လန်ဇယ်ဂရုစိုက်လား။ လန်ဇယ်သေလောက်အောင်ဂရုစိုက်တာပေါ့!
ဒါပေမဲ့သူအကြေးခွံလဲနေဆဲငါးမြှီးကိုငုံ့ကြည့်ကာ အနည်းငယ်ရွံရှာသွားမိသည်။
ကျွတ်၊ ရုပ်ဆိုးလိုက်တာ၊ ငါအချိန်ခဏလောက်ကြောင်ငပျင်းအမြင်ခံလို့မဖြစ်ဘူး၊ အဲ့ကောင်ကယန်ထိန်းချုပ်မှုပဲ။
ဒုတိယမြောက်နေ့တွင် လေ့ကျင့်ရေးအိုင်တမ်များမှာရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုနှင့်တောင့်ခံနိုင်မှုလေ့ကျင့်ရေးဖြစ်နေဆဲပင်။ လေ့ပကျင့်ရေးအဆုံးမှာ လင်ခုံးလုမှအပ လူတိုင်းမောပန်းနွမ်းနယ်နေကြသည်။
[ဟေ့၊ ငါရုတ်တရက်လင်ခုံးလုရဲ့ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကမထင်မှတ်ထားလောက်အောင်သန်မာနေတာကိုတွေ့လိုက်ရတယ်]
လူတချို့မှာသူ့အပေါ်သူတို့အမြင်ကိုတဖြည်းဖြည်းချင်းစတင်ပြောင်းလဲလာကြသည်။
တတိယမြောက်နေ့တွင် လေ့ကျင့်ရေးအိုင်တမ်များမှာအတားအဆီးကိုကျော်လွှားခြင်းနှင့်တွယ်တက်ခြင်းဖြစ်သည်။ လင်ခုံးလုအရှိန်တင်လိုက်ပြီး အလွန်စိတ်လှုပ်ရှားကာသူ့ကြောင်နားရွက်များကိုထုတ်ပြမိမတတ်ပင်။ ကြောင်ဗီဇနိုးထလာပြီးနောက်ပိုင်း ဒီဟာများဟာသူ၏အထူးကျွမ်းကျင်မှုဖြစ်သည်။
သေချာတာပေါ့၊ အတားအဆီးများကိုဖြတ်သန်းချိန်မှာ သူလေ့ကျင့်ရေးဆင်းဖို့လိုအပ်ခဲကာ သူ့ခန္ဓာကိုယ်မှာပျံလွှားငှက်ပမာပေါ့ပါးလှပြီး ပြားကပ်ကပ်မြေပြင်ပေါ်မှာလမ်းလျှောက်နေသည့်အလား သူဟာတန်းကိုမျက်စိတစ်မှိတ်အတွင်းခုန်ကျော်သွားသည်။
[...ခုနကဘာပျံသွားတာလဲဟင်?]
[ခုန်နေတဲ့ပုံလေးကချစ်စရာလေးဟယ်]
အချိန်မှတ်ဖို့တာဝန်ယူထားသည့်စက်ရုပ်မှာလည်းဇဝေဇဝါဖြစ်လျက် ခေါင်းလှည့်ကာခယ့်လီစစ်ကိုမိန်းမောစွာမေးလာသည်။
"စံချိန်ချိုးသွားပြီ။"
ခယ့်လီစစ်အံ့သြသွားကာမေးလိုက်မိသည်။
"ဘယ်လိုစံချိန်ချိုးသွားတာလဲ။"
ထိုကဲ့သို့စံချိန်များစွာရှိသည်၊ ဥပမာ လူသစ်စံချိန်၊ လူဟောင်းစံချိန်ကဲ့သို့သော....
"အရှင့်သားလန်ဇယ်ရဲ့စံချိန်။"
သူစဥ်းစားလို့မပြီးသေးခင် စက်ရုပ်ကပြန်ဖြေလာသည်။
ခယ့်လီစစ်: "?!"
