Chapter(65)
Viewers 10k

ခယ့်လီစစ်ယူလာသည့်ငါး​ခြောက်၇ထုပ်၈ထုပ်ကိုမြင်လိုက်ရတော့ လင်ခုံးလုတစ်အောင့်ကြာတောင့်ခဲသွားရသည်။


သူအစကယူဖို့မကြံရွယ်ထားပေမဲ့ သူနောက်လှည့်ကြည့်မိတော့ လေ့ကျင့်ရေးကွင်းပြင်အပြင်မှာမက်ခါစစ်သည်တစ်အုပ်ကတစ်ယောက်ကိုတစ်ယောက်တွန်းလိုက်တိုက်လိုက်နှင့် သူ့ကိုမျှော်လင့်တကြီးနှင့်စိုးရိမ်ပူပင်စွာကြည့်နေကြပေမဲ့ ရှေ့မတိုးလာရဲတာကို သူမြင်လိုက်ရသည်။


လင်ခုံးလုမှာသူတို့လူနည်းစုပေါ်အမြင်ကောင်းရှိသည်။ သူတို့အားလုံးမှာအင်းဆက်အဆိပ်ကူးစက်ခံထားရလို့ ကြောင်လက်ဖဝါးရာစတစ်ကာများသုံးခဲ့ကြသည့်စစ်သည်များဖြစ်သည်။ သူတို့ကသူ့ကိုတကယ်ကျေးဇူးတင်ချင်ပုံရသည်။


မည်သို့ပင်ဖြစ်စေ ၎င်းကစစ်သည်တို့၏ဆန္ဒဖြစ်တာမို့ လင်ခုံးလုမှာငြင်းဆန်ဖို့ရှက်ရွံ့သွားပြီး ခယ့်လီစစ်ကိုခေါင်းငြိမ့်ပြလိုက်သည်။

"ကျေးဇူးတင်ပါတယ်၊ ဒါဆိုပေးခဲ့နော်။"


ခယ့်လီစစ်မှာသိသိသာသာကိုစိတ်သက်သာရာရသွားပြီး ငါးခြောက်ကိုပေးပြီးနောက် သူအမြန်အနောက်လှည့်ကာ လေ့ကျင့်ရေးကွင်းပြင်အပြင်ကစစ်သည်တစ်အုပ်ကို"အောင်​မြင်သော"လက်ဟန်လုပ်ပြလိုက်သည်။


ဒါကိုမြင်လိုက်ရသော်မက်ခါစစ်သည်များမှာအပျော်လွန်သွားကြပြီး ဂုဏ်ပြုသည့်အနေဖြင့်လက်ခုပ်တီးမိကြသည်။ လင်ခုံးလုဒါကိုမြင်လိုက်ရချိန်မပြုံးဘဲမနေနိုင်။


ခယ့်လီစစ်ကရေကိုအောင်မြင်စွာစမ်းသပ်နိုင်သွားတာကြောင့်လားမသိ၊ တစ်အောင့်ကြာတော့ သူတို့ထဲကတစ်ယောက်ကငါးခြောက်တစ်ဗူးယူလာကာ စိုးရိမ်စွာနှင့်ရှက်တက်တက်ဆိုလာသည်။

"ကြောင်၊ ကြောင်ဆရာဝန်ခင်ဗျ၊ ဒါကလည်းမင်းအတွက်ပါ။ လူတိုင်းကမင်းကိုကျေးဇူးအရမ်းတင်နေကြတာ။ ကျွန်တော်အားလုံးပေါင်းဗူးတစ်ဒါဇင်ဝယ်ခဲ့တယ်၊ နောက်ကျကျွန်တော်မင်းရဲ့နေရာဆီရွှေ့ပေးလို့ရမလားဗျ?"


[ကြောင်ဆရာဝန်?]


[ဇာတ်ကြောင်းကရုတ်တရက်ထူးဆန်းလာတယ်ရော်။]


လင်ခုံးလုလည်းတောင့်ခဲသွားရသည်၊ ဗူးတစ်ဒါဇင်? ဒီလူတွေကသူ့ကိုသေအောင်ကျွေးဖို့ကြိုးစားနေတာလား။


သို့သော်လည်း ငါး​ခြောက်ဗူးတစ်ဒါဇင်ဆိုတော့....


ကြောင်ဗီဇမှာတမဟုတ်ချင်းကြီးစိုးသွားသည်။ လင်ခုံးလုအလိုလိုတံတွေးမျိုချလိုက်မိကာ ကြောင်နားရွက်များမှာထွက်လာဖို့စိတ်အားထက်သန်လျက်။


"ကျေး၊ ကျေးဇူးပါ၊ လန်ဇယ်ရဲ့နေရာကိုပဲရွှေ့လိုက်နော်။" သူခက်ခက်ခဲခဲပြောကာ သူ့ခေါင်းသူအလိုလိုပွတ်လိုက်မိသည်။


ဟင်း ၊ ကံကောင်းချင်တော့ ဘာမှထွက်မလာဘူးပဲ။


"အရှင့်သားလန်ဇယ်....ရဲ့နေရာလား။" "ကြောင်စာ"လာပို့သည့်မက်ခါစစ်သည်မှာအနည်းငယ်မိန်းမောသွားမိသည်။


အရှင့်သားလန်ဇယ်ရဲ့နေရာ...သူတို့မသွားရဲဘူးရယ်။


မက်ခါစစ်သည်မှာခါးသက်သောမျက်နှာဖြင့်လျှောက်ထွက်လာပြီး စခရင်မှာတမဟုတ်ချင်းဆူညံပွက်လောရိုက်သွားတော့သည်။


[ဘာအခြေအနေမှန်းငါမသိပေမဲ့ သူကအရှင့်သားလန်ဇယ်ရဲ့နေရာဆီပို့ခိုင်းတယ်ဆိုတော့၊ ဘုရားရေ၊ ဒါဘာကိုဆိုလိုတာလဲ?]


[အရင်ကဟာတွေကိုသံသယဖြစ်စရာမလိုဘူး၊ လင်ခုံးလုကမင်းသား၂နဲ့အတူနေမှန်းသိသာနေတာကြီးကို!]


[မဟုတ်ဘူး၊ ငါပြောတာကမင်းတို့ဘာလို့ဒီလောက်အံ့အားသင့်နေကြတာလဲလို့? သူတို့ကလင်ခင်ပွန်းပဲကို အတူနေတာကပုံမှန်ပဲမဟုတ်ဘူးလား?]


[ဒါပေမဲ့ မင်းသား၂ကလင်ခုံးလုကိုမမြင်ချင်လို့ သူ့ကိုနှိပ်စက်ညှင်းပန်းခဲ့တယ်လို့လူတိုင်းမပြောခဲ့ဘူးလား?]


[ဒါနဲ့ယှဥ်ရင် ငါကတော့မက်ခါစစ်သည်ကလင်ခုံးလုကို"ကြောင်စာ"ပေးပြီးတော့ သူ့ကိုကြောင်ဆရာဝန်လို့ ဘာလို့ခေါ်သွားလဲဆိုတာကိုပဲပိုသိချင်မိတယ်။]


ကျိချောင်မှာလည်းအလွန်သိချင်နေမိကာ အင်တာနက်သုံးစွဲသူများအစားတည့်တိုးမေးလိုက်သည်။

"လင်လောင်ရှီးရှင့်၊ ဘာလို့နည်းပြကရှင့်ကိုငါး​ခြောက်ပေးသွားတာလဲဟင်?"


