Chapter(67)
Viewers 10k

ထိုညမှာ လင်ခုံးလုကြောင်လက်ဖဝါးရိုက်နှိပ်ပေးနေသည့်ဗီဒီယိုကရေပန်းစားနေသောရှာဖွေမှုစာရင်းထဲဝင်သွားပြန်ကာ ကောမန့်များမှာချစ်စရာကောင်းမှုတို့ဖြင့်ပြည့်နေပေမဲ့ နားဝင်မချိုသောအသံများလည်းရှိ​ပေသည်-


[ ဒါဘာလုပ်နေတာလဲ။ မင်းကြောင်လက်ဖဝါးရာရိုက်နှိပ်ပြီးချစ်စရာကောင်းတယ်လို့ခေါ်နေရင် မကောင်းတဲ့လူတစ်ယောက်ကကြောင်ဗီဇနိုးထလာလို့ရှိရင် အဲ့ဒါကိုလည်းနာမည်ဆိုးရှင်းလင်းတယ်လို့ပြောလို့ရလား။ ]


[ ငါတကယ်နားမလည်ဘူး၊ လူတိုင်းကမက်ခါကိုလေးလေးနက်နက်အဖြုတ်အတပ်လုပ်နေပေမဲ့ သူကကြောင်လက်ဖဝါးရာရိုက်နှိပ်နေတယ်ဆိုတော့ သောက်ရမ်းလွယ်တာပဲ ]


[ အမည်းဖန်ကဒီမှာသာမန်လူယောင်ဆောင်နေတာလား။ မောက်မောက်ကမက်ခါအဖြုတ်အတပ်လုပ်ပြီးပြီဟဲ့၊ ဟုတ်ပြီလား၊ သူမကောင်းတာဘာမှမလုပ်ခဲ့တာကို နင်ကဘာဖြစ်နေတာလဲ? ]


[ အဲ့ဒါပဲ၊ ခုနကလူတွေကစုစုဖန်နဲ့အခြားသရုပ်ဆောင်တွေရဲ့ဖန်ဖြစ်လောက်တယ်။ မင်းတို့မှာမောက်မောက်ကိုဂရုစိုက်ဖို့အချိန်ရှိရင် မင်းတို့အိမ်အငွေ့တထောင်းထောင်းထပြီးဆေးကြောခံနေရလားဆိုတာကိုဘာလို့သွားမကြည့်တာလဲ၊ ဟီးဟီး ]


တိုက်ရိုက်ထုတ်လွှင့်​ပြသမှုလေးရက်တာကြာပြီးနောက်အန်းစုစုနှင့်ချူဖေးတို့ ဆက်သွယ်ရေးစက်ပြန်ရချိန်တွင် အင်တာနက်ပေါ်မှာဘာဖြစ်နေမှန်းသိရှိသွားကြကာ သူတို့မျက်နှာမှာတမဟုတ်ချင်းစိမ်းဖန်သွားတော့သည်။


ရက်အနည်းငယ်ကြာပြီးနောက် အန်းစုစု၏ထောက်တိုင်ကိုနဂိုပါတနာကအိမ်မှနှင်ထုတ်ပစ်လိုက်သည်။ ထိုတင်မကသေး၊ နဂိုပါတနာကလည်းဆန်ကုန်မြေလေးရှောင်စန်းကိုအင်တာနက်ပေါ်မှာနှစ်ရက်နှင့်နှစ်ညတိုင်တိုင်တစစီဆွဲဖြဲပစ်ကာ အန်းစုစုနှင့်ထောက်တိုင်တို့အတူရှိသည့်သက်သေအကုန်လုံးထုတ်ပြပြီး အန်းစုစုကိုသူမထောက်တိုင်ပေးခဲ့သည့်အရာအားလုံးပြန်ယူမည်ဟုသူမကဆိုသည်။


နဂိုပါတနာဒီလောက်သက်သေအများကြီးကိုတစ်ခါတည်းထုတ်ပြလာနိုင်သည့်အကြောင်းရင်းကိုတော့ လန်ဇယ်တစ်ယောက်သာသိလိမ့်မည်။


လန်ဇယ်ကဒီလူနှစ်​ယောက်ကိုလူကိုယ်တိုင်ထိပ်တိုက်သွားတွေ့ဖို့စက်ဆုပ်မိသည်။ ပထမတစ်ချက်၊ သူတို့ကလင်ခုံးလုအပေါ်ပြုလုပ်ခဲ့သည့်ထိခိုက်စေမှုအများစုမှာသူ့ကိုလိမ်လည်ပြောဆိုဖို့ သွေးထိုးစကားဆိုသောဖန်များထံမှလာခဲ့ခြင်းဖြစ်သည်။ ဒုတိယတစ်ချက်၊ သူလူကိုယ်တိုင်သွားရင်တောင် သူကဒီလူနှစ်ယောက်ကိုလီဆယ်ပြောဆိုမှုအတွက်သာစွဲချက်တင်နိုင်သည်။ အရမ်းလွန်သွားရင် သူကအာဏာသုံးပြီးအခြားသူများကိုဖိနှိပ်သည်ဟုသေချာပေါက်သံသယအဝင်ခံရလိမ့်မည်။


သိပ်မသိသာပေမဲ့ ရုံးချုပ်ကအမှောင်ထုထဲမှာရှိသည်။ ဒီလူနှစ်​ယောက်ကသူတို့နှင့်ဘာမှမဆိုင်သည့်"ကြယ်ပွင့်"လေးကိုသက်သက်မဲ့ထိခိုက်အောင်လုပ်ခဲ့သည်။ သူ့လက်ထောက်ချောင်အန်းကိုအနည်းငယ်စစ်ဆေးကြည့်ခိုင်းလိုက်တော့အများကြီးရှာတွေ့ခဲ့သည်ါ


ဥပမာအနေဖြင့် အန်းစုစုကိုလျှော့ပေါ့ဆဲပင်၊ သူမ၏ပုံရိပ်ပျက်စီးသွားပြီး အနာဂတ်မှာသူမကအနုပညာအသိုင်းအဝိုင်းထဲဝင်နိုင်လောက်တော့မည်မဟုတ်ဘဲ သူမထောက်တိုင်ဆီကယူခဲ့သည့်ပိုက်ဆံများကိုနဂိုပါတနာဆီနှစ်ပေါင်းများစွာကြာအောင်အကြွေးပြန်ဆပ်ရပေမည်။


ဒါပေမဲ့ချူဖေးကတော့မတူပေ။ ဒီလူ့မှာတော်ဝင်မြို့တော်ထဲရှိအဆင့်မြင့်အရာရှိများစွာနှင့်အဆက်အသွယ်ရှိပြီး အထူးသဖြင့်သူဟာဧကရာဇ်၏ညီတော်-မင်းသားလန်ရုန်ပေါ်လတ်တလောမှီခိုအားကိုးနေခဲ့သည်။ မင်းသားလန်ရုန်ကားလန်ဇယ်၏ဒေါသကြီးသောအကျင့်စရိုက်ကိုအမည်းဖန်များမှတဆင့်တိတ်တခိုးရန်စွပေးနေခဲ့သည်။ ဒီကိစ္စနောက်ကွယ်ကလက်သည်တရားခံမှာဧကရာဇ်နှင့်လန်ဇယ်၏အနှေးနှင့်အမြန်ကိုင်တွယ်ရှင်းထုတ်ခြင်းခံရပေလိမ့်မည်။


ဒါပေမဲ့၎င်းကအဓိကမဟုတ်ပေ။ အဓိကမှာချူဖေးကဒီလူအုပ်နှင့်ပေါင်းပြီး သံသယဖြစ်ဖွယ်ရာလုပ်ရပ်မျိုးစုံလုပ်နေခဲ့သည်ပင်။ သူကားအ​​ခြေခံအားဖြင့်တရားဥပဒေကိုရင်ဆိုင်ရလိမ့်မည်။ သူမနက်ဖြန်အခြေစိုက်စခန်းကထွက်ခွာပြီး သန်ဘက်ခါကျရင်စုံစမ်းစစ်ဆေးဖို့ခေါ်သွားခံရမည်ဟုခန့်မှန်းရသည်။


စုံစမ်းစစ်ဆေးမှုမှာအချိန်သိပ်မကြာသဖြင့် လူထုကိုအချိန်ခဏလောက်ကြေငြာချက်မထုတ်နိုင်ပေ။ အင်တာနက်ပေါ်မှာရေရောနေကြသည့်လူတစ်အုပ်ရှိနေဆဲပင်။


