Chapter(73)
Viewers 10k

ကုစစ်၏လေသံနှင့်ပတ်သတ်ပြီးတကယ်ကြီးတစ်ခုခုမှားယွင်းနေပြီး ၎င်းမှာပုံမှန်နှင့်ကွာခြားလျက်ရှိသည်။


အတိတ်မမေ့ခင်ကသူ့ပင်ကိုယ်စရိုက်၏လွှမ်းမိုးမှုကြောင့်ဖြစ်နိုင်သည်။

သူမှတ်ဉာဏ်ပျောက်ဆုံးသွားပြီးနောက်ပိုင်းမှာတောင် သူကားနှုတ်ဆိတ်နေတတ်သည်။ သူလူတို့ကိုရံဖန်ရံခါစကားပြောချိန်မှာဆို သူ့လေသံမှာအမြဲမထူးခြားမခြားနားနှင့် အတက်အကျစိုးစဥ်းမျှမရှိပေ။


လင်ခုံးလုသိပ်အရေးမစိုက်ပေ၊ တကယ်တော့ ဒါကကိစ္စမရှိပေ၊ ထို့အပြင်---


0687: "တင်၊ ပစ်မှတ်ရဲ့နှစ်သက်မှုနှုန်းက၅၀၊ မကောင်းတဲ့စိတ်တန်ဖိုး၃။"


လင်ခုံးလုအတော်လေးအံ့သြသွားရသည်၊ ဒီနှစ်သက်မှုနှုန်းကပွတ်ရအရမ်းလွယ်လွန်းတယ်၊ မောက်မောက်လက်ပွတ်သပ်နေပုံ။


အဓိကအချက်မှာ ကုစစ်ကခုနက"အင်း"ဟုပြောသွားသဖြင့် အလုပ်လုပ်ဖို့(မွေးစားခံဖို့)သဘောတူသည်ဟုဆိုလိုခြင်းပင်။


သူကနည်းဗျူဟာအောင်မြင်မှုနှင့်ခြေတစ်လှမ်းနီးကပ်လာပြီဟုခံစားမိရင်း လင်ခုံးလုသူ၏လွှမ်းမိုးချုပ်ကိုင်သောအရှိန်အဝါကိုထိန်းသိမ်းကာ သူ့လက်ကိုအသာဝေ့ရမ်းပြီး ပြောလိုက်သည်။

"မင်းသဘောတူမှတော့ ဒါဆို....."


နောက်တစ်စက္ကန့်တွင် သူ့လက်ကောက်ဝတ်မှာဆုပ်ကိုင်ခံလိုက်ပြီး ကုစစ်ကသူ့ကိုဖိချကာ သူ့လက်ကိုသူ့ခေါင်းပေါ်တင်ပြီး သူ့ကိုမှင်ရည်ပမာနက်မှောင်သောမျက်ဝန်းတစ်စုံဖြင့်စိုက်ကြည့်လာလေသည်။


လင်ခုံးလု: "?" အစားထိုးခံလေး၊ မင်းအရမ်းလွှမ်းမိုး​နေတာမဟုတ်ဘူးလား။


ကုစစ်၏မျက်လုံးများကတစ်အောင့်ကြာအောင်မလှုပ်ရှားဘဲ သူ့မျက်လုံးထဲစိုက်ကြည့်လာပြီး သူ့လေသံမှာအလွန်အမင်းလေးနက်နေလျက် သူ့စကားများကိုယူသုံးကာပြောလာသည်။

"ခင်ဗျားလက်ခံမှတော့ ဒါဆို... ကျွန်တော်ဆန္ဒကိုဖြည့်ဆည်းရတော့မှာပေါ့။"


ပြောပြီးနောက် သူခေါင်းငုံ့ကာ သူဌေးကြီး၏နှုတ်ခမ်းများကိုညင်သာစွာနမ်းရှိုက်ဖို့ကြိုးစားလာသည်။


"!" 


လင်ခုံးလုမျက်လုံးအသာဖွင့်ကြည့်လိုက်မိသည်၊ အရင်ဘဝတုန်းကဒီအချိန်မှာကုစစ်ကဒီလိုပုံစံလား။ သေချာပေါက်မဟုတ်ဘူးပေါ့၊ အရင်ဘဝမှာသူဆရာဝန်တန်းခေါ်လိုက်ပေမဲ့ ဘာမှဖြစ်သွားခြင်းမရှိပေ။


ကုစစ်ကတစ်ခုခုတိုးတက်လာသယောင်။ ခပ်ဖွဖွအနမ်းအနည်းငယ်အပြီးတွင် ဆန္ဒပြင်းပြမှုမှာရုတ်ခြည်းတိုးတက်လာရာ လင်ခုံးလုကိုအသက်ရှုမရဖြစ်စေသည်။ 


လင်ခုံးလု: ရပ်၊ ရပ်တော့...


အိပ်ရာနိုးလာပြီးနောက်မှာ သူတို့အဝတ်ပင်မဝတ်ရသေးတာကိုသူနှောင်းမှသဘောပေါက်သွားပြီး သူတို့.....