အရှင့်သားလန်ဇယ်၏စံချိန်ကားအခြေစိုက်စခန်း၏သမိုင်းထဲတွင်အမြင့်ဆုံးဖြစ်ပြီး ငါးနှစ်ဆက်တိုက်စံချိန်ချိုးမသွားခဲ့ပေ။
[အဲ့လောက်ချဲ့ကားနေတာလား။ ဟုတ်လို့လားဟ?]
[U1s1 ၊ တော်တော်လေးမြန်သားပဲ။ တိုက်ရိုက်ထုတ်လွှင့်ပြသမှုမှန်းသေချာမနေတာကြောင့်မဟုတ်ရင် ဗီဒီယိုကိုအရှိန်မြန်လိုက်တယ်လို့ငါသံသယဝင်မိမှာ။]
အတားအဆီးကိုကျော်လွှားရာမှာလင်ခုံးလု၏လုပ်ဆောင်ချက်ကအံ့သြစရာကောင်းလို့ရှိရင် တွယ်တက်ရာမှာမေးရိုးပြုတ်ကျစရာကောင်းလှသည်။
သူကားခါးပတ်ကြိုးပတ်လိုက်ပြီးနောက် ဂြိုဟ်၏မြေဆွဲအားကိုလျစ်လျူရှုလိုက်ပုံရပြီး မတ်စောက်သောကျောက်နံရံပေါ်တွယ်တက်သွားချိန်တွင် "အားအားအား"ဟုပေါက်ကွဲထွက်လာပြီး သူဟာမျက်စိတစ်မှိတ်အတွင်းထိပ်ဆုံးရောက်သွားသည်။
အချိန်မှတ်ရသည့်စက်ရုပ်: "စံချိန်ချိုးသွားပြန်ပြီ၊ အရှင့်သားလန်ဇယ်ရဲ့ဟာ။"
ခယ့်လီစစ်: "?!!"
လက်ရှိအခြားဧည့်သည်များ: "...." မင်းတို့ရက်စက်လိုက်တာ၊ သူကအသုံးမကျဘူးလို့ သူတို့အကုန်လုံးမပြောခဲ့ကြဘူးလား။
ဘာပဲဖြစ်ဖြစ် ရလဒ်များပေါင်းလိုက်ချိန်တွင် သူတို့ဒီကောင်လေးနှင့်မယှဥ်ချင်လေတော့။
လင်ခုံးလုကိုဒီဧည့်သည်များနှင့်အတူလေ့ကျင့်ရေးဆင်းခိုင်းတာကရှော့ခ်ရစရာကောင်းလွန်းလှသည်ဟုခယ့်လီစစ်ခံစားလိုက်ရသဖြင့် သူတုံ့ဆိုင်းလျက်ပြောလိုက်မိသည်။
"အကောင်းဆုံးလေ့ကျင့်ရေးလုပ်ဆောင်ချက်နဲ့လူကအနားယူတဲ့ဘက်ကိုအရင်သွားလို့ရပါပြီ။"
ဒီဟာကအရင်အပိုင်းများရှိစည်းမျဥ်းဖြစ်ပြီး ဒါကိုကြားလိုက်ရသော် အခြားဧည့်သည်များမှာသက်မချလိုက်မိသည်။
ဒါပေမဲ့အမည်းဖန်များကပြောဆိုနေကြဆဲပင်: ဒီကိုလာ၊ ရေတပ်လွှတ်လိုက်တော့!
