Chapter(63)
Viewers 10k

ကိုက်ဖို့ကားမဖြစ်နိုင်။ လန်ဇယ်မှာလျင်မြန်သောအမြင်အာရုံနှင့် မြန်ဆန်သောလက်များရှိပြီး သူဟာအမြဲတမ်းအချိန်မီငါးကျွေးလေ့ရှိကာ လင်ခုံးလုကိုကိုက်ဖို့အခွင့်အရေးလုံးဝမပေးပေ။


ရုပ်ဆိုးလာလားဆိုတာကတော့မဟုတ်ပေ၊ ရေသူ၏အကြေးခွံမှာအလွန်လျင်မြန်စွာလဲသွားပြီး နေ့လယ်ခင်းမှာကျွတ်သွားသည့်အကြေးခွံများကနောက်တစ်နေ့မနက်မှာအကြေးခွံအသစ်ပြန်ပေါက်လာနိုင်သည်။


ဒါပေမဲ့ ရုပ်မဆိုးပေမဲ့လည်း ၎င်းကမတ်တပ်မရပ်နိုင်ဘဲခဏကြာရင်ပြုတ်ကျသွားလိမ့်မည်ပင်။


ဒီတော့လန်ဇယ်ကအပြင်ထပ်မထွက်တော့ပေ၊ အကြေးခွံလဲရန်လေးငါးရက်ကြာသည်။ သူ့မှာမိမိကိုယ်ကိုတန်ဖိုးထားစိတ်ရှိသဖြင့် ဤအချိန်တွင်သူဟာအပြင်ထွက်တာထက်စာရင်သူ့အခန်းထဲမှာနေပြီးအလုပ်ကိစ္စများကိုကိုင်တွယ်လိမ့်မည်ပင်။


ကံကောင်းစွာဖြင့် လင်ခုံးလုကသူနှင့်အတူရှိနေတာမို့ သူအလုပ်ကိစ္စကိုင်တွယ်နေရင်း "ကြောင်"ကိုစနောက်ကာငါးခြောက်ကျွေးရင်းဖြင့်အတော်လေးသာယာပေသည်။


ဒါပေမဲ့ နှစ်ရက်ကြာပြီးနောက် ပရိုဂရမ်အဖွဲ့ကအခြေစိုက်စခန်းကိုရောက်လာသဖြင့် ဒီသက်တောင့်သက်သာရှိသောဘဝမှာတစ်ဖန်နှောင့်ယှက်ခံရပြန်တော့သည်။ လင်ခုံးလုကရှိုးသွားရိုက်ကူးကာ အခြားဧည့်သည်တို့နှင့်အတူစားအတူနေရတော့မည်ပင်။


လန်ဇယ်: "......" မင်းဘာလို့အခန်းထဲမှာမရိုက်ကူးတာလဲ။


ကြောင်လေးကိုအခြေစိုက်စခန်းဆီဖြားယောင်းခေါ်လာဖို့နည်းလမ်းများစွာရှိတဲ့အပြင် မီဒီယာရှေ့မှာလူလုံးထွက်ပြဖို့နည်းလမ်းများစွာရှိတာကို ဘာလို့ဒါကိုမရွေးလိုက်တာလဲ။


လင်ခုံးလုလည်းတမင်သက်သက်မေးလိုက်သည်။

"ခင်ဗျားပဲအခန်းပိုမရှိဘူးလို့ပြောခဲ့တာမဟုတ်ဘူးလား။"


ပရိုဂရမ်အဖွဲ့ရောက်လာသည်နှင့် ရုတ်ဆရက်ပေါ်လာသည်။


လန်ဇယ်: "......"


လင်ခုံးလုထွက်သွားပြီးနောက် လန်ဇယ်မှာရုတ်တရက်အလုပ်ကိစ္စကိုင်တွယ်ဖို့စိတ်အခြေအနေမရှိတော့သဖြင့် ပရိုဂရမ်ကြည့်ရန် ဆက်သွယ်ရေးစက်ကိုဖွင့်လိုက်သည်။


"အိပ်မက်စစ်သည်၊ ၇ရက်နှင့်၇ည"ကားနှစ်မျိုးထုတ်လွှင့်ပြသ၏: တိုက်ရိုက်ထုတ်လွှင့်ပြသမှုနှင့်တည်းဖြတ်ထုတ်လွှင့်ပြသမှု။ အခြေစိုက်စခန်း၌လေ့ကျင့်ရေးဆင်းသည့်ပထမဆုံးလေးရက်မှာ လုပ်ငန်းစဥ်အကုန်လုံးကိုတိုက်ရိုက်ထုတ်လွှင့်ပြသသည်။ အဆုံးသတ်အပြီးမှာတစ်ရက်နားသည်။ ပရိုဂရမ်ကဒီလေးရက်၏တိုက်ရိုက်ထုတ်လွှင့်ပြသမှုအကြောင်းအရာကို ထုတ်လွှင့်ပြသမှုနှစ်ပိုင်းအဖြစ်တည်းဖြတ်သည်။


နောက်လာမည့်သုံးရက်၏ကွင်းဆင်းလေ့ကျင့်မှုမှာလည်းတိုက်ရိုက်ထုတ်လွှင့်ပြသလိမ့်မည်ဖြစ်ကာ အဆုံးသတ်အပြီးတွင်တည်းဖြတ်ပြီးထုတ်လွှင့်ပြသလိမ့်မည်ပင်။


လန်ဇယ်တိုက်ရိုက်ထုတ်လွှင့်ပြသမှုအခန်းကိုဖွင့်ကြည့်လိုက်တော့ စခရင်တစ်ခုလုံးမှာလွှမ်းမိုးနေသည့်ကျည်ဆံများကိုမြင်လိုက်ရပြီး အကုန်လုံးမှာရွှေရောင်စာတန်းရှိသည့်စစ်သဘော်အိုင်ကွန်များဖြစ်ကာ အကြောင်းအရာမှာဆင်တူပေသည်-----


