Chapter(69)
Viewers 12k

လင်ခုံးလုမှာလုကျားကိုနောက်တစ်ချက်လှမ်းကြည့်ပြီး အလိုလိုမေးလိုက်မိသည်။

"မင်းနာမည်ဘယ်လိုခေါ်လဲ။"


လုကျားမှာသိသိသာသာကိုအနည်းငယ်စိုးရိမ်ပူပင်သွားရကာ ထစ်ထစ်အအပြောမိသည်။

"လု၊ လုကျား။"


လင်ခုံးလု: အာ ဟုတ်သားပဲ၊ ငါမှတ်မိပြီ၊ အဲ့နာမည်ပဲ။


သူ့အရင်ဘဝတုန်းက ဇာတ်ညွှန်းကပေးသောဇာတ်ကြောင်းအရ သူဟာအဆုံးသတ်မှာတစ်စုံတစ်ယော​က်နှင့်ခိုးရာလိုက်ပြေးကာ လန်ဇယ်ပေါ်ဦးထုပ်စိမ်းဆောင်းပေးပြီးမှ ခြေရာလက်ရာမကျန်ပျောက်ကွယ်သွားရမည်ပင်၊ သို့မှသာသူတာဝန်ကိုအလုံးစုံပြီးမြောက်နိုင်ပေသည်။


ဒါပေမဲ့ သူအရင်ကပြောခဲ့သလိုပဲ၊ သူ၏အမြှောက်စာဇာတ်ကောင်ကဏ္ဍအတွက်ဇာတ်အိမ်သိပ်မရှိပေ။ စာရေးဆရာကဒီအတိုင်းထည့်ရေးပြီး...သူ့အကြောင်းမေ့သွားရုံသာ။ သူကသူဟာတစ်စုံတစ်ယောက်နှင့်ခိုးရာလိုက်ပြေးသွားပြီး​ခြေရာလက်ရာမကျန်ပျောက်ကွယ်သွားသည်ဟုသာရေးသားခဲ့သော်ငြား သူဘယ်သူနှင့်ခိုးရာလိုက်ပြေးသွားလဲဆိုတာကိုတော့ဖြင့်မရေးခဲ့ပေ။


နည်းလမ်းမရှိပေ၊ အရင်ဘဝမှစနစ်နှင့်ဆွေးနွေးပြီးနောက် သူကံမကောင်းရှာသည့်"သန်မာသောလူ"တစ်ယောက်ကိုအမိဖမ်းခဲ့သည်၊ ၎င်းမှာ သူ့ရှေ့ကကံမကောင်းရှာသောရေသူထီးလေးဖြစ်သည်၊ သူထွက်ပြေးတော့မည့်အချိန်မှာတွေ့ခဲ့ခြင်းသာ။


သို့သော်လည်း သူထိုအချိန်ကတစ်ဖက်လူ၏ထင်မြင်ချက်ကိုစမ်းစစ်ကြည့်ခဲ့ပြီး တစ်ဖက်လူကအင်ပါယာမှာမနေတာမို့ သူ့ကြောင့်ဆွဲသွင်းခံရမှာမဟုတ်ကြောင်းသိရှိပြီးမှသာသူပရိုပို့စ်လုပ်ရဲခဲ့တာဖြစ်သည်။


ဒါပေမဲ့အခုတော့ ဒီလူကဘာလို့တော်ဝင်မြို့တော်ထဲမှာရှိနေရတာတုန်း? ပြီးတော့ပန်းရောင်းနေတယ်လား?


"မင်း....ဒီမှာပန်းရောင်းနေခဲ့တာလား။ ဒီနားမှာနေတာလား။" လင်ခုံးလုမေးလိုက်သည်။


"ဟုတ်၊ ဟုတ်ကဲ့။" လုကျားကျည်ဆံကိုက်ကာလိမ်ပြောလိုက်မိသည်။


သူတော်ဝင်မြို့တော်ကိုရောက်လာတာတစ်လနီးပါးရှိပြီဖြစ်ပြီး သူ၏နာမည်မှအပ အခြားသရုပ်မှန်အချက်အလက်မှာအတုဖြစ်သည်။ သူကလင်ခုံးလုဖြတ်သွားလောက်သည့်ယာဥ်ကြောလမ်းနားမှာပန်းရောင်းချင်ယောင်ဆောင်ပြီး သူ့ကံကိုစမ်းသပ်ဖို့ကြိုးစားခဲ့သည်။


ကံကောင်းစွာဖြင့် "ကြောင်"ကိုလဝက်ကျော်ကြာစောင့်ပြီးနောက်ပိုင်းမှာ သူတကယ်သူ့ကိုတွေ့ခဲ့ရသည်။


လင်ခုံးလုဒီကော်ဖီဆိုင်ထဲဝင်သွားတာကိုမြင်လိုက်ရတော့ သူချက်ချင်းလက်မောင်းထဲမှာပန်းများပွေ့လျက်လိုက်လာခဲ့မိသည်။ ဒါပေမဲ့ဒီလှုပ်ရှားမှုကသူ၏သတ္တိအများစုကိုသုံးပြီးသွားပြီဖြစ်ရာ ဒီအချိန်သူမေးခွန်းအနည်းငယ်ပိုမေးလာချိန်မှာသူပိုမိုစိုးရိမ်သထက်စိုးရိမ်ပူပင်လာမိသည်။


"အ အရှင့်သား၊ နှင်းဆီပန်းဝယ်ချင်လားဟင်?" သူချက်ချင်းပန်းစည်းတစ်စည်းထုပ်ကာ လင်ခုံးလုကိုစိုးရိမ်ပူပင်စွာကမ်းပေးလိုက်သည်။


သူစိုးရိမ်ပူပင်နေမှန်းလင်ခုံးလုမြင်လိုက်ရပြီး တစ်အောင့်ကြာတုံ့ဆိုင်းသွားကာပြောလိုက်သည်။

"အရင်ဆုံးထိုင်လေ။"


လုကျား: "အာ၊ ​ကောင်း ကောင်းပါတယ်။"


သူထိုင်ခုံအလျင်စလိုဆွဲထုတ်လိုက်ပေမဲ့ ထိုင်ချပြီးနောက် သူ့မျက်နှာထားမှာအေးခဲသွားရပြန်သည်ဓ


အု(ပ်စ်)၊ သူနောက်ထပ်ပြောသင့်တဲ့စကားကို သူ့စိတ်ဗလာကျင်းသွားလို့ လုံးဝမမှတ်မိတော့ဘူးရယ်။


လုကျားမှာသူ့ဘဝ၏ပထမဆုံး၁၉နှစ်လုံးလုံးအပြင်လောကနှင့်အဆက်အသွယ်မရှိသောနေရာမှာနေထိုင်ခဲ့ရပြီး သူဟာကြင်ယာတော်ကဲ့သို့သောလူမျိုးကိုတစ်ခါမှမမြင်ဖူးခဲ့ပေရာ သူတကယ်စိုးရိမ်ပူပင်နေမိသည်။


ဒါကိုမြင်လိုက်ရတော့ လင်ခုံးလုအနားကသက်တော်စောင့်များမှာသူ၏အမူအကျင့်ကိုပိုမိုသက်ာမကင်းဖြစ်လာသည်။ သူတို့ထဲကတစ်​​ယောက်ကခါးကိုင်းကာအသိပေးလာသည်။

"ကြင်ယာတော်၊ သူ...."


"အ အရှင့်သား၊ ကျွန်တော်တကယ်တော့အကူအညီတစ်ခုတောင်းချင်လို့ပါ။"

ဒီသက်တော်စောင့်များကသူ့ကိုမောင်းထုတ်တော့မည်ဟုလုကျားတွေးမိရင်း သူချက်ချင်းစိတ်ပူမနေတော့ဘဲတစ်ခုခုပြောလိုက်သည်။


ပြောပြီးနောက် သူမျိုးနွယ်စုခေါင်းဆောင်၏ညွှန်ကြားချက်ကိုသတိရသွားကာ စိုးရိမ်ပူပင်စွာနှင့်သတိရှိရှိဖြင့်.... ရေသူစကပ်ကိုနည်းနည်းဆွဲတင်ကာ အပြာနုရောင်ငါးမြှီးဆူးတောင်ကိုဖော်ပြလိုက်သည်။


သက်တော်စောင့်: "...."


