Chapter(48)
Viewers 12k

မျက်လုံးနီကျန့်ကလင်ခုံးလုစကားကိုအလွန်နားထောင်သဖြင့် ကလေးလေးကသူ့ကိုမတိုက်ခိုက်ဖို့ပြောလာခဲ့ရင် သူတိုက်ခိုက်လိမ့်မည်မဟုတ်။


ဒါပေမဲ့သူသာတစ်ယောက်ယောက်ကိုမရိုက်ရင် နေ့ဘက်ကထိုအရူးကြောင့်ဆွဲသွင်းရခြင်းမှဖြစ်တည်လာသည့်သူ့ဒေါသေပြေလျော့သွားလိမ့်မည်မဟုတ်ဘဲ နောက်ဆုံးတွင်နာကျည်းချက်အဖြစ်ပြောင်းသွားကာ စိတ်သောကရောက်နေသည့်ရွှေအိုရောင်ခွေးကြီးပမာ​ ခေါင်းငိုက်စိုက်လျက်ပြောလိုက်မိသည်။

"ကလေးလေး၊ မင်းကိုယ့်ကိုဒေါသထွက်နေတာလား။ နေ့ဘက်ကအဲ့အရူးကမင်းကိုစိတ်ဆိုးအောင်လုပ်ခဲ့တာလား။"


လင်ခုံးလုပြန်ဖြေတာကိုမစောင့်ဘဲ သူအမြန်ပြောလိုက်သည်။

"ဒါပေမဲ့သူကသူ၊ ကိုယ်ကကိုယ်ပဲလေ၊ မင်းသူ့ကိုဒေါသထွက်ပေမဲ့ ကိုယ့်ကိုတော့ဒေါသမထွက်ပါနဲ့နော်။"


စုန့်ယွင်ဝေမှာသူပြောတာကိုကြားလိုက်ရပြီး အထူးသဖြင့်သူက"ကလေးလေး"ဟုခေါ်လိုက်ချိန်တွင် သူလန့်သွားကာသူ့ကိုယ်သူရှော့ခ်တိုက်မိလုမတတ်ဖြစ်သွားရသဖြင့် သူ့စွမ်းရည်ကိုအမြန်ရုတ်လိုက်ရသည်။


"သူ..." ငါသူ့ကိုစိတ်ပိုင်းဆိုင်ရာယိုယွင်းသွားအောင်ထိုးလိုက်မိလို့လား။


စုန့်ယွင်ဝေ၏စိတ်အခြေအနေမှာအလွန်ရှုပ်ထွေးလျက် သူအနည်းငယ်မသက်မသာဖြစ်မိသည်။


နေ့ဘက်မှာကောင်းတဲ့တစ်စုံတစ်ယောက်ကညဘက်ကျတော့ဒီလိုဖြစ်လာတယ်တဲ့လား။ သူသာတကယ်ဦးနှောက်ပျက်နေရင် သူ့ညီလေးနှင့်မမွေးလာသေးတဲ့တူ/တူမလေးနှင့်ဘယ်လိုလုပ်ထိုက်တန်မှာလဲ။


"အဟမ်း။" လင်ခုံးလုကကျန့်စစ်ကိုအရင်ချော့ပြောလိုက်သည်။

"ဟင့်အင်း၊ မဟုတ်ပါဘူး၊ ကျွန်တော်ခင်ဗျားကိုဒေါသမထွက်ပါဘူး။"


ထို့နောက်သူစုန့်ယွင်ဝေကိုခပ်တိုးတိုးရှင်းပြလိုက်သည်။

"သူမှာ...စိတ်နှစ်မျိုးရှိတယ်။ သူ့ကိုလူနှစ်ယောက်လိုဆက်ဆံတာအကောင်းဆုံးပဲ၊ နေ့ဘက်တစ်​ယောက်ကပိုပြီးပုံမှန်ဖြစ်တယ်၊ ညဘက်တစ်ယောက်ကကျ...ပိုပြီးတော့ဖြူစင်ပြီးတည့်တိုးဆန်ပေမဲ့ အန္တရာယ်များတာမို့ ကိုကြီး၊ ညဘက်ကျရင်သူနဲ့မတိုက်ခိုက်ပါနဲ့နော်။"

သူနောက်ဆုံးစကားကိုဖိပြောလိုက်သည်။


ကျန့်စစ်မှာဒါကိုကြားလိုက်ရပြီးနောက် အနည်းငယ်မပျော်မရွှင်ဖြစ်သွားရကာ သူ့မျက်လုံးနီတို့ကမကျေနပ်မှုတစ်ချက်ဖြတ်ပြေးသွားလျက်ပြောမိသည်။

"နေ့ဘက်ကအဲ့အရူးကဘာလို့ပုံမှန်ဖြစ်တာလဲ။"


သူကပုံမှန်မဟုတ်ဘူးလို့ ကလေးလေးကထင်နေတာလား။


"ဘာလို့လဲဆိုတော့ ခင်ဗျားကသူ့ထက်ပိုတော်တယ်၊ သူ့ထက်ပိုသန်မာတယ်လေ၊ သူကပုံမှန်ဖြစ်တယ်ဆိုတာက သူကသာမန်လို့ဆိုလိုတာပဲ။"

လင်ခုံးလုမှာကလေးချော့သလိုချော့လိုက်သည်။


ရည်ရွယ်ကောင်းကိုငြီးငွေ့နေပြီ၊ မကောင်းတဲ့စိတ်တန်ဖိုးမှာအကောင်းနှင့်အဆိုးရှိတယ်၊ အကောင်းက သူဟာတကယ်သစ္စာရှိကာလိမ်မာပြီး အဆိုးမှာကောင်းကောင်းမချော့ရင် မကောင်းတဲ့စိတ်တန်ဖိုးအကုန်ပြည့်သွားကာ ထွက်ပြေးသွားလောက်သည်။


စုန့်ယွင်ဝေ၏မျက်နှာထားမှာမဖော်ပြနိုင်လောက်အောင်ပင်၊ ဒီဟာကဖြူစင်ပြီးတည့်တိုးဆန်တယ်လား။ ဒါကအိုင်ကျူမှာပြဿနာရှိနေတာရှင်းနေတာကြီးကို။ အဓိကအချက်ကဒီကောင်ကသန်မာပြီး စိတ်ခံစားချက်မတည်ငြိမ်ဘဲ အရမ်းအန္တရာယ်များတယ်။


မဖြစ်ဘူး၊ သူမနက်ဖြန်ကျရင်သူ့ညီလေးကိုထပ်ပြီးစည်းရုံးရမယ်။


ကျန့်စစ်မှာလင်ခုံးလုဆီကအချော့ခံရပြီးနောက် သူဟာတဲထဲအမြန်ဝင်သွားသည်။


ဒါပေမဲ့ သူကလေးလေးကိုသူ့ရင်ခွင်ထဲမှာထည့်အိပ်ဖို့ပြင်လိုက်ချိန်တွင် သူ့နှုတ်ခမ်းထောင့်မှာရုတ်တရက်နာကျင်မှုတစ်ခုခုခံစားလိုက်ရသည်။


သူသတ္ထုမှန်ဖန်တီးကာ တစ်ချက်ကြည့်လိုက်တော့ သူဟာရုပ်ပျက်ဆင်းပျက်ဖြစ်နေပြီး သူ့နှုတ်ခမ်းထောင့်မှာပွန်းနေကာ သူကားရုပ်ဆိုးသောဇွန်ဘီအဖြစ်ထပ်ပြောင်းသွားပုံပေါက်နေတာကိုမြင်လိုက်ရသဖြင့်ရှောခ့်ရသွားမိသည်။


ဘာလုပ်ရမလဲ။ ကလေးလေးကသူ့မျက်နှာကိုအကြိုက်ဆုံးဖြစ်ပြီးတော့ ရုပ်ဆိုးတဲ့ဇွန်ဘီတွေကိုသိပ်မုန်းတာ။ ဒါမှမဟုတ် သူဒီညမအိပ်ဘဲ အဆင့်မြင့်ဇွန်ဘီတချို့ဖမ်းပြီးသလင်းကျောက်ထုတ်ပြီးတော့ သလင်းကျောက်များများစုပ်ယူလိုက်ရင် ဒီဒဏ်ရာအမာရွတ်ပျောက်သွားမလားကြည့်ရမယ်။