မာရှယ်မုန့်တျယ်မှာလည်းအခုဆိုကြယ်ပွင့်နောက်လိုက်နေပြီး အင်တာနက်ပေါ်မှာ အမည်းဖန်တစ်ယောက်ကလင်ခုံးလုကားပျင်းရိမှု၊ ချစ်စရာကောင်းမှုတို့ဖြင့်နာမည်ဆိုးရှင်းလင်းနေပြီး ကြောင်လက်ဖဝါးရာနှိပ်ကပရိုဂရမ်အဖွဲ့၏အစီအစဥ်ဟုပြောလာသည်ကိုမြင်လိုက်ရရင်း သူရုတ်ခြည်းမပျော်မရွှင်ဖြစ်သွားမိသည်။


ကြင်ယာတော်ကသူ့တောင်းဆိုမှုကြောင့်ကြောင်လက်ဖဝါးရာနှိပ်ပေးတာအမှားဖြစ်သွားတာလား။ ဒါကသူ့အမှားမဟုတ်ဘူးလား။ ပြီးတော့ကြောင်လက်ဖဝါးရာရိုက်နှိပ်တာကလူကယ်ဖို့အတွက်ဆိုတော့ ကောင်းတဲ့ကိစ္စပဲကို ဘယ်လိုလုပ်ပြီးပြောဆိုခံနေရတာတုန်း?


သူစဥ်းပင်မစဥ်းစားဘဲ သူ့ရှင်းပေါ်အကောင့်ထဲတိုက်ရိုက်log inဝင်ကာ ကြောင်လက်ဖဝါးရာရိုက်နှိပ်သည့်ဗီဒီယိုကိုforwardလုပ်ပြီး တည်ငြိမ်ကာလေးနက်သောလေသံဖြင့်ပြောလိုက်သည်: ကျေးဇူးတင်ပါတယ်၊ ကြင်ယာတော်၊ အင်းဆက်အဆိပ်ကူးစက်ခံထားရတဲ့စစ်သည်တွေအတွက်ကုသရေးဌာနရဲ့စိတ်ဝိညာဥ်အမှတ်ရာကိုအချိန်ပေးပြီးရိုက်နှိပ်ပေးတဲ့အတွက်ပါ။ အင်းဆက်အဆိပ်ကိုပျောက်ကင်းအောင်ကုသနိုင်တဲ့ ဒီ"ကြောင်လက်ဖဝါးရာ"ကြောင့် စစ်သည်တွေအမြန်ဆုံးပြန်ကောင်းလာမယ်လို့ယုံကြည်မိပါတယ်။


"!"


ဒါဘာကိုဆိုလိုတာလဲ။ အငြင်းပွားနေကြသည့်အင်တာနက်သုံးစွဲသူများမှာတမဟုတ်ချင်းထိတ်လန့်အံ့သြသွားရပြန်သည်။


[ ဒါ ဒါကငါနားလည်တဲ့အရာလား။ အင်းဆက်အဆိပ်ကိုကုသနိုင်တာလား။ အပြည့်အဝကုသနိုင်တယ်ပေါ့? ]


[ အင်း၊ အမှန်ဖြစ်ပုံပဲ၊ မာရှယ်လောင်ရှီးက"ပျောက်ကင်း"တယ်လို့ပြောသွားတာလေ! ]


[ ဒီတော့....လင်မောက်မောက်ကအင်းဆက်အဆိပ်ကိုကုသနိုင်တာလား။ ]


[ မဖြစ်နိုင်တာ၊ အင်းဆက်အဆိပ်ကနောက်ဆုံးအဆင့်ရောဂါတစ်ခုပဲကို အဲ့ဒါကိုကုသနိုင်တယ်လို့မကြားမိပါဘူး။ ]


[ ဆေးကျောင်းသားတစ်ယောက်အနေနဲ့ ငါဒီရက်ပိုင်းပညာရေးလောကမှာအဲ့လိုသတင်းမျိုးကိုမကြားမိပါဘူး။ ]


[ ဒါပေမဲ့ ဒါကမာရှယ်ဆီကလေ ၊ မာရှယ်ကတော့လိမ်ပြောမယ်လို့ငါမထင်ဘူးရယ်။ ]


[ ဘုရားရေ၊ အမှန်ပဲဟ၊ စစ်တပ်ကကြေငြာချက်ထုတ်ပြန်လိုက်ပြီ! ]


[ တော်ဝင်မိသားစုကလည်းကြေငြာချက်ထုတ်ပြန်လိုက်တယ်၊ မင်းသား၂ကပြန်ရှဲထားတယ်၊ ဧကရီအန်နာနဲ့ဧကရာဇ်ကလည်းပြန်ရှဲပြီးအတည်ပြုပေးထားတယ်၊ ဘုရားရေ၊ အင်းဆက်အဆိပ်ကိုတကယ်ကုသနိုင်တယ်ဆိုတော့ ကူးစက်ခံထားရသူတွေအတွက်မျှော်လင့်ချက်ရှိလာပြီပေါ့! ]


မတိုင်ခင်တုန်းကသာဆိုရင် အနုပညာအသိုင်းအဝိုင်း၏ဖန်နှင့်အမည်းဖန်တို့အချင်းချင်းတစစီစုတ်ဖြဲနေကြရုံသာဖြစ်ပေမဲ့ အခုတော့၎င်းကဆေးပညာနယ်ပယ်၊ ပညာရေးနယ်ပယ်၊ စစ်တပ်နယ်ပယ်တစ်ခုလုံး....နှင့်အင်ပါယာတစ်ခုလုံးအတွက်ထိတ်လန့်အံ့သြစရာဖြစ်လာပေသည်။


အင်းဆက်အဆိပ်ကိုကုသနိုင်တယ်၊ ဒါအမှန်ပဲလား?  !


သိတဲ့အတိုင်း၊ ဇာ့ဂျ်နှင့်မကြာခဏတိုက်ခိုက်ရသည့်စစ်သည်များအပြင် ကြယ်စုမှာအင်းဆက်အဆိပ်ကူးစက်ခံထားရသည့်ပြည်သူပြည်သားအနည်းဆုံးသန်း၁၀၀ရှိပြီး အထူးသဖြင့်လူသူကင်းမဲ့သောကြယ်ဂြိုဟ်မှာနေထိုင်ကြသူတို့ဖြစ်သည်။


အင်းဆက်အဆိပ်မိထားသူအယောက်သန်း၁၀၀အနက် အင်ပါယာကအနည်းဆုံးအယောက်သန်း၃၀အတွက်သာကြေငြာထားသည်။


သတင်းများထွက်လာသည်နှင့် ရှင်းပေါ်မှာပွက်လောရိုက်သွားပြီး အခြားနိုင်ငံများကပါအာရုံစိုက်လာသည်။ "အိပ်မက်စစ်သည်၊ ၇ရက်နှင့်၇ည"ပရိုဂရမ်မှာလုံးဝပေါက်သွားခဲ့သည်။


ဒါရိုက်တာမှာအန်းစုစုနှင့်ချူဖေးတို့၏ပုံရိပ်ပြဿနာနှင့်ပတ်သတ်ပြီးတစ်ခဏကြာစိတ်ပူသွားမိကာ ratingကိုထိခိုက်စေသွားနိုင်သည့်သူတို့ကိုဆင်ဆာဖြတ်ဖို့ကြံခဲ့ပေမဲ့ နောက်တစ်စက္ကန့်မှာသူအပျော်လွန်သွားပြီး လက်များဝေ့ယမ်းကာပြောလိုက်မိသည်။

"ဆင်ဆာဖြတ်လိုက်၊ သူတို့နှစ်ယောက်အခန်းကိုဖြတ်ထုတ်လို့ရရင် များများဖြတ်ထုတ်ပြီး ကြင်ယာတော်အခန်းကိုများများထည့်လိုက်။"


ဆားရယ်ဂြိုဟ်၏မြို့ငယ်လေးမှာ ခုနကမှညစာစားပြီးသွားသည့်ရေသူလုကျားကဆက်သွယ်ရေးစက်ကိုပုံမှန်အတိုင်းဖွင့်ကြည့်လိုက်ပြီး တက်လာသည့်သတင်း၏ခေါင်းကြီးပိုင်းကိုမြင်လိုက်ရချိန်မှာ သူတမဟုတ်ချင်းတောင့်တင်းသွားရသည်။


