Chapter(58)
Viewers 10k

လန်ဇယ်အစကမတုံ့ပြန်မိပေမဲ့ ကြောင်နားရွက်များကိုမြင်လိုက်ရချိန် သူကြောင်အမ်းသွားရပြန်သည်။

အမွှေးဖွာဖွာ၊ အောက်ငိုက်စိုက်ကျနေတဲ့ကြောင်နားရွက်လေးတွေ၊ အင်း၊ နည်းနည်းတော့ချစ်ဖို့ကောင်းသား။

သူကောင်လေးကိုတစ်အောင့်ကြာမျက်စိမလွှဲဘဲစိုက်ကြည့်နေမိပြီး သူ့လက်ချောင်းထိပ်များမှာရုတ်တရက်အနည်းငယ်ယားကျိကျိဖြစ်သွားသည်။

ကြောင်နားရွက်များလည်းပေါ်နေပြီမှန်း လင်ခုံးလုမသိပေ။ ဤအခိုက်အတန့်မှာ သူဟာစိုးရိမ်ပူပင်နေသောမျက်နှာဖြင့်လက်ကိုကျောနောက်အမြန်ပို့ကာ မြှီးညှောက်ရိုးကိုအုပ်ပြီးခပ်ပြင်းပြင်းဖိချကာ အမြှီးကိုအရင်ပြန်သွင်းလိုက်သည်။

ဖိချလိုက်ပြီးနောက် သူလန်ဇယ်ကိုမလုံမလဲအသိစိတ်ဖြင့်မော့ကြည့်လိုက်မိပေမဲ့ မထင်မှတ်ထားစွာဖြင့်သူ့မျက်လုံးများကလန်ဇယ်၏ငါးမြှီးဆီရောက်သွားလေရာ ကြောက်လွန်းလို့သူ့ခေါင်းနောက်ဖိသိပ်ခံလိုက်ရသည့်လေယာဥ်ပျံနားရွက်လေးများမှာချက်ချင်းထောင်လာပြန်ကာ ပျော်ပျော်ကြီးလှုပ်ခါနေကြသည်။

လန်ဇယ်: "....."

လင်ခုံးလုကသတိမထားမိဘဲ သူ့မြှီးညှောက်ရိုးကိုတင်းကြပ်စွာဆုပ်ကိုင်လျက် အလိုလိုတံတွေးမျိုချလိုက်မိသည်။

0687အသိပေးလိုက်သည်။
"ကြောင်နားရွက်တွေလည်းပေါ်နေပြီ၊ ဟေ့ကောင်ရ!" ပျော်ပျော်ကြီးတောင်လှုပ်နေကြသေးတာရယ်။

လင်ခုံးလု: "!"

စဥ်းပင်မစဥ်းစားဘဲ သူလက်မြှောက်ကာသူ့နားရွက်ဖိပြီးပြန်သွင်းလိုက်သည်။ ဒါပေမဲ့ ဖိချပြီးနောက်ချက်ချင်းအေးခဲသွားရပြန်ကာ လန်ဇယ်၏မျက်နှာပေါ်အချိန်နှောင်းမှအကြည့်ရောက်သွားမိသည်။

လန်ဇယ်: "?" ပြန်ဖိသွင်းလို့ရတယ်လား။

လင်ခုံးလု: "...." နားရွက်တွေကအတုဆိုပြီးတော့ဟန်ဆောင်ဖို့အချိန်ရှိသေးလား။

နှစ်ယောက်သားမှာမျက်လုံးပြူးမျက်စံပြူးဖြင့်စိုက်ကြည့်နေမိကြသည်။ တစ်အောင့်ကြာသော် လန်ဇယ်ကအရင်ဆုံးအသိပြန်ဝင်လာကာ တည်ငြိမ်စွာမေးလိုက်သည်။
"မင်းကကြောင်ဗီဇနိုးထလာတာပေါ့?"

အမှန်တော့တွေးကြည့်စရာပင်မလိုဘဲသိနိုင်သည်။

ခုနကကောင်လေးဒုတိယထပ်ကိုခုန်ဆင်းသွားတုန်းကသူတွေးမိခဲ့သင့်ပေမဲ့ အကြံသမားလေး၏ပုံစံကြောင့်မိန်းမောသွားရကာထိုအကြောင်းတွေးဖို့အချိန်မရခဲ့ပေ။

သို့သော်လည်း ကြောင်ဗီဇ၊ ကြောင်တွေ.....

လန်ဇယ်ရုတ်ခြည်းတောင့်ခဲသွားရကာ တစ်ခုခုသဘောပေါက်သွားပြီး သူ့မျက်လုံးများမှာကော်ဖီစားပွဲပေါ်ကငါးခြောက်ထုပ်ဆီရောက်သွားသည်။

အင်း၊ ဒီငါးခြောက်တွေကသူ့ဖို့ဝယ်ခဲ့တာမဟုတ်ဘဲ အကြံသမားလေးသူ့ကိုယ်သူအတွက်ဝယ်ခဲ့တဲ့ဟာဖြစ်ရမယ်ဆိုတာငါပြောရဲတယ်!

ခုနကအကြံသမားလေးသူ့ငါးမြှီးကိုမြင်သွားတုန်းကပျော်ပျော်ကြီးလှုပ်ခါနေတဲ့ကြောင်နားရွက်တွေကိုပြန်တွေးကြည့်မိတော့ လန်ဇယ်နားမလည်ဘဲနေမလား။

အကြံသမားလေးသူ့ငါးမြီီးကိုမက်မက်မောမောကြည့်ပြီးတော့ ငါးမြှီးရဲ့အလှကိုချီးကျူးမြှောက်ပင့်ပြီး အမြဲတံတွေးမျိုချလေ့ရှိတာမဆန်းပါဘူး။

ပေါက်ကရတွေ၊ ​ကြောင်တွေရဲ့မျက်လုံးထဲမှာ ဘယ်ငါးကကြည့်မကောင်းလို့လဲ။

အကြံသမားလေးကသူ့ကိုမကြိုက်ပေမဲ့ ဗီဇနိုးထလာပြီးနောက်မှာကြောင်ဗီဇသက်​ရောက်ခံလိုက်ရလို့များလား။

လန်ဇယ်၏မျက်နှာတဖြည်းဖြည်းချင်းနည်းမှောင်လာရသည်၊ စိတ်ပြင်းပြတာကဘာနဲ့တူလဲ။ ပုံမှန်လူတွေကရှက်သွားမယ်ဆိုပေမဲ့ သူကတော့ရှက်ရွံ့မှုအပြင် ပိုပြီးတော့စိတ်ပျက်သွားရသည်။

အကြံသမားလေးကသူ့ကိုလှည့်စားရဲတယ်လား။ ဘယ်လိုပါလိမ့်? စားချင်သေးတယ်ပေါ့?

"အဲ့ဒါကြောင့်အရင်ကမင်းငါ့ကိုသွားရည်ကျခဲ့တာပေါ့လေ?"
လန်ဇယ်အံကြိတ်လိုက်ပြီး သူ့လေသံမှာမည်းမှောင်လျက်။

လင်ခုံးလု: "!" သေချာတာပေါ့၊ ငါမင်းရဲ့ငါးမြှီးကိုတိတ်တိတ်လေးသွားရည်ယိုနေခဲ့မှန်းငါသိလိုက်ရတယ်။

သူကြောက်လန့်သွားကာနောက်ပြန်ခုန်ပြီးအမြန်ငြင်းဆန်လိုက်မိသည်။
"မဟုတ်ဘူး။"

"တကယ်လား။" ဒါကိုကြားလိုက်ရချိန်လန်ဇယ်လှောင်ပြုံးပြုံးကာပြောလိုက်မိသည်။
"မင်းခုနကငါးမြှီးကိုမြင်သွားတုန်းက ကြောင်နားရွက်တွေပျော်ပျော်ကြီးလှုပ်နေတာကိုငါမြင်လိုက်တယ်နော်။"

လင်ခုံးလုရှက်ရွံ့သွားရသည်၊ လက်ပူးလက်ကြပ်အမိခံရတာကတအားရှက်စရာကောင်းလွန်းလှသည်။

"အဲ့ဒါက....ကျွန်တော်မရည်ရွယ်ပါဘူး။" သူတိုးတိုးပြောလိုက်မိသည်။

လန်ဇယ်နှာမှုတ်ကာ သူ့ကိုလက်ချောင်းများကွေးပြကာဆိုလိုက်သည်။
"ဒီကိုလာ။"

လင်ခုံးလုမှာဂုတ်ပိုးမှာဖော်ပြမရသောချမ်းစိမ့်မှုခံစားလိုက်ရပြီး ရှေ့မတိုးရဲဘဲတိတ်တိတ်လေးနောက်ဆုတ်လိုက်မိသည်။

0687: "Hostကကြောင်ကို ဘာလို့ငါးတစ်ကောင်ကိုကြောက်နေရတာတုန်း?"