သူရုတ်တရက်စိတ်လွတ်သွားတာကိုမြင်လိုက်ရတော့ လင်ခုံးလုမနေနိုင်ဘဲနောက်တစ်ချက်ကြည့်လိုက်မိသည်။ သူကနှုတ်ခမ်းထောင့်ကဒဏ်ရာကိုကြည့်နေတာကိုမြင်လိုက်ရသဖြင့် သူမထူးခြားမခြားနားပြောလိုက်သည်။

"တစ်ချက်အထိုးခံခဲ့ရရုံပါပဲ၊ နှစ်ရက်အတွင်းမှာကောင်းသွားလိမ့်မယ်။"


အိုး၊ သူရုပ်ဆိုးသွားတာမဟုတ်ဘဲ အထိုးခံခဲ့ရတာပဲ။


ကျန့်စစ်စိတ်သက်သာရာရသွားကာ အလိုလိုမေးမိသည်။

"သူ့ကိုဘယ်သူထိုးတာလဲ။"


လင်ခုံးလု: "အာ.." ပြောရခက်တယ်၊ မင်းသူ့ကိုသွားရိုက်သတ်ပစ်မှာစိုးတယ်။


ဒါပေမဲ့သူမပြောရင်တောင် ကျန့်စစ်မှာသူ့မျက်နှာထားကတဆင့်ခန့်မှန်းနိုင်သည်။


အပြင်ကလူသားကောင်လုပ်ခဲ့တာဖြစ်ရမယ်၊ နေ့ဘက်ကအဲ့အရူးကအသုံးမကျလို့ သူ့ခန္ဓာကိုယ်အထိုးခံခဲ့ရတာဖြစ်လောက်မယ်။


"အင်းပါ၊ အင်းပါ။" သူစဥ်းစားနေတာကိုမြင်လိုက်ရတော့ လင်ခုံးလုခပ်မြန်မြန်အကြောင်းအရာပြောင်းပြောလိုက်သည်။

"သွားအိပ်တော့လေ၊ အပြင်မထွက်နဲ့တော့နော်။"


ကျန့်စစ်ကဒီစကားကို"အပြင်ထွက်ပြီး အဲ့လူသားကောင်ကိုသွားမထိုးနဲ့။"ဟုအလိုလိုဘာသာပြန်လိုက်သည်။


ကျစ်၊ ငါနည်းနည်းစိတ်မကောင်းဖြစ်သွားပြီ။


သူလင်ခုံးလုကိုပွေ့ဖက်လိုက်ပြီး ကလေးချော့သိပ်နေသည့်ပမာ ကောင်လေး၏ကျောပြင်ကိုအသာပုတ်ပေးလိုက်ပေမဲ့ သူ့မျက်ဝန်းနီထဲမှာစိတ်ခံစားချက်များစွာဖြတ်ပြေးသွားသည်။


အပြင်ကအဲ့လူသားကောင်ကသူ့ကိုထိုးရဲတယ်ပေါ့? တကယ်တမ်းအထိုးခံခဲ့ရတာကနေ့ဘက်ကအဲ့အရူးဆိုပေမဲ့လည်း သူ့ခန္ဓာကိုယ်ကသူ့အပိုင်ပဲ။ အဲ့တော့သူအထိုးခံရတာနဲ့ဘာကွာသွားလို့လဲ။


ပြီးတော့ အဲ့လူသားကောင်ကိုကြည့်ရတာရင်းနှီးနေသလိုပဲ၊ သူက...အရင်ကကလေးလေးကိုလှည့်စားသွားတဲ့ချမ်းသာတဲ့လူယုတ်မာမလား။ "ရွှေသခင်ကြီး"လို့ခေါ်တယ်ဆိုပဲ?


ဒါပေမဲ့ သူကသူ့ကိုကြီးမို့ တိုက်ခိုက်လို့မရဘူးဟု ကလေးလေးကပြောလာတယ်...


ကျစ်၊ ငါစဥ်းစားလေလေ ပိုပြီးမပျော်မရွှင်ဖြစ်လာလေလေပဲ!


လင်ခုံးလုအိပ်ပျော်သွားသည်နှင့် ကျန့်စစ်ကောင်လေးကိုခပ်ဖွဖွလွှတ်ပေးကာ ထရပ်ပြီး တဲအပြင်တိတ်တိတ်လေးထွက်သွားလိုက်သည်။


စုန့်ယွင်ဝေမှာသိပ်မဝေးသောနေရာမှာစောင့်ကြပ်နေရင်း သူကမျက်လုံးနီတို့ဖြင့်မျက်နှာထားမဲ့စွာသူ့အနားကပ်လာတာကိုမြင်လိုက်ရတော့ သူမျက်မှောင်မကြုတ်ဘဲမနေနိုင်ပေ။


"ဘာကိစ္စလဲ။" စုန့်ယွင်ဝေ၏လေသံမှာတည်ငြိမ်လျက်။


လင်ခုံးလု၏ရှင်းပြချက်ကိုနားထောင်ပြီးနောက် သူညဘက်မှာကျန့်စစ်နှင့်အချင်းမများဖို့ဆုံးဖြတ်ထားသည်။


ဒါပေမဲ့ဘယ်သူသိမှာလဲ၊ ကျန့်စစ်ခေါင်းငြိမ့်ကာအလေးအနက်ပြောလာသည်။

"ခင်ဗျားကိုလာထိုးတာ။"


စုန့်ယွင်ဝေကြောင်အမ်းသွားရပေမဲ့ သူမတုံ့ပြန်နိုင်ခင် သူကတစ်ဖက်လူထံမှရုတ်တရက်မျက်နှာအထိုးခံလိုက်ရသည်။


ကျန့်စစ်သူ့ကိုထိုးပြီးနောက် နောက်ဆုံးမှာပျော်ရွှင်သွားတော့သည်။ မထွက်သွားခင် သူအသိပေးလိုက်သည်။

"ခင်ဗျားနေ့ဘက်မှာကျုပ်ကိုထိုးရင် ကျုပ်မျက်နှာကိုမထိုးမိဖို့သတိရ။"


ညဘက်ကသူ့ကိုတော့၊ ဟက် ၊ ဒီလူသားကောင်သူ့ကိုထိုးနိုင်အုံးမှကိုး။


စုန့်ယွင်ဝေမိန်းမောနေမိကာ ဒယိမ်းဒယိုင်ဖြစ်သွားပြီးနောက် နောက်၅မိနစ်အကြာမှသာအသိပြန်ဝင်လာကာ "ဖာ့ခ်"ဟုတိတ်တခိုးဆဲရေးလိုက်မိသည်။


ဒီကောင်တကယ်ရူးနေတာမဟုတ်ဘူးလား၊ ညလယ်ခေါင်ကြီးထလာတာက သူ့ကိုလာထိုးရုံသက်သက်ပဲတဲ့လား။


နောက်တစ်နေ့ ကျန့်စစ်သူ့မျက်လုံးနက်များကိုဖွင့်လိုက်တော့ လင်ခုံးလုကသူ့ရင်ခွင်ထဲမှာအသက်ရှုမှန်မှန်အိပ်ပျော်နေတာကိုမြင်လိုက်ရသဖြင့် သူ့မျက်ဝန်းထဲမှာထိန်းချုပ်မရစွာအပြုံးတစ်ပွင့်ပေါ်လာသည်။


သူအိပ်နေရင်းလမ်းထလျှောက်ခြင်းကိုပထမဆုံးအကြိမ်ကျေးဇူးတင်မိသွားသည်၊ အဆုံးတွင် ရှောင်လုမှာနူးညံ့တဲ့နှလုံးသားရှိနေတာပဲ၊ သူ့ကိုခွင့်မလွှတ်ဘူးဟုပြောနေပေမဲ့ ညဘက်ကျတော့သူ့ကိုရင်ခွင်ထဲမှာဖက်အိပ်စေခဲ့တယ်။


သူကောင်လေး၏နှဖူးပေါ်အနမ်းဖွဖွတစ်ပွင့်ပေးကာ မနေနိုင်ဘဲထပ်ပြုံးလိုက်မိသည်။


သူထပြီးတဲထဲကထွက်လာပြီးနောက် သူလန်းဆန်းသွားရပြီး သူမြင်သမျှအရာရာတိုင်းကလှပနေကာ သစ်ပင်များမှာစိမ်းလန်းစိုပြေနေပြီး ပန်းပွင့်များမှာချစ်စရာကောင်းကာ ခပ်လှမ်းလှမ်းမှာစုန့်ယွင်ဝေပင်မျက်စိပသာဒဖြစ်စရာကောင်းနေ...ဟမ်? မှားနေပြီ။