[လာပြီ၊ လာပြီ၊ ငါပိုက်ဆံဖြုန်းပြီးတော့ကို လင်ခုံးလုကိုအနုပညာအသိုင်းအဝိုင်းထဲကထွက်သွားဖို့ဆူဆဲချင်တယ်]


[ဟက်၊ ရှင်းပေါ်ကကောမန့်ထိန်းချုပ်တဲ့နေရာမှာတအားစွမ်းအားကြီးတာပဲရော်၊ ဘာလို့မထိန်းချုပ်တာတုန်း? ငါတော့ထိန်းချုပ်မရတော့ဘူးရယ် ဟားဟားဟား]


[လင်ခုံးလုနှိပ်စက်ညှင်းပန်းခံရမှာကိုစောင့်နေလိုက်၊ အားနည်းပြီးဖြူဖတ်ဖြူရော်မျက်နှာနဲ့ နှစ်ရက်ပြီးရင်သတိမလစ်သွားလောက်ဘူးလား။]


[ငါဒီမှာရက်စက်တဲ့စကားလုံးတွေရေးလိုက်ပြီ၊ လင်ခုံးလုကတစ်ရက်တောင်ခက်မှာမဟုတ်ဘူး၊ သူဒီနေ့သတိမလစ်သွားရင် ငါဒီကလူတိုင်းကိုပါးပါးလို့ခေါ်မယ်ကွာ]


[ငါ့ရှေ့မှာဝံပုလွေတစ်ကောင်ရှိနေတာပဲ၊ ငါ့မှာသားရှိလာမလား၊ လင်ခုံးလုနှိပ်စက်ညှင်းပန်းခံရတာကိုမြင်ရမလားဆိုတာတစ်ခဏလောက်မသိတော့ဘူးဟယ်]


[ဘုရားရေ၊ လင်ခုံးလုရဲ့မိုက်မဲမှုကလည်းရူးလောက်စရာပဲ၊ အကုန်လုံးကပိုက်ဆံဖြုန်းတဲ့ကျည်ဆန်စခရင်တွေကြီးပဲဟယ်၊ ပုံမှန်ကျည်ဆန်စခရင်တွေကိုငါမမြင်ရတော့ဘူး]


[ပန်းရောင်နဲ့အမည်းတွေရူးနေပြီပဲ]


[+1]


[ငါလင်ခုံးလုကိုမမြင်ချင်ဘူး၊ ငါကစုစုကိုပဲမြင်ချင်တာကို၊ သူကသိပ်စိတ်ပျက်စရာကောင်းတာပဲဟာ]


လန်ဇယ်: "......"


သူအကောင့်တစ်ခုဖွင့်ကာ ပိုက်ဆံထည့်ပြီး မျက်နှာသေဖြင့်ရီပို့ထုလိုက်သည်။ စျေးအကြီးဆုံးစစ်သဘော်မှာတစ်ခါတည်းပျောက်သွားတော့သည်။


သိပ်မကြာခင် စခရင်မှာ"ကျားယို့ ရှောင်လု၊ ရှောင်လုကအတော်ဆုံးပဲ"ဟူသည့်ရွှေရောင်စကားလုံးများဖြင့်လွှမ်းခြုံသွားသည်။


အင်တာနက်သုံးစွဲသူများ: .....


ကျည်ဆန်နှင့်ပစ်လို့မရမှတော့ သူတို့မှာကောမန့်ဧရီယာဖွင့်ရုံသာတတ်နိုင်သည်။


[ဘုရားရေ၊ တိုက်ရိုက်ထုတ်လွှင့်မှုမစခင်အတော်လေးသွေးရောင်လွှမ်းနေပါလား။]


[ဟိုတစ်ယောက်ကရူးနေတာပဲ၊ အမည်းရောင်စခရင်ကိုဆန့်ကျင်ဖို့ကြယ်ဒဂ်ါးသန်းချီဝယ်ပြီးတော့ ပိုက်ဆံတွေဖြုန်းနေတာလား။]


[ငါ့ရှေ့ကအမည်းဖန်တွေသွားရိုက်လို့မရလို့ ဒေါသထွက်နေကြပြီ ဟားဟားဟား]


[ပရိုဖိုင်ပုံနှိပ်ကြည့်ပြီးအချက်အလက်ဖတ်လိုက်မိတာငါတစ်ယော​က်ထဲလား။ အရှင့်သားလန်ဇယ်ဆိုပဲ၊ တုန်လှုပ်နေပုံ]


အင်တာနက်သုံးစွဲသူများ: .....


[ဖာ့ခ်!]


[ရက်စက်လိုက်တာ!]


[သူ့မှာပြင်းထန်တဲ့ဒေါသရှိတယ်လို့မဆိုလိုဘူးမလား။]


[သူလင်ခုံးလုကိုမကြာခဏရိုက်နှက်တယ်လို့မဆိုလိုဘူးမလား။]


[ရှိုး၊ ရှိုးဖြစ်ရမယ်!]


လန်ဇယ်စခရင်ကိုဖယ်ရှားပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှုစတင်လာပြီး နောက်ဆုံးတော့ကျည်ဆန်များရှင်းသွားကာ မည်သူကမျှအဆင့်မြင့်ကျည်ဆန်ထုတ်ဖို့ပိုက်ဆံမဖြုန်းကြလေတော့။


ထိုစဥ်၊ စမတ်တိုက်ရိုက်ထုတ်လွှင့်မှုဘောလုံး၇လုံး၈လုံးမှာ မတူညီသောရှုထောင့်များမှပုံရိပ်များကိုစတင်တိုက်ရိုက်ထုတ်လွှင့်ပြသလာပြီး အဓိကပုံရိပ်မှာလေ့ကျင့်ရေးကွင်းပြင်ဆီဦးတည်သွားနေသည့်ယာဥ်ပေါ်မှာအာရုံစိုက်ထားသည်။