သို့သော်လည်း တစ်စုံတစ်ယောက်ကအမြန်ခွန်းတုံ့ပြန်လာသည်: "လက်နက်ချလိုက်တော့၊ ငါမင်းရဲ့အိုင်ဒေါအန်းစုစုကိုမမြင်ရလို့စိတ်သက်သာရာရမိတယ်၊ အခြားလူတွေထဲမှာ လင်ခုံးလုရဲ့ရုပ်ပိုင်းဆိုင်ရာခွန်အားကတကယ်သန်မာတယ်။"
အန်းစုစုအပြင် ဧည့်သည်များထဲတွင်ကျိချောင်ဟုအမည်ရသည့်မိန်းမငယ်လေးလည်းရှိသည်။
ဒီမိန်းကလေး၏အဆင့်များမှာလွန်ခဲ့တဲ့နှစ်ရက်ကတည်းမကောင်းပေ၊ ဒီနေ့ဆို သူမကအတားအဆီးကိုကျော်လွှားခြင်းနှင့်တွယ်တက်ခြင်း၌စံသတ်မှတ်ချက်ကိုမရောက်နိုင်ခဲ့ပေ။ အဆုံးတွင် သူမမှာတကယ်ရွေးချယ်စရာမရှိတော့ပါဘဲလင်ခုံးလုကိုမေးလိုက်ရသည်။
"လင်လောင်ရှီးရှင့်၊ ဒီလောက်ကောင်းတဲ့အဆင့်တွေရအောင်ဘယ်လိုလုပ်ခဲ့လဲဟင်?"
မိန်းကလေး၏မျက်နှာမှာရှက်သွေးဖြာနေပေမဲ့ လင်ခုံးလုမှာတကယ်ကူကယ်ရာမဲ့လျက်။ သေချာတွေးကြည့်ပြီးနောက် သူပြောရုံသာတတ်နိုင်သည်။ "မင်းမှာပါရမီရှိရမယ်။"
ကျိချောင်: "?"
"မွေးရာပါပါရမီစွမ်းရည်လေ။"
လင်ခုံးလုအလေးအနက်ရှင်းပြလိုက်သည်။
"မင်းလက်တွေကိုမြေကြီးပေါ်မှာတင်လိုက်ရင် ပိုပြီးတော့မြန်သွားနိုင်တယ်။"
ကျိချောင်ရုတ်ခြည်းသဘောပေါက်သွားကာပြောလိုက်မိသည်။
"ရှင့်ရဲ့ဗီဇနိုးထလာတာလား။"
လင်ခုံးလုခေါင်းငြိမ့်ပြလိုက်သည်။
ကျိချောင်ကချက်ချင်းမနာလိုဖြစ်သွားပုံရကာပြောလာသည်။
"အဲ့ဒါကကျားဖြူကြီးဖြစ်ရမယ်၊ ပိုပိုပြီးသန်မာလာတာမဆန်းပါဘူးလေ။"
လင်မိသားစု၏ဘိုးဘေးထဲရှိတစ်စုံတစ်ယောက်မှာကျားဖြူဗီဇနိုးထလာခဲ့သည်ဟုအင်တာနက်ပေါ်ကအတင်းအဖျင်းကိုသူမမှတ်မိသွားသည်၊ ဒီတော့လင်ခုံးလုသာဗီဇနိုးထလာရင် ကျားဖြူဖြစ်နိုင်သည့်မြင့်မားသောဖြစ်နိုင်ချေရှိသည်။
မထင်မှတ်ထားစွာဖြင့် လင်ခုံးလုကြားလိုက်ရချိန် သူ့မျက်နှာထားမှာရုတ်ခြည်းထူးဆန်းသွားကာ တိုးတိုးပြောလိုက်မိသည်။
"မဟုတ်ဘူး၊ အဲ့ဒါကမ..."
ကျိချောင်ကသတိမထားမိဘဲ သူ့ဘေးမှာသက်ပြင်းချလာသည်။
"တကယ်တော့ ကျွန်မလည်းဗီဇနိုးထလာခဲ့ပေမဲ့ အသုံးမဝင်တဲ့ပုံပဲ။"
"ဘယ်လိုဖြစ်နိုင်မှာလဲ။ နိုးထလာတဲ့ဘယ်ဗီဇမဆိုအသုံးဝင်ပါတယ်။"
လင်ခုံးလုသူမကိုနှစ်သိမ့်ပေးပြီးမှမေးလိုက်သည်။
"မင်းဘာဗီဇနိုးထလာတာလဲ။"
"မျောက်မောင်းမ။" ကျိချောင်ကခါးသက်သောမျက်နှာဖြင့်ဆိုသည်။
လင်ခုံးလု: "အာ...."