သူသတင်းကိုတုန်ရီနေသောလက်တို့ဖြင့်နှိပ်ကြည့်လိုက်ပြီး တစ်အောင့်ကြာကြည့်ပြီးနောက် သူရုတ်ခြည်းအနောက်လှည့်ကာ ကုတင်ပေါ်မှာလှဲနေသည့်အရပ်ရှည်ရှည်လူငယ်တစ်ယောက်ကိုပြောလိုက်သည်။

"ခဲ့အာ၊ မင်းသတင်းဖတ်ကြည့်ပြီးပြီလား။ သူတို့ပြောတာကတော့ကြင်ယာတော်ကအင်းဆက်အဆိပ်ကိုကုသနိုင်တယ်တဲ့။"


လူငယ်လေးကရယ်မောလာပြီး သူ့မျက်ခုံးမှာပြေလျော့နေလျက် သူကနူးညံ့စွာဆိုလာသည်။

"အင်း။"


စောင်အပါးအောက်တွင် သူ့ခြေထောက်များမှာလန်ဇယ်၏ငါးမြှီးကဲ့သို့တွန့်လိမ်ကောက်ကွေးနေသည့်အမည်းစင်းများရှိနေသည်။ ထို့အပြင် ဒီလူ၏မျက်နှာမှာလန်ဇယ်နှင့်တစ်မျိုးတစ်ဖုံဆင်တူလှသည်။


"ကောင်းတယ်၊ အခုဆိုမင်းမသန်စွမ်းဖြစ်မသွားတော့ဘဲ ကုသလို့ရတော့မှာ။"

လုကျားကစိတ်လှုပ်ရှားစွာဆိုသည်။


ခဲ့အာကပြုံးရုံသာပြုံးလိုက်ပြီး သူ့မျက်ဝန်းထဲမှာအလိုလိုက်မှုတစ်စွန်းတစ်နှင့်အတူ ခေါင်းတိတ်တခိုးခါမိလျက်။


ကိစ္စတွေကဘယ်လိုလုပ်ပြီးဒီလောက်လွယ်နိုင်မှာလဲ။ အင်ပါယာမှာကူးစက်ခံထားရတဲ့လူတွေအများကြီးရှိပေမဲ့ ကြောင်လက်ဖဝါးရာကအကန့်အသတ်ရှိတဲ့အပြင် စစ်တပ်ကိုသေချာပေါက်ဦးစားပေးလိမ့်မယ်။ သူတို့တွေပြည်သူပြည်သားကိုထောက်ပံ့ချိန်မှာ စျေးနှုန်းကအရမ်းမြင့်မှာမို့ သူတို့မတတ်နိုင်လောက်ဘူး။


အရေးကြီးဆုံးအရာကားသူတို့ဟာတော်ဝင်မျိုးနွယ်ဖြစ်ကြပေမဲ့ သူတို့ကသုံးလမ်းသွားဇုန်ထဲကပရမ်းပတာကြယ်ဂြိုဟ်မှာနေထိုင်ကြသဖြင့် အင်ပါယာက....သူတို့ကိုထည့်သွင်းစဥ်းစားလိမ့်မည်မဟုတ်။


လုကျားမှာဒီပြဿနာကိုအလွန်လျင်မြန်စွာသဘောပေါက်သွားပြီး တစ်အောင့်ကြာပျော်နေပြီးမှစိတ်ပူစပြုလာသည်။

"ဒါပေမဲ့ငါတို့မှာပိုက်ဆံသိပ်မရှိဘူး။"


ခဲ့အာကသူ့ခေါင်းကိုပွတ်သပ်ကာ နူးညံ့စွာပြောလိုက်သည်။

"ဘာမှမဖြစ်ပါဘူး၊ ကိုယ်မလိုသေးပါဘူးကွာ။"


"ဘာလို့မလိုရမှာလဲ။" လုကျား၏မျက်လုံးများမှာတမဟုတ်ချင်းနီမြန်းသွားကာ ခေါင်းခါလျက်ပြောလိုက်မိသည်။

"မင်းခြေထောက်ပေါ်ကအဆိပ်ကစပျံ့နှံ့လာပြီ၊ မင်းအနည်းဆုံးနှစ်လအတွင်းမှာခြေထောက်မသန်စွမ်းဖြစ်သွားလိမ့်မယ်။ မရဘူး၊ သိပ် သိပ်ကြာကြာမခံလောက်ဘူး။"


ခေတ္တတန့်သွားပြီးမှ သူထပ်မေးလိုက်သည်။

"ခဲ့အာ၊ မင်းမိသားစုကိုသွားရှာဖို့တွေးကြည့်ဖူးလား။"


ခဲ့အာတစ်ခဏကြာလန့်သွားပြီးမှ ခေါင်းခါကာပြောလိုက်သည်။

"ကိုယ်မမှတ်မိဘူး။"


အဆိပ်အကြောင်းသတင်းပျံ့သွားပြီးနောက် သူ့ဆက်သွယ်ရေးစက်မှာတတီတီမြည်နေပြီး လင်ဝမ်ပေါ်နှင့်မြောင်ယာတို့၏ဆက်သွယ်ရေးစက်များပင်တတီတီမြည်နေပေရာ သူတို့သုံးယောက်လုံးပိတ်ထားလိုက်ရသည်။


လန်ဇယ်ဘက်ကအခြေအနေမှာအတူတူပင်။ ပိုင်ရှင်အမှန်ရှာမတွေ့ရင် ဆက်စပ်သူများကသူ့ဆီပြောင်ပြောင်တင်းတင်းရောက်လာကြလိမ့်မည်ပင်။


အရင်ဆုံး အနီးနားကအခြေစိုက်စခန်းအများအပြားကိုတာဝန်ယူထားသည့်လူတို့မှာဖုန်းခေါ်ကာကွန်ပလိန်းတက်လာကြပြီး အင်းဆက်အဆိပ်ကူးစက်ခံထားရသည့်စစ်သည်တို့အတွက်မလွယ်ကူတာမို့ ကြောင်လက်ဖဝါးရာတချို့ပေးပါ၊ သူတို့ကမက်ခါလဲလှယ်မည်ဖြစ်ကြောင်းဆိုသည်။


လန်ဇယ်ကမည်းမှောင်သောမျက်နှာဖြင့်တည့်တိုးပြောလိုက်သည်: မာရှယ်ကအကုန်လုံးယူသွားပြီ၊ သူ့ကိုသွားမေး။


ထို့နောက် ဆေးပညာနယ်ပယ်နှင့်ပညာရေးနယ်ပယ်ထဲရှိအရေးပါသူများကလည်းဖုန်းခေါ်ကာ စိုးရိမ်ပူပင်စွာမေးလာသည်: ကြင်ယာတော်ကအင်းဆက်အဆိပ်ကိုတကယ်ကုသနိုင်တာလား။ ကျွန်တော်တို့လေ့လာကြည့်လို့ရမလား။ ကျွန်တော်တို့ကိုအထင်မလွဲပါနဲ့၊ အစမ်းသပ်ခံလုပ်ဖို့မဟုတ်သလို ခန္ဓာဗေဒစစ်ဆေးကြည့်ဖို့လဲမဟုတ်ပါဘူး...အိုး၊ ဘာတွေစဥ်းစားနေတာလဲ၊ ကျွန်တော်တို့ကကုသပုံသဘောတရားကိုသိချင်ရုံပါ၊ ဒါမှသာကျွန်တော်တို့ကုသနည်းကိုတိုးတက်အောင်လုပ်နိုင်မှာလေ။


အဆုံးမှာ....နည်းနည်းအဆိုးဘက်ကပြောရရင် ကြင်ယာတော်ကတစ်သက်လုံးအသက်ရှင်ဖို့မဖြစ်နိုင်ဘူးလေ။ လူသားဘဝကအကန့်အသတ်ရှိတာမို့ သူ့ကိုကြောင်လက်ဖဝါးရာရိုက်နှိပ်ခိုင်းဖို့တစ်ချိန်လုံးအားကိုးနေလို့မရဘူးမလား။ ကုသနည်းကိုတိုးတက်အောင်လုပ်ဖို့လိုအပ်တယ်၊ ကြောင်လက်ဖဝါးရာတစ်ချိန်လုံးရိုက်နှိပ်တာကပင်ပန်းတ.....