"...ကျွန်တော်သူတို့ကိုကူညီခဲ့လို့ သူတို့ကျွန်တော့်ကိုကျေးဇူးတင်တာဖြစ်မယ်။"


လင်ခုံးလုမှာအနည်းငယ်စိတ်ဗလာကျင်းလျက်၊ သူ့မျက်လုံးကအထုပ်ပေါ်ကငါး​ခြောက်ပုံပေါ်ဆက်တိုက်ကျရောက်လို့နေသည်။


ပြောရရင် သူပရိုဂရမ်အဖွဲ့ထဲဝင်ကတည်းကရက်အတော်ကြာငါး​ခြောက်မစားခဲ့ရပေ။ သူမမြင်ရင်ထိုအကြောင်းမတွေးမိပေမဲ့ မြင်လိုက်ရရင်....သူရုတ်တရက်ဗိုက်ဆာလာကာစားချင်လာသည်။


[ဖာ့ခ်၊ လင်ခုံးလုရဲ့အကြည့်ကဘယ်လိုကြီးတုန်း? သူငါးခြောက်ကိုစိုက်ကြည့်နေတုန်းသူ့မျက်လုံးကဖြောင့်တန်းနေတာပဲ။"]


[ငါဗိုက်အရမ်းဆာတာပဲ၊ ဟားဟား၊ ပရိုဂရမ်အဖွဲ့ကဘာမှမချက်သေးတော့ ကလေးတွေဗိုက်ဆာနေကြမှာ]


ကျိချောင်မှာလည်းလင်ခုံးလု၏မျက်လုံးများနှင့်ပတ်သတ်ပြီးတစ်ခုခုမှားနေမှန်းသိသွားကာ သူမငါးခြောက်ထုပ်ကိုတစ်ချက်၊ သူ့ကိုတစ်ချက်ကြည့်လိုက်မိပြီးမှ မေးလိုက်မိသည်။

"လင်လောင်ရှီး၊ ရှင်ဗိုက်ဆာလို့စားချင်နေတာလား။"


လင်ခုံးလု: "ဟမ်? မင်းဗိုက်ဆာလို့စားချင်နေတာလား။"


သူသေချာမကြားလိုက်သည့်အလား သူသိချင်စိတ်ဖြင့်ခေါင်းလှည့်ကြည့်မိသည်။


"မ၊ မဟုတ်..." ကျိချောင်လက်ဝှေ့ယမ်းကာပြောလိုက်မိသည်။

"ကျွန်မဆိုလိုတာက..."


"ဒါဆိုစားလေ!" လင်ခုံးလုမှာဆင်​ခြေရှာတွေ့သွားပုံရကာ အခိုင်အမာပြောလိုက်သည်။

"ဖြစ်ချင်တော့ကျွန်တော်လည်းဗိုက်ဆာနေတာ၊ လာလေ၊ အတူစားတာပေါ့။"


ကျိချောင်: "....." မဟုတ်ပါဘူးဆို၊ ကျွန်မကရှင်စားချင်နေလားလို့မေးချင်တာရယ်။


[ဟားဟားဟား၊ လင်ခုံးလုကအခုစားချင်လို့ဆင်ခြေရှာနေသလိုငါခံစားလိုက်ရတယ်။]


[ချောင်ချောင်: မဟုတ်ပါဘူး၊ ကျွန်မမစားချင်ပါဘူး။ လင်ခုံးလု: မဟုတ်ဘူး၊ မင်းစားချင်နေပါတယ်!]


[ပြောကြတာကတော့လင်ခုံးလုဖြိုလိုက်တာကနည်းပြပေးသွားတဲ့ငါးခြောက်တဲ့၊ ငါတစ်မျိုးမျိုးနဲ့ဖြိုချင်လာပြီ၊ အဟွတ် အဟွတ် အဟွတ်]


[မင်းသား၂ခေါင်းကနည်းနည်းစိမ်းနေသလိုငါခံစားလိုက်ရတယ် #ခွေးခေါင်း# ]


[ဘာမှမဖြစ်ပါဘူး၊ မင်းသား၂ကဂရုမစိုက်ဘူးရယ် #ခွေးခေါင်း#]


ဧကရီအန်နာကလည်းတိုက်ရိုက်ထုတ်လွှင့်ပြသမှု​နောက်လိုက်နေပြီး ဒါကိုမြင်လိုက်ရချိန်သူမမအောင့်ထားနိုင်တော့ဘဲ လန်ဇယ်ကိုဖုန်းခေါ်ကာ စောင်းမြောင်းပြောဆိုလိုက်သည်။

"အင်း၊ ရှောင်လုနဲ့ခယ့်လီစစ်ကအင်တာနက်ပေါ်မှာတွဲပေးခံနေရတာကိုငါမြင်လိုက်ရတယ်၊ မင်းဘာလုပ်နေတာတုန်း?"


မီဒီယာရှေ့မှာအချစ်တွေထုတ်ပြမယ်လို့ သူသဘောမတူခဲ့ဘူးလား။ ဒီရှိုးကအချိန်အရမ်းကြာလာတာတောင် သူမရှောင်လုတစ်ယောက်ထဲကိုပဲမြင်ရတယ်။ ဘာဖြစ်တာလဲ၊ လန်ဇယ်ကရှောင်လုအခြားသူနဲ့အချစ်ထုတ်ပြတာကိုဆိုလိုတာလား။


သူမသားမှာဒီအကျင့်ရှိမှန်း သူမဘာလို့မသိခဲ့တာလဲ။


လန်ဇယ်ကအဝတ်အစားလဲနေပြီး ဒါကိုကြားလိုက်ရသော် သူမျက်မှောင်ကြုတ်ကာပြောမိသည်။

"ကျွန်တော်သိပါတယ်။"


"မင်းဘာသိတာလဲ။ မင်းမသွားရင် ရှောင်လုကငါး​ခြောက်နဲ့လှည့်စားခေါ်ခံသွားရလိမ့်မယ်ဟဲ့!" ဧကရီအန်နာဒေါသတကြီးဆိုမိသည်။


သူက"ကြောင်"မို့ ငါးခြောက်နှင့်တစ်စုံတစ်ယောက်လှည့်စားခေါ်တာခံရတာကပုံမှန်ပင်။


"သိပါပြီ၊ အလျင်မလိုပါနဲ့၊ ကျွန်တော်သွားနေပြီ။" လန်ဇယ်အံကြိတ်လိုက်မိသည်။


ဧကရီအန်နာ: "ဒါဆိုမြန်မြန်လုပ်၊ လေးဖင့်မနေနဲ့။"


လန်ဇယ်: "....."


သူကအလျင်မလိုနေလို့လား။ ဒါပေမဲ့ဒီသောက်ကျိုးနည်းငါးမြှီးကို ဖုံးအုပ်ဖို့စကပ်ဝတ်ချင်လို့လား။ ထားလိုက်တော့၊ သူမဝတ်ဘူး၊ သူအသတ်ခံရရင်တောင် စကပ်ဝတ်မှာမဟုတ်ဘူး၊ ဒီတော့သူစောင်အပါးကိုသုံးပြီးတော့ ငါးမြှီးကိုတင်းကြပ်စွာဖုံးအုပ်လိုက်မယ်။


လေ့ကျင့်ရေးကွင်းပြင်၏အခြားတစ်ဖက်တွင် လန်ဇယ်အဝတ်အစားလဲပြီးအပြင်ထွက်လာချိန်မှာ လင်ခုံးလုကငါးခြောက်ငါးထုပ်စားပြီးပြီဖြစ်ကာ ခြောက်ထုပ်မြောက်ကိုဖောက်နေသေးသည်။


အင်တာနက်သုံးစွဲသူများမှာအစကတဟားဟားဖြစ်နေသေးပေမဲ့ သူတို့ကြည့်နေရင်းအံ့သြသွားရသည်။


[ဖာ့ခ်၊ ဒီအထုပ်တွေကအများကြီးကို လင်ခုံးလုဘာလို့ဒီလောက်စားနိုင်ရတာလဲ?]


[သူမငန်ဘူးလား?]


[u1s1 ၊ သူစားနေပုံကအတော်လေးအရသာရှိတဲ့ပုံပဲ၊ မင်းအစားအသောက်စားပြီးတိုက်ရိုက်ထုတ်လွှင့်ဖို့မစဥ်းစားမိဘူးလား?]