[ဟားဟားဟား၊ မျောက်မောင်းမတဲ့၊ ငါရယ်သေပြီ]
[ချောင်ချောင်အချိန်တိုင်းအနှေးဆုံးတစ်ယောက်ဖြစ်နေတာမဆန်းပါဘူး၊ မျက်နှာကိုအုပ်ထားမိပြီ]
"မင်း၊ မင်း...." လင်ခုံးလုလည်းကူကယ်ရာမဲ့သွားကာပြောလိုက်မိသည်။
"မျောက်မောင်းမရဲ့စရိုက်သဘာဝလွှမ်းမိုးမှုကိုလျစ်လျူရှုဖို့ကြိုးစားကြည့်ပါလား။"
[ဟားဟား၊ ခုနက'နိုးထလာတဲ့ဘယ်ဗီဇမဆိုအသုံးဝင်ပါတယ်'လို့ဘယ်သူပြောခဲ့တာလဲ?]
ကျိချောင်ကမျက်နှာမဲ့နေသေးကြောင်းမြင်လိုက်ရသဖြင့် လင်ခုံးလုထပ်ပြောလိုက်သည်။
"မင်းရေကူးတဲ့နေရာမှာအရမ်းတော်မှာပါ။"
သူသူမကိုနှစ်သိမ့်ပေးနေမှန်းသိနေရင်းဖြင့် ကျိချောင်ကျေးဇူးတင်စွာပြောလိုက်သည်။
"ကျွန်မပိုကြိုးစားပါ့မယ်။"
လင်ခုံးလု: "သွားတော့၊ ကျားယို့။"
[ဝိုး၊ ငါရုတ်တရက်လင်ခုံးလုကအရမ်းနွေးထွေးတယ်လို့ခံစားလိုက်ရတယ်၊ သူကသူမကိုနှစ်သိမ့်ပေးဖို့တကယ်ကြိုးစားနေတာပဲ။]
ကျိချောင်ကလင်ခုံးလု၏နည်းလမ်းနောက်လိုက်ကာ မျောက်မောင်းမ၏စရိုက်သဘာဝလွှမ်းမိုးမှုကိုအတတ်နိုင်ဆုံးကြိုးစားကာလျစ်လျူရှုခဲ့ပြီး နောက်ဆုံးမှာအတားအဆီးကိုခက်ခက်ခဲခဲကျော်လွှားနိုင်ခဲ့ပေမဲ့ ထို့နောက်နံရံပေါ်ဆက်တက်ရပြန်သည်။
လင်ခုံးလု: တကယ်တော့ ဒီကောင်မလေးကတွယ်တက်တဲ့နေရာမှာတော်နေတုန်းဆိုပေမဲ့ မျောက်မောင်းမရဲ့စရိုက်သဘာဝကြောင့်အရှိန်ကအရမ်းနှေးလွန်းတယ်။
အဆုံးသတ်တွင် လူတိုင်းပြီးမြောက်သွားကြပြီး ကျိချောင်တစ်ယောက်သာကြိုးစားပမ်းစားလုပ်နေဆဲပင်။
သူတို့ခုနကပြောခဲ့သည့်စကားလုံးအနည်းငယ်ကြောင့်လား၊ ဒါမှမဟုတ် ဒီကောင်မလေးမှာဇွဲလုံ့လဝီရိယရှိတာကြောင့်လားမသိ၊ လင်ခုံးလုသူမကိုအရေးစိုက်နေခဲ့သည်။
ထိုစဥ် ကျိချောင်ကလမ်းတစ်ဝက်မှာခြေချော်သွားကာ ရုတ်တရက်လေပေါ်နင်းမိပြီး ကျောက်နံရံပေါ်ကပြုတ်ကျလာသည်။ သူမခါးကခါးပတ်ကြိုးမှာလည်း အကြောင်းတချို့ကြောင့် ဒီအချိန်မှာပြေလျော့သွားသည်။
[ဖာ့ခ်!!!]
[ချောင်ချောင်!]