လင်ခုံးလု: "နောက်နေတာလား၊ ဒါကသာမန်ငါးမို့လို့လား။" ဒီလောက်ကြီးတဲ့ငါးကို ဘယ်ကြောင်ကကိုက်နိုင်မှာလဲ။

ထို့အပြင်လန်ဇယ်ဟာလူတိုင်းပြောနေကြသကဲ့သို့ အသုံးမဝင်သောသာမန်ရေသူအဖြစ်နိုးထလာခြင်းမဟုတ်။ သူဟာအမှန်တော့ရေသူဘုရင်ဗီဇနိုးထလာခြင်းဖြစ်ပေမဲ့ ၎င်းမှာအင်းဆက်အဆိပ်၏ယာယီဖိနှိပ်ခြင်းခံထားရသဖြင့် ရေသူဘုရင်၏စွမ်းရည်ကိုအသုံးမပြုနိုင်ပေ။

နောက်ပိုင်းသူဒေါသပေါက်ကွဲထွက်သွားချိန်တွင် စွမ်းအားကြီးသောရေခဲစွမ်းရည်ကကြယ်ဂြိုဟ်တစ်ခုလုံးကိုတမဟုတ်ချင်းအေးခဲသွားစေနိုင်ပြီး နေရာတိုင်းမှာလွတ်မြောက်ဖို့မရှိပေ။ ရေခဲစွမ်းရည်ကသူသတ်ချင်သူတိုင်းကိုသတ်ပစ်နိုင်ပြီး မက်ခါထဲမှာပုန်းနေတာကအသုံးမဝင်ပေ၊ အကြောင်းမှာသွေးကအေးခဲကာပျစ်ခဲသွားပြီးသွေးဆူးချွန်အဖြစ်ပြောင်းသွားလိမ့်မည်ဖြစ်သောကြောင့်။

လင်ခုံးလုတစ်ဖက်လူကိုအခုချိန်ရန်မစချင်ပေ၊ တစ်ဖက်လူကဒေါသထွက်သွားပြီး သူ့ကိုရေခဲစွမ်းရည်နဲ့ဖြူးကောင်အဖြစ်ပြောင်းပစ်လိုက်ရင်ဘယ်လိုလုပ်မတုန်း?

ဒါကိုတွေးမိရင်း သူနောက်ဆုတ်မိပြန်ကာ တံခါးဆီရွှေ့သွားဖို့ပြင်လိုက်သည်။

လန်ဇယ်၏မျက်နှာတစ်အောင့်ကြာမည်းမှောင်သွားကာ သူ့ကိုစိုက်ကြည့်လျက် ခြိမ်းခြောက်ဟန်ပြောလာသည်။
"မင်းမလာရင် ငါမင်းကိုဖမ်းမိရင် မင်းခြေထောက်တွေကိုချိုးပစ်မှာနော်။"

လင်ခုံးလု: "!" ရှော့ခ်ရသွားတဲ့ကြောင်လေးပုံ။

သူနောက်ပြန်ရွေ့ကာ ဖြည်းဖြည်းချင်းဦးတည်ရာပြောင်းပြီး ဖြည်းညှင်းစွာပြန်ရွေ့လာလိုက်သည်။

သူဆိုဖာဘေးရောက်သွားသည်နှင့် လန်ဇယ်ကရုတ်တရက်လက်မြှောက်ကာသူ့အကျီကော်လာကိုလှမ်းဆွဲကာ သူ့ကိုအနားဆွဲခေါ်လိုက်သည်။

"အယ်။" လင်ခုံးလုအကာအကွယ်မဲ့သွားကာ ဟန်ချက်ညီမှုပျောက်ဆုံးသွားပြီး သူပေါ်ကျသွားလုနီးပါးဖြစ်သွားသည်။

ကံကောင်းစွာဖြင့် လန်ဇယ်ကသူ့ကိုလက်နှစ်ဖက်ဖြင့်အချိန်မီထောက်ကူပေးလိုက်ပေမဲ့ ဤသို့ဖြင့်သူတို့နှစ်ယောက်ကြားကအကွာအဝေးမှာရုတ်ခြည်းအလွန်နီးကပ်သွားပြီး လင်ခုံးလုမှာလန်ဇယ်၏ဝင်လေထွက်လေကိုခံစားရသလောက်ပင်။

သူရုတ်ခြည်းစိုးရိမ်ပူပင်လာပြီး သူ့မျက်လုံးမှာဟိုရွေ့ဒီရွေ့ဖြင့် တစ်ဖက်လူကိုမကြည့်ရဲပေ။

လန်ဇယ်မှာဒီလောက်နီးကပ်စွာတစ်ခါတည်းဆွဲလိုက်မိမည်ဟုမထင်ထားပေရာ အနည်းငယ်ကြောင်အမ်းသွားရသည်။

ထင်ယောင်ထင်မှားဖြစ်တာလားမသိပေမဲ့ အကြံသမားလေးကသူတို့ပထမဆုံးဆုံတုန်းကထက်ပိုလှလာပုံပေါ်သယောင်ခံစားလိုက်ရသည်။ သူ့မျက်တောင်များမှာရှည်လျားကာထူထဲပြီး သူ၏ကြောင်မျက်လုံးများမှာတဖျတ်ဖျတ်ခါလျက်။ အကြည့်တစ်ချက်တည်းဖြင့် သူဟာရိုးသားခြင်းမရှိဘဲသိသိသာသာကိုမလုံမလဲဖြစ်နေပေသည်။

အသားအရည်မှာလည်းဖြူဖွေးကာနူးညံ့လှပြီး အနားတိုးသွားရင် အမွှေးဖွာနုနုနားရွက်လေးကိုမြင်နိုင်ပေသည်။

ဆံပင်? ကြောင်?

လန်ဇယ်ရုတ်တရက်ကောင်လေး၏ခေါင်းထိပ်ကိုကြည့်ကာ ဗလာသက်သက်မေးလိုက်မိသည်။
"နားရွက်ဘယ်မှာလဲ။"

လင်ခုံးလု: "?"

"ကြောင်နားရွက်တွေထုတ်လိုက်။"
လန်ဇယ်ပြောလိုက်သည်။

လင်ခုံးလု: "???"

သူထုတ်ချင်တိုင်းထုတ်လို့ရတဲ့ဟာမဟုတ်ဘူးလေ။ ပြီးတော့ဘာလို့သူ့ကိုကြောင်နားရွက်ထုတ်ခိုင်းတာလဲ။ မဟုတ်ဘူး၊ မင်းအစမခံချင်ဘူးမလား။

လင်ခုံးလုမထုတ်ရဲပေမဲ့ လန်ဇယ်မှာသိသိသာသာကိုစိတ်ရှည်သည်းခံမှုအကန့်အသတ်ရှိသည်။ သူမလှုပ်မှန်းမြင်လိုက်ရတော့ သူအေးစက်သွားကာတိုက်တွန်းလိုက်သည်။
"မြန်မြန်လုပ်လေ။"

လင်ခုံးလု: အေး၊ အေးပါကွာ။

သူခေါင်းလှည့်ကာ လန်ဇယ်၏ငွေရောင်ငါးမြှီးကိုကြည့်လိုက်ပေမဲ့...မထင်မှတ်ထားစွာဖြင့်ကြောင်နားရွက်များထွက်လာခြင်းမရှိပေ။

လင်ခုံးလု: "...." မင်းသိပ်ရက်စက်တာပဲ၊ ထုတ်ချင်ရင်မထွက်လာဘူး၊ မထုတ်ချင်ရင်မဆင်မခြင်ထွက်လာတယ်။

သူခေါင်းပြန်လှည့်ကာ စိုးရိမ်ပူပင်စွာပြောလိုက်မိသည်။
"ဟို...ကျွန်တော်ခင်ဗျားရဲ့ငါးမြှီးကိုထိဖို့လိုအပ်တာဖြစ်မယ်။"

အားးး၊ မင်းဘာလို့ဒီလောက်လူရမ်းကားပုံပေါက်နေရတာတုန်း?

