Chapter(55)
Viewers 10k

လင်ခုံးလုမဂ်လာဆောင်မှာဘာမှမစားခဲ့သဖြင့် အနည်းငယ်ဗိုက်ဆာနေပြီးသားပင်။ သူစားပွဲပေါ်ကငါးကြော်အစပ်ကလေးကိုမြင်လိုက်ရချိန်တွင် သူမျက်စိမလွှဲနိုင်တော့ပေ။


သူအကြာကြီးစိုက်ကြည့်နေမိပြီး အဆုံးမှာသူမအောင့်အီးနိုင်တော့ဘဲ လက်အသာဆန့်လိုက်မိသည်။ ဒါပေမဲ့သူ့လက်ချောင်းထိပ်များကငါးကြော်ကိုထိတော့မည့်အချိန်တွင် ခပ်ဖွဖွချောင်းဟမ့်သံကတံခါးဝမှထွက်လာသည်။


လင်ခုံးလုရုတ်ခြည်းလက်ရုတ်ကာ မလုံမလဲခေါင်းလှည့်ကြည့်မိတော့ ခန်းမထဲကသိပ်မဝေးနေရာမှာလန်ဇယ်ကဝှီးချဲပေါ်မှာထိုင်လျက် သူ့ကိုမျက်နှာအမူအရာကင်းမဲ့စွာကြည့်နေတာကိုမြင်လိုက်ရသည်။ ထို့အပြင် တစ်ဖက်လူ၏အနောက်မှာ ငယ်သားများ၊ ကိုယ်ရံတော်များနှင့်အစေခံများ....


လင်ခုံးလု: "..." ဖာ့ခ်၊ များလိုက်တဲ့လူတွေ။


0687: "ငါးကြော်ခိုးစားဖို့ရည်ရွယ်လိုက်ပေမဲ့ လက်ပူးလက်ကြပ်အမိခံလိုက်ရပြီးတော့ လူတွေအများကြီးကရပ်ကြည့်နေကြတယ်။"


လင်ခုံးလု: "ဘာလို့ဒီလူအုပ်ကတိတ်တိတ်လေးလျှောက်လာကြတာလဲ။"


0687: "မင်းကငါးကြော်ကိုသည်းကြီးမဲကြီးစိုက်ကြည့်နေတာလေ။"


လင်ခုံးလု: "ဟုတ်လား။ ငါဘာလို့ခဏလေးပဲကြည့်လိုက်မိသလိုခံစားရတာပါလိမ့်?"


0687: "...." မင်းငါးမိနစ်ကြာအောင်စိုက်ကြည့်နေခဲ့တာဟ။


ကံကောင်းထောက်မစွာဖြင့် လန်ဇယ်မှာသူ့အနောက်ကလူတို့ကိုပြောလိုက်သည်။

"မင်းတို့အကုန်လုံးအပြင်ထွက်သွားတော့။"


သူကားစစ်တပ်ထဲမှာနှစ်ပေါင်းများစွာနေခဲ့သဖြင့် မပြုံးတာအကျင့်ပါနေပြီပင်။


တံခါးပိတ်သွားချိန်တွင် သူတို့နှစ်ယောက်သာကျန်တော့သည်။


နန်းဆောင်ခန်းမ၏အတွင်းဘက်မှာချမ်းသာကြွယ်ဝစွာအလှဆင်ထားပေမဲ့ အလွန်ကြီးမားကာဗလာကျင်းနေသဖြင့် အထီးကျန်မှုတစ်စွန်းတစရှိနေပေသည်။


လန်ဇယ်ကစကားမပြော၊ မည်သည့်အမူအရာမပြဘဲ လင်ခုံးလုကိုသာတိတ်တဆိတ်ကြည့်လို့နေသည်။


ရေသူအဖြစ်နိုးထလာပြီးနောက်ပိုင်း သူ့မျက်လုံးမှာအေးစက်စက်အစိမ်းရောင်ပြောင်းသွားပြီး လူတစ်​ယောက်ကိုမျက်နှာအမူအရာကင်းမဲ့စွာစိုက်ကြည့်လိုက်ချိန်တွင် ၎င်းကလူတို့ကိုအကြောင်းမဲ့ထိတ်လန့်သွားစေသည်။


