Chapter(74)
Viewers 10k

လင်ခုံးလုဟိုတယ်ခန်းထဲကထွက်သွားသည်နှင့် ကုစစ်သူ့အပြုံးကိုချုပ်တည်းကာ သူ့မျက်နှာထားကိုတဖြည်းဖြည်းချင်းပြောင်းလဲလိုက်သည်။


သူလင်ခုံးလုထွက်သွားတုန်းကပိတ်သွားသည့်တံခါးကိုနက်နဲစွာစိုက်ကြည့်လိုက်ပြီးမှ ရေချိုးခန်းထဲဝင်သွားကာ မှန်ထဲတွင်ရင်းနှီးပေမဲ့မရင်းနှီးသည့်မိမိကိုယ်ကိုစိုက်ကြည့်လိုက်မိသည်။


သူအနည်းငယ်ထူးဆန်းသွားပုံရကာ တစ်အောင့်ကြာမှရယ်မောလိုက်မိသည်။


တကယ်ပြန်မွေးဖွားလာတဲ့ပုံပဲ၊ သူဟာအာဏာရှင်လေး(ရှောင်ပါ့)ကိုပထမဆုံးတွေ့ခါစအချိန်ကိုတကယ်ပြန်ရောက်လာခဲ့သည်ပင်။


ကုစစ်လက်မြှောက်ကာသူ့မျက်လုံးကိုအုပ်ပြီး မိမိ၏ကိုယ့်ကိုယ်ကိုနှိမ့်ချမှုကိုအနည်းငယ်ရယ်သွမ်းလိုက်မိသည်။


သူ့အရင်ဘဝပထမဆုံးနှစ်အနည်းငယ်တွင် သူ့ဘဝမှာချောမွေ့နေခဲ့သည်၊ သူ့ကိုမပျော်မရွှင်လုပ်ရဲသည့်ဘယ်သူ့ကိုမဆို သူ့လက်ဝေ့ရမ်းပြကာ လူတို့ကိုဖြေရှင်းခိုင်းလိုက်သည်။


သူ့ကိုခလုတ်တိုက်မိစေသည့်တစ်ဦးတည်းသောလူတစ်ယောက်မှာ ခုနကသူ့ကိုဂရုစိုက်ပေးမည်ဟုပြောသွားသည့်ရှောင်ပါ့ဖြစ်သည်။


ဂုဏ်သိက္ခာရှိသောကုအုပ်စု၏ခေါင်းဆောင်မှာအတိတ်မေ့သွားပြီး မွေးစားခံလိုက်ရပြီး သူ့ကိုမွေးစားခဲ့သည့်လူကိုနှိမ့်ကျရိုကျိုးစွာသဘောကျနှစ်သက်သွားခဲ့သည်။ ဒီကိစ္စသာCမြို့တော်ဆီပြန်တင်ပြခံလိုက်ရရင် သူ့ပြိုင်ဘက်များရယ်သေသွားလောက်သည်။


သူဝင်ပူးခံလိုက်ရသည့်အလား တစ်ဖက်လူကိုနှစ်သက်သွားလိမ့်မည်ဟုကုစစ်မထင်ထားခဲ့မိပေ။ ပို၍ဝမ်းနည်းစရာကောင်းတာက သူမှတ်ဉာဏ်ပြန်ရလာပြီးနောက်ပိုင်းမှာတောင် သူဒီခံစားချက်မှရုန်းမထွက်နိုင်သေးပင်။


သူ့သူငယ်ချင်းယွီမင်ရှို့ကသူ့ကိုအမှန်တရားပြောပြလာချိန်တွင် သူလင်ခုံးလုကိုတကယ်သဘောမကျဟုပြောခဲ့ပေမဲ့ သူမှတ်ဉာဏ်ပျောက်သွားပြီးနောက်ပိုင်းသူလှည့်စားခံခဲ့ရပြီး သူမှတ်ဉာဏ်ပြန်ရလာချိန်မှာ သူသူ့ကိုအလွန်မုန်းတီးကာ သူ့ကိုအကြင်နာတရားမဲ့စွာဆက်ဆံလောက်သည်။


သူမှတ်ဉာဏ်ပြန်ရလာခါစတုန်းက ကုစစ်လည်းထိုသို့တွေးမိသည်။ သူCမြို့တော်မှမထူးခြားမခြားနားစွာထွက်လာပြီး လင်ခုံးလုနှင့်သက်ဆိုင်သည့်အရာအားလုံးကိုစွန့်ပစ်ခဲ့သည်။


ဒါပေမဲ့အာရုံမစိုက်တာကတကယ်ဖြတ်​တောက်နိုင်ပြီဟုမဆိုလို။ စိတ်ခံစားခိက်များမှာအလွန်ထူးဆန်းပြီး ရှုပ်ထွေးသောအရာများဖြစ်သည်။


