Chapter(75)
Viewers 10k

လင်ခုံးလုဖုန်းခေါ်ဆိုမှုပြုလုပ်ပြီးနောက် သူ့မျက်နှာထက်နာကျင်သောအမူအရာဖြင့် သူ့ဖုန်းကိုအိတ်ကပ်ထဲသေချာဂရုတစိုက်ထည့်လိုက်မိသည်။


တစ်ရက်အတောအတွင်းမှာ အာဏာရှင်ဥက္ကဌ၏ကိုယ်ပိုင်ပိုက်ဆံယွမ်၄သိန်းကျော်ကုန်ဆုံးသွားခဲ့သည်။ အစားထိုးခံတစ်ယောက်မွေးစားရတာတကယ်ခက်ခဲတာပဲ။


မဖြစ်ဘူး၊ သူဒီနေ့နောက်ကျမှပြန်သွားပြီး ညီလာခံမှာအချိန်ပိုဖြုန်းပြီးတော့ သူပရောဂျက်အနည်းငယ်ဆွေးနွေးဖို့အခွင့်အရေးရမလားကြည့်ပြီး ဒေဝါလီမခံရခင်ပိုက်ဆံပိုရှာရမယ်။


ညီလာခံကားCမြို့တော်အစိုးရကကျင်းပတာဖြစ်သည်။ အဓိကရည်ရွယ်ချက်မှာရင်းနှီးမြှုပ်နှံမှုကိုဆွဲဆောင်ပြီး Cမြို့တော်နှင့်ပတ်ဝန်းကျင်ရှိအခြားမြို့တော်များကြားရှိစီးပွားရေးဖလှယ်မှုကိုတောင့်တင်းခိုင်မာအောင်လုပ်ရန်ဖြစ်သည်။


လင်ခုံးလုကAမြို့တော်မှာသူဌေးကြီးမဟုတ်လောက်ပေမဲ့ သူကားတကယ်တမ်းဒီCမြို့တော်၏မြို့ငယ်လေးမှာအချမ်းသာဆုံးဖြစ်သည်။ သူနှင့်ပူးပေါင်းလိုသည့်ကုမ္ပဏီငယ်လေးများစွာသာရှိသည်။


ဝိုင်ခွက်တစ်ခွက်ကိုင်ထားလျက် သူတစ်အောင့်ကြာဟိုဟိုဒီဒီလျှောက်သွားနေပြီးမှ ပရောဂျက်နှစ်ခုကိုယူလိုက်ကာ သိပ်မကြာခင်အစိုးရဆောင်ရွက်တော့မည့်ပရောဂျက်ကြီးတစ်ခုကိုပါချဥ်းကပ်လိုက်သည်။


ဤသည်ကားဖေးလုအုပ်စုသူတို့နှင့်ပူးပေါင်းသည့်ပထမဆုံးအကြိမ်မဟုတ်ပေရာ အထက်ကလည်းလင်ခုံးလုကိုဦးဆောင်ခွင့်ပြုရာတွင်အလွန်စိတ်ဝင်စားလျက်ရှိသည်။ ထို့အပြင် Cမြို့တော်ကဒေသတွင်းလုပ်ငန်းများကိုထောက်ပံ့ရန်ရည်ရွယ်ထားသည်။ ဒီပရောဂျက်ကိုလာလုသည့်အခြားစီရင်စုများမှခွန်အားကြီးသောလုပ်ငန်းကြီးများမရှိသရွေ့ သူဟာသေချာပေါက်ဒီပရောဂျက်ကိုဦးဆောင်မည့်လူဖြစ်လာလိမ့်မည်။


လင်ခုံးလုဟိုဟိုဒီဒီလှည့်လည်ပြီးနောက် သူအများကြီးရရှိခဲ့သဖြင့် အလွန်စိတ်ကျေနပ်သွားရသည်။


သူလက်မြှောက်ကာအချိန်ကိုစစ်ကြည့်လိုက်တော့ အစားထိုးခံလေးကိုအဖော်ပြုပေးရန်အိမ်ပြန်ဖို့အချိန်ရောက်တော့မည်ဟုခံစားလိုက်ရသဖြင့် သူအရင်ဘဝကသိခဲ့သည့်အသိအကျွမ်းအနည်းငယ်ကိုယဥ်ကျေးစွာပြောလိုက်သည်။

"စိတ်မရှိပါနဲ့ဗျာ၊ ကျွန်တော့်မှာလုပ်စရာရှိသေးလို့ အရင်သွားတော့မယ်နော်၊ နောက်မှအေးဆေးစကားပြောကြတာပေါ့ဗျာ။"


မျက်မှောက်ရှိလူအများစုမှာCမြို့တော်ရှိဒေသတွင်းကုမ္ပဏီအချို့၏ဘော့စ်နှင့်ဥက္ကဌများဖြစ်ကြသည်။ သူတို့ကုမ္ပဏီမှာလင်ခုံးလုလောက်မကြီးသဖြင့် သူတို့အကုန်လုံးကစကားများကိုကြားပြီးနောက်ပြောလာကြသည်။

"ဥက္ကဌလင်ကယဥ်ကျေးနေပါပြီ၊ ဥက္ကဌလင်ဖြည်းဖြည်းသွားပါဗျ..."


