Chapter(61)
Viewers 10k

လင်ခုံးလုမှာဘယ်လိုလုပ်ပြီးမှားယွင်းတဲ့စိတ်အ​ခြေအနေရှိနိုင်မှာတုန်း? သူဟာလန်ဇယ်၏ငါးမြှီးကြီးကို"မတော်တဆ"မြင်သွားပြီး အနည်းငယ်စိတ်လှုပ်ရှားသွားမိရုံသာ။


အဆုံးတွင် ကြောင်တွေမှာမကောင်းတဲ့ရည်ရွယ်ချက်ရှိနိုင်ပေမဲ့ သူတို့ကငါးစားချင်ရုံမျှသာဖြစ်သည်။


ကံကောင်းစွာဖြင့် သူဟာဒီလိုအခြေအနေမျိုးနှင့်နေသားကျနေပြီဖြစ်ရာ သူ့ကြောင်နားရွက်များကိုတည်ငြိမ်စွာပြန်ဖိသွင်းပြီး ပြောလိုက်သည်။

"ခင်ဗျားပဲကျွန်တော့်ကိုမြူဆွယ်ခဲ့တာလေ။"


"?!"

မတိုင်ခင်ကညှို့အားပြင်းသောလေထုမှာတမဟုတ်ချင်းပျောက်ကွယ်သွားပြီး လန်ဇယ်ကြောင်အမ်းသွားရကာ ဂြိုဟ်သားကြောင်လိုတစ်စုံတစ်ယောက်ကိုကြည့်လိုက်မိသည်။


သူကမြူဆွယ်တယ်?


ခုနကပဲ"(ရည်မှန်းချက်)နှလုံးသားကခင်ဗျားပဲလေ"လို့သူပဲပြောခဲ့တာကိုဒီကြောင်ငပျင်းမေ့သွားပြီလား။ ဘယ်သူကမြူဆွယ်တာလဲ။


လန်ဇယ်လှောင်ပြုံးပြုံးကာ ဒီ"စိတ်အပြောင်းအလဲမြန်တဲ့"ကြောင်နှင့်ဆက်မပြောဖို့ဆုံးဖြတ်လိုက်ပြီး ဖုန်းကိုပြန်ကိုင်ကာ ပရိုဂရမ်ဌာနကလူတို့ကိုဆက်ပြောလိုက်သည်။

"အဲ့လိုပဲ စီစဥ်လိုက်တော့။"


ပရိုဂရမ်ဌာနကအရာရှိငယ်လေးမှာကြောင်အမ်းသွားရပြီး လင်ခုံးလုဘယ်သူမှန်းသဘောပေါက်ဖို့တစ်အောင့်ကြာသွားပြီးမှ အမြန်ပြောလိုက်သည်။

"ဒါဆို အရှင့်သား...အင်း၊ အရှင့်သားကောလာမှာလားဗျ?"


လန်ဇယ်တစ်အောင့်ကြာတိတ်ကျသွားပြီးမှပြောလိုက်သည်။

"ငါလာခဲ့မယ်။"


ဖုန်းချပြီးနောက် ပရိုဂရမ်ဌာနချုပ်ကအရာရှိငယ်လေးမှာဇဝေဇဝါဖြစ်သွားရသည်။ လာခဲ့မယ်ဆိုတာကဘာကိုဆိုလိုတာလဲ။ ဒီအတိုင်းလာကြည့်မှာလား။ ရှိုးရဲ့တစ်စိတ်တစ်ပိုင်းအဖြစ်လာမှာလား။


ပြီးတော့ လင်ခုံးလု၊ ငါခန့်မှန်းတာမှန်ရင် သူကအရှင့်သားလန်ဇယ်ရဲ့လက်ထပ်ပြီးခါစကြင်ယာတော်လားလို့?


သူကသူ့ငယ်သားကိုအမြန်အမိန့်ပေးကာ အနုပညာအသိုင်းအဝိုင်းထဲကလင်ခုံးလုအကြောင်းသတင်းအချက်အလက်ရှာခိုင်းလိုက်သည်။ ဖတ်ကြည့်ပြီးနောက် သူပါလန်ဇယ်ကဲ့သို့တိတ်ကျသွားရသည်။


အရှင့်သားလန်ဇယ်အနောက်တံခါးကဖြတ်ပြီး သူတို့ကိုအခြေအနေတစ်ခုထပ်ထည့်ခိုင်းတာမဆန်းပါဘူး။ ဒါကဘယ်နေရာမှာမှဘောင်မဝင်ပေ။


အထူးသဖြင့်ရုပ်ပိုင်းဆိုင်ရာခွန်အားအရာတွင်ဖြစ်သည်။ အရှင့်သား....ကသိပ်မသန်မာတဲ့အပြင် လူထုပုံရိပ်ပြဿနာပါရှိတော့....