သူတို့စကားပြောလို့မပြီးသေးခင် လန်ဇယ်မည်းမှောင်သောမျက်နှာဖြင့်ဖုန်းချပစ်လိုက်သည်။


ဘာအကန့်အသတ်ရှိတဲ့ဘဝသက်တမ်းလဲ ဒီလူတွေပြောတာနည်းနည်းမကောင်းဘူးလားလို့?  သိသိသာသာကိုတော်တော်လေးမကောင်းဘူး။


ဒါပေမဲ့လင်ခုံးလုကတော့အဓိပ္ပါယ်ရှိသည်ဟုထင်မိကာ မျက်လုံးတောက်တောက်လေးများဖြင့်ပြောလိုက်သည်။

"ကျွန်တော့်တို့ကြိုးစားလေ့လာကြည့်လို့ရမယ်လို့ထင်တယ်။"


လန်ဇယ်: "...." ဒါကအပျော်တမ်းကစားနေတယ်ထင်​နေတာလား။


လင်ခုံးလု: "အာ၊ ကျွန်တော့်အထင် နောက်ဆုံးစကားကအဓိပ္ပါယ်ရှိတယ်။ အင်ပါယာမှာအင်းဆက်ကူးစက်ခံထားရတဲ့လူပေါင်းသန်း၃၀ရှိတယ်လေ။ တကယ်လို့ကျွန်တော်သာနေ့တိုင်းကြောင်လက်ဖဝါးရာရိုက်နှိပ်နေရရင် ကျွန်တော်အများဆုံးတစ်နှစ် အနည်းဆုံးသုံးနှစ်မှာအခု၁၀သန်းလောက်ပဲရိုက်နှိပ်နိုင်မှာ။ အဲ့လိုဆိုကျွန်တော်တို့တွေလူတစ်ယောက်ကိုတစ်ခုပဲပေးနိုင်မှာဆိုတော့ရေပုံးထဲကရေတစ်စက်လိုဖြစ်နေမှာ၊ ပြီးတော့လဲပင်ပန်းတယ်မလား။"


လန်ဇယ်ကမည်းတူးသောမျက်နှာထားရှိလျက်ပြောလာသည်။

"သူတို့ပြောတဲ့ပေါက်ကရစကားတွေကိုနားမထောင်နဲ့။ သူတို့လေ့လာချင်ရင် ကြောင်လက်ဖဝါးရာရဲ့ကုသပုံသဘောတရားကိုတိုက်ရိုက်လေ့လာလို့ရတယ်၊ မင်းကိုလေ့လာစရာမလိုဘူး။.သူတို့ကဒီအတိုင်းစပ်စပ်စုစု မင်းကိုလာတွေ့ချင်တာဖြစ်မယ်။"


လင်ခုံးလု: "...အဲ့လိုလား?"


သူဒီကမ္ဘာကဆေးပညာအကြောင်းသိပ်မသိပေ၊ အဆုံးတွက်သူအင်းဆက်အဆိပ်ကိုကုသဖို့ စိတ်ဝိညာဥ်အမှတ်ရာသုံးနိုင်တဲ့အချက်က...တော်တော်လေးဆန်းကြယ်နေပြီပင်။


လန်ဇယ်သူ့ခေါင်းကိုပုတ်ကာ ကူကယ်ရရာမဲ့စွာပြောလိုက်မိသည်။

"ကြောင်ငတုံးလေး။"


လင်ခုံးလု: "?" ဘယ်သူ့ကိုတုံးတယ်လို့ပြောလိုက်တာတုန်း?


လူတို့ဆက်တိုက်ခေါ်ဆိုနေသောကြောင့် လန်ဇယ်နှင့်လင်ခုံးလု၏နားရက်မှာအလဟဿဖြစ်သွားပြီး ဘာမှမလုပ်လိုက်ရပေ။


နားရက်အပြီးတွင် "၇ရက်နှင့်၇ည"ပရိုဂရမ်၏တည်းဖြတ်ထားသောဗားရှင်းကိုပင်မတီဗွီချန်နယ်များမှာစတင်ထုတ်လွှင့်ပြသခဲ့ရာ နောက်ထပ်စိတ်အားထက်သန်မှုလှိုင်းတစ်လှိုင်းဖြစ်သွားစေသည်။


သို့သော် ဒီလူကြိုက်များမှုလယ်ဗယ်က"လင်ခုံးလုကအင်းဆက်အဆိပ်ကုသနိုင်တယ်"ဆိုသည့်သတင်းယူဆောင်လာသည့်အာရုံစိုက်မှုကိုလုံးဝကျော်လွန်သွားသည်။


အင်တာနက်သုံးစွဲသူများမှာတစ်အောင့်ကြာကျိန်ဆဲနေကြပေမဲ့ ပုံပေါ်လာချိန်မှာ သူတို့ချက်ချင်းစိတ်လှုပ်ရှားသွားပြန်သည်။


[ အားးးး၊ မောက်မောက်ဘယ်မှာလဲ? မောက်မောက်ထွက်လာခဲ့! ]


[ ငါကြားမိတာကတော့ အန်းစုစုနဲ့ချူဖေးကရှိုးကထွက်သွားတယ်ဆိုပဲ၊ ဟီးဟီး၊ အနာဂတ်မှာတိုက်ရိုက်ထုတ်လွှင့်ပြသတဲ့အခါကျရင်ငါသူတို့ကိုမမြင်ရတော့ဘူး၊ ကောင်းလိုက်တာ! ]


[ အရှေ့ကတစ်ယောက်ကိုအပြစ်ပြောတာကရတယ်၊ ချူကောကိုအပြစ်ပြောလို့မရဘူးမလား။ ချူကောကရှင်းပြပြီးပြီ၊ တော်ဝင်မိသားစုကလင်ခုံးလုကိုပေးတဲ့အရင်းအမြစ်ဆိုတာသူမသိခဲ့ပါဘူးတဲ့၊ အဲ့ဒါကအဖွဲ့ကလုပ်ခဲ့တဲ့အမှားပဲ ]


[ ဟုတ်တယ်၊ ဒီကိစ္စကသိသိသာသာကိုတစ်​ယောက်ယောက်ကချူကောကိုချောက်ချနေတာပဲ၊ ချူကောကိုယုံကြည်လိုက်၊ ကျေးဇူးပြုပြီးကျိုးကြောင်းဆီလျော်ကြပါအုံးဟယ် ]


[ ကျွတ်၊ သူတို့နှစ်ယောက်ကရှိုးထဲကထွက်သွားပြီကို ဘာလို့သူတို့ဖန်တွေကရှိနေသေးတာလဲ? ]


[ u1s1၊ ချူ​ကောရဲ့ပုံရိပ်ကစစ်တပ်ရဲ့ပုံရိပ်မော်ဒယ်ဖြစ်ဖို့ပိုသင့်တော်တယ်၊ မောက်မောက်အတွက်ကတော့ အင်းးး၊ အရမ်းနုနယ်လွန်းတယ်ရော် ]


[ အမှန်ပဲ ၊ မက်ခါဝတ်စုံနဲ့ချူကောရဲ့ချောမောခန့်ညားတဲ့အကြည့်ကငါ့ကိုငိုအောင်လုပ်နေတာ၊ Aကသောက်ရမ်းဟော့တာ၊ လင်ခုံးလုမလုပ်နိုင်လောက်ဘူးစိုးတယ် ]


[ လင်ခုံးလုကOပဲဖြစ်နိုင်တယ်၊ ဟားဟားဟား ]


[ ကျွတ်၊ ရုပ်ရှင်ကြယ်ပွင့်ရဲ့ဖန်တွေကဒီအကြောင်းပြောနေကြတုန်းပဲ။ အတင်းအဖျင်းတွေအရတော့ သူကစုံစမ်းစစ်ဆေးခံနေရတာတဲ့၊ အခြေအနေက အဲ့ဒီ့အန်းစုစုထက်ပိုလေးနက်တယ်ဆိုပဲ၊ ဒီတော့သူအောင်းရင်အောင်းရတော့မှာ ]


[ ရယ်သေပြီ၊ ဖန်တွေကအမှောင်ထဲမှာရှိနေတုန်းပဲ ၊ နေရာတိုင်းမှာလိုက်ရှင်းပြနေရတာကသိပ်သနားဖို့ကောင်းတယ်ဟယ် ]