လန်ဇယ်တစ်အောင့်ကြာတိတ်ကျသွားပြီးမှ​ပြောလိုက်သည်။
"အင်း။"

လင်ခုံးလု: "!!!" ဒါဆိုရင်တော့ငါမယဥ်ကျေးတော့ဘူးနော်။

သူခပ်မြန်မြန်လက်ဆန့်ကာ နှိပ်ပေးသကဲ့သို့ပွတ်သပ်လိုက်သည်။ တစ်အောင့်ကြာသော် ကြောင်နားရွက်များထွက်လာပြီး လန်ဇယ်၏မျက်စိရှေ့မှာပျော်ပျော်ကြီးလှုပ်ခါလို့နေသည်။

လန်ဇယ်၏အေးစက်စက်မျက်လုံးစိမ်းထဲမှာအပြုံးတစ်ပွင့်အလိုလိုပေါ်လာပြီး သူကြောင်နားရွက်ဖျားကိုသူ့လက်ချောင်းထိပ်များဖြင့်အသာညှစ်ကာ ၎င်းကိုသူ့ရှေ့ဖြည်းညှင်းစွာဆွဲလိုက်သည််။

ငါးမြီးပွတ်နေတဲ့လင်ခုံးလု: "?"

ကြောင်နားရွက်လေးများဖျစ်ညှစ်ခံလိုက်ရတော့ သူခေါင်းစောင်းလိုက်မိပေမဲ့ လန်ဇယ်ရှေ့ပြန်ရွှေ့သွားဖို့တွန်းအားပေးခံလိုက်ရသည်။

လန်ဇယ်နောက်ဆုံးမှာကြောင်နားရွက်အနောက်ကိုဖျစ်ညှစ်လိုက်ပြီး ဖော်ပြမရသောစိတ်ကျေနပ်မှုတစ်စွန်းတစခံစားနေရလျက် နူးညံ့မှုမရှိဘဲခပ်ကြမ်းကြမ်းပွတ်သပ်လိုက်မိသည်။

ကြောင်နားရွက်လေးများမှာချက်ချင်းပင်ကြောက်ရွံ့ဟန်ဖြင့်လေယာဥ်ပျံနားရွက်များအဖြစ်ခေါက်သွားကာ ၎င်းတို့ကိုမထိအောင်ရှောင်နေတော့သည်။ ဒါပေမဲ့လန်ဇယ်ကအလွယ်လေးလှမ်းဆွဲလိုက်ပြန်ကာ နောက်ဆုံးတော့နားရွက်တစ်ဖက်စီကိုလက်တစ်ဖက်ဖြင့်အသာဖျစ်ညှစ်ပြီး အပြည့်အဝပွတ်သပ်လိုက်သည်။

လန်ဇယ်မှာမျက်နှာထက်အမူအရာလုံးဝမရှိပေမဲ့ သူ့စိတ်အခြေအနေမှာတော့ဖြင့်ပျော်ရွှင်နေလျက်။

ဒါကကြောင်တွေကိုပွတ်သပ်ရတဲ့ပျော်ရွှင်မှုကိုး၊ တကယ်မအောင့်နိုင်စရာပဲ၊ ရေသူတွေတောင်မအောင့်နိုင်ဘူး။

လင်ခုံးလုမှာအပွတ်ခံရခြင်းကြောင့်ရှက်သွေးဖြာသွားပြီး နောက်ဆုံးမှာလန်ဇယ်ကိုခေါင်းထက်ရှုပ်ပွသောဆံပင်ဖြင့်ဝမ်းနည်းပူဆွေးစွာကြည့်လိုက်မိသည်။

လန်ဇယ်: "....."

"အဟမ်း။" သူချောင်းအသာဟမ့်ကာ တည်တံ့သောမျက်နှာနှင့်လေးနက်သောမျက်နှာထားဖြင့်ပြောလိုက်သည်။
"ဒါကမင်းရဲ့အမှားအတွက်အပြစ်ဒဏ်ပဲ။ မင်းငါးမြှီးကိုသွားရည်ယိုရဲရင် မင်းရဲ့လျှာဆွဲထုတ်ခံရမယ်။"

လင်ခုံးလု: "?!"

သူဘယ်တုန်းကသူသွားရည်ယိုမိလို့လဲ။ အများဆုံးမှသူတံတွေးမျိုချမိရုံပဲ။ ပြီးတော့ငါးမြှီးကိုသွားရည်ကျတာကသူ့ထိန်းချုပ်မှုကိုကျော်သွားပြီ၊ အဲ့ဒါကကြောင်တွေရဲ့သဘာဝပဲကို။

လန်ဇယ်ကသူ့ကို"ပြစ်ဒဏ်"ပေးပြီးနောက် သူ့ကိုလွှတ်ပေးလိုက်ပြီးမှ ငါးမြှီးကိုစောင်အပါးနှင့်အုပ်လိုက်သည်။

လင်ခုံးလုတွန့်ဆုတ်စွာအကြည့်လွှဲလိုက်မိပြီး ကြောင်နားရွက်လေးများမှာအနည်းငယ်ငိုက်စိုက်လျက်။ သူနောက်လှည့်ကာငါးခြောက်ထုပ်ကိုသူ့ရင်ခွင်ထဲထည့်ကာ အပေါ်ထပ်သယ်သွားဖို့အသင့်ပြင်လိုက်သည်။

လန်ဇယ်: "...."

သူ့ကိုတစ်ထုပ်တောင်မချန်ပေးခဲ့ဘူးလား။

ဒီအပြုအမူကသံသယဖြစ်စရာမလိုအောင်မျက်နှာဖြတ်ရိုက်လိုက်တာပဲ၊ သူအရင်ကဘယ်လောက်စိတ်အလိုလိုက်ခဲ့လဲဆိုတာမီးမောင်းထိုးပြနေတာပဲ။

လန်ဇယ်၏မျက်နှာမည်းမှောင်သွားရပြန်ကာရုတ်တရက်ပြောလိုက်သည်။
"အဲ့ဒါကိုချထားခဲ့။"

"?" လင်ခုံးလုခေါင်းလှည့်ကြည့်လိုက်မိပြီး သူ့မျက်နှာမှာသံသယအပြည့်နှင့်ပင်။

လန်ဇယ်နှုတ်ဆိတ်သွားကာပြောလိုက်သည်။
"ငါသိမ်းလိုက်မယ်။"

ခဏတန့်သွားပြီးမှသူထပ်ဖြည့်ပြောလိုက်သည်။
"ဒါကလည်းအပြစ်ဒဏ်ပဲ။"

လင်ခုံးလု: "???" ရက်စက်လိုက်တာ၊ မင်းစားချင်ရင်ကိုယ့်ဘာသာကိုယ်ဝယ်လိုက်ပါလား။

သူဒေါသထိန်းကာ ငါးခြောက်ထုပ်အကုန်လုံးကိုပစ်ချပြီး အပေါ်ထပ်ကိုကျိန်ဆဲရင်းတက်သွားတော့သည်။

ဒါပေါ့၊ သူ့ရင်ထဲမှာကျိန်ဆဲလိုက်တာဖြစ်သည်။

"သူသွေးဆုံးချိန်ရောက်နေတာလား။ ငါသူ့ကိုတစ်ခါပဲထိမိတာ။ သူဘာလို့ဒီလောက်အကြာကြီးဒေါသထွက်နေရတာလဲ။ အိုးမဟုတ်ဘူးပဲ၊ ငါသူ့ကိုမထိမိခင်ကတည်းကသူဒေါသထွက်နေတာ။"
0687ကထူးဆန်းတာကိုရှာတွေ့သွားကာ စမ်းစစ်ကြည့်လိုက်သည်။
"ဒီရက်ပိုင်းအားဆေးအသောက်များသွားလို့ ဒေါသကြီးပြီးတော့ စိတ်အပြောင်းအလဲမြန်လာတာများလား။"

လင်ခုံးလု: ".....ဒီလိုဖြစ်နိုင်ချေမျိုးရှိသလိုပဲ။"

0687: "ဒါဆိုမနက်ဖြန်..."

