနေတာလဲ။"
လင်ခုံးလုအံ့သြချင်ယောင်ဆောင်ကာမေးလိုက်ပေမဲ့ စိတ်ထဲမှာတွေးမိသည်၊ သူပြန်မွေးဖွားလာတာဖြစ်မယ်။
ကျန့်စစ်၏သွေးချင်းနီရဲနေသည့်မျက်လုံးများကပုတ်ခတ်ပုတ်ခတ်လုပ်ကာပြောလာသည်။
"မင်းရဲ့စပွန်ဆာတွေ့သွားမှာစိုးလို့လား။"
လင်ခုံးလု: "....."
သူ"ဒေါသထွက်"သွားကာ လက်ဆန့်ပြီးတစ်ဖက်လူကိုခပ်ပြင်းပြင်းတွန်းထုတ်ကာဒေါသတကြီးပြောလိုက်သည်။
"သွားစမ်းပါ၊ မင်းဘာကိုဆိုလိုတာလဲ။ ငါ့ကိုတမင်လှောင်နေတာလား။"
သူ့ခန္ဓာကိုယ်မှာစောစီးစွာအရွယ်ရောက်ကာ မကြာခဏလေနှင့်မိုးမိတတ်ပေမဲ့ သူ့ကိုယ်မှာမထင်မှတ်ထားစွာဖြင့်ပိန်ပါးကာသွယ်လျပေသည်။ အထူးသဖြင့်ကျန့်စစ်နှင့်တွဲပြီးနောက်ပိုင်း တစ်ဖက်လူဆီကခဏခဏကျွေးမွေးကာဂရုစိုက်ခံရသဖြင့် သူကပိုပိုဖြူဖွေးကာနူးညံ့လာသည်။ သူဒေါသအနည်းငယ်ထွက်သွားချိန်တွင် သူ့မျက်လုံးထောင့်များနီစွေးသွားပုံမှာ ငိုချတော့မည့်အလား။
အတိတ်မှာစားစရာလိုက်ပို့တုန်းက တချို့လူများကသူ့ကို"မိန်းမတစ်ယောက်၏ခန္ဓာကိုယ်၊ အစေခံမလေး၏ဘဝ"ဟုမကြာခဏလှောင်ရယ်လေ့ရှိကြသည်။
ဒါကိုပြောသည့်လူအများစုမှာစက်ဆုပ်ရွံရှာဖွယ်ကောင်းလှသည်။ ကလေးကြီးကတော့စိတ်ဆိုးကာငိုချင်တတ်ပြီး ၎င်းမှာထူးဆန်းလှသည်။
ဒါပေမဲ့သူငိုနေပုံရသည်ဟုကျန့်စစ်မြင်လိုက်ရချိန်မှာ သူရုတ်ခြည်းထိတ်လန့်သွားပြီး သူ့ကိုရတနာပမာပွေ့ဖက်ကာ နူးညံ့စွာချော့မြူလိုက်မိသည်။
"ကလေးလေးမကြောက်ပါနဲ့၊ ကိုယ်ကဒီအတိုင်းစနေတာပါကွာ၊ ကိုယ်နည်းနည်းသဝန်တိုသွားလို့ပါ၊ ဒေါသမထွက်ပါနဲ့နော်....."
လင်ခုံးလုကြက်သေသေသွားရသည်၊ ဒီဇာတ်လိုက်ဘာဖြစ်သွားတာလဲ။ သူနှင့်ကျန့်စစ်မှာအကောင်းဆုံးဆက်ဆံရေးရှိတုန်းကတောင် တစ်ဖက်လူကဘယ်တုန်းကမှဒီလိုမလုပ်ခဲ့ဖူးပေ။
ထို့အပြင် ကျန့်စစ်ကားလေပြင်းပမာရန်လိုချင်ယောင်ဆောင်တတ်သည်။ သူကလူတိုင်းကိုသာမန်ကာလျှံကာဆက်ဆံလေ့ရှိသည်။ သူကားအေးစက်သောနတ်ဘုရားတစ်ပါးပမာ။
"မင်း၊ မင်းအဆင်ပြေရဲ့လား။"
လင်ခုံးလု၏မျက်နှာထားမှာမဖော်ပြနိုင်လောက်အောင်ပင်။
ကျန့်စစ်ကားတိုက်ခံရကာ သူ့စိတ်ပြိုလဲသွားတာဖြစ်လောက်မည်ဟုသူသက်ာမကင်းဖြစ်နေမိသည်။
"ကိုယ်...." ကျန့်စစ်စကားပြောဖို့ပြင်လိုက်သည်နှင့် သူရုတ်တရက်ခေါင်းကိုအုပ်လိုက်ပြီး အလွန်နာကျင်နေပုံရကာ သူ့မျက်လုံးများမှာပြေလျော့စပြုလာသည်။
လင်ခုံးလုအမြန်သူ့ကိုကူတွဲပေးကာ စိုးရိမ်တကြီးမေးမိသည်။
"ဘာဖြစ်တာလဲ။"
ဒီကမ္ဘာကတအားထူးဆန်းတယ်၊ သူဒီကိုလာတာမကြာသေးဘဲ ဇာတ်လိုက်ကသေသွားတော့မှာလား။
အဓိကအချက်က ဒါဟာလည်းအရင်ကမ္ဘာနှစ်ခုတုန်းကသူ၏တိုက်ခိုက်မှုဟောင်းကြောင့်ဖြစ်နိုင်သည်။
ကျန့်စစ်မျက်မှောင်ကြုတ်ကာ အသည်းအသန်ခေါင်းခါလိုက်ပုံမှာ နိုးကြားအောင်ကြိုးစားနေသည့်အလား။
ဒါပေမဲ့သူတကယ်တောင့်မခံနိုင်တော့ပေ၊ သူစကားပြောဖို့တောင်ခက်ခဲနေပေသည်။ သူရုတ်တရက်သူ့အိတ်ကပ်ထဲကပုတီးစေ့ဖြူလေးကိုထုတ်ကာ အားကုန်သုံးပြီးလင်ခုံးလုပါးစပ်ထဲထိုးထည့်လိုက်ပြီးနောက် တင်းကြပ်စွာနမ်းရှိုက်လာသည်။
ပုတီးစေ့မှာခံတွင်းဝမှာအရည်ပျော်သွားပြီး လင်ခုံးလုမှာတုံ့ပြန်ဖို့အချိန်မရှိလိုက်ဘဲ နွေးထွေးမှုတစ်ခုလည်ချောင်းတလျှောက်စီးဆင်းလာကာ နောက်ဆုံးဝမ်းဗိုက်အောက်ပိုင်းမှာအမြစ်တွယ်သွားတာကိုခံစားမိလိုက်သည်။
လင်ခုံးလု: "?!!"
