Chapter 25
ငါ သူ့ကို နောက်တခေါက်လောက်ထပ်ရိုက်လို့ရဦးမလား...
"အမ်...ဘာ..."
ချွီဇယ်တစ်ယောက် ကြောင်အသွားသည်။ကြားလိုက်ရသည်ကို မယုံကြည်ပုံမျိုးဖြင့် သူမျက်နှာပေါ်တွင် မကျေမနပ်ပုံပေါ်လာသည်။
"ချွီဇယ် နင်က ငါ့ကို ငတုံးလို့ထင်နေတာလား..."
ယောင်စစ်လှောင်ပြုံးပြုံးလိုက်သည်။
"စကြာဝဠာ နိုင်ငံတော်ကြီးကို ဇက်ဂ်ျတွေကျူးကျော်လာတာရော... သွေးစုပ်ဖုတ်ကောင်မျိုးဆက်တွေကြုံတွေ့ခဲ့ရတဲ့ ကိစ္စတွေရော...အဲပြဿာနာတွေအားလုံးက ငါလုပ်တာမို့လို့လား..အဲဒါတွေကငါနဲ့ဘာပတ်သက်လို့လဲ...အဲဒီနင်တို့ခေါ်နေတဲ့သခင်မလေးဆိုတာအပါအဝင် ဒီဂြိုလ်ပေါ်ကို ပြန်လာဖို့ပြန်ဆင့်ခေါ်တာတွေအားလုံးကရော... ငါလုပ်တာမို့လို့လား..."
"နင့်ကိုဘယ်တုန်းကမှ... ဘာတစ်ခုမှ ငါမခိုင်းခဲ့ဖူးဘူး...ဘာမှလဲအတင်းအကျပ်မလုပ်ခိုင်းခဲ့ဘူး...ငါ့ရှေ့မှာ မတရားခံရသလိုမျိုးလာလုပ်ပြမနေနဲ့...နင်တို့တစ်ခုခုအစဉ်မပြေတာနဲ့ပဲ ငါ့ကိုလာပြီးတော့ပြောနေရအောင် နင့်မေမေလေးများထင်နေလို့လား..."
ချွီဇယ် ဘာမှပြန်မပြောနိုင်ပဲ ဆွံ့အနေလေသည်။
"နင့်မှာ ဘယ်လိုအတွေးတွေရှိတယ် ဘာရည်ရွယ်ချက်တွေရှိတယ်ဆိုတာလည်း ငါဂရုမစိုက်ဘူး...လွန်ခဲ့တဲ့ ရက်အနည်းငယ်က နင်လုပ်ခဲ့တဲ့ကိစ္စတွေအတွက် ခိုင်လုံတဲ့အကြောင်းပြချက်ရှိတယ်ဆိုရင်တောင် အဲဒါတွေကငါနဲ့ဘာမှမဆိုင်ဘူး..."
ချွီဇယ် တစ်ခုခုပြန်ပြောချင်ပုံရသော်လည်း သူဘာမှမပြောနိုင်ခင်မှာပင် သူတို့၏ အပေါ်ဘက်မှ ပွတ်လောရိုက်ဆူညံသံများကြားလိုက်ရသည်။
ချွီဇယ် ငြိမ်ကျသွားပြီးနောက် ခနဲ့တဲ့တဲ့တစ်ချက်ရယ်လိုက်သည်။
"သူတို့ရောက်လာတာမြန်သားပဲ...ဟက်..."