နှစ်လကြာပြီးနောက် ကုစစ်Cမြို့တော်ကိုအေးစက်စက်မျက်နှာဖြင့်ပြန်သွားခဲ့သည်။


သူအတိတ်မှာတစ်ခါမှအရေးမစိုက်ခဲ့ဖူးသည့်စီးပွားရေးညီလာခံကိုသွားတက်ခဲ့သည်။ ​ညီလာခံအပြီးတွင် သူလင်ခုံးလုဆီတမင်သွားကာ နောင်တမရဘူးလားဟုမေးခဲ့သည်။


ဒီအရူးလေးသာနူးညံ့တာတစ်ခုခုပြောလာခဲ့ရင် သူ့နောက်ခံအသိုင်းအဝိုင်းကိုဆန့်ကျင်ရင်တောင် သူအောက်ဆင်းပြီးသူနှင့်အတူပြန်လည်သင့်မြတ်လိုက်မည်ဟုထိုအချိန်ကတွေးခဲ့သည်။


ဒါပေမဲ့အဲ့အချိန်ကကောင်လေးရဲ့တုံ့ပြန်မှုကကော? သူကသူ့ကိုအဆုံးမဲ့လိုက်နှောင့်ယှက်နေပြီး သူဟာဒီအတိုင်းအစားထိုးခံတစ်ယောက်ဖြစ်သည်ဟုတကယ်ကြီးစိတ်မရှည်စွာပြောလာသည်။


"ငါကမင်းရဲ့သူငယ်ချင်းယွီမင်ရှို့ကိုအမြဲသဘောကျခဲ့တာ။ သူကသိမ်မွေ့ညင်သာပြီးကျက်သရေရှိတယ်၊ မင်းကတော့ဒီအတိုင်းသူနဲ့နည်းနည်းတူရုံပဲ။"


ကုစစ်ဒေါသထွက်လွန်းလို့ သူ့မျက်နှာမှာအကျည်းတန်သွားပြီး သူ့နှဖူးပေါ်ကသွေးကြောများထောင်လာကာ သူ့ကိုချက်ချင်းသတ်ပစ်မိတော့မည်ပင်။ သူ့ကိုခေါ်သွားကာပိတ်လှောင်ပစ်လိုက်မည်၊ ဘာပဲဖြစ်ဖြစ်သူကနွေးထွေးပျူငှာတဲ့လူကောင်းတစ်ယောက်မှမဟုတ်ပဲလေ။


ဒါပေမဲ့လင်ခုံးလုကကြောက်သွားသည့်အလားရုတ်ခြည်းခြေတစ်လှမ်းနောက်ဆုတ်သွားတာကိုမြင်လိုက်ရတော့ သူပင့်သက်ရှိုက်မိပြန်ကာ သူ၏မပျော်မရွှင်ဖြစ်မှုကိုဖိနှိပ်ပြီး အေးစက်စက်အသံဖြင့်ပြောလိုက်သည်။

"မင်းဘယ်တော့မှနောင်တမရရင်ကောင်းမယ်။"


သူပြောပြီးနောက် လှည့်ကာဒီကောင်လေးမှာယွီမင်ရှို့နှင့်ဘာဆက်နွယ်မှုရှိမှန်းရှာဖွေကြည့်ခဲ့သည်၊ သူစစ်ဆေးကြည့်ပြီးနောက်အလွန်ဒေါသထွက်သွားရသည်။


နှစ်ယောက်သားမှာအထက်တန်းတုန်းကအတန်းဖော်များဖြစ်ခဲ့ကြပြီး အာဏာရှင်လေးကအထက်တန်းတုန်းကယွီမင်ရှို့ကိုသဘောကျခဲ့ပြီး နည်းလမ်းမျိုးစုံဖြင့်စိတ်အားထက်သန်စွာလိုက်လံပိုးပန်းခဲ့ပြီး သူ့ကိုမနက်စာနှင့်မွေးနေ့လက်ဆောင်များပေးခဲ့သည်။ သူကတကယ်လေနှင့်မိုးထဲမှာတိတ်တိတ်လေးလိုက်ပိုးပန်းခဲ့ပေမဲ့ အခုထိတိုင်မရသေးပေ။


ကုစစ်လှောင်ပြုံးပြုံးမိကာ သူမှတ်ဉာဏ်ပျောက်နေတုန်းက သူဗီလာထဲမှာမကြာခဏအစားအသောက်ချက်ပြုတ်ပြီး အာဏာရှင်လေးပြန်လာတာကိုတိတ်တိတ်လေးစောင့်နေခဲ့ပေမဲ့မစောင့်နိုင်ခဲ့တဲ့မြင်ကွင်းကိုမနေနိုင်ဘဲတွေးမိသွားသည်။


သူကအာဏာရှင်လေးကိုနိမ့်ကျတဲ့နည်းလမ်းနဲ့သဘောကျနေချိန်မှာ အာဏာရှင်လေးကလည်းအခြားတစ်ယောက်ကိုနိမ့်ကျတဲ့နည်းလမ်းနဲ့သဘောကျနေခဲ့တာလား။ သူကသူ့ကိုပါထိုလူ၏အစားထိုးခံအဖြစ်အသုံးချခဲ့သည်။