ယာဥ်ဆိုက်ရောက်သွားသည်နှင့် ရုပ်ရှင်ကြယ်ပွင့်ချူဖေးမှာကားထဲကအရင်ထွက်လာသဖြင့် ကျည်ဆန်စခရင်မှာတမဟုတ်ချင်း"ချူကောကအရမ်းချောတာပဲ"၊ "ချူကောကငါ့ကိုဘေးတိုက်မျက်နှာတစ်ခြမ်းနဲ့သတ်နေတာပဲ"နှင့်"လင်ခုံးလုကသူ့လိုလူမျိုးကိုထိရဲပါတော့မလား"ဟူသည်တို့ဖြင့်ပွက်ပွက်ညံသွားသည်။


နာမည်ကြီးအိုင်ဒေါလ်အန်းစုစုကလည်းကားထဲကထွက်လာရာ စခရင်မှာတမဟုတ်ချင်းပွက်လောရိုက်သွားပြန်သည်။


[အားအားအား၊ စုစုကအရမ်းချစ်ဖို့ကောင်းတာပဲ!]


[စုစုငါ့ကိုကြည့်ပါ!]


[ညီမလေးစုစုကြောင့်ငိုရတော့မဲ့နောက်တစ်နေ့]


[ညီမလေးစုစုကဒီနေ့အရမ်းလှနေတော့ သူမလင်ခုံးလုဆီကအနိုင်ကျင့်ခံရမှာရုတ်တရက်စိတ်ပူမိသွားတယ်]


[စုစု လင်ခုံးလုကိုမျက်စိတစ်ဖက်မှိတ်မပြနဲ့လေ]


[ငါတိုက်ရိုက်ပြသမှုအခန်းကိုshareပေးဖို့မျှော်လင့်မိတယ်၊ ငါကစုစုကိုပဲကြည့်ချင်တာ၊ လင်ခုံးလုကိုမမြင်ချင်ဘူးလို့]


လန်ဇယ်: "......"


သူလည်းတိုက်ရိုက်ပြသမှုအခန်းကိုshareခိုင်းလိုက်ပြီး သူမသင့်တော်သည့်လူတို့၏ပုံများကိုမမြင်ချင်ပေ။


၎င်းမှာတိုက်ရိုက်ထုတ်လွှင့်ပြသမှုဘောလုံးကထိုနေရာမှာအစောထဲကရှိနေသည့်လင်ခုံးလုဆီမလှည့်သွားခင်အထိပင်။


ကောင်လေးကမီးခိုရောင်အာကာသတပ်ဖွဲ့ယူနီဖောင်းဝတ်ထားပြီး ပိန်သွယ်သောပုံရိပ်နှင့်ဖြောင့်မတ်သောကိုယ်နှင့် လေ့ကျင့်ရေးကွင်းပြင်၏ထောင့်မှာပိုလာပင်ဖြူလေးပမာမတ်တပ်ရပ်နေလျက် ကျော့ရှင်းကာချောမောလှပေသည်။


ကင်မရာzoomချဲ့လိုက်တော့ ပုံရိပ်ကယူဆောင်လာသည့်အကျိုးသက်ရောက်မှုမှာပို၍ပင်ကြီးမားသွားသည်။ ကောင်လေး၏မျက်လုံးမှာတောက်ပနေပြီး သူ၏အပြုံးမှာရှင်းသန့်ကာကြည်လင်လျက် သူ့နှုတ်ခမ်းထောင့်မှာချိတ်ကောက်လေးပမာမသိမသာကော့တက်နေပြီး လူတို့ကိုယားကျိကျိဖြစ်သွားစေသည်။


လန်ဇယ်၏အေးစက်စက်မျက်ဝန်းစိမ်းများမှာနောက်ဆုံးတွင်အပြုံးတို့ထင်ဟပ်သွားပြီး သူ့နှုတ်ခမ်းထောင့်များမှာအလိုလိုကော့တက်သွားသည်။


ကျည်ဆံစခရင်မှာသိသိသာသာကိုတစ်စက္ကန့်ကြာတန့်သွားပြီးမှ ပွက်လောရိုက်လာသည်။


[ဖာခ့်၊ လင်ခုံးလုကနည်းနည်းချောနေတော့ ငါအသတ်ခံလိုက်ရပြီ]


[ဒါက"တစ်မျိုးမျိုး"နဲ့ချောတယ်လို့ခေါ်တယ်ပြောခဲ့တယ်မလား။]


[တိုးတိုးလေးပြောချင်တယ်၊ သူကတကယ့်ကိုချူဖေးထက်ပိုချောတယ်ရယ်]


[အရှေ့ကတစ်ယောက်မှာမျက်စိပြဿနာရှိလားဆရာဝန်သွားပြကြည့်ပါအုံး၊ လင်ခုံးလုကဘယ်လိုလုပ်ပြီးတော့ချူကောထက်ပိုချောမှာလဲ?]


[ကျွတ်ကျွတ်၊ ရေတပ်တွေပဲ၊ လင်ခုံးလုကချူကောကိုထိလာပြန်ပြီ]


[လင်ခုံးလုရဲ့ရေတပ်ကတကယ်စိတ်ပျက်စရာပဲ၊ ဒါပေမဲ့ချစ်ဖို့ကောင်းနေလို့ စခရင်ကိုလျက်လိုက်မိပြီရော်]


လန်ဇယ်၏မျက်လုံးများမှာလင်ခုံးလုထံမှလုံးဝဆွဲဆောင်ခံလိုက်ရပြီး သူကျည်ဆန်စခရင်ကိုမြင်လိုက်ရချိန် သူချူဖေးနှင့်အန်းစုစုကိုတစ်ချက်ကြည့်မိတော့ ဒီအင်တာနက်သုံးစွဲသူများမှာမျက်စိရောဂါရှိနေလောက်သည်ဟုခံစားလိုက်ရသည်။


သရုပ်ဆောင်ချူ၏မျက်တောင်များမှာသိသိသာသာကိုဖြတ်တောက်ထားပြီး သူ့နှာခေါင်းမှာအလွန်အတုအယောင်ဆန်လွန်းသည်။ သူကဘယ်လိုလုပ်ပြီးတော့ကြောင်ငပျင်းလေးထက်ပိုချောမှာလဲ။ ကြောင်ငပျင်းလေးနဲ့ပတ်သတ်ပြီးတစ်ခုခုရှိသေးတဲ့ပုံပဲနော်?


