ကျန့်စစ်မလာမှန်းလင်ခုံးလုတွေ့လိုက်ရသဖြင့် ယောင်းရီနှင့်အခြားသူတို့ကိုအာလူးနှပ်ဇွန်းအပြည့်ပေးလိုက်ပြှးမှ အပြုံးတစ်ပွင့်နှင့်မေးလိုက်သည်။
"ကျန့်စစ်ကဘာလို့မလာတာလဲ၊ သူအလုပ်ရှုပ်နေလို့လား။"
ရွှီကျားကျားမှာအဖွဲ့ထဲမှာရှားပါးသောမိန်းကလေးတစ်ယောက်ဖြစ်သည်။ သူမကားကမ္ဘာပျက်ကပ်မတိုင်ခင်တုန်းကကြယ်ပွင့်နောက်လိုက်သူလေးဖြစ်ပေရာ လှပသောကောင်လေး၏အပြုံးကိုမတောင့်ခံနိုင်ပေ။ သူမကသူမစားစရာကိုမျိုချကာပြောလိုက်သည်။
"ကပ္ပတိန်ကအမြဲဒီလိုပဲ။ သူ့မှာအေးစက်စက်ပင်ကိုယ်စရိုက်ရှိတယ်။ သူကအပြင်မှာကျွန်မတို့ကိုစောင့်ပေးချင်တာဖြစ်လောက်မယ်။"
"အိုး။"
လင်ခုံးလုကအာလူးနှပ်နောက်ထပ်နှစ်ဇွန်းကိုဘေးကပန်းကန်လုံးကြီးထဲထည့်ကာ စိတ်လှုပ်ရှားစွာပြောလိုက်သည်။
"ဒါဖြင့်ရင် ကျွန်တော်သူ့ကိုစားစရာတချို့ယူသွားပေးလိုက်မယ်နော်။"
လူတိုင်းမှာပန်းကန်လုံးကြီးထဲကနှစ်ဇွန်းစာကိုကြည့်လိုက်ပြီးနောက် သူတို့ပန်းကန်လုံးထဲကတစ်ဇွန်းစာကိုကြည့်လိုက်မိသည်။ ရုတ်တရက်စားစရာကအရသာမရှိတော့ဟုခံစားလိုက်ကြရသည်။
သို့သော်လည်း ယောင်းရီနှင့်အခြားသူတို့မှာအစကကျန့်စစ်ဆီစားစရာသွားပို့ပေးဖို့အကြိံပေးပေ။ ဘာလို့လဲဆိုတော့ ကျန့်စစ်ကလူတို့ကိုအလွန်အေးစက်စွာဆက်ဆံတတ်ပြီး သူကစကားလာပြောသူတို့ကိုမကြာခဏလျစ်လျူရှုလေ့ရှိသည်။
ဒါပေမဲ့သူတို့ရှေ့ကလူငယ်လေးမှာကျန့်စစ်ကိုသိပုံရသည်၊ အဆုံးတွင်သူတို့ပထမဆုံးစတွေ့တုန်းကသူကသူ့ကိုကိုကိုဟုခေါ်ခဲ့သည့်အပြင် ခုနကကျန့်စစ်၏နာမည်ကိုပင်ခေါ်လိုက်သေးသည်။
ဒါကိုတွေးမိရင်း လူတိုင်းခေါင်းငြိမ့်ကာပြောလိုက်မိသည်။
"သွားပါ၊ သွားပါ။"
ဒီလိုချိုမြိန်ပြီးဆွဲဆောင်မှုရှိတဲ့လူငယ်လေးနဲ့ဆိုရင် ကပ္ပတိန်ငြင်းရခက်မယ်ဆိုတာငါယုံကြည်တယ်။
