Chapter(72): Arc(5)သူဌေးကြီးနှင့်အစားထိုးခံ။
Viewers 10k

လင်ခုံးလုနှင့်လန်ဇယ်တို့လက်ထပ်ပြီးသိပ်မကြာခင် သူတို့ကိုဧကရီအန်နာနှင့်လင်ဝမ်ပေါ်ကမကြာခဏအရိပ်ပြလေ့ရှိသည်: မင်းတို့ကျားလေးယူဖို့အချိန်ရောက်ပြီမလား။ ကြောင်လေးနဲ့ရေသူလေးဆိုလဲရပါတယ်။


လန်ဇယ်နန်းတက်ပြီးတစ်နှစ်အကြာမှာ စျေးဆိုင်ပိုင်ရှင်သွားလုပ်နေသည့်ယခင်ဧကရာဇ်မှာလည်းသားဖောက်သည့်စစ်တပ်ထဲဝင်လာသည်။


လင်ခုံးလုမှာကမ္ဘာတစ်ခုချင်းစီတွင်ကလေးမထိန်းချင်သဖြင့် အချိန်တိုင်းချွေးစေးပြန်လျက်ငြင်းဆန်မိသည်။ ကံကောင်းစွာဖြင့် လန်ဇယ်ကကလေးမလိုချင်ဘဲ သူ့ဇနီးဖြင့်သာရှိချင်သဖြင့် ဒီကိစ္စပေါ်မှာသူ့စကားကိုအပြည့်အဝနားထောင်သည်။


ဆက်ခံသူကိစ္စအတွက်ကတော့ လန်ဇယ်ကဆိုသည်၊ လန်ခဲ့နဲ့လုကျားမှာကလေးရှိတယ်မဟုတ်လား။


လန်ခဲ့: "?"


သို့သော်လည်း လင်ခုံးလုကလန်ခဲ့နှင့်လုကျားတို့၏ကလေးကိုတကယ်ချစ်ပြီး အရင်ကမ္ဘာမှာကျန်ရစ်ခဲ့သည့်လင်ဇိုင်းဇိုင်းကိုသတိရသွားစေသည်။


သူဒီကမ္ဘာမှာလန်ဇယ်နှင့်အတူတစ်ဘဝလုံးကုန်ဆုံးခဲ့သည်။ သူထွက်လာတော့ တစ်ဖက်လူကလည်းစိတ်ဝိညာဥ်အနက်ရှိုင်းဆုံးမှစွမ်းအားတစ်ခုချန်ရစ်ပေးခဲ့ပြီး ဝိညာဥ်အပိုင်းအစမှာအရင်ကမ္ဘာများထက်ပိုမိုပြည့်စုံသည်။


လင်ခုံးလုသူ့မျက်ခုံးနှစ်ဖက်အလယ်ကိုထိကြည့်လိုက်တော့ နွေးထွေးသောစွမ်းအားတစ်ခုကိုခံစားမိလိုက်ရာ တိတ်တိတ်လေးရယ်မောလိုက်မိသည်။


ခင်ဗျားနဲ့မကြာခင်တွေ့ရမယ်လို့မျှော်လင့်ပါတယ်၊ ကျွန်တော့်....အချစ်ရေ။


သူ့ရင်ထဲမှာတိတ်တခိုးပြောလိုက်ပြီး ထွက်လာပြီးနောက်သူစနစ်ကိုအမြန်မေးလိုက်မိသည်။

"အဲ့ကမ္ဘာမှာဇိုင်းဇိုင်းအဆင်ပြေရဲ့လား။"


0686: "သူ....အဲ့ကမ္ဘာမှာမရှိတော့ဘူး။"


"ဘာ?!"