ထို့နောက်သူ၏လက်မှ တစ်စုံတစ်ခုကိုနှိပ်လိုက်သည်နှင့်ဘေးပတ်လည်မှ အဖြူရောင်ကအကာအရံများကမြင့်တက်သွားပြီးတကယ်အပြင်လောကအစစ်ကိုတွေ့လိုက်ရသည်။
ထိုအခါမှသူတို့ရောက်နေသည်က အနီရောင် မြက်ခင်းများနှင့်ပြည့်နေသော ခြံဝန်းကျယ်တစ်ခုဆိုသည်ကိုသိလိုက်ရသည်။ထို့အပြင်ထိုမြက်ခင်းက အခြားနေရာတွင်မဟုတ်ပဲ သူမတို့ခြံဝင်းနားလေးတွင် ရှိနေခြင်းဖြစ်သည်။သူမတောင် တစ်ခါတစ်လေ အပျင်းပြေလမ်းလျှောက်ထွက်ဖူးလေသည်။
ကောင်းကင်ပေါ်၌ သွေးစုပ်ဖုတ်ကောင်အုပ်စုလိုက်ကြီးက ယာဉ်ပျံအသေးစားလေးပေါ်တွင်ထိုင်၍ သူမကိုစိုးရိမ်ပူပန်နေသော မျက်ဝန်းများဖြင့်ကြည့်နေကြသည်။
"သခင်မလေး..."
ယောင်ချမ့် ယာဉ်ပေါ်မှ ခုန်ဆင်းလိုက်ပြီး ရှေ့ဆုံးကပြေးလာလေသည်။သူ ယောင်စစ်ကို အကဲခတ်လိုက်ပြီးနောက် သူမ၏ အခြေနေကိုစစ်ဆေးရန်အတွက် ရှာဖွေရေးစက်နှင့်တူသည့်တစ်ခုကိုထုတ်လိုက်သည်။
"သခင်မလေး ဒုက္ခ ရောက်ရတာကျွန်တော်ကြောင့်ပါ...အားလုံး ကျွန်တော်အပြစ်တွေပါပဲ...ဒီမှာရှိနေတယ်ဆိုတာကို အခုမှပဲ ကျွန်တော်သိရပါတယ်..."
သူ့ပုံစံက ယခုချက်ချင်းပင်ငိုကြွေးတော့မည့်ပုံပေါက်နေလေသည်။
"စိတ်မပူပါနဲ့ ငါအဆင်ပြေပါတယ်..."
ယောင်စစ် နှစ်သိမ့်ပြုံးလေးပြုံးပြလိုက်သည်။
"သခင်မလေးရယ် ဘယ်လိုလုပ်အဆင်ပြေနိုင်မှာလဲ...သခင်မလေးပျောက်နေတာ အချိန်တော်တော်ကြာသွားပြီလေ...ပြီးတော့လဲ...ပျောက်နေတာက..."
ထိုအချိန်၌ ယောင်ချမ့်က တစ်စုံတစ်ရာကိုသတိရသွားသလိုမျိုး ချွီဇယ်၏ဘက်ကိုလှည့်၍ အော်လိုက်သည်။
"အကြီးအကဲခေါင်းဆောင် ဒီတစ်ခါတော့တစ်ကယ်လွန်သွားပြီ ဘယ်လိုလုပ်ပြီးသခင်မလေးကိုတကယ်ခေါ်သွားရတာလဲ...ပြီးတော့ဆက်သွယ်ရေးစနစ်ကိုပိတ်ထားသေးတယ် သခင်မလေးကိုဘာလုပ်လိုက်လဲ..."
"ဟား..ဟား..ဟား...နံပါတ် ၁၃ရယ် အခုလည်း သူကအဆင်ပြေနေတယ်မဟုတ်ဘူးလား...တကယ်တမ်းအခြေနေဆိုးနေတာကကျုပ်ပါ ကြည့်လိုက်ရုံနဲ့သိသာနေတာပဲလေ..."
"ခင်ဗျား ဒါကိုအဆင်ပြေတယ်လို့ပြောနေသေးတာလား..."
ယောင်ချမ့်က ဖုန်တွေရွံတွေလူးနေပြီး လူရုပ်မပေါက်တော့သော ယောင်စစ်ကိုညွှန်ပြ၍ ပြောလိုက်သည်။သူ၏အသံက ပို၍ပင် ငိုသံပေါက်လာလေသည်။
ထို့နောက်သူ ချွီဇယ်၏ဘက်သို့ပြန်လှည့်လိုက်၏။သူ ချွီဇယ်ထူးခြားနေသည့်ပုံစံကိုသတိပြုမိသွားပြီးမေးလိုက်သည်။
"ဒါနဲ့ အကြီးအကဲခေါင်းဆောင် ခင်ဗျား ဘာလို့ခါးကြီးကိုင်းနေတာလဲ..."