လင်ခုံးလုကသံစည်းရိုးကိုစားစရာဗူးနှင့်ဘေးတွန်းဖယ်ကာ ကားဆီလျှောက်လာချိန်တွင် ကျန့်စစ်ကကားထဲမှာဘီစကစ်စားနေလေသည်။
သူကတစ်ယောက်ယောက်နီးကပ်လာတာကိုသတိထားမိပုံမရဘဲ သူ့မျက်နှာထားမှာအေးစက်လျက်။
ဒါပေမဲ့ လင်ခုံးလုကားနှင့်နှစ်မီတာသာကွာတော့ချိန်တွင် သတ္ထုဆူးချွန်များစွာကမြေကြီးတလျှောက်ရုတ်တရက်ထွက်ပေါ်လာပြီး စူးရှသောအချွန်များကစက်ဝိုင်းပုံစံဖြစ်လာကာ တစ်ဝက်ကသူ့ကိုဝန်းရံထားပြီး လမ်းပိတ်ထားလေသည်။
ဒါကသတ္ထုကိုထိန်းချုပ်နိုင်သည့်ကျန့်စစ်၏စွမ်းရည်ဖြစ်မှန်း လင်ခုံးလုသိသည်။
လူသားများမှာတစ်ခါတရံစျေးပေါလှသည်။ သူတို့ကချွန်မြသောအရာများကိုမြင်လိုက်ရချိန်တွင် ၎င်းတို့ကိုထိချင်မိပြီး အပေါက်မြင်လိုက်ရချိန်တွင် ၎င်းတို့ကိုနှိုက်ချင်မိသည်။
လင်ခုံးလုကားလူသားတစ်ဦးပေဖို့ ချွင်းချက်မရှိပေ။ ဒီသတ္ထုဆူးချွန်များကထိပ်ဖျားမှာအေးစက်စက်တောက်ပနေတာကိုမြင်လိုက်ရသော် သူမနေနိုင်ဘဲလက်ချောင်းထိပ်များဖြင့်ထိချင်မိလေသည်။
ဒါပေမဲ့သူ့လက်ချောင်းထိပ်များကဆူးချွန်ကိုထိလိုက်ချိန်မှာ ဆူးချွန်ထိပ်များကရုတ်တရက်ချောမွေ့လာသည်။
လင်ခုံးလုနှုတ်ခမ်းစေ့ကာပြုံးလိုက်ပြီး ကျန့်စစ်ကိုကြည့်ကာ စားစရာဗူးကိုမြှောက်ပြလျက် ချိုသာစွာပြောလိုက်သည်။
"ကိုကို၊ ရေဆာနေလား။ ကျွန်တော်ကိုကို့အတွက်စွပ်ပြုတ်ယူလာတယ်။"
ကျန့်စစ်ကမျက်ဝန်းထဲမှာစိတ်ခံစားချက်စိုးစဥ်းမျှမရှိဘဲ သူ့ကိုမထူးခြားမခြားနားကြည့်လာသည်။
လင်ခုံးလု၏အပြုံးအေးခဲသွားရကာ တွေးမိသည်: ဘာဖြစ်သွားတာလဲ။ သူပဲငါ့ကိုမျက်လုံးနီနီတွေနဲ့"ကလေးလေး"လို့ခေါ်ခဲ့တာမဟုတ်ဘူးလား။
သူသတ္ထုဆူးချွန်များကိုသတိထားရှောင်ကာ ကျန့်စစ်မလှုပ်တော့တာကိုမြင်လိုက်ရတော့ သတိရှိရှိအနားကပ်သွားကာ နှုတ်ခမ်းစေ့ပြီးရန်လိုစွာမေးမိသည်။
"ကိုကို၊ ကျွန်တော့်ကိုဒေါသထွက်နေတာလား။"