အန်းစုစုကတော့ သူ့အမြင် သူမကကြောင်ငပျင်းလေးလိုမျိုးချစ်ဖို့မကောင်းဘဲ သူမကကြောင်ငပျင်းလေးနဲ့ရန်ငြိုးရှိတဲ့ပုံပေါက်သလားလို့?


ကျွတ်၊ ကြောင်ငပျင်းလေးကလူတွေကိုစိတ်ဆိုးအောင်လုပ်တဲ့နေရာမှာတော်တော်တော်တာပဲ။


တွေးကြည့်ပြီးနောက် သူသူ့လက်ထောက်ချောင်အန်းကိုဖုန်းခေါ်ကာ အင်တာနက်သုံးစွဲသူများပြောကြသည့်"လင်ခုံးလုကသရုပ်ဆောင်ချူးကိုစွပ်စွဲပြောဆိုပြီး အန်းစုစုကိုမနာလိုဖြစ်နေတယ်"ဆိုသည့်အရာကိုရှာဖွေဖော်ထုတ်ဖို့ကူညီခိုင်းလိုက်သည်။


လင်ခုံးလုကဒါကိုမသိပေ၊ သူကဧည့်သည်တချို့ကိုယဥ်ကျေးစွာနှုတ်ဆက်ပြီးမှ မတ်တပ်ပြန်ရပ်ကာနည်းပြကိုပြန်စောင့်နေလိုက်သည်။


[ဝိုး၊ ငါရုတ်တရက်ကြီးလင်ခုံးလုကနည်းနည်းချစ်ဖို့ကောင်းတယ်လို့ခံစားလိုက်ရတယ်၊ လူတိုင်းပြောသလိုမဆိုးဘူးလားလို့?]


[+1 ငါအနုပညာအသိုင်းအဝိုင်းကိုအာရုံသိပ်မစိုက်ဖြစ်တာမို့ လူတိုင်းသူ့ကိုဘာလို့မုန်းလဲမသိဘူးရယ်]


[ကြင်ယာတော်ကအရမ်းကောင်းတာပဲ]


[ရေတပ်လိမ့်လိုက်တော့]


[ယို့၊ တိုက်ရိုက်ထုတ်လွှင့်မှလာနေပြီ]


[ကြောင်ဆရာဝန်၊ ကြောင်ဆရာဝန်ကအကောင်းဆုံးပဲ!]


သိသိသာသာကိုပင် အခြေစိုက်စခန်းမှာတိုက်ရိုက်ထုတ်လွှင့်ပြသမှုကိုကြည့်ရင်း လင်ခုံးလုအတွက်တိတ်တခိုးပြောပေးနေကြသည့်စစ်သည်များစွာရှိသည်။


အန်းစုစုနှင့်ချူဖေးမှာလင်ခုံးလုကလူတိုင်းကိုနှုတ်ဆက်သွားပေမဲ့ သူတို့နှစ်ယောက်ကိုချန်ထားခဲ့သဖြင့် သူတို့မျက်နှာထားမှာအနည်းငယ်တောင့်တင်းကာရှက်ရွံ့နေလျက်။


သူတို့ဟာတကယ့်ကိုအဆိုးမြင်သူများပင်။ အတိအကျပြောရရင် ဒီလူနှစ်ယောက်ကလင်ခုံးလုကိုဘယ်တော့မှအကောင်းမမြင်ပေ။


အန်းစုစုအနုပညာအသိုင်းအဝိုင်းထဲပထမဆုံးဝင်လာတုန်းက သူမဟာသူမအတွက်ထောက်တိုင်ရှာဖွေချင်သဖြင့် သူမကငြင်းဆန်ပြီးပြန်နှုတ်ဆက်လိုက်ပေမဲ့ လင်ခုံးလုကသူမနှင့်ဝင်တိုးပြီး သူမကထိုသို့လုပ်ရန်တွန်းအားပေးခံရသည်ဟုထင်ခဲ့သည်။


နောက်ပိုင်းအန်းစုစုနာမည်ကြီးလာပြီး တစ်ယောက်ယောက်ကဒီဗီဒီယိုကိုတင်ကာ သူမ၏စည်းမရှိမှုကိုဖော်ညွှန်းပြောဆိုခဲ့သည်။ အန်းစုစုကသူမ၏ထောက်တိုင်ကိုစိတ်ဆိုးအောင်မလုပ်ချင်သကဲ့သို့ အမည်းစက်ကိုရှင်းပစ်ချင်သဖြင့် သူမကလင်ခုံးလုပေါ်အပြစ်ပုံချကာ လင်ခုံးလုကသူမကိုတိတ်တခိုးထောက်ပံ့ပေးချင်ပေမဲ့သူမကငြင်းဆန်ခဲ့သည်ဟုဆိုခဲ့သည်။


ဘာပဲဖြစ်ဖြစ် လင်ခုံးလုကဒီအတိုင်းအပျော်တမ်းကစားနေသည့်ချမ်းသာကြွယ်ဝသောဒုတိယမျိုးဆက်ဖြစ်ပေသည်။ သူသာအနုပညာအသိုင်းအဝိုင်းမှာအလုပ်မဖြစ်ရင် သူပြန်သွားကာသူ့မိသားစုစီးပွားရေးကိုဆက်ခံလို့ရသည်။ ဒါပေမဲ့သူမကတော့မတူပေ၊ သူမအလုပ်မဖြစ်ရင် သူမ၏အသက်မွေးဝမ်းကြောင်းမှာပျက်စီးသွားလိမ့်မည်ပင်။