0687: "ဒါမူမမှန်ဘူး၊ ဒုက္ခကနေကယ်တင်ရမယ်။"


"ပါးစပ်ပိတ်ထားလိုက်တော့၊ မြန်မြန်ပိတ်ပြီးဆင်ဆာသွားကြည့်နေ!"


နှစ်နာရီကြာပြီးနောက် အာဏာရှင်လေးမှာခေါင်းငိုက်စိုက်ကာဖြင့် အားအင်အကုန်ကုန်ဆုံးသွားပြီး သူ၏ပင်ပန်းနွမ်းနယ်နေသောကိုယ်ကိုဆွဲကာရေသွားချိုးရသည်။


"တင်၊ ပစ်မှတ်ရဲ့နှစ်သက်မှုနှုန်း၆၀၊ မကောင်းတဲ့စိတ်တန်ဖိုး၃။"

0687မှာအွန်လိုင်းဖြစ်ဖို့အချိန်ယူလိုက်ရသည်။


လင်ခုံးလု: "...." ဒီသောက်ကျိုးနည်းဖန်တံခါးကတော့။


ဒါပေမဲ့လည်း ကုစစ်ကနည်းဗျူဟာမှာဒီလောက်တော်မည်ဟုသူမထင်ထားမိပေ။ ဒီဖြစ်စဥ်အရဆို သူအကြိမ်အနည်းငယ်ပိုလွှတ်...အဟမ်း၊ ခြုံပြောရရင် သူမှတ်ဉာဏ်ပျောက်နေတုန်းသူ့နှစ်သက်မှုနှုန်းကိုဖြည့်တင်းရမယ်၊ သူနောက်ပိုင်းမှတ်ဉာဏ်ပြန်ရလာရင်တောင်...


"တင်၊ မကောင်းတဲ့စိတ်တန်ဖိုး၁။"


"တင်၊ မကောင်းတဲ့စိတ်တန်ဖိုး၃။"


"တင်၊ မကောင်းတဲ့စိတ်တန်ဖိုး၇။"


"တင်၊ မကောင်းတဲ့စိတ်တန်ဖိုး...."


လင်ခုံးလု: "...." မကိုက်နဲ့တော့၊ ဒါကယင်ကောင်လား။


သူခပ်မြန်မြန်ရေချိုးပြီး ရေချိုးဝတ်ရုံဝတ်ကာ ခေါင်းထက်စိုစွတ်သောဆံပင်ဖြင့်ထွက်လာပြီး ကုစစ်ကိုသံသယဖြင့်​မေးလိုက်မိသည်။

"မင်းစိတ်အခြေအနေမကောင်းဘူးလား။" ဒါမှမဟုတ် မှတ်ဉာဏ်ပြန်ရလာတာလား။ ဒါမှမဟုတ်....ပြန်မွေးဖွားလာတာလား။


ဘာပဲဖြစ်ဖြစ် ဇာတ်လိုက်ရဲ့ပြန်မွေးဖွားမှုကဒီကမ္ဘာတွေမှာစံဖြစ်နေပြီပင်။


ကုစစ်၏မျက်နှာထားမှာပုံမှန်အတိုင်းပင်၊ သူထွက်လာတာကိုမြင်လိုက်ရတော့ သူကပြုံးကာဖြင့်နူးညံ့စွာဆိုလာသည်။

"မဟုတ်ဘူး၊ ကျွန်တော်ခုနကလူကြီးမင်းကိုမမြင်လို့ နည်းနည်းအဆင်မပြေဖြစ်သွားတာပါ။"


0687: "တင်၊ မကောင်းတဲ့စိတ်တန်ဖိုး၃၇၊ ပစ်မှတ်ရဲ့မကောင်းတဲ့စိတ်တန်ဖိုးလက်ရှိမှာ၃။"


လင်ခုံးလု: "....." ဒါအမြင့်ခုန်နေတာလား။ ပြီးတော့သူ့လေသံကဘာလို့ဒီလောက်နူးညံ့နေတာပါလိမ့်?


ဒါပေမဲ့လည်း ကုစစ်ပြန်မွေးဖွားလာတာ၊ ဒါမှမဟုတ်မှတ်ဉာဏ်ပြန်ရလာတာဖြစ်လောက်မည်ဟုသူခုနကသံသယဝင်မိပေမဲ့ အခုတော့သူအနည်းငယ်မရေမရာဖြစ်မိသည်။


ဒါပေမဲ့ ကုစစ်နှင့်ပတ်သတ်ပြီးတစ်ခုခုမှားနေတာတော့သေချာတယ်။


အရင်ဘဝတုန်းက ကုစစ်မှတ်ဉာဏ်ပျောက်သွားပြီး သူသူ့နှလုံးသားကိုဆန်ကုန်မြေလေးစာသားတို့ဖြင့်နှိပ်စက်ညှင်းပန်းနေစဥ်မှာ သူဒီလေသံမျိုးဖြင့်လုံးဝစကားမပြောခဲ့ဖူးပေ။ အချိန်အများစုမှာ တစ်ဖက်လူကဒီအတိုင်းနှုတ်ဆိတ်နေပြီး သူ့ကိုပျောက်ဆုံးနေသော(သို့)ဝမ်းနည်းသောမျက်ဝန်းတစ်စုံဖြင့်ကြည့်နေတတ်သည်။