အမှန်ပင်၊ ဒါပေမဲ့ မောက်မောက်ဖန်အနည်းနှင့်အများကတော့"လင်မောက်မောက်"ကအရမ်းချစ်ဖို့ကောင်းတာမို့ နောက်ပိုင်းမက်ခါဝတ်စုံဝတ်လိုက်ရင် အာကာသတပ်ဖွဲ့ရဲ့ပုံရိ​ပ်ကိုကိုယ်စားပြုရန်Aဖြစ်ဖို့မလုံလောက်မှာစိုးရိမ်နေကြသည်။


ထိုသို့ပင်လျှင် လင်ခုံးလုဘယ်လောက်ချစ်စရာကောင်းကောင်း သူနောက်ကျပေါ်လာတိုင်း သူတို့က"မောက်မောက်၊ မင်းကအတော်ဆုံးပဲ"ဟုသုံးကြလိမ့်မည်ဟုစီစဥ်ပြီးသားပင်။


သို့သော်ငြား လင်ခုံးလုတစ်ယောက်ငွေရောင်မက်ခါဝတ်စုံဝတ်ထားကာ လက်တစ်ဖက်မှာအာကာသဦးထုပ်ကိုင်ထားလျက်ကင်မရာထဲမှာပေါ်လာချိန် စခရင်မှာတမဟုတ်ချင်းပင်--


[ အားးးးး၊ ချောလိုက်တဲ့ကောင်လေး၊ ဒါဘယ်သူလေးလဲ! ! ! ]


[ ဝူး ဝူး ဝူး၊ မောက်မောက်ကAပဲ! ]


[ မင်းသား၂ကိုတိုက်ကြစို့၊ မောက်မောက်ကိုလုယူဖို့ ငါလေးမီတာရှည်တဲ့ဓားပြားကြီးကိုဆွဲထုတ်ပြီး မင်းကို၃၉မီတာအရင်ပြေးခွင့်ပေးတယ်! ]


စခရင်မှာဒီစာသားဖြတ်သွားသည်နှင့် လန်ဇယ်ကကင်မရာမြင်ကွင်းထဲမှာပေါ်လာသည်။


သူကားဝှီးချဲပေါ်မှာထိုင်လျက် ငွေရောင်ဆံနွယ်ရှည်နှင့်မျက်ဝန်းစိမ်းတို့ဖြင့် စောင်အပါးကငါးမြှီးကိုတင်းကြပ်စွာအုပ်ထားသည်။


ဒါပေမဲ့သူစမတ်တိုက်ရိုက်ထုတ်လွှင့်ပြသမှုဘောလုံးကိုမသိလိုက်မသိဘာသာမော့ကြည့်လိုက်ချိန် သူ့မျက်ဝန်းထဲကအေးစက်မှုမှာမှန်ဘီလူးကိုဖြတ်၍ တိုက်ရိုက်ထုတ်လွှင့်မှုကြည့်ရှုနေသည့်အင်တာနက်သုံးစွဲသူများဆီရောက်ရှိသွားသယောင်။


[ အိစ်၊ ခုနကဘယ်သူစစ်ကြေငြာလိုက်တာလဲ? ]


[ ဘုရားရေ၊ မင်းသား၂ရေသူဗီဇနိုးထလာပြီးနောက်ပိုင်း သူ့ရုပ်ရည်ကကောင်းကင်ဘုံတောင်ငြင်းရခက်သွားသလားလို့? ငါလူတိုင်းကိုတောင်းပန်ပါတယ်၊ ငါcpဖန်တွေဆီပဲပြန်သွားတော့မယ် ]


[ ကြောင်နဲ့လိုက်သလိုပဲ၊ ဝူးဝူး၊ ငါ့ကိုရိုက်သတ်သွားလိုက်ပါတော့ဟယ်! ]


[ ငါအမှတ်မမှားရင် ဒါကမင်းသား၂ရေသူဗီဇနိုးထလာပြီးနောက်ပိုင်းလူထုရှေ့မှာပေါ်လာတဲ့ပထမဆုံးအကြိမ်မလား? ]


[ အရှင့်သားကကြင်ယာတော်အတွက်ဒီရှိုးမှာပါတာဖြစ်ရမယ်၊ ကြိုးစားထား! ]


[ ကြောင်အတွက်တိုက်ခိုက်! ကြောင်အတွက်တိုက်ခိုက်ကြ! ]


ဆားရယ်ဂြိုဟ်မှာ လုကျားကလည်းတိုက်ရိုက်ထုတ်လွှင့်ပြသမှုကြည့်ရှုနေသည်ပင်။


သူလန်ဇယ်ပေါ်လာတာကိုမြင်လိုက်ရတော့ မသိမသာတောင့်တင်းသွားကာ အလိုလိုတွေးလိုက်မိသည်၊ ဒီလူက....သူခေါ်လာတဲ့ခဲ့အာနဲ့နည်းနည်းဆင်သလိုပဲ။


ဝေါလန်ဂြိုဟ်၏တောင်ထွတ်ပေါ်တွင် လင်ခုံးလုကအရပ်ရှည်ရှည်မက်ခါကိုမော့ကြည့်မိကာ အနောက်လှည့်ပြီးလန်ဇယ်ကိုတမင်မေးလိုက်သည်။

"ခင်ဗျားအပေါ်တက်ဖို့အကူအညီလိုလား။"


လန်ဇယ်ကခပ်ဖွဖွနှာမှုတ်ကာ ဝှီးချဲကိုထိန်းချုပ်ကာမြှင့်လိုက်ပြီး အပေါ်ခုန်တက်ကာ လင်ခုံးလုကိုယာဥ်မောင်းထိုင်ခုံထဲသယ်လိုက်ပြီးမှ အရန်ယာဥ်မောင်းထဲကြိုတင်ဝင်ထိုင်နေသည့်ကျိချောင်ကိုအသံတိတ်ကြည့်လိုက်သည်။


ကျိချောင်: "...."


ကောင်းရော၊ သူတို့အဖွဲ့ရဲ့အရန်ပိုင်းလော့ကအရှင့်သားလန်ဇယ်လား။ ဒါဆိုသူမအရင်ထပြီးတော့အနောက်ကိုသွားလိုက်ရမလား။


အခြေစိုက်စခန်းကပရိုဂရမ်အဖွဲ့ကိုယာဥ်မောင်းထိုင်ခုံနှစ်ခုံနှင့်သာမန်ထိုင်ခုံတစ်ခုံပါသည့်မက်ခါအကြီးစားပေးထားသည်။ ဧည့်သည်များကအဖွဲ့နှစ်ဖွဲ့ခွဲပြီး အလံပြောလေးကိုဖမ်းရန် စည်းမျဥ်းစည်းကမ်းအရ မြင့်မားသောနေရာက"ရန်သူ"ဆီကိုသွားပြီး ပရိုဂရမ်အဖွဲ့သတ်မှတ်ထားသည့်ရန်သူပစ်မှတ်ကိုတိုက်ခိုက်ရမည်။


တာဝန်ပြီးမြောက်သည့်ပထမဆုံးအဖွဲ့ကအနိုင်ရသူဖြစ်သည်။


အခြေစိုက်စခန်းကစစ်သည်များအတွက်ကတော့ ဒီလိုလေ့ကျင့်ရေးဆင်းမှုကားအခြေခံအကျဆုံးနှင့်အရိုးရှင်းဆုံးဖြစ်သည်။ ဒါပေမဲ့ဧည့်သည်များအတွက်မူ သူတို့ကပန်းတိုင်(သို့)လမ်းကြောင်းမှန်ကိုရှာနိုင်စွမ်းရှိလောက်မည်မဟုတ်။


[ အရှင့်သားလန်ဇယ်နဲ့ဆိုတော့ ငါ့အထင်ဒီအဖွဲ့နိုင်လောက်မယ် ]


[ ဒါပေမဲ့လည်း အရှင့်သားလန်ဇယ်ဝှီးချဲပေါ်မှာထိုင်နေတာကိုမမြင်ဘူးလား။ ဝှီးချဲကဘယ်လိုထောက်ကူပေးမှာလဲ။ ]


[ မောက်မောက်ကလဲမက်ခါမောင်းတဲ့နေရာမှာတော်ပုံမရဘူးနော်၊ လေ့ကျင့်ရေးဆင်းမှုကသုံးရက်ပဲကြာတာ၊ တောရိုင်းထဲမှာရှင်သန်နေထိုင်ဖို့စမ်းသပ်မှုကလည်းရှိသေးတယ်....ပြီးသွားပြီ၊ ဒီအဖွဲ့ကဝန်ကချောင်ချောင်ပေါ်မှာလား။ ]