ကျန့်စစ်၏မျက်နှာထားမှာအမြဲအေးစက်နေပေမဲ့ ဒါကိုကြားလိုက်ရချိန်မှာသူရုတ်တရက်ရယ်မောလိုက်မိသည်။
သူကတည်ငြိမ်အေးဆေးမှုနှင့်ချုပ်တည်းမှုတို့ဖြင့်နေသားကျနေရုံသာဖြစ်ပြီး သူပြုံးလိုက်ချ်ိန်မှာတစ်ခါတရံမသိသာစေဘဲ သူလေသံအတက်မကျမရှိပြောလိုက်သည်။
"ဒေါသထွက်တယ်? ဘာလို့ဒေါသထွက်ရမှာလဲ။"
ပြောပြီးနောက် သူလူငယ်လေးကိုခေါင်းလှည့်ကြည့်လိုက်ပြန်သည်။
"မင်းရဲ့ဒီနေ့သဘောထားကငါတို့လမ်းခွဲတုန်းကထက်အများကြီးပိုကောင်းနေပါလား။ ဘာလဲ၊ စုန့်လူကြီးမင်းကမင်းကိုမလိုချင်တော့ဘူးလား။"
စုန့်လူကြီးမင်းကားဗီလာ၏ပိုင်ရှင်အစစ်ဖြစ်သည်။
လင်ခုံးလုသီးသွားကာ နောက်ဆုံးဘာမှားနေမှန်းနားလည်သွားသည်၊ သူရှေ့ကကျန့်စစ်ကထိုညကမျက်လုံးနီနီနှင့်ကျန့်စစ်နှင့်မတူညီသောလူနှစ်ယောက်နီးပါးပင်။
အတိအကျပြောရရင် ကျန့်စစ်ကအခုပုံမှန်ဖြစ်ပြီး ပထမတစ်ခေါက်တုန်းကသူနှင့်လမ်းခွဲပြီးနောက်ပိုင်းကကျန့်စစ်နှင့်ပိုတူသည်။
ဒီတော့မေးခွန်းထွက်လာပြီ၊ ထိုညကမျက်လုံးနီနီရှိတဲ့ကျန့်စစ်ကဘာဖြစ်သွားတာလဲ။ ပြီးတော့သူ့ဗိုက်ထဲကကလေး၊ ကလေးရဲ့အဖေကမျက်လုံးအရောင်ပြောင်းသွားလို့ ကလေးကိုမမှတ်မိတာများလား။
လင်ခုံးလုရန်လိုသွားပုံရပြီး သူရန်လိုလာချိန်တွင်သူ့မျက်လုံးများနီရဲသွားကာ ပြောလိုက်သည်။
"အဲ့လိုပြောတယ်လား။ အဲ့နေ့ကခင်ဗျားဒီဗီလာထဲခိုးဝင်ပြီး စုန့်လူကြီးမင်းနောက်ကွယ်မှာဖိချပြီးအဲ့လိုအရာမျိုးဘယ်လိုလုပ်ခဲ့လဲဆိုတာမေ့သွားပြီပေါ့? ကျွန်တော်စုန့်လူကြီးမင်းဆီကစွန့်ပစ်ခံရရင် ခင်ဗျားအမှားဖြစ်လိမ့်မယ်။"
ကျန့်စစ်၏မထူးခြားမခြားနားမျက်နှာထားမှာနောက်ဆုံးအက်ရာဖော်ပြလာသည်။ ဟုတ်တာပေါ့ သူအဲ့နေ့ကိုမှတ်မိတယ်၊ သူ့ဘဝမှာတစ်ခါမှထိန်းချုပ်မှုမလွတ်ဖူးဘူး၊ ဒါပေမဲ့ သူကောင်လေးရဲ့လမ်းခွဲတဲ့ဖုန်းကောလ်ရပြီးနောက်ပိုင်းမှာ သူစိတ်လွတ်ပြီးတော့လေယာဥ်လက်မှတ်ဝယ်ပြီး Cမြို့တော်ကိုအပြေးအလွှားသွားမိသည်။