ကုစစ်မှတ်ဉာဏ်ပြန်ရလာပြီးနောက်ပိုင်းမှာတော့ ပို၍ပင်မဖြစ်နိုင်တော့ပေ။ သူသူ့ကိုချက်ချင်းမသတ်ပစ်ဘဲ ပြဿနာရှာတတ်သည်။


နောက်ပိုင်း သူမွဲပြာကျသွားပြီးလမ်းပေါ်မှာနေရတော့ တစ်ဖက်လူကသူကားတိုက်ခံရချိန်မှာသူ့ကိုအေးစက်စက်သာစိုက်ကြည့်နေခဲ့သဖြင့် စိတ်ခံစားချက်လုံးဝမကျန်မှန်းသိသာသည်။


ထို့ကြောင့် သူပြန်မွေးဖွားလာရင် သူ့နှစ်သက်မှုနှုန်းကမူမမှန်ဘူး။


"မင်း....မင်းငါ့နောက်လိုက်ချင်တာသေချာလား။" လင်ခုံးလုတစ်အောင့်ကြာတွေးလိုက်ပေမဲ့ မဝံ့မရဲမေးလိုက်မိဆဲပင်။


ဒါကိုကြားသော် ကုစစ်၏မျက်ဝန်းများမှောင်မိုက်သွားကာ စိတ်ပျက်လက်ပျက်မေးလာသည်။

"လူကြီးမင်း၊ နောင်တရနေတာလား။"


ပြောပြီးနောက် သူတည့်မတ်စွာထရပ်ကာ နူးညံ့ညံ့ကော်ဇောပေါ်ကလင်ခုံးလုထံလျှောက်လာပြီး နှုတ်ခမ်းတင်းတင်းစေ့ကာပြောလိုက်သည်။

"ကျွန်တော့်ကိုသဘောမတွေ့တာတစ်ခုခုရှိလို့လား။"


အင်း၊ မင်းဘာလုပ်ရမလဲမသိဘူးလား။ လင်ခုံးလုမနေနိုင်ဘဲရင်ထဲမှာအော်ဟစ်လိုက်ပေမဲ့ သူ့လက်များဖြင့်သူ့မျက်လုံးသူအမြန်အုပ်ကာပြောလိုက်ရသည်။

"မ မဟုတ်ဘူးလေ၊ မင်းအဝတ်အရင်ဝတ်လိုက်အုံး။"


ကုစစ်ကသူ့အပြုအမူများနှင့်ပတ်သတ်ပြီးတစ်ခုခုမှားနေသည်ဟုခံစားရပုံမပေါ်ဘဲ သူ့ရှေ့ကိုတည်ငြိမ်စွာလျှောက်လာပြီး အနားပင်တိုးသထက်တိုးကပ်လာလေသည်။


လင်ခုံးလု: "!"


ဘုရားရေ၊ မင်းပြောတဲ့ဟာကမတူဘူး၊ ထူးခြားဆန်းကြယ်ပြီးခွန်အားကြီးလာတယ်။ မင်းမှတ်ဉာဏ်ပျောက်သွားတာတောင် သူတည်ငြိမ်အေးဆေးပြီးလွတ်လပ်နေတုန်းပါပဲလား။


လင်ခုံးလု၏နားရွက်များတမဟုတ်ချင်းနီစွေးသွားရပြီး သူ့လက်ချောင်းကြားမှအဟမှတဆင့် သူတစ်ဖက်လူ၏ကြည်လင်ချောမွတ်သောရင်ဘတ်နှင့်...လှပသောအသားအရည်ထက်ကအနီရင့်ရောင်ကိုက်ရာတချို့ကိုမြင်နေရသည်။


အင်း၊ သူအဖမ်းခံလိုက်ရပြီ။


လင်ခုံးလု၏မျက်နှာနီမြန်းသွားရသည်၊ အထူးသဖြင့်ကုစစ်အနားတိုးသထက်နးတိုးလာကာ သူ့လက်ကရုတ်တရက်သူ့ပုခုံးပေါ်ဖိချလာပြီး သူ၏ဝင်လေထွက်လေနွေးနွေးကသူ့နားနားတိုးကပ်လာချိန်မှာဖြစ်သည်။


သူသူ့ကိုယ်ကိုအလိုလိုတင်းမာလိုက်မိပေမဲ့ ကုစစ်ကတစ်ခုခုလုပ်တော့မည်ဟုသူတွေးမိရုံသာရှိသေး တစ်ဖက်လူကသူ့ကိုဖြတ်၍ဆိုဖာပေါ်မှာကျန်ခဲ့သည့်ရေချိုးဝတ်ရုံကိုယူကာ တည်ငြိမ်စွာဝတ်ပြီးမှပြောလာသည်။

"ရပါတယ်။"


လင်ခုံးလု: "....." ငါX@#ý


"ကျွန်တော်ဘာလုပ်မယ်ထင်နေတာလဲ၊ လူကြီးမင်းခင်ဗျ?"