အာဏာရှင်လေးကမျက်စိကန်းနေပုံပေါ်သည်ဟုကုစစ်ခံစားလိုက်ရသည်၊ သူကယွီမင်ရှို့နဲ့ဘယ်လိုလုပ်တူမှာလဲ။


ထိုကောင်ကသိမ်မွေ့ညင်သာသည်ဟုလည်းသူကပြောသွားခဲ့သည်။ ဟက် သူယွီမင်ရှို့ကိုသိလာတာနှစ်တော်တော်ကြာပြီ၊ ဒီတော့သူဘယ်လိုလူလဲဆိုတာသူမသိဘဲနေပါ့မလား။ အဲ့ကောင်ကသူ့လိုပဲ လူတွေကိုအရိုးမထွေးထုတ်ဘဲစားပစ်တဲ့လူတစ်ယောက်ဖြစ်သည်။


ကုစစ်ပြန်တွေးကြည့်လေလေ သူ့မျက်နှာမှာပိုရုပ်ဆိုးလာလေလေပင်။ မှန်ထဲတွင် သူ့မျက်လုံးများမှာအနည်းငယ်မည်းမှောင်လျက်။


ထိုစဥ် ဟိုတယ်ခန်းထဲကထွက်လာပြီးနောက် နံရံမှာမှီလျက် တရှူးရှူးဖြင့်သူ့ခါးကိုပွတ်သပ်နေသည့်လင်ခုံးလုမှာ"တင် တင်"ဟူသည့်အသံကိုရုတ်ခြည်းကြားလိုက်ရသည်---


[တင်၊ ပစ်မှတ်ရဲ့မကောင်းတဲ့စိတ်တန်ဖိုး ၁ ၁ ၁...."


လင်ခုံးလု: "....." ထူးဆန်းလိုက်တာ၊ ဘာလို့ထပ်များလာတာလဲ။


သူအနောက်လှည့်ပြီး အခန်းတံခါးကိုတစ်ဖန်ဖွင့်ကာ သံသယဖြင့်ခေါ်လိုက်မိသည်။

"အားစစ်?"


ရေချိုးခန်းထဲမှာ ကုစစ်၏မျက်နှာထားအေးခဲသွားရပြီး တစ်အောင့်ကြာမှသူအပြုံးမျက်နှာအဖြစ်ပြန်ပြောင်းသွားသည်။ သူထွက်လာတော့ သာမန်လေသံဖြင့်ပြောလိုက်သည်။

"ဥက္ကဌလုတစ်ခုခုလိုချင်တာရှိလို့လားဗျ?"


လင်ခုံးလု: "?"


ကုစစ်ပုံမှန်ဖြစ်နေပုံရမှန်းမြင်လိုက်ရတော့ သူပို၍ပင်ပဟေဠိဖြစ်သွားရသည်။


တစ်အောင့်ကြာတွေးကြည့်လိုက်ပြီးနောက် သူပိုက်ဆံအိတ်ထုတ်ကာ ပန်းရောင်ငွေစက္ကူဒါဇင်ထုတ်လိုက်ပြီးမှ တုံ့ဆိုင်းသွားကာ ငါးရွက်အဖြစ်ပြောင်းလိုက်ပြီး ကုစစ်ဆီကမ်းပေးကာပြောလိုက်သည်။

"ငါရုတ်တရက်ဖြစ်သွားတော့ မင်းကိုပိုက်ဆံမပေးလိုက်မိဘူး၊ ဒါတွေကိုအရေးပေါ်ကိစ္စအတွက်သိမ်းထားလိုက်။"


ကုစစ်ခေါင်းငုံ့ကာ ယွမ်ငါးရာကိုကြည့်မိပြီးတိတ်ကျသွားရသည်။


"တင်၊ မကောင်းတဲ့စိတ်တန်ဖိုး၁၂၊ ပစ်မှတ်ရဲ့လက်ရှိမကောင်းတဲ့စိတ်တန်ဖိုး၃။"


လင်ခုံးလုသက်မချမိကာ သူ့လက်မောင်းထဲကိုငွေစက္ကူများထည့်ပေးပြီး ၎င်းတို့ကိုဂရုတစိုက်ပုတ်ကာပြောလိုက်သည်။

"ဒါဆိုငါသွားတော့မယ်နော်။"


သူထွက်သွားပြီးနောက် ကုစစ်ကငွေစက္ကူများကိုဆုပ်လျက်သားဖြင့် သူ့အပြုံးမှာခပ်မြန်မြန်ပျောက်သွားပြန်သည်။


သူ့အရင်ဘဝတုန်းကစီးပွားရေးညီလာခံမှာအာဏာရှင်လေးထံမှပြက်ရယ်ပြုခံခဲ့ရပြီးနောက်ပိုင်း ကုစစ်Aမြို့တော်ကိုအေးစက်စက်မျက်နှာဖြင့်ပြန်သွားခဲ့သည်။