"ဒါပေါ့၊ ငါတို့ဆက်လုပ်ရမယ်။"
လင်ခုံးလုအခိုင်အမာပြောလိုက်သည်။
"ဒါကလူနှစ်ယောက်ရဲ့အနာဂတ်ပျော်ရွှင်မှုနဲ့သက်ဆိုင်နေတယ်၊ အိမ်း၊ မင်းကတစ်ကိုယ်ထဲသမားဆိုတော့ နားမလည်လောက်ပါဘူးလေ။"

0687: "...." ငါနားလည်တယ်၊ ဆင်ဆာကောင်ရ။

နောက်တစ်နေ့ လင်ခုံးလုကလန်ဇယ်အတွက်ဆေးအစာသွားကျိုပေးပြန်သည်။

လန်ဇယ်ကရက်စက်ပေမဲ့လည်း သူဟာကပ်စေးနည်းသောကြောင်မဟုတ်ဟုခံစားလိုက်ရသည်။

ဒီတော့လန်ဇယ်မနက်အိပ်ရာထလာပြီး ထမင်းစားပွဲပေါ်ကဆေးအစာကိုမြင်လိုက်ရချိန်တွင် သူ့မျက်နှာမှာတမဟုတ်ချင်းအစိမ်းရောင်ပြောင်းသွားလေတော့သည်။

အကြံသမားလေးကသူ့ကိုမကြိုက်ဘူးဆိုမှတော့ ဘာလို့ဒီလိုဆေးအစာမျိုးကိုသူ့အတွက်ကျိုပေးရတာလဲ။ သူသူ့ကိုယ်သူအရူးလုပ်တာမြင်ချင်လို့လား။

သူရုတ်ခြည်းလက်မြှောက်ကာကောင်လေး၏မေးစေ့ကိုညှစ်ပြီး တမင်သက်သက်မေးလိုက်သည်။
"မင်းဗိုက်အရမ်းဆာနေလား။"

လင်ခုံးလု: "?" ဘာတုန်းဟ?

"နေ့တိုင်းဒါစားရင်ဘာလုပ်ချင်လာလဲသိလား။" သူရှေ့ကိုကိုင်းကာ ကောင်လေးကိုစားပွဲဆီဖြည်းညှင်းစွာတွန်းကပ်လိုက်ပြီး သူ၏အေးစက်စက်မျက်လုံးစိမ်းများမှာမုဆိုးပမာသူ့သားကောင်ကိုစိုက်ကြည့်လျက်။

လင်ခုံးလုမှာခေါင်းအသာစောင်းဖို့တွန်းအားပေးခံလိုက်ရပြီး အံ့အားသင့်မှုကသူ့မျက်လုံးထဲမှာဖြတ်ပြေးသွားသည်။

"အ အလုပ်ဖြစ်တယ်ပေါ့?"
သူသတိရှိရှိမေးမြန်းလိုက်ပြီး သူ့လေသံမှာတွေးခေါ်မှုနှင့်သတိတို့ရှိနေလျက် တစ်စုံတစ်​ယောက်၏ကိုယ့်ကိုယ်ကိုတန်ဖိုးထားမှုကိုထိခိုက်အောင်လုပ်မိသွားမှာစိုးသဖြင့် သူမဝံ့မရဲမေးလိုက်သည်။
"ခင်ဗျား...လုပ်နိုင်သွားပြီလားဟင်?"

သူ့ကို​ခြောက်ချင်ရုံသာဖြစ်တဲ့ဉာဏ်ကောင်းလွန်းတဲ့လန်ဇယ်: "...."

သူ့မျက်နှာတမဟုတ်ချင်းမည်းတူးသွားရကာ အံ့ကြိတ်လိုက်မိသည်။
"ငါမလုပ်နိုင်ဘူးလို့မင်းကိုဘယ်သူပြောလဲ။"

"ဧကရီအရှင်မနဲ့သူတို့်အကုန်လုံးအဲ့လိုပြောကြတာပဲ။" လင်ခုံးလုမှာအပြစ်ကင်းစင်သယောင်။
"ပြီးတော့ကျွန်တော်ခင်ဗျားကိုမေးတုန်းက ဒါဘာဆေးမှန်းခင်ဗျားသိတယ်လို့ပြောပြီးတော့ သောက်ချင်နေခဲ့တာမဟုတ်ဘူးလား။"

ဒီဟာကခင်ဗျားမလုပ်နိုင်ဘူးလို့ရည်ညွှန်းနေတာမဟုတ်ဘူးလား။

လန်ဇယ်: "...."

သူကောင်လေးကိုရုတ်ခြည်းလွှတ်ပေးကာ နှဖူးပေါ်လက်တင်လျက်ပြောလိုက်သည်။
"မင်းနောက်ဆိုကျိုစရာမလိုတော့ဘူး။"

လင်ခုံးလု: "...."

"ဒီတော့ခင်ဗျားတကယ်ပြန်ကောင်းသွားပြီပေါ့နော်?"
သူသိချင်စိတ်ဖြင့်မေးလိုက်မိသည်။

လန်ဇယ်: "ပါးစပ်ပိတ်ပြီးငါးသွားစားတော့။"

စပ်စုစိတ်ကကြောင်ကိုသတ်တယ်ဆိုတာကဘာကိုဆိုလိုလဲသိလား။ သူဆက်မေးနေရင် ဘာကိုဆိုလိုလဲဆိုတာသူအကြံသမားလေးကိုအခုပဲသိအောင်လုပ်ပေးလိုက်မယ်!

အခြေအနေမကောင်းမှန်းမြင်လိုက်ရတော့ လင်ခုံးလုလက်ထဲမှာငါးကိုင်လျက်သူ့နှင့်ဆန့်ကျင်ဘက်မှာအမြန်ထိုင်ကာ ငါးကိုအလေးအနက်စားလိုက်သည်။

မြင်းကိုဆုံးရှုံးရခြင်းမှာတကယ်ဘဲမြင်းကိုဆုံးရှုံးရသည့်အကျိုးအမြတ်ရှ်သည်။ ဥပမာ အခုဆို သူငါးစားချိန်မှာ သူ့သဘာဝကိုဖိနှိပ်ထားစရာမလိုတော့ဘဲ သူ့ကြောင်နားရွက်များကိုပျော်ပျော်ကြီးထုတ်ပြလို့ရပြီဖြစ်သည်။

လန်ဇယ်မှာအစားစားနေတုန်းကျင့်ဝတ်ကိုအလေးအနက်ထားပေမဲ့ သူခဏခဏမော့ကြည့်မိတိုင်း သူ့ဆန့်ကျင်ဘက်ရှိအကြံသမားလေးမှာငါးပန်းကန်ပြားထဲမျက်နှာနစ်မတတ်စားနေပြီး သူ့ခေါင်းထက်ကကြောင်နားရွက်လေးနှစ်ဖက်ကတဖျတ်ဖျတ်လှုပ်ခါနေပုံမှာ အလွန်မျက်စိဖမ်းစားစရာဖြစ်နေမှန်းမြင်လိုက်ရသည်။