ရလဒ်အနေဖြင့် သူဟာဒီနှလုံးသားမရှိတဲ့ကြာပန်းဖြူလေးဆီကအတော်လေးနိုင်ထက်စီးနင်းအလုပ်ခံခဲ့ရသည်။
အဲ့နေ့သူထွက်လာတုန်းက သူထိုကောင်လေးကိုလုံးဝဂရုမစိုက်တော့ဘူးဟုကျိန်ဆိုခဲ့သည်။ သူလေယာဥ်လက်မှတ်တောင်ဝယ်ပြီး Aမြို့တော်ကထိုညပြန်ဖို့စီစဥ်ထားခဲ့သည်။
လေယာဥ်စောင့်နေတုန်းသူအိပ်ငိုက်သွားပြီး မျက်လုံးပြန်ဖွင့်လိုက်ချိန်မှာ သူကတကယ်တော့ဗီလာထဲမှာကောင်လေးနှင့်အတူအိပ်နေတာကိုသိလိုက်ရသည်။
ကျန့်စစ်သူ့ဘဝမှာထိုကဲ့သို့ရှက်စရာကိစ္စမျိုးကိုတစ်ခါမှမလုပ်ဖူးပေ၊ လူငယ်လေးနိုးလာပြီးနောက်ပိုင်းမှာသူ့ကိုဘယ်လောက်လှောင်ရယ်နေလိုက်မလဲဆိုတာကိုသူစိတ်ကူးကြည့်လို့ရသည်၊ ထိုညကသူဘယ်လိုထွက်လာခဲ့မိမှန်းမသိတော့ပေ။
ဒါပေမဲ့ လူငယ်လေးပြောပုံအရဆို သူထိုညကတစ်ဖက်လူနှင့်ဒီအတိုင်းရိုးရိုးသားသားအိပ်ခဲ့တာမဟုတ်ဘူးလား။
လင်ခုံးလု၏သရုပ်ဆောင်စွမ်းရည်ဘယ်လောက်ကောင်းကောင်း သူဒါကိုပြောရချိန်မှာသူအနည်းငယ်ဆွံ့အမိဆဲဖြစ်ပေမဲ့ သူကျည်ဆံကိုက်ကာဆက်ပြောမိသည်။
"ပြီးတော့ ခင်ဗျားသိရဲ့လား၊ အဲ့ညကခင်ဗျားလုပ်ခဲ့တဲ့အရာကြောင့် ကျွန်တော် ကျွန်တော်...."
သူရိုးရှင်းစွာမျက်စိမှိတ်ကာ အရှက်ရစွာအံကြိတ်ကာပြောလိုက်ရသည်။
"ကျွန်တော့်မှာကိုယ်ဝန်ရှိနေပြီ။"
"ဂျွတ်!" ကျန့်စစ်သူ့လက်ထဲကဘီစကစ်ကိုတည့်တိုးချေမွလိုက်မိပြီး သူ့မျက်နှာထားမှာသူ၏မထူးခြားမခြားနားမှုကိုအပြီးအပိုင်ဆုံးရှုံးသွားလေတော့သည်။
"မင်းဘာပေါက်ကရစကားတွေပြောနေတာလဲ။"
သူအသံနိမ့်လိုက်သည်။
"ငါအဲ့ညကအဲ့လိုကိစ္စမျိုးလုံးဝမလုပ်ခဲ့ဘူး။"
တစ်ခုခုပြောရခက်ပေမဲ့ ငါသေချာပေါက်အဲ့လိုကိစ္စမျိုးမလုပ်ခဲ့ဘူး။ အများဆုံး နမ်းရုံ.....