၎င်းကိုမြင်လိုက်ရသည့်လူတိုင်းထိတ်လန့်သွားကြပြီး တိုက်ရိုက်ထုတ်လွှင့်ပြသမှုအခန်းထဲကလူတိုင်းမိန်းမောသွားကြပြီး သူတို့မျက်လုံးကိုကြောက်လန့်တကြားအုပ်ကာ ထပ်မကြည့်ရဲတော့ပေ။
လုံခြုံရေးတာဝန်ကျသည့်မက်ခါပိုင်းလော့မှာသူမကိုကယ်ဖို့ချက်ချင်းရှေ့တိုးလိုက်ပေမဲ့ တစ်စုံတစ်ယောက်ကသူ့ထက်ပိုမြန်ပြီး ကျောက်နံရံပေါ်"ဝှစ်"ခနဲခုန်တက်သွားကာ ကျိချောင်ကိုလက်တစ်ဖက်ဖြင့်ဖမ်းပြီးမှ အနောက်လှည့်ကာခုန်ချလိုက်ပြီး ခြေလက်လေးချောင်းဖြင့်အသာအယာဆင်းသက်လိုက်ကာ မထင်မှတ်ထားစွာအသံတစ်သံမျှမထွက်သွားပေ။
လက်ရှိလူတိုင်း: "....."
တိုက်ရိုက်ထုတ်လွှင့်ပြသမှုအခန်းထဲကအင်တာနက်သုံးစွဲသူများ: "....."
[ဘုရားရေ၊ ခုနကဘာဖြစ်သွားတာတုန်း? အရမ်းမြန်တာပဲ!]
[ငါငွေရောင်အရိပ်'ဝှစ်'ခနဲဖြတ်သွားပြီးတော့ လူကယ်လိုက်တာကိုဘဲမြင်လိုက်ရတယ်။]
[အားးး! ချောင်ချောင်အဆင်ပြေတယ်၊ ချောင်ချောင့်ကိုကယ်ပေးတဲ့အတွက်လင်ခုံးလုကိုကျေးဇူးတင်ပါတယ်လို့!]
[သိချင်လိုက်တာ၊ သူတကယ်ကြီးကျားဖြူဗီဇနိုးထလာတာလား။]
ကျိချောင်မှာလည်းကြောက်လန့်မှုကြောင့်မိန်းမောနေမိပြီး သူမအသိပြန်ဝင်လာချိန်တွင် သူမ"ဝူး"ခနဲဆိုကာ လင်ခုံးလုကိုဖက်ပြီးအော်ငိုမိသည်။
လင်ခုံးလု၏ခွန်အားကိုကောင်းကောင်းသိထားပြီး မက်ခါစစ်သည်များကသူမကိုသေချာပေါက်ကယ်နိုင်စွမ်းရှိမှန်းသိနေသည့်လန်ဇယ်မှာ ဒီမြင်ကွင်းကိုမြင်လိုက်ရပြီးနောက်အံကြိတ်ကာတွေးလိုက်သည်: ဒီကြောင်ငပျင်းလေးကတကယ်စနောက်တတ်တာပဲ။
လေ့ကျင့်ရေးကွင်းပြင်မှာ ခယ့်လီစစ်ကအခြေအနေကိုစစ်ဆေးရန်အမြန်ရှေ့တိုးလာသည်။ သူတို့နှစ်ယောက်လုံးအဆင်ပြေမှန်းမြင်လိုက်ရတော့ သူသက်မချလိုက်မိပြီးမှ ကျိချောင်ကိုပြောလိုက်သည်။
"အရင်နားကြစို့။"
ဒီမြင်ကွင်းကိုမြင်လိုက်ရသော် အန်းစုစုကတိတ်တခိုးမျက်လုံးလှိမ့်လိုက်သည်။
နားချိန်အတွင်းမှာ ခယ့်လီစစ်ကလင်ခုံးလုအတွက်ရေယူပေးပြန်တာကိုအန်းစုစုမြင်လိုက်ရကာ ရုတ်တရက်ပြောလာသည်။