စုန့်ယွင်ဝေရဲ့မျက်နှာကဘာလို့ဖူးရောင်နေတာလဲ။ သူ့နှုတ်ခမ်းထောင့်တွေလည်းပွန်းနေတယ်။


သူ့မျက်နှာမှာထူးဆန်းသောမျက်နှာထားပေါ်လာကာတွေးကြည့်မိသည်: ဘယ်လိုနှလုံးသားရှိတဲ့လူကဒီလိုလုပ်ခဲ့တာလဲ။


စုန့်ယွင်ဝေကသူ့အကြည့်ကိုအာရုံခံမိသွားပြီး သူစဥ်းစားနေသည့်အရာကိုခန့်မှန်းမိကာ ဗလာကျင်းစွာပြောလိုက်သည်။

"ခွေးတစ်ကောင်လုပ်သွားတာ။"


ကျန့်စစ်: "အော်။"


ဘယ်ခွေးကသူ့ကိုလုပ်သွားတာလဲ။ တကယ်လက်ရာမြောက်ပြီးတော့ အရမ်းကျေနပ်စရာကောင်းတယ်။


ထိုစဥ် လင်ခုံးလုကသမ်းဝေလျက်အပြင်ထွက်လာပြီး စုန့်ယွင်ဝေ၏မျက်နှာကိုမြင်သွားကာ တကယ်လန့်သွားပြီး အလန့်တကြားပြောမိသည်။

"စုန့်လူ...အဟွတ်၊ ကိုကြီးစုန့်၊ ကိုကြီးကိုဘယ်သူလုပ်သွားတာလဲ။"


စုန့်ယွင်ဝေကမဖြေဘဲ ကျန့်စစ်ကိုသာတစ်ချက်လှမ်းကြည့်သည်။


မနေ့ညကသူ့ကိုထိုးသွားတာကျန့်စစ်ဖြစ်မှန်းလင်ခုံးလုတမဟုတ်ချင်းနားလည်သွားသည်။


ဒါပေမဲ့ကျန့်စစ်ကအထင်လွဲသွားကာ စုန့်ယွင်ဝေကိုယ်စားအတက်အကျမရှိသောလေသံဖြင့်ရှင်းပြလိုက်သည်။

"သူပြောတာကတော့ခွေးကိုက်သွားတာတဲ့။"


ကြည့်လေ၊ သူမရယ်ချင်ပါဘူး၊ သူလုံးဝရယ်ချင်မနေပါဘူးနော်။


လင်ခုံးလု: "....." မင်းစကားမပြောနဲ့တော့၊ လူတွေမင်းကိုလှောင်နေကြပြီ။


သူရှက်စရာကောင်းသောယောက်ျားကိုအမြန်ဝေးဝေးခေါ်သွားလိုက်ပေမဲ့ လမ်းတစ်ဝက်မှာ သူဒေါသထွက်ချင်ယောင်ဆောင်ကာသူ့ကိုခွင့်မလွှတ်သေးမှန်းသတိရသွားသဖြင့် လက်လွှတ်ပေးကာ ကျန့်စစ်ပါးစပ်မဟခင်ပြောလိုက်သည်။

"စကားလာမပြောနဲ့။"


ကျန့်စစ်: "...."


အဆင်ပြေပါတယ်၊ ကြီးမားတဲ့ပြဿနာမဟုတ်ဘူး။ ညဘက်အကြိမ်အနည်းငယ်အပြင်ထွက်သွားရင် မင်းသေချာပေါက်မင်းရဲ့ဇနီးကိုပြန်ရလိမ့်မယ်။


မနက်စာစားအပြီးတွင် သူတို့ထွက်ခွာလာခဲ့ကြပေမဲ့ နာရီဝက်ကြာမောင်းနှင်ပြီးနောက် သူတို့ရုတ်တရက်ဇွန်ဘီတို့၏စတင်တိုက်ခိုက်ခြင်းခံရတော့သည်။


အစကသိပ်အများကြီးမဟုတ်ပေ၊ ဆယ်မိနစ်ခြားတစ်ခါဇွန်ဘီသုံးလေးငါးကောင်တွေ့ရပေမဲ့ တဖြည်းဖြည်းချင်းနှင့် လမ်းမပေါ်ကဇွန်ဘီအရေအတွက်မှာစျေးပမာစတင်မြင့်တက်လာပြီး ၎င်းတို့အနက်တစ်ဒါဇင်ရာချီတို့မှာအုပ်စုလိုက်လျှောက်သွားနေကြကာ သူတို့ကားတစ်စီးကိုမြင်လိုက်ရချိန်တွင် ဇွန်ဘီအသိုက်ကိုထိုးမိသည့်အလား တဟုန်ထိုးပြေးတက်လေတော့သည်။


"ဒီမှာဘာဖြစ်နေတာလဲ။"

ကားမောင်း​နေသည့်ယောင်းရီမှာမနေနိုင်ဘဲရေရွတ်မိသည်။


ကျန့်စစ်မျက်မှောင်ကြုတ်ကာ နှုတ်ဆိတ်နေမိပြီး သူ့စွမ်းရည်ကိုထိန်းချုပ်ကာ သူ့ရှေ့မှာလျှောက်သွားနေသည့်ဇွန်ဘီတို့ကိုဆက်တိုက်ရှင်းထုတ်နေသည်။


သူ၊ စုန့်ယွင်ဝေ၊ ရှဲ့လင်ရှင်းနှင့်အခြားသဘာဝလွန်စွမ်းအားရှင်တို့မှာအခုဆိုအရှေ့ကကားအနည်းငယ်ထဲမှာထိုင်လျက် အရှေ့ကလမ်းမကိုသဘာဝလွန်စွမ်းအားတို့ဖြင့်ရှင်းဖို့ရာတာဝန်ယူထားသည်။


ဒါပေမဲ့ ဇွန်ဘီအရမ်းများလွန်းပြီး အသတ်ခံရပြီးနောက်မှာ ၎င်းတို့ကလမ်းမပေါ်လဲနေသဖြင့် ၎င်းတို့ကိုရွှေ့လို့မရပေ။ သူတို့က၎င်းတို့အပေါ်ကဖြတ်မောင်းလာရပြီး အနံ့ဆိုးမှာလမ်းတစ်လျှောက်လုံးပျံ့နှံ့လျက်။ လေးငါးနာရီအတွင်းပြီးဆုံးနိုင်သည့်ခရီးစဥ်မှာအခုဆို၆နာရီ၇နာရီသို့နှောင့်နှေးသွားလောက်သည်။


လင်ခုံးလုမှာကျန့်စစ်နှင့်အတူထိုင်နေရင်း နှာခေါင်းအောက်မှာရေမွှေးပုလင်လေးချိတ်ထားလျက်ရှိနေပုံမှာ အောက်ဆီဂျင်ရှုနေသည့်အလား၊ ယောင်းရီ၏စကားများကိုကြားလိုက်ရပြီးနောက် သူတိုးတိုးပြောလိုက်သည်။

"ကျွန်တော်တို့တွေTမြို့တော်ကိုရောက်ခါနီးပြီကို လမ်းပေါ်မှာဒီလောက်ဇွန်ဘီအများကြီးရှိနေသေးတာ တကယ်မူမမှန်ဘူး။"


အခြားသူများမှာထိုသို့ခံစားမိကြပြီး ပိုမိုမသက်မသာဖြစ်လာရကာတွေးမိသည်: အဆင့်မြင့်ဇွန်ဘီတွေကTမြို့တော်ကိုတိုက်ခိုက်ဖို့ ဇွန်ဘီစုနေတာလို့တော့မပြောနဲ့။


အဲ့လိုဆို အနီးအနားမှာဇွန်ဘီအများကြီးရှိနေတာကအဓိပ္ပါယ်ရှိသွားမယ်ဆိုပေမဲ့ သူတို့အခုအဲ့ကိုရောက်သွားချိန်မှာ သူတို့ကိုစားနပ်ရိက္ခာပို့ပေးဖို့အချိန်ကောင်းဖြစ်မသွားဘူးလား။