"အာ...မတော်တဆထိခိုက်မှု သေးသေးလေးဖြစ်သွားလို့ပါ..."
ချွီဇယ်က သူ၏လက်ညှိးနှင့်လက်မကိုဖိကပ်၍ သေးသေးလေးဆိုသည့်အမူအရာလုပ်ပြလိုက်သည်။သူယောင်စစ် ထိုးနှက်ကန်ကျောက်ထားသမျှကိုပြန်၍တွေးမိပြီးနောက် ခွကြားမှအောင့်လာသလိုပင် ခံစားလိုက်ရသည်။
မျိုးနွယ်စုရဲ့ ဘိုးဘေးလို့မပြောရဘူးလူတွေကို နှိပ်စက်တာတောင်မှ တကယ့်နေရာတွေကိုတိတိကျကျချိန်ဆနိုင်တယ်...
ယောင်ချမ့်ကမှင်သက်နေတုန်းပင်ဖြစ်သော်လည်း ယောင်စစ်ကတုန့်ဆိုင်းမနေပဲ ချွီဇယ်ကိုဆွဲထူမလိုက်ပြီးနောက် ယောင်ချမ့်ဆီသို့တွန်းပို့လိုက်သည်။
"သူ့ကို နင့်ဆီအပ်လိုက်ပြီ...နင်တို့စိတ်ကြိုက်တာစီရင်လိုက်တော့...စီရင်ချက်ချတဲ့အခါကျရင်သာ ငါ့ကိုအကြောင်းကြားဖို့မမေ့နဲ့..."
ယောင်ချမ့်လည်း ချွီဇယ်ကိုဖမ်းထားလိုက်ပြီးနောက် တစ်ခြားအကြီးအကဲများလက်ထဲသို့လွှဲပေးလိုက်သည်။
"သခင်မလေး အဆင်ပြေနေလို့တော်သေးတာပေါ့..."
အကြီးအကဲများထဲမှတစ်ယောက်က ယောင်စစ်ကိုလှမ်းကြည့်ပြီးပြောလာသည်။ ထို့နောက် ချွီဇယ်ဘက်သို့လှမ်းကြည့်လိုက်၏။သူ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီးပြောလိုက်သည်။
"အကြီးအကဲခေါင်းဆောင် ခင်ဗျားရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့လုပ်ခဲ့တဲ့ကိစ္စက ကျုပ်တို့မျိုးနွယ်ရဲ့ သိက္ခာ ကိုညှိုးနွမ်းစေတယ်... ဒီကိစ္စတွက်ခင်ဗျားကိုယ်တ်ိုင်အပြည့်အဝတာဝန်ယူရမယ်..."
"ကောင်းပါပြီ...ကောင်းပါပြီ..."
ချွီဇယ်က အရှုံးပေးသည့်ပုံစံဖြင့်လက်နှစ်ဖက်ကိုမြှောက်၍ပြောလိုက်သည်။
" ကျုပ် ခင်ဗျားတို့နောက်ကို လိုက်ခဲ့ပါ့မယ်...ကျုပ်ကိုခင်ဗျားတို့ကြိုက်သလို စီစဉ်လို့ရတယ်ဟုတ်ပြီလား..."
သူက ပြောပြောဆိုဆိုဖြင့် သူ၏ ခန္ဓာကိုယ် အောက်ပိုင်းတစ်နေရာကိုအုပ်ပြီး ကွတကွတဖြင့် ယာဉ်ငယ်တစ်စင်းပေါ်သို့တက်သွားလေသည်။ သူကထိုအချိန်မှာတောင် ယောင်စစ်ကို စပ်ဖြဲဖြဲ စနောက်သွားဖို့မမေ့ပေ။
"သခင်မလေးရေ....တာ့တာ... ကျွန်တော်သွားပြီနော်..."