"စိတ်မပူနဲ့၊ စိတ်မပူနဲ့၊ လွန်ခဲ့တဲ့အချိန်တစ်ခုတုန်းက 0688ကသူနဲ့မတော်တဆပေါင်းစည်းမိပြီးတော့ သူ့ကိုမစ်ရှင်လုပ်ဖို့အခြားကမ္ဘာတွေကိုခေါ်သွားတယ်။ မင်းကံကောင်းရင် ကမ္ဘာတစ်ခုခုမှာဆုံလောက်မှာပါ။" 0687မှာသူစိုးရိမ်နေမှာစိုးလို့ အမြန်ရှင်းပြလိုက်သည်။

"မင်းတို့ကမ္ဘာငယ်လေးမှာမဆုံဖြစ်ရင်တောင် မင်းနေရာလွတ်-အချိန်စီမံခန့်ခွဲရေးဌာနကိုပြန်သွားရင်မင်းသူနဲ့သေချာပေါက်တွေ့မှာပါ။"


လင်ခုံးလုတစ်အောင့်ကြာတိတ်ကျသွားပြီးမှ အံကြိတ်လိုက်သည်။

"မင်းအနာဂတ်မှာမင်းပြောတဲ့စကားရဲ့တစ်ဝက်ကိုပဲတည်ရင် ငါမင်းကိုသတ်ပစ်မယ်လို့အာမခံတယ်!"


0687: TAT


မျက်စိတစ်ဖန်ပြန်ဖွင့်လိုက်တော့ သူဟာပန်းပွင့်ဖတ်များဖြန့်ကျက်ထားသည့်ကြီးမားသောနှစ်ယောက်အိပ်ကုတင်ဘေးမှာရပ်နေပြီး သူ့ခြေဖဝါးအောက်မှာအဆင့်မြင့်ကော်ဇောတစ်ချပ်ရှိနေကြောင်းလင်ခုံးလုတွေ့လိုက်ရသည်။


အခန်းထဲရှိအလင်းရောင်မှာမှိန်ပျကာနီစွေးပြီး ၎င်းဘေးကရေချိုးခန်းတံခါးဟာလည်းအကြည်ရောင်ဖန်ဖြင့်ပြုလုပ်ထားသည်။ ဒါဟာဟိုတယ်တစ်ခု၏ဧည့်ခန်းပါအခန်းမှန်းသိသာပေသည်။ နှစ်ယောက်အိပ်ကုတင်ပေါ်မှာ စာပွဲထိုးအဖြင့်ဝတ်စားထားသည့်လူငယ်လေးတစ်ယောက်ကတစ်ခုခုကိုသည်းခံနေသည့်ပလားကိုယ်ကိုကွေးထားလျက်။


ဒီဟာကဘယ်ကမ္ဘာမှန်းလင်ခုံးလုတမဟုတ်ချင်းနားလည်သွားရကာ သူကုတင်ပေါ်ကလူငယ်လေးကိုကြည့်လိုက်မိချိန် မျှော်လင့်စောင့်စားမှုနှင့်စိတ်လှုပ်ရှားမှုတစ်စွန်းတစ်စရုတ်ခြည်းခံစားလိုက်ရသည်။


ဒီကမ္ဘာကဇာတ်လိုက်ကား Aမြို့တော်ရှိချမ်းသာကြွယ်ဝသောထိပ်တန်းကုမိသားစု၏အာဏာရှိသူတစ်ယောက်ဖြစ်သည်။ သူဟာထူးခြားဆန်းကြယ်ကာအာဏာကြီးမားပြီးတော်ဝင်မြင့်မြတ်ကာ လူထုရှေ့တွင်ဘယ်တော့မှလူလုံးထွက်မပြပေ။


ဒါပေမဲ့သူကံဆိုးမှုတစ်ခုဖြစ်သွားကာ မတော်တဆမှတ်ဉာဏ်ပျောက်သွားပြီး Cမြို့တော်ကဘားတစ်ခုမှာအလုပ်လာလုပ်ရသည်။ နောက်ပိုင်း အမြှောက်စာဇာတ်ကောင်ဘော့စ်ကသူ့ကိုအစားထိုးတစ်ယောက်အဖြစ်ဂရုစိုက်ပေးခဲ့​သည်။


လင်ခုံးလုသည်ကားသူ့ရင်ထဲမှာလရောင်​ဖြူလေးရှိပေမဲ့ အစားထိုးတစ်ယောက်ပြုစုပျိုးထောင်ချင်သည့်ထိုအမြှောက်စာဇာတ်ကောင်ဘော့စ်ဖြစ်သည်။