ထားလိုက်တော့၊ ကြင်ယာတော်အတွက် အရှင့်သားလန်ဇယ်ကအခြေစိုက်စခန်းကိုငှားချင်စိတ်ရှိမှတော့ သူဘာလို့အများကြီးဂရုစိုက်နေရမှာလဲ။ ပရိုဂရမ်အဖွဲ့ကိုအရင်ဆုံးအမြန်ဆက်သွယ်ရမယ်။


ပရိုဂရမ်အဖွဲ့ထဲမှာ ဒါရိုက်တာချီကျွင်းမှာစစ်တပ်ထံမှဖုန်းကောလ်ရရှိခဲ့သည်။ မင်းသား၂ကခံတပ်ထဲမှာရှိနေသည်ဟုသူကြားလိုက်ရချိန်အစကအံ့အားသင့်သွားမိပြီးမှ သူအပျော်လွန်သွားမိသည်။ သူသတိရှိရှိမေးလိုက်မိသည်။

"ဒါဆို..အရှင့်သားလန်ဇယ်ကလူလုံးထွက်ပြလာမှာလား။"


ပရိုဂရမ်ဌာန၏ဒုဗိုလ်မှူးဝူမှာထူးဆန်းသောလေသံဖြင့် မရေမရာပြောလာသည်။

"ဟုတ်မှာပေါ့၊ သူကလာမယ်လို့တော့ပြောတာပဲ။"


ထိုစကားများကိုကြားလိုက်ရချိန်ဒါရိုက်တာအပျော်လွန်သွားပြီး သူ့ပါးပေါ်ကအသားများမှာလှုပ်ခါသွားတော့သည်။ ဖုန်းချပြီးနောက် သူ့မျက်နှာထက်အပြုံးတစ်ပွင့်နှင့်အတူ ပရိုဂျူဆာကိုချက်ချင်းပြောလိုက်သည်။

"လောင်ကျန်း၊ ငါတို့ရှိုးတော့ပေါ်ပြူလာဖြစ်တော့မယ်ကွ။"


ပရိုဂျူဆာကျန်းကတည်ငြိမ်စွာဆိုသည်။

"ငါတို့ရှိုးကပေါ်ပြူလာဖြစ်ပြီးသားလေ။"


"မဟုတ်ဘူး၊ ငါဆိုလိုတာကအင်ပါယာတစ်ဝှမ်းလုံးမှာပေါက်သွားမယ်လို့ပြောတာကွ!"

ဒါရိုက်တာမှာစိတ်လှုပ်ရှားလွန်းလို့ အောက်ထပ်ဆင်းပြီးချက်ချင်းသုံးပတ်ပတ်ပြေးချင်မိကာ ပျော်ရွှင်စွာပြောလိုက်မိသည်။

"ဒီတစ်ခေါက်ငါတို့ရှိုးကိုဘယ်သူလာမယ်ထင်လဲ? လင်ခုံးလု၊နောက်ပိုင်းမင်းသား၂နဲ့လက်ထပ်သွားတယ်လို့သတင်းထွက်ခဲ့တဲ့အရင်ကကြယ်ပွင့်လေးလေ၊ ဒါပေမဲ့သူကအဓိကမဟုတ်ဘူး၊ အဓိကကမင်းသား၂လဲလာမှာကွ!"


ကျန်းကျိဖျန့်မှာရှော့ခ်ရသွားကာ လက်ထဲကစာအုပ်ပင်လွတ်ကျသွားတော့သည်။


အခုဆိုအပြင်လောကမှာမင်းသား၂၏ ရုပ်ပိုင်းဆိုင်ရာအခြေအနေနှင့်အိမ်ထောင်ရေးအကြောင်းထင်ကြေးအပြည့်နှင့်ပင်။ သူသာရှိုးထဲမှာတကယ်ပေါ်လာရင် သေချာပေါက်ကြီးမားတဲ့ရိုက်ခတ်မှုဖြစ်သွားမှာဖြစ်သည်။


သူတို့ပရိုဂရမ်အဖွဲ့မှာစစ်တပ်နှင့်မတူပေ။ လူထုပုံရိပ်၏လိုအပ်ချက်နှင့်လူကြိုက်များမှုမှာ စစ်တပ်ကထည့်သွင်းခဲ့တာဖြစ်သည်။ ဖြစ်နိုင်ရင် သူတို့ကပိုမိုရေပန်းစားစေချင်သည်။ ကြယ်ပွင့်ပုံရိပ်ကတော့...အင်း၊ ကိစ္စကြီးတွေမှာအမှားမလုပ်သရွေ့အဆင်ပြေပါတယ်၊ အဲ့ဒါဆိုသေချာပေါက်ရေပန်းစားသွားလိမ့်မယ်။


ဒါရိုက်တာမှာလည်းသိသိသာသာကိုထိုသို့တွေးမိကာ စိတ်လှုပ်ရှားစွာပြောလိုက်မိသည်။

"မင်းသား၂အခုဘာပြောသွားလဲသိလား။ ပြီးတော့ သူကပရိုဂရမ်အဖွဲ့ကိုတတိယစစ်အခြေစိုက်စခန်းမှာရိုက်ကူးခွင့်ပေးဖို့ပါသဘောတူလိုက်တယ်။ ပြောတာကတော့လင်ခုံးလုကိုတင်ပေးဖို့ဆိုပဲ၊ ငါတို့လင်ခုံးလုကိုပါဝင်ခွင့်ပေးရမယ်၊ တရားဝင်ကြေငြာချက်၊ အခုချက်ချင်းတရားဝင်ကြေငြာချက်ထုတ်ပြန်လိုက်တော့!"