ဒါပေမဲ့ပြန်လှည့်ဖို့မဖြစ်နိုင်ပေ။ သူတို့အဝေးကြည့်မှန်ပြောင်းကတဆင့်ကြည့်ကြည့်တော့ အနီးအနားကလမ်းမများမှာထိုကဲ့သို့ပင်။ သူတို့ဖြတ်လာပြီးနောက်မှာတောင် အနောက်ကလမ်းမမှာလျှောက်သွားနေသည့်ဇွန်ဘီတို့ဖြင့်ပိတ်သွားပြီပင်။


"မဟုတ်ပါဘူး။" တစ်ယောက်ကနှစ်သိမ့်သည်။

"အခြေစိုက်စခန်းကလူတွေကဇွန်ဘီတွေကိုဒီကိုမောင်းထုတ်လိုက်တာဖြစ်မယ်။ အဲ့နေရာကလူတွေကဇွန်ဘီတွေကိုမောင်းထုတ်နိုင်တယ်လို့ငါကြားခဲ့တယ်။ အခြေအနေကဒီလမ်းကိုဖြတ်ပြီးနောက်မှာပိုကောင်းလာမှာပါ။"


"ငါအဲ့လိုဖြစ်ဖို့မျှော်လင့်မိတယ်။"


အဲ့လိုပြောခဲ့ပေမဲ့ ရှေ့တိုးလေလေ ဇွန်ဘီပိုများလာလေလေပင်ဖြစ်ကာ လျော့သွားမဲ့အရိပ်အယောင်မရှိဘဲ တဖြည်းဖြည်းနှင့်အဆင့်နှစ်ဆင့်သုံးဆင့်ရှိသောဇွန်ဘီများပိုများစပြုလာသည်။


တတိယအဆင့်အောက်ကဇွန်ဘီများကို ရှင်းပစ်ရလွယ်သည့်အဆင့်နိမ့်ဇွန်ဘီများဟုတစ်စုတစည်းထဲရည်ညွှန်းကြပေမဲ့ စွမ်းရည်ရေရှည်အဆက်မပြတ်အသုံးပြုခြင်းကစွမ်းရည်နှင့်လူအများစုကို အဆင့်သုံးဆင့်လေးဆင့်ဇွန်ဘီများကိုတိုက်ခိုက်နိုင်စွမ်းမရှိတော့ဘဲ သူတို့မျက်နှာမှာမတဖြည်းဖြည်းဖြူဖျော့လာသည်။


ကျန့်စစ်နှင့်စုန့်ယွင်ဝေကဲ့သို့စွမ်းအားကြီးသောလူတို့မှာပုံမှန်ဖြစ်ပုံပေါက်ပေမဲ့ ငါးနာရီဆက်တိုက်ရှင်းလာပြီးနောက်ပိုင်းမှာ မျက်ခုံးထက်အနည်းငယ်ပင်ပန်းနွမ်းနယ်မှုရှိလာသည်။


နောက်ထပ်မိနစ်နှစ်ဆယ်ကြာကြိုးစားပမ်းစားအလုပ်လုပ်ပြီးနောက် စုန့်ယွင်ဝေလက်အောက်ကလူငယ်လေးမှာ သဘာဝလွန်စွမ်းအားသုံးရာတွင်မအောင့်အီးနိုင်တော့ဘဲ ရုတ်တရက်"ဝေါ့"ခနဲသွေးအန်လိုက်သည်။


လတ်ဆတ်သောသွေးနံ့ကကားကိုဝိုင်းရန်ဇွန်ဘီတို့ကိုအမြန်ဆွဲဆောင်သွားသည်။ ကျန့်စစ်နှင့်စုန့်ယွင်ဝေကအချိန်မီတုံ့ပြန်ကာ ချက်ချင်းလူကယ်လိုက်သည်။ လင်ခုံးလုလည်းရေမွှေးပုလင်းအမြန်ပစ်ပေးကာ ပြောလိုက်သည်။

"အနံ့ကိုဖုံးလိုက်။"


ဇွန်ဘီတို့ကိုရှင်းပြီးနောက် ကားရပ်လိုက်ကာ စုန့်ယွင်ဝေကားထဲကထွက်ပြီးလူငယ်လေး၏အ​ခြေအနေကိုစစ်ဆေးကြည့်လိုက်သည်။ ဒဏ်ရာပြင်းထန်တာတစ်ခုခုမရှိမှန်းမြင်လိုက်ရတော့ သူသက်မချလိုက်မိပြီးမှ တင်းမာသောမျက်နှာထားဖြင့်ပြောလိုက်သည်။

"မင်းမအောင့်နိုင်တော့ရင်ဘာလို့စွမ်းရည်သုံးနေသေးတာလဲ။"


လူငယ်လေးမှာအပြစ်ရှိစိတ်ခံစားလိုက်ရကာတိုးတိုးပြောမိသည်။

"ကျွန်တော်ပိုများများသတ်နိုင်မယ်ထင်ခဲ့တာ။"


လင်ခုံးလုကကားရှေ့ခန်းမှာထိုင်နေခဲ့ပြီး ကျန့်စစ်၏မျက်နှာထားမှာအတူတူဖြစ်နေတာကိုမြင်လိုက်ရသဖြင့် လူတိုင်းအဆင်ပြေသည်ဟုထင်ထားခဲ့ပေမဲ့ အခုမှသာအားနည်းသောလူတို့ကမတောင့်ခံနိုင်တော့မှန်းသဘောပေါက်သွားသည်။


သူတစ်အောင့်ကြာတုံ့ဆိုင်းသွားကာပြောလိုက်မိသည်။

"ကျွန်တော်ဘာလို့အားလုံးအတွက်သီချင်းမဆိုပြရမှာလဲ။"


ဒါကိုကြားသော် လူတိုင်းသူ့ကိုပြိုင်တူကြည့်မိကာ ပဟေဠိဖြစ်သွားကြသည်။


အခုသီချင်းဆိုမယ်? ဇွန်ဘီတွေသူတို့ကိုသတိထားမိသွားမှာမကြောက်ဘူးလား။


ဒါကိုကြားလိုက်ရချိန်အိပ်ရင်းလမ်းထလျှောက်အဖွဲ့ဝင်တို့၏မျက်လုံးများမှာတောက်ပသွားကာ ချက်ချင်းပြောမိသည်။

"ဆိုပါ ဆိုပါ ဆိုပါ!"


သူတို့ဗီလာကိုပထမဆုံးရောက်သွားသည့်ညနေခင်းတုန်းက ကောင်လေးကပြတင်းပေါက်ဘောင်ပေါ်မှာထိုင်ကာ နူးညံ့စွာသီချင်းဆိုလိုက်တော့ ပင်ပန်းနွမ်းနယ်မှုပျောက်သွားကာ သူတို့စိတ်စွမ်းအားပြည့်လာစေတာကို သူတို့အကုန်လုံးသတိရသွားကြသည်။


ထိုအချိန်တုန်းကထင်​ယောင်ထင်မှားဟုသာထင်မိသဖြင့် အရေးသိပ်မစိုက်ခဲ့ပေ။ ပခုတော့သူတို့ပင်ပန်းနွမ်းနယ်နေချိန်မှာ ထိုနေ့သီချင်းကိုနားထောင်ရသည့်ခံစားချက်ကိုလွမ်းလာခဲ့သည်။


တစ်ယောက်ယောက်သဘောတူလာတာကိုမြင်လိုက်ရရင်း လင်ခုံးလုသူ့စိတ်စွမ်းအားကိုသုံးကာ အရင်နှစ်ဘဝမှာမကြာခဏညည်းလေ့ရှိသည့်"ဖွင့်ဟဝန်ခံချက်"သီချင်းကိုစတင်ညည်းလိုက်သည်။


ကောင်လေး၏အသံကားနူးညံ့သိမ့်မွေ့ကာကြည်လင်ချိုသာလှပြီး မိုးရေတို့ကညှိုးခြောက်နေသည့်အပင်ပေါက်များပေါ်ရွာသွန်းချလိုက်သည့်အလား လူတို့၏စိတ်ဝိညာဥ်ကိုထိတ်လန့်အံ့သြသွားစေသည်။


အားနည်းသောစွမ်းအားရှင်များမှာသူတို့၏စိတ်စွမ်းအားပြန်ကောင်းလာလာကိုသိသိသာသာခံစားမိလိုက်ကာ သူတို့၏စွမ်းအားကိုချက်ချင်းပြန်သုံးနိုင်စွမ်းရှိလာသယောင်။ စုန့်ယွင်ဝေနှင့်အခြားသူများမှာလည်းပင်ပန်းနွမ်းနယ်မှုကတဖြည်းဖြည်းပျောက်ကွယ်သွားနာကိုအာရုံခံမိလိုက်ရာ မနေနိုင်ဘဲကောင်လေးကိုအံ့သြတကြီးကြည့်လိုက်မိကြသည်။