ကုစစ်ကသူ့အတွေးများကိုဖောက်မြင်နိုင်သည့်အလား ရုတ်ခြည်းမေးလာသည်။


"ဟင့်အင်း။" လင်ခုံးလုချက်ချင်းငြင်းဆန်လိုက်သည်။


ကုစစ်သူ၏နီရဲရဲနားရွက်များကိုစိုက်ကြည့်ကာ တစ်အောင့်ကြာမှပြောလိုက်သည်။

"ကြည့်ရတာလူကြီးမင်းကကျွန်တော့်ကိုစိတ်မကျေနပ်တဲ့ပုံပဲ။"


လင်ခုံးလု: ဒီအတိုင်း....အဆင်ပြေပါတယ်၊ အခြေအနေကောင်းတယ်၊ စကေးကတော့တိုးတက်ဖို့လိုတယ်။


ကုစစ်နှုတ်ခမ်းတင်းတင်းစေ့လိုက်သည်။

"ဒါဆို ခင်ဗျားဘာလို့အဲ့လိုကိစ္စမျိုးကိုရုတ်တရက်ကြီး​မေးခဲ့တာလဲ။"


လင်ခုံးလုချောင်းအသာဟမ့်ကာ အနည်းငယ်နောက်ဆုတ်လိုက်ပြီး သူ၏လွှမ်းမိုးချုပ်ကိုင်သောအရှိန်အဝါကိုပြန်ယူကာပြောလိုက်သည်။

"ငါကဒီအတိုင်းမင်းကိုနောင်တရဖို့အခွင့်အရေးပေးချင်ရုံပါ။"


"ကျွန်တော်နောင်တရမှာမဟုတ်ဘူး။"

ကုစစ်ကသူ့မျက်ဝန်းထဲစိုက်ကြည့်ကာ အလေးအနက်ပြောပြီးမှ တစ်ခဏတန့်သွားကာထပ်ဖြည့်ပြောလိုက်သည်။

"ကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်၊ လူကြီးမင်း။"


ဒါကမင်းအလုပ်လုပ်ဖို့(မွေးစားခံဖို့)ဆန္ဒရှိမှန်းသေချာတယ်လို့ဆိုလိုတာပဲ။


သူပြန်မွေးဖွားလာတာလဲမဟုတ်ဘူး၊ သူမှတ်ဉာဏ်ပြန်ရလာတာလဲမဟုတ်ဘူးဟုလင်ခုံးလုခံစားလိုက်ရသည်၊ မဟုတ်ရင် ကုစစ်ရဲ့ပင်ကိုယ်စရိုက်နဲ့ဆို ဒီအခြေအနေနှစ်ခုထဲကဘယ်တစ်ခုပဲဖြစ်ဖြစ် သူအရေးစိုက်ဖို့ဆန္ဒရှိမှာမဟုတ်ဘူး။


ပြောစရာမလိုဘူး...သူခုနကကြာပန်းဖြူလေးလိုအားနည်းစွာနဲ့နစ်နာစွာပြောသွားတာ၊ သူမှတ်ဉာဏ်ပြန်ရလာချိန်မှာ ဒီအချိန်မှာသူ့ကိုလည်ပင်းညှစ်သတ်ချင်လောက်တယ်။


ဒါပေမဲ့ကုစစ်တကယ်မှားသွားတယ်...


လင်ခုံးလုတစ်အောင့်ကြာတွေးကြည့်လိုက်ပေမဲ့ အကြောင်းပြချက်တစ်ခုမှစဥ်းစားမရတာမို့ သူလက်လျှော့ကာကုစစ်ကိုသူ၏"မွေးစားအမေ"အကြောင်းပြောလိုက်သည်။


ကုစစ်ကအသက်ငယ်ငယ်မှာကုမျိုးရိုး၏ဆက်ခံသူဖြစ်လာခဲ့သည်။ ဒီကာလအတောအတွင်းမှာ သူကသွေးနီရောင်မုန်တိုင်းများကိုကြုံတွေ့ခဲ့ရသည်။ ဒီတစ်ခေါက်သူဟာလည်း မိသားစုအတွင်းရေးတိုက်ပွဲနှင့်ကြုံကာ သူနှင့်နီးကပ်သောလူတို့ထံမှလှည့်စားခံလိုက်ရတာဖြစ်သည်။ သူပင်လယ်ထဲမတော်တဆကျသွားကာမှတ်ဉာဏ်ပျောက်သွားသည်။