သူကားမာနကြီးပေရာ သူဘယ်လောက်ပဲသဘောကျနေပါစေ သူ့ကိုတစ်ချိန်လုံးအစားထိုးခံအဖြစ်အသုံးချတာကိုတော့လက်မခံနိုင်ပေ။


သူလင်ခုံးလုနှင့်သက်ဆိုင်သည့်သတင်းများကိုတစ်ဖန်လျစ်လျူရှုခဲ့ပြန်ကာ သူ့ကိုတမင်အရေးမစိုက်ခဲ့ပေ။


ဒါပေမဲ့နှစ်လကြာပြီးနောက် တစ်ဖက်လူဒေဝါလီခံလိုက်ရပြီဟုသူရုတ်ခြည်းကြားလိုက်ရသည်။


ယွီမင်ရှို့ကသူ့ကိုသတင်းများပြောပြလာခဲ့သည်၊ အာဏာရှင်လေး၏ကုမ္ပဏီမှာပြဿနာတချို့ရှိလို့ လွန်ခဲ့သောရက်အနည်းငယ်ကဒေဝါလီခံလိုက်ရပြီး သူ၏လက်ကျန်ကိုယ်ပိုင်ပိုက်ဆံများနှင့်သူ့ချစ်သူလေးနှင့်အတူနိုင်ငံခြားထွက်သွားခဲ့ကြောင်းပြောပြလာသည်။


ကုစစ်အလွန်ဒေါသထွက်သွားရသည်၊ ဒီကောင်လေးကအခက်အခဲနှင့်ရင်ဆိုင်နေရစဥ်မှာသူ့ကိုရှာတာထက်စာရင်ဒေဝါလီခံလိုက်ရဖို့လိုလားပြီးတော့ နောက်ဆုံးမှာဘဲလေးကိုခေါ်ပြီးနိုင်ငံခြားသွားလိုက်တယ်ပေါ့လေ?


"တင်၊ မကောင်းတဲ့စိတ်တန်ဖိုး ၁ ၁ ၁...."


အခုပဲကော်ရစ်ဒါမှာရပ်နေလျက် သူ့ခါးသူပွတ်သပ်နေသည့်လင်ခုံးလု: "......"


သူလှည့်ကာတံခါးကိုဖွင့်လိုက်ပြန်ပြီး ကုစစ်ကိုသံသယဖြင့်ကြည့်လိုက်မိသည်။


ကုစစ်ကခုနကနေရာမှာရပ်နေဆဲဖြစ်ပြီး သူပြန်လာတာကိုမြင်လိုက်ရတော့ အပြုံးတစ်ခုထုတ်ပြလာသည်။

"ဥက္ကဌလုမှာလုပ်စရာတစ်ခုခုရှိနေသေးလို့လား။"


လင်ခုံးလု: "...."


"အိုး၊ ငါခုနကပေးလိုက်တာကနည်းနည်းနည်းသွားသလိုပဲလို့ငါရုတ်တရက်ခံစားလိုက်ရလို့ရယ်။" သူပိုက်ဆံအိတ်ထဲကနောက်ငါးရွက်ထပ်ထုတ်ကာ ကုစစ်ဆီသေချာလှမ်းပေးပြီးပြောလိုက်သည်။

"စိတ်မကောင်းမဖြစ်နဲ့နော်၊ ငါနောက်ကျလက်ထောက်ကိုမင်းကိုလာခေါ်ခိုင်းလိုက်မယ်။"


"တင်၊ မကောင်းတဲ့စိတ်တန်ဖိုး၁၁၊ ပစ်မှတ်ရဲ့လက်ရှိမကောင်းတဲ့စိတ်တန်ဖိုး၃။"


လင်ခုံးလု: ဟင်း၊ တကယ်ချော့ရခက်တာပဲ။


"ဒါဆိုငါသွားတော့မယ်နော်?" သူတုံ့ဆိုင်းသွားကာ တောင်းဆိုသောလေသံဖြင့်ပြောလိုက်သည်။


ကုစစ်ကပြုံးကာဆိုသည်။

"ဟုတ်ကဲ့။"


လင်ခုံးလုသူ့ကိုသံသယအကြည့်တစ်ချက်ပေးလိုက်ပြီး အနောက်လှည့်ကာအပြင်ထွက်လာပြီးမှ ကော်ရစ်ဒါနံရံကိုမှီကာနည်းနည်းကြာကြာနားထောင်နေလိုက်သည်။


သူမကောင်းတဲ့စိတ်တန်ဖိုးတက်လာတာကိုမကြားရဘဲ ထိုအစားနှစ်သက်မှုနှုန်းက၅ရာခိုင်နှုန်းတိုးလာတာကိုသာကြားလိုက်ရသည်။ သူနောက်ဆုံးမှာအလုံးစုံစိတ်သက်သာရာရသွားပြီး စိတ်ကျေနပ်စွာထွက်သွားတော့သည်။