ပရိုဂျူဆာကျန်းမှာသူ့မျက်မှန်ကိုတုန်ရီနေသောလက်တို့ဖြင့်ပင့်တင်ကာ တည်ငြိမ်ချင်ယောင်ဆောင်ပြီးအသိပေးလိုက်သည်။

"ငါတို့အဲ့ကိုအရင်ဆက်သွယ်လိုက်ကြမလား။"


"အေး အေး အေး!"

ဒါရိုက်တာချီသူ့နှဖူးသူရိုက်ကာပြောမိသည်။

"ငါမေ့သွားတော့မလို့။ ငါလင်ခုံးလုကိုအရင်ဆက်သွယ်...မဟုတ်ဘူး၊ ငါကြင်ယာတော်ကိုဖုန်းခေါ်ရမယ်၊ ကြင်ယာတော်ကိုအရင်ဆုံးဆက်သွယ်ပြီး သူ့အစီအစဥ်အကြောင်းမေးရမှာ၊ ဒါပေမဲ့အဲ့လိုလုပ်ရဘူး၊ ငါ့မှာသူနဲ့တော်ဝင်မိသားစုကိုဆက်သွယ်ဖို့အချက်အလက်မရှိဘူးကွာ။"


"ဒါဆိုအေးဂျင့်ကိုအရင်ဆက်သွယ်ကြည့်လိုက်ပေါ့ဟ။"


ဒီတော့သိပ်မကြာခင် လင်ခုံးလုမှာသူ့အေးဂျင့်ဝမ်ပင်းဆီကဖုန်းကောလ်ရရှိခဲ့ပြီး ၎င်းကစိတ်လှုပ်ရှားစွာဖြင့်စိုးရိမ်တကြီးဆိုလာသည်။

"ရှောင်လု...အဟွတ် အဟွတ်၊ အရှင့်သား...."


"ခင်ဗျားကျွန်တော့်ကိုနာမည်ခေါ်လို့ရတယ်။" လင်ခုံးလုပြောလိုက်သည်။


ဝမ်ပင်း: "အင်းပါ အင်းပါ၊ အဲ့ဒါက...မင်းသိပြီးပြီလား။ အရှင့်သားလန်ဇယ်ကမင်းကိုထိပ်တန်းအဆင့်အရင်းအမြစ်ပေးလိုက်တယ်၊ စစ်တပ်နဲ့အင်တာတိန်းမန့်ကုမ္ပဏီတွေကြားကပူးပေါင်းတဲ့ပရောဂျက်..."


"အင်း၊ 'အိပ်မက်စစ်သည်၊ ၇ရက်နှင့်၇ည'လေ။"

လင်ခုံးလုသူ့ကိုဖြတ်ပြောကာပြောလိုက်သည်။

"ကျွန်တော်သိပ်စိတ်မဝင်စားဘူး၊ ကျွန်တော့်ကိုကူ----"


"မင်းမပါချင်ဘူးလား။" 

လန်ဇယ်ကရုတ်တရက်သူ့ကိုကြားဖြတ်မေးလာသည်။


လင်ခုံးလု: "?"


"ပါတာကအကျိုးရှိလို့လား။"

သူသိချင်စိတ်ဖြင့်မေးလိုက်မိသည်။


လန်ဇယ်တစ်အောင့်မျှတိတ်ကျသွားပြီးမှ​ပြောလိုက်သည်။

"မင်းအင်တာနက်ပေါ်ကမင်းရဲ့ဂုဏ်သတင်းကိုပြောင်းပြန်မလှန်ချင်ဘူးလား။"


လင်ခုံးလု: အမှန်ပြောရရင် ငါသိပ်ဂရုမစိုက်ဘူးရယ်။


ဒါပေမဲ့လန်ဇယ်ကအတော်လေးဂရုစိုက်နေပုံရသည်ကိုခံစားလိုက်ရသည်၊ ပြီးတော့...လန်ဇယ်ကလည်းစစ်တပ်ထဲပြန်သွားသင့်မှန်းသူရုတ်ခြည်းသတိရသွားသည်။ သူ့အရင်ဘဝတုန်းက လန်ဇယ်ကသူ၏ရေသူအဖြစ်နိုးထမှုကြောင့်မက်ခါမောင်းဖို့အတွက်မသင့်တော်သဖြင့် ဘယ်တော့မှပြန်မသွားတော့ပေ။