"ပြီးတော့မင်းကယောက်ျားတစ်ယောက်လေ။" သူထပ်ပေါင်းပြောမိသည်။
"နမ်းအပြီးမှာကိုယ်ဝန်ရသွားတာ။"
လင်ခုံးလုစိတ်ထိန်းကာ သူ့ကိုစွပ်စွဲစွာကြည့်လိုက်ပုံမှာ "မင်းဆန်ကုန်မြေလေးကောင်၊ ဝန်မခံရဲဘူးပေါ့။"ဟုပြောနေသည့်အလား။
ကျန့်စစ်အစကတကယ်လန့်သွားပေမဲ့ ဒါကိုကြားပြီးနောက်မှာ စိတ်ငြိမ်သွားသည်။
နမ်းတာနဲ့ကိုယ်ဝန်ရတယ်? ဒီလိုရိုးရှင်းတဲလူတွေရှိသေးတယ်လား။
သူကောင်လေးကိုတစ်ချက်ကြည့်ကာ နူးညံ့စွာပြောလိုက်သည်။
"မင်းပေါက်ကရစကားတွေပြောနေမယ်ဆိုရင် ပြန်သွားလို့ရပြီ။"
လင်ခုံးလုနင်သွားရပြန်ကာ ဒီအခိုက်အတန့်မှာကိုယ်ဝန်စမ်းသပ်ကိရိယာမရှိတဲ့အတွက်မုန်းတီးမိသည်။
ဒါပေမဲ့ကိစ္စမရှိပေ၊ ထွက်လာဖို့အချ်ိန်အများကြီးရှိသေးတာမို့ အနာဂတ်မှာသူတို့အတူရှိဖို့အခွင့်အရေးရှိပါသေးသည်။
ဒါကိုတွေးမိရင်း လင်ခုံးလုစားစရာဗူးကိုပစ်ချကာ ခါးသက်စွာအနောက်လှည့်ကာဗီလာကိုပြန်သွားလိုက်သည်။
သူအနောက်လှည့်သွားချိန်တွင် ကျန့်စစ်သူ့ကိုကြည့်လိုက်ပြန်ကာ သူ့ပုံရိပ်ကဗီလာဂိတ်တံခါးအနောက်မှာပျောက်သွားတာကိုကြည့်နေမိသည်။
ကျန့်စစ်ဒီဗီလာထဲမဝင်ချင်ပေ၊ ဒါကလူငယ်လေးအတွက်အခြားယောက်ျားများပြင်ဆင်ပေးထားသည့်ခမ်းနားသောလှောင်အိမ်တစ်ခုဖြစ်သည်။
သူအကြည့်အမြန်လွှဲကာ မထူးခြားမခြားနားမျက်စိမှိတ်ပြီး ကားထဲမှာညဘက်ကုန်ဆုံးဖို့စီစဥ်လိုက်သည်။
ဗီလာထဲမှာ နွေးထွေးစွာကြိုဆိုခံထားရသည့်ယောင်းရီနှင့်အခြားသူများမှာတစ်ခုခုဆွေးနွေးချင်သည့်အလား ဧည့်ခန်းထဲမှာထိုင်လျက်။
လင်ခုံးလုခြေလက်ဆေးကြောပြီးနောက် သူတို့မအိပ်သေးမှန်းမြင်လိုက်ရကာ မနေနိုင်ဘဲထူးဆန်းစွာမေးမိသည်။
"ခင်ဗျားတို့အနားမယူကြဘူးလား။"
ယောင်းရီကရှက်ရွံ့စွာဆိုလာသည်။
"ညဘက်ဘယ်သူစောင့်ကြည့်မလဲဆိုတာကျွန်တော်တို့တွေဆွေးနွေးနေကြတာ။ "
"အိုး။"
လင်ခုံးလုကတော့လုပ်စရာမလိုပေ၊ သူ့မှာစနစ်ရှိသည်။
ထို့အပြင် ယောင်းရီလိုလူတွေမှာမကောင်းတဲ့ရည်ရွယ်ချက်မရှိမှန်းသူသိတာမို့ မေးခွန်းထပ်မမေးတော့ဘဲ အိပ်ဖို့အပေါ်ထပ်တက်သွားလိုက်သည်။
သူထွက်သွားပြီးနောက် ယောင်းရီနှင့်အခြားသူများမှာစတင်စိုးရိမ်လာကြသည်---
"ကပ္ပတိန်ကိုအထဲမခေါ်သင့်ဘူးလား။"
"သူလာချင်ရင် လာပြီးပြီပေါ့။"
"ဟုတ်သားပဲ၊ သူမလာချင်ရင် ငါတို့သွားခေါ်လဲအသုံးမဝင်ဘူး။"
"ဒါဆို...ကျွန်မတို့ကိုယ်တိုင်သူ့ကိုသွားစောင့်ကြည့်ကြမလား။"
ရွှီကျားကျားကမေးသည်။
ကျန့်စစ်မှာညဘက်ကျက်စားလေ့ရှိပြီး ညဘက်ကျရင်အဖွဲ့ကထွက်သွားကာ တစ်စုံတစ်ယောက်ကိုမျက်လုံးနီနီဖြင့်လိုက်ရှာနေတတ်သည်။ သူတို့အကုန်လုံးထိုအကြောင်းသိကြပေမဲ့ ကျန့်စစ်ကိုယ်တိုင်ကမသိပေ။
ယောင်းရီကဒီကိစ္စကိုအရင်ဆုံးသိခဲ့သည်။ သူပြောပုံအရဆိုရင် ကောလိပ်မှာတုန်းကကျန့်စစ်မှာတစ်စုံတစ်ယောက်နှင့်နက်ရှိုင်းသောဆက်ဆံရေးရှိခဲ့ပေမဲ့ သူတို့လမ်းခွဲခဲ့ကြသည်။ မပြတ်စေရန်အလို့ငှာ ကျန့်စစ်ကထွက်သွားဖို့အထူးခွင့်ယူကာ လေယာဥ်လက်မှတ်ဝယ်ကာAမြို့တော်မှCမြို့တော်ကိုအပြေးပြန်လာခဲ့သည်...