အခုပဲကော်ဖီဆိုင်ထဲလျှောက်ဝင်လာတဲ့လန်ဇယ်: "......"


လင်ခုံးလု: "..." အာ၊ သူကအိမ်ထောင်ရှိကြောင်ပါ။


သူခပ်မြန်မြန်အကြည့်လွှဲကာ ကြောင်နားရွက်များထွက်လာခြင်းမှာကာကွယ်လိုက်ရပြီး ချောင်းအသာဟမ့်ကာမေးလိုက်သည်။

"ဘာကိစ္စလဲ။"


အရင်ဘဝသူလုကျားနှင့်ဆုံတုန်းက တစ်ဖက်လူမှာပြဿနာတစ်ခုခုရှိသည့်အလား အမြဲတစေမည်းမှောင်နေမှန်းသူမှတ်မိသည်။ ထိုအချိန်ကသူထွက်သွားဖို့ပြင်နေပြီး တစ်ဖက်လူနှင့်အခွင့်ကြုံကြိုက်ခဲ့သဖြင့် သူသိပ်မမေးခဲ့မိပေ။


အခုထပ်တွေ့ရတာကလည်းကံကြမ္မာဖြစ်သည်။ တစ်ဖက်လူ၏အရင်ဘဝကသူ့ကိုကူညီခဲ့တဲ့ကိစ္စအတွက် သူပြန်ကူညီပေးနိုင်မယ်ဆို သူအတတ်နိုင်ဆုံးကြိုးစားကူညီပေးမည်။


လုကျားကသူဒီလောက်စကားပြောကောင်းမည်မှန်းမထင်ထားမိပေရာ ချက်ချင်းခဲ့အာ၏ဓာတ်ပုံကိုထုတ်ကာ ချိုချိုသာသာပြောလိုက်မိသည်။

"ဒီလိုပါ၊ ကျွန်တော့်မှာအင်းဆက်အဆိပ်ကူးစက်ခံထားရပြီးတော့ပြင်းထန်တဲ့နောက်ဆုံးအဆင့်ရောက်နေတဲ့မိတ်ဆွေတစ်ယောက်ရှိတယ်၊ ကျွန်တော်အထူးသဖြင့်အရှင့်သားကူ...."


"မင်းဘာလိုချင်တာလဲ။"

လန်ဇယ်ကရုတ်တရက်ခြေလှမ်းကျယ်ဖြင့်လျှောက်လာကာ စကားဝိုင်းကိုကြားဖြတ်လိုက်သည်။


သူ့စကားလုံးထဲမှာစိတ်ခံစားချက်စိုးစဥ်းမျှမရှိပေမဲ့ သူ့မျက်လုံးများမှာနှင်းခဲပမာ လုကျား​ပေါ်ကျရောက်သွားစဥ် ၎င်းတို့မှာအေးစက်လျက်။


လုကျားတမဟုတ်ချင်းကြောက်လန့်သွားရကာလင်ခုံးလုကိုစကားမပြောရဲတော့ပေ၊ ဒါပေမဲ့လင်ခုံးလုကတော့ဓာတ်ပုံကိုအကြိမ်အနည်းငယ်စိုက်ကြည့်ပြီးနောက် ရုတ်ခြည်းအံ့သြသွားသယောင်။


လန်ဇယ်ကဓာတ်ပုံကိိုမကြည့်ဘဲ ပန်းစည်းကိုကောက်ကာကြည့်လိုက်ပြီးမှ သူ့ဘေးကသက်တော်စောင့်ဆီပစ်အေးကာ ခပ်ဖွဖွနှာမှုတ်လျက်ပြောလိုက်သည်။

"အဲ့မိတ်ဆွေကမင်းလို့တော့မပြောနဲ့။"


လင်ခုံးလုရုတ်ခြည်းထရပ်ကာ သူ့ကိုလက်ဝေ့ရမ်းပြလိုက်သည်။

"လန်ဇယ်၊ ဓာတ်ပုံကိုတစ်ချက်လာကြည့်အုံး။"


လန်ဇယ်: "....."


သူကသူ့ရှေ့မှာအခြားငါးနှင့်"တွဲ"ပြီး သူ့ဆီကလက်ပူးလက်ကြပ်အမိခံလိုက်ရသည်။ ကြောင်မှာရှင်းပြချက်တစ်ခုတလေတောင်မရှိဘူးလား။


ပြီးတော့သူအမှတ်မမှားရင် သူ့ရှေ့ကဒီကောင်ကအရင်ဘဝတုန်းကကြောင်နဲ့အတူခိုးပြေးသွားတဲ့ကောင်လေးမလား။


ကောင်လေးကငါးဖြစ်နေတဲ့အပြင် ခုနကသူ့ရှေ့မှာကြောင်ကိုငါးမြှီးစကပ်လှန်ပြရဲသေးတယ်။ သူ့အရင်ဘဝတုန်းကမသိခဲ့ဘူး...ဟက်၊ အရင်ဘဝတုန်းကကြောင်သူနဲ့ခိုးရာလိုက်ပြေးသွားတာမဆန်းပါဘူး။


လန်ဇယ်မျက်နှာထက်အမူအရာလုံးဝမရှိပေမဲ့ သူ့နှလုံးသားမှာတော့သဝန်တိုမှုနှင့်"ရှာလကာရှည်"တို့ဖြင့်ပြည့်လျှံကာချဥ်တူးနေလျက်။


"မကြည့်နဲ့။" သူအေးစက်စက်ပြန်ဖြေကာ ပြောပြီးနောက် လင်ခုံးလု၏လက်မောင်းကိုဆုပ်ကိုင်ကာ ပြောလိုက်သည်။

"မကြည့်နဲ့၊ ကိုယ်နဲ့အတူပြန်မယ်။"


လင်ခုံးလု: "?"


"ခင်ဗျားဘာလုပ်နေတာလဲ။ ခင်ဗျားဘာလို့ဗြုန်းစားကြီးအကြောင်းမရှိဘဲဒေါသထွက်နေတာလဲ။"

သူအထူးတဆန်းမေးလိုက်မိသည်။


"အကြောင်းမရှိဘူး?"


လန်ဇယ်မှာအရင်ဘဝတုန်းကသူ့ကိုမျက်နှာဖြူငါးလေးဦးထုပ်စိမ်းဆောင်းပေးသွားတဲ့ဇာတ်လမ်းကိုမပြောနိုင်တဲ့အတွက်သူ့ကိုယ်သူမုန်းတီးမိကာ အံကြိတ်ရုံသာကြိတ်ကာပြောလိုက်မိသည်။

"ကိုယ်ဒေါသမထွက်ပါဘူး၊ မင်းကိုကားလာခေါ်နေပြီ။"


လင်ခုံးလု: "???" မင်းဒေါသထွက်နေမှန်းသိသာနေတာကြီးကို။


ပြီးတော့သူလုကျားနဲ့စကားပြောနေတုန်းကို လန်ဇယ်ကဘာလို့သူ့ကိုဆွဲခေါ်နေတာတုန်း? ဖြစ်နိုင်တာက...လန်ဇယ်ကလုကျားကိုသိနေတာလား။


ဖာ့ခ်၊ အရင်ဘဝသူဒီကမ္ဘာကထွက်သွားပြီးနောက်ပိုင်းမှာ လုကျားကိုလန်ဇယ်ဖမ်းမိသွားတာတော့မဟုတ်နိုင်ဘူးမလား။


ဒါဆိုသူလုကျားကိုမျက်နှာသာပြန်ပေးရမယ်၊ လုကျားထုတ်ပြတဲ့ဒီဓာတ်ပုံတွေထဲကလူက....