ထိုစဥ် ပြတင်းပေါက်မှလေအေးတစ်ချက်ဝေ့တိုက်လာရာ လင်ခုံးလုတုန်တက်သွားရသည်။


သူကားအနည်းငယ်ကြက်သီးထဖွယ်ကောင်းလှသဖြင့် သူစကားအရင်ပြောရမလားတုံ့ဆိုင်းနေမိစဥ် လန်ဇယ်ကတိတ်ဆိတ်မှုကိုချိုးဖောက်ကာအရင်စကားပြောလာသည်။


"ဒီကိုလာ။" သူ့အသံမှာအနည်းငယ်အေးစက်ပေမဲ့အနည်းငယ်ဂရုမဲ့သည်။ သူလက်မြှောက်ကာထိုစကားပြောလိုက်စဥ် ၎င်းကကြောင်နှင့်ခွေးကိုစနောက်နေသည်နှင့်အနည်းငယ်ဆင်တူသည်။


လင်ခုံးလုတစ်အောင့်ကြာတုံ့ဆိုင်းသွားမိသည်၊ လန်ဇယ်ကအရင်ဘဝတုန်းကနှင့်အနည်းငယ်မတူသယောင်ခံစားလိုက်ရသည်။


အရင်ဘဝဒီအချိန်တွင် လန်ဇယ်၏ဘဝမှာအခက်အခဲကြုံခါစဖြစ်သဖြင့် အနည်းငယ်မည်းမှောင်ကာစိတ်သောကရောက်လာသည်။ သူသည်အပြင်လောကကအရာအားလုံးကိုလျစ်လျူရှုကာ အချိန်အများစုကိုအိပ်ရာထဲမှာနေထိုင်ပြီး ပြတင်းပေါက်ကန့်လန့်ကာချလျက် အလင်းရောင်ကိုမမြင်နိုင်သည့်အလား အမှောင်ထဲမှာပုန်းနေခဲ့သည်။


ဒီဟာ​ကြောင့် အရင်ဘဝတုန်းကလင်ခုံးလုတစ်ယောက်ဇာတ်ကြောင်းအရမကောင်းဆိုးဝါးပမာပြုမူခဲ့သော်ငြား လန်ဇယ်ကသူ့ကိုဂရုစိုက်ရမှာပျင်းလွန်းသောကြောင့်ဘာမှမဖြစ်သွားခဲ့ပေ။


လက်ရှိမှာတော့ သူ့ရှေ့ကလန်ဇယ်ကားအရင်ဘဝတုန်းကကဲ့သို့မည်းမှောင်ခြင်းမရှိပေမဲ့...ဘယ်လောက်ပဲကြည့်ကြည့် သူကလောကကြီးအားသူ့ကိုထပ်မံစိုးမိုးခြယ်လှယ်ခွင့်ပေးမည့်ပုံမပေါ်ပေ။


တစ်ဖက်လူဟာအရင်ကမ္ဘာများတုန်းကကဲ့သို့တူညီစွာဖြင့်ပြန်မွေးဖွားလာခြင်းဖြစ်ရမည်ဟုလင်ခုံးလုသံသယဝင်မိသည်။


သူအနည်းငယ်မလုံမလဲဖြစ်သွားရကာ ဖြည်းညှင်းစွာအနားတိုးသွားလိုက်သည်။


လန်ဇယ်ကမျက်မှောင်အသာကြုတ်ကာဆိုသည်။

"ဆောင့်ကြောင့်ထိုင်လေ။"


လန်ဇယ်ကားအမှန်တော့မတ်တပ်ရပ်ရင်အရပ်ရှည်ပေမဲ့ ယခုမူသူဟာဝှီးချဲပေါ်မှာထိုင်နေရသဖြင့် သူ့ထက်အတော်လေးပုသည့်လင်ခုံးလု၏မျက်နှာကိုကြည့်ရန် ခေါင်းအသာမော့ထားရသည်။