အခန်းထဲမှာ ကုစစ်ကပန်းရောင်ငွေစက္ကူများကိုကိုင်ထားလျက် သူ့နှုတ်ခမ်းထောင့်မှာအသာကော့တက်သွားသည်။


တကယ်တော့ အရင်ဘဝမှာအာဏာရှင်ဘော့စ်ကနောက်ဆုံးတော့ဘဲလေးနှင့်အတူရှိရန်ရွေးချယ်လိုက်မှန်းသူသိလိုက်ရတုန်းက သူအရှုံးပေးဖို့စီစဥ်ပြီးသားပင်။


သူ့အမေကိုသူတွေးမိသွားသည်၊ သူမဟာလည်းသူ့အဖေကိုအရူးအမူးနှင့်နိမ့်ကျစွာချစ်ခဲ့ပေမဲ့ သူ့အဖေကတော့သူမခံစားချက်ကိုမျက်နှာလွှဲခဲပစ်လုပ်ကာ စက်ဆုပ်ရွံရှာမှုအပြည့်နှင့်ပင်။


သူ့ကိုမချစ်သောတစ်စုံတစ်ယောက်အတွက်သူ့ကိုယ်သူနှိပ်စက်ညှင်းပန်းပြီး နောက်ဆုံးမှာစိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုဖြင့်အဆုံးသတ်သွားခဲ့သည့်သူအမေလိုမျိုးသူမဖြစ်ချင်။


ဒါပေမဲ့ဒီအခိုက်အတန့်မှာ ဘုရားသခင်ကသူ့ကိုပြန်မွေးဖွားလာစေခဲ့ပြီး သူကသူနှင့်အာဏာရှင်လေးပထမဆုံးဆုံခဲ့သည့်အချိန်ကိုပြန်မွေးဖွားလာခဲ့သည်။


ကုစစ်၏နှုတ်ခမ်းထောင့်များမှာရယ်မောမှုအဖြစ်ကော့တက်သွားခဲ့သည်။ ကြည့်ရတာဘုရားသခင်ကသူ့ကိုလက်လျှော့အရှုံးမပေးစေချင်တဲ့ပုံမို့ သူက...ဘုရားသခင်ရဲ့ဆန္ဒနောက်ကိုလိုက်ရုံသာတတ်နိုင်သည်။


သူ့အရင်ဘဝတုန်းကသူမောက်မာလွန်းအားကြီးကာသူ့မာနကိုလက်မလွှတ်နိုင်ခဲ့တာမို့ အာဏာရှင်လေးကိုဝေးသထက်ဝေးအောင်တွန်းပို့မိသွားသည်ဟုကုစစ်ခံစားလိုက်ရသည်။


အခုဆိုသူနှင့်ရှောင်ပါ့တို့ဆုံတွေ့ခါစမို့ သူတို့ဆက်ဆံရေးမှာနောက်ပိုင်းမှာကဲ့သို့မတောင့်တင်းမသွားဘဲ ကောင်းမွန်နေဆဲဖြစ်သည်။ တစ်ဖက်လူကဒီအချိန်မှာလရောင်ဖြူယွီမင်ရှို့အကြောင်းစဥ်းစားနေပေမဲ့လည်း သူပေါက်တူးနှင့်ကောင်းကောင်းကနိုင်သရွေ့ မတူးနိုင်သည့်ထောင့်ဆိုတာမရှိပေ။


သူလည်းအရင်ဘဝမှာအမြင်မှန်ရခဲ့သည်။ လူအများစုမှာထိုကဲ့သို့ပင်၊ သူတို့ပေးဆပ်ခဲ့ရသည့်အရာဝတ္ထုများကိုသာအမြဲတန်ဖိုးထားလေ့ရှိပေမဲ့ သူတို့ဘာသာသူတို့ပေးဆပ်လာသူများအတွက်တော့မလိုအပ်ပေ။


စျေးချင်းတာချင်းတူညီသောနာရီတစ်လုံးကဲ့သို့ပင်၊ တစ်ယောက်ကပိုက်ဆံအများကြီးဖြင့်ကိုယ်တိုင်ဝယ်ယူခဲ့ပြီး နောက်တစ်ယောက်ကတော့အခြားပစ္စည်းများဝယ်တုန်းကလက်ဆောင်အဖြစ်ရရှိခဲ့သည်။ ဘယ်ဟာကပိုပြီးတော့တန်ဖိုးထားခံရမလဲ။


ပေးရတဲ့စျေးနှုန်းကွာခြားတာမို့ ရရှိပြီးနောက်တန်ဖိုးထားနှုန်းမှာထုံးစံအတိုင်းကွာ​ခြားပေသည်။