လင်ခုံးလုမှာသူ့ကိုထွက်သွားဖို့ဆွဲခေါ်နေသည့်လန်ဇယ်ကိုအမြန်လှမ်းဆွဲကာ လေးနက်သောလေသံဖြင့်ပြောလိုက်မိသည်။

"နေအုံး၊ ကျွန်တော့်လုကျားကိုပြောစရာရှိသေးတယ်။"


လန်ဇယ်အေးခဲသွားရကာ လင်ခုံးလုကိုမယုံကြည်နိုင်ဖြစ်စွာကြည့်လိုက်မိပြီး သူ့မျက်လုံးမှာတဖြည်းဖြည်းချင်းရှုပ်ထွေးလာရသည်။


သူခန့်မှန်းတာမှန်ရင် လင်ခုံးလုနဲ့လုကျားကပထမဆုံးအကြိမ်တွေ့ဖူးပေမဲ့ အရင်ဘဝကလုပ်ခဲ့သလိုမျိုးသူတို့ဆုံပြီးတာနဲ့စကားပြောနေကြတုန်းဆိုတော့ သူတို့ကတစ်ယောက်ကိုတစ်ယောက်ထူးခြားတယ်လို့ထင်နေခဲ့ကြတာလား။


ပြောင်းလဲလို့မရတဲ့အရာတချို့ရှိနေတာလား။ ဒါမှမဟုတ် ကြောင်ငပျင်းလေးနဲ့ဒီကောင်လေးကအချင်းချင်းသိတာကြာပြီလား။


လန်ဇယ်၏လက်မှာတဖြည်းဖြည်းချင်းပြေလျော့သွားကာ တစ်အောင့်ကြာမှသူရုတ်တရက်ရယ်မောလိုက်မိသည်။

"အင်းပါ၊ မင်းတို့စကားပြောကြလေ။"


သူဘေးကစောင့်ကြည့်နေမယ်၊ သူမယုံဘူး။ သူတို့နှစ်​ယောက်ကြားကဘယ်လိုကံကြမ္မာမျိုးက သူ့နှာခေါင်းအောက်မှာမီးပွားပေါက်ဖွားသွားနိုင်မှာတဲ့လား။


ကံကြမ္မာရှိရင်တောင် သူချက်ချင်းဖြတ်ပစ်ပြီးတော့ ဘယ်မီးပွားမဆိုတည့်တိုးငြိမ်းသတ်ပစ်လို့ရတယ်။


လန်ဇယ်လှောင်ပြုံးတစ်ပွင့်နှင့်တွေးနေမိပေမဲ့ လင်ခုံးလုကသူ့ကိုလှမ်းဆွဲကာပြောလာသည်။

"ခင်ဗျားလဲလာမှရမယ်။"


လန်ဇယ်: "ကိုယ့်မှာသူ့ကိုပြောစရာဘာမှမရှိဘူး။"


လင်ခုံးလုဓာတ်ပုံကိုထုတ်ကာ သူ့ရှေ့မှာဝှေ့ရမ်းပြလျက်ပြောလိုက်သည်။

"ဒီလူကမင်းသားကြီးနဲ့တူတယ်ထင်လား။"


"ဘာမှပြောစရာမရှိ...."

လန်ဇယ်ရုတ်ခြည်း​အေးခဲသွားရကာ သူ့လက်ထဲကဓာတ်ပုံကိုမိန်းမောစွာစိုက်ကြည့်လိုက်မိသည်။


တစ်ခဏကြာပြီးနောက် သူရုတ်ခြည်းဓာတ်ပုံများကိုဆွဲယူလိုက်မိပြီး သူ့လက်များမှာမသိမသာတုန်ရီနေလျက် သူခေါင်းငုံ့ကာဓာတ်ပုံများကိုတစ်ပုံပြီးတစ်ပုံလှန်လောကြည့်လိုက်ပြီး ဓာတ်ပုံလှန်နှုန်းမှာပိုမို​မြန်သထက်မြန်လာသည်။


အိမ်ရှေ့စံအရိုက်အရာအတွက်လန်ဇယ်နှင့်ယှဥ်ပြိုင်ခြင်းကိုရှောင်ရှားရန်အလို့ငှာ မင်းသားကြီးကလက်ဦးမှုရယူကာရှေ့တန်းကိုသွားခဲ့ပေမဲ့ စစ်မြေပြင်မှာပျောက်ဆုံးသွားခဲ့သဖြင့် အမြဲတမ်းလန်ဇယ်၏အထုံးတစ်ခုဖြစ်နေခဲ့မှန်းလင်ခုံးလုသိသည်။


သူအနှောင့်အယှက်မပေးဘဲ လန်ဇယ်လှန်လှောကြည့်ပြီးတာကိုစောင့်နေပြီးမှ အနားတိုးကာ နားထဲမှာချောင်းအသာဟမ့်ပြီး မေးလိုက်သည်။

"ခင်ဗျားမှာလုကျားကိုဘာမှပြောစရာမရှိတုန်းပဲလား။"


လန်ဇယ်ခေါင်းမော့လိုက်ပြီး သူ့မျက်နှာထားမှာတဖြည်းဖြည်းချင်းတည်ငြိမ်သွားကာ ရုတ်တရက်လင်ခုံးလုကိုခပ်တင်းတင်းဖက်ကာ နူးညံ့စွာပြောလိုက်မိသည်။

"ကျေးဇူးပါ၊ ကြောင်လေး။"


လင်ခုံးလုတစ်အောင့်ကြာတောင့်ခဲသွားရပြီးမှ သူ့ကိုတွန်းကာအသိပေးလိုက်သည်။

"ဒီမှာလူရှိတယ်​လေ၊ ပြီးတော့ခင်ဗျားလုကျားကိုကျေးဇူးတင်ရမှာ။"


လန်ဇယ်သူ့ကိုလွှတ်ပေးလိုက်ပြီး သူ့မျက်ဝန်းထဲမှာအပြုံးတစ်ပွင့်ရှိလျက် သူလုကျားကိုတစ်ဖန်ကြည့်လိုက်တော့ သူ့မျက်နှာထားမှာလေးနက်သွားပြန်သည်။


လုကျားသူ့ကိုမြင်လိုက်ရတုန်းကကြောက်လန့်သွားခဲ့သည်၊ အထူးသဖြင့်သူဧရာမပိုးကောင်ဒါဇင်ကိုတစ်ခဏအတွင်းသတ်ပစ်ခဲ့သည့်ဗီဒီယိုထဲကမြင်ကွင်းကိုတွေးမိသွားသော် သူသူ့ထိုင်ခုံထဲမှာကြောက်လန့်တကြားနောက်ကိုကျုံ့ဝင်သွားရသည်။


လန်ဇယ်: "....."


လင်ခုံးလု: "ထားလိုက်တော့၊ ကျွန်တော်ပဲသူ့ကိုသွားပြောလိုက်မယ်။"


"မပြောနဲ့။" လန်ဇယ်သူ့ကိုချက်ချင်းပြန်ဆွဲကာ လုကျား၏ငါးမြှီးကိုတစ်ချက်လှမ်းကြည့်ပြီး နှုတ်ခမ်းစေ့ကာပြောလိုက်မိသည်။

"သူကရေသူ။"


လင်ခုံးလု: ...အဲ့တော့? ဒီရှာလကာရည်လဲသောက်တာပဲလား။


ငါးမိနစ်ကြာပြီးနောက် လုကျားကသူတို့နှင့်အတူကားပျံပေါ်တက်လာပြီး လင်ခုံးလုကဘေးမှာထိုင်ကာသူ့ကိုနှစ်သိမ့်ပေးလိုက်သည်။

"မကြောက်ပါနဲ့၊ လန်ဇယ်ကကြောက်စရာကောင်းပုံပေါက်ပေမဲ့သိပ်မဆိုးပါဘူး၊ အရှင့်သားကလည်းသဘောအရမ်းကောင်းပါတယ်...."


လန်ဇယ်ကအသံတိတ်ထွက်ပြူလာသည့်သူ့ကြောင်နားရွက်များကိုလှမ်းကိုင်ကာ မည်းတူးသောမျက်နှာဖြင့်မေးလိုက်သည်။

"ဘယ်သူကကြောက်စရာကောင်းတာလဲ။"


လင်ခုံးလု: "?" ဒီဟာဘယ်တုန်းကထွက်လာတာလဲ။


လန်ဇယ်မျက်နှာသေဖြင့်ပြောလိုက်သည်။

"နောက်ကျရင် မင်းအခြားရေသူတွေနားကပ်ခွင့်မရှိဘူး။"


ပြောပြီးနောက် သူလင်ခုံးလုကိုအခြားတစ်ဖက်ကထိုင်ခုံဆီတိုက်ရိုက်ပွေ့တင်ကာ အနေအထားပြောင်းပြီး လုကျားဆီကခွဲထုတ်လိုက်သည်။


လင်ခုံးလု: မြှောင် မြှောင် မြှောင်? မင်းအခုဘယ်လောက်တောင်သန်မာနေတာတုန်း?