ဒါပေမဲ့ဒီဘဝကတော့မတူပေ၊ ဒီတစ်ခေါက်သူ့ငါးမြှီးမှာပြဿနာမရှိတော့တဲ့အပြင် အခြေစိုက်စခန်းကိုပြန်သွားတာကဂုဏ်ကျက်သရေပြန်ရဖို့အခွင့်ကောင်းဖြစ်နိုင်သည်။


ဒီတော့လင်ခုံးလုပူးပေါင်းဆောင်ရွက်ကာမေးလိုက်သည်။

"ခင်ဗျားကောသွားမှာလား။ ဒီရသရှိုးမှာပါတာကကိစ္စတွေကိုပြောင်းလဲသွားစေမှာလား။"


လန်ဇယ်ချောင်းအသာဟမ့်ကာ သူ့လေသံမှာအနည်းငယ်မသက်မသာဖြစ်လျက်ပြောလာသည်။

"မင်းနဲ့ငါကငါတို့ရဲ့ချစ်ခြင်းမေတ္တာကိုသွယ်ဝိုက်ပြသလိုက်ရင် ကောလဟာလတွေကိုငြင်းပြီးသားဖြစ်သွားလိမ့်မယ်။"


လင်ခုံးလု: "အော်~" ခင်ဗျားကအချစ်တွေထုတ်ပြချင်တာလား။


လန်ဇယ်: "?" ဒီကြောင်ငပျင်းလေးရဲ့အဓိပ္ပါယ်ရှိတဲ့လေသံကဘာကိုဆိုလိုတာပါလိမ့်?


သူတစ်အောင့်ကြာတွေးလိုက်ပြီးမှ သူ့ဝှက်ဖဲကိုထုတ်သုံးကာပြောလိုက်သည်။

"မင်းသွားမယ်ဆိုရင် ငါမင်းကိုနေ့တိုင်းငါး​ခြောက်တစ်ပန်းကန်ပိုကျွေးမယ်။"


လင်ခုံးလုချက်ချင်း"ကြောင်လေးစိတ်လှုပ်ရှားသွားပုံ"ဖြင့် ဝမ်ပင်းကိုပြောလိုက်သည်။

"ဟုတ်ပြီလေ၊ ကျွန်တော်သွားဖို့သဘောတူတယ်၊ ကျွန်တော့်ကိုတရားဝင်ကြေငြာချက်ကူထုတ်ပေးပါအုံး။"


ဖြစ်စဥ်တစ်ခုလုံးကိုမတော်တဆကြားလိုက်ရတဲ့ဝမ်ပင်း: "......"


သောက်ကျိုးနည်း၊ အရှင့်သားလန်ဇယ်ကသူ့ကြင်ယာတော်ကိုတကယ်ဒီလိုဆက်ဆံတယ်လား။ ပြီးတော့ငါးခြောက်လေးပါကျွေးသေးတယ်? သောက်ရမ်းချွဲပျစ်ပြီးတော့ချဥ်တူးစရာပဲ။


သူပရိုဂရမ်အဖွဲ့ကိုအမြန်ဆက်သွယ်ကာ တရားဝင်ကြေငြာချက်ထုတ်ခိုင်းလိုက်သည်။


သတင်းထွက်လာသည်နှင့် အင်တာနက်မှာတကယ့်ကိုပွက်ပွက်ဆူလျက်။


[ဖာ့ခ်၊ လင်ခုံးလုမှာဒီရှိုးထဲပါဖို့ဘာအရည်အချင်းရှိလို့တုန်း၊ သံသယဖြစ်စရာပဲ!]


[ငါကအခုဆိုကြင်ယာတော်ဖြစ်နေပြီလေ၊ မင်းတို့မကျေနပ်တော့ကောဘာလုပ်နိုင်မှာတုန်း?]


[ဟီးဟီး၊ သရုပ်ဆောင်ချူကလည်းဒီရှိုးမှာပါမယ်ဆိုလို့ သူတမင်ရည်ရွယ်ချက်ရှိရှိလူလုံးထွက်ပြလာတာဖြစ်ရမယ်။ သရုပ်ဆောင်ချူကသူ့အရင်းအမြစ်တွေကိုလုသွားတယ်လို့သူမပြောခဲ့ဘူးလား?]


[ကျွတ်၊ ဗီလိန်ကောင်ရဲ့အပြုအမူပဲ!]


[ဖာ့ခ်၊ ငါတို့မိသားစုစုစုကလည်းဒီရှိုးမှာပါတယ်။ လင်ခုံးလုကသူ့မိသားစုရဲ့ချမ်းသာကြွယ်ဝမှုကိုအားကိုးပြီးတော့ သူ့ကိုအနိုင်ကျင့်ခဲ့တယ်။ အခုဆို တော်ဝင်မိသားစုရဲ့အင်အားနဲ့ အဖွဲ့ကစုစုကိုကန်ထုတ်ပစ်လိုက်မှာလား?]