[ ဒါပေမဲ့ ချောင်ချောင်ရဲ့မျောက်မောင်းမလိုနှေးကွေးတဲ့လှုပ်ရှားမှုမျိုးနဲ့ဆို၊ ဘုရားရေ၊ သူတို့အဖွဲ့ရှုံးတော့မှာလား။ ]


မက်ခါအကြီးစားထဲတွင် လန်ဇယ်မျက်ဝန်းများ၏"ဟန့်တားမှု"အောက်၌ ကျိချောင်မှာနောက်ဆုံးတွင်အနောက်ကသာမန်ထိုင်ခုံဆီပြောင်းသွားလိုက်ရသည်။


လန်ဇယ်အရန်ပိုင်းလော့ထိုင်ခုံမှာစိတ်ကျေနပ်စွာထိုင်လိုက်ပြီး လက်မြှောက်ကာမက်ခါတံခါးကိုကျွမ်းကျင်စွာပိတ်လိုက်သည်။ တံခါးပေါက်လုံးဝပိတ်သွားတော့မည့်အချိန် စမတ်တိုက်ရိုက်ထုတ်လွှင့်ပြသမှုဘောလုံးကခေါင်းခန်းထဲကိုတုံ့နှေးစွာဝင်လာသည်။


လန်ဇယ်ကမျက်ဝန်းထဲတွင်အနည်းငယ်ဂရုမစိုက်မှုတို့ဖြင့် တစ်ချက်အသာလှမ်းကြည့်လိုက်သည်။


[ ဝူးးးး၊ အရှင့်သားရဲ့မျက်လုံးကငါ့ကိုသတ်နေတာပဲ! ]


လန်ဇယ်မြဲမြံစွာထိုင်လိုက်ပြီးနောက် လင်ခုံးလုဘက်လှည့်ကာဘာလုပ်ဖို့စီစဥ်ထားလဲမေးလိုက်သည်။


သူကြောင်ငပျင်းလေးကိုငါးစာဆီဘယ်လိုမျှားခေါ်သွားရမယ်မှန်းစီစဥ်ထားပြီဖြစ်ကာ တစ်ဖက်လူကိုသူ့ကိုနူးညံ့စွာအကူအညီတောင်းဆိုစေခဲ့ပေမဲ့ သူမမေးရသေးခင် လင်ခုံးလုကသူ့ကိုယ်သူမောင်းနှင်မှုဘောင်ကွက်နှင့်ရင်းနှီးအောင်လုပ်ပြီးပြီဖြစ်ကာ "ငြိမ်ငြိမ်ထိုင်နေ"ဟုတည်ငြိမ်စွာပြောလိုက်ပြီး လီဗာကိုအဆုံးထိဆွဲလိုက်ရာ မက်ခါအကြီးစားမှာဒုံးပျံပမာလေထဲတမဟုတ်ချင်းဆောင့်ထွက်သွားတော့သည်။


လန်ဇယ်နှင့်ကျိချောင်မှာအကာအကွယ်မဲ့သွားပြီး သူတို့ခန္ဓာကိုယ်မှာယိမ်းထိုးသွားကြကာ စမတ်တိုက်ရိုက်ထုတ်လွှင့်ပြသမှုဘောလုံးကထိုင်ခုံအောက်ကိုတည့်တိုးကျသွားပြီး လိမ့်သွားပြီးနောက် ခေါင်းခန်းထဲမှာပေါ်လောပေါ်လာပြန်သည်။


လန်ဇယ်: "......"


ဒီကြမ်းတမ်းတဲ့မောင်းနှင်ပုံက...ဘာလို့သူနဲ့တူနေရတာတုန်း?


လင်ခုံးလုမောင်းနှင်နေစဥ် သူ့ကိုမျက်လုံးထောင့်မှတဆင့်တိတ်တခိုးလှမ်းကြည့်မိတော့ သူအနည်းငယ်အံ့သြနေပုံကိုမြင်လိုက်ရပြီး မနေနိုင်ဘဲအူမြူးသွားရသည်။ ဒါက....သူ့အရင်ချစ်သူသင်ပေးခဲ့တဲ့အရာပဲလေ။


[ ဖာ့ခ်၊ ခုနကဘာဖြစ်သွားတာလဲ။ ရုတ်တရက်စခရင်ကမည်းသွားတယ်ရယ် ]


[ စခရင်မည်းသွားတာမဟုတ်ဘူး၊ တိုက်ရိုက်ထုတ်လွှင့်ပြသမှုဘောလုံးကထိုင်ခုံအောက်မှာလိမ့်သွားတာ။ အပြင်ကတိုက်ရိုက်ထုတ်လွှင့်ပြသမှုမြင်ကွင်းရဲ့ရှုထောင့်ကိုကြည့်လိုက်၊ မက်ခါရဲ့အရှိန်ကတအားမြန်တယ်၊ ဝါရင့်တောင်ဒီလိုမောင်းရဲမှာမဟုတ်ဘူး၊ နျူဘီလေးလင်မောက်မောက်! ]


လင်ခုံးလုမှာကြမ်းတမ်းသောမောင်းနှင်ပုံရှိပြီး ပစ်မှတ်ရှာရာတွင်လျင်မြန်လှသည်။


သူကားဒီတောင်ထွတ်အနေအထားကိုကောင်းကောင်းသိသည့်မက်ခါကင်းထောက်ဟောင်းလေးပမာ။ သူကလန်ဇယ်၏အကူအညီကိုလုံးဝမလိုပေ။ သူ့မှာစူးရှသောအလိုလိုသိစိတ်နှင့်ရှင်းလင်းသောရည်မှန်းချက်ပန်းတိုင်ရှိသည်။ တစ်ခဏလေးအတွင်းမှာ သူကလမ်းတစ်လျှောက်လုံးကွေ့ဝိုက်သွားခြင်းမရှိဘဲ ရန်သူပစ်မှတ်အကုန်လုံးကိုအတိအကျဖျက်ဆီးပစ်လိုက်သည်။


လင်မောက်မောက်ရှေ့မှာကြွားလုံးထုတ်ဖို့ပြင်နေသူလန်ဇယ်: "....."


ငါပင်ပန်းနေပြီ၊ ဒါကငါတွေးထားတာနဲ့မတူဘူးရယ်။


တစ်လျှောက်လုံးလှဲနေခဲ့သည့်ကျိချောင်: "....." ဘော့စ်ဦးဆောင်တာခံသွားရတာအရမ်းခံစားလို့ကောင်းတာပဲ။


နေ့လယ်ခင်းမှာ လင်ခုံးလုကဒီတောင်ပေါ်ရှိစီစဥ်ထားသောပစ်မှတ်အကုန်လုံးကိုဖျက်ဆီးပစ်ကာ ပရိုဂရမ်အဖွဲ့နေ့လည်စာချထားခဲ့သည့်ကိုသြဒိနိတ်များကိုရှာတွေ့ခဲ့သည်။


[ 666၊ မောက်မောက်ကအလွယ်လေးလုပ်သွားတယ်လို့ငါဘာလို့ခံစားမိတာပါလိမ့်? ]


[ ဒီဖြစ်စဥ်အရဆို မောက်မောက်မနက်ဖြန်ပြီးနိုင်တယ်၊ သုံးရက်မကြာလောက်ဘူး ]


[ တိုက်ရိုက်ထုတ်လွှင့်ပြသမှုနောက်တစ်ခန်းကိုသွားစစ်ကြည့်လိုက်တော့ အခြားအဖွဲ့တွေကပစ်မှတ်သုံးပုံအောက်ပဲဖျက်ဆီးရသေးတယ်၊ သူတို့ကနေ့လယ်စာတောင်ရှာမတွေ့ဘူး၊ တော်တော်ဆိုးတယ် ]


လင်ခုံးလုဒီလောက်မြန်နေရသည့်အကြောင်းရင်းရှိသည်။ မနေ့ကဧကရီအန်နာနှင့်ဧကရာဇ်ကသူ့ကိုဆက်သွယ်ကာ နယ်စပ်ကပြည်သူများအတွက်ကြောင်လက်ဖဝါးရာတချို့နှိပ်ပေးနိုင်ဖို့မျှော်လင့်မိကြောင်းဆိုလာခဲ့သည်။


ဒါပေါ့ ၊ ဆုလဒ်မှာရက်ရောလှသည်။


ဧကရာဇ်ကသူ့ကိုရှန်းအာ့ရှင်းကကိုယ်ပိုင်ပင်လယ်နယ်​မြေတစ်ခုတိုက်ရိုက်ပေးလာပြီး ၎င်းမှာရွှေငါးလေးသားပေါက်သည့်နယ်မြေထဲကတစ်ခုဟုပြောလို့ရသည်။


ထို့ကြောင့် အနားယူသည့်နေရာရောက်သွားပြီးနောက် လင်ခုံးလုချက်ချင်းအချိန်ပိုဆင်းကာ အရင်ဆုံးလန်ဇယ်ကိုကြောင်လက်ဖဝါးထွက်လာအောင်ကူညီခိုင်းပြီးမှ တစ်ဖက်လူကို"ဆေးအကာ"ကူယူခိုင်းကာ ကြောင်လက်ဖဝါးရာရိုက်နှိပ်လိုက်ရသည်။


လန် အကူငါး ဇယ်: "....."