လရောင်ဖြူလေးမှာချမ်းသာကြွယ်ဝသောမိသားစုတစ်စု၏သားဖြစ်ပြီး သူဟာရုတ်ခြည်းချမ်းသာလာသည့်သူဌေးတစ်ယောက်ဖြစ်သောကြောင့် လူတို့ကသူ့အပေါ်အထင်သေးကြပေရာ သူ့ကိုလိုက်လံပိုးပန်းရန်သူအလွန်ရှက်ရွံ့ခဲ့သည်။


ဒါပေမဲ့ကုစစ်ကတော့မတူပေ။ သူကုစစ်ကိုတွေ့ချိန်မှာ သူကမှတ်ဉာဏ်ပျောက်နေပြီးသားပင်။ သူကားဘားထဲမှာစားပွဲထိုးလေးတစ်ယောက်ဖြစ်ပုံပင်။ သူကလူဆိုးများကိုအတိုက်အခံပြုခဲ့ခြင်းအတွက်အပြစ်ပေးခံရကာ ဒဏ္ဍာရီလာနွေဦးဆေးသောက်ဖို့တွန်းအားပေးခံခဲ့ရသည်။


ခြုံပြောရရင် ၎င်းမှာခွန်အားကင်းမဲ့ပြီးအနိုင်ကျင့်ရန်လွယ်ကူသယောင်။


အမြှောက်စာဇာတ်ကောင်မှာကုစစ်ကသူ့ရင်ထဲရှိလရောင်​ဖြူလေးနှင့်အနည်းတူဆင်တူသည်ဟုခံစားလိုက်ရသဖြင့် သူချက်ချင်းထိုအကြောင်းတွေးကာ သူ့ကိုအမြန်ကယ်တင်ပြီးဟိုတယ်ကိုခေါ်သွားခဲ့ကာ နောက်တစ်နေ့မှာဆက်ဆံရေးအတွက်တောင်းဆိုခဲ့သည်။


ကုစစ်တစ်ခဏမျှပြောစရာစကားမဲ့သွားရပေမဲ့ အမြှောက်စာဇာတ်ကောင်ကသူ့ကိုကယ်တင်ပြီး သူ့အကြွေးကိုကူဆပ်ပေးကာ သူ့"​မွေးစားအမေ"ကိုဆေးကုသရန်ပိုက်ဆံပေးခဲ့သဖြင့် သူ့ရင်ထဲမှာ"ဖာ့ခ်"ဖြင့်တိတ်တခိုးသဘောတူခဲ့သည်။


သို့သော်လည်း ဘော့စ်ကလူကိုကြည့်ပြီးတစ်ပါးသူအကြောင်းတွေးဖို့အတွက်သာအစားထိုးတစ်ယောက်ပြုစုပျိုးထောင်ခဲ့ခြင်းဖြစ်ပြီး သူ့ရင်ထဲမှာလရောင်ဖြူလေးကရှိနေဆဲပင်။


သူလရောင်​ဖြူလေးကိုမရနိုင်ပေမဲ့ ကုစစစ်ကိုတော့အချစ်မပေးဘဲပိုက်ဆံသာပေးခဲ့သည်။


ထိုတင်မကသေး၊ သူဟာ"ငါကဒီအတိုင်းဖျော်ဖြေနေရုံပဲ"၊ "မင်းအဲ့လိုတွေးရင်လဲငါမတတ်နိုင်ဘူး"၊ "မင်းကပိုက်ဆံအတွက်လုပ်နေရုံပဲလေ"၊ "ရေပူများများသောက်၊ ငါကဆရာဝန်မဟုတ်ဘူး"နှင့် အခြားဆန်ကုန်မြေလေးစကားများနှင့်အေးစက်ကာပြင်းထန်သောစကားများပါသုံးနှုန်းခဲ့သည်။