ကျန့်စစ်တစ်ယောက်သာမျက်ဝန်းထဲတွင်သဝန်တိုမှုတစ်စွန်းတစနှင့်အတူ တစ်ချိန်လုံးမျက်နှာထားကင်းမဲ့နေလျက်။


ဒီဟာကသူနှင့်ကောင်လေးအတွက်အထူးသီသန့်သီချင်းအလား သူဒီသီချင်းနာမည်ကိုသိနေသယောင်ခံစားလိုက်ရသည်။


ကားဆီပြန်လာပြီးနောက် ကျန့်စစ်ကလင်ခုံးလုကိုရုတ်တရက်ပြောလာသည်။

"အနာဂတ်မှာ မင်းဒီသီချင်းကိုအခြားသူတွေအတွက်ညည်းပေးခွင့်မရှိဘူး။"


လင်ခုံးလု: "?" မင်းကတော်တော်ပိုင်စိုးပိုင်နင်းဆန်တာပဲ၊ ငါမင်းကိုစိတ်ဆိုးနေသေးတာမေ့သွားပြီလား။


"ဒါဆိုကျွန်တော်ဘာသီချင်းညည်းရမှာလဲ။" သူအချိန်ယူကာမေးလိုက်ရသည်။


"ဘာပဲဖြစ်ဖြစ်၊ ဒီတစ်ခုတော့လုံးဝမရဘူး။" ကျန့်စစ်ကဆိုသည်။


လင်ခုံးလုဆွံ့အသွားရကာ နောက်ထပ်ညည်းစရာမလိုလောက်ဟုတွေးမိသဖြင့် သူ့ကိုစကားပြောမနေတော့ပေ။


ဒါပေမဲ့ဘယ်သူသိမှာလဲ၊ နာရီဝက်ကြာမောင်းနှင်ပြီးနောက် တစ်စုံတစ်ယောက်ကတကယ်သူ့ကိုသီချင်းထပ်ညည်းပေးဖို့တောင်းဆိုလာသည်။


လင်ခုံးလုအပြင်ကဇွန်ဘီများကိုတစ်ချက်ကြည့်ကာတုံ့ဆိုင်းသွားရသည်။


0687ကဆိုသည်။

"ဘာမှမဖြစ်ဘူး၊ မင်းရဲ့စွမ်းရည်ကသီချင်းသံကို၃၆၀ဒီဂရီပတ်ပတ်လည်မှာရှိတဲ့လူတိုင်းကြားစေနိုင်တယ်၊ ဇွန်ဘီတွေအပါအဝင်ပေါ့၊ သူတို့ကသီချင်းသံကိုကြားပေမဲ့ ဘယ်ကလာမှန်းမပြောနိုင်ဘူး။"


လင်ခုံးလု: "ကောင်းတယ်။"


သို့ဖြစ်၍ သူသက်တောင့်သက်တာဖြစ်သွားသည်။ ဒါပေမဲ့သီချင်းမညည်းခင် ကျန့်စစ်ကသူ့လက်ကိုလှမ်းဆွဲကာ ခေါင်းမာစွာပြောလာသည်။

"နောက်တစ်ပုဒ်ပြောင်းလိုက်။"


လင်ခုံးလု: "...."


"'ပန်းသီးလေး'ဆိုရင်ကော?" ကျန့်စစ်မေးလိုက်သည်။


လင်ခုံးလုမျက်နှာမှာအမည်းစင်းများပေါ်လာသည်။


"ဒါမှမဟုတ် 'ဘဲဝါလေး'ဆိုရင်ကော?"ကျန့်စစ်မေးလိုက်သည်။


ငါးမိနစ်ကြာပြီးနောက် လင်ခုံးလုစိတ်စွမ်းအားသုံးကာ မျက်နှာထားကင်းမဲ့စွာဖြင့်"ဘဲဝါလေး"ကိုညည်းလိုက်သည်။


ကားထဲကလူတိုင်း: "....."

အုပ်စ်၊ ငါရုတ်တရက်အဖွဲ့လိုက်ကချင်လာတယ်ရော်။


ဒါပေမဲ့လည်း ပေါများသောဘက်ထရီခဲကြောင့် အဖွဲ့၏လုပ်ဆောင်မှုအရှိန်မှာတိုးမြင့်လာခဲ့သည်။


ထင်ယောင်ထင်မှားဟုတ်မဟုတ်မသိပေမဲ့ သီချင်းသံ၏ကောင်းချီးပေးမှုအောက်မှာ သူတို့တူညီသောစွမ်းရည်သုံးလိုက်ချိန်တွင် သူတို့၏တိုက်ခိုက်စွမ်းအားမှာပိုမိုသန်မာလာသယောင်။


"ထင်ယောင်ထင်မှားဖြစ်တာမဟုတ်ဘူး။" ကျန့်စစ်ခပ်ဖွဖွပြောလိုက်သည်။

"သီချင်းသံကသဘာဝလွန်စွမ်းအားရဲ့စွမ်းရည်ကိုတကယ်သန်မာစေတယ်။"


ချဲ့ကားစက်ကဲ့သို့ပင်၊ အရင်ကသူမီတာသုံးရာအတွင်းကသတ္ထုဒြပ်စင်များကိုထိန်းချုပ်နိုင်ပေမဲ့ အခုဆိုမီတာငါးရာအတွင်းထိန်းချုပ်နိုင်ပြီပင်။


စုန့်ယွင်ဝေကခေါင်းငြိမ့်ကာသဘောတူသည်။

"အမှန်ပဲ။"


လူတိုင်း: "ဟင်?" ဒီတော့ညီလေးရှောင်လုကငါတို့ကိုစွမ်းအားတိုးစေတာပဲ၊ အနာဂတ်မှာသူမရှိရင်ငါတို့ဘာလုပ်ရမလဲ။


အိပ်နေရင်းလမ်းထလျှောက်အဖွဲ့ထဲကလူတိုင်း: ကျေးဇူးတင်ပါတယ်၊ စစ်ကော။ ကံကောင်းချင်တော့ ရှောင်လုကိုငါတို့အဖွဲ့ကပိုင်တယ်။


စုန့်ယွင်ဝေ၏ငယ်သား: စုန့်လူကြီးမင်း၊ လူကြီးမင်းပိုကြိုးစားသင့်ပြီနော်၊ သူကလူကြီးမင်းရဲ့ညီအရင်းလေ၊ သူ့ကိုခေါ်၊ သူ့ကိုရအောင်ခေါ်ရမယ်နော်!


စုန့်ယွင်ဝေ: "...." မင်းတို့ဘာဖြစ်ကြတာလဲ။


လူတစ်စုမှာသီချင်းနားထောင်ကာဇွန်ဘီများရှင်းလင်းခဲ့ကြပြီး မသိလိုက်ခင်မှာပင်Tမြို့တော်ကအခြေစိုက်စခန်းအပြင်ရောက်ရှိလာပေမဲ့ ဝိုင်ယာကြိုးများဖြင့်ကာရံထားသည့်သစ်လုံးနှင့်အကာအရံကိုဖြတ်ပြီးနောက်အခြေစိုက်စခန်းဝင်ပေါက်ကိုမြင်လိုက်ရချိန်မှာ လူတိုင်းရှော့ခ်ရသွားမိသည်။


ဒီသိပ်သည်းတဲ့လူစုကဝင်ပေါက်ကိုဝန်းရံပြီး မြို့တော်နံရံပေါ်တွယ်တက်နေကြတယ်လား။ ဒီမှာဘယ်လိုလုပ်ပြီးဇွန်ဘီအများကြီးရှိနေတာလဲ၊ အနည်းဆုံးရာချီထောင်ချီရှိမယ်ထင်တယ်?"