သရုပ်ဆောင်ချူဖေးကတော့လင်ခုံးလု၏အရင်းအမြစ်များကိုဖြတ်ခုတ်သွားခဲ့သည်။ ဘယ်သူကဒီအရင်းအမြစ်တွေကိုပိုကောင်းအောင်လုပ်ခဲ့တာလဲ။ ၎င်းကသူ့မိသားစုထဲမှာပိုက်ဆံအနည်းငယ်ရှိသည့်မင်းသားပေါက်စထက်ဘာမှမပိုပေ။ သူအရေးမစိုက်ပေ။ တစ်ဖက်လူကဒီကိစ္စကိုပြောရဲရင် သူဝင်ပြောစရာပင်မလိုဘဲ သူဟာသူ့ဖန်များဆီကတစ်စစီဆွဲစုတ်ခံရလိမ့်မည်ပင်။


ကိစ္စတိုင်းကထင်ထားသလိုတိုးတက်လာခဲ့ပြီး အရင်ဘဝကလင်ခုံးလုပင်ဇာတ်ကြောင်းအရသူ၏ဂုဏ်သတင်းကိုပျက်စီးစေရန်အလို့ငှာ ဒီအပြစ်တင်မှုများကိုလိုလိုလားလားလက်ခံခဲ့ပြီး သူဟာအလွန်ကောင်းမွန်စွာပူးပေါင်းဆောင်ရွက်ခဲ့သည်။


ဒါပေမဲ့အခုတော့အခြေအ​နေကကွဲပြားသွားပြီပင်၊ လင်ခုံးလုမှာနာမည်ဆိုးပြုလုပ်ဖို့မလိုတော့ပေရာ သူထိုနှစ်ယောက်ကိုစကားသွားမပြောတော့ပေ။


အန်းစုစုနှင့်ချူဖေးမှာအနည်းငယ်စိတ်ပူနေမိသည်။ သူတို့စိတ်ဆိုးအောင်လုပ်ခဲ့မိသည့်မင်းသားပေါက်စလေးမှာရုတ်တရက်တော်ဝင်မိသားစုထဲလက်ထပ်ဝင်ရောက်သွားပြီး သူတို့အတိုက်အခံလုပ်လို့မရသည့်တစ်စုံတစ်ရာဖြစ်လာသည်။ သူသူတို့ကိုလက်တုံ့ပြန်လာမှာလား။


ဒါပေမဲ့လင်ခုံးလုကားတော်ဝင်မိသားစုထဲမှာကောင်းကောင်းမနေရဘဲ မင်းသား၂ဆီကနှိပ်စက်ခံနေရကြောင်းအင်တာနက်ပေါ်ကကောလဟာလများကိုတွေးမိရင်း နှစ်ဦးသားအနည်းငယ်စိတ်သက်သာရာရသွားသည်။


ချူဖေးကလက်ဦးမှုရယူကာနိဟောင်ဟုဆိုပြီး ပြောလိုက်သည်။

"ရှောင်လုအစောကြီးလာခဲ့တာပဲ။ ကိုယ်ကြားတာကတော့မင်းအခြေစိုက်စခန်းကိုလွန်ခဲ့တဲ့ရက်အနည်းငယ်ထဲကရောက်နေတာဆို။ ဒီကိစ္စအတွက်နည်းပြကဘယ်သူလဲဆိုတာမင်းလူတိုင်းကိုပြောပြလို့ရလား။ သူကစည်းကမ်းတင်းကြပ်လား။"


သူကားဖော်ရွေပုံပေါက်ပေမဲ့ ပြောသွားသည့်စကားများမှာလင်ခုံးလုကအဆက်အသွယ်ရှိပြီး အခြားဧည့်သည်တို့နှင့်အတူမလာဟု။ သူဟာနည်းပြနှင့်ကြိုတင်ဆက်သွယ်ပြီး အထူးဂရုစိုက်မှုအပေးခံရမည်ဟု။


ထို့အပြင် လင်ခုံးလုနှုတ်ဆက်တုန်းကသူ့ကိုတမင်ကျော်သွားခဲ့ပေမဲ့ သူကလက်ဦးမှုရယူကာရှေ့တိုးလာသဖြင့် သူ့ကိုပို၍ပင်စိတ်သဘောထားယုတ်ညံ့ကာအဆင်အခြင်မဲ့ပုံပေါက်သွားစေသည်။


သေချာတာပေါ့၊ ကောမန့်မှာတစ်ဖန်ဆူညံလာတော့သည်။


လင်ခုံးလုသူ့ကိုထူးဆန်းသောမျက်နှာထားဖြင့်တစ်ချက်ကြည့်ကာ တည်ငြိမ်သောလေသံဖြင့်ပြောလိုက်သည်။

"ကျွန်တော်မသိဘူး၊ ကျွန်တော်ကအခြေစိုက်စခန်းကိုစောစောလာပြီး ဒီကလူတွေကိုဆရာဝန်နဲ့တွေ့ဖို့ကူညီပေးခဲ့တာဆိုတော့ ပရိုဂရမ်အဖွဲ့အကြောင်းဘာမှမသိဘူးရယ်။"


ဒါကိုမြင်တော့ အန်းစုစုကအံ့သြချင်ယောင်ဆောင်ကာပြောလာသည်။

"လင်လောင်ရှီးကဆေးကုတတ်တာလား။ ဒါပြီးရင် ကျွန်မတို့တွေကွင်းဆင်းလေ့ကျင့်ရေးအတွက်ရှင့်အပေါ်အားကိုးရတော့မှာပဲ။"


လင်ခုံးလု: "မရမှာစိုးတယ်၊ မင်းကျွန်တော့်ဆီကအထောက်အပံ့မခံချင်ဘူးမလား။"

မင်းရှေ့တန်းကိုသွားပြီး အင်းဆက်စစ်တပ်ဆီကအကိုက်မခံချင်ရင်ပေါ့။


[သူမသေတဲ့အထိတွန်းပို့ခံလိုက်မှာစိုးတယ် ဟက်]


[ဖာ့ခ်၊ ချူဖေးနဲ့အန်းစုစုစကားပြောပုံကဘယ်လိုကြီးတုန်း?]