[သူ့ကိုတကယ်ကန်ထုတ်ပစ်လိုက်ရင်တော့အဆင်ပြေတယ်ဆိုပေမဲ့ သူအခြေအနေကိုအခွင့်ကောင်းယူပြီး အခြားသူတွေကိုလွှမ်းမိုးချုပ်ကိုင်မှာစိုးတယ်...]


[ဘုရားရေ၊ စုစုကရှိုးကိုပြန်သွားမယ်တဲ့!]


[ချူကော၊ မြန်မြန်ပြန်ဆုတ်တော့၊ အဲ့ဗီလိန်ကောင်နဲ့အတူမနေနဲ့!]


[ငါကတော့လူတိုင်းအတွေးလွန်နေတယ်ထင်တာပဲ၊ ဒါကသိသိသာသာကိုတော်ဝင်မိသားစုကတမင်ထုတ်ပြန်လိုက်တဲ့သတင်းကြီးလေ၊ မင်းသား၂အပေါ်မကောင်းတဲ့အရာတချို့ကိုဖုံးအုပ်ဖို့ကြိုးစား​နေတာဟ]


[အေးဆို၊ မင်းသား၂ကဒေါသကြီးပြီးတော့လင်ခုံးလုကိုရိုက်တယ်ဆိုပြီး အမြဲသတင်းထွက်ခဲ့တာမလား?]


[လင်ခုံးလုကဒီအတိုင်းဇာတ်ကောင်လေးသက်သက်ပဲ။ နွေဦးအဆုံးကနှံကောင်လို့ပြောဖို့မတန်ဘူး။ တော်ဝင်မိသားစုကမင်းသား၂ရဲ့မကောင်းသတင်းကိုရှင်းပေးဖို့ သူ့ကိုထုတ်လိုက်တာပဲ]


ထိုကောမန့်များကိုမြင်လိုက်ရချိန်ဝမ်ပင်းသက်ပြင်းချလိုက်မိသည်: "နွေဦးအဆုံးကနှံကောင်"တဲ့လား။ အရှင့်သားလန်ဇယ်က"နှံကောင်"ကိုငါးခြောက်ကျွေးနေတာကြီးကို။


ဘယ်သူမှမသိတဲ့လျို့ဝှက်ချက်ကိုမင်းတစ်ယောက်ထဲသိထားတဲ့ဒီလိုခံစားချက်မျိုးကနှလုံးသားကိုတတိတိကုတ်ခြစ်နေလျက်။


မဖြစ်ဘူး၊ သူသတင်းမျှဝေဖို့ စူပါစကားဝိုင်းဖွဲ့ရမယ်၊ လန်လု cpလို့ခေါ်ရမလား??


ထို့နောက်သတင်းထုတ်လိုက်သည်--


[ဒါနဲ့စကားမစပ် ဒီနှစ်ယောက်ရဲ့cpကိုသဘောကျတာငါတစ်ယောက်ထဲမဟုတ်ဘူးမလား။ ဇနီးအတွက်ပရိုဂရမ်အဖွဲ့ကိုအခြေစိုက်စခန်းကိုငှားပေးလိုက်တာကအချစ်စစ်ပဲပေါ့!]


မျှော်လင့်ထားတဲ့အတိုင်း၊ သိပ်မကြာခင်သူဟာဆူငေါက်မှုများစွာရရှိခဲ့သည်။


လင်ခုံးလုရှင်းပေါ်မှာတရားဝင်ကြေငြာချက်တင်ပြီးနောက် သူဟာထိုအရာကိုမြင်လိုက်ရသဖြင့် အံ့အားသင့်သွားမိသည်: ဒီလောက်အမြန်ကြီးCP ဖန်တွေရှိလာပြီလား။


သူ့ရိုက်ချက်မှာစိုးရိမ်ပူပင်သောကောမန့်များရှိသည်: မင်းတစ်ယောက်ထဲမဟုတ်ပါဘူး။


အမည်းဖန်: ကျွတ်ကျွတ်၊ ဘယ်လောက်သနားစရာကောင်းလိုက်လဲ၊ အရမ်းချစ်ချင်ယောင်ဆောင်နေကြတာ။


လန်ဇယ်ဟာလည်းတရားဝင်ဘလော့ကကောမန့်များကိုဖတ်နေတာဖြစ်ပြီး သူဖတ်ကြည့်လေလေ သူမျက်မှောင်ကြုတ်မိလေလေပင်။ သူနှင့်လင်ခုံးလုနှင့်သက်ဆိုင်တဲ့ကောမန့်အများကြီးရှိမနေပေ။


ဒါပေမဲ့သူခေါင်းလှည့်ကာလင်ခုံးလုကိုကြည့်လိုက်တော့ တစ်ဖက်လူကတကယ်တမ်းပျော်ပျော်ကြီးကြည့်နေရင်း ​ကြောင်နားရွက်လေးများမှာထောင်နေတာကိုမြင်လိုက်ရသည်။