ငါ့ကိုဘာကျွေးလိုက်တာလဲ။
ကျန့်စစ်မှာနမ်းပြီးနောက် သတိလစ်သွားသည့်အလား ရုတ်တရက်သူ့လက်မောင်းကြားထဲကျလာသည်။
လင်ခုံးလုတုန်တုန်ရီရီလက်ဆန့်ကာစမ်းကြည့်လိုက်မိသည်။
"ဟူး၊ အဆင်ပြေပါတယ်၊ အသက်ရှုနေသေးတယ်၊ ဒီအတိုင်းအိပ်ပျော်သွားတာဖြစ််မယ်။"
သူသက်မချလိုက်မိပြီးမှ မျက်မှောင်ကြုတ်လိုက်သည်။
"စနစ်၊ နှစ်သက်မှုနဲ့မကောင်းတဲ့စိတ်တန်ဖိုး?"
0687: "နှစ်သက်မှုက၃၁၊ မကောင်းတဲ့စိတ်တန်ဖိုးက၇။"
လင်ခုံးလု: "...." မြင့်လဲမမြင့်ဘူး၊ နိမ့်လဲမနိမ့်ဘူး၊ တော်တော်လေးပုံမှန်ပဲ။
အထူးသဖြင့်နှစ်သက်မှုတန်ဖိုးကအရင်တစ်ခေါက်လမ်းခွဲတုန်းကနှင့်တူတူပဲ၊ ပြန်မွေးဖွားလာတာဟုတ်ပုံမရဘူး။
ဒီတော့ဘာတွေဖြစ်ကုန်တာလဲ။
လင်ခုံးလုအတွေးထဲနစ်ဝင်သွားရပေမဲ့ အကြောင်းတချို့ကြောင့် အိပ်ချင်စိတ်ကမကြာခင်ဝင်ရောက်လာသည်။ တဖြည်းဖြည်းနှင့် သူလည်းအိပ်ပျော်သွားတော့သည်။
သူပြန်နိုးလာချိန်မှာ ဒုတိယညရောက်နေပြီးဖြစ်ကာ ဗီလာမှာတိတ်ဆိတ်နေပြီး ကျန့်စစ်ကမရှိတော့ပေ။
သူထွက်သွားတာလား၊ တစ်နေရာရာမှာပုန်းနေလားလင်ခုံးလုမသိသဖြင့် အလိိုလိုထရပ်ကာတံခါးသွားဖွင့်ကြည့်မိသည်။
"ကျွီ!"
တံခါးပွင့်သွားသည်နှင့် တံခါးကိုကျောပေးထားသည့်အနက်ရောင်ဝတ်စုံနှင့်သက်လတ်ပိုင်းအမျိုးသားကလှုပ်ရှားမှုကိုကြားသွားကာ ဖြည်းညှင်းစွာခေါင်းလှည့်ကြည့်လာသည်။
သူ့ခေါင်း၏တစ်ဖက်ခြမ်းမှာတစ်ခုခုကိုက်ဝါးခံထားရပြီး သူ့မျက်နှာမှာသွေးတို့ဖုံးလွှမ်းလျက် သူ့မျက်လုံးများမှာပြူးထွက်နေပြီး သူ့မျက်နှာမှာမီးခိုးရောင်သန်းနေကာကြောက်မက်ဖွယ်ကောင်းလှသည်။
ဒါပေမဲ့ထိုသို့ဆိုရင်တောင် သူကမ"သေ"သေးဘဲ လင်ခုံးလုထံဒယိမ်းဒယိုင်လျှောက်လာသည်။
လင်ခုံးလု: "!!!"
"သူ့မှာသွေးတွေနဲ့!"
သူတမဟုတ်ချင်းဖြူဖျော့သွားကာ ကြောက်လန့်တကြားတံခါးဆောင့်ပိတ်လိုက်မိပြီး ပင့်သက်ရှိုက်လိုက်မိသည်။
0687: "...." အောင်း၊ Hostသွေးကြောက်တတ်မှန်းငါမေ့သွားလို့ မဝါးပေးလိုက်မိဘူးရယ်။
_______________________________________