ဒါပေမဲ့သူAမြို့တော်ကိုမိန်းမောစွာပြန်လာပြီး ဒီဟာကြောင့်လေဆိပ်မှာပိတ်မိသွားသဖြင့် မပြတ်ဆဲဖို့ကျရှုံးသွားတာဖြစ်လောက်မည်။
"အိုင်း၊ အိပ်ပျော်နေချိန်ယောင်ပြီးလမ်းထလျှောက်ပြီးတော့တစ်ယောက်ယောက်ကိုရှာတာက စိတ်ခံစားချက်ဒဏ်ရာများလွန်းလို့ဖြစ်မယ်။"
ယောင်းရီမနေနိုင်ဘဲသက်ပြင်းချမိသည်။
"အချစ်ဆိုတဲ့စကားလုံးကလူတွေကိုတကယ်အရမ်းနက်နက်ရှိုင်းရှိုင်းနာကျင်စေတာပဲ။"
ထို့ကြောင့် အဖွဲ့တစ်ယောက်ယောက်ဝင်လာတိုင်း သူကတစ်ဖက်လူကိုတိတ်တိတ်လေးပြောပြလိမ့်မည်ပင်: ကပ္ပတိန်
ညဘက်ကျရင်အိပ်ရင်းယောင်ပြီးလမ်းထလျှောက်ကာတစ်စုံတစ်ယောက်ကိုလိုက်ရှာတတ်တဲ့အကြောင်းသူ့ကိုမသွားမပြောနဲ့။
၎င်းကသူ့ခံစားချက်များကိုနာကျင်သွားစေလိမ့်မည်၊ သူပြောလိုက်ရင် သူ့စိတ်ဝိညာဥ်သေဆုံးသွားပေလိမ့်မည်။
ရလဒ်အနေဖြင့် ဒီကိစ္စကအဖွဲ့ထဲမှာတားမြစ်ချက်တစ်ခုဖြစ်လာပြီး ဒီအကြောင်းမပြောဖို့ရာလူတိုင်းသဘောတူထားကြသည်။
ဒါပေမဲ့ဒီညတော့ သူတို့အကုန်လုံးကဗီလာထဲမှာနေပြီး ကျန့်စစ်ကအပြင်မှာတစ်ယောက်တည်းနေနေသဖြင့် သူသာအိပ်ရင်းယောင်ပြီးလမ်းထလျှောက်ပြန်ရင်....