အမြှောက်စာဇာတ်ကောင်မှာ ခွန်အားကင်းမဲ့ပြီးဆန္ဒရှိသလိုအနိုင်ကျင့်လို့ရပုံပေါ်သည့်ကုစစ်ကားတကယ်တမ်းအင်အားကြီးမားသောနောက်ခံအသိုင်းအဝိုင်းရှိသည့်လူတစ်ယောက်ဖြစ်ပြီး သူကသူ့လရောင်ဖြူလေးကိုတိတ်တခိုးသာချစ်ရဲကာမပိုးပန်းရဲသည့်တစ်ယောက်ဖြစ်နေမည်ဟုမထင်ထားမိရုံသာ။


နောက်ပိုင်း လရောင်ဖြူလေးကဒီအကြောင်းသိသွားချိန်မှာ သူအလွန်ဒေါသထွက်သွားပြီးကုစစ်ကိုချက်ချင်းအဖြစ်မှန်ပြောပြကာ သူ့ကိုအိမ်ပြန်ခေါ်ပြီးဆရာဝန်ကိုတွေ့ပေးခဲ့သည်။


ကုစစ်မှတ်ဉာဏ်အမြန်ပြန်ရသွားပြီး သူ၏တစ်ခါကနှိမ့်ချတတ်သောကိုယ်ကိုနားမလည်နိုင်ဘဲ အမြှောက်စာဇာတ်ကောင်ဘော့စ်ကိုမုန်းတီးခဲ့သည်။


ဒါကိုမြင်လိုက်ရသော် လရောင်ဖြူလေးကသူ့ကိုယ်စားဒေါသဖြေပေးသည်ဟူသောဆင်​ခြေကိုချက်ချင်းအသုံးချကာ ဘော့စ်ကိုကူဂရုစိုက်ပေးပြီး တစ်ဖက်လူကိုဒေဝါလီခံရကာမွဲစေပြီး လမ်းပေါ်မှာနေရအောင်လုပ်ကာ ဆိုးဝါးသောသေခြင်းတရားနှင့်အခြားလုပ်ရပ်များစွာရရှိအောင်လုပ်ခဲ့သည်။


သိသိသာသာကိုပင်၊ လင်ခုံးလုဒီကိုရောက်လာသည့်အချိန်မှာသူကုစစ်ကိုဘားမှကယ်တင်ကာ ဟိုတယ်ဆီခေါ်လာသည့်အချိန်ကွက်တိဖြစ်သည်။


အမှန်ပင်၊ သူ့ရှေ့ကနီစွေးစွေးမျက်နှာ၊ ချွေးစိုနေသည့်ဆံနွယ်နှင့်ညည်းညူလျက် နွေဦးဆေးမိထားသည့်လူငယ်လေးမှာ သူအစားထိုးအဖြစ်ပျိုးထောင်မည့်ဇာတ်လိုက်ကုစစ်ဖြစ်ပေသည်။


လင်ခုံးလုမျှော်လင့်စောင့်စားနေမိသည်။ အရင်ကမ္ဘာအနည်းငယ်ကအခြေအနေအရဆို ဇာတ်လိုက်ကသူ့ချစ်သူဖြစ်ဖို့များသည်။


အလိုလိုပင် သူရှေ့တိုးကာကုတင်ပေါ်ကလူငယ်လေးကိုစိုးရိမ်တကြီးစိုက်ကြည့်လိုက်မိသည်။ တစ်အောင့်ကြာတုံ့ဆိုင်းသွားပြီးနောက် သူလက်မြှောက်ကာသူ့နှဖူးပေါ်မှာအသာကပ်နေသည့်ဆံနွယ်ကိုသပ်ဖယ်ပေးလိုက်သည်။


ထိုစဥ်ကုစစ်ကမျက်လုံးဖွင့်ကြည့်လာပြီး သူ့အနက်ရောင်မျက်စိသူငယ်အိမ်မှာသွေးနီရောင်စွန်းထင်းနေပေမဲ့ သူ့မျက်လုံးများမှာဗလာကျင်းလျက်ရှိသဖြင့် မွန်းကြပ်နေမှန်းသိသာလှသည်။


သူကားနက်ရှိုင်းသောမျက်နှာကောက်ကြောင်းနှင့်မျက်လုံးနက်များဖြင့်အလွန်ကြည့်ကောင်းသည်။ သူကားပုံမှန်ဆိုလူတိုင်းအပေါ်အနည်းငယ်အေးစက်ပုံပေါက်ပေမဲ့ အခုဆိုသူကနီစွေးလို့နေပေရာ သူ့မှာမထင်မှတ်ထားစွာဖြင့်အေးစက်ကာသီးသန့်ဆန်သောဖြားယောင်းသွေးဆောင်မှုတစ်မျိုးရှိနေပေသည်။