[ဟီးဟီး၊ လင်ခုံးလုကဖူဒီမုဒ်ဝင်သွားပြန်ပြီ]


[မင်းဘယ်လောက်ပဲမွှေမွှေ မင်းသား၂ကသူ့ကိုမကြိုက်ဘူးလေ၊ ဟီးဟီး]


[မင်းသား၂ကသူ့ကိုမကြိုက်ပေမဲ့ နည်းပြကတော့သူ့ကိုကြိုက်လောက်တယ်ရယ်၊ ဟီးဟီး~]


[လင်ခုံးလုမှာဒီစွမ်းရည်ရှိတာပဲ၊ ခေါင်းစိမ်းသွားတဲ့အတွက်မင်းသား၂ကိုဂုဏ်ပြုပါတယ်၊ ဒါပေမဲ့မင်းသား၂ကလုံးဝဂရုမစိုက်ဘူးထင်တယ်။"]


[အမည်းဖန်ကတအားစိတ်ပျက်စရာကောင်းတာပဲ၊ သူကအချိန်တိုင်းထွက်လာပြီးတော့လေထုကိုစပွိုင်းနေတယ်။]


[ဆူညံမနေနဲ့တော့၊ ဆူညံမနေနဲ့တော့ဟ၊ ရှင်းပေါ်ကိုသွားကြည့်ကြဟ၊ မင်းသား၂ကလင်ခုံးလုအတွက်ရပ်တည်ပေးလိုက်ပြီ!]


ရှင်းပေါ်ကလန်ဇယ်၏သက်သေမှာအလွန်ပြီးပြည့်စုံလှသည်။ အရင်ကအန်းစုစုပြန်လွတ်မြောက်လာသည့်ဗီဒိယိုမှာအသံတိတ်ဗားရှင်းဖြစ်ပြီး ၎င်းမှာလင်ခုံးလု၏သူရဲကောင်းဆန်မှုအပြီးကဗီဒီယိုကလစ်(ပ်)သာဖြစ်သည်။


လန်ဇယ်ကဒီတစ်ခေါက်အသံဗားရှင်းအပြည့်တည့်တိုးတင်လိုက်ပြီး ၎င်းမှာမတိုင်ခင်ကသူမကငြင်းဆန်ချင်ပေမဲ့ သူမဟာလင်ခုံးလုဆီကဘယ်လို"ကယ်တင်"ခံလိုက်ရပုံ၊ သူမအရှက်ရကာအံကြိတ်လျက်သူ့ကိုဘယ်လိုကျေးဇူးတင်ခဲ့ပုံအကြောင်းအပိုင်းအပါအဝင်ဖြစ်သည်။


ဒါပေမဲ့သူမလိုက်ရှာနေသည့်ထောက်တိုင်မှာမိသားစုရှိပြီး သူ့ဇနီးကြောင့်ကံကြမ္မာပြောင်းလဲသွားခဲ့သည့်ဖီးနစ်အမျိုးသားတစ်ယောက်ဖြစ်သည်။ သူ၏ယခင်ပါတနာမှာအင်တာနက်ပေါ်ကဗီဒီယိုကိုမြင်သွားပြီး ချက်ချင်းသူ့ကိုစတင်ဆူဆဲလေတော့သည်။


ချူဖေးအတွက်ကတော့ တိုက်ဆိုင်စွာဖြင့် သူထိုအချိန်ကဖြတ်ခုတ်ခဲ့သည့်အရင်းအမြစ်များမှာ လင်ခုံးလုကိုတော်ဝင်မိသားစုကပေးသည်ဟုယူဆရသည်။ ဧကရီအန်နာမှာလင်ခုံးလုကလန်ဇယ်ကိုလက်ထပ်ရန်"ဆန္ဒရှိ"ပြီး သူဟာကြယ်ပွင့်တစ်လက်ဖြစ်မှန်းသိသွားပြီးနောက် သူမကဧကရာဇ်ကိုပြောခဲ့သည်။

"ကျွန်မအထင် အဲ့ကလေးကမဆိုးဘူးလားလို့။ တော်ဝင်မိသားစုပိုင်အများကြီးရှိတာမို့ လိုအပ်တဲ့သူကိုထောက်ခံစာပေးလိုက်မယ်လေ။ ရှင်တစ်​ယောက်ယောက်ကိုပြောပြီးတော့ သူ့ကိုနည်းနည်းပိုပေးခိုင်းလိုက်ပေါ့။"


ဒါကိုကြားလိုက်ရတော့ ဧကရာဇ်တွေးလိုက်မိသည်၊ ထောက်ခံစာပေးတာကရှက်စရာကောင်းလွန်းတယ်၊ စစ်ဌာနကသူတို့ဖန်တီးထားတဲ့မက်ခါအသစ်ကိုပရိုမုတ်လုပ်ဖို့ပင်တိုင်မော်ဒယ်လ်ရှာနေတယ်မလား။ ဟုတ်တယ်၊ ဒီဟာကိုသူ့သားမက်လောင်းလေးကိုပေးရမယ်။


မထင်မှတ်ထားစွာဖြင့် ချူဖေးကလည်းဒီအရင်းအမြစ်ကိုမျက်စိကျနေခဲ့သည်။ သူကအနုပညာအသိုင်းအဝိုင်းမှာထိပ်ဆုံးဖြစ်နေပြီးသားပင်။ သူ့မှာအရင်းအမြစ်မရှိရင် တရားဝင်အသိအမှတ်ပြုမှုနှင့်ပုံရိပ်တို့ရှိတော့မှာမဟုတ်။


တစ်မျိုးမျိုးဖြင့် သူကမင်းသားလန်ရုန်ကိုအားကိုးကာ အရင်းအမြစ်များကိုတကယ်ကြီးကြားဖြတ်ခုတ်ခဲ့သည်။ ဧကရာဇ်မှာသူ့အလုပ်ကိစ္စများနှင့်အလုပ်ရှုပ်နေသဖြင့် အမိန့်ပေးပြီးနောက်ထိုအကြောင်းမေ့သွားခဲ့သည်။ သူ့ညီတော်လန်ရုန်ကကြားဝင်စွက်ဖက်လိမ့်မည်ဟုသူလုံးဝမထင်ထားခဲ့ပေ။


ဒါကိုမြင်လိုက်ရသော်အင်တာနက်သုံးစွဲသူများအားလုံးကြက်သေသေသွားကြသည်။


[666၊ သရုပ်ဆောင်ကကြယ်ပွင့်ငယ်လေးဆီကကိတ်ကိုလုယူခဲ့လိမ့်မယ်လို့ငါလုံးဝမထင်ထားမိဘူး။]


[u1s1၊ ဒါကလင်ခုံးလုအတွက်တော်ဝင်မိသားစုကပေးတဲ့စေ့စပ်လက်ဆောင်မလား။ ချူဖေးဘယ်လောက်ရဲတင်းလိုက်လဲ။]


[ငါအန်းစုစုကြောင့်ပိုပြီးတော့အံ့သြသွားရတယ်၊ သူမကတကယ်မွေးစားခံခဲ့ရတာလား။ တကယ်ပဲ၊ အမေရေ၊ သူမကပုံမှန်ဆိုတော်တော်လေးဖြူစင်ပုံပေါက်တာကို]


[သူမလင်ခုံးလုကိုစကားပြောတုန်းက ငါကတော့ဖြူစင်တယ်လို့မထင်ပါဘူး၊ ကြာပန်းဖြူကကြာပန်းဖြူပဲ။]


[မင်းသား၂ကလင်ခုံးလုကိုမမြင်ချင်ဘူးလို့မဆိုလိုဘူးပေါ့? သူဘာလို့အန်းစုစုနဲ့ချူဖေးကိုတရားစွဲပြီးတော့ ဒေါသပုံချခဲ့တာလဲ။]


အန်းစုစုကအင်တာနက်ပေါ်မှာဖြစ်နေသည့်ဒီကိစ္စများကိုမသိပေ။ သူတို့အဖွဲ့ထဲဝင်လာပြီးနောက် သူတို့ကသူတို့၏ဆက်သွယ်ရေးစက်များကိုပေးခဲ့ရသဖြင့် ဒီကာလအတွင်းလိုင်းမတက်နိုင်ပေ။


လင်ခုံးလုငါး​ခြောက်တစ်ထုပ်ပြီးတစ်ထုပ်စားနေတာကိုမြင်လိုက်ရရင်း သူမလည်းသူဟာဖူဒီတစ်ယော​က်ဟုခံစားလိုက်ရကာ မနေနိုင်ဘဲတိတ်တခိုးမျက်လုံးလှိမ့်ကာတွေးလိုက်မိသည်၊ ဒီနေရာမှာဟိုက်ပါလာလုပ်နေမဲ့အစား ပြန်သွားပြီးမင်းသား၂ရဲ့ပေါင်ကိုသွားဖက်တာပိုကောင်းမယ်။