"ဟေ့၊ ဒါတကယ်ဇွန်ဘီအသိုက်ကိုထိုးမိတာပဲ။" အဖွဲ့ထဲကလူတိုင်း၏မျက်နှာထားမှာထုံကျင်သွားသည်။


"ငါတို့တကယ်ဒီကိုစားစရာလာပို့မိတာပဲ၊ ငါတို့တွေစားစရာတွေဖြစ်နေပြီ။"


စုန့်ယွင်ဝေ: "ငါတို့Bမြို့တော်ကိုသွားသင့်တယ်လ်ို့ငါပြောသားပဲ။"


ကျန့်စစ်လှောင်ပြုံးပြုံးလိုက်သည်။

"Bမြို့တော်ကအဝေးကြီးကျန်ခဲ့ပြီ၊ ဒီဟာထက်စာရင်လမ်းတစ်လျှောက်မှာဇွန်ဘီတွေပိုကြုံရမှာ။"


စုန့်ယွင်ဝေကဆိုသည်။

"ဒီမှာကောမများလို့လား။ ဒါဆိုမင်းအထဲဝင်နိုင်လား။"


ကျန့်စစ်: "ကျွန်တော်မလုပ်နိုင်ဘူး၊ ခင်ဗျားကောလုပ်နိုင်လား။"


လင်ခုံးလု: "...." မင်းတို့ကမူလတန်းကျောင်းသားတွေလား။


သူပြောလိုက်ရုံသာရှိသေး၊ အခြေစိုက်စခန်းဆီကနားဝင်ချိုသောပလွေသံထွက်လာပြီးနောက် မယုံကြည်နိုင်စရာမြင်ကွင်းတစ်ခုပေါ်လာကာ ခုနကအားဟတ်ပမာဝင်ပေါက်ကိုဝန်းရံထားသည့်ထိုဇွန်ဘီများမှာတဖြည်းဖြည်းချင်းအနောက်လှည့်ကာပျံ့ကြဲသွားကြသည်။


အကာအရံအနောက်ကိုပြန်ရုတ်ခဲ့ကြသည့်အဖွဲ့ထဲကလူတိုင်းမှာဒီမြင်ကွင်းကိုမြင်လိုက်ရရာ မနေနိုင်ဘဲမျက်လုံးပြူးကျယ်သွားရသည်။


"Tမြို့တော်ကအခြေစိုက်စခန်းကတစ်ယောက်ယောက်ကဇွန်ဘီတွေကိုမောင်းထုတ်နိုင်တယ်လို့မင်းပြောတုန်းကငါမယုံခဲ့ဘူး။ အမှန်ဖြစ်မယ််မထင်ထားဘူး။"

တစ်ယောက်ကမနေနိုင်ဘဲရေရွတ်လိုက်သည်။


လင်ခုံးလုလည်းအံ့သြသွားရကာ စိတ်ထဲမှာသက်ပြင်းချမိသည်။

"ဒါကလည်းအသံစွမ်းရည်ပဲ၊ သူကဒီလောက်စွမ်းအားကြီးပေမဲ့ ဘာလို့ငါကျတော့အကူဖြစ်နေရတာလဲ။"


0687: "ဘာလို့လဲဆိုတော့ မင်းယောက်ျားကလုံလုံလောက်လောက်ခွန်အားကြီးနေပြီးပြီမို့လို့ပေါ့။"


လင်ခုံးလုအမည်းစင်းများပေါ်သွားသည်။ "...."


0687: "အမှန်တော့ မင်းကအကူသက်သက်ဖြစ်တာက မင်းမှာထုတ်ကုန်ဖြစ်ချင်တဲ့နှလုံးသားမရှိတာကြောင့်ဖြစ်နိုင်တယ်လို့မင်းတွေးကြည့်ဖူးလား။"


လင်ခုံးလု: "တကယ်လား။"


"အွန်း။" 0687အလေးအနက်ပြောလိုက်သည်။

"မင်းသီချင်းညည်းလိုက်တဲ့အချိန်ကျရင် မင်းကအေးချမ်းတဲ့စိတ်အခြေအနေမှာရှိနေပြီးတော့ ရန်မလိုဘူးလေ။"


"သီချင်းကိုယ်၌ကအေးချမ်းလို့ဖြစ်မယ်။" လင်ခုံးလုပြောလိုက်ပြီး တစ်အောင့်ကြာစဥ်းစားပြီးမှပြောလိုက်သည်။

"ဒါပေမဲ့မင်းပြောတာကအဓိပ္ပါယ်ရှိတယ်၊ နောက်တစ်ခါကျရင်'ဓား​မြှောင်ပျံ'ကိုကြိုးစားကြည့်ရမယ်။"


စကားပြောနေစဥ် အဖွဲ့ထဲကတစ်စုံတစ်ယောက်ကရုတ်တရက်အော်ပြောလာသည်။

"သေစမ်း၊ ဇွန်ဘီလှိုင်းကြီးကငါတို့ဆီလာနေပြီ၊ မဟုတ်ဘူး၊ နှစ်လှိုင်း၊ သုံးလှိုင်း...."


သွားပြီ၊ ငါတို့အဝိုင်းခံရတော့မယ်!


အသိပေးစရာမလိုဘဲ လူတိုင်းတမဟုတ်ချင်းသတိချပ်လိုက်ကြပြီး ကျန့်စစ်နှင့်စုန့်ယွင်ဝေတို့နှစ်ယောက်စလုံးမှာလင်ခုံးလုကိုသူတို့နောက်မှာအလိုလိုကာကွယ်လိုက်ကြသည်။


ဒါပေမဲ့ ဇွန်ဘီများမီတာငါးရာအကွာရောက်လာချိန်တွင် အက်ရှရှ"ဟဲဟဲ"ဟူသည့်အသံကပလွေသံစဥ်ကိုရုတ်ခြည်းကြားဖြတ်လိုက်သည်။


ထို့နောက် မောင်းထုတ်ခံလိုက်ရသည့်ဇွန်ဘီများမှာချက်ချင်းဦးတည်ရာပျောက်သွားကြပြီး ခေါင်းမဲ့ကြက်များပမာ တချို့ကခေါင်းလှည့်ကာ အခြေစိုက်စခန်းကိုတစ်ဖန်တိုက်ခိုက်ကြပြီး အချို့ကတော့တစ်နေရာရာကိုဆက်သွားကြသည်။


သိသာစွာပင်၊ သူတို့ကိုမောင်းနေသည့်အဆင့်မြင့်ဇွန်ဘီများရှိသည်။ ၎င်းတို့ကအနည်းဆုံးအဆင့်၈ရှိရမည်ဟုလင်ခုံးလုမှန်းဆမိသည်။ ကမ္ဘာပျက်ကပ်၏အစောပိုင်းရက်သာရှိနေသဖြင့် အဆင့်၈မှာအလွန်ရှားပါးလှသည်၊ အဆင့်ထပ်တက်သွားရင် အဆင့်၉ကဲ့သို့သောဇွန်ဘီဘုရင်များနှင့်မျက်လုံးနီကျန့်သာရှိတော့သည်။


မောင်းထုတ်ခြင်းကအခြေစိုက်စခန်းမှာကျရှုံးသွားတာကိုမြင်လိုက်ရရင်း သူတို့မှာသဘာဝလွန်စွမ်းအားရှင်များပို့ကာ မြို့ထဲကမောင်းထုတ်ရုံသာတတ်နိုင်သည်။ လင်ခုံးလုဘက်မှာ ကျန့်စစ်နှင့်အခြားသူတို့မှာလည်းပတ်ပတ်လည်ကဇွန်ဘီတို့နှင့်တိုက်ခိုက်နေရသည်။


နှစ်ဖက်သားမှာတိုက်ခိုက်ကာချီတက်ကာဖြင့် တဖြည်းဖြည်းနီးကပ်လာသည်။


လင်ခုံးလုပလွေမှုတ်သူကိုမြင်လိုက်ရချိန် သူကားသူ့အသက်အရွယ်လူငယ်လေးတစ်ယောက်ဖြစ်ကာ အရင်ဘဝကအသိအကျွမ်းဟောင်းတစ်ယောက်ဖြစ်သည်။


ဒါပေမဲ့အခုချိန်မှာသူတစ်ဖက်လူကိုအာရုံစိုက်ဖို့အချိန်မရှိပေ။ ဇွန်ဘီများပိုမိုဝန်းရံသထက်ဝန်းရံလာတာကိုမြင်လိုက်ရတော့ သူစနစ်ပြောသည့်နည်းလမ်းကိုကြိုးစားရင်ကောင်းမလားဟုတုံ့ဆိုင်းနေမိသည်။


သူလည်ချောင်းရှင်းကာစကားပြောဖို့ပြင်လိုက်ချိန်တွင် ရုတ်တရက်သာမန်ဇွန်ဘီကကျန့်စစ်ကျောပြင်နားမှာတဝဲလည်လည်ဖြင့် ၎င်း၏လက်သည်းချွန်ကဓားသွားချွန်အဖြစ်ပြောင်းသွားကာ သူချစ်သူကျောပြင်ကိုတိုက်ရိုက်ထိုးနှက်လိုက်သည်။


အဲ့ဒါအဆင့်၈ဇွန်ဘီပဲ! ပြီးတော့ဉာဏ်ကောင်းတယ်။


လင်ခုံးလု၏မျက်စိသူငယ်အိမ်ရုတ်ခြည်းကျုံ့သွားကာ အော်လိုက်မိသည်။ "အားစစ်!!!"