လန်ဇယ်ရုတ်တရက်လက်ယားလာပေမဲ့ မျက်နှာမှာတော့မျက်မှောင်ကြုတ်ပြီး ဆူငေါက်လိုက်မိသည်။
"စားရင်စားလေ၊ မင်းနားရွက်တွေကိုဘာလို့လှုပ်နေတာလဲ။"

လင်ခုံးလုခေါင်းမော့လိုက်တော့ သူ့ပါးစပ်ထောင့်မှာဆော့စ်တို့ပေကျံနေပြီး သူ့မျက်နှာထားမှာပဟေဠိဖြစ်လျက်။

ဒီရက်ပိုင်းလန်ဇယ်ကပင်လယ်သမုဒ္ဒရာထဲမှာနေနေတာလား။ ဒီလောက်ကျယ်ဝန်းနေတာတောင် သူ့နားရွက်လှုပ်တာကသူ့ကိုအနှောင့်အယှက်ဖြစ်စေတယ်လား။

လန်ဇယ်ခေါင်းမော့ကြည့်လိုက်တော့ သူရုတ်ခြည်းတိတ်ကျသွားရသည်။

တုံးအတဲ့မျက်နှာထားနဲ့ ကြောင်နားရွက်ရှိတဲ့အကြံသမားလေးက....အံ့သြစရာကောင်းလောက်အောင်ချစ်ဖို့ကောင်းနေပါလား။

လန်ဇယ်မျက်လွှာအမြန်ချကာဆက်စားရင်း သူဒီရက်ပိုင်းဆေးအစာစားတာများသွားတာဖြစ်ရမည်ဟုတိတ်တိတ်လေးတွေးလိုက်မိသည်။

လင်ခုံးလုကလန်ဇယ်ဘာတွေးနေမှန်းမသိပေ။ သူ့သဘာဝလွတ်လပ်သွားပြီးနောက်ပိုင်း သူ့ကြောင်နားရွက်လေးများမှာအလွန်အမင်းပျော်ရွှင်လျက်၊ သူဟာသူ့ကိုယ်သူမချုပ်တည်းတော့သကဲ့သို့ ၎င်းတို့ကိုပြန်တွန်းထည့်တော့မည်မဟုတ်။

ငါးခြောက်လေးစားနေစဥ် သူ့ကြောင်နားရွက်များထွက်လာလိမ့်မည်ဖြစ်ပြီး သူမသိမသာဆူညံသံကြားရင် ကြောင်နားရွက်များထောင်လာလိမ့်မည်ဖြစ်ကာ တီဗွီကြည့်နေတုန်း အစီအစဥ်တင်ဆက်သူရေသူပေါ်လာရင် သူ့ကြောင်နားရွက်များကပျော်ပျော်ကြီးလှုပ်ခါလိမ့်မည်ပင်။

လန်ဇယ်မှာတစ်ခုခုမှားနေမှန်းသိသွားသည်။ ဒီအကြံသမားလေး... သူငါးမြှီးမြင်တာနဲ့ ဘာလို့သူ့ကြောင်နားရွက်တွေကိုထုတ်ပြနေတာပါလိမ့်?

နေ့လယ်ခင်းတွင် လန်ဇယ်ကရေပူစမ်းထဲမှာစိမ်ပြီးနောက်ငါးမြှီးကိုစောင်အပါးနှင့်မအုပ်ထားပေ။

ဧည့်ခန်းကဖြတ်သွားတော့ documentryကြည့်နေသည့်အကြံသမားလေးမှာတကယ်ကြီးတီဗီကအကြည့်လွှဲကာ သူ့ငါးမြှီးကိုမိန်းမောစွာကြည့်လာပြီး သူ့တံတွေးကို"ဂလု"ခနဲမျိုချကာ ကြောင်နားရွက်များကသူ့ဆံပင်ထဲမှတိတ်တိတ်လေးထွက်လာသည်။

လန်ဇယ်လှောင်ရယ်လိုက်မိသည်။ "ဟက်။"

လင်ခုံးလု: "!"

သူအမြန်အကြည့်လွှဲလိုက်ပေမဲ့ တီဗွီပေါ်ကdocumentryမှာရေသူတို့၏ဘဝတစ်စိတ်တစ်ပိုင်းကိုထုတ်လွှင့်ပြသနေပြီး ငါးတစ်ကောင်ကမြင်ကွင်းထဲခပ်မြန်​မြန်ရောက်လာပြန်သည်။

လင်ခုံးလု: "...." ဒါကကြောင်ကိုနှိပ်စက်ညှင်းပန်းနေတာမဟုတ်ဘူးလား။

0687: "မင်းဘာသာမင်းတီဗွီဖွင့်လိုက်တာလေ။"

လင်ခုံးလု: "ဒါပေမဲ့ငါ ငါးမကြည့်ချင်ဘူးလေ။"

"ဖလက်"ခနဲအသံနှင့်အတူ လန်ဇယ်ကိုတီဗွီပိတ်လိုက်ပြီး သူ့နာကျင်မှုမှာပြေလျော့သွားပေမဲ့....

လင်ခုံးလုခေါင်းလှည့်ကြည့်လိုက်ပေမဲ့ လန်ဇယ်၏ငါးမြှီးကိုမကြည့်ရဲဘဲ မေးလိုက်မိသည်။
"တစ်ခုခုဖြစ်လို့လား။"

လန်ဇယ်ကဒီရက်ပိုင်းပိုပိုပြီးထူးဆန်းလာပြီးတော့ ဒေါသအိုးချစ်သူတစ်ယောက်ပမာ အချိန်တိုင်းဒေါသထွက်နေပေမဲ့ တစ်ဖက်လူမှာသိသိသာသာကိုဒီပုံစံမဟုတ်သယောင်ခံစားလိုက်ရသည်။

လန်ဇယ်ကဝှီးချဲကိုထိန်းချုပ်ကာ သူ့ဆီလျှောက်လာပြီး ဗလာမျက်နှာထားဖြင့်ပြောလာသည်။
"မင်းငါးမြှီးမြင်ရင်ကိုယ့်ဗီဇကိုယ်ထိန်းချုပ်လို့မရဘူးလား။

လင်ခုံးလု: "အာ၊ အခုမှနိုးထလာခါစ..."

"လမ်းပေါ်မှာလမ်းလျှောက်နေတုန်း ရေသူမြင်လိုက်ရရင်သွားခုန်အုပ်ချင်တာလား။"
လန်ဇယ်ဖြတ်ပြောလိုက်သည်။
"အဲ့အချိန်ကျရင် ငါ့ကြင်ယာတော်ကနှာဘူးကြောင်တစ်ကောင်မှန်း အင်ပါယာထဲကလူတိုင်းသိသွားကြလိမ့်မယ်။"

လင်ခုံးလု: "အာ၊ အဲ့လိုမဟုတ်ပါဘူး။"

လန်ဇယ်လှောင်ပြုံးပြုံးလိုက်မိသည်။ ဘာမဟုတ်တာလဲ။ သူ့ငါးမြှီးကိုတစ်နေကုန်သွားရည်ယိုနေပြီးတော့ တီဗွီပေါ်မှာငါးမြင်ရင် ကြောင်နားရွက်တွေပါထွက်လာတာကို သူကန်းနေတယ်ထင်နေတာလား။

"ဒီကိုလာ၊ ငါ့ကိုဆေးလိမ်းပြီးနှိပ်ပေး။"
သူရုတ်တရက်အမိန့်ပေးကာခြိမ်းခြောက်လိုက်သည်။
"နှိပ်နေတုန်းတံတွေးမျိုချရဲရင် မင်းသွားတွေအချိုးခံရမယ်။"

လင်ခုံးလု: "?"