ဥပမာ၊ ရှောင်ပါ့၏ယွီမင်ရှို့နှင့်ဆက်ဆံရေးမှာအထက်တန်းတုန်းကမနက်စာနှင့်လက်ဆောင်ပေးခြင်းထက်ဘာမှမပိုခဲ့ပေ။ ဒီခံစားချက်ကပေးစွမ်းမှုကိုတင်းကြပ်သွားစေကာ တဖြည်းဖြည်းချင်းအစွဲအလမ်းဖြစ်လာသည်။


တကယ်တော့ လင်ခုံးလုကယွီမင်ရှို့ကိုတကယ်မကြိုက်လောက်ဟုသူအစကခံစားခဲ့ရသည်။ ပြောင်ပြောင်တင်းတင်းပြောရရင် သူအချိန်အကြာကြီးခွေးတစ်ကောင်မွေးပြီးနောက်ပိုင်းမှာသူ့မှာခံစားချက်ရှိနေသေးကဲ့သို့ပင်။


ဒါပေမဲ့ရှောင်ပါ့ကသူ့ကိုတော့....

ဟက်၊ မပြောရင်လည်းကိစ္စမရှိပါဘူး။


ဒီတော့ဒီတစ်ခေါက်တော့ သူသာတစ်ဖက်သတ်ပေးဆပ်ခဲ့ရသည့်အရင်ဘဝကလိုမျိုးဖြစ်နိုင်တော့မည်မဟုတ်။


ရှောင်ပါ့ကပိုက်ဆံကိုဂရုအစိုက်ဆုံးဖြစ်ကြောင်းကုစစ်မှတ်မိသည်။ အကြောင်းတချို့ကြောင့် ဒီကောင်လေးမှာသိသိသာသာကိုချမ်းသာပေမဲ့ မထင်မှတ်ထားစွာဖြင့်ကပ်စေးအတော်နည်းသည်။


သူတစ်ဖက်လူကိုသူ့အတွက် သူ့အသားနာကျင်တဲ့အထိပိုက်ဆံအများကြီးပိုဖြုန်းအောင်လုပ်ရမည်။ သူအများကြီးပေးရလို့ရှိရင် သူဂရုစိုက်လာလိမ့်မည်ပင်။


ဒါကိုတွေးမိရင်း ကုစစ်နှုတ်ခမ်းထောင့်ကအပြုံးမှာအနည်းငယ်ပိုနက်ရှိုင်းသွားပြီး ပန်းရောင်ငွေစက္ကူများကိုခေါက်ကာသူ့အိတ်ကပ်ထဲသေချာထည့်လိုက်သည်။


နေ့လယ်ခင်းမှာ လင်ခုံးလု၏လက်ထောက်ကသူ့ကိုဟိုတယ်မှာအချိန်မှန်လာခေါ်ပြီး တစ်ချိန်တည်း၌ကုစစ်ကိုကဒ်တစ်ကဒ်ပေးကာပြောလာသည်။

"ဒါဟာကဥက္ကဌလင်မင်းကိုမေးလိုက်တာ။ အခုကစပြီး လတိုင်းရဲ့ပထမရက်မှာဒီကဒ်ထဲကိုယွမ်တစ်သိန်းလွှဲပေးလိမ့်မယ်။"


ဒီမတ်လအတွက်ကတော့လင်ခုံးလုကပြောလိုက်သည်: အခုကဒုတိယရက်ရှိနေပြီမို့ ချွေတာနိုင်သမျှချွေတာဖို့အတွက် နောက်လမှထပ်ခေါ်လိုက်မယ်။


ကုစစ်: "....."


လက်ထောက်စုန့်ကကုစစ်ကိုပင်လယ်အော်ဧရိယာကလင်ခုံးလု၏ပင်လယ်မြင်ကွင်းနှင့်ဗီလာဆီမောင်းခေါ်သွားပြီး ခဏကြာတော့အခြေအနေကိုတင်ပြရန်ပြန်သွားသည်။


အရင်ဘဝသူမွေးစားခံရတုန်းကကုစစ်ဒီမှာနေခဲ့သဖြင့် သူလမ်းကိုအလွန်ရင်းနှီးသည်။


ဧည့်ခန်းထဲကဆိုဖာပေါ်မှာထိုင်ချလိုက်ပြီးနောက် သူမိုဘိုင်းဖုန်းကိုထုတ်ကာ Cမြို့တော်ကသူ့လက်ထောက်ဆီကိုဗလာမျက်နှာထားဖြင့်ဖုန်းခေါ်လိုက်သည်။


ပိဟုန်ကားကုGroup၏လက်ထောက်ဒါရိုက်တာနှင့်CEOဖြစ်ပြီး ကုစစ်၏ကိုယ်ရေးကိုယ်တာညာလက်ရုံးဖြစ်ကာ သစ္စာရှိပေသည်။ ကုစစ်မတော်တဆဖြစ်သွားခဲ့သည့်အချိန်အတောအတွင်းမှာ သူကဂရု၏အခြေအနေကိုကူထိန်းပေးခဲ့ပြီး ဖိအားကိုတောင့်ခံကာ ကုစစ်ကိုရှာဖို့လူလွှတ်ခဲ့သည့်တစ်ယောက်ဖြစ်သည်။