သူပို၍ပင်မပျော်မရွှင်ဖြစ်သွားရကာ ဗလာမျက်နှာထားဖြင့်ပြောလိုက်သည်။

"မင်းလေ့ကျင့်ရေးဆင်းအုံးမှာလား။"


လင်ခုံးလု၏လှုပ်ခါနေသောကြောင်နားရွက်များတောင့်ခဲသွားရကာ ထူးဆန်းစွာမေးလိုက်မိသည်။

"လေ့ကျင့်ရေး?" ဘာလေ့ကျင့်ရေးပါလိမ့်?


"ရှိုးအဆုံးမှာ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုမြင့်မားဖို့လိုတဲ့ ကွင်းဆင်းလေ့ကျင့်ရေး၊ မက်ခါမောင်းနှင်းမှုနဲ့အခြားလေ့ကျင့်ရေးတွေရှိလိမ့်မယ်။ မင်းဘာလို့ကြိုတင်လေ့ကျင့်ရေးဆင်းပြီးတော့ ငါ့ကိုရှိုးမှာအရှက်မရအောင်လုပ်ဖို့မပြင်ဆင်တာလဲ။"

လန်ဇယ်မှာကောက်ကျစ်သောမိထွေးပမာ ရက်စက်သောအသံဖြင့်ပြောလာသည်။


လင်ခုံးလု: "?" မင်းဘာလို့မင်းလူကိုမဆုံးရှုံးတာလဲ။


"အခုကစပြီး မင်းနေ့တိုင်းပထမထပ်ကနေဒုတိယထပ်ကိုအခါတစ်ရာခုန်ဆင်းရမယ်၊ ငါမင်းရဲ့ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနဲ့တုံ့ပြန်မှုနှုန်းကိုလေ့ကျင့်ပေးဖို့ကျပန်းစစ်ဆေးမယ်။"


လင်ခုံးလုမှာချက်ချင်းကြောင်နားရွက်များငိုက်စိုက်သွားရသည်: "...." မင်းကကြောင်ကိုသတ်တော့မှာပဲ။


လန်ဇယ်သူ့ကြောင်နားရွက်များကိုဖျစ်ညှစ်ကာပြန်ထောင်ပေးလိုက်ပြီး အလေးအနက်ပြောလိုက်သည်။

"မင်းကရှိုးမှာပါဖို့ရွေးချယ်လိုက်မှတော့ အလေးအနက်လုပ်ရမယ်။ မင်းကကြောင်ဗီဇနိုးထလာတာဆိုတော့ သိပ်မခက်ခဲလောက်ပါဘူး။ ဒီစွမ်းရည်ကိုမဖြုန်းတီးနဲ့။"


လင်ခုံးလုကြောင်နားရွက်များခါကာ အပေးအယူလုပ်လိုက်သည်။

"ငါးခြောက်တစ်ပန်းကန်တော့ထပ်လုပ်လိုက်။"


လန်ဇယ်၏မျက်ဝန်းထဲမှာအပြုံးတစ်ပွင့်တစ်ချက်ဖြတ်ပြေးသွားပေမဲ့ သူ့နှုတ်ခမ်းထောင့်များကိုအမြန်အောက်ချကာ အေးစက်စက်အသံဖြင့်တိုက်တွန်းလိုက်သည်။

"လေ့ကျင့်ရေးသွားလုပ်တော့။"


လင်ခုံးလု: ကောင်းပြီလေ၊ မင်းကတိပေးလိုက်ပြီလို့ငါယူဆလိုက်မယ်။


ကောင်လေးကလိမ်လိမ်မာမာဖြင့်အခုန်အဆင်းလုပ်နေတာကိုမြင်လိုက်ရတော့ လန်ဇယ်ပြုံးလိုက်မိပြန်ကာ အရင်ဆုံးစက်ရုပ်လေးကိုငါး​ခြောက်ပြင်ခိုင်းလိုက်ပြီးမှအကြည့်လွှဲကာ ခုနကလင်ခုံးလုကြည့်နေသည့်စူပါစ​ကားဝိုင်းကိုရှာဖတ်ကြည့်လိုက်ပေမဲ့ ဖတ်ပြီးနောက်....