လင်ခုံးလု: "...." ထားလိုက်တော့၊ မသန်စွမ်းတစ်ယောက်ကို သူအနိုင်မကျင့်တော့ပါဘူး။


သူခန္ဓာကိုယ်အသာနှိမ့်လိုက်ပေမဲ့ သူအပြည့်အဝဆောင့်ကြောင့်မထိုင်ရသေးခင် လန်ဇယ်ကရုတ်တရက်သူ့မေးစေ့ကိုဆွဲညှစ်ကာ သူ့ကိုအနားဆွဲခေါ်လိုက်သည်။


"အာ။" လင်ခုံးလုအကာအကွယ်မဲ့သွားရကာ သူ့ခန္ဓာကိုယ်ယိုင်ကျသွားပြီး ဝှီးချဲလက်တန်းပေါ်မှာလှဲလျက် အံ့သြတကြီးမော့ကြည့်လိုက်မိသည်။


လန်ဇယ်၏လက်များမှာအေးစက်ပြီး သူ့အသားအရည်မှာအေးစက်ကာဖြူဖျော့လျက် နာမကျန်းဖြစ်သောအရိပ်အ​ယောင်ဖော်ပြလို့နေသည်။ လင်ခုံးလု၏အသားမှာလည်းဖြူပေမဲ့ ကျန်းမာရေးကောင်းစွာဖြူခြင်းပင်။


နှစ်ဦးသား၏အရေပြားထိသွားတော့ လရောင်အောက်မှာ အေးစက်သောကျောက်စိမ်းနှင့်နွေးထွေးသောကျောက်စိမ်းရောစပ်သွားသည့်ပမာ။


လန်ဇယ်ကောင်လေး၏မေးကိုဖျစ်ညှစ်ကာ သူ့ကိုသေချာကြည့်လိုက်သည်။


သူ့လက်ငါးချောင်းမှာရှည်လျားကာသွယ်လျပြီး သူ့လက်ချောင်းများကြားမှာဖောက်​မြင်ရသောရေယက်များရှိကာ သူ့လက်သည်းမှာသာမန်လူတို့ထက်ချွန်မြပုံမှာ သူအသာအယာလှုပ်ရှားလိုက်ရုံမျှဖြင့်ကောင်လေး၏ပါးပြင်ကိုခြစ်လိုက်နိုင်သည့်အလား။


ကောင်လေးမှာအနည်းငယ်ထိတ်လန့်သွားကာ သူ့ကိုမျက်လုံးဝိုင်းများဖြင့်ကြည့်လာပုံမှာ ကြောက်လန့်နေသည့်အကောင်ငယ်လေးပမာ။ အထူးသဖြင့်ထိုမျက်ဝန်းတစ်စုံမှာ ကြောင်လေးတစ်ကောင်ပမာ အသက်ဝင်ကာဖြူစင်လှသည်။


သူတကယ်လှတာပဲ၊ လန်ဇယ်အလိုလိုတွေးလိုက်မိသည်။


ဒါပေမဲ့သူအမြန်မျက်လွှာချကာ အကြည့်လွှဲလိုက်ပြီး သာမန်ကာလျှံကာမေးလိုက်သည်။

"ငါကြားတာကတော့ မင်းလက်မထပ်ချင်လို့ထွက်ပြေးသွားသေးတယ်ဆို?"


လင်ခုံးလု: "!" ဒီလေသံကမူမှန်မနေဘူးနော်။


"ဟင့်အင်း။" သူချက်ချင်းငြင်းလိုက်မိသည်၊ သူအရင်ဘဝတုန်းကလိုမျိုးအသေခံမည့်အစား သူရှက်သွေးဖြာမှု၊ နှလုံးခုန်မြန်မှုတို့မရှိဘဲလိမ်ပြောလိုက်သည်။

"ကျွန်တော်စိတ်အပန်းဖြေဖို့ တစ်နေရာရာကိုသွားချင်ခဲ့ရုံပါ။"


"မဂ်လာပွဲနေ့မတိုင်ခင်စိတ်အပန်းဖြေဖို့လား။"

လန်ဇယ်ကသူ့ကိုအသိပေးသည်။


"အဓိကအကြောင်းရင်းက အရှင့်သားအတွက်မဂ်လာလက်ဖွဲ့ဝယ်ဖို့ပါ။"