[ဟက်၊ လင်ခုံးလုရဲ့အနောက်တံခါးပေါ်သွားတော့ ဖန်တွေကရှက်လွန်းလို့ဒေါသထွက်လာတာလား။]


[ကြောင်ဆရာဝန်၊ ကျားယို့၊ ကြောင်ဆရာဝန်ကအတော်ဆုံးပဲ!]


[ရေတပ်လိမ့်လိုက်တော့]


[ကြောင်တာဝန်ကဘယ်သူတုန်း?]


[ဟက်၊ ဆရာဝန်ရဲ့ဇာတ်ကောင်ဒီဇိုင်းကပါလာသေးတယ်]


ထိုစဥ် နည်းပြရောက်လာပြီး တစ်ဖက်လူကိုလင်ခုံးလုကိုမြင်သည်နှင့်နှုတ်ဆက်လာသည်။

"မောနင်းပါ၊ ကြောင်ဆရာဝန်။"


အင်တာနက်သုံးစွဲသူများ: ??


လင်ခုံးလုလည်းနားမလည်ပေ၊ ကြောင်ဆရာဝန်ကဘာကြီးတုန်း?


ဒါပေမဲ့သူ့ကိုပို၍ပင်အံ့သြသွားစေသည့်အရာမှာ နည်းပြကတကယ်တမ်းခယ့်လီစစ်ဖြစ်နေခြင်းပင်။


နည်းပြကိုပြောရရင် အစတုန်းကလန်ဇယ်မှာနည်းပြဖြစ်ချင်ပေမဲ့ အကြေးခွံကျွတ်ခြင်းကဲ့သို့သောအရာမျိုးနှင့်ကြုံတွေ့လိုက်ရချိန်မှာတော့ သူဒီစိတ်ကူးကိုလမ်းတစ်ဝက်မှာလက်လျှော့လိုက်ရသည်။


လင်ခုံးလုဒီအတွက်အလွန်ကျေးဇူးတင်မိသည်။ လန်ဇယ်ကနည်းပြလာလုပ်ရင် ဒီဟာကသူ့အတွက်အထူးဂရုစိုက်မှုမှန်းအရူးပင်ခံစားမိလိမ့်မည်ပင်။


သူနှင့်လန်ဇယ်မှာထိုစိတ်ကူးမရှိဘဲ ၎င်းကလုံးဝမလိုအပ်ဟုခံစားလိုက်ရသည်။ သူတို့က"အိပ်မက်စစ်သည်၊ ၇ရက်နှင့်၇ည"၏ပထမဆုံးအပိုင်းအနည်းငယ်ကိုအတူကြည့်ခဲ့ကြပြီး လေ့ကျင့်ရေးဆင်းမှုကသိပ်မဆိုးဟုခံစားလိုက်ရသည်။


ဒီပရိုဂရမ်၏လေ့ကျင့်ရေးဆင်းမှုကားပြင်းထန်သည်ဟုအင်တာနက်ပေါ်မှာပြောထားပေမဲ့လည်း ၎င်းမှာအမှန်တော့စစ်သည်တို့၏လေ့ကျင့်ရေးထက်အများကြီးပိုပျော့သည်။


၎င်းဟာလည်းပုံမှန်ဖြစ်သည်။ အဆုံးတွင်၎င်းကရသစုံရှိုးဖြစ်ပြီး ဧည့်သည်အကုန်လုံးမှာကြယ်ပွင့်များဖြစ်ကြသဖြင့် ၎င်းတို့ကိုစစ်မြေပြင်သွားသည့်စစ်သည်များကဲ့သို့လေ့ကျင့်ပေးဖို့ကမဖြစ်နိုင်။ လေ့ကျင့်ရေးဆင်းမှုကပြင်းထန်လွန်းရင် ရှိုးကြည့်နေသည့်လူငယ်များကို​ကြောက်လန့်သွားစေလိမ့်မည်ဖြစ်ပေရာ အာကာသတပ်ဖွဲ့ဝင်ဖို့အသာထား၊ ကျော်ကြားမှုပါဆုံးရှုံးသွားမှာမဟုတ်ဘူးလား။


ဒါပေမဲ့လင်ခုံးလုမထင်ထားမိသည့်အရာမှာ သူနှင့်လန်ဇယ်ကစိတ်မပူဘဲ မော့ကအတော်လေးစိတ်ပူနေပြီး ခယ့်လီစစ်ကိုနည်းပြအဖြစ်တိတ်တခိုးစိီစဥ်ခဲ့သည်ပင်။


ခယ့်လီစစ်ကားလေးနက်မှုရှိကာတရားမျှတပြီးကိုယ်ကျိုးမငဲ့သည့်မပြင် လင်ခုံးလုကိုကျေးဇူးတင်နေသည်။ သူ၏ညွှန်ကြားမှုမပြဘဲ တစ်ဖက်လူကို​သူ့ကိုသေချာပေါက်ဂရုစိုက်ပေးလိမ့်မည်ဟုမော့ကယုံသည်။


ထို့အပြင် ခယ့်လီစစ်ဟာအခြေစိုက်စခန်း၏မက်ခါစစ်သည်ဝိဇ္ဇာတစ်ဦးဖြစ်သည်။ သူ့လက်များမှာအင်းဆက်အဆိပ်ကူးစက်ခံရပြီးနောက်ပိုင်းတစ်မျိုးတစ်ဖုံးပျော့ပြောင်းသွားပေမဲ့လည်း ၎င်းဟာရသစုံရှိုးမှာနည်းပြဖြစ်ဖို့သေချာပေါက်အရည်အချင်းပြည့်မှီလွန်းပေသည်။