လန်ဇယ်: ဒါဘာကြီးလဲ။


ကောမန့်တစ်ခုကမှသူတို့ကိုကောင်းကောင်းမွန်မွန်ဆုတောင်းပေးထားခြင်းမဟုတ်။


လန်ဇယ်ဖော်ပြမရအောင်မပျော်မရွှင်ဖြစ်သွားရကာ သူ့လက်ထောက်ချောင်အန်းကိုတိုက်ရိုက်ဖုန်းခေါ်ကာ အမိန့်ပေးလိုက်သည်။

"မင်းသားနဲ့ကြင်ယာတော်ကိစ္စနဲ့ပတ်သတ်ပြီးတော့ အင်တာနက်ပေါ်ကကောမန့်တွေကိုစစ်ဆေးပြီး အခြေစိုက်စခန်းကိုမင်းသားနဲ့'အိပ်မက်စစ်သည်၊ ၇ရက်နှင့်၇ည'ပရိုဂရမ်အဖွဲ့ရဲ့တရားဝင်ကြေငြာချက်ကိုforwardလုပ်ခိုင်းလိုက်။"


လက်ထောက်ချောင်အန်း: "???"


ဘာအခြေအနေကြီးတုန်း? မင်းသား၂ကအင်တာတိန်းမန့်ကုမ္ပဏီစထောင်လိုက်ပြီလား။ ကောမန့်တွေကိုထိန်းချုပ်တာ၊ forwardလုပ်တာ၊ ဒါဘာတွေတုန်း? ရေတပ်ကိုဘယ်မှာသွားဝယ်ရမတုန်း?


လန်ဇယ်ကိုစစ်တပ်ရေးရာကိစ္စရပ်များအချိန်ကြာကူညီပေးနေခဲ့သည့်ချောင်အန်းမှာအနုပညာအသိုင်းအဝိုင်းကိုတကယ်နားမလည်ပေ။ တွေးကြည့်ပြီးနောက် သူတတိယအခြေစိုက်စခန်းကိုတာဝန်ယူထားသည့်မော့ကိုရိုးရှင်းစွာပြောလိုက်သည်။

"အရှင့်သားနဲ့ 'အိပ်မက်စစ်သည်၊ ၇ရက်နှင့်၇ည'ပရိုဂရမ်အဖွဲ့ရဲ့တရားဝင်ကြေငြာချက်ကိုforwardလုပ်ပြီးတော့ အရှင့်သားကိုယ်စားကောမန့်လုပ်လိုက်။"


ဟေး၊ သူဘာလို့မေ့သွားမိပါလိမ့်၊ တတိယအခြေစိုက်စခန်းမှာရေတပ်(အာကာသတပ်ဖွဲ့)ရာချီရှိပြီးသားမလား။ ပြီးပြီ!


ဖုန်းကောလ်ရရှိခဲ့သည့်ဗိုလ်ချုပ်မော့: "?"


ဒီတော့ဆယ်မိနစ်ကြာပြီးနောက် လင်ခုံးလု၏ရှင်းပေါ်ပေါ်ကကောမန့်များမှာ"မဂ်လာပါ၊ အရှင့်သား၊ အရှင့်သားရဲ့ကြိုးစားအားထုတ်မှုအတွက်ကျေးဇူးတင်ပါတယ်"အဖြစ်ပြောင်းသွားသည်။


မကောင်းတဲ့ရီဗျူးကိုဖယ်ရှားဖို့ရုန်းကန်နေရတဲ့အမည်းဖန်များ: ?


မင်းတို့တကယ်အရှက်မရှိဘူးပဲ၊ ရေတပ်ဝယ်ထားမှန်းသောက်ရမ်းသိသာမနေဘူးလား။ နေပါအုံး၊ မဟုတ်ဘူး၊ ဘာလို့forwardလုပ်ထားတဲ့လူတွေထဲမှာဗိုလ်ချုပ်၊ ဗိုလ်မှူးနဲ့ ဒုဗိုလ်မှူးတစ်သိုက်ပါနေရတာတုန်း....


ဖာ့ခ်၊ ဘယ်လောက်စွမ်းအားကြီးလိုက်လဲ။ နေအုံး၊ ရှိုးစလွင့်တာနဲ့ ငါတို့ပိုက်ဆံသုံးပြီးတော့ ရေတပ်ဝယ်ပြီး မင်းတို့ကိုသေတဲ့အထိဆူဆဲပစ်အုံးမယ်!


လင်ခုံးလုမှာကြောင်ဗီဇနိုးထလာပြီးနောက်ပိုင်း သူ့အတွက်အခုန်အဆင်းလုပ်ရအလွန်လွယ်ကူလှပြီး လန်ဇယ်စီစဥ်ပေးထားသည့်လေ့ကျင့်ရေးပရိုဂရမ်ကိုအလွယ်လေးအောင်မြင်စွာလုပ်ဆောင်သွားနိုင်သည်။


ပြီးတော့လေ့ကျင့်ခန်းလုပ်ပြီးနောက် အိပ်ရပိုလွယ်သည်။


တစ်မှေးအိပ်ပြီးနောက် သူလန်းဆန်းစွာနိုးလာကာ အောက်ထပ်ကိုဆင်းပြီးလန်ဇယ်ကိုနှုတ်ဆက်လိုက်သည်။

"မောနင်း။"