လင်ခုံးလုအမြန်ထပ်ဖြည့်ပြောလိုက်သည်။


"အော်၊ လက်ဆောင်ကော?" လန်ဇယ်ဗလာကျင်းစွာမေးလိုက်သည်။


"ကျွန်တော်မဝယ်ရသေးခင် အရှင့်သားလူတွေကကျွန်​တော့်ကိုပြန်ခေါ်လာတာပါ။" လင်ခုံးလုအပြစ်ကင်းစင်စွာပြောလိုက်သည်။


ကြည့်၊ တစ်ပတ်ပြန်လည်လာပြီ၊ လန်ဇယ်ယုံလားမယုံလားဆိုတာကတော့...ဂရုမစိုက်ဘူး၊ သူယုံမှာပဲလေ။


လန်ဇယ်မှာသိသိသာသာကိုမယုံကြည်ဘဲ လှောင်ပြုံးပြုံးလိုက်ပြီး သူ့မေးစေ့ကိုခပ်တင်းတင်းဖျစ်ညှစ်ကာဆိုလာသည်။

"အနာဂတ်မှာမင်းထွက်ပြေးရဲရင် မင်းခြေထောက်ကျိုးသွားလိမ့်မယ်။"


လင်ခုံးလု: "?"


လန်ဇယ်: "ပြီးတော့ မင်းငါနဲ့လက်ထပ်လိုက်ပြီဆိုတော့ ငါ့စကားကိုနားထောင်ရမယ်။"


အရင်ဘဝတုန်းကလိုမျိုးသူ့ကိုဦးထုပ်စိမ်းဆောင်းပေးဖို့မတွေးနဲ့။


လင်ခုံးလု: "?!" ဘာလို့နည်းနည်းတော့မှားနေသလိုခံစားရတာပါလိမ့်?


လန်ဇယ်: "ပြီးတော့ ငါ့မယ်တော်ကကျန်းမာရေးမကောင်းတာမို့ သူမကိုငါတို့ကိစ္စတွေနဲ့အနှောင့်အယှက်သွားမပေးနဲ့။"


အရင်ဘဝတုန်းက သူဟာဒီအကြံသမားလေးကိုလျစ်လျူရှုထားခဲ့သဖြင့် ဒီအကြံသမားလေးကဧကရီအန်နာထံနေ့တိုင်းစောဒကသွားတက်ခဲ့သည်။


နောက်ပိုင်းမှသာ ဧကရီအန်နာကျန်းမာရေးမကောင်းမှန်းလန်ဇယ်သိလိုက်ရသည်။


သူမကားအစောပိုင်းနှစ်တုန်းကစစ်မြေပြင်မှာဒဏ်ရာရခဲ့ပြီး သူမ၏သားတော်ကြီးမှာလွန်ခဲ့သောနှစ်အနည်းငယ်တုန်းကမမျှော်လင့်ထားစွာဆုံးပါးသွားခဲ့သည့်အပြင် မကြာသေးခင်ကသူမ၏သားတော်ငယ်မှာလည်းဒဏ်ရာအပြင်းအထန်ရသွားခဲ့သည်။ ကြီးမားသောထိုးနှက်ချက်များကသူမ၏ကျန်းမာရေးကိုယိုယွင်းသွားစေပေမဲ့ သူမကားသန်မာပုံပေါက်နေရုံသာ။


"အဆုံးမှာ မင်းအခြားတစ်ယောက်နဲ့သွားရှုပ်ရဲရင် မင်းခြေထောက်တွေအချိုးခံရမယ်။"

လန်ဇယ်မျက်နှာထားကင်းမဲ့စွာထပ်ဖြည့်ပြောလိုက်သည်။


သူပြန်မွေးဖွားလာချိန်တွင် သူကမဂ်လာခန်းမထဲမှာရှိနေခဲ့သည်။ သူ၏မယ်တော်ကိုစိတ်မပူစေရန်အလို့ငှာ သူတစ်ဖက်လူ၏ဆန္ဒအတိုင်းလက်ထပ်ကာ ပျော်ရွှင်မှုအတုအ​ယောင်ဖန်တီးပြဖို့ဆုံးဖြတ်ခဲ့ပေမဲ့ ၎င်းကသူဒီကောင်လေးကိုအရင်ဘဝတုန်းကလုပ်ခဲ့သလိုမျိုးသူ့ကိုဦးထုပ်စိမ်းဆောင်းခွင့်ပေးမည်ဟုမဆိုလိုပေ။