ကုစစ်ဆီကဖုန်းကောလ်ရုတ်တရက်ရရှိသွားတော့ ပိလူကြီးမင်းမှာစိတ်လှုပ်ရှားလွန်းလို့ငိုချမိလုနီးပါးဖြစ်သွားရကာ စိတ်အားထက်သန်စွာမေးလိုက်မိသည်။

"ဥက္ကဌကု အခုဘယ်မှာလဲဗျ? ကျွန်တော်အခုချက်ချင်းလူလွှတ်ခေါ်...မဟုတ်သေးဘူး၊ ကျွန်တော်ကိုယ်တိုင်အခုချက်ချင်းလာခေါ်မယ်နော်။"


"မလိုဘူး၊ ငါCမြို့တော်မှာလုပ်စရာတချို့ရှိနေသေးတယ်၊ ငါအဆင်ပြေတဲ့အကြောင်းကုမိသားစုကလူတွေမသိစေနဲ့၊ ဂရုရဲ့အတွင်းထဲမှာ..."


ကုစစ်စီးပွားရေးအကြောင်းပြောချိန်တိုင်း သူ့မျက်နှာထားမှာရေသေဖြစ်ပေမဲ့ သူ့မျက်ခုံးထက်မှာတည်ငြိမ်မှုနှင့်ဂုဏ်မာနတစ်မျိုးရှိပေသည်။ ဆိုဖာပေါ်မှာသာမန်ကာလျှံကာထိုင်နေရုံသာဖြစ်ပေမဲ့ လူတို့ကိုသူ့ကိုတိုက်ရိုက်မကြည့်ရဲအောင်ဖြစ်စေသည့်အရှိန်အဝါတစ်မျိုးရှိသည်။


ဒါပေမဲ့တရားဝင်စီးပွားရေးအကြောင်းပြောပြီးနောက် သူ့​လေသံပြောင်းလဲသွားကာသူ့ခြယ်လှယ်မှုပုံစံကပါပြောင်းလဲသွားချေသည်။ သူပိဟုန်ကိုပြောလိုက်သည်။

"ဂရုကCမြို့တော်မှာလည်းစီးပွားရေးရှိတယ်မလား။"


"ဟုတ်ကဲ့၊ ရုံးခွဲတစ်ခုရှိပါတယ်။"

ပိဟုန်ပြန်ဖြေကာ အလိုလိုမေးမိသည်။

"ဥက္ကဌရုံးခွဲကိုသွားစစ်ဆေးမလို့လားဗျ?"


ကုစစ်ခေါင်းခါကာပြောလိုက်သည်။

"Cမြို့တော်ဗဟိုဟိုတယ်မှာဒီနေ့စီးပွားရေးညီလာခံတစ်ခုရှိတယ်၊ ငါ့အစားသွားတက်မဲ့ရုံးခွဲကလူတွေကိုပြောလိုက်၊ ဖေးလျိုဂရုကဥက္ကဌရှောင်လု...အဟမ်း၊ ဥက္ကဌလင်နဲ့တွေ့ရင် သူ့ကိုဒီလိုအသိပေးဖို့ပြောလိုက်...."


ကုစစ်၏ရှင်းပြချက်ကိုနားထောင်ပြီးနောက် ပိဟုန်မိန်းမောသွားရကာ သူ့မျက်စိလည်သွားရသည်။ ဘယ်လိုထောက်ပံ့တာ၊ တစ်နာရီကိုလစာဘယ်လောက်....ဥက္ကဌကုဘာလုပ်နေတာတုန်း?


မနက်ကလင်ခုံးလုကုမ္ပဏီကိုပြန်သွားပြီးနောက် သူ့လက်ထောက်ရှောင်စုန့်ကိုကုစစ်ကိုသွားခေါ်ကာကဒ်ပေးခိုင်းလိုက်သည်။ တစ်လကိုယွမ်တစ်သိန်းကတော်တော်လေးများနေပြီဟုထင်သည်ဓ


ဒါပေမဲ့သူနေ့လယ်ခင်းမှာစီးပွားရေးညီလာခံသွားတက်တော့ ဥက္ကဌXအများအပြားကဝိုင်ခွက်များကိုင်လျက်သားဖြင့်စိတ်ခံစားချက်ထုတ်ပြလာတာကိုသူကြားလိုက်ရသည်--


"ဟင်း၊ အခုဆိုဘဝတွေကနေရတာမကောင်းတော့ဘူး၊ ​ရိုးရိုးသားသားပြောရရင် အစားထိုးခံတစ်ယောက်ရှာဖို့တောင်ခက်နေပြီရယ်။"