လန်ဇယ်သူ့ကြောင်နားရွက်များကိုပြန်ပုတ်သွင်းလိုက်ပြီးမှ လုကျားဘက်လှည့်လိုက်သည်။

"လုလူကြီးမင်း၊ ခုနကအတွက်စိတ်မရှိပါနဲ့၊ ငါမေးလို့ရမလား၊ ဓာတ်ပုံထဲကလူကို မင်းဘယ်မှာတွေ့ခဲ့တာလဲ။ သူအခုဘယ်မှာလဲ။ ပြီးတော့....အဆင်ပြေရဲ့လား။"


လုကျားမှာသူတို့နှစ်ယောက်သင့်မြတ်နေပုံကြောင့်အလွန်အံ့အားသင့်သွားမိပေမဲ့ ဒီဟာကြောင့် သူတို့ကပိုမိုချဥ်းကပ်ရလွယ်သည်ဟုသူခံစားလိုက်ရသဖြင့် သူချက်ချင်းအလွန်စိုးရိမ်မနေတော့ဘဲ သူခဲ့အာကိုခေါ်လာခဲ့သည့်ဇာတ်လမ်းကိုဖြည်းဖြည်းချင်း​​ပြောပြလိုက်သည်။


ဒါကိုကြားလိုက်ရပြီးနောက် လန်ဇယ်မျက်မှောင်ကြုတ်လိုက်မိသည်။ မင်းသားကြီးကဒဏ်ရာအပြင်းအထန်ရကာပျောက်ဆုံးသွားခြင်းပင်။ သူကလူသူကင်းမဲ့သောကြယ်ဂြုဟ်ဆီရောက်သွားကာ ရေသူထီးလေးကသူ့ကိုခေါ်သွားပြီးဂရုစိုက်ပေးခဲ့သည်။ သူနိုးလာတော့မှတ်ဉာဏ်ပျောက်ဆုံးသွားခဲ့သည်။


လင်ခုံးလု: "....သူတို့ကဇာတ်လိုက်တွေလို့သူဘာလို့တွေးမိလိုက်တာပါလိမ့်? တစ်စုံတစ်ယောက်ကရေသူထီးလေးရဲ့ကယ်တင်မှုအတွက်ကျေးဇူးပြန်ဆပ်ချင်ယောင်ဆောင်တယ်၊ အဲ့ဒါက'ပင်လယ်ပြင်ရဲ့သမီးတော်'ဇာတ်လမ်းမဟုတ်ဘူးလား။"


0687: "ဒါပေမဲ့အရင်ဘဝမှာအဲ့လိုကိစ္စမျိုးမရှိခဲ့ဘူး။"


လင်ခုံးလု: "?"


0687: "ဇာတ်ညွှန်းထဲကမင်းသားကြီးကအသက်ရှင်နေသေးတယ်လို့မရေးထားတဲ့အပြင် လုကျားကလဲလုံးဝမပေါ်လာခဲ့ဘူး။ ဇာတ်ကြောင်းကဇာတ်လိုက်ကမသန်စွမ်းဖြစ်မှုကယူဆောင်လာတဲ့အရိပ်ဆိုးကိုကျော်လွန်ပြီး ဇာ့ဂျ်တွေကိုအပြီးအပိုင်အနိုင်ရပြီးတော့ ထီးနန်းဆက်ခံလိုက်တဲ့အချိန်ကျရင်ပြီးသွားပြီ။"


လင်ခုံးလု: "??"


"ဒါပေမဲ့ငါ့အထင် သူလုကျားသိနေမှန်းအသိသာကြီးကို။ သူအရင်ဘဝမှာလုကျားကိုမရှာခဲ့ဘူးလား။ သူလုကျားကိုရှာတွေ့ရင် မင်းသားကြီးကိုရှာတွေ့သွားမှာမဟုတ်ဘူးလား။"

သူပဟေဠိဖြစ်စွာမေးလိုက်မိသည်။


"မဟုတ်ဘူး၊ ဇာတ်လိုက်ကထီးနန်းဆက်ခံဖို့ကျရှုံးသွားခဲ့တယ်။"

0687၏​လေသံမှာအနည်းငယ်ထူးဆန်းလျက်။


လင်ခုံးလု: "???"


0687: "ထီးနန်းမဆက်ခံခင်ညမှာ ဒီကမ္ဘာပြန်စတင်ခဲ့တာ။"


လင်ခုံးလု: "....."


0687: "ဒါကလည်းထူးဆန်းတဲ့နေရာပဲ။ သိသိသာသာကိုကမ္ဘာကမပြိုလဲသွားဘဲနဲ့ ပြန်စတင်သွားခဲ့တာ။"


လင်ခုံးလု: "...."


"နေအုံး!" သူရုတ်ခြည်းတစ်ခုခုသဘောပေါက်သွားကာပြောလိုက်မိသည်။

"ဒါဆိုငါကမ္ဘာတစ်ခုကိုဘာမှမဟုတ်ဘဲပြန်လာမိသွားတာလား။"


ကမ္ဘာမပြိုလဲသွားခဲ့ရင် သူတာဝန်ယူရလိမ့်မည်မဟုတ်။


0687: "ဘာလို့ဖြူစင်ပြနေတာလဲ၊ မင်းချစ်ကျွမ်းမဝင်တော့ဘူးလား။"


လင်ခုံးလု: "......"


အမှန်ပဲ၊ သူတစ်ယောက်ယောက်ကိုလာခိုင်းဖို့တကယ်တွန့်ဆုတ်နေခဲ့တာ။ အဆုံးမှာဒီကမ္ဘာကဇာတ်လိုက်ဟာလည်းသူ့ချစ်သူပဲလေ။ ဒါပေမဲ့သူထီးနန်းဆက်ခံမဲ့နေ့မှာ သူကပြန်မွေးဖွားဖို့တွန်းအားပေးခံခဲ့ရတယ်...အဟမ်း၊ လန်ဇယ်ပြန်မွေးဖွားလာတုန်းကသူစိတ်သောကရောက်နေခဲ့တာအံ့သြစရာမရှိပါဘူး။


ဒါကိုတွေးမိရင်း သူလန်ဇယ်ကိုထပ်ကြည့်မိတော့ မနေနိုင်ဘဲကရုဏာသက်မိကာရယ်မောချင်မိသည်။


သူ့ဇနီးလေးထံမှကရုဏာမျက်ဝန်းများဖြင့်ရုတ်ခြည်းစိုက်ကြည့်ခံလိုက်ရတဲ့လန်ဇယ: "?"


သူလင်ခုံးလု၏လက်ကိုအလိုလိုဆုပ်ကိုင်ကာ သူအဆင်ပြေကြောင်းပြလိုက်ပြီးမှ လုကျားကိုကြည့်ကာ မျက်မှောင်ကြုတ်ပြီးမေးလိုက်သည်။

"မင်းဘာလို့မျိုးရိုးဗီဇနှိုင်းယှဥ်မှုရေကန်ကိုသုံးပြီး သူ့မိသားစုကိုသွားမရှာခဲ့တာလဲ။"


ထိုအချိန်က တော်ဝင်စစ်တပ်နှင့်တော်ဝင်မိသားစုမှာတစ်စုံတစ်ယောက်ကိုအနီးနားမှာလိုက်ရှာကြည့်ခဲ့ပေမဲ့ သူတို့သာမျိုးရိုးဗီဇနှိိုင်းယှဥ်မှုရေကန်အတွက်အင်ပါယာပိုင်ဆိုင်သည့်ဘယ်ဂြိုဟ်ကိုမဆိုသွားလိုက်ပါက လန်ဇယ်၏သရုပ်မှန်ကိုရှာဖွေတွေ့ရှိလိမ့်မည်ပင်။


လုကျားအနည်းငယ်အပြစ်ရှိစိတ်ခံစားလိုက်ရကာ အသံတိုးတိုးဖြင့်ပြောမိသည်။

"ကျွန်တော်သွားချင်ပေမဲ့ ကျွန်တော်သူ့ကိုဆေးကုပေးဖို့အတွက်ဆားရယ်ဂြိုဟ်ကိုအရင်ဆုံးပြန်ခေါ်သွားခဲ့တာ၊ သိပ်မကြာခင်ဂြိုဟ်ကကြယ်သူခိုးတွေအုပ်စိုးတာခံလိုက်ရပြီးတော့ ကြယ်သူခိုးတွေကရေသူတွေကိုလိုက်ဖမ်းကြရော။ ခဲ့အာကကျွန်တော့်ကိုအဖမ်းမခံရစေချင်လို့ မြို့ငယ်လေးထဲမှာကျွန်တော်နဲ့အတူသရုပ်မှန်ကိုဖုံးကွယ်နေခဲ့ပြီးတော့ အပြင်ထွက်ဖို့အခြေအနေကောင်းတဲ့အထိစောင့်ချင်ခဲ့တာ...."