"မင်းဘာလို့ဒီလောက်ကြိုးစားနေတာလဲ။"

သူမနေနိုင်ဘဲကြောင်နားရွက်ကိုပွတ်သပ်ကာမေးလိုက်မိသည်။


လင်ခုံးလုကသူ့ကြောင်နားရွက်များကိုလှုပ်ခါလျက် ခေါင်းလှည့်ကာပြောလာသည်။

"ငါးရအောင်အချိန်ပိုင်းအလုပ်လုပ်နေတာ။"


ဒါပေါ့၊ အကုန်လုံးရွှေငါးလေးအတွက်ကြောင့်မဟုတ်ဘဲ လူကယ်ဖို့အဓိကဖြစ်သည်။


လန်ဇယ်: "...."


သူဘယ်တုန်းကဒီကြောင်ကိုရွှေငါးအကျွေးပြတ်ခဲ့မိလို့လဲ။ အခုဆိုဘယ်သူမဆိုကြောင်ကိုရွှေငါးနဲ့မျှားလို့ရနေပြီ၊ ဒီကြောင်ကမျှားဖို့တအားလွယ်လွန်းတယ်။


လန်ဇယ်ပင်ပန်းလွန်းလို့ ကြောင်ကိုအခြေခံစိုက်စခန်းသို့လှည့်စားခေါ်လာမိသည်ကိုနောင်တရသွားမိသည်။ သူလက်မြှောက်ကာကြောင်နားရွက်နှစ်ဖက်ကိုပုတ်သွင်းလိုက်ပြီးနောက် သူနောက်ဆုံးပိုမိုသက်တောင့်သက်သာဖြစ်သွားကာ "ဆေးအကာ"ဆက်ကမ်းပေးလိုက်သည်။


ကြောင်လက်ဖဝါးရာနှိပ်ပြီးနောက် နောက်ကျနေပြီပင်၊ လင်ခုံးလုခါးဆန့်ကာပြောလိုက်သည်။

"စားဖို့အချိန်ရောက်ပြီ၊ ဒါနဲ့ ပရိုဂရမ်အဖွဲ့ကျွန်တော်တို့ကိုပေးတဲ့အစားအသောက်ကဘာလဲ။"


ကျိချောင်ကကျောက်တုံးရေကန်ဘေးမှာငါးမျှားတံကိုင်လျက်ထိုင်နေသည်။ ဒါကိုကြားသော် သူသက်ပြင်းချကာပြောလိုက်မိသည်။

"ငါးတဲ့။"


"ငါး?" လင်ခုံးလုမျက်လုံးများတောက်သွားကာမေးလိုက်သည်။

"ဘယ်မှာလဲ။"


ကျိချောင်ကရေကန်ကိုညွှန်ပြကာဆိုသည်။

"ဒီမှာ။"


လင်ခုံးလုနှင့်လန်ဇယ်: "....."


"အရှင်ကြီးလား။"လင်ခုံးလုသိချင်စိတ်ဖြင့်မေးလိုက်မိသည်။


"အမ်း။" ကျိချောင်ကခါးသက်သောမျက်နှာဖြင့်ခေါင်းငြိမ့်ပြသည်။


လင်ခုံးလု: "....." ဒီပရိုဂရမ်အဖွဲ့ကတော်တော်အကျင့်မကောင်းတာပဲ။


[ ဟားဟားဟား၊ ပရိုဂရမ်အဖွဲ့ကတမင်ရည်ရွယ်ချက်ရှိရှိလုပ်လိုက်တာ၊ ကြောင်ကိုရေထဲဆင်းပြီးငါးဖမ်းခိုင်းတာလား? ]


[ ပရိုဂရမ်အဖွဲ့ရဲ့လုပ်ရပ်ကငါ့နှလုံးသားကိုအနိုင်ရသွားပြီ ]


သို့သော်လည်း လန်ဇယ်ဝှီးချဲကိုထိန်းချုပ်ပြီးရေကန်ဆီသွားကာ သူ့စိတ်စွမ်းအားကိုတိတ်တခိုးထုတ်လွှတ်လိုက်တော့ ပရိုဂရမ်အဖွဲ့ရေကန်ထဲကြိုတင်ထည့်ထားသည့်ငါးမှာရုတ်တရက်ထခုန်ကာ ကမ်းပါးထံအဆက်မပြတ်ခုန်ပေါက်လာလေသည်။


အင်တာနက်သုံးစွဲသူများ: "...."


လင်ခုံးလု: "......"


ငါးတစ်ကောင်တစ်လေတောင်မဖမ်းမိဘဲ အကြာကြီးငါးမျှားနေခဲ့ရသည့်ကျိချောင်: "...."


လင်ခုံးလုမှာလန်ဇယ်၏လှပသောပုံပန်းသွင်ပြင်ကိုတစ်ချက်၊ လန်ဇယ်၏လှပသောမျက်နှာကိုတစ်ချက်ကြည့်လိုက်ပြီးမှ လန်ဇယ်အနားမှာအဆက်မပြတ်ခုန်ပေါက်နေသည့်ငါးကိုတစ်ချက်ကြည့်ကာ တုံ့ဆိုင်းသွားမိသည်။

"ဒီ...ဒီဟာအကုန်လုံးကငါးမလား။"


လန်ဇယ်: "?"


သူ့မျက်နှာမှာတမဟုတ်ချင်းမည်းတူးသွားကာ တိုက်ရိုက်ထုတ်လွှင့်ပြသမှုအခန်းမှာဟားဟားဟားဖြင့်ပြည့်နှက်သွားသည်။


[ မောက်မောက်ကနည်းနည်းချဥ်တူးနေတယ်လို့မရှင်းပြနိုင်လောက်အောင်ခံစားလိုက်ရတယ် ]


[ မင်းရှာလကာရှည်ငါးစားထားတာလား? ]


[ ငါးကိုအူတိုနေတယ် ]


ငါးကိုအလွယ်လေး"ဖမ်း"လိုက်ပြီးနောက် လန်ဇယ်ကငါးကိုသန့်ရှင်းဆေးကြောလိုက်ပြီးမှ လင်ခုံးလုကမီီးမွှေးကာ ဒယ်အိုးကိုအပူပေးပြီး ဆီထည့်လိုက်သည်...


နာရီဝက်ကြာပြီးနောက် အခြားအဖွဲ့များကငါးကိုမိန်းမောစွာရှာနေကြဆဲပင်။ စားဖို့အချိန်ရောက်လာတော့ လင်ခုံးလုတို့သုံးယောက်မှာအရသာရှိသောငါးစွပ်ပြုတ်သောက်ပြီးပြီဖြစ်သည်။


လက်ထဲမှာငါးစွပ်ပြုတ်ကိုင်ထားရင်း ကျိချောင်ကသိပ်မဝေးသောနေရာမှာခေါင်းငုံ့လျက်စကားပြောနေကြသည့်လင်ခုံးလုနှင့်လန်ဇယ်ကိုတစ်ချက်လှမ်းကြည့်ကာ ပျော်ပျော်ကြီးတွေးလိုက်မိသည်: ဒီတိုင်းလှဲနေပြီးအနိုင်ရတာကခံစားလို့ကောင်းသားပဲ၊ ဒါပေမဲ့တစ်ခုခုမှားနေသလားလို့? ငါကဒီနေရာမှာမီးသီးလိုဖြစ်နေတာလား?