လင်ခုံးလုမသိမသာတောင့်ခဲသွားရကာ သူမတုံ့ပြန်ရသေးခင် သူကရုတ်တရက်သူ့ကိုအုပ်မိုးလာပြီးနောက် သူ့နှုတ်ခမ်းများမှာပြင်းထန်စွာနမ်းရှိုက်ခံလိုက်ရသည်။


"အမ်မ်!" လင်ခုံးလုအကာအကွယ်မဲ့သွားကာ ကန်ထုတ်ဖို့ခြေထောက်အလိုလိုမြှောက်လိုက်ပေမဲ့ စိတ်ဝိညာဥ်အနက်ရှိုင်းဆုံးထံမှရင်းနှီးကျွမ်းဝင်မှုကသူ့ကိုမသိမသာရပ်တန့်သွားစေသည်။


တစ်စက္ကန့်ကြာတုံ့ဆိုင်းမှုအပြီးတွင် သူ့ခြေထောက်ကိုတစ်ဖက်လူကဖိချလာပြီး သူ့လက်မှာအလွန်သန်မာလျက်။


လင်ခုံးလု: ဖာ့ခ်။


အစားထိုးခံဆီကလွှမ်းမိုးခံရတာကို သူ့ကိုယ်သူဘယ်လိုလုပ်အာဏာရှင်ကြီးအဖြစ်ထိန်းသိမ်းထားနိုင်မှာလဲ။


သူခပ်ပြင်းပြင်းတွန်းထုတ်လိုက်တော့ ကုစစ်ကမျက်မှောင်ကြုတ်သွားကာ အသိစိတ်အနည်းငယ်ဝင်လာပုံရပြီး ခေါင်းမော့ကာ သူ့အသံမှာအက်ရှနေလျက် ဇဝေဇဝါဖြစ်စွာဖြင့်:

"ခင်ဗျားလား?"


သူထွက်သွားဖို့ကြိုးစားနေသည့်အလား သူအတင်းထရပ်လိုက်ပေမဲ့ သူ့အသက်ရှုနှုန်းကပိုမိုလေးလံသထက်လေးလံလာကာ သူရုန်းကန်လိုက်လို့ထွက်လာသည့်

ချွေးတစ်စက်ကနားထင်မှစီးကျလာပြီး လှပသောမေးစေ့ထက်တွင်ချိတ်ဆွဲသွားပုံမှာ မထင်မှတ်ထားစွာဖြင့်....ဖော်ပြမရအောင်လိုအင်ဆန္ဒတို့ဖြစ်ပေါ်လာစေသည်။


လင်ခုံးလု: ဖာ့ခ်!


သူအလွန်ဆိုးဝါးသည်ဟုခံစားလိုက်ရသည်၊ သေချာတာပေါ့ နောက်တစ်စက္ကန့်မှာကုစစ်ကသူ့ကိုတစ်ဖန်ဖိချလာပြီး သူ့လက်မောင်းများကသူ့ခါးကိုတင်းကြပ်စွာရစ်ပတ်ထားလျက် သူ့နှုတ်ခမ်းပါးကလည်းဖိကပ်လာကာ သူ့ကိုတတိတိကိုက်ဝါးလာသည်။


လင်ခုံးလု: ဖာ့ခ်!