လင်ခုံးလု: "....." ဒါဆို? သေချာပေါက်ပြန်မွေးဖွားလာတာပဲဟ။


လန်ဇယ်မှာ"တုတ်နဲ့ရိုက်ပြီး ချိုမြန်မှုပေးတယ်"၏သဘောတရားကိုသိသဖြင့် ဒါပြောပြီးနောက် သူတစ်ဖက်လူကိုငါးကြော်ယူသွားခိုင်းလိုက်သည်။


လင်ခုံးလု: "...." ဒီစကားကြီးကတော့။


ဒါပေမဲ့ဘာလို့ရှေ့ကစကားလုံးတွေကရှေးခေတ်စည်းမျဥ်းတွေနဲ့နည်းနည်းတူနေပုံရတာပါလိမ့်?


လင်ခုံးလုမှာဒီဖော်ပြမရသောအတွေးကြောင့်တုန်တက်သွားရကာ ပန်းကန်ပြားကိုအမြန်ယူကာခပ်သုတ်သုတ်ထွက်လာခဲ့မိသည်။


သူထွက်သွားတော့သူ့ပုံရိပ်တုန်ရီနေပုံရမှန်းလန်ဇယ်မြင်လိုက်ရရာ မနေနိုင်ဘဲနှုတ်ခမ်းကော့တက်ကာရယ်သွမ်းလိုက်မိသည်။


အရင်ဘဝတုန်းကသူ့ကိုလက်ထပ်ပြီးနောက်ပိုင်းမှာ ဒီအကြံသမားလေးကပြဿနာအများကြီးရှာခဲ့ပေမဲ့ အခုတော့သူကြောက်သွားတာမို့ အရမ်းလိမ်မာနေမှာမဟုတ်ဘူးလား။ အရင်ဘဝတုန်းကသူထိုအကြောင်းအရေးမစိုက်ခဲ့လို့ဆိုပေမဲ့ အခုသူစောင့်ကြည့်နေတော့ တစ်ဖက်လူလုပ်နိုင်အုံးမယ်ဆိုတာသူမယုံပေ။


လင်ခုံးလုငါးကြော်စားပြီးနောက် သူခြေလက်ဆေးကြောကာအိပ်ပျော်သွားသည်။


လန်ဇယ်ပြန်မွေးဖွားလာပြီး အရင်ဘဝတုန်းကသူလုပ်ခဲ့တာကိုသိနေမှတော့ သူသေချာပေါက်သူ့နှစ်သက်မှုနှုန်းကိုခဏလောက်တိုးတက်အောင်လုပ်မှာမဟုတ်ပေရာ အလျင်စလိုဖြစ်ဖို့မလိုပေ။


ဒါပေမဲ့အိပ်ရာမဝင်ခင်ထိုအတွေး၏သက်ရောက်မှုကြောင့်လားမသိ။ သူအိပ်ပျော်ပြီးနောက်သိပ်မကြာခင် အိပ်မက်စမက်တော့သည်။ အိပ်မက်ထဲတွင် လန်ဇယ်မှာမည်းမှောင်သောမျက်နှာရှိနေလျက် ထူးဆန်းစွာဆိုလာသည်။

"မင်းကကိုယ်တို့လန်မိသားစုထဲလက်ထပ်ဝင်လာမှတော့ ကိုယ်တို့လန်မိသားစုရဲ့စည်းမျဥ်းတွေကိုလိုက်နာရမယ်။"


ထို့နောက်သူကချွေးမလေးပမာဘေးမှာရပ်လျက် ရှက်တက်တက်အဖြေပေးလိုက်သည်။


လင်ခုံးလုမှာထိုအိပ်မက်ကြောင့်နိုးလာသည်။ ဒါပေမဲ့နိုးလာပြီးနောက် သူရုတ်တရက်ရေနည်းနည်းဆာလာပြီး သူ့ခေါင်းမှာပူလောင်နေသည့်အပြင် သူ၏မြီးညှောင်ရိုးမှာလည်းပူလောင်လျက်။