မင်းသား၂ကချို့ယွင်းချက်ရှိပေမဲ့လည်း အဆုံးမှာသူကားမင်းသားတစ်ပါးဖြစ်သည်။ သူတို့မှာအပြန်အလှန်ကလေးတစ်ယောက်ရှိလာသရွေ့ ကလေးကယောကျ်ားလေးဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ် သူတို့ကပလ္လင်ကိုဆက်ဆံနိုင်ပေရာ ဒါကအကြီးမားဆုံးထောက်တိုင်ဖြစ်သည်။


ဒါပေမဲ့သူမစိတ်ပြောင်းကာတွေးလိုက်မိပြန်သည်၊ လင်ခုံးလုကမင်းသား၂ရဲ့တကယ်အနှစ်သက်မခံရတာဖြစ်မယ်၊ မဟုတ်ရင်သူဘာလို့အနုပညာအသိုင်းအဝိုင်းကိုပြန်သွားမှာလဲ။ ထို့အပြင် သူကတော်ဝင်မိသားစုထဲလက်ထပ်ဝင်ရောက်သွားပေမဲ့ သူ့အရင်းအမြစ်များကိုဖြတ်ခုတ်ခဲ့တဲ့ချူဖေးကိုဘာမှမလုပ်ခဲ့တာမို့ တော်ဝင်မိသားစုထဲကဘယ်သူကမှသူ့အတွက်ရပ်တည်ပေးဖို့ဆန္ဒမရှိတာဖြစ်ရမယ်။


ဤသို့တွေးမိရင်း သူမမျက်လုံးမှာသနားသွားပေမဲ့ သူမမျက်လုံးထဲမှာပုန်းကွယ်နေသည့်ထေ့ငေါ့မှုရှိလျက်။


ထိုအကြောင်းတွေးရုံသာရှိသေး၊ ပတ်ဝန်းကျင်မှုရုတ်ခြည်းတိတ်ကျသွားကာ သက်ဝင်လှုပ်ရှားနေသောစကားဝိုင်းမှာချက်ချင်းရပ်တန့်သွားပြီး လေကတမဟုတ်ချင်းအေးစက်ကာတိတ်ဆိတ်သွားသည့်အလား လူတိုင်းနှင့်အရာရာတိုင်းကိုသူတို့လုပ်ဆောင်ချက်များရပ်တန့်သွားစေသည်။


အံ့အားသင့်သွားကာဖြင့် အန်းစုစုလူတိုင်း၏အကြည့်နောက်လိုက်ကာလေ့ကျင့်ရေးကွင်းပြင်ဝင်ပေါက်ကိုကြည့်လိုက်မိပေမဲ့ အေးစက်စက်အကြည့်နှင့်ရုတ်ခြည်းဆုံသွားသည်။


ရောက်လာသူကားဝှီးချဲပေါ်မှာထိုင်နေပြီး ငွေရောင်ဆံနွယ်ရှည်၊ မျက်ဝန်းစိမ်းတစ်စုံနှင့်လှပသောရုပ်ရည်ရှိပေမဲ့ သူ့မျက်ဝန်းများမှာအလွန်အေးစက်လျက် ၎င်းတို့ကသူမအပေါ်ကျရောက်လို့နေသည်။


အန်းစုစုမှာအန္တရာယ်ကြီးသောသားရဲထံမှစောင့်ကြည့်ခံနေရသည်ဟုတမဟုတ်ချင်းထင်​ယောင်ထင်မှားဖြစ်သွားကာ သူမကျောချမ်းလာပြီး သူမလက်နှင့်​ခြေထောက်များမှာလှုပ်ရှားဖို့အလွန်တောင့်တင်းလျက်။ ချူဖေးမှာလည်းသူမကဲ့သို့တူညီစွာခံစားမေရသည်။


မင်း၊ မင်းသား၂?


သူတို့နှစ်ယောက်လုံးနေရာမှာတင်ရုပ်တုပမာရပ်နေမိပြီး သူတို့မျက်လုံးများမှာကြောက်ရွံ့မှုကိုဖော်ပြနေပေမဲ့ သူတို့ဖော်ပြမရအောင်ခံစားနေရသည်။


မင်းသား၂ကသူတို့ကိုဒီအတိုင်းစိုက်ကြည့်ရုံသာဖြစ်ပြီးဘာမှမလုပ်လာပေ။ သူတို့ဘာကိုကြောက်ရမှာလဲ။ တစ်ဖက်လူကလင်ခုံးလုကိုသင်ခန်းစာလာပေးတာများလား။


ဒါကိုတွေးမိရင်း နှစ်ယောက်သားရှေ့ကိုကြည့်ကာ အကြည့်လွှဲသွားပြီဖြစ်သည့်လန်ဇယ်ကိုကြည့်မိကြသည်။


သို့သော်လည်း သူတို့စိတ်ပျက်သွားရသည်၊ လန်ဇယ်ကလင်ခုံးလုကိုကြည့်လိုက်ချိန်မှာ သူ့မျက်လုံးများမှာချက်ချင်းပင်ဆောင်းဦးမှနွေဦးအဖြစ်ပြောင်းသွားပြီး သူ့မျက်နှာထားမှာအတော်လေးနူးညံ့ပျော့ပြောင်းသွားသည်။


ဒီမြင်ကွင်းကိုမြင်လိုက်ရသော် အန်းစုစုနှင့်ချူဖေးမှာနားမလည်သေးပေ။


နှစ်ယောက်သားတိတ်တခိုးအံကြိတ်လိုက်မိပြီး "မင်းသား၂ကလင်ခုံးလုကိုမမြင်ချင်ဘူး"ဟူသည်ကဲ့သို့သောကောလဟာလများမှာအတုအယောင်ဖြစ်လောက်မှန်းသိသွား​ကာ သူတို့လုပ်ခဲ့သည့်အရာကိုတွေးမိသွားချိန်တွင် သူတို့အပြစ်ရှိစိတ်ခံစားလိုက်ရကာထပ်မစောင့်ရဲတော့ဘဲ အမြန်လျှောထွက်ကာလန်ဇယ်၏မြင်ကွင်းထဲမှအမြန်ဆုံးလစ်ထွက်ဖို့ကြိုးစားလိုက်သည်။


လန်ဇယ်ကစမတ်တိုက်ရိုက်ထုတ်လွှင့်ပြသမှုဘောလုံးထံမှမရိုက်ကူးခံရပေ၊ ဒါရိုက်တာချီကျွင်းမှာစိတ်လှုပ်ရှားစွာရိုက်ကူးချင်ပေမဲ့ လန်ဇယ်၏အဆင့်အတန်းကသာမန်မဟုတ်တာမို့ သူခွင့်ပြုချက်မရှိဘဲမဆင်မခြင်မလုပ်ရဲပေ။


သို့သော် လန်ဇယ်ကရိုက်ကူးမခံရပေမဲ့လည်း မြင်ကွင်းကအခြားသူတို့၏တုံ့ပြန်မှုမှာရိုက်ကူးခံထားရသည်။ လူတိုင်းရုတ်ခြည်းတိတ်ကျသွားကာ ဦးတည်ရာတစ်ခုတည်းကိုရိုသေလေးစားမှု၊ စိုးရိမ်ပူပင်မှု၊ သိချင်စိတ်တို့ဖြင့်ကြည့်နေမှန်းမြင်လိုက်ရရင်း တိုက်ရိုက်ထုတ်လွှင့်ပြသမှုအခန်းထဲကကောမန့်များမှာတဖြည်းဖြည်းချင်းမေးခွန်းသကေ်တများအဖြစ်ပြောင်းသွားတော့သည်။


[ဘာအခြေအနေကြီးတုန်း??]


[သိသိသာသာကို လူကြီးလာနေတာပဲ]


[ဘယ်သူလဲ၊ သိချင်လာပြီ၊ ငါ့ကိုကြည့်ခွင့်ပေးပါ!]


[ရာထူးမြင့်တဲ့လူ၊ တတိယအခြေစိုက်စခန်း၊ အဲ့မှာတစ်ယောက်ပဲရှိလောက်တယ်မလား။]


[ဟို...မင်းသား၂များလား?]