လင်ခုံးလုမှာခယ့်လီစစ်၏ပေါ်ပေါက်လာမှုကြောင့်တစ်အောင့်ကြာအံ့အားသင့်သွားကာ ထိုအကြောင်းသိပ်မတွေးလိုက်ပေမဲ့ လန်ဇယ်ကတော့တမဟုတ်ချင်းမည်းတူးသွားသည်။


ဒါပေမဲ့ထိုစဥ် ကျည်ဆန်စခရင်မှာ"ဝိုး၊ နည်းပြကအရမ်းချောတာပဲ"ဟုအပြည့်ဖြစ်နေတာမို့ သူ့ကိုဖော်ပြမရအောင်ဇဝေဇဝါဖြစ်သွားစေသည်။


သူမော့ကိုတိုက်ရိုက်ခေါ်ကာမေးလိုက်သည်။

"လက်မောင်းဒဏ်ရာရထားတဲ့မက်ခါစစ်သည်တစ်​ယောက်ကိုလွှတ်ဖို့လိုအပ်လောက်အောင် အခြေစိုက်စခန်းမှာလူမရှိလို့လား။"


မော့ကပြန်မေးသည်။

"ဒါဆို.....ခယ့်လီစစ်ကိုလူစားလဲလိုက်ရင်ကော?"


လန်ဇယ်တိတ်ကျသွားပေမဲ့ တစ်အောင့်ကြာမှပြောလိုက်သည်။

"မလိုဘူး။"


အခုလူလဲလိုက်တဲ့အဓိကအကြောင်းရင်းကဘာလဲ။ ကြောင်ငပျင်းလေးသိရင် သေချာပေါက်ရယ်လိမ့်မည်ပင်။


ခယ့်လီစစ်ကတိုင်းတာရာမှာအလွန်တော်ပြီး လင်ခုံးလုကိုနှုတ်ဆက်ပြီးနောက် သူဟာအခြားဧည့်သည်များကိုတူညီသောအပြုံးလေးဖြင့်နှုတ်ဆက်လိုက်သည်။


ကျည်ဆန်စခရင်မှာ"ဒီတစ်ခေါက်နည်းပြကအရမ်းဖော်ရွေတာပဲ" ၊ "သိသိသာသာကိုသူကလင်ခုံးလုကိုအရင်နှုတ်ဆက်ပြီးမှ အနောက်တံခါးကဖြတ်ဝင်လာတဲ့ကိစ္စကိုဖုံးကွယ်ဖို့ အခြားဧည့်သည်တွေကိုနှုတ်ဆက်ခဲ့တာ"ဟုတို့ဖြင့်ပြည့်သွားသည်။


ဒါပေမဲ့တကယ်တော့ ခယ့်လီစစ်မှာပထမဆုံးရောက်လာတုန်းတစ်ခဏသာဖော်ရွေမှုရှိပြီး လေ့ကျင့်ရေးဆင်းမှုတရားဝင်စတင်ချိန်မှာ သူကားအလေးအနက်ဖြစ်သွားသယောင်။


စစ်သည်ကိုယ်နေဟန်ထားဖြင့်ရပ်နေစဥ် သူကလူတိုင်းကိုညီတူညီမျှဆက်ဆံကာ သူတို့ကိုတစ်ယောက်ချင်းစီအမှန်ပြင်ပေးပြီး အသေးစိတ်တိကျသေချာမှုရှိသည်။


လေ့ကျင့်ရေးဆင်းမှုအတွင်းမှာ သူဟာလည်းတောက်လျှောက်လေးနက်သောမျက်နှာရှိလျက် အလွန်စည်းကမ်းတင်းကြပ်လှသည်။


ဒီကမ္ဘာကလက်နက်များကိုနားမလည်သောကြောင့်မီးထဲဝင်လုမတတ်ဖြစ်သွားသဖြင့် လင်ခုံးလုပင်အစကပြစ်တင်ပြောဆိုခံလိုက်ရသည်။


[666၊ ငါမှားသွားတယ်၊ ဒီနည်းပြကအရမ်းတင်းကြပ်တာပဲ]


[အရင်အပိုင်းတွေကထက်ပိုတင်းကြပ်သလိုခံစားရတယ်]


[စုစုအဆူခံလိုက်ရလို့ငိုသွားပြီ၊ ဒါတမင်လုပ်တာပဲ]


[လင်ခုံးလုစီစဥ်ထားတာဖြစ်ရမယ်၊ သရုပ်ဆောင်ချူတောင်အပြစ်ပေးခံလိုက်ရတယ်]


[လင်ခုံးလုလည်းခုနကအဆူခံခဲ့ရတာပဲကို]


[ကြိတ်ပြောနေကြတဲ့သူတွေရေ၊ နည်းပြရဲ့ကိုယ်ရေးအကျဥ်းချုပ်ကိုစစ်ကြည့်လိုက်အုံး။ တတိယအခြေစိုက်စခန်းရဲ့မက်ခါစစ်သည်ဝိဇ္ဇာကအထူးစစ်လေ့ကျင့်ရေးတွေကိုအကြိမ်ပေါင်းများစွာအောင်မြင်ခဲ့ပြီးတော့ ဖြောင့်မတ်မှန်ကန်တဲ့ပင်ကိုယ်စရိုက်ရှိပြီး အာဏာကိုမကြောက်ဘူးရယ်။]


[ငါသိတယ်၊ သူကမင်းသားလန်ရုန်ကိုလည်းဆန့်ကျင်ခဲ့တာ၊ လင်ခုံးလုအပေါ်သနားညှာတာမှုမရှိတာမဆန်းပါဘူး။]


[ဟားဟား၊ လင်ခုံးလုတော့ငိုရတော့မယ်၊ မင်းသား၂စီစဥ်ထားတာဘဲနေမှာ၊ မင်းသား၂ကသူ့ကိုတကယ်မမြင်ချင်တဲ့ပုံပဲ]