"ငါဖျားနေတာဖြစ်မယ်။" သူမူးဝေစွာထရပ်ကာ သောက်ဖို့ရေသွားရှာလိုက်ပြီး သူလှေကားရောက်ချိန်တွင် သူပြောလိုက်မိသည်။

"ငါးကြော်ကအရမ်းငန်တယ်။"


0687သက်ပြင်းချမိသည်။

"မင်းကိုနည်းနည်းပဲစားဖို့ငါအသိပေးခဲ့တယ်လေ။"


လင်ခုံးလု: "ငါထိန်းချုပ်မရဘူးလေ။ ဘာလို့မှန်းမသိ ငါးကြော်ကအရမ်းအရသာရှိတယ်လို့ငါရုတ်တရက်ခံစားလိုက်ရတာ။"


ထိုစဥ်လန်ဇယ်မှာဧည့်ခန်းထဲတွင်ရှိနေဆဲပင်။ သူကမီးမဖွင့်ဘဲ ဝှီးချဲပေါ်မှာတိတ်တဆိတ်ထိုင်လျက် ပြတင်းပေါက်အပြင်ကညကိုကြည့်လို့နေသည်။


သူပြန်မွေးဖွားလာခါစမို့ အိပ်မရတာဖြစ်လောက်သည်။


လင်ခုံးလုလှေကားမှဒယိမ်းဒယိုင်ဆင်းလာတာကိုမြင်လိုက်ရတော့ သူမျက်မှောင်အသာကြုတ်လိုက်မိပြီး လှေကားနားသို့ဝှီးချဲမောင်းသွားလိုက်သည်။


သူပါးစပ်ဟကာတစ်ဖက်လူကိုသူ့​ခြေဖဝါးသတိထားဖို့အသိပေးရန်ပြင်လိုက်ပေမဲ့ လင်ခုံးလုကကြမ်းပြင်ပေါ်တက်နင်းမိပြီး သူ့ပေါ်တည့်တိုးယိုင်ကျလာကာ သူ့ငါးမြှီးကိုပွေ့ဖက်လိုက်မိသည်။


လင်ခုံးလု: "???"


လန်ဇယ်: "!!!"


"အကြီးကြီးပဲ...." လင်ခုံးလုစိတ်ထဲမှာမရေရွတ်မိဘဲမနေနိုင်ပေ။


0687: "?" မင်းတော့တစ်ခုခုမှားနေပြီ၊ Host။


လင်ခုံးလု: ".....ငါးမြှီး။"


0687: "အော်၊ ငါတစ်ခုခုမှားနေတာကိုး။"


လင်ခုံးလု: "....." ဒါပေမဲ့ငါ့ခေါင်းပိုပူလာပြီးတော့သွားရည်တွေထိန်းမရအောင်ကျလာပြန်ပြီ၊ ဘာဖြစ်နေတာပါလိမ့်?


လန်ဇယ်မှာသိသိသာသာကိုတစ်စက္ကန့်မျှကြောင်အမ်းနေမိပြီး အသိပြန်ဝင်လာပြီးနောက်ချက်ချင်းပြောလိုက်သည်။

"မင်းမထသေးဘူးလား။"


"အာ၊ တောင်းပန်ပါတယ်။" လင်ခုံးလုလက်မောင်းမြှောက်ကာအမြန်ထရပ်လိုက်သည်။


ဒါပေမဲ့ငါးမြှီးပေါ်ကသူ့လက်ကြောင့် လန်ဇယ်မပီမသညည်းလိုက်မိသည်။


အမှောင်ထဲတွင် လင်ခုံးလုသူ့မျက်နှာထားကိုရှင်းလင်းစွာမမြင်ရသဖြင့် တစ်ဖက်လူ၏အနာပေါ်ဖိလိုက်မိသည်ဟုထင်ကာ အလိုလိုမေးလိုက်မိသည်။

"ခင်ဗျားအဆင်ပြေရဲ့လား။ ကျွန်တော်ဖိလိုက်မိ...."