[ဖာ့ခ်၊ လင်ခုံးလုတစ်ယောက်ပဲစားနေတုန်း]


[ဟားဟားဟား၊ သူ့ဘေးကချောင်ချောင်ကြောက်နေပြီ၊ မကြာခင်စနက်ခ်စားကြတာပေါ့ကွာ။]


လင်ခုံးလုကအင်တာနက်ပေါ်မှာလန်ဇယ်ဒေါသပုံချလိုက်သည့်သတင်းကိုကြည့်နေတာဖြစ်သည်။ ဆက်သွယ်ရေးစက်အသိမ်းခံထားရပေမဲ့လည်း သူ့မှာစနစ်ရှိနေဆဲပင်။


သူငါး​ခြောက်စားရင်းကြည့်နေပြီး 0687ကသူ့ကိုစာမျက်နှာကူလှန်ပေးသည်။


ကျိချောင်ကမျက်စိတစ်ဖက်ဆက်တိုက်မှိတ်ပြကာသူ့ကိုအချက်ပြသော်ငြား သူမမျက်လုံးများအကြောကပ်သွားလုနီးပါးဖြစ်သွားသည်။ သို့သော်လင်ခုံးလုကသတိမထားမိဘဲ သူမကိုပြောလာသည်။

"ချောင်ချောင်၊ ဒီအစပ်အရသာကအရသာရှိတယ်။"


အင်တာနက်သုံးစွဲသူများ: "......"


ကျိချောင်: "....." ငါမစောင့်ရဲတော့ဘူး၊ လစ်ပြီ။


လင်ခုံးလုပျော်ပျော်ကြီးစားနေတုန်း ဖြူဖျော့ကာသွယ်လျပေမဲ့အေးစက်စက်ကျောက်စိမ်းပမာလှပသောလက်တစ်ဖက်ဆန့်ထွက်လာကာ သူ့ငါးခြောက်လေးကိုယူသွားသည်။


ဒါပေမဲ့ထို့နောက် ထိုလက်ကရွှေငါးခြောက်အစပ်နောက်တစ်ကောင်ယူကာ သူ့ပါးစပ်ထဲထည့်ပေးလာသည်။


လင်ခုံးလု: "?"


သူခေါင်းအလိုလိုလှည့်ကြည့်မိတော့ သူ့နောက်မှာဘယ်ချိန်ကမှန်းမသိပေါ်လာသည့်လန်ဇယ်ကသူ့ကိုမျက်နှာသေဖြင့်ကြည့်နေပြီး သူ့ဘေးမှာကရွှေငါးခြောက်ပန်းကန်ပြားကိုင်ထားသည့်အစောင့်တစ်ယောက်ရှိနေတာကိုမြင်လိုက်ရသည်။


လင်ခုံးလု: "....."


"ခင်ဗျား...." သူစကားပြောဖို့တုံ့ဆိုင်းသွားပေမဲ့ သူပါးစပ်ဟလိုက်ရုံသာရှိသေး သူ့ပါးစပ်ထဲငါးခြောက်ထိုးသိပ်ခံလိုက်ရသည်။


ထို့နောက်လန်ဇယ်ကနူးညံ့စွာမေးလာသည်။

"အရသာရှိလား။"


"ကောင်းပါ့!" လင်ခုံးလုပျော်ပျော်ကြီးမျက်လုံးမှေးစင်းလျက် တဝိုးတဝါးအသံဖြင့်ပြောလိုက်မိသည်။


ဒီအရသာပဲ၊ အချိန်အကြာကြီးပျောက်ဆုံးနေခဲ့တဲ့ရွှေငါး၊ အဆင့်မြင့်စားစရာ(ကြောင်စာ)၊ နောက်ဆုံးတော့ထပ်စားလိုက်ရပြီ။


တိုက်ရိုက်ထုတ်လွှင့်ပြသမှုအခန်း-


[???]


[ငါ​ပေါက်ကွဲထွက်သွားပြီ၊ ခုနကတစ်ယောက်ကမင်းသား၂လား။ ဟုတ်ပြီ၊ ဟုတ်ပြီ!]


[မင်းတို့အသံကြားလိုက်လား။ ငါကြားလိုက်တဲ့ပုံပဲ၊ နားထောင်ကောင်းလိုက်တာ ဝူးဝူး!]


[အရှင့်သားလန်ဇယ်ပဲ၊ ဘုရားရေ၊ မင်းတို့အဲ့လက်ကိုမမြင်ဘူးလား။ လက်ချောင်းတွေကြားမှာဖောက်မြင်ရတဲ့ရေယက်တွေရှိတယ်လေ၊ ရေသူပဲဟ!]


[အားး၊ မင်းသား၂ကလင်ခုံးလုကိုမမြင်ချင်ဘူးလို့ဘယ်သူပြောခဲ့တာလဲ။ တစ်စက္ကန့်မှာသူကရှင်းပေါ်မှာသူ့ဇနီးအတွက်ဒေါသပုံချပြီးသွားတော့ နောက်တစ်စက္ကန့်မှာရိုက်ကူးကိုအပြေးလေးလာပြီးငါးခြောက်လာကျွေးတယ်။]


[အရှင့်သားလန်ဇယ်က ရှောင်လုသူများပေးတဲ့ငါး​ခြောက်စားနေတာကိုမြင်သွားပြီးတော့ ဒီအတိုင်းထိုင်မနေနိုင်တော့တာမို့ ဒီကိုအမြန်ရောက်လာတာလား?]


['မင်းသူများပေးတဲ့ငါးခြောက်ကိုစားခွင့်မရှိဘူး၊ ကိုယ်မင်းကိုကျွေးတာကိုပဲစားရမယ်'၊ ဘုရားရေ၊ ငါရုတ်တရက်ခံစားလိုက်ရသလိုပဲ။]


[ညီအစ်မတို့၊ ငါထိသွားပြီ၊ လမ်းပိတ်တဲ့cpကအစစ်အမှန်ကြီးဟ!]


[ဟက်၊ သူငါ့မျက်နှာကိုတောင်မမြင်ရဘဲနဲ့စခရင်ကိုစလျက်နေမိပြီ၊ မင်းသား၂ဟုတ်မဟုတ်တော့မသိဘူးရယ်။]


[ဟီးဟီး၊ အမည်းဖန်တွေဘာလို့ထွက်လာပြီးမကတော့တာလဲ။ မြန်မြန်လာပြီးမင်းတို့ရဲ့မိသားစုစုစုနဲ့ချူ​ကောအတွက်ကောမန့်လာရေးပေးကြလေ]


လင်ခုံးလုလည်းအလွန်အထူးတဆန်းဖြစ်နေမိသည်။ ရွှေငါးခြောက်စားပြီးနောက် သူခေါင်းလှည့်ကာ"ခင်ဗျားဘာလို့ဒီရောက်နေတာလဲ?"ဟုမေးချင်ပေမဲ့ သူပါးစပ်ဟလိုက်သည်နှင့် နောက်ငါး​ခြောက်လေးတစ်ကောင်အကျွေးခံလိုက်ရသည်။


လင်ခုံးလု: "?"


လန်ဇယ်သူ့ကိုတစ်ချက်ကြည့်ကာ တည်ငြိမ်စွာပြောလိုက်သည်။

"အိမ်မွေးကြောင်ကိုအဝမကျွေးလို့ရှိရင် အပြင်ကငါးခြောက်နဲ့အမျှားခံလိုက်ရပြီး ကြောင်ရိုင်းတစ်ကောင်ဖြစ်လာလိမ့်မယ်လို့ ကိုယ့်အမေကကိုယ့်ကိုဖုန်းခေါ်ပြီးပြောလာတယ်လေ။"


လင်ခုံးလု: "???"


ကြည့်နေသည့်ဧကရီအန်နာ: "...."