သူပဟေဠိဖြစ်သွားမှန်းမြင်လိုက်ရတော့ လန်ဇယ်လှောင်ပြုံးပြုံးလိုက်သည်။
"ငါးမြင်တိုင်းဝါးစားချင်နေတဲ့ပြဿနာကိုကုလိုက်အုံး။"

အကြံသမားလေးကသူ့ပြဿနာကိုကုနိုင်လိမ့်မည်ဟုသူမယုံပေ။

0687: "Hostမှာအခွင့်ကောင်းရလာပြီ၊ 'ဝေဒနါလျော့ပါးစေတဲ့ကုထုံး'ကိုသာစမ်းကြည့်လိုက်၊ ကျားယို့၊ လုပ်လိုက်တော့။"

လင်ခုံးလု: "...အလုပ်မဖြစ်မှာစိုးတယ်။"

သူ့ဗီဇကိုမထိန်းချုပ်နိုင်ရင်ငါးမြှီးကိုကိုက်လိုက်မိမှာစိုးတယ်။ ဒါကဟာသမဟုတ်ဘူးနော်၊ သူညဘက်နိုးလာတိုင်း လန်ဇယ်ကိုကိုက်မိလုနီးပါးပဲ။

သူတုံ့ဆိုင်းသွားရပေမဲ့ လန်ဇယ်ကအေးစက်စက်လေသံဖြင့်ခြိမ်းခြောက်လာသည်။
"မင်းဒီကိုမလာရင် မင်းရဲ့လက်သည်းတွေပါအဖြတ်ခံရမယ်နော်။"

လင်ခုံးလု: "ဒါကသူတောင်းဆိုတဲ့ဟာပဲ။"

0687: "....."

လင်ခုံးလုစတင်နာကျင်လာသည်၊ သူလန်ဇယ်၏အမြှီးပေါ်အရသာမှုန့်သေချာလေးဖြူး...အဲလေ၊ ဆေးမှုန့်သေချာလေးဖြူးပြီးမှ အလေးအနက်နှိပ်ပေးလိုက်သည်။

အစကသူ့ကိုယ်သူချုပ်တည်းကာ သူ့ကိုယ်သူဦးနှောက်ဆေးလို့ရသည်: ဒါကခြေထောက်၊ ငါးမြှီးမဟုတ်ဘူး။

ဒါပေမဲ့ဆေးရင်းဆေးရင်းဖြင့် သူ့စိတ်ထဲမှာကျန်တော့သည့်တစ်ခုတည်းသောအရာမှာ: ဒါကငါးမြှီးပဲ၊ ဒါကငါးမြှီး....

လင်ခုံးလု: ဖာ့ခ်၊ ပိုကောင်းနိုင်အုံးမလား။ မြင်သာမြင်မကြင်ရတာ ကြောင်အတွက်နှိပ်စက်ညှင်းပန်းမှုကြီးပဲ!

သူတိတ်တခိုးတံတွေးမျိုချလိုက်မိပြီး ကြောင်နားရွက်များမှာလည်းခေါင်းပေါ်မှာလေယာဥ်ပျံနားရွက်များအဖြစ်ဖိသိပ်ခံထားရကာမလှုပ်ရဲပေ။ ကြောင်ဗီဇနိုးထလာသည့်လူတစ်​ယောက်အဖို့ သူဟာငါးတစ်ကောင်ဆီကခြိမ်းခြောက်ခံနေရသည်။

သူတိတ်တခိုးမကျေမနပ်ရေရွတ်မိပေမဲ့ ငါးမြှီးပေါ်ကတွန့်လိမ်ကောက်ကွေ့နေတဲ့အမည်းစင်းများကိုမြင်လိုက်ရချိန်တွင် သူအနည်းငယ်စိတ်သောကရောက်သွားရကာ ၎င်းကိုပိုမိုလေးနက်စွာမနှိပ်ပေးမိဘဲမနေနိုင်ပေ။

သူကောင်းကောင်းလုပ်ပေးခဲ့လို့လား၊ နှိပ်ပုံနှိပ်နည်းကကောင်းလို့လားမသိ။ လန်ဇယ်ကကျေနပ်နေပုံရကာ တဖြည်းဖြည်းချင်းသတိပြေလျော့သွားပြီး မျက်စိမှိတ်ကာစတင်အနားယူလေတော့သည်။

ဒါကိုမြင်လိုက်ရသော် လင်ခုံးလု၏စိတ်မှာမတင်းမာတော့ဘဲ ကြောင်နားရွက်များမှာဖြည်းဖြည်းချင်းစတင်ထောင်လာပြန်သည်။

သူ့ရှေ့ကငွေရောင်ငါးမြှီးနှင့်လှပသောအကြေးခွံများကိုစိုက်ကြည့်ရင်း မသိလိုက်ခင်သူ့မျက်လုံးမှာစတင်မှုန်ဝါးလာသည်။ သူ့လက်များမှာကြောင်လက်ဖဝါးအဖြစ်ပြောင်းသွားပြီး သူဟာကြောင်လက်ဖဝါးများဖြင့်နှိပ်ပေးနေမိမှန်းသူသိပင်မသိပေ။

နှိပ်ရင်းနှိပ်ပေးရင်းဖြင့် သွားရည်စကျလာပြန်ပြီး သွားမှာအနည်းငယ်ယားယံလာပုံရကာ တိရစ္ဆာန်အစွယ်နှစ်ချောင်းပေါ်ထွက်လာသည်။

သူအရှေ့ကလှပသောငါးမြှီးကိုစိုက်ကြည့်ကာ လျှာသပ်လိုက်မိပြီး နောက်ဆုံးမှာဖြားယောင်းသွေးဆောင်မှုတောင့်မခံနိုင်တော့ဘဲ ခေါင်းငုံ့ကာ ဖြည်းဖြည်းချင်းပါးစပ်ဟလိုက်....

ထိုစဥ် လန်ဇယ်ကအန္တရာယ်ကိုခံစားမိပုံရကာ ရုတ်ခြည်းမျက်လုံးဖွင့်လာသည်။

အကြံသမားလေးကသူ့ငါးမြှီးကိုကိုက်ချင်နေမှန်းမြင်လိုက်ရတော့ သူ့အသားအရောင်မှာချက်ချင်းပြောင်းလဲသွားကာ အလျင်စလိုအော်လိုက်မိသည်။
"ရပ်စမ်း!"

ဒါပေမဲ့နောက်ကျသွား​ပြီဖြစ်ကာ လင်ခုံးလုကငါးမြှီးကိုတစ်ချက်ကိုက်ချပစ်လိုက်သည်။

"ဂွက်"ခနဲမြည်သံကားရွှေနှင့်ကျောက်တုံးကိုကိုက်မိသွားသ​ယောင်။

"နာတယ်ဟ!" လင်ခုံးလုသူ့ပါးစပ်ကိုအုပ်လိုက်မိပြီး နာကျင်မှုကြောင့်မျက်ရည်များစီးကျလာသည်။

ငါးဝမ်းဗိုက်သားဖြူဖြူပေါ်ကအကြေးခွံတွေကဘာလို့ဒီလောက်မာရတာလဲ? သူလုံးဝမကိုက်နိုင်...ဝေ့၊ မဟုတ်ဘူး၊ သူဘာကိုကိုက်လိုက်မိတာလဲ။

သူတောင့်တောင့်ကြီးခေါင်းလှည့်ကြည့်မိတော့ လန်ဇယ်ကသူ့ကိုတည်တင်းသောမျက်နှာဖြင့်ကြည့်နေတာကိုမြင်လိုက်ရသည်။

လင်ခုံးလု: "...." ငါတော့သေပြီ။

လန်ဇယ်၏မျက်နှာမှာတည်ငြိမ်နေပေမဲ့ တိတ်တခိုးစိတ်သက်သာရာရသွားမိပြီးမှ အေးစက်စက်မျက်နှာဖြင့်ပြောလိုက်သည်။
"အေး!"

သူ့အသားအရောင်မှာမကောင်းပေမဲ့ သူ့လေသံမှာဒေါသသိပ်မထွက်မှန်းမြင်လိုက်ရတော့ လင်ခုံးလုစိတ်သက်သာရာရသွားမိပြီးမှ သနားစရာကောင်းချင်ယောင်ဆောင်ကာ သူ့ပါးစပ်ကိုအုပ်လျက် ဗလုံးဗထွေးပြောလိုက်သည်။
"သွားနာတယ်၊ ကျွန်တော်မရည်ရွယ်ပါဘူး၊ ဝူးဝူးဝူး...."