ထားလိုက်တော့၊ ဒီကမ္ဘာကဇာတ်လိုက်ကိုလည်းသူ့ချစ်သူလို့ယူကြည့်လိုက်ရင် မဖြစ်နိုင်တာမဟုတ်ပေမဲ့...စကေးကအရမ်းဆိုးဝါးလွန်းတယ်။


နောက်တစ်နေ့ လင်ခုံးလုနိုးလာတော့သူဟာကုစစ်၏အဖက်ခံထားရလျက် တစ်ဖက်လူ၏လက်မောင်းကသူ့ခါးထက်မှာရှိနေပြီး သူ၏ဝင်လေထွက်လေကသူ့လည်တိုင်နှင့်နီးကပ်နေတာကိုသူတွေ့လိုက်ရသည်။


လင်ခုံးလုမျက်တောင်ခတ်လိုက်မိသည်၊ သူတကယ်ကြီးကူးပြောင်းလာခါစမှာ...ဇာတ်လိုက်နဲ့အိပ်ခဲ့မိတာကိုသဘောပေါက်သွားဖို့အချိန်အတော်ကြာသွားခဲ့သည်။


အရင်ဘဝမှာထိုကဲ့သို့ကိစ္စမရှိခဲ့ပေ။ အဆုံးတွင် သူကားအမြှောက်စာဇာတ်ကောင်ဖြစ်သည်ပင်။ သူကဇာတ်လိုက်ကံမကောင်းချိန်မှာသူ့ကိုအချိန်တစ်ခုစာထောက်ပံ့ပေးခဲ့ပေမဲ့လည်း သူဇာတ်လိုက်ကိုတကယ်ဘာမှမလုပ်နိုင်ခဲ့ပေ။


ဒါပေမဲ့ အခုဆိုဒီတိုးတက်မှုကတော့....ထားလိုက်တော့၊ ဘာမှမှားတာမရှိတဲ့ပုံပဲ။


ကုစစ်ကသူ့ချစ်သူဆိုမှတော့ သူဒီအတိုင်းအမြှောက်စာဇာတ်ကောင်သက်သက်ဖြစ်ပြီး စောစီးစွာထွက်သွားဖို့မရည်ရွယ်ထားဘူး။


တစ်ဖက်လူကိုတိုက်ခိုက်ဖို့ ဒီဟာကိုအခွင့်ကောင်းယူလိုက်သည်။ ကုစစ်မှတ်ဉာဏ်ပြန်မရသေးတာကလည်းကံကောင်းသည်၊ မဟုတ်ရင်တကယ်ခက်ခဲသွားလိမ့်မည်ပင်။


0687: "တင်၊ ပစ်မှတ်ရဲ့နှစ်သက်မှုနှုန်းက၃၀၊ မကောင်းတဲ့စိတ်တန်ဖိုးက၃။"


လင်ခုံးလုခေါင်းလှည့်ကြည့်လိုက်တော့ သေချာတာပေါ့၊ ကုစစ်ကနိုးလာပြီး သူ့ကိုမှင်ရည်ပမာနက်မှောင်နေသောမျက်ဝန်းတစ်စုံဖြင့်စူးစိုက်ကြည့်လျက်ရှိသည်။


လင်ခုံးလုမနေ့ညကဖြစ်ခဲ့တာကိုသတိရသွားပြီး မသိမသာရှက်သွေးဖြာသွားကာ လည်ချောင်းရှင်းပြီးပြောလိုက်သည်။

"မင်းနိုးလာပြီလား။ ကိုယ်မင်းကိုမနေ့ကကယ်ခဲ့တာ၊ ဒါပေမဲ့ဒီလိုကိစ္စဖြစ်သွားမယ်မထင်ထားဘူး။ ဒါမှမဟုတ် အခုကစပြီးမင်းကိုယ်နဲ့နေရင်ကော ဘယ်လိုလဲ။"


ကုစစ်ကနှုတ်ဆိတ်လျက်။


0687: "တင်၊ ပစ်မှတ်နှစ်သက်မှုနှုန်းက၄၀၊ မကောင်းတဲ့စိတ်တန်ဖိုးက၃။"


လင်ခုံးလုအပျော်လွန်သွားသည်။ ကြည့်လေ၊ မှတ်ဉာဏ်ပြန်မရသေးတဲ့သူ့ချစ်သူကိုလှည့်စားတာကနည်းဗျူဟာကောင်းပဲ။


ဒါပေမဲ့ အခုဆိုသူကအရှင်သခင်ကြီးဖြစ်နေတာမို့ သူ့ပင်ကိုယ်စရိုက်အရပတ်ဆော့ရပေမည်။


ဒါကိုတွေးမိရင်း လင်ခုံးလုတစ်အောင့်ကြာတွေးကြည့်ပြီး သူ့မိုဘိုင်းဖုန်းကိုထုတ်ကာပြောလိုက်သည်။