"ဘာမှမဖြစ်ဘူး!"

လန်ဇယ်သူ့ကိုချက်ချင်းဖြတ်ပြောလိုက်သည်။


သူ့လေသံမှာအံကြိတ်ထားသယောင်။

"ဘာလို့ညလယ်ခေါင်ကြီးမအိပ်ဘဲလျှောက်သွားနေတာလဲ။"


"ကျွန်တော်ရေဆာလို့ သောက်ဖို့ရေလိုက်ရှာတာ။"

လင်ခုံးလု၏လေသံမှာအပြစ်ကင်းစင်လျက်။


"အိပ်ခန်းထဲမှာရေရှိတယ်၊ ပြန်သွားတော့။" လန်ဇယ်အေးတိအေးစက်အသံဖြင့်ဆိုကာ စောင်အပါးကိုသူ့လက်များဖြင့်အမြန်ဆွဲကာ ငါးမြှီးကိုတင်းကြပ်စွာထပ်အုပ်လိုက်ရသည်။


အမှန်တော့ စောင်ကသိပ်မပေါ်သည့်အပြင်အလင်းရောင်မှာမှိန်နေသဖြင့် လင်ခုံးလုမှာငါးမြှီးကိုလုံးဝမမြင်ရပေ။ ဒါပေမဲ့လန်ဇယ်ရေသူအဖြစ်နိုးထလာပြီးနောက်ပိုင်းမှာ သူသဘောမကျဆုံးအရာကဒီငါးမြှီးမှန်းသူသိသည်၊ အထူးသဖြင့်ငါးမြှီးကဘောင်းဘီဝတ်လို့မရဘူးလေ၊ စကပ်ပဲ၊ စကပ်ပဲဝတ်လို့ရတာ!


ဒါကလန်ဇယ်အတွက်လက်မခံနိုင်ဆုံးအရာဖြစ်သဖြင့် ဘာမှမပါဘဲမတ်တပ်ရပ်တာထက်စာရင်ဝှီးချဲပေါ်မှာသာထိုင်လိုက်မည်ပင်။


လင်ခုံးလုဒါကိုကောင်းကောင်းသိတာမို့ ဘာမှမပြောဘဲ ပြုံးကာပြောလိုက်သည်။

"အွန်းပါ၊ ဒါဆိုကျွန်တော်ပြန်သွားနှင့်မယ်နော်။"


အိပ်ခန်းထဲပြန်ဝင်လာပြီး တံခါးပိတ်ပြီးနောက် သူမနေနိုင်ဘဲကုတင်ပေါ်မှာလူးလိမ့်ကာရယ်မောလိုက်မိသည်။


စကပ်နဲ့ချစ်သူ၊ ဟားဟားဟား၊ အရင်ကမ္ဘာမှာသူ့ကိုမိန်းမအဝတ်ဝတ်ခိုင်းခဲ့တဲ့အတွက်လက်တုံ့ပြန်မှုပဲ။


နောက်တစ်နေ့ လင်ခုံးလုနောက်ကျမှထလာပြီး အောက်ထပ်ဆင်းသွားချိန် လန်ဇယ်ကထမင်းစားပွဲမှာထိုင်လျက် စာအုပ်တစ်အုပ်ကိုင်ထားကာစာဖတ်နေတာကိုမြင်လိုက်ရသည်။


ထမင်းစားပွဲပေါ်မှာ....ငါးစားဖွယ်စုံ​၊ အချိုပွဲမျိုးစုံ!


အကြောင်းမရှိဘဲ လင်ခုံးလုရုတ်တရက်သွားရည်စကျလာသည်။


"မဂ်လာနံနက်ခင်းပါ၊ အရှင့်သား။"

သူနှုတ်ဆက်ကာတွေးလိုက်မိသည်: လန်ဇယ်ကငါနဲ့အတူစားဖို့ထိုင်စောင့်နေမယ်မထင်ထားမိဘူးရော်?