"လင်လောင်ရှီးနဲ့နည်းပြမှာကောင်းမွန်တဲ့ဆက်ဆံရေးရှိတာပဲ။"
ဒါကိုမြင်လိုက်ရသော် ချူဖေးကလည်းဝမ်းနည်းချင်ယောင်ဆောင်ကာ တစ်ဝက်စနောက်သောလေသံဖြင့်ပြောလာသည်။
"နည်းပြကတကယ်ဘက်လိုက်တာပဲနော်၊ သူကရှောင်လုအတွက်ပဲရေယူလာပေးတယ်၊ တို့တွေအတွက်ကျမပါဘူး။"
"ဖြစ်နိုင်တာကလင်လောင်ရှီးကကျွန်မတို့ထက်လှလို့ဖြစ်မယ်ထင်တယ်? ဟားဟား!" အန်းစုစုကဟန်ဆောင်ပန်ဆောင်ပြောလာသည်။
ရေကမ်းပေးပြီးနောက် ခယ့်လီစစ်ကခဏထွက်သွားကာ နောက်ဘာဖြစ်မယ်မှန်းမသိတော့ပေ။
လင်ခုံးလုကအန်းစုစုကိုတစ်ချက်ကြည့်ကာ မထူးခြားမခြားနားပြောလိုက်သည်။
"စိတ်မရှိပါနဲ့၊ ကျွန်တော်ကမင်းထက်ပိုလှတယ်လေ။"
ထို့နောက်သူကချူဖေးကိုကြည့်ကာ တူညီသောလေသံဖြင့်ပြောလိုက်သည်။
"နိမ့်ကျသလိုခံစားမနေပါနဲ့၊ မင်းကကျွန်တော့်ထက်နာမည်သိပ်မကြီးရုံလေးတင်ပါပဲ။ ကောင်းတဲ့အလုပ်များများလုပ်ပြီးသူတော်ကောင်းတရားစုစည်းရင် တစ်ယောက်ယောက်ကမင်းအတွက်ရေယူလာပေးပါလိမ့်မယ်။"
[ဖွီးဟားဟား၊ လင်ခုံးလုကအဆိပ်ပြင်းတယ်]
[ဖာ့ခ်၊ လင်ခုံးလုကစျေးပေါလွန်းတယ်၊ အနောက်တံခါးကဖြတ်ပြီးနည်းပြကိုသူ့ကိုဂရုစိုက်ခိုင်းရအောင်ဘယ်လောက်မောက်မာနေလိုက်လဲ?]
[Us1s၊ ဘာလို့နည်းပြကလေ့ကျင်းရေးဆင်းတုန်းကဂရုမစိုက်ဘဲ အခုမှရေလာပေးတာလဲဟ?]
[အမှန်ပြောရရင် အန်းစုစုနဲ့ချူဖေးကဒီတစ်ခေါက်အရင်ဆုံးရန်စလာတာရယ်။ သူတို့တမင်သက်သက်ဖော်ကောင်လိုက်လုပ်နေမှန်းဘယ်သူမှမမြင်တာကဖြစ်နိုင်လို့လား။]
[စုစုနဲ့ချူကောပြောတာကကောမမှန်လို့လား။ ပြီးတော့ လင်ခုံးလုရဲ့စရိုက်ကတော်တော်လေးဆိုးဝါးတယ်။ သူကချူဖေးကိုစွပ်စွဲပြောဆိုခဲ့ပြီးတော့ မပြောအပ်တဲ့စည်းမျဥ်းကိုတောင်လုပ်ချင်ခဲ့သေးတာလေ။]
[ဒီရက်ပိုင်းတိုက်ရိုက်ထုတ်လွှင့်ပြသမှုကြည့်ပြီးနောက်မှာ ငါကတော့လင်ခုံးလုကအဲ့လိုလူမျိုးလို့မထင်ဘူးနော်။]
[အမှန်ပဲ၊ ငါလည်းသူကအဲ့လိုလူမျိုးလို့မထင်ဘူး၊ ခုနကဆိုရှောင်လုကချောင်ချောင်ကိုကယ်ခဲ့တာ၊ အခုဆိုချောင်ချောင့်ဖန်ကရှောင်လုဖန်ပဲ!]