လန်ဇယ်: "...." မင်းမှာငိုဖို့မျက်နှာရှိသေးတယ်လား။

ဒါပေမဲ့အကြံသမားလေးမှာသနားစရာကောင်းလောက်အောင်ငိုကြွေးနေချိန် ကြောင်နားရွက်လေးများမှာအောက်ငိုက်စိုက်သွားပြီး ကြောင်လက်ဖဝါးများ...နေပါအုံး၊ ကြောင်လက်ဖဝါး?

လန်ဇယ်မှာအကြံသမား​လေး၏ကြောင်လက်ဖဝါးကိုတိုက်ရိုက်လှမ်းဆွဲကာအနီးကပ်ယူပြီး ခပ်နုနုလက်ဖဝါးလေးပေါ်သူ့လက်ချောင်းထိပ်များဖြင့်ခပ်ဖွဖွပွတ်သပ်ကာဖိကြည့်လိုက်မိသည်။

နူးညံ့တယ်၊ ဒီအတိုင်း....ငါတကယ်ပွတ်သပ်ချင်လာပြီ။

ထိုအခါမှသာလျှင် သူ့လက်ကကြောင်လက်ဖဝါးအဖြစ်ပြောင်းသွားမှန်းလင်ခုံးလုသိသွားကာ သနားချင်ယောင်ဆောင်ဖို့ချက်ချင်းမေ့သွားပြီး အံ့သြတကြီး"ဟင်"ခနဲထုတ်ပြောလိုက်မိသည်။

လန်ဇယ်သူ့ကိုကြည့်လိုက်တော့ သူဟာကြောက်လန့်သွားပြီးသူပါးစပ်ကိုအခြားကြောင်လက်ဖဝါးဖြင့်အမြန်အုပ်ကာ ဆက်လက်ငိုကြွေးလေတော့သည်။

လန်ဇယ်: "....."

ထားလိုက်တော့၊ ကြောင်လေးတစ်ကောင်မှာဘယ်လိုမိစ္ဆာမျိုးရှိနိုင်မှာလဲ။ သူကဒီအတိုင်းသူ့ဗီဇကိုမထိန်းချုပ်နိုင်ရုံပဲလေ။

လန်ဇယ်လက်ဖဝါးလေးနှစ်ဖက်ကိုတိုက်ရိုက်လှမ်းကိုင်ကာကောင်လေးကိုအနားဆွဲခေါ်ပြီး သူ့မေးစေ့ကိုညှစ်ကာပြောလိုက်သည်။
"ပါးစပ်ဟ။"

လင်ခုံးလု: "....."

သူမဟရဲဘူး၊ လန်ဇယ်သူ့သွားကိုချိုးပစ်မှာကြောက်တယ်။

လန်ဇယ်မျက်မှောင်ကြုတ်ကာပြောလိုက်သည်။
"မင်းသွားနာသွားလားငါကြည့်မလို့။"

လင်ခုံးလု: အို၊ မင်းကအပေါက်ဆိုးပေမဲ့စိတ်ရင်းကောင်းမှန်းငါသိသားပဲ၊ ခစ်ခစ်။

သူ"အာ"ခနဲပါးစပ်ဟပေးလိုက်ပြီး အလွန်လိမ်မာနေလျက်။

လန်ဇယ်သူ့မေးစေ့ကိုဖျစ်ညှစ်ပြီး ဘယ်ညာလှည့်ကာတစ်အောင့်ကြာကြည့်လိုက်ပြီးမှပြောလိုက်သည်။
"သွားကျိုးသွားပြီ၊ ငါဆွဲထုတ်လိုက်တော့မယ်။"

လင်ခုံးလု: "!!!" မဖြစ်နိုင်တာ၊ အဲ့လောက်လည်းမနာဘဲနဲ့။

သူ၏ရှော့ခ်ရသွားသောမျက်နှာကိုမြင်လိုက်ရတော့ သူကြောက်နေသည်ဟုလန်ဇယ်ထင်သွားကာလှောင်ပြုံးပြုံးလိုက်သည်။
"မင်းကြောက်နေမှန်းသိတယ်၊ မင်းနောက်တစ်ခါကိုက်ရဲရင် မင်းမကျိုးရင်ငါချိုးပေးမယ်။"

လင်ခုံးလု: "....." ဒါသူ့ကိုခြောက်နေတာပဲ၊ သတိပေးချက်အတုကြီး။

လန်ဇယ်ကသူ့သွားကိုစစ်ပေးပြီးနောက် သူ၏ကြောင်လက်ဖဝါးကိုကြည့်ကာမေးလာသည်။
"ဘာဖြစ်သွားတာလဲ။"

လင်ခုံးလုခေါင်းခါကာပြောလိုက်မိသည်။
"မသိဘူး၊ ကျွန်တော့်ဗီဇကိုမထိန်းချုပ်လိုက်နိုင်တာဖြစ်မယ်။"

လန်ဇယ်မျက်မှောင်ကြုတ်လိုက်မိသည်။ ခုနကအကြံသမားလေး၏လက်(ကြောင်လက်ဖဝါး)ငါးမြှီးပေါ်ဖိလာတုန်းက အေးပေမဲ့လည်းအေးသွားပြီးနောက် ဖော်ပြမရသောသက်တောင့်သက်တာရှိမှုနှင့်ပြေလျော့မှုကိုခံစားလိုက်ရမှန်းသူမှတ်မိသည်...အင်းဆက်အဆိပ်ကြောင့်ဖြစ်ပေါ်လာသည့်လေးလံမှုနှင့်နာကျင်မှုတို့ပေါ့ပါးသွားသလိုမျိုးပင်။

သူဖြည်းညှင်းစွာငါးမြှီးဆီအကြည့်ရောက်သွားတော့ ထင်ယောင်ထင်မှားဖြစ်တာလားမသိ၊ အမည်းစင်းတချို့မှာအနည်းငယ်လျော့ပါးသွားသယောင်။

သူကြောင်လက်ဖဝါးလေးကိုအလိုလိုဖျစ်ညှစ်လိုက်မိတော့ လင်ခုံးလုကနာကျင်စွာအော်လာသည်။

ထိုအခါမှသာလန်ဇယ်အသိပြန်ဝင်လာပြီး သူ့လက်ဖဝါးလေးကိုအလိုလိုပွတ်ပေးလိုက်မိပေမဲ့ နှစ်ခါပွတ်ပေးပြီးရုံသာရှိသေး သူအေးခဲသွားရပြန်သည်။

"ခင်ဗျားဘာဖြစ်နေတာလဲ။"
လင်ခုံးလုစပ်စပ်စုစုမေးလိုက်မိသည်။

လန်ဇယ်သူ့ကိုတစ်ချက်ကြည့်ကာ ရင်ထဲကထူးဆန်းသောစိတ်ခံစားချက်ကိုဖြည်းညှင်းစွာဖိနှိပ်ပြီးပြောလိုက်သည်။
"ဘာမှမဟုတ်ဘူး။"

သူကြောင်လက်ဖဝါးကိုလွှတ်ပေးကာတည်ငြိမ်စွာပြောလိုက်သည်။
"ငါ့ကိုခဏနှိပ်ပေးအုံး။"

လင်ခုံးလု: "?" မင်းငါ့ကိုတကယ်ကြီးကြောင်လုပ်သားလိုဆက်ဆံနေတာလား။

"အင်း၊ ငါမင်းကိုငါးခြောက်တံဆိပ်မျိုးစုံဝယ်ပေးမယ်။"
လန်ဇယ်ပြောလိုက်သည်။

လင်ခုံးလု: "အမှန်တော့ ငါးဝယ်ပေးတာမဝယ်ပေးတာကအရေးမကြီးပါဘူး။ အဓိကအကြောင်းရင်းကကျွန်တော်ခင်ဗျားကိုနှိပ်ပေးရတာကြိုက်လို့ပဲ။"

လန်ဇယ်၏နှုတ်ခမ်းထောင့်မှာမြင်ရအောင်တွန့်သွားသည်။

လင်ခုံးလုကသူ့ကြောင်လက်ဖဝါးကိုဆန့်ကာသူ့စကေးကိုပြဖို့အသင့်ပြင်လိုက်ပေမဲ့ လန်ဇယ်မှာဝယ်လိုအားများစွာရှိသဖြင့် သူအ​မြန်ပြောလိုက်သည်။
"အမည်းစင်းတောက်လျှောက်နှိပ်ပေး၊ အနေအထားတစ်ခုထဲနှိပ်ရင်အကောင်းဆုံးပဲ။"

လင်ခုံးလုပဟေဠိဖြစ်သွားသည်။
"ကျွန်တော်ခင်ဗျားရဲ့အကြေးခွံတွေကိုခွာမိသွားမှာမစိုးရိမ်ဘူးလား။"

လန်ဇယ်: "မင်းအံကြိတ်ထားလိုက်ပေါ့။"

လင်ခုံးလု: "...."