သူ့အသံမှာမထင်မှတ်ထားစွာမြည်ဟည်းသွားပြီး သူ့အသံကိုပင်ချိုးဖောက်ကာ သူ့စိတ်စွမ်းအားအလိုလိုထည့်လိုက်မိသည်။ တမဟုတ်ချင်းပင်၊ အသံလှိုင်းကမမြင်နိုင်သောစွမ်းအားကိုသယ်ဆောင်လျက် လူထုကိုရုတ်ခြည်းတိုက်ခိုက်လိုက်သည်။ လူအများစုမှာအသံကိုပင်မကြားလိုက်ရဘဲ သူတို့နားကိုနာကျင်စွာအုပ်လိုက်ရသကဲ့သို့ စိတ်စွမ်းအားကိုသုံးကာ တိုက်ခိုက်ချက်ကိုကာလိုက်ရသည်။


အဆင့်နိမ့်ဇွန်ဘီများမှာဒီစွမ်းအားကိုခံနိုင်ရည်မရှိပေ၊ အသံလှိုင်းယိမ်းယိုင်သွားပြီးနောက် ၎င်းတို့အကုန်လုံးမှာခေါင်းထိကာသေဆုံးသွားကြသည်။ အဆင့်၈ဇွန်ဘီမှာအဆင်ပြေပေမဲ့ ခေါင်းကိုအုပ်ကာနှစ်ချက်ခါလိုက်ရသည်။


ကျန့်စစ်ချက်ချင်းတုံ့ပြန်လိုက်ပြီး သူ့လက်ပြန်ထဲမှာသတ္ထုဆူးချွန်ရာချီဖြင့် ထိုကောင်၏ခေါင်းကိုဇွန်ဘီအုပ်စုထဲသို့တိုက်ရိုက်ထိုးဖောက်ပစ်လိုက်သည်။


စုန့်ယွင်ဝေကသူ့ထက်တစ်စက္ကန့်ပိုနှေးပေမဲ့ ပစ်ချက်မှာဗို့အားတစ်သိန်းရှိသဖြင့် ဇွန်ဘီအုပ်စုမှာဓာတ်လိုက်သွားကြကာ ကြက်ဥအရွယ်အနီရောင်သလင်းကျောက်သာကျန်ရစ်ခဲ့သည်။


ကျန့်စစ်သလင်းကျောက်ကိုပင်မကောက်ဘဲ သူ့ကိုမိန်းမောစွာကြည့်နေသည့်လင်ခုံးလုကိုလှည့်ကြည့်လိုက်သည်။


ဘာဖြစ်သွားမှန်းဘယ်သူမှမသိပေမဲ့ သူတို့နှစ်​ယောက်လုံးရှင်းလင်းစွာသိသည်။


လင်ခုံးလု: "ဖာ့ခ်၊ ငါကဒီလောက်အံ့သြစရာကောင်းတယ်လား။ သေချာတာပေါ့၊ အသန်မာဆုံးထုတ်ကုန်ကအမှန်တော့အကူပဲ။"


0687: "...." ဇာတ်လိုက်အန္တရာယ်မရှိချိန်Host: ငါကအကူသာသာပဲ။ ဇာတ်လိုက်အန္တရာယ်ရှိချိန်Host: ငါမင်းခေါင်းကိုဖြတ်ပစ်မယ်ကွ။


လင်ခုံးလု: "မဖြစ်ဘူး၊ ငါကြွားရမယ်။"


သူပြောရင်း ခြေဖဝါးမြှောက်ကာကျန့်စစ်ကိုရှာချင်ပေမဲ့ သူခြေလှမ်းမလှမ်းရသေးခင် ဆန့်ကျင်ဘက်စစ်ကားပေါ်ငငယ်ရွယ်သောပလွေမှုတ်သူကကားထဲကရုတ်ခြည်းခုန်ထွက်ကာ သူ့လမ်းမှာပိတ်ရပ်ပြီး သူ့ဘက်လာနေသည့်ကျန့်စစ်ဂှေ့မှာကွယ်လိုက်သည်။


လူငယ်လေးမှာအဖြူရောင်အကျီနှင့်အဖြူရောင်ဘောင်းဘီဝတ်ထားသည်။ သူဆင်းလာချိန်တွင် သူ့အဝတ်ဖျားကကြာပန်းပမာတဖျတ်ဖျတ်လွင့်ခါသွားသည်။ သူကပြုံးကာကျန့်စစ်ကိုပြောလိုက်သည်။

"ဟိုင်း၊ ခင်ဗျားကဒီအဆင့်ရှစ်ဇွန်ဘီကိုသတ်ပြီးကျွန်တော်တို့ကိုကယ်လိုက်တာမလား။ ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။ ကျွန်တော့်နာမည်ကနဥ်ကျယ်ပါ၊ ခင်ဗျားကကော?"


လင်ခုံးလု: "....ဘောပဲနော်။"


0687: "ပေါ်တင်စနှိုက်တာလား။ ဒါပေမဲ့Host၊ စိတ်မပူပါနဲ့၊ ဇာတ်လိုက်ကသူ့ကိုသေချာပေါက်အဖတ်လုပ်မှာမဟုတ်ဘူး။"


ဒီနဥ်ကျယ်ကလည်းအရင်ဘဝမှာပေါ်လာခဲ့ပြီး အရင်ဘဝကလင်ခုံးလုကဲ့သို့ပင် သူကားမည်းနက်သောအစာအိမ်နှင့်သဘာဝလွန်စွမ်းအားမရှိသည့်ကြာပန်းဖြူလေးဖြစ်သည်။


ဒါပေမဲ့လည်း လင်ခုံးလုမှာဇာတ်ကြောင်းအရသာ ကြာပန်းဖြူလေးယောင်ဆောင်နေသဖြင့် ဆိုးဝါးသောလုပ်ရပ်များမှာကျန့်စစ်အတွက်သာဖြစ်သည်။


နဥ်ကျယ်ကတော့မတူပေ။ အရင်ဘဝတုန်းက လင်ခုံးလုနှင့်သူငယ်ချင်းဖြစ်နေစဥ်မှာ ဒီကြာပန်းဖြူလေးကသူနှင့်ကျန့်စစ်ကိုအပေါ်ယံမှာသဘောတူပြီး ရန်ဆွသောနည်းလမ်းမျိုးစုံဖြင့်သူ့ကိုနှစ်သိမ့်ပေးကာ ကျန့်စစ်ကိုသွားကပ်သည်။


ထိုအချိန်ကဇာတ်ကြောင်းမှာသူနှင့်ကျန့်စစ်တို့အချင်းများကာ ကျန့်စစ်၏အစိုင်အခဲများထပ်တိုးစေဖို့မလိုအပ်ရင် လင်ခုံးလုတစ်ဖက်လူ၏လှည့်ကွက်များကိုဖော်ထုတ်လိုက်တာကြာပြီဖြစ်သည်။


ဒီအနေအထားကိုစိုးရိမ်ဖို့ဝေးစွ၊ သူသေချာစဥ်းစားနေမိသည်။


"နဥ်ကျယ်ကမူမမှန်ဘူး။"

0687ကအသိပေးသည်။


လင်ခုံးလု: "ဒါအဓိပ္ပါယ်မရှိဘူးမလား။ အခုဆိုသူ့မှာသဘာဝလွန်စွမ်းအားရှိနေတော့ ကြာပန်းစကားတွေကိုအရင်ဘဝကထက်ပိုပြီးကောင်းကောင်း ပြောနိုင်သွားပြီလေ။"


0687: "သူပြန်မွေးဖွားလာတယ်ထင်လား။"