သူအတတ်နိုင်ဆုံးကြိုးစားသီးသန့်ဆန်ချင်ယောင်ဆောင်လိုက်ပေမဲ့ စားပွဲရှေ့မှာဝင်ထိုင်လိုက်ပြီးနောက် မနေနိုင်ဘဲတူကောက်ကိုင်လိုက်မိသည်။


ဒါပေမဲ့သူငါးအသားတစ်ပိုင်းယူကာ သူ့ပါးစပ်ထဲထည့်ဖို့ပြင်လိုက်ချိန်တွင် တူမှာရုတ်တရက်ပိတ်ဆို့ခံလိုက်ရသည်။


လင်ခုံးလုအံ့သြတကြီးမော့ကြည့်မိတော့ လန်ဇယ်ကစာအုပ်ကိုအောက်ချကာ လက်ထဲမှာတူကိုင်လိုက်တာကိုမြင်လိုက်ရပြီး သူကမျက်နှာအမူအရာကင်းမဲ့စွာပြောလာသည်။

"ငါ့ကိုငါးအရိုးအရင်နွှင်ပေး။"


လင်ခုံးလု: "..." အိုး၊ သူ့လက်ချောင်းတွေကြားထဲမှာရေယက်တွေရှိနေတော့ တူကိုင်ရအဆင်မပြေဘူးပဲ။


ဒါပေမဲ့ဘေးမှာစက်ရုပ်နဲ့အစေခံတွေရှိတယ်မဟုတ်ဘူးလား။ ဒါကမနေ့ညကငါးမြှီးကိုမတော်တဆဖိလိုက်မိတဲ့အတွက်သူ့ကိုလက်စားပြန်ချေတာတော့မဟုတ်ဘူးမလား။


0687: "...." မင်းအမြှီးကိုပဲထိခဲ့မိတာမဟုတ်လောက်ဘူး။


"မယ်တော်နဲ့မင်းမိဘတွေနောက်ကျလာလိမ့်မယ်။"

လန်ဇယ်အသိပေးလိုက်သည်။

"မင်းသူ့ကိုစိတ်မပူစေချင်ရင် မင်းကောင်းကောင်းပြူမူသင့်တယ်။"


လင်ခုံးလု: "...." မင်းလိုတာ၊ ငါမလိုဘူး။


သူတို့လင်ခင်ပွန်းကြားကလိုက်ဖက်ညီမှုကိုရှာဖွေနေသူတို့မှာ ဧကရီအရှင်မနှင့်အရှင်မင်းကြီးဖြစ်ပြီး လင်ဝမ်ပိုင်နှင့်မြောင်ယာတို့ကတော့သူတို့အမြန်ဆုံးလမ်းခွဲပါစေဆုတောင်းနေကြသည်။


ဒါပေမဲ့လည်း လန်ဇယ်၏"သနားစရာ"ကိစ္စအတွက်တော့စိတ်မကောင်းဘူး။ အဆုံးမှာတော့သူလူမစားနိုင်ပါဘူးလေ။*


လင်ခုံးလုစိတ်ဗလာဖြင့် တစ်ဖက်လူအတွက်ငါးတစ်ကောင်ကောက်ကိုင်ကာ အရိုးနွှင်ပြီး ဇွန်းပေါ်တင်လိုက်သည်။


လန်ဇယ်ကအေးစက်သောမျက်နှာထားနှင့်သိမ်မွေ့သောကိုယ်နှုတ်အမူအရာဖြင့် စာအုပ်ကိုပြန်ကောက်ကိုင်လိုက်ပြီး စာဖတ်နေစဥ် သူဇွန်းပေါ်ကငါးကိုပါးစပ်ထဲထည့်ပေးရသည်။


ဒါပေမဲ့လင်ခုံးလုကသူ့လက်ကြားမှာကိုင်ထားပြီး ငါးကိုသူ့ပါးစပ်ထဲအလိုလိုပို့လိုက်မိသည်။ လန်ဇယ်ခေါင်းမော့ကြည့်မိတော့မြင်သွားသဖြင့် သူ့မျက်ခုံးမှာတမဟုတ်ချင်းတွန့်ခေါက်သွားတော့သည်။


လင်ခုံးလု: "အာ။" စိတ်မရှိပါနဲ့၊ ငါအခုတလောအကြောင်းမရှိဘဲငါးစားရတာကြိုက်နေတာရယ်။


____________________________________