မထင်မှတ်ထားစွာဖြင့် အခြေအနေကပိုကောင်းမလာဘဲ ထိုကြယ်သူခိုးများကပိုမိုဆိုးဝါးလာကာ သိပ်မကြာခင်သူတို့နေထိုင်သည့်မြို့ငယ်ကရေသူများကိုဖမ်းဆီးလာတော့သည်။


ပြောပြီးနောက် သူမေးကြည့်လိုက်မိသည်။

"အရှင့်သားကခဲ့အာကိုသိတာလား။ သူနဲ့အမျိုးတော်တာလား။"


အဲ့ဒါသာအမှန်ဆိုရင် ခဲ့အာအကယ်ခံရမှာ။ ဒါကိုတွေးမိရင်း လုကျား၏မျက်ဝန်းများမှာမျှော်လင့်စောင့်စားမှုတို့ဖြင့်ပြည့်သွားသည်။


လန်ဇယ်ခေါင်းငြိမ့်ကာ သြရှရှအသံဖြင့်ပြောလိုက်သည်။

"သူ့နာမည်ကလန်ခဲ့၊ သူက...ငါ့အစ်ကိုတော်ပဲ။"


လုကျားမှာအရေထူပြီးစိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားခဲ့ပေမဲ့ သူရှောင်လွှဲမရအောင်"အာ"ခနဲအံ့အားသင့်သွားရဆဲပင်။


သူအရင်ကလန်ခဲ့ကိုရှာတွေ့နိုင်လုနီးပါးဖြစ်သွားခဲ့ပေမဲ့ မတော်တဆကြောင့်နှစ်ပေါင်းများစွာလွဲချော်သွားခဲ့မှန်းလန်ဇယ်သိရှိသွားကာ သူ့မျက်နှာမှာအနည်းငယ်မ​ပျော်မရွှင်ဖြစ်သွားရသည်။


ဒါက်ိုမြင်လိုက်ရတော့ လင်ခုံးလုသူ့လက်ကိုဖျစ်ညှစ်ကာအသိပေးလိုက်သည်။

"မင်းသားကြီးကိုကယ်ပေးခဲ့တဲ့အတွက်လုကျားကိုကျေးဇူးတင်လိုက်လေ။"


လန်ခဲ့ရှိနေသည့်ဆားရယ်ကြယ်ဂြိုဟ်မှာသူတို့ရှာဖွေမှုနယ်မြေထဲတွင်မရှိခဲ့ပေ။ လုကျားသာမရှိရင် တစ်ဖက်လူကတော်ဝင်စစ်တပ်မရောက်ခင်ပျောက်သွားနိုင်သည်။


လန်ဇယ်ဒီအမှန်တရားကိုနားလည်ပေမဲ့ နောင်တအချို့ရမိဆဲပင်။


သူခေါင်းလှည့်ကာလုကျားကိုကျေးဇူးတင်လိုက်ပြီးမှမေးလ်ုက်သည်။

"မင်းပြော​တဲ့ကြယ်သူခိုးကိစ္စကကော?"


လုကျားမှာမျိုးနွယ်စုခေါင်းဆောင်၏ညွှန်ကြားချက်များကိုတွေးမိကာ အခြေအနေကိုအလျင်စလိုရှင်းပြလိုက်သည်။ ပြောပြီးနောက် သူလန်ဇယ်ကိုသတိရှိရှိကြည့်ကာ မသက်မသာတွေးလိုက်မိသည်: အရှင့်သားကကူညီမှာလား။ ဟုတ်သားပဲ၊ သူကရေသူဆိုတော့ရေသူတွေဆီမှာဖြစ်ပျက်တဲ့ကိစ္စကိုကရုဏာသက်လောက်တယ်လို့ မျိုးနွယ်စုခေါင်းဆောင်ကပြောခဲ့တာပဲ။


ဒါပေမဲ့သူအနည်းငယ်မရေမရာဖြစ်လာရသည်။ ဆားရယ်ဂြိုဟ်ကသုံးလမ်းသွားကြယ်ဂြိုဟ်ဖြစ်ပေမဲ့လည်း ဖယ်ဒရယ်ရဲ့အမည်ခံတစ်စိတ်တစ်ပိုင်းပဲလေ။ အရှင့်သားလန်ဇယ်ကသူတို့အတွက်တကယ်စစ်သည်လွှတ်အေးမှာလား။


"ဘာ? အဲ့လိုကိစ္စမျိုးရှိတယ်လား။"

သူစဥ်းစားလို့မပြီးသေးခင် လင်ခုံးလုထိတ်လန့်အံ့သြစွာပြောလိုက်မိပြီးမှ သူ့ထင်မြင်ချက်ကိုထုတ်မပြောသေးသည့်လန်ဇယ်၏လက်ကိုဖျစ်ညှစ်ကာ ကပြာကယာအရိပ်ပြလိုက်သည်။

"သူတို့ကစီးပွားရေးအတွက်ရေသူတွေကိုဖမ်းရဲတယ်ဆိုတော့ တော်တော်အတင့်ရဲတာပဲ။ ငါးတောင်သည်းမခံနိုင်ဘူးမလား။"


လုကျားမှာလင်ခုံးလုကိုချက်ချင်းကျေးဇူးတင်စွာကြည့်လိုက်မိပြီး ကြင်ယာတော်ကတကယ်သဘောကောင်းသည်ဟုခံစားလိုက်ရသည်၊ သူ့ကိုစကားပြောကတည်းက အရာအားလုံးဟာမထင်မှတ်ထားစွာချောမွတ်သွားခဲ့သည်။


ဒီတစ်ခေါက်လန်ဇယ်ကလည်းလင်ခုံးလုကိုလှည့်ကြည့်လိုက်ပြီး သူ့မျက်ဝန်းများမှာမေးခွန်းထုတ်နေသယောင်: မင်းဘယ်ငါးအတွက်ဒေါသထွက်နေတာတုန်း?


လင်ခုံးလု: "အဟမ်း၊ သူတို့ကရေသူတွေကိုဖမ်းပြီးနောက်ပိုင်း ဘယ်မှာသွားရောင်းတာလဲ။ အင်ပါယာ၊ ဖယ်ဒရယ်နဲ့အခြားဂြိုဟ်ပိုင်အရာရှိတွေဆီမှာဖြစ်ရမယ်။ ဒါကလူကုန်ကူးတာပဲ၊ အင်ပါယာရဲ့ဥပဒေကတားမြစ်ထားတယ်မလား။"


လန်ဇယ်က"အမ်း"ဟုဆိုကာ သူ့လက်ကိုဖျစ်ညှစ်ပြီးပြောလိုက်သည်။

"အရင်ပြန်ရအောင်။"


သေချာတာပေါ့၊ စစ်သည်သေချာပေါက်လွှတ်ရမယ်၊ ဒါပေမဲ့ဒီကိစ္စကိုရေရှည်အတွက်ဆွေးနွေးမှရမယ်။


နန်းတော်ထဲတွင် ဧကရီအန်နာနှင့်ဧကရာဇ်တို့မှာမနက်စာစားနေကြပြီး သူတို့အကြီးဆုံးသားတော်အသက်ရှင်နေသေးမှန်းသိလိုက်ရသော် သူတို့တည်ငြိမ်မှုပျောက်ဆုံးသွားကာ ပန်းကန်လွတ်ကျလုမတတ်ဖြစ်သွားရသည်။


"ဒါအမှန်ပဲလား။ သေချာလား။"

ဧကရီအန်နာမှာအနည်းငယ်မတည်မငြိမ်ဖြစ်နေပြီး ဧကရာဇ်၏လက်မောင်းကိုလှမ်းကိုင်ကာထလိုက်ပြီး လန်ဇယ်ကိုစိုးရိမ်တကြီးမေးလိုက်မိသည်။