ပေါက်ကရတွေ၊ သူမအဲ့လိုလုံးဝမပြောခဲ့ပါဘူးနော်။


တိုက်ရိုက်ထုတ်လွှင့်ပြသမှုအခန်း-


[အာ၊ အမှန်ဖြစ်နေတာပဲ၊ ငါ'မယ်တော်'ဆိုတဲ့စကားလုံးကိုကြားလိုက်တယ်။]


[အရှင့်သားလန်ဇယ်ရဲ့အသံကအရမ်းကောင်းတာပဲဟယ်၊ ငါတော့ငိုနေပါပြီ]


[သူတို့လင်ခုံးလုကို"ကြောင်"လို့ဘာလို့ခေါ်မှန်းသိချင်မိတယ်၊ "သမင်"ဖြစ်ရမှာမဟုတ်ဘူးလား?]


လင်ခုံးလုမှာတစ်ဆက်တည်းရွှေငါး​ခြောင်အကောင်တစ်ဒါဇင်ထက်ပိုပြီးအကျွေးခံလိုက်ရသည်။ သူစားရတာအနည်းငယ်စိတ်လှုပ်ရှားပြီးအနည်းငယ်ရှက်ရွံ့နေမိသည်။ သူအနောက်လှည့်ပြီးလန်ဇယ်ကိုအမြှီးဘယ်လိုပြန်ကောင်းလာနေလဲ၊ အကြေးခွံပြန်ပေါက်လာပြီလား၊ ကြောင်လက်ဖဝါးနှင့်ထပ်နှိပ်ပေးဖို့လိုသေးလားဟုမေးချင်နေမိသည်။


ဒါပေမဲ့သူခေါင်းလှည့်ကြည့်လိုက်သည်နှင့် လန်ဇယ်၏ဝှီးချဲအောက်ခြေကစောင်ပါးအောက်မှာတစ်စွန်းတစပေါ်နေသည့်ငွေရောင်ငါးမြှီးကိုမြင်လိုက်ရသည်။


သူရက်အနည်းငယ်ကြာမမြင်ခဲ့ရပေ၊ ပြန်ကောင်းလားသည့်ငါးမြှီးမှာပိုမိုလှပလာပြီး ငွေရောင်မှာစီးဆင်းနေသယောင်ဖြစ်ကာ လင်ခုံးလု၏ကြောင်မျက်လုံးများကိုကန်းသွားစေလုနီးပါးပင်။


ဒီငါးမြှီးအစိတ်အပိုင်းလေးကတောင်ဒီလောက်လှနေတာ၊ အကြေးခွံလဲပြီးနောက်ပိုင်းမှာဘယ်လောက်လှပပြီးအရသာရှိလိုက်မလဲနော်။


လင်ခုံးလု၏ကြောင်သဘာဝကလွှမ်းခြုံသွားကာ သူဟာငါးအကြီးကြီးတစ်ကောင်ကိုကိုင်ထားသည်ဟုမိန်းမောစွာစိတ်ကူးယဥ်မိရင်း---


ထိုစဥ် သူပါးစပ်ဖွင့်လိုက်မိပြီး အချိန်ကိုက်နှာ လန်ဇယ်ကရွှေငါးခြောက်နောက်တစ်ကောင်ကျွေးလာသည်။


လင်ခုံးလု: မြာ မြာ ၊ တကယ်အရသာရှိတာပဲ၊ အား--


သူလန််ဇယ်၏ငါးမြှီးကိုစိုက်ကြည့်လျက် ပါးစပ်အလိုလိုဟလိုက်မိရာ လန်ဇယ်၏မျက်ဝန်းစိမ်းမှာပြုံးရိပ်သန်းသွားပြီးသူ့ကိုထပ်ကျွေးလိုက်တော့ ခဏကြာသော်ကြောင်နားရွက်များမှာစိတ်လှုပ်ရှားစွာပေါက်ထွက်လာသည်....


တိုက်ရိုက်ထုတ်လွှင့်ပြသမှုအခန်းထဲကအင်တာနက်သုံးစွဲသူများ-


[ ? ? ? ]


[ ! ! ! ]


[ အမွှေးဖွာဖွာ၊ နုအိအိလေး? ]


[ လှုပ် ၊ လှုပ်နေသေးတယ်လား? ]


[ ငါတော့ငိုနေပြီ၊ အရမ်းချစ်ဖို့ကောင်းတာပဲ! ]


[ လင်ခုံးလုကကြောင်ပဲ! သူကတကယ်တော့ကြောင်ဖြစ်နေတာဟ! ]


လန်ဇယ်လည်းကြောင်အမ်းသွားရသည်။ ငါးခြောက်ကျွေးတာကကြောင်နားရွက်ထွက်လာစေမည်ဟုမထင်ထားမိပေ။ မတိုင်ခင်ကသူဟာသူ့ငါးမြှီးစမ်းသပ်ချက်ကိုသေချာကျော်ဖြတ်နိုင်ခဲ့ပြီး သူ့ကိုယ်သူထိန်းချုပ်နိုင်စွမ်းရှိခဲ့သည်။ သူ"ဗိုက်ဆာ"နေတာအတော်ကြာပြီထင််တယ်။ 


ဒါပေမဲ့ထိုစဥ် အဓိကလူမှာသတိမထားမိဘဲ ကြောင်နားရွက်များကိုလှုပ်ခါရင်း ငါးခြောက်ကိုပျော်ပျော်ကြီးလျက်နေပေရာ လူတို့ကိုပွတ်သပ်ချင်စိတ်ပေါ်လာစေသည်။


၎င်းကိုမတော်တဆစိုက်ကြည့်မိသူများမှာမနေနိုင်ဘဲနီစွေးလာတော့သည်။ ဒီအခိုက်အတန့်မှာတိုက်ရိုက်ထုတ်လွှင့်ပြသမှုအခန်းဘယ်လိုဖြစ်နေမလဲဆိုတာလန်ဇယ်စိတ်ကူးကြည့်လို့ရသည်။


ဒါပေမဲ့ သူကြောင်ငပျင်းလေး၏ချစ်စရာကောင်းသောအခြမ်းကိုအခြားသူများကိုမမြင်စေချင်ပေ၊ ဒီတော့စဥ်းပင်မစဥ်းစားဘဲ သူလက်ညှိုးဆန့်ထုတ်ကာ လှုပ်ခါနေသည့်ကြောင်ငပျင်းလေး၏ကြောင်နားရွက်ထဲကတစ်ဖက်ကိုပုတ်ကာ ပြန်သွင်းလိုက်သည်။


[ ! ! ! ]


[ သောက်ရမ်းများသွားပြီ၊ ဘာလို့ပြန်သွင်းလိုက်တာလဲလို့? ! ! ]


[ အာ၊ ကြောင်နားရွက်တစ်ဖက်ပဲကျန်တော့တယ်။]


လင်ခုံးလုမှာသူ့ခေါင်းအပုတ်ခံလိုက်ရမှန်းသတိထားမိသွားကာ သံသယဖြင့်အနောက်လှည့်ကြည့်လိုက်ပေမဲ့ လန်ဇယ်ကပုံမှန်မျက်နှာထားနှင့်ပြောလာတာကိုသာမြင်လိုက်ရသည်။

"ခုနကပျားတစ်ကောင်ဝဲနေလို့။"


လင်ခုံးလု: "?" မင်းသရဲကိုလိမ်နေတာလား။ ငါပျားရှိတဲ့အသံမကြားမိပါဘူးနော်။


သူပဟေဠိဖြစ်နေစဥ် ကျန်ကြောင်နားရွက်တစ်ဖက်မှာစတင်လှုပ်ခါလာပြန်သည်။


လန်ဇယ်သူ့ကိုငါး​ခြောက်ကျွေးကာ တိုက်တွန်းလိုက်သည်။

"ဘာမှမဟုတ်ဘူး၊ မင်းရဲ့ငါးကိုသာစား။"


လင်ခုံးလု: "??" ဖော်ပြမရအောင်ပဲ။


သူငါးခြောက်(ငွေရောင်ငါးမြှီး)နှင့်ထပ်မံဆွဲဆောင်ခံလိုက်ရစဥ် လန်ဇယ်သက်မချကာ သူ၏ကောက်ကျစ်သောလက်ချောင်းများကိုတစ်ဖန်ဆန့်ထုတ်လိုက်ပြန်သည်။


[ အားးးး၊ မလုပ်နဲ့! ]


[ ငါတို့ကြောင်နားရွက်တွေကိုကာကွယ်ဖို့ မြန်မြန်ကျည်ဆန်ပစ်ကြ ]


[ မပုတ်နဲ့၊ မပုတ်လိုက်ပါနဲ့! ]


သို့သော်လည်း လန်ဇယ်ကကြောင်နားရွက်ကို"တိကျမြန်ဆန်စွာ"ပုတ်သွင်းလိုက်ဆဲပင်။


လင်ခုံးလုသံသယဖြင့်နောက်လှည့်ကြည့်မိသည်။


လန်ဇယ်: "ဘာမှမဟုတ်ဘူး၊ မင်းရဲ့ငါးကိုသာစား။"


[ ဝူးဝူးဝူး၊ မင်းကမင်းသား၂ဆိုပေမဲ့လည်း ငါမင်းကိုဆူဆဲချင်နေတုန်းပဲ၊ မင်းရက်စက်ပြီးအကြင်နာတရားမရှိတဲ့လူ၊ ငါ့ကြောင်နားရွက်လေးတွေပြန်ပေးလို့!]