"ဒါဆိုကျွန်တော်ခင်ဗျားကိုထပ်ကိုက်မိရင်ကော..."
သူတုံ့ဆိုင်းသွားရသည်။

"ဘယ်လိုပဲဖြစ်ဖြစ်မင်းမကိုက်နိုင်ပါဘူး။"
လန်ဇယ်ကတည်ငြိမ်စွာဆိုသည်။

လင်ခုံးလုအံကြိတ်လိုက်မိသည်:
ငါဒေါသထွက်သွားပြီနော်၊ နောက်တစ်ခါကျငါမင်းရဲ့လည်ပင်းကိုကိုက်ပစ်မယ်။

သူကြောင်လက်ဖဝါးကိုတစ်ဖန်ဆန့်ထုတ်လိုက်ပြီး အနည်းငယ်"လက်စားချေ"ဖို့အသင့်ပြင်ကာ ငါးမြှီးပေါ်ခပ်ပြင်းပြင်းဖိလိုက်သည်။

ဒါပေမဲ့သူဖိလိုက်ချိန် ငါးမြှီးပေါ်မှာခပ်ဖျော့ဖျော့ရွှေရောင်နှင့်အရောင်အဝါတောက်ပနေသည့်ကြောင်လက်ဖဝါးရာထင်သွားမှန်းသူတွေ့လိုက်ရသဖြင့်အံ့အားသင့်သွားမိသည်။

လင်ခုံးလု: အု(ပ်စ်)၊ ငါ့ကြောင့်ကျိုးသွားတော့မဟုတ်ဘူးမလား။

သူခေါင်းလှည့်ကာလန်ဇယ်ကိုစိုးရိမ်တကြီးကြည့်လိုက်မိသည်။

လန်ဇယ်၏အေးစက်စက်မျက်ဝန်းစိမ်းမှာသိသိသာသာကိုကျုံ့သွားကာ ကြောင်လက်ဖဝါးရာကိုစိုက်ကြည့်ရင်း အက်ရှရှအသံဖြင့်ပြောလိုက်သည်။
"ဆက်လုပ်၊ ခုနကလိုမျိုး။"

ဒီအမှတ်ကဘာမှန်းလင်ခုံးလုမသိပေမဲ့လုပ်လိုက်သည်။ ဒါကကုသရေးစိတ်ဝိညာဥ်အမှတ်ဖြစ်သည်။ ကောင်လေးကြောင်ဗီဇနိုးထလာပြီးနောက်ပိုင်းမှာ သူ့စွမ်းရည်ကအမှန်တော့ကုသရေးလား။

သူခုနကအမှတ်မမှားဘူးလို့ဆိုလိုတာပဲ၊ အဲ့အမည်းစင်းတွေကတကယ်လျော့ပါးသွားတာ။ ကောင်လေးကကုသရေးစွမ်းရည်နိုးထလာရုံမကဘဲ အင်းဆက်အဆိပ်ကိုပါကုသနိုင်တာလား။

လန်ဇယ်ရှော့ရမှုကိုရင်ထဲမှာဖုံးကွယ်ကာ ရွှေရောင်ကြောင်လက်ဖဝါးရာကိုစိုက်ကြည့်နေမိသည်။

ကောင်လေးကအင်းဆက်အဆိပ်ကိုတကယ်ကုသပေးနိုင်ရင်.... သူမတ်တပ်ပြန်ရပ်နိုင်မယ်လို့ဆိုလိုတာလား။ ကြီးတော့ ရေသူတွေမှာငါးမြှီးအသစ်ပြန်ပြင်နိုင်တဲ့စွမ်းရည်ရှိတယ်။ အင်းဆက်အဆိပ်ကိုဖယ်ရှားလိုက်တာနဲ့ သူ့ရဲ့မသန်စွမ်းတဲ့ခြေထောက်တွေပြန်ထွက်လာနိုင်မှာလား။

ဒါပေမဲ့ဖြစ်နိုင်ပါ့မလား။ ကမ္ဘာပေါ်မှာ အင်းဆက်အဆိပ်ကိုကုသနိုင်တဲ့လူကော၊ ဆေးကောမရှိဘူး၊ သူကသာမန်အင်းဆက်အဆိပ်ထက်ကုသရပိုခက်တဲ့အင်းဆက်ဘုရင်အဆိပ်မိထားတာဆိုရင်မပြောနဲ့တော့။

လန်ဇယ်၏နှလုံးခုန်သံမှာတဖြည်းဖြည်းချင်းအရှိန်မြန်လာသည်။ သူ့အကြည့်အောက်မှာ ရွှေရောင်ကြောင်လက်ဖဝါးရာကတဖြည်းဖြည်းချင်းမှေးမှိန်ပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် အေးစက်စက်ခံစားချက်တစ်ခုထွက်လာသည်။ ထို့နောက်အမည်းစင်းများတကယ်ပျောက်ကွယ်သွားတာကိုသူရှင်းလင်းစွာမြင်လိုက်ရသည်။

လန်ဇယ်အလိုလိုလက်သီးဆုပ်မိကာ လင်ခုံးလုကိုအံ့သြတကြီးမော့ကြည့်လိုက်မိသည်။

လင်ခုံးလုကတော့ဖြင့်ခေါင်းငုံ့လျက် ကြောင်လက်ဖဝါးလေးနှစ်ဖက်ကို"ဟေ့ ဟေ့ ဟေ့ ဟေ့"ဟုတစ်လှည့်စီသုံးကာ ငါးမြှီးကိုကြိုးစားနှိပ်နေပေသည်။

နှိပ်ရင်းနှိပ်ရင်း သူ့မျက်လုံးများမှာစတင်ဝေဝါးလာပြန်ကာ သူ့ကြောင်နားရွက်များမှာတိတ်တိတ်လေးထောင်လာပြီး သူခေါင်းအလိုလိုငုံ့ကာ ပါးစပ်ဟပြီး၊ အား...

လန်ဇယ်ချက်ချင်းလက်ဆန့်ကာပိတ်တားလိုက်တော့ ကောင်လေး၏မေးစေ့ကသူ့လက်ဖဝါးပေါ်မှာတင်နေလျက်။

လင်ခုံးလုတစ်အောင့်ကြာဆွံ့အသွားရကာ အသိစိတ်ပြန်ရလာပြီးနောက်ချက်ချင်းသူ့ကိုယ်သူခုခံကာကွယ်လိုက်သည်။
"ကျွန်တော်ခင်ဗျားကိုသတိပေးပေမဲ့ ခင်ဗျားကကျွန်တော့်ကိုနှိပ်ခိုင်းတာနော်။"

"အင်း၊ ငါမင်းကိုနှိပ်ခိုင်းတာ။" လန်ဇယ်ရယ်မောကာပြောလိုက်သည်။
"မင်းသွားထပ်နာသွားမှာငါစိုးရိမ်မိရုံပါ။"

လင်ခုံးလု: "?" မင်းငါ့ကိုလှောင်နေတာလား။

________________________________