လန်ဇယ်သူတို့ကိုလုကျားယူလာသည့်ဓာတ်ပုံများပြကာပြောလိုက်သည်။

"အချိန်နဲ့နေရာကကွက်တိပဲ။"


အရေးကြီးဆုံးအရာကားလန်ခဲ့၏လည်တိုင်ပေါ်ကမှဲ့ပင်ကိုက်ညီနေသဖြင့် မျိုးရိုးဗီဇနှိုင်းယှဥ်မှုမရှိရင်တောင် ၈၀၊ ၉၀ ရာခိုင်နှုန်းသေချာသည်။


ဓာတ်ပုံမြင်လိုက်ရပြီးနောက် ဧကရာဇ်နှင့်ဧကရီမှာသဘာဝကျကျပင်စိတ်လှုပ်ရှားသွားရပြန်ကာ ဧကရီမှာလုကျားကိုပင်လှမ်းဆွဲပြီး ကျေးဇူးတင်စကားပြောမရပ်နိုင်တော့ပေ။


ကံကောင်းစွာဖြင့် လုကျားမှာအခုမှလန်ဇယ်နှင့်လင်ခုံးလုနှင့်တွေ့ထားတာမို့ သူစိုးရိမ်ပူပင်နေပေမဲ့ အနည်းဆုံးတော့သူဘာပြောရမလဲမမေ့သွားတော့ပေ။


စိတ်လှုပ်ရှားသွားပြီးနောက် ဧကရာဇ်ကအရင်စိတ်ငြိမ်ကျသွားကာ ခေါင်းမော့၍ လန်ဇယ်ကို​မေးလာသည်။

"မင်းဘယ်လိုစီစဥ်ထားလဲ။"


"ဒါပေါ့၊ ကျွန်တော်တို့အဲ့ကြယ်သူခိုးတွေကိုရှင်းထုတ်ပစ်ရမယ်။"

လန်ဇယ်ပြောလိုက်ပြီး တန့်သွားကာထပ်ပေါင်းပြောလိုက်သည်။

"ဒါပေမဲ့ရေသူအရောင်းအဝယ်ကိစ္စရဲ့ပါဝင်ပတ်သတ်မှုကအရမ်းကျယ်ပြန့်တယ်၊ ပြီးတော့အင်ပါယာမှာသူတို့ရဲ့အမှောင်ကွန်ရက်ရှိလောက်တယ်၊ ကျွန်တော်ကတော့ဦးရီးတော်ရဲ့မသန့်ရှင်းတဲ့လုပ်ငန်းမှာဒီဟာတွေပါဝင်နိုင်တယ်လို့သက်ာမကင်းဖြစ်မိတယ်၊ ဒီဟာကသူ့ကိုဆွဲချဖို့အခွင့်အရေးဖြစ်နိုင်တယ်။"


သူချူဖေးကိုစစ်ကြည့်တုန်းက လန်ရုန်ကကိုယ်ရေးကိုယ်တာဆက်နွယ်မှုကိုအသုံးချပြီး သံသယဖြစ်ဖွယ်လုပ်ရပ်များစွာပြုလုပ်ခဲ့ကြောင်းသူတွေ့ရှိခဲ့သည်။ ဒါပေမဲ့တစ်ဖက်လူကအလွန်ဉာဏ်ကောင်းပြီး အထဲမှာတိုက်ရိုက်ပါဝင်ခြင်းမရှိသဖြင့် သူ့ကိုဖမ်းရခက်နေပေရာ သူချူဖေးလိုကောင်လေးမျိုးကိုအရင်စုံစမ်းစစ်ဆေးရုံသာတတ်နိုင်သည်။


"မင်းပြောတာမှန်တယ်၊ ဒါပေမဲ့အဲ့လိုလုပ်ဖို့ဆိုအချိန်အများကြီးကြာလောက်တယ်။" ဧကရာဇ်ကမျက်မှောင်ကြုတ်သည်။


လုကျားဒါကိုကြားလိုက်ရသော် သူ့မျက်နှာထားမှာတင်းမာလာရော့သည်။


သူတော်ဝင်မြို့တော်ကိုရောက်လာတာတစ်လနီးပါးရှိပြီ၊ ခဲ့အာ...အဲ၊ အရှင့်သားလန်ခဲ့ရဲ့ခြေထောက်ကအကြာကြီးမ​စောင့်နိုင်ဘူး။


သူသူတို့ကိုသတိပေးဖို့တုံ့ဆိုင်းနေမိစဥ် လန်ဇယ်ကခေါင်းငြိမ့်ကာဆိုလာသည်။

"ဟုတ်တယ်၊ ဒါကြောင့်မို့ ကျွန်တော်ဆားရယ်ဂြိုဟ်ကိုတိတ်တခိုးသွားပြီးတော့မှ အစ်ကိုတော်ရဲ့ခြေထောက်ကိုအရင်ကုဖို့ကူညီပေးပြီးတော့ စစ်တပ်ကိုကျွန်တော့်အမိန့်အောက်မှာစောင့်ခိုင်းထားဖို့စီစဥ်ထားတယ်။ ခမည်းတော်နဲ့မယ်တော်ကတော်ဝင်မြို့တော်မှာ ဦးရီးတော်ကိုကိုင်တွယ်ဖြေရှင်း..."


"ကျွန်တော်လဲသွားမယ်။"

လင်ခုံးလုချက်ချင်းလက်ဖဝါးမြှောက်လိုက်ပြီး လန်ဇယ်သူ့ကိုစိုက်ကြည့်လာမှန်းမြင်လိုက်ရတော့ အမြန်ရှင်းပြလိုက်သည်။

"ကျွန်တော်လက်ဖဝါးသုံးပြီး ခြေထောက်ကုပေးလို့ရတယ်လေ။"


သူကဆရာဝန်လို့ယူဆရတာမို့ ဆရာဝန်ကိုအမြဲခေါ်သွားရမယ်မလား။


လန်ဇယ်၏မျက်နှာမှာအနည်းငယ်မှောင်မိုက်သွားလျက် သူပြောလိုက်သည်။

"ကြောင်လက်ဖဝါးနှိပ်ပေးဖို့ စဥ်းတောင်မစဥ်းစားနဲ့။"


လင်ခုံးလု: "?"


ဧကရီ၏နန်းဆောင်မှထွက်လာပြီးနောက် လန်ဇယ်ကလင်ခုံးလု၏လက်ကိုဖျစ်ညှစ်လိုက်ပြန်ကာ သေချာပြောလိုက်သည်။

"အခုကစပြီး မင်းကြောင်လက်ဖဝါးကိုအခြားသူတွေပေါ်မှာသုံးခွင့်မရှိဘူး။ သူတို့ကကြောင်လက်ဖဝါးရာကိုသုံးလို့ရတယ်၊ ကိုယ်ပြောတာကြားလား။"


လင်ခုံးလု: "အာ?"


သူကြောင်လက်ဖဝါးမသုံးရဘူးဆိုတော့ သူ့ကိုသူနဲ့အတူမခေါ်သွားဘူးလား။


"ပြီးတော့ အဲ့မျက်နှာဖြူငါးလေးနဲ့ဝေးဝေးနေ။"

လန်ဇယ်ထပ်ပြောလိုက်သည်။


လင်ခုံးလု: "....."