ဒုတိယနေ့၊ လင်ခုံးလု၏ကြိုးစားအားထုတ်မှုအောက်မှာ သူတို့အသင်းကအနားယူသည့်နေရာကိုကြိုတင်ရှာတွေ့သွားပြန်သည်။


ဒီတစ်ခေါက်လင်ခုံးလုကပစ်မှတ်အကုန်လုံးကိုမဖျက်ဆီးဘဲ ကျိချောင်လေ့ကျင့်ဖို့အတွက်အနည်းငယ်ချန်ထားပေးခဲ့သည်။


ပစ်မှတ်ကအနီးနားမှာရှိသောကြောင့် ကျိချောင်ကမက်ခါထဲမှာထိုင်ပြီးရှင်းထုတ်ပစ်ဖို့သာလိုအပ်ကာ အနားယူသည့်နေရာဆီမက်ခါမောင်းသွားဖို့မလိုပေ။


လင်ခုံးလုနှင့်လန်ဇယ်ကလည်းအနားယူကာညစာ​ပြင်ဆင်ကြသည်။


ဒါပေမဲ့ထိုစဥ် မတော်တဆမှုရုတ်တရက်ဖြစ်ပွားလာခဲ့သည်၊ အကြီးစားဇာ့ဂျ်ကောင်ဒါဇင်ကထူထဲသောတောအုပ်ထဲမှာရုတ်တရက်ပေါ်လာပြီး သူတို့ကိုအလွန်အမင်းလျင်မြန်သောအရှိန်ဖြင့်တိုက်ခိုက်လာသည်။


[ ဖာ့ခ်! ဇာဂျ့်! ]


[ ဘာဖြစ်ကုန်တာလဲ၊ ဒီတောင်ကတတိယအခြေစိုက်စခန်းရဲ့လေ့ကျင့်ရေးကွင်းပြင်ကို ဇာ့ဂ်ျတွေကဘယ်ကရောက်လာတာလဲ? ]


ကျိချောင်တွေ့ရှိသွားပြီးနောက် သူမမက်ခါတံခါးကိုချက်ချင်းဖွင့်ကာ စိတ်ပူတကြီးအော်ပြောလိုက်မိသည်။

"လင်လောင်ရှီး၊ အရှင့်သား၊ တက်လာကြတော့!"


လင်ခုံးလုအနောက်လှည့်ကာလန်ဇယ်ကိုဆွဲလိုက်ပေမဲ့ ဘယ်သူသိမှာလဲ၊ လန်ဇယ်ကဝှီးချဲပေါ်ကစက်လက်ကိုတိုက်ရိုက်ထိန်းချုပ်ကာ လင်ခုံးလုကိုမက်ခါ၏ခေါင်းခန်းထဲတွန်းထည့်လိုက်သည်။


လင်ခုံးလုတစ်အောင့်ကြာလန့်သွားမိပြီးမှ လန်ဇယ်ကအချိန်ကုန်သည်ဟုခံစားရပြီး ဝှီးချဲပေါ်မှာလှုပ်ရှားဖို့ကအဆင်မပြေတာမို့ သူ့ကိုအရင်သွားစေလိုက်မှန်းသဘောပေါက်သွားသည်။


လန်ဇယ်ကတကယ်တမ်းအလွန်သန်မာကြောင်းလင်ခုံးလုသိကာ တစ်ဖက်လူ၏ဝှီးချဲကမက်ခါအသေးစားအဖြစ်အသွင်ပြောင်းနိုင်မှန်းသိပေမဲ့ သူအလိုလိုအထိတ်အလန့်အော်လိုက်မိဆဲပင်။

"လန်ဇယ်!"


လန်ဇယ်ကခေါင်းမော့ကာသူ့ကိုရယ်ပြလာပြီး သူ့ငွေရောင်ဆံနွယ်ရှည်တို့ကအသာအယာတဖျတ်ဖျတ်လွင့်ခါနေလျက် သူကပြောလာသည်။

"နောက်တစ်ခေါက်ကျကိုယ့်ကိုအချစ်လို့ခေါ်ဖို့သတိရ။"


ထို့နောက်သူခေါင်းလှည့်ကာ တိုက်ခိုက်လာသည့်ဇာ့ဂျ်ကိုကြည့်လိုက်ချိန် သူ့မျက်နှာမှာရုတ်ခြည်းအေးစက်သွားပြီး သူလက်မြှောက်ကာ ဝှီးချဲလက်တန်းပေါ်ဖိချပြီး ငါးမြှီး၏ခွန်းအားဖြင့်တိုက်ရိုက်မတ်တပ်ထရပ်လိုက်သည်။


စောင်အပါးအောက်ကျသွားပြီး ငါးမြှီးပေါ်ကငွေရောင်အကြေးခွံတို့မှာ အလင်းရောင်အောက်တွင်ချပ်ဝတ်တန်ဆာအပိုင်းအစများပမာ စူးရှစွာနှင့်အေးစက်စွာတောက်ပလျက်။ တစ်ချိန်တည်း၌ ဝှီးချဲမှာလည်းလျင်မြန်စွာအသွင်ပြောင်းသွားပြီး လူပုံစံမက်ခါအသေးစားအဖြစ်ပြောင်းသွားကာ လန်ဇယ်၏ကိုယ်ပေါ်မှာရစ်ပတ်သွားသည်။


မဟုတ်ဘူး၊ အတိအကျပြောရရင် ချပ်ဝတ်တန်ဆာနဲ့ပိုတူတယ်။


ဤအခိုက်အတန့်တွင် လန်ဇယ်ကားမက်ခါနှင့်ပေါင်းစပ်ထားသည့်လူပုံစံလက်နက်တစ်ခုပမာ။ သူလက်မြှောက်လိုက်ချိန် လေဆာဓားတစ်လက်ကပထမဆုံးဇာ့ဂျ်ကောင်ကိုတို့ဖူးလှီးသကဲ့သို့နှစ်ပိုင်းဖြတ်ပစ်လိုက်သည်။


ကံကောင်းစွာဖြင့် ဇာ့ဂျ်၏သွေးမှာအပြာရောင်မို့ လင်ခုံးလုသတိမလစ်သွားပေ။


[ ဖာ့ခ်၊ အရှင့်သားကချောလိုက်တာဟယ်၊ ငါတော့ငိုနေပြီ၊ ငွေရောင်ငါးမြှီးကသောက်ရမ်းသန်မာတာပဲ! ]


[ မတိုင်ခင်ကအရှင့်သားကိုဘယ်သူတိုက်ခိုက်ချင်ခဲ့တာလဲ။ ]


ခေါင်းခန်းထဲတွန်းထည့်ခံလိုက်ရသည့်လင်ခုံးလု: "...." အချစ်ရေ၊ မင်းကြည့်ရတာဘောင်းဘီဖြစ်ထားပုံမရဘူးနော်။


"လင်၊ လင်လောင်ရှီး၊ ကျွန်မတို့ပြေးကြမှာလား။" ကျိချောင်မှာကြောက်နေပြီပင်။


လင်ခုံးလုကအပြင်မှာငါးနှင့်အင်းဆက်တို့ဖြင့်တိုက်ခိုက်နေသည့်လန်ဇယ်ကိုလှမ်းကြည့်ကာ အံကြိတ်လျက်ပြောလိုက်သည်။

"ဘာလို့ပြေးမှာလဲ။ ဒီတိုင်းပိုးကောင်လေးနည်းနည်းပဲကို။"


သူအပြင်မှာသူ့ချပ်ဝတ်တန်ဆာအပါးလေးနဲ့တိုက်ခိုက်နေတာကိုမင်းမမြင်ဘူးလား။


လင်ခုံးလုလည်းမျက်နှာငုံ့ကာ စကားမဆိုဘဲ မက်ခါကိုတမဟုတ်ချင်းထိန်းချုပ်ကာရှင်းပစ်လိုက်ပြီး တစ်ချိန်တည်း၌ လန်ဇယ်ကိုခိုးကြောင်ခိုးဝှက်တိုက်ခိုက်ချင်သည့်ဇာ့ဂျ်ကိုရွယ်ကာ အရိုးထဲထိဗုံးတစ်လုံးတိုက်ရိုက်ပစ်လွှတ်ကာ ပိုးကောင်ကိုတမဟုတ်ချင်းဖောက်ခွဲပစ်လိုက်တော့သည်။


______________________