"ငါတော့အဲ့လိုမထင်ဘူး။" လင်ခုံးလုသူ့အိတ်ကပ်ထဲကစုပ်လုံးထုပ်ကာ အခွံကိုဖြည်းညှင်းစွာခွာလိုက်သည်။

"သူကငါ့ကိုအရင်ကမ္ဘာတုန်းကလုရန်ကျားနဲ့အရမ်းဆင်တူတဲ့ခံစားချက်ပေး​နေတယ်။ သူကတာဝန်ထမ်းဆောင်သူဖြစ်မယ်။ အထက်ကိုအခြေအနေတင်ပြလိုက်။"


0687: "!!!" ဘာလို့တာဝန်ထမ်းဆောင်သူရှိနေရပြန်တာလဲ။


၎င်းမှာခပ်မြန်မြန်အချက်အလက်ရေးကာ အထက်ကိုတင်ပြဖို့ပြင်ဆင်လိုက်ပေမဲ့ လင်ခုံးလုကချက်ချင်းပြောလာသည်။

"အိုင်း၊ မင်းတင်ပြတာမတင်ပြတာအရေးမကြီးဘူး။ ဘာပဲဖြစ်ဖြစ် အဆုံးမှာငါကဖြေရှင်းရမှာပဲ၊ အထက်ကငါ့ကိုဘယ်တုန်းကမှပြဿနာကူမဖြေရှင်းပေးဘူးလေ။"


0687: "...အဲ့လိုအဆိုးမြင်Hostမလုပ်စမ်းပါနဲ့၊ ခေါင်းဆောင်တွေကတစ်ခါတရံအသုံးဝင်ပါသေးတယ်၊ မင်းကိုကမ္ဘာငယ်မှာနေပြီးတော့ မင်းချစ်သူနဲ့နမ်းရှိုက်ခွင့်ပေးဖို့ကတိပေးတာလိုမျိုးပေါ့။"


လင်ခုံးလု၎င်းကိုလျစ်လျူရှုကာ အခွံကိုဖြဲလိုက်ပြီးနောက် စုပ်လုံးကိုပါးစပ်ထဲထည့်လိုက်ပြီးမှ ဘယ်သူမှမမှတ်မိနိုင်သည့်ခြေလှမ်းဖြင့်ကျန့်စစ်ဆီလျှောက်သွားလိုက်သည်။


ကျန့်စစ်မှာနဥ်ကျယ်ဆီကပိတ်ကာခံထားရပြီး သူ့မျက်နှာထားမှာတဖြည်းဖြည်းစိတ်မရှည်ဖြစ်လာသည်။ သူ့ရှေ့ကလူကမဖော်ပြလောက်စရာကောင်းကာ သူ့စိတ်အားထက်သန်မှုကအနည်းငယ်ထူးဆန်းသည်ဟုခံစားလိုက်ရသည်။


သူဒီလူ့ကိုအဝေးတွန်းထုတ်ပစ်ဖို့ပြင်လိုက်ပေမဲ့ ဂျေဝင်နေသည့်အလား လင်ခုံးလုကသူ့ဆီဒေါသတကြီးလျှောက်လာတာကိုသူမြင်လိုက်ရသည်။


ကျန့်စစ်ခုနကလက်မြှောက်ထားတာကို ရုတ်ခြည်းချလိုက်ကာ နှုတ်ခမ်းထက်အပြုံးတစ်ပွင့်နှင့်အတူ သူတမင်သက်သက်ရပ်မြဲရပ်နေလိုက်ကာ သူ့ချစ်သူ​လေး၏ချစ်စရာသဝန်တိုသောအကြည့်ကိုနည်းနည်းပိုကြာကြာကြည့်ချင်နေမိသည်။


နဥ်ကျယ်ကသတိမထားမိဘဲ သူကသူ့ကိုပြုံးပြနေသည်ဟုထင်မှတ်ကာ ရင်ထဲမှာတိတ်တခိုးပျော်ရွှင်သွားရသည်: ဇာတ်လိုက်ကချဥ်းကပ်ရမခက်ဘူးပဲ၊ နံပါတ်တစ်ဘယ်လိုသေသွားလဲငါမသိဘူး၊ ဟက်၊ အမှိုက်ကောင်။


ထိုအကြောင်းစဥ်းစားပြီးရုံသာရှိသေး၊ သနပ်ခါးရောင်ပုံရိ​ပ်တစ်ခုကသူ့ဘေးမှဖြတ်သွားကာ ခပ်ဖျော့ဖျော့သင်းရနံ့ချန်ရစ်ထားခဲ့သည်။


၎င်းမှာလေကာကုတ်အကျီဝတ်ထားသည့်လူငယ်လေးတစ်ယောက်ဖြစ်ပြီး အလွန်ချောမောလွန်းလှသဖြင့် ယောက်ကျားလားမိန်းမလားခွဲမရပေ။


ထို့နောက် တစ်ဖက်လူကကျန့်စစ်၏လက်မောင်းကိုပွေ့ဖက်ကာ သူ့လည်ချောင်းသူဆွဲဆိတ်ပြီး ဗလုံးဗထွေးအသံဖြင့်ပြောလိုက်တာကိုသူမြင်လိုက်ရသည်။

"ကိုကို၊ ကျွန်တော့်ကိုစုပ်လုံးဝယ်ကျွေးလေ။ ကိုကို့ကောင်မလေးသိသွားရင် သူမစိတ်ဆိုးသွားမှာမဟုတ်ဘူးလားလို့?"*


နဥ်ကျယ်မှာတမဟုတ်ချင်းမိုးကြိုးပစ်ချခံလိုက်ရယောင်။ ကျန့်စစ်ကသူ့ကိုချက်ချင်းတွန်းထုတ်ပစ်လိမ့်မည်ဟုသူခံစားလိုက်ရသည်။ ဒီကိုယ်ရဲ့နဂိုပိုင်ရှင်ကအရင်ဘဝတုန်းကတအားသိသာလွန်းတာကြောင့် ကျန့်စစ်ထွင်းဖောက်မြင်ခဲ့တာကိုမင်းသိတာပဲ၊ ဒီတော့သူကိုမြူဆွယ်တာကအသုံးမဝင်ဘူး...


ဒါပေမဲ့စဥ်းစားကြည့်ပြီးနောက်မှာ ကျန့်စစ်ကလူငယ်လေး၏လက်ကိုဆုပ်ကိုင်လျက် သူ့မျက်နှာထားနှင့်လေသံမှာချစ်ချစ်ခြင်းတို့ပြည့်နေတာသူမြင်လိုက်ရပြီး သူကပြုံးကာပြောလာသည်။

"သူဒေါသထွက်မလားကိုယ်လည်းသိချင်မိတယ်။"


"မင်းကောင်မလေးဒေါသထွက်မထွက်တော့မသိဘူး၊ ငါကတော့တော်တော်ဒေါသထွက်နေပြီ။" စုန့်ယွင်ဝေမှာကြက်ဥအရွယ်သလင်းကျောက်ကိုအခုလေးတင်ကောက်လိုက်ပြီးနောက် အနောက်လှည့်ကာသူတို့ဆီလျှောက်လာပြီး မှောင်မိုက်စွာပြောလိုက်သည်။


"ပြောစမ်း၊ ဘယ်ကကောင်မလေးလဲ။"

သူကျန့်စစ်ကိုမျက်နှာထားမဲ့စွာမေးလိုက်ပြီး ဘေးမှာရပ်နေသည့်နဥ်ကျယ်ကိုလျစ်လျူရှုထားလိုက်သည်။


အချစ်စစ်မဟုတ်ဘူးလား။ သူတို့မှာကလေးရှိနေပြီကို ဘာလို့နောက်ကောင်မလေးရှိနေသေးတာလဲ။


ပြီးတော့လည်း သူ့ညီလေးကဒီကောင်လေးကိုကိုကိုလို့ခေါ်တယ်လား။ ကိုကို?! သူတို့သိတာဒီလောက်ကြာပြီကို သူ့ညီလေးကသူ့ကိုအဲ့လိုတစ်ခါမှမ​ခေါ်ဖူးဘူး!


စုန့်ယွင်ဝေ၏မျက်နှာမှာတည်ငြိမ်နေပေမဲ့ သူ့နှလုံးသားမှာအသိအမှတ်ပြုမှုကိုကျော်လွန်၍မနာလိုသဝန်တိုစွာဖြင့် ရူးမိုက်စွာအော်ဟစ်နေလေပြီ။


____________________________________