ကျိချောင်ကလည်းလင်ခုံးလုအတွက်ကွန်ပလိန်းတက်ပေးလာသည်။
"ချူကော၊ အန်းကျဲ၊ ကောတို့ရေသောက်ချင်ရင် ကိုယ့်ဘာသာကိုယ်သွားယူလို့ရတာပဲကို။ ဘာလို့နည်းပြကယူပေးဖို့လိုအပ်တာလဲ။ ပြီးတော့အခုနည်းပြကဒီမှာမရှိဘူးလေ။"
ဒါကိုမြင်လိုက်ရသော် လန်ဇယ်မျက်မှောင်ကြုတ်လိုက်မိပြီး ထိုစဥ် သူ့လက်ထောက်ချောင်အန်းဆီကဖုန်းဝင်လာကာတစ်ဖက်လူကဆိုသည်။
"အရှင့်သား၊ ကျွန်တော်တို့တွေကြင်ယာတော်နဲ့အဲ့လူတွေကြားထဲကအချင်းပွားမှုကိုရှာတွေ့ခဲ့ပါပြီ။ သူတို့ကကြင်ယာတော်ကိုချောက်ချခဲ့ကြတာ။"
လန်ဇယ်၏မျက်နှာမည်းမှောင်သွားကာပြောလိုက်သည်။
"သက်သေပို့လိုက်။"
ထိုကိစ္စကိုတော်ဝင်မိသားစု၏ပရိုဂရမ်ဌာကရှင်းပေးသင့်ပေမဲ့ သက်သေကိုဖတ်ကြည့်ပြီးနောက် လန်ဇယ်ရုတ်တရက်မစောင့်ချင်တော့သဖြင့် ရုတ်တရက်သူ့ရှင်းပေါ်အကောင့်ကိုသုံးကာ နာမည်ရှင်းလင်းပေးရန်အတွက်သက်သေကိုပိုစ့်တင်လိုက်ပြီး @အန်းစုစု၊ ချူဖေးကိုပါသုံးကာ သူကလင်ခုံးလုအတွက်ရပ်တည်ကာထိုနှစ်ယောက်ကိုတရားစွဲမည်ဖြစ်ကြောင်းထုတ်ဖော်ပြသလိုက်သည်။
ဒါကိုလုပ်ပြီးနောက် အင်တာနက်သုံးစွဲသူများဘယ်လိုပေါက်ပေါက်ဖောက်မလဲဆိုတာဂရုမစိုက်တော့ဘဲ တိုက်ရိုက်ထုတ်လွှင့်ပြသမှုဆီတိုက်ရိုက်ပြန်ရွှေ့လိုက်သည်။
မထင်မှတ်ထားစွာဖြင့် သူတိုက်ရိုက်ထုတ်လွှင့်ပြသမှုအခန်းကိုနှိပ်လိုက်သည်နှင့် ခုနကထွက်သွားသည့်ခယ့်လီစစ်မှာငါးခြောက်ထုပ်အနည်းငယ်နှင့်အတူပြန်လာပြီး လင်ခုံးလုကိုလှမ်းပေးကာ ရှက်တက်တက်ပြောလိုက်တာကိုမြင်လိုက်ရပေသည်။
"မင်းဒါတွေစားရတာကြိုက်တယ်လို့ကြားတယ်၊ ဒါကကျွန်တော်တို့အဖွဲ့ကစစ်သည်တချို့ရဲ့ဆန္ဒပါ။"
လန်ဇယ်: "....."
သူရုတ်တရက်မထိုင်နိုင်တော့ပေ၊ သူထပ်ထိုင်ချလိုက်ရင် သူဒေါသထွက်လွန်းအားကြီးပြီးချက်ချင်းဆေးဝါးကုသမှုယူကာ ချို့ယွင်းချက်ရှိသောငါးမြီီးနှင့်တိုက်ရိုက်မတ်တပ်ထရပ်လိုက်မိလောက်သည်။
_____________________________