သို့သော်လည်း လေ့ကျင်းရေးဆင်းမှုအပြီးနားချိန်အတွင်းမှာ ခယ့်လီစစ်ကရေတစ်ပုလင်းကိုင်ကာလင်ခုံးလုရှေ့လျှောက်လာပြီး သူ၏မည်းတူးနေသောမျက်နှာမှာအနည်းငယ်နီရဲလျက် သူကတင်းမာသောအသံဖြင့်ပြောလာသည်။

"ကျွန်တော်တောင်းပန်ပါတယ် ကြောင်ဆရာ...အဟမ်း၊ အဲလေ ကြင်ယာတော်ကိုတောင်းပန်ပါတယ်၊ ကျွန်တော်ခုနကလေ့ကျင့်ရေးဆင်းမှုအတွင်းမှာဘယ်နှကြိမ်လောက်စိတ်ဆိုးအောင်လုပ်ခဲ့မိ...."


လင်ခုံးလု: "?"


စခရင်: ...


"ရပါတယ်၊ ဒါကမင်းလုပ်သင့်တဲ့အရာပဲလေ။"

လင်ခုံးလုအမြန်ဖြတ်ပြောလိုက်ပြီး တစ်အောင့်ကြာတွေးကာမေးလိုက်သည်။

"မင်းရဲ့လက်ပိုကောင်းလာပြီလား။"


"ပိုကောင်းလာပါပြီ။"

ခယ့်လီစစ်ကကျေးဇူးတင်သောမျက်နှာပေးဖြင့်အမြန်ပြောလာသည်။


ဒီရက်ပိုင်းလန်ဇယ်မှာဆေးဝါးညွှန်ကြားမှုပေးပြီး ထိန်းသိမ်းထားသည့်စိတ်ဝိညာဥ်လက်ဖဝါးရာနည်းလမ်းကိုတိုးတက်အောင်လုပ်ကာ စိတ်ဝိညာဥ်လက်ဖဝါးရာကိုထိန်းသိမ်းနိုင်သည့်"ဆေးအကာ"ကိုလုပ်ခိုင်းလိုက်သည်။


လင်ခုံးလုကထိရောက်မှုရှိသည့်စိတ်ဝိညာဥ်လက်ဖဝါးရာဖိနှိပ်လိုက်ပြီးနောက် ၊ ရွှေရောင်ကြောင်လက်ဖဝါးရာမှာ"ဆေးအကာ"ပေါ်တွင်ရှိနေပြီး အင်းဆက်အဆိပ်ကူးစက်ခံထားရသည့်လူတစ်ယောက်မှာစိတ်ဝိညာဥ်လက်ဖဝါးရာကိုကူးစက်ခံထားရသည့်နေရာပေါ်မှာပလာစတာပမာကပ်ကာ အဆိပ်ကိုကုသနိုင်သည်။ ထိရောက်မှုကားလက်ဖဝါးနှင့်တိုက်ရိုက်ဖိနှိပ်တာနှင့်အတူတူပင်။


ခြုံပြောရရင် လင်ခုံးလုအခြားသူများအပေါ်ကြောင်လက်ဖဝါးရာဖိနှိပ်ခြင်းမှကာကွယ်ရန်အလို့ငှာ လန်ဇယ်ကလုပ်ခဲ့တာဖြစ်သည်။


"ဆေးအကာ"မှာသိပ်မကြာသေးခင်ကမှသုတေသနလုပ်ထားခဲ့ပြီး အစပိုင်းထုတ်လုပ်မှုမှာအလွန်နှေးကွေးလှသည်။ ပထမတစ်သုတ်ရောက်လာချိန်တွင် လင်ခုံးလုကဆေးအကာအကုန်လုံးပေါ်မှာ တစ်ညတည်းနှင့်ကြောင်လက်ဖဝါးရာဖိနှိပ်ခဲ့သည်။


ခယ့်လီစစ်ကဆေးအကာသုံးရသည့်ပထမဆုံးကူးစက်ခံထားရသူဖြစ်ပြီး အခုဆိုသူ့လက်မောင်းမှာပျောက်ကင်းသလောက်ပင်။


လင်ခုံးလုကြောင့်သာမဟုတ်ရင် သူအခုဆိုမသန်စွမ်းဖြစ်သွားလောက်မည်မှန်းသူသိနေတာမို့ လင်ခုံးလုကိုအလွန်ကျေးဇူးတင်နေမိသည်။ ဒါပေမဲ့သူဘယ်လိုကျေးဇူးပြန်ဆပ်ရမလဲမသိပေ။ လေ့ကျင့်ရေးဆင်းမှုအတွင်းမှာရေပေးဖို့မလွယ်သဖြင့် လေ့ကျင့်ရေးဆင်းအပြီးအနားယူချိန်အတွင်းမှာ သူနည်းလမ်းမျိုးစုံဖြင့်ရေနှင့်အစားအသောက်ယူလာခဲ့သည်။


အင်တာနက်သုံးစွဲသူများ: .....


[ခုနကလင်ခုံးလုကံဆိုးတော့မယ်လို့ဘယ်သူပြောခဲ့တာလဲ။]


[+1၊ အရှင့်သားလန်ဇယ်ရဲ့ခေါင်းကနည်းနည်းစိမ်းနေသလိုခံစားလိုက်ရတယ်]


[နည်းနည်းစိမ်းနေတယ် +1]


[မင်းသား၂ကသူ့ကိုမကြိုက်တာမို့ သူဂရုစိုက်စရာမလိုပါဘူး]


အခုလေးတင်သူ့လက်ထောက်ချောင်အန်းနှင့်ဖုန်းပြောပြီးသွားလို့ အနောက်လှည့်ကာတိုက်ရိုက်ထုတ်လွှင့်ပြသမှုဆက်ကြည့်နေတဲ့လန်ဇယ်: "?"


_____________________________________