"မင်းမိသားစုအဆင်မပြေဘူးလို့ကြားတယ်၊ ဒီတော့ကိုယ်မင်းကိုယာယီသုံးဖို့အတွက်ပိုက်ဆံနည်းနည်းလွှဲလိုက်မယ်။"


သူappကိုနှိပ်ကာ ပိုက်ဆံလွှဲရန်QR codeစကန်ဖတ်ဖို့ရွေးလိုက်ပြီးမှ ကုစစ်၏ဖုန်းကိုထုတ်ကာ တစ်ဖက်လူ၏မျက်နှာနှင့်လော့ဖြည်လိုက်ပြီး လုပ်ငန်းစဥ်တစ်ခုလုံးမှာကုစစ်၏ထင်မြင်ချက်ကိုလုံးဝမမေးခဲ့ပေ။


လင်ခုံးလုအစကယွမ်တစ်သန်းလွှဲပေးခထင်ပေမဲ့ အမြှောက်စာဇာတ်ကောင်ဘော့စ်မှာပိုက်ဆံရှိပေမဲ့လည်း သူဟာကပ်စေးကုပ်သောလူတစ်ဦးဖြစ်ကြောင်းရုတ်ခြည်းသတိရသွားကာ တုံ့ဆိုင်းသွားရပြီးသုညနောက်တစ်လုံးဖြုတ်လိုက်သည်။


နည်းလမ်းမရှိဘူး၊ အရှင်သခင်ကြီးကငွေဇွန်းကိုက်မွေးလာသူမဟုတ်ဘဲ ကုတ်ခြစ်စုပြီးစတင်ခဲ့ရကာ သူ့စောစီးပိုင်းနှစ်များမှာချွေတာခဲ့ရဖူးသည်။


အရေးကြီးဆုံးအရာကသူ့အရင်ဘဝမှာ သူစောစီးစွာကူးပြောင်းလာခဲ့ပြီး သူကိုယ်တိုင်ကုတ်ခြစ်စုကာ ကြိုးစားပမ်းစားလုပ်ပြီး ပိုက်ဆံအကုန်ရှာခဲ့တာဖြစ်သည်။


ပြီးတော့ဒီတစ်ခေါက် သူဇာတ်ကြောင်းပြီးဆုံးပြီးနောက်မှာထွက်သွားဖို့မစီစဥ်ထားပေ။ ​လရောင်ဖြူလေးဆီကဒေဝါလီမခံရခင် သူတိတ်တခိုးပိုက်ဆံစုမထားသင့်ဘူးလား။ မဟုတ်လို့ သူဒေဝါလီထပ်ခံလိုက်ရရင် သူအနောက်မြောက်လေကိုသောက်ရမှာမလား။


ဤသို့တွေးကြည့်မိရင်း လင်ခုံးလုနောက်သုညတစ်လုံးကိုစိတ်အေးလက်အေးဖျက်ပစ်လိုက်သည်။


သိပ်မကြာခင် ချိုသာသောမိန်းမတစ်ယောက်အသံကအခန်းထဲမှာထွက်လာသည်: "XXရတနာရောက်ပါပြီ၊ ယွမ်တစ်သောင်းပါ။"


ကုစစ်စကားမပြောပေမဲ့ မျက်ခုံးအသာပင့်လိုက်သည်။


လင်ခုံးလုချောင်းအသာဟမ့်ကာ အလေးအနက်ပြောလိုက်သည်။

"မင်းကိုပိုက်ဆံအများကြီးပေးတာအသုံးမဝင်ဘူးလေ။ မင်းတစ်ခုခုလိုရင် မင်းကိုယ့်ကိုတိုက်ရိုက်ပြောလို့ရတယ်။"


ကုစစ်ကဒီတစ်ခေါက်နှုတ်ဆိတ်မနေတော့ဘဲ ပျင်းရိပျင်းတွဲအသံဖြင့်စိတ်ဝင်စားဟန်ပြောလာသည်။

"အင်း။"


_____________