ချွီဇယ်၏ ကျောက်ကျောရေပက်(ပြောင်စပ်စပ်) မျက်နှာက်ိုကြည့်၍ အကြီးအကဲများ၏ မျက်နှာမဲမှောင်သွားကြလေသည်။ထို့နောက် သူတို့ယောင်ချမ့်ကို သေချာ တတွတ်တွတ်မှာကြားပြီးနောက် ယာဉ်ပျံပေါ်တက်ကာ အကြီးအကဲ ရုံးဆီသို့ပြန်သွားလိုက်ကြသည်။
ခြံဝန်းထဲ၌ ယောင်စစ်နှင့်ယောင်ချမ့်နှစ်ယောက်တည်းသာကျန်ခဲ့တော့သည်။
"နင်တို့တွေ သူကိုဘယ်လိုအပြစ်ပေးမှာလဲ..."
ယောင်စစ်မအောင့်နိုင်တော့ပဲ လှမ်းမေးလိုက်သည်။အကြီးအကဲများ၏ အမူအရာကိုကြည့်ချင်းအားဖြင့် သူမကိုရက်ပေါင်းများစွာခေါ်သွားသည်က သေလောက်သည့်အပြစ်ဒဏ် ကြီးဖြစ်နေပုံပေါ်လေသည်။
"ထာဝရအိပ်စက်ခြင်း အပြစ်ဒဏ်တော့မပေးလောက်ဘူးမှတ်လား..."
ယောင်ချမ့် သူ့ကိုအထူးတဆန်းလှည့်ကြည့်၍မေးလိုက်သည်။
"သခင်မလေး ဘာလို့မေးတာလဲ..."
ယောင်စစ်က ချွီဇယ်ပြောပြသွားသောအကြောင်းများအားလုံးကိုပြန်ပြောပြလိုက်လေသည်။
"သူပြောတာတော့ ငါကသွေးစုပ်ဖုတ်ကောင်မျိုးနွယ်ကိုဘာမှ လုပ်ပေးခဲ့တာလည်းမရှိဘူး...ဘာမှကာကွယ်ပေးခဲတာလည်းမရှိတာကြောင့် မကျေနပ်လို့လုပ်တာတဲ့လေ..."
ထိုစကားများကြားပြီးနောက် ယောင်ချမ့်၏ မျက်နှာထားက ဝမ်းချုပ်နေသောသူကဲ့သို့ ရှုံ့တွလာလေသည်။အချိန်အတော်ကြာမှ သူပြန်၍စကားပြောလာသည်။
"သခင်မလေး... ကျွန်တော်တို့မျိုးနွယ်ရဲ့ ဗီဇစွမ်းရည်နဲ့ဆိုရင် ကျွန်တော်တို့ကို ကာကွယ်ဖို့ တစ်ယောက်ယောက်လိုသေးတယ်လို့ထင်နေသေးတာလားဟင်..."
ယောင်စစ် ဆွံ့အငြိမ်သက်သွားလေသည်။
ချီး...ဘဲ...
"အဲတော့ သူငါ့က်ိုပြောသွားသမျှအားလုံးက ငါထင်တဲ့တိုင်းပေါက်ကရတွေပဲပေါ့..."
"သူရဲ့အကျင့်စရိုက်အရ ကျွန်တော်သိသလောက်ခန့်မှန်းရမယ်ဆိုရင်တော့ အကြီးအကဲခေါင်းဆောင်က သူရဲ့စမ်းသပ်ချက်တစ်ခုတွက် သခင်မလေးနဲ့ ဆော့ကစားသွားတာပဲဖြစ်ပါမယ်..."
"...."
ငါခုချက်ချင်းသူနောက်လိုက်သွားပြီး နောက်တစ်ခေါက်လောက် ဝက်ရုပ်ပေါက်အောင်ထိုးဖို့ အချိန်မှီသေးလားဟင်...