[များသွားပြီ၊ သောက်ရမ်းများသွားပြီ!]


[မင်းသား၂ကသဝန်တိုနေတယ်လို့ငါတစ်ယောက်ပဲထင်တာလား။ ငါတို့ကိုကြောင်နားရွက်မပြဘဲ သူ့အတွက်သိမ်းထားတာလေ။]


[ဟေး၊ ငါစောနကပြောခဲ့တာကရုတ်တရက်နည်းနည်းချိုမြန်သွားသလားလို့?]


[အာ၊ ချိုမြိန်ပြီးချဥ်တူးတယ်ဆိုတော့ သူကချိုချဥ်ငါးလား?]


[ဟားဟားဟား၊ အရှေ့ကချိုချဥ်ငါးကငါ့ကိုသတ်ဖို့ကြိုးစားနေတာလား?]


လန်ဇယ်လေ့ကျင့်ရေးကွင်းပြင်မှာပေါ်လာကတည်းက အန်းစုစုနှင့်ချူဖေးမှာလင်ခုံးလုအနားလုံးဝမကပ်ရဲကြပေ၊ ပြဿနာရှာဖို့ဆိုပြောမနေနှင့်တော့။


အခြားတစ်ဖက်ကလန်ဇယ်မှာ"ကြောင်"ကိုအစာကျွေးနေတုန်း ချူဖေး၏အရိပ်အယောင်ကိုမတော်တဆဖမ်းဆုပ်မိသွားကာ မောင်းနှင်သူကိုစမတ်တိုက်ရိုက်ထုတ်လွှင့်မှုဘောလုံးကိုအဝေးရွှေ့ဖို့လက်ဟန်ပြလိုက်ပြီးမှ မျက်လွှာချကာလင်ခုံးလုကိုမေးလိုက်သည်။

"​မင်းကိုယ့်ကိုချူဖေးအကြောင်းဘာလို့မပြောခဲ့တာလဲ။"


အရင်းအမြစ်များမှာတော်ဝင်မိသားစုကလူငယ်လေးကိုပေးခဲ့တာဖြစ်ပြီး လူငယ်လေးမှာဖြတ်ခုတ်ခံခဲ့ရပေမဲ့ ထိုအစားသူဟာစွပ်စွဲခံခဲ့ရသည်၊ သူလုံးဝမသိခဲ့...မဟုတ်ဘူး၊ ငါမသိတာပုံမှန်ပဲမလား။ အရင်ဘဝတုန်းကသူဟာသူ့ကိုယ်ပိုင်ကမ္ဘာမှာနစ်မြုပ်ထားပြီး လူငယ်လေးကိုလုံးဝဂရုမစိုက်ခဲ့ပေ။ ဒီဘဝမှာ သူနားလည်စပြုလာပြီ....


လန်ဇယ်ရုတ်တရက်အပြစ်ရှိစိတ်ခံစားလိုက်ရကာတိုးတိုးပြောမိသည်။

"မင်း မယ့်တော်ကိုပြောပြခဲ့ရမှာ၊ သူမသိရင် သူမ..."


သေချာပေါက်ချူဖေးကိုမောက်မာခွင့်ပြုမှာမဟုတ်ဘူး။


လင်ခုံးလုအရေးမစိုက်ဘဲ သူ့ငွေရောင်ငါးမြှီးကိုစိုက်ကြည့်ကာတံတွေးမျိုချလျက် ဗလာကျင်းစွာပြောလိုက်သည်။

"အင်း၊ ကျွန်တော်အဲ့အကြောင်းဂရုမစိုက်ပါဘူး။"


"ဒါဖြင့်ရင် မင်းဘာကိုဂရုစိုက်တာလဲ?"

သူ့ကိုငါး​ခြောက်ကျွေးရင်း လန်ဇယ်အလိုလိုမေးလိုက်မိသည်။


"ငါးမြှီးကကောင်းမကောင်း ဂရုမ..."

လင်ခုံးလုလည်းအလိုလိုပြောလိုက်မိပေမဲ့ အလယ်မှာသူရုတ်ခြည်းအသိပြန်ဝင်လာပြီး ခေါင်းအမြန်လှည့်ကာလန်ဇယ်ကိုကြည့်လိုက်မိသည်။


လန်ဇယ်မှာငါးမြှီးပေါ်နေမှန်းသိသိသာသာကိုနောက်ဆုံးမှသတိထားမိသွားရသည်၊ ကြောင်ငပျင်းလေးသူ့ကို"ပြင်းပြင်းပြပြ"စိုက်ကြည့်နေတာမဆန်းပါဘူး။


သူ့မျက်နှာမှာတမဟုတ်ချင်းတစ်ဝက်မည်းတူးသွားပြီး လင်ခုံးလုမှာဒါကိုမြင်လိုက်ရသော်အလျင်စလိုစကားပြောင်းပြောလိုက်ရသည်။

"မဟုတ်ဘူး၊ ကျွန်တော်ဆိုလိုတာကခင်ဗျားငါးမြှီးအကုန်ပြန်ကောင်းလာမလာကိုဂရုစိုက်ပါတယ်လို့။"


"တကယ်လား။" လန်ဇယ်အံကြိတ်လိုက်မိသည်။


"ဟုတ်၊ ဟုတ်။" လင်ခုံးလုကသူ့ကိုရိုးသားစစ်မှန်သောမျက်နှာလေးဖြင့်ကြည့်ကာ မျက်တောင်ခတ်ပြလာသည်။


လန်ဇယ်: "....."


ကြောင်လေးကဒီလောက်ရိုးသားနေတာ၊ ဘာလို့လဲ။ မင်းငါးစားချင်လို့ပဲမလား။


ဒါပေမဲ့သူဒေါသထွက်ရင်တောင်ဘာလုပ်လို့ရမှာလဲ။ ဒီကြောင်ငပျင်းလေးကအရမ်းကို...နှလုံးသားကင်းမဲ့လွန်းတယ်!


လန်ဇယ်မှာရွေးချယ်စရာမရှိဘဲ လင်ခုံးလုကိုသူ့ငါးမြှီးအကြောင်းမစဥ်းစားအောင်တားချင်သဖြင့် ကျန်ငါးခြောက်အကုန်လုံးကိုယူကာ တစ်ဖက်လူ၏ပါးစပ်ထဲအကုန်ထိုးထည့်ပစ်လိုက်သည်။


မထင်မှတ်ထားစွာဖြင့် လင်ခုံးလုကတစ်စက္ကန့်ကြာကြောင်အမ်းသွားကာ ရွံရှာသွားသယောင်။


လန်ဇယ်: "?"


"မင်းရဲ့မျက်နှာပေးကဘာလဲ။"


"ခင်ဗျားရဲ့လက်ချောင်းပေါ်မှာလေ။"

လင်ခုံးလုမှာအသန့်ကြိုက်မှုရှိသဖြင့် အနည်းငယ်ရွံရှာနေမိသည်။


လန်ဇယ်: "....."