"မဟုတ်ဘူးလို့ဘယ်သူပြောလဲ။ ရှီးဝမ်မိသားစုကဥက္ကဌရှောင်ဝမ်ကိုသိတယ်မလား။ ကျုပ်ကြားမိတာကတော့ သူလွန်ခဲ့တဲ့အချိန်တချို့တုန်းကအစားထိုးခံတစ်ယောက်ရှာခဲ့တာ နာရီပိုင်းကိုတစ်သန်းပေးရတာတဲ့၊ အဲ့တစ်ယောက်ကသရုပ်ဆောင်ဖို့ပဲတာဝန်ယူရတာ၊ ခံစားချက်အကြောင်းမပြောတဲ့အပြင်သူ့ကိုယ်သူမရောင်းစားဘူးဆိုပဲ။"


"အိုး၊ အဲ့လောက်စျေးကြီးတယ်လား။"


"ဟေ့၊ ဥက္ကဌရှောင်ဝမ်ရဲ့အချစ်လေးပျောက်သွားအောင်ဘယ်သူလုပ်ခဲ့တာလဲ။ သူကအဲ့လိုသရုပ်ဆောင်ပေးနေတာ။"


"ငါဒီအတွက်ရက်ချိန်းယူရအုံးမယ်၊ ပေးချင်စိတ်ရှိတာဥက္ကဌရှောင်ဝမ်တစ်ယောက်ထဲမဟုတ်ဘူး။"


လင်ခုံးလု: "....." အဲ့လောက်....စျေးများတယ်လား။


ဒါဆိုခံစားချက်အကြောင်းပြောပြီးအိပ်ရာကိုနွေးထွေးအောင်လုပ်ပေးတဲ့သူ့မိသားစုကတစ်ယောက်ကယွမ်တစ်သိန်းပဲရတဲ့အပြင် အဲ့ဒါကလပိုင်းလစာဖြစ်နေသေးတယ်ဆိုတော့ နည်းနည်းများ....နည်းမသွားဘူးလားလို့?


"ယို့၊ ဒါဥက္ကဌလင်မဟုတ်လား။ နိဟောင်၊ နိဟောင်၊ ကျွန်တော်ကြားမိတာကတော့ ဥက္ကဌလင်မှာလည်း..."

Xလူကြီးမင်းအနက်တစ်ယောက်ကသူ့ကိုမြင်သွားကာ ချက်ချင်းနှုတ်ဆက်လာပြီး မျက်စိတစ်ဖက်မှိတ်ပြကာအရိပ်ပြလာသည်။

"ပိုက်ဆံအများကြီးကုန်တယ်မလား။"


လင်ခုံးလု: "....."


"အာ၊ ဟုတ် ဟုတ်တယ်။"

သူကျည်ဆံကိုက်ကာ ကျိုးကြောင်းမဆီလျော်ရာကျလွန်းသည့် "ယွမ်တစ်သိန်းပဲ"ဆိုသည့်စကားလုံးများကိုမပြောဖို့ဆုံးဖြတ်လိုက်သည်။


CEO Xအများအပြားနှင့်စကားစမြည်ပြောဆိုပြီးနောက် သူတစ်အောင့်ကြာတုံ့ဆိုင်းသွားရပြီးမှ သူ့လက်ထောက်ရှောင်စုန့်ကိုခေါ်ကာပြောလိုက်သည်။

"ယန်းစစ်ကို ၅...၃သိန်းရှိတဲ့နောက်ကဒ်တစ်ကဒ်ပို့ပေးလိုက်။"


ပြောပြီးနောက် လင်ခုံးလုစိတ်သောကရောက်သွားရသည်။


သူအစကတုန်းကပင်ကိုယ်စရိုက်အရကပ်စေးနည်းဟန်ဆောင်နေပေမဲ့လည်း အဆုံးတွင် သူပိုက်ဆံအကုန်လုံးကိုကိုယ်တိုင်ရှာဖွေခဲ့ရသဖြင့် သူသရုပ်ဆောင်နေတုန်းမှာသူ့စိတ်ကိုမလွင့်စေခဲ့ပေ။ ထို့အပြင် ဒါတွေအားလုံးမှာသူ့ကိုယ်ပိုင်ပစ္စည်းများဖြစ်သည်။ ၎င်းတို့သာကုမ္ပဏီအကောင့်ဆီမသွားရင် ဒေဝါလီခံရပြီးနောက်မှာ ၎င်းတို့အကုန်လုံးကသူ့ကိုယ်ပိုင်ပိုက်ဆံနှင့်လစာများဖြစ်လာလိမ့်မည်ပင်။


ဗီလာထဲမှာ ကဒ်တစ်ဖန်ရရှိလိုက်သည့်ကုစစ်ကမျက်ခုံးအသာပင့်ကာ စိတ်အခြေအနေအလွန်ကောင်းမွန်စွာဖြင့်ထရပ်လိုက်ပြီး စူပါမားကတ်ကိုသွားကာ ရှော့ပင်းထွက်ပြီးစပွန်ဆာလေးအတွက်ညစာလုပ်ပေးဖို့အသင့်ပြင်လိုက်တော့သည်။


_______________________