"ခင်ဗျားအတွေးလွန်နေပြီထင်တယ်။"

သူရိုးသားစစ်မှန်စွာပြောလိုက်သည်။

"လုကျားကခင်ဗျားရဲ့အစ်ကိုတော်နဲ့တစ်ခုခုဖြစ်နေတာမှန်းသိသာနေတာပဲကို။ သူမင်းသားကြီးအကြောင်းပြောတုန်းကဆို သူ့မျက်လုံးတွေမှာကြယ်တွေတောက်ပနေသလိုပဲ။"


လန်ဇယ်ကထူးဆန်းသွားပုံရကာပြောလာသည်။

"မင်းသေချာကြည့်ထားတာပဲ။"


လင်ခုံးလု: "အာ။"


လန်ဇယ်: "ဒါဆိုသူနဲ့ဝေးဝေးနေ။" 


ကြောင်လေးနဲ့အဲ့ကောင်ကအရင်ဘဝတုန်းကအတူခိုးပြေးသွားကြတာမို့ သူတို့ဝေးဝေးမနေမှာကိုသူစိတ်ပူနေခဲ့ရသည်။


အခုဆိုသူအထင်လွဲသွားတာဖြစ်နိုင်မှန်းခံစားလိုက်ရသည်၊ ကြောင်လေးကလုကျားကိုကြိုက်လို့အရင်ဘဝကသူနှင့်အတူထွက်ပြေူသွားတာမဟုတ်လောက်။ ဒါပေမဲ့အဲ့တော့ဘာဖြစ်လဲ၊ အဲ့ကောင်ကရေသူဆိုတော့ ကြောင်ကရေသူနောက်လိုက်သွားတဲ့အခါကျရင် ကြိုက်ဖို့လိုလို့လား။


လင်ခုံးလု: "....." ဒါကတော့အူတိုလွန်းနေပြီ။


ထိုနေ့လယ်ခင်းမှာ လန်ဇယ်ကအချိန်ရှာကာလင်ခုံးလုကိုမက်ခါကြည့်ဖို့ခေါ်သွားသည်။


မက်ခါအသစ်မှာချောမွတ်သောလိုင်းနှင့်မိမိုက်သောဒီဇိုင်းရှိသည်။ ၎င်းကိုနောက်ဆုံးပေါ်လက်နက်စနစ်တပ်ဆင်ထားပြီး အလွန်ခန့်ညားလှပေသည်။


အဓိကအချက်ကားပုံသဏ္ဍာန်မှာလန်ဇယ်၏ငွေပြာရောင်မက်ခါနှင့်အလွန်ဆင်တူပြီး အရောင်မှာအနီရောင်တောက်နေသည့်ရွှေရောင်အဆင်းရှိကာ သိသိသာသာကိုစုံတွဲမော်ဒယ်ဖြစ်သည်။


လင်ခုံးလုမနေနိုင်ဘဲခေါင်းခန်းထဲချက်ချင်းဝင်ထိုင်ကာ လန်ဇယ်နှင့်ယှဥ်လိုက်သည်။


သဘာဝကျကျပင်၊ သူဟာစစ်မြေပြင်မှာ ကြွယ်ဝသောတိုက်ခိုက်ရေးအတွေ့အကြုံရှိသည့်လန်ဇယ်ကဲ့သို့တစ်စုံတစ်ယောက်၏ပြိုင်ဘက်မဟုတ်ပေမဲ့ သူ့တိုက်ခိုက်ပုံကပြောင်းလွယ်သဖြင့် တစ်ခါတရံသူလန်ဇယ်ကိုမှောက်သွားအောင်လုပ်နိုင်လေသည်။


မက်ခါအသစ်ကိုစမ်းကြည့်ပြီးနောက် သူခေါင်းခန်းထဲကထွက်လာတော့ သူ့နှဖူးမှာချွေးစိုနေလျက် သူ့မျက်နှာထားမှာအလွန်စိတ်လှုပ်ရှားလို့နေသည်။


လန်ဇယ်၏နဂိုအစီအစဥ်မှာသူ့ကိုမက်ခါပေးလိုက်ချိန်မှာချစ်ရေးဆိုဖို့ဖြစ်သည်။ သူတို့လက်ထပ်ထားတာကြာပြီဆိုပေမဲ့လည်း မင်းသားကြီးရဲ့ကိစ္စကပေါ်လာပြီး အချိန်သိပ်မရှိတာမို့ သူတို့ယာယီပယ်ဖျက်ထားလိုက်ရသည်။


ဒါပေမဲ့သူပေးတဲ့လက်ဆောင်ကိုလင်ခုံးလုကြိုက်မှန်းမြင်လိုက်ရတော့ ဒါကလုံလောက်ပြီဟုတွေးလိုက်မိသည်။


သူကသူ့လူများကိုမက်ခါနှစ်ခုလုံးကိုနေရာလွတ်လက်ကောက်ထဲထည့်ခိုင်းလိုက်ပြီးမှ လင်ခုံးလုကိုနှစ်ခုထဲကတစ်ခုပေးကာ ပြောလိုက်သည်။

"ရပြီ၊ မင်းကိုယ်နဲ့အတူဆားရယ်ဂြုဟ်ကိုလိုက်လို့ရပြီ။"


လင်ခုံးလု၏မျက်လုံးများတောက်ပသွားကာပြောလိုက်မိသည်။

"အဲ့ကိုတကယ်ခေါ်သွားမယ်ပေါ့?"


လန်ဇယ်သူ့ကိုထူးဆန်းသောအကြည့်တစ်ချက်ပေးကာ ပြောလိုက်သည့်အလား: မင်းကိုမခေါ်သွားရင် လုကျားနဲ့အတူနေ့တိုင်းနေခိုင်းခဲ့ရမှာလား။


ဟုတ်တယ်၊ လုကျားကသူတို့နှင့်အတူမသွားပေ။


သူကပါသူတို့နှင့်အတူခရီးထွက်လာရင် သူ့ကိုကာကွယ်ပေးဖို့လိုအပ်လောက်သည်ဟုလန်ဇယ်ခံစားလိုက်ရသည်။ သူအနောက်မှာနေခဲ့ပြီး တိုက်ရိုက်လွှင့်မြေပုံဝန်ဆောင်မှုပေးဖို့အတွက်တာဝန်ယူတာပိုကောင်းလောက်မည်။


ဒါပေမဲ့သူနှင့်လင်ခုံးလုတို့နှစ်ယောက်လုံးမှာမီဒီယာပေါ်မှာရှိနေသဖြင့် သူတို့ကိုယ်သူတို့ရုပ်ဖျက်ရပေမည်၊ မဟုတ်ရင်သူတို့ကိုကြယ်သူခိုးတွေအလွယ်လေးမှတ်မိသွားလိမ့်မည်။


ဒီတော့နှစ်ဦးသားမှာချမ်းသာကြွယ်ဝသောစီးပွားရေးလုပ်ငန်းရှင်၊ မောက်(​ကြောင်)လောင်ရယ်နှင့် သူ၏ဇနီးငယ်လေးယွီ(ငါး)လူကြီးမင်းတို့အဖြစ်အမြန်ရုပ်ဖျက်လိုက်ကြသည်။


ယွီလူကြီးမင်းကမောက်လောင်ရယ်၏ပါးသိုင်းမွှေးကိုဆောင့်ဆွဲကာ သူ့မျက်နှာပေါ်ကမျက်နှာဖုံးကိုညွှန်ပြပြီး မေးလိုက်သည်။

"ကိုယ်တို့ထဲကဘယ်တစ်ယောက်ကဇနီးလေးနဲ့ပိုတူတယ်ထင်လဲ။"


မောက်လောင်ရယ်ကသူ့မုတ်ဆိတ်လေးကိုအမြန်ပြန်ဆွဲကာ ခပ်တင်းတင်းကပ်လိုက်ပြီးမှ-

"ဟေ့၊ အချိန်မရှိဘူးလေ။ ဒီဟာတွေကိုစိတ်ပူရမဲ့အချိန်မဟုတ်ဘူး။ နောက်ကျသွားရင် အရှင့်သားလန်ခဲ့ရဲ့​ခြေထောက်အန္တရာယ်ဖြစ်သွားနိုင်တယ်။"


လန်ဇယ်ခပ်ဖွဖွနှာမှုတ်ကာကြည့်လိုက်ပြီး သူ၏မုတ်ဆိတ်ကောက်ကောက်ကိုကူဆန့်ပေးကာပြောလိုက်သည်။

"သွားမယ်။"


လင်ခုံးလု: "....."


သူလက်မောင်းမြှောက်ကာအသိပေးလိုက်သည်။

"အချစ်ရေ၊ ခင်ဗျားကျွန်တော့်လက်မောင်းကိုချိတ်ထားသင့်သလားလို့?"


"ကိုယ်ကမင်းကိုကိုင်ရမယ်?"