ဇာတ်လိုက်အနေဖြင့် ကုစစ်ကပင်လယ်ထဲကျသွားပြီးနောက်ပိုင်းမှာအသက်ရှင်ခဲ့ပြီး သူ့ကိုအမဲလိုက်နေသည့်သူ့လူများထံမှရှာတွေ့မခံရဘဲ အလွန်ကံကောင်းစွာဖြင့်အမျိုးသမီးတစ်ယောက်ကသူ့ကိုခေါ်သွားသည်။


အမျိုးသမီး၏အမည်မှာယန်းရှောင်လျန်ဖြစ်ပြီး ကုစစ်၏လက်ရှိ"မွေးစားအမေ"ဖြစ်သည်။


ယန်းရှောင်လျန်မှာလည်းဆင်းရဲသောလူတစ်ယောက်ဖြစ်သည်။ အစောပိုင်းနှစ်များတွင်လက်ထပ်ခဲ့သည့်သူမ၏ခင်ပွန်းမှာအရက်သမားဖြစ်ပြီး အိမ်တွင်းအကြမ်းဖက်တတ်သည်။ သူမကသတ္တိမရှိစွာ ကြံ့ကြံ့ခံခဲ့ပြီး နောက်ဆုံးမှာသူမခင်ပွန်းအရက်ကြောင့်သေဆုံးသွားပေမဲ့ သူမသားကပါအသုံးမကျမှန်းဘယ်သူသိမှာလဲ။


တစ်ဖက်လူကသူ၏အိမ်တွင်းအကြမ်းဖက်တတ်သည့်ဖခင်၏ဆိုးဝါးသောအကျင့်စရိုက်ကိုအမွေဆက်ခံခဲ့ရုံတင်သာမက လောင်းကစားလုပ်ရတာပါကြိုက်နှစ်သက်သေးသည်။ သူကအကြွေးများစွာတင်ပြီးနောက် ယန်းရှောင်လျန်ကိုမပြောဘဲအိမ်ကိုရောင်းပစ်ကာ ပိုက်ဆံယူပြေးသွားတော့သည်။


ယန်းရှောင်လျန်ကကုစစ်ကိုခေါ်သွားချိန် သူမသားထွက်ပြေးသွားတာနှစ်များစွာကြာပြီဖြစ်သည်။ သူမဟာအစတုန်းကတော့တကယ်စိတ်ကောင်းရှိပြီး ကုစစ်ကိုအတတ်နိုင်ဆုံးကြိုးစားသယ်ပြီး ဆေးကုဖို့အတွက်ဆေးရုံကိုခေါ်သွားပေးခဲ့ပေမဲ့ သူမှတ်ဉာဏ်ပျောက်သွားမှန်းသိလိုက်ရချိန်မှာ သူမတစ်ခါမှမစဥ်းစားဖူးသည့်အတွေးတစ်ခုရုတ်တရက်ပေါ်လာသည်။


သူမကအသက်ကြီးပြီး ပိုက်ဆံမရှိအိမ်မရှိဖြစ်သည့်အပြင် သူမသားတင်ခဲ့သည့်အကြွေးအပုံလိုက်ပါထမ်းထားရသည်။ သူမကလှုပ်ရှားဖို့အသက်ကြီးလွန်းနေချိန်မှာသူမဘာလုပ်နိုင်မှာလဲ။


လူ့သဘာဝမှာရှုပ်ထွေးလှသည်။ သူမကအတိတ်မေ့နေသည့်လူငယ်လေးကိုကြည့်ကာ အံကြိတ်ပြီးနောက်ဆုံးမှာလိမ်ပြောလိုက်သည်။

"မင်းနာမည်ကယန်းစစ်၊ မင်းကငါ့ရဲ့မွေးစားသားပဲ။ မင်းကလွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းကငါးသွားဖမ်းရင်း ပင်လယ်ထဲမတော်တဆကျသွားခဲ့တာ။ ဒါ ဒါက..."


ကုစစ်ယုံမယုံမသိပေမဲ့ ယန်းရှောင်လျန်မှာအနည်းငယ်မသက်မသာဖြစ်မှုနှင့်အပြစ်ရှိစိတ်ခံစားရသဖြင့် ဒီအလိမ်အညာကိုပြောပြီးနောက်မှာ သူမကသူ့ကိုသူ့မ၏သားအရင်းထက်ပို၍ဂရုပိုစိုက်ပေးခဲ့သည်။


ဒီဟာကြောင့် ကုစစ်ကသူမကိုမွေးမိခင်အဖြစ်တကယ်ဆက်ဆံကာ သူမကိုသူရှာသမျှပိုက်ဆံအကုန်ပေးခဲ့ပုံပင်။


နှစ်ဦးသားမှာတစ်ခဏကြာအောင်အပြန်အလှန်မှီခိုနေခဲ့ပြီး အရာအားလုံးမှာအစကအဆင်ပြေနေပေမဲ့ ထိုအချိန်မှာ ယန်းရှောင်လျန်၏သားအရင်းမုန့်ဖန်းတုံကပြန်ရောက်လာသည်။