"အရမ်းနောက်ကျနေပြီ။" လန်ဇယ်ကဗလာမျက်နှာထားဖြင့်ပြောလာသည်။

"မြန်မြန်စား၊ ပြီးရင် တတိယအခြေစိုက်စခန်းကိုချက်ချင်းသွားကြမယ်။"


"မြန်လှချည်လား။" လင်ခုံးလုအံ့သြသွားရသည်။


"မင်းကငါနဲ့အတူအခြေစိုက်စခန်းကိုသွားရမှာ၊ ပရိုဂရမ်အဖွဲ့နဲ့မဟုတ်ဘူး။"

လန်ဇယ်ကဆိုသည်။


"အော်။" လင်ခုံးလုမှာကန့်ကွက်ချက်မရှိဘဲ ထိုင်ခုံကိုဆွဲထုတ်ကာ ဝင်ထိုင်ပြီးစားနေရင်းဆက်သွယ်ရေးစက်ပွတ်လိုက်သည်။


သူပရိုဂရမ်အဖွဲ့အကြောင်းပြောလာတော့ မနေ့ကတရားဝင်ကြေငြာချက်ကိုသူသတိရသွားကာ သူ့ဘလော့ကိုအလိုလိုနှိပ်ကြည့်လိုက်မိသည်...


"အဟွတ်!" ကောမန့်များကိုမြင်လိုက်ရသည့်အခိုက် လင်ခုံးလုအခုလေးတင်သောက်လိုက်သည့်ဆန်ပြုတ်သီးသွားရသည်။


"ဘာအခြေအနေကြီးတုန်း?"

သူ့မျက်နှာထားအက်ကွဲသွားကာ လန်ဇယ်ကိုဆက်သွယ်ရေးစက်ကမ်းပေးလိုက်သည်။


လန်ဇယ်တစ်ချက်စိုက်ကြည့်လိုက်တော့ "မဂ်လာပါ၊ အရှင့်သား..."ဟူသည့်စာတန်းများအတန်းလိုက်မြင်လိုက်ရသဖြင့် စိတ်ကျေနပ်စွာခေါင်းငြိမ့်ကာ နှုတ်ခမ်းထက်အပြုံးတစ်ပွင့်ဖြင့်ပြောလိုက်သည်။

"ငါအခြားသူတွေကိုလုပ်ခိုင်းလိုက်တာ။"


ထင်ယောင်ထင်မှားဖြစ်တာလားမသိ၊ သူ့လေသံကချီးကျူးခံချင်နေသယောင် ၊ ကိုယ့်ကိုယ်ကိုကျေနပ်မှုတစ်စွန်းတစနှင့် ပြောနေသည့်အလား: ကိုယ်မင်းအတွက်လုပ်ပေးခဲ့တာကိုမင်းကျေနပ်မှုရှိရဲ့လား......


ဘယ်လောက်ကြီးလိုက်လဲ!


သူနှိပ်ကြည့်လိုက်တော့ သေချာတာပေါ့၊ နောက်ထပ်ဆူငေါက်မှုတစ်ဝိုင်းပင်။ အင်တာနက်သုံးစွဲသူတို့၏ပုန်ကန်တတ်သောစိတ်ဓာတ်ကိုအောင်အောင်မြင်မြင်နှိုးဆွနိုင်သွားပြီး ဥပုပ်များအသင့်ပြင်ထားပြီးပြီမို့ လမ်းသွားရင်ဂရုစိုက်သွားဖို့သူ့ကိုပြောထားသည့်"ခြိမ်းခြောက်မှုများ"ပင်ရှိနေသည်။


အလယ်မှာ CPဖန်ဆီကမက်ဆေ့ချ်အနည်းငယ်လည်းရှိသည်: "အရှင့်သားလန်ဇယ်ကသူ့အပေါ်ဝေဖန်ချက်တွေကိုမထိန်းချုပ်ဘဲ ကြင်ယာတော်အပေါ်ဝေဖန်ချက်တွေကိုထိန်းချုပ်လိုက်တယ်တော့။ ဒါအချစ်စစ်ပဲ။"


လင်ခုံးလုရူးသွားကာမေးလိုက်မိသည်။

"ခင်ဗျားဘာလို့အဲ့လိုလုပ်လိုက်တာလဲ။"


လန်ဇယ်မျက်မှောင်ကြုတ်လိုက်မိသည်။

"မင်းမှာဖန်နည်းနည်းလေးပဲရှိတဲ့အပြင် အမည်းဖန်တွေဆီကဆူဆဲခံနေရတာကတအားရုပ်ဆိုးလွန်းတယ်။"


သူ၏လေသံမှာအလွန်ရွံရှာနေလျက်။


လင်ခုံးလု: "...." ပန်းရောင်တစ်ခုနဲ့အမည်းရောင်ဆယ်ခုကဘာကြီးတုန်း? ဒါကပန်းရောင်တစ်ခုကအမည်းရောင်ဆယ်ခုကိုတော့ပ်လိုက်တာလို့ခေါ်တယ်ရယ်။*


___________________________