လန်ဇယ်မှာသူတို့နှစ်ဦးကြားကအရပ်ကွာခြားမှုကိုနှိုင်းယှဥ်ကြည့်ကာ ဗလာသက်သက်ပြောလိုက်သည်။

"သေချာရဲ့လား။"


"သေချာတယ်၊ သေချာတယ်၊ မြန်မြန်ချိတ်လိုက်တော့။" လင်ခုံးလုလက်မောင်းဆက်တိုက်မြှောက်ပြကာ ကမန်းကတန်းအရိပ်ပြလိုက်သည်။


လန်ဇယ်: "....." ထားလိုက်တော့၊ ဒီကြောင်ရဲ့ဆန္ဒကိုကျေနပ်အောင်လုပ်ပေးလိုက်ပါမယ်လေ။


နှစ်ဦးသားမှာဆားရယ်ကိုသွားရာကုန်သဘော်ပေါ်တက်လိုက်ကြသည်။ လမ်းမှာ တစ်စုံတစ်ယောက်ကစပ်စပ်စုစု​မေးလာသည်။

"မင်းတို့နှစ်ယောက်ကလင်မယားလား။"


လင်ခုံးလုခေါင်းငြိမ့်ပြကာ လန်ဇယ်ကိုညွှန်ပြပြီးပြောလိုက်သည်။

"ဒါကကျွန်တော့်ဇနီးလေ။"


လန်ဇယ်: အော်။


သူတို့ဆိပ်ကမ်းကထွက်လာချိန်မှာ အလွန်တင်းကြပ်သောစစ်ဆေးမှုနှင့်တကယ်ကြုံလိုက်ရသည်။ ကံကောင်းစွာဖြင့် သူတို့၏နေရာလွတ်လက်ကောက်များမှာစစ်တပ်ကတိုးတက်အောင်လုပ်ထားသည့်နောက်ဆုံးပေါ်မော်ဒယ်ဖြစ်သည်။


အောင်အောင်မြင်မြင်ထွက်လာပြီးနောက် လင်ခုံးလုသက်မချကာပြောလိုက်မိသည်။

"ဒါကတိုက်ပွဲတစ်ဝက်ပဲ။"


လန်ဇယ်: "လုကျားကိုအရင်ဆက်သွယ်ပြီးမျိုးနွယ်စုခေါင်းဆောင်ကိုအရင်ရှာရအောင်။"


နှစ်ဦးသား၏ဆက်သွယ်ရေးစက်မှာလည်းစစ်သုံးအမျိုးအစားအသစ်ဖြစ်သည်။ စစ်မြေပြင်မှာဆို

အချက်ပြမှုကိုရန်သူတို့ရှာဖွေတွေ့ရှိသွားဖို့ခက်သည်။ ပြီးတော့ဒီကြယ်သူခိုး၏နည်းပညာမှာအင်ပါယာ၏နည်းပညာထက်နိမ့်ကျပြီး ပို၍ပင်ရှာရခက်ပေသည်။


လုကျားကိုဆက်သွယ်ပြီးနောက် လမ်းညွှန်ချက်များအရ သူတို့မျိုးနွယ်စုခေါင်းဆောင်၏နေရာကိုခပ်မြန်မြန်ရောက်ရှိသွားကြသည်။


မျိုးနွယ်စုခေါင်းဆောင်မှာမီးခိုးရောင်မုတ်ဆိတ်ရှိသည့်အပြင်ရေသူထီးဖြစ်ပေမဲ့ ထုံးစံအတိုင်းကောင်းကောင်းဖုံးကွယ်ထားသည်။


သူတို့နှစ်ယောက်ကိုမြင်လိုက်ရတော့ သူသိသိသာသာကိုအနည်းငယ်စိတ်လှုပ်ရှားသွားမိသည်။ သူလင်ခုံးလု၏လက်ကိုဆုပ်ကိုင်ကာပြောလိုက်သည်။

"အရှင့်သား၊ မင်းရောက်လာမယ်မထင်ထားဘူး။ မင်းရေသူဘုရင်ဗီဇနိုးထလာတာမို့ ကျုပ်တို့ကိုသေချာပေါက်လျစ်လျူရှုမှာမဟုတ်မှန်းငါသိသားပဲ။"


လင်ခုံးလု: "အာ။"


သူ သူ့ဘေးကလန်ဇယ်ကိုညွှန်ပြကာခပ်တိုးတိုးပြောလိုက်သည်။

"သူပါ။"


မျိုးနွယ်စုခေါင်းဆောင်: "....."


လန်ဇယ်: "ဟက်။"


"ခင်ဗျားခဲ့အာလို့ခေါ်တဲ့လူတစ်ယောက်ကိုခေါ်ထားတယ်ကြားတယ်၊ ခင်ဗျကျွန်တော့်ကိုအဲ့တစ်ယောက်နဲ့ပေးတွေ့လို့ရမလား။"

သူအရေးမစိုက်ဘဲ အဓိကအချက်ကိုတည့်တိုးပြောလိုက်သည်။


မျိုးနွယ်စုခေါင်းဆောင်အသိပြန်ဝင်လာကာ "စိတ်မရှိပါနဲ့"ဟုခပ်မြန်မြန်ဆိုလိုက်ပြီးမှပြောလိုက်သည်။

"လုကျားမင်းတို့ကိုပြောခဲ့တယ်မလား။ ကျေးဇူးပြုပြီးကျုပ်နဲ့လိုက်ခဲ့ပါ---"


လုကျားထွက်သွားပြီးနောက် မျိုးနွယ်စုခေါင်းဆောင်ကာခဲ့အာကိုခေါ်ကာဂရုစိုက်ပေးထားခဲ့ပေမဲ့ လုကျားကသူ့အတွက်ကြောင့်တော်ဝင်မြို့တော်ကိုသွားမှန်းခဲ့အာသိတာမို့ တစ်ချိန်လုံးနှုတ်ဆိတ်နေခဲ့သည်။


အစကသူသွားဖို့ရုန်းကန်ခဲ့ပေမဲ့ သူ့ခြေထောက်မှာမတ်တပ်ရပ်နိုင်စွမ်းမရှိတော့ပေ။ သူ့ခြေထောက်များကိုအကြိမ်အနည်းငယ်ထုရိုက်မိပြီးနောက် သူစိတ်ပျက်လက်ပျက်ဖြင့်သတင်းတိတ်တဆိတ်ကြည့်ရုံသာတတ်နိုင်သည်၊ အထူးသဖြင့်တော်ဝင်မြို့တော်အကြောင်းသတင်းဖြစ်သည်။


လန်ဇယ်အခန်းထဲလျှောက်ဝင်သွားတော့ သူကခေါင်းငုံ့လျက်ဆက်သွယ်ရေးစက်ကိုကလိနေတာဖြစ်သည်။


ဆားရယ်ဂြိုဟ်၏အချက်ပြမှုမှာသိပွကောင်းသဖြင့် အင်တာနက်မှာမကြာခဏလိုင်းကျတတ်သည်။


လန်ဇယ်သူ့ကိုအကြာကြီးကြည့်နေမိပြီး သူနောက်ဆုံးသတိထားမိသွားကာခေါင်းမော့ကြည့်လာမှသာ မျက်နှာသေဖြင့်လျှောက်သွားပြီး သူ့မျက်နှာကိုတိုက်ရိုက်ထိုးကာ ပြောလိုက်သည်။

"မင်းတကယ်ကတိတည်တာပဲ၊ လန်ခဲ့။"


လင်ခုံးလု: "ကျွတ်ကျွတ်။"


သူတကယ်ဒေါသထွက်နေတာလား။


ခဲ့အာမျက်မှောင်ကြုတ်ကာ သူ့ကိုကြည့်ပြီးမေးလိုက်မိသည်။

"မင်းကဘယ်သူလဲ။"


လန်ဇယ်လှောင်ပြုံးပြုံးကာပြောလိုက်သည်။

"ငါကမင်းအစ်ကိုလေ။"


လင်ခုံးလု: "ဟိုက်။"


ဒီလူလန့်ခဲ့ကိုဆိုးဆိုးဝါးဝါးရိုက်နှက်ခြင်းမှကာကွယ်ရန်အလို့ငှာ သူရှေ့တိုးကာအလယ်မှာရပ်ပြီး လန်ခဲ့ကိုရှင်းပြလိုက်သည်။

"ခင်ဗျားမယုံလောက်ဘူး၊ ဒါပေမဲ့သူကတကယ်တော့....ခင်ဗျားရဲ့ညီပါ၊ သူကခင်ဗျားကိုအရမ်းသတိရနေခဲ့တာရယ်။"


ခဲ့အာမှာမျက်မှောင်ကြုတ်ထားလျက် အလိုလိုမေးလိုက်မိသည်။

"မင်းကကော?"


လင်ခုံးလု: "အာ၊ ကျွန်တော်ကသူ့ခင်ပွန်းပါ။"


_________________________