ဒီကောင်ကအပြင်မှာအကြွေးများစွာထပ်တင်ခဲ့ပြန်ကာ ဒီတစ်ခေါက်တွင်သူကလူဆိုးများကိုအတိုက်အခံပြုခဲ့မိသဖြင့် သူတို့ကသူ့လက်ကိုခုတ်ဖြတ်ချင်နေသည်။


မုန့်ဖန်းတုံကပြန်ရောက်လာပြီး ယန်းရှောင်လျန်ကိုသူ့ကိုကယ်တင်ရန်ဒူးထောက်တောင်းဆိုပေမဲ့ ယန်ရှောင်းလျန်မှာပိုက်ဆံမရှိတာမို့ သူကသူ့အကြံများကိုကုစစ်ဆီအမြန်ပြောင်းလိုက်သည်။


ဒီ"မွေးစားညီ"မှာစကားနည်းသော်ငြား သူဟာမထင်မှတ်ထားစွာဖြင့်ကြည့်ကောင်းမှန်း မုန့်ဖန်းတုံတွေ့လိုက်ရသည်။ သူကဘားနှင့်အခြားနေရာများကိုသွားလေ့ရှိသဖြင့် တချို့သောချမ်းသာသူများမှာအထူးနှစ်သက်မှုများရှိတတ်ကြောင်းသိထားတာမို့ သူကယန်းရှောင်လျန်နှင့်သွားဆွေးနွေးသည်။


သေချာတာပေါ့၊ သူယန်းရှောင်လျန်ကိုအမှန်အတိုင်းမပြောရဲဘဲ သူကသူ့"မွေးစားညီ"ကိုမြို့ထဲမှာအလုပ်လုပ်ဖို့ခေါ်သွားပြီး ပိုက်ဆံအများကြီးရှာကာ သူ့အကြွေးကိုကူဆပ်ပေးနိုင်သည်ဟုသူမကိုလိမ်ပြောခဲ့သည်။


ယန်းရှောင်လျန်မှာလည်းအစကသဘောမတူပေ၊ ကုစစ်ကသူမ၏မွေးစားသားလုံးဝဟုတ်မနေတာကိုမပြောနှင့်၊ သူမဆိုရင်တောင် သူမသားကိုအကြွေးကူဆပ်ပေးဖို့တာဝန်မရှိပေ။


ဒါပေမဲ့သူမရင်ထဲမှာသူမသားကိုချစ်နေတုန်းပင်။ မုန့်ဖန်းတုံထပ်ခါတလဲလဲတောင်းဆိုပြီး သူ့လက်ချောင်းကိုပင်အဖြတ်ခံရချင်ယောင်ဆောင်လိုက်ချိန်မှာ သူမနောက်ဆုံးစိတ်ယိုင်သွားပြီးငိုယိုကာဖြင့် ကုစစ်နှင့်ဆွေးနွေးရန်သဘောတူလိုက်သည်။


ကုစစ်နှင့်မျက်နှာချင်းဆိုင်ချိန်မှာ "မင်းငါ့သားကိုအကြွေးကူဆပ်ပေးဖို့ အလုပ်သွားလုပ်ပြီးပိုက်ဆံရှာပေးရမယ်"ဟုသူမမပြောနိုင်ပေ။ အချိန်အတော်ကြာတီးတိုးရေရွတ်နေမိပြီးနောက် သူမထပ်မံလိမ်ပြောဖို့ရွေးချယ်ကာ သူမအပြင်းအထန်နာမကျန်းဖြစ်နေသဖြင့် ခွဲစိတ်မှုပြုလုပ်ရန်အတွက်ပိုက်ဆံလိုအပ်သည်ဟုပြောလိုက်သည်။


သူမသူ့ကိုလိမ်ပြောနေမှန်းကုစစ်တကယ်တော့သိသည်။ မုန့်ဖန်းတုံပြန်လာတုန်းက သူသူ၏မွေးစားအမေကိုဒီကိစ္စအကြောင်းဂရုမစိုက်ရန်စည်းရုံးခဲ့ပေမဲ့ မွေးစားအမေကနောက်ဆုံးမှာသူ့သားကိုရွေးချယ်သွားခဲ့သည်။


ဒါကလည်းလူ့သဘာဝပဲလေ၊ ကုစစ်အသာအယာတွေးလိုက်​ပေမဲ့ ရင်ထဲမှာတော့အနည်းငယ်ပျောက်ဆုံးသွားသည်ပင်။


အတိတ်မေ့ပြီးနောက်ပိုင်းမှာ ယန်းရှောင်လျန်ကသူ့ကိုကောင်းမွန်စွာဆက်ဆံသည့်တစ်ဦးတည်းသောလူတစ်ယောက်ဖြစ်သည်။ သူအတိတ်ကိုမမှတ်မိပေမဲ့ သူလှိုင်းလုံးများကြောင့်ကမ်းခြေပေါ်ရောက်သွားချိန်မှာ ယန်းရှောင်လျန်ကသူ့ကိုကယ်ကာ ဆေးရုံကိုခေါ်သွားပေးခဲ့သည်။