"ညဘက်စောင့်ကြည့်ဖို့တာဝန်ကျတဲ့လူကသေချာမျက်စိရှင်ရှင်စောင့်ကြည့်ရမယ်၊ ကပ္ပတိန်ထပ်ပြီးလမ်းထလျှောက်ရင် ငါတို့ကိုအမြန်ခေါ်လိုက်။"
ယောင်းရီနောက်ဆုံးမှာနောက်ဆုံးဆုံးဖြတ်ချက်ချလိုက်သည်။
ဆွေးနွေးမှုအပြီးတွင် လူတိုင်းသွားအိပ်ကြသည်။
ညဘက်၏ပထမတစ်ဝက်ကိုစောင့်ကြည့်ရလွယ်သည်။ ယောင်းရီကမိန်းကလေးနှစ်ယောက်ဖြစ်သည့်ရွှီကျားကျားနှင့်ရှားယင်ကိုတာဝန်ပေးခဲသည်။ ၁၂နာရီရောက်သည်နှင့် သူနှင့်ထျန်းဝူဟုအမည်ရသည့်သက်လတ်ပိုင်းအမျိုးသားကစောင့်ကြည့်ရမည်ပင်။
ယောင်းရီမှာဗီလာအပြင်ဘက်ကကားကိုဆက်တိုက်စိုက်ကြည့်နေမိသည်။ မနက်၁နာရီ၊ သူအိပ်ငိုက်သွားချိန်မှာ ကားတံခါးကရုတ်ခြည်းပွင့်လာပြီး ထို့နောက်ကျန့်စစ်ကကားထဲမှထွက်လာကာ သူ့မျက်လုံးများမှာထူးဆန်းစွာနီရဲလို့နေပြီး သူ့တစ်ကိုယ်လုံးမှာထိတ်လန့်စရာကောင်းလှသည်။
ယောင်းရီ: "...." ကောင်းရော၊ သွားမတားရဲဘူး။
ဒါပေမဲ့သွားမတားရဲလို့ ကပ္ပတိန်ကမြို့တော်ဗဟိုဆီလမ်းလျှောက်သွားတုန်းကဇွန်ဘီတွေနှင့်ထိပ်တိုက်တွေ့သွားရင်ကော?
သူကသူ့ဘေးကထျန်းဝူကိုခပ်မြန်မြန်ဆောင့်ဆွဲလိုက်ပေမဲ့ သူအသံမထွက်ရသေးခင် ကျန့်စစ်၏မျက်လုံးများကပြတင်းပေါက်မှတဆင့်သူနှင့်ရုတ်တရက်ဆုံသွားကာ သူ၏သွေးနီရောင်မျက်လုံးများကအေးစက်စွာတောက်လာသည်။
ယောင်းရီနှင့်ထျန်းဝူတို့တမဟုတ်ချင်းတောင့်ခဲသွားရကာ မလှုပ်ရဲတော့ပေ။
ကျန့်စစ်ကမြို့တော်ဗဟိုကိုမသွားဘဲ ဗီလာဆီကိုတစ်လှမ်းချင်းလျှောက်လာသည်။
အကြောင်းမရှိပါဘဲ ယောင်းရီနှင့်ထျန်းဝူမှာရင်ထဲတွင်ကြောက်ရွံ့မှုတစ်စွန်းတစခံစားလိုက်ရကာ သူတို့ထံဇွန်ဘီများလျှောက်လာတာကိုမြင်လိုက်ရချိန်ကထက် ပို၍ပင်ကြောက်လန့်မိသည်။
ကျန့်စစ်ကဗီလာတံခါးကိုအလွယ်လေးဖွင့်လိုက်သည်။ သူတို့ဘေးကဖြတ်သွားချိန်မှာ သူကသူတို့ကိုအပိုအကြည့်တစ်ချက်ပင်မပေးဘဲ တတိယထပ်ကိုတက်သွားသည်။
တစ်ခဏကြားပြီးနောက် သူကအသက်ရှုမှန်မှန်အိပ်မောကျနေသည့်အဖြူရောင်ကြောင်အိပ်ရာဝတ်စုံနှင့်လူငယ်လေးကိုပွေ့လျက် ရတနာတစ်မျိုးမျိုးကိုကိုင်ထားသည့်အလား သတိရှိသောမျက်နှာထားဖြင့်အောက်ထပ်ကိုဖြည်းညှင်းစွာဆင်းလာသည်။
သူယောင်းရီနှင့်ထျန်းဝူဘေးကထပ်ဖြတ်သွားချိန်တွင် သူကသူတို့ကိုအကြည့်တစ်ချက်ပင်မပေးသွားပုံမှာ ဒီလူနှစ်ယောက်ကလုံးဝမတည်ရှိသည့်အလား။
ယောင်းရီနှင့်ထျန်းဝူ: "........"
______________________________