"မင်းခုနကအများကြီးစားခဲ့တာပဲကို၊ ငါခွံ့ကျွေးတုန်းက မင်းမကြိုက်တာမမြင်မိပါဘူး။"


လင်ခုံးလုကရန်တွေ့သည်။

"စကားများတာနဲ့စကားမများတာရဲ့ကြားမှာခံစားချက်မတူဘူးလေ။"


သူသူ့လက်ချောင်းမျအကြောင်းသိပ်မပြောချင်ပေ။


လန်ဇယ်လှောင်ပြုံးပြုံးကာပြောလိုက်သည်။

"မင်းငါ့သွားရည်ကိုစားတုန်းက မင်းလုံးဝသဘောမကျမဖြစ်ခဲ့ဘူးလေ။"


"ကျွန်တော်ဘယ်တုန်းကခင်ဗျားသွားရည်ကိုစားခဲ့လို့လဲ။"

လင်ခုံးလုအံ့သြသွားမိသည်။


လန်ဇယ်: "အိုး၊ လက်ထပ်ပွဲပြီးနောက်တစ်နေ့မှာ ကိုယ့်မယ်တော်ကိုယ်တို့ဆီလာလည်တော့ မင်းကကိုယ့်ကိုကိုယ်သုံးထားတဲ့ဇွန်းနဲ့ငါးခွံ့ကျွေးခဲ့တာ။"


လင်ခုံးလု: "..." ဘယ်လိုလုပ်တူမှာလဲ။ နမ်းနေတုန်းမှာသွားရည်ကျတာပဲကို။


ဒါပေမဲ့သူဒါကိုပြောရမှာရှက်တာမို့ ထိုအကြောင်းတွေးကာရိုးရှင်းစွာပြောလိုက်သည်။

"ကျွန်တော်မမှတ်မိဘူး။"


မမှတ်မိဘူး?


လန်ဇယ်ရုတ်ခြည်းစိတ်သောကရောက်သွားကာ ဘာမှမသိသည့်ဒီကြောင်ငပျင်းလေးကိုဒေါသထွက်သွားသည်။


သူအလိုလိုလက်မြှောက်ကာလင်ခုံးလုကိုသူ့ဆီလှမ်းဆွဲပြီး ခပ်ပြင်းပြင်းနမ်းရှိုက်ကာ သူ့နှုတ်ခမ်းများကိုအပြစ်ပေးသည့်အနေဖြင့်ကိုက်ချပစ်လိုက်သည်။


လင်ခုံးလုမှာအကာအကွယ်မဲ့သွားပြီး လုံးဝမတုံ့ပြန်မိပေ။


သူတို့မျက်လုံးချင်းဆုံသွားတော့ သူတို့နှစ်ယောက်လုံးမိန်းမောသွားမိသည်။


နှစ်စက္ကန့်ကြာပြီးမှ လန်ဇယ်သူ့ကိုရုတ်ခြည်းလွှတ်ပေးကာ တည်ငြိမ်ချင်​ယောင်ဆောင်ပြီးပြောလိုက်သည်။

"မင်းအခုမှတ်မိသွားပြီလား။"


"မှတ်၊ မှတ်မိပြီ။" လင်ခုံးလုထစ်ထစ်အအပြောလိုက်မိပြီး ပြောပြီးနောက်သူ့ကိုတစ်ချက်ခိုးကြည့်ကာ တွေးလိုက်မိသည်: ဒါကမင်းငါ့ကိုသဘောကျတယ်လို့ဆိုလိုတာလား။


လန်ဇယ်၏နားရွက်ဆူးတောင်များမှာအနည်းငယ်နီစွေးနေပေမဲ့ သူတည်ငြိမ်ချင်​ယောင်ဆောင်ကာပြောလိုက်သည်။

"မှတ်ထား၊ မင်းနောက်တစ်ခါမေ့ရဲရင် မင်း....ဒီလိုမျိုးအပြစ်ပေးခံရမယ်။"


လင်ခုံးလု: "?"


ခပ်လှမ်းလှမ်းတွင်ဒီမြင်ကွင်းကိုမတော်တဆမြင်လိုက်ရသည့်ကျိချောင်မှာ စိတ်လှုပ်ရှားမှုဖြင့်ရှက်သွေးဖြာသွားကာ ရင်ထဲမှာအော်ဟစ်နေမိသည်: မိုက်တယ်ကွ၊ မင်းသား၂နဲ့လင်လောင်ရှီးကအစစ်အမှန်ပဲ၊ ဒါပေမဲ့တိုက်ရိုက်ထုတ်လွှင့်ပြသမှုဘောလုံးမောင်းထုတ်ခံလိုက်ရတာသနားစရာပဲ။


ဒါပေမဲ့ထိုစဥ်ခယ့်လီစစ်ကအေးစက်စက်မျက်နှာဖြင့်ရောက်လာကာမေးသည်။

"မင်းတွယ်တက်တဲ့ပရောဂျက်ကိုကျော်ဖြတ်နိုင်ပြီလား။"


ကျိချောင်: "အာ။" ခွေးစာစားရတာဘာလို့ဒီလောက်ခက်ခဲရတာလဲနော်?


ဒါရိုက်တာမှာလည်းသူမနှင့်တူညီသောစိတ်အခြေအနေရှိပြီး ဝမ်းနည်းမိလျက် သူကသူ့ပေါင်သူရိုက်ချကာပြောလိုက်မိသည်။

"ဒီလိုအံ့သြစရာကောင်းတဲ့မြင်ကွင်းကထုတ်လွှင့်ပြသမှုမဟုတ်တာသနားစရာပဲ။"


သူ့ဘေးကဝန်ထမ်းမှာမသိမသာချွေးပြန်လျက်အသိပေးလာသည်။

"ဒါရိုက်တာ၊ ကျွန်တော်တို့ကဒီမှာပြင်းထန်တဲ့လေ့ကျင့်ရေးရသစုံရှိူးလာရိုက်တာနော်၊ အချစ်ရသစုံရှိုးမဟုတ်ဘူး။"


ဒါရိုက်တာ: "မင်းဘယ်လိုပြောရမလဲသိတာပဲ!"


လင်ခုံးလု၏မန်နေဂျာဝမ်ပင်းမှာလည်းဒီမှာရှိနေပြီး လန်ဇယ်ကသူ့အလုပ်များကိုယူရန်လူလွှတ်ခဲ့သောကြောင့် သူအရင်ရက်အနည်းငယ်မှာပျင်းရိနေခဲ့သည်။ ဒါပေမဲ့ဒီနေ့လန်ဇယ်ရိုက်ကွင်းမှာပေါ်လာတော့ သူတမဟုတ်ချင်းစိတ်လှုပ်ရှားလာပြန်သည်။


လမ်းပိတ်တဲ့cpဖန်ခေါင်းဆောင်အနေဖြင့် သူနောက်ဆုံးမှာအသက်ပြန်ဝင်လာပြီ!


သူလန်ဇယ်ကလင်ခုံးလုကိုငါး​ခြောက်ကျွေးနေသည့်ပုံကိုအမြန်ရိုက်လိုက်ပေမဲ့ လန်ဇယ်ကိုဖုံးထားကာ ငွေရောင်ဆံပင်ရှည်နှင့်နားရွက်ဆူးတောင်ကိုသာဖော်ပြထားပြီး ဂရုမှာတင်ကာ ကြေငြာလိုက်သည်: ဒီနေ့ငါမေ့​မျောသွားရပြန်၊ လမ်းပိတ်နေတဲ့cpကအစစ်အမှန်ပဲဟ!


သို့သော်လည်း-


[အခုဆိုလူတိုင်းဒါကိုသိနေကြပြီ၊ မင်းမှာကြောင်ပုံရှိလား။]


[ကြောင်ပုံ 1 ၊ ငါကြောင်ကိုညှစ်ချင်တယ်]


[မင်းသား၂ကအကြင်နာတရားမရှိဘူး၊ သူကငါတို့ကြောင်နားရွက်လေးကိုပုတ်သွင်းခဲ့တာ၊ ငါသူ့ကိုမမြင်ချင်ဘူး၊ ကြောင်ပုံတောင်းဆိုပါတယ်။]


cpဖန်: ???


နေ့တစ်ဝက်ပဲရှိသေးတာကို မင်းတို့အကုန်လုံးဘာလို့အဆိပ်ပြင်းလာတာတုန်း?


_______________________