တစ်ဖက်လူကသူ့အသက်ကိုကယ်ခဲ့တာကိုသူမှတ်မိသည်။


ကုစစ်နောက်ဆုံးမှာသဘောတူသည့်အနေဖြင့်ခေါင်းငြိမ့်လိုက်ပေမဲ့ မထွက်လာခင်သူပြောလိုက်သည်။

"ကျွန်တော်အမေ့အတွက်ပိုက်ဆံရှာပေးမယ်၊ ဒါပေမဲ့အနာဂတ်မှာ ကျွန်တော်တို့ကြားမှာဘာဆက်ဆံရေးမှမရှိတော့ဘူး။"


ထို့နောက်သူCမြို့တော်ကဘားမှာအလုပ်သွားလုပ်ခဲ့သည်။ ဟုတ်တာပေါ့၊ ဘားမှာသန့်ရှင်းသောဘားတစ်ခုဖြစ်ပြီး မုန့်ဖန်းတုံမိတ်ဆက်ပေးခဲ့သည့်အလုပ်မဟုတ်ပေ၊ သူအဲ့လောက်မတုံးအပေ။


ဒါပေမဲ့မုန့်ဖန်းတုံကသိသိသာသာကိုအလွယ်လေးလက်မလျှော့သွားပေ။ သူကထိုလူဆိုးများကိုတန်းဆက်သွယ်ကာ သူတို့ထံကုစစ်ကိုလိမ်"ရောင်းစား"ခဲ့သည်။


ဒါကြောင့်မို့မနေ့ညကထိုလူတို့ထံမှကုစစ်နှောင့်ယှက်ခံရပြီး နွေဦးဆေးပင်အခတ်ခံခဲ့ရပြီးနောက် အမြှောက်စာဇာတ်ကောင်ဘော့စ်တဖြစ်လဲလင်ခုံးလုကသူ့ကိုခေါ်သွားခဲ့သည်။


အရင်ဘဝတုန်းကသူတကယ်ကံဆိုးသည်ဟုလင်ခုံးလုခံစားလိုက်ရသည်။ သူကယန်ရှောင်းလျန်၏ထောင်ချောက်ထဲကထွက်လာပြီးနောက် အမြှောက်စာဇာတ်ကောင်ဘော့စ်၏ထောင်ချောက်ထဲကျသွားခဲ့သည်။


ဒါကိုတွေးမိရင်း သူချောင်းအသာဟမ့်ကာ ထုတ်ပြီး ကုစစ်ကိုပြောလိုက်သည်။

"ကိုယ်မနေ့ညကတစ်ယောက်ယောက်ကိုမင်းရဲ့အခြေအနေကိုစုံစမ်းခိုင်းလိုက်တယ်၊ မင်းရဲ့မွေးစားအမေအတွက်ဆေးရုံစီစဥ်ပေးဖို့လိုလား။"


၎င်းကသူအရင်ဘဝကပြောခဲ့သည့်စကားဖြစ်သည်၊ ဆေးရုံကိုကူစီစဥ်ပေးတာကအတုဆိုပေမဲ့ နှစ်သက်မှုနှုန်းရချင်တာကတော့အမှန်ပင်။


စုံစမ်းတာကတော့....ဘာစုံစမ်းတာလဲ၊ သူမနေ့ညကမှောက်လိုက်လှန်လိုက်အလုပ်ခံနေရတာကို သူ့မှာဘယ်လိုလုပ်တစ်ယောက်ယောက်ကိုစုံစမ်းဖို့အမိန့်ပေးဖို့အချိန်ရှိမှာလဲ။


သူ၏မွေးစားအ​မေအကြောင်းကြားလိုက်ရတော့ ကုစစ်တစ်အောင့်ကြာတိတ်ကျသွားရပြီးမှ ခေါင်းခါကာပြောလိုက်သည်။

"လူကြီးမင်းကိုကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့အခုတော့ကျွန်တော်မလိုအပ်ပါဘူး။"


သူအရင်ဘဝတုန်းကဒီနည်းဖြင့်ငြင်းဆန်ခဲ့ပေရာ လင်ခုံးလုမအံ့သြသွားပေ။ ထိုအကြောင်းတွေးပြီးနောက် သူပြောလိုက်သည်။

"မင်းနာမည်ကယန်းစစ်မလား။ ကိုယ်မင်းကိုအခုကစပြီးအားစစ်လို့ခေါ်မယ်၊ မင်းကိုယ့်ကိုလူကြီးမင်းလို့ခေါ်စရာမလိုဘူး၊ ကိုယ့်မျိုးရိုးကလင်၊ ကိုယ့်နာမည်က...."


"သိပါတယ်၊ လင်ခုံးလုလေ။"

ကုစစ်ကရုတ်ခြည်းဖြတ်ပြောကာ သူ့မျက်ဝန်းထက်အပြုံးတစ်ပွင့်ရှိနေပုံရပြီး တန့်သွားပြီးမှထပ်ပေါင်းပြောလာသည်။

"ခင်ဗျားခုနကရေသွားချိုးတုန်းက ခင်ဗျားအဝတ်တွေထဲကထွက်ကျလာတဲ့business cardကိုမြင်လိုက်တယ်။"


လင်ခုံးလု: "....."


ကုစစ်: "ဒါဆိုကျွန်တော်ခင်ဗျားကိုရှောင်လို့ခေါ်ရမလားဗျ?"


လင်ခုံးလု: ရှောင်လုကကောင်းပါတယ်၊ ဒါပေမဲ့အာဏာရှင်ရဲ့အရှိန်အဝါမရှိတော့ဘူးလေ။


"ဘော့စ်လုလို့ခေါ်။" သူတုံ့ဆိုင်းသွားရသည်။


တကယ်တော့အရင်ဘဝတုန်းက သူ့ကိုဘော့စ်လင် (သို့) လင်လူကြီးမင်းလို့ခေါ်ခဲ့တာ။


ကုစစ်ကခေါင်းငြိမ့်ကာဆိုသည်။

"ဘော့စ်ရှောင်လု။"


လင်ခုံးလု: "....."


"အဟမ်း။" သူကျောဆန့်ကာ လေပေါ်မြှောက်ပြီး ပြောလိုက်သည်။

"ကိုယ့်မှာလုပ်စရာရှိလို့သွားတော့မယ်၊ မင်းအတွက်အခန်းအသစ်ပြန်ပြင်ပေးထားတယ်။ မင်းဒီမှာဆက်ပြီးအနားယူလို့ရတယ်၊ ကိုယ်မင်းကိုနောက်မှလက်ထောက်ကိုလာခေါ်ခိုင်းလိုက်မယ်။"


သူတကယ်တော့ကုစစ်ကိုသူနှင့်အတူပြန်စေချင်ပေမဲ့ သူ့မှာရွေးချယ်စရာမရှိပေ၊ သူ့ခါးအရမ်းနာကျင်​နေတာမို့ အိမ်ပြန်ရောက်ရင်ခါးကိုနှိပ်မိရင် အာဏာရှင်သူဌေးကြီးရဲ့မျက်နှာကိုမထိန်းသိမ်းနိုင်မှာစိုးတယ်။


ကုစစ်ကခေါင်းခါကာဆိုသည်။

"ကျွန်တော်နေ့လည်ကျရင်အလုပ်လုပ်ရအုံးမှာ။"


လင်ခုံးလု: "?"


အလုပ်? မင်းကိုအာဏာရှင်ကြီးကမွေးစားလိုက်ပြီလေ၊ မင်းဘာလို့အလုပ်လုပ်အုံးမှာလဲဟ?


"အလုပ်ထွက်လိုက်!" သူလက်ဝေ့ရမ်းကာ ပြောင်ပြောင်တင်းတင်းပြောလိုက်သည်။

"ကိုယ်မင်းကိုအနာဂတ်မှာထောက်ပံ့ပေးမယ်။"


ထိုစကားများကိုကြားလိုက်ရသော်ကုစစ်တိတ်ကျသွားကာ သူ့မိုဘိုင်းဖုန်းကိုခေါင်းလှည့်ကြည့်လိုက်သည်။ ယွမ်တစ်သောင်းလွှဲသံကသူ့နားထဲမှာရှိနေသေးပုံပင်။


လင်ခုံးလု: "....." အာဏာရှင်ကြီးရှက်နေပုံ.jpg


"ခုနကပိုက်ဆံကမင်းအိတ်ဆောင်ထားဖို့အတွက်။" သူသူ၏ဂုဏ်သိက္ခာကိုအပြစ်ရှိစိတ်ဖြင့်အောင့်ခံကာ အံကြိတ်လျက်နာကျင်စွာပြောလိုက်သည်။

"အခုကစပြီး ကိုယ်မင်းကဒ်ထဲကိုလတိုင်းအခြေခံလစာပို့ပေးမယ်။"


သူ့အသားနာကျင်နေတာကိုမြင်လိုက်ရတော့ ကုစစ်ကျေနပ်သွားကာ အပြုံးလေးဖြင့်ပြောလိုက်သည်။

"ဟုတ်ကဲ့။"


လင်ခုံးလု: "....." တစ်ခုခုမှား​နေတယ်လို့ငါအမြဲခံစားနေရတယ်ရော်။


ဒါပေမဲ့အပြင်ပန်းမှာ သူကလွှမ်းမိုးချုပ်ကိုင်နိုင်သောဘော့စ်ပမာလက်ဝေ့ရမ်းပြလျက် ဒီကိစ္စဖြေရှင်းပြီးပြီဟုညွှန်ပြလိုက်သည်။


အခန်းထဲကထွက်လာပြီးနောက် သူချက်ချင်းသူ့ခါးကိုပွတ်သပ်ကာ ခါးသက်စွာတွေးလိုက်မိသည်: ဒီစကေးနဲ့ဆို ယွမ်တစ်သောင်းကတအားစျေးကြီးလွန်းတယ်။


__________________________