ဒါပေမဲ့မြို့တော်၏ရင်းနှီးမြုပ်နှံမှုပရိုမိုးရှင်းရုံးကအတွင်းရေးမှူးငယ်လေးက

သူ့ကိုတားကာ ခပ်တိုးတိုးပြောလာသည်။

"ဥက္ကဌလင်၊ Aမြို့တော်ကရာထူးကြီးတဲ့လူတစ်ယောက်ကနောက်ကျရင်လူလုံးထွက်ပြလာမှာတဲ့။ မင်းအလျင်မလိုရင် စောင့်လိုက်ပါလား။"


လင်ခုံးလု: "?"


Cမြို့တော်ကရာထူးကြီးတဲ့လူ?

တိုက်ဆိုင်စွာနှင့် သူ့မိသားစုထဲမှာလည်းAမြို့တော်ကရာထူးကြီးတဲ့လူတစ်ယောက်ရှိတယ်ရယ်။


"သူကကုမ္ပဏီကြီးကိုတာဝန်ယူထားတဲ့လူတစ်ယောက်ပဲ။"

အတွင်းရေးမှူးလေးကအသိပေးလာသည်။


လင်ခုံးလု: "!" သူငါ့ဆီကပရောဂျက်ကိုလာလုတာများဖြစ်နေမလား။


သူတွေးလိုက်ရုံသာရှိသေး၊ ရာထူးကြီးတဲ့လူကညီလာခံကိုတာဝန်ယူထားသည့်တစ်ယောက်နှင့်အတူရောက်ချလာသည်။ အတွင်းရေးမှူးလေးပြောတဲ့အတိုင်းပဲ၊ ၎င်းမှာကုမ္ပဏီကြီးကိုတာဝန်ယူထားသည့်လူတစ်ယောက်၊ ယွိဟုန်နည်းပညာကုမ္ပဏီ၏CEO၊ Aမြို့တော်ရှိယွီမိသားစု၏ဆက်ခံသူ၊ ယွီမင်ရှို့ဖြစ်ပေသည်။


လင်ခုံးလုမှာဝိုင်ခွက်ကိုင်ထားလျက် သူ့ပါးစပ်ထောင့်မှာမသိမသာတွန့်သွားရသည်။ ဒါကဒီအမြှောက်စာဇာတ်ကောင်အာဏာရှင်ရဲ့ရင်ထဲကလရောင်ဖြူလေးမဟုတ်လား။


အာဏာရှင်လေး(ရှောင်ပါ့) ၊ ကုစစ်နှင့်ယွီမင်ရှို့ကြားကအရှုပ်အထွေးကိုပြောရရင် ၎င်းဟာလည်းခွေးသွေးဆက်ဆံရေးဖြစ်သည်။


ရိုးရိုးရှင်းရှင်းပြောရရင် ရှောင်ပါ့အလွန်ငယ်ရွယ်စဥ် ကမ်းခြေမှာတစ်ခါသွားကစားတုန်းက ခရုခွံကောက်နေစဥ်မှာ အလှလေးတစ်ယောက်ကိုမတော်တဆကောက်ရခဲ့သည်၊ ၎င်းမှာကုစစ်ဖြစ်ပေ၏။


ရှောင်ပါ့ကားအမြဲတစေပိန်ပါးကာအကောင်သေးပေမဲ့ သူဟာသူ့အဖေကိုမကြာခဏအလုပ်ကူပေးသောကြောင့် သူဟာမထင်မှတ်ထားစွာဖြင့်သန်မာပေရာ ဒဏ်ရာရထားသည့်အလှလေးကိုအိမ်ကိုသယ်သွားခဲ့သည်။


လင်ပါးပါးမှာရိုးသားသောငါးဖမ်းသမားဖြစ်သည်။ သူကသူ့သားကလေးလေးကိုပြန်သယ်လာတာကိုမြင်လိုက်ရချိန်သိသိသာသာကိုတောင့်တင်းသွားခဲ့သည်။ စုံတွဲမှာဆိုးဝါးသောဆက်ဆံရေးရှိသဖြင့် ကမ်း​​ခြေမှာကစားနေတုန်းရုတ်ခြည်းအချင်းများကြကာ ဒေါသဖြင့်ကလေးကိုထိုကဲ့သို့ပျောက်သွားခဲ့တာဖြစ်သည်။


"သူတို့ကငါ့ကိုသဘောမကျလို့ ငါ့ကိုမလိုချင်တော့ဘူး။"

ကုစစ်ကမျက်လွှာချကာ ခပ်တိုးတိုးပြောလာသည်။

"ငါ့ကိုဘယ်သူမှသဘောမကျဘူး။"


သူကားဖြူဖွေးကာသန့်ရှင်းပြီး မျက်တောင်ထက်မျက်ရည်စက်များဖြင့် အလွန်ချစ်စရာကောင်းလှသည်။


ရှောင်ပါ့မှာဂုဏ်မာနအပြည့်ပင်ဖြစ်ရာ သူ့ရင်ဘတ်လေးကိုချက်ချင်းပုတ်ပြီးပြောလိုက်သည်။

"ဘယ်သူပြောတာလဲ။ ငါမင်းကိုသဘောကျတယ်၊ ငါမင်းကိုလိုချင်တယ်!"


ရဲကိုဆက်သွယ်ပြီးက​လေး၏သရုပ်မှန်ကိုစုံစမ်းရန်အချိန်ယူရသောကြောင့် အလှလေးကရှောင်ပါ့၏နေအိမ်မှာရက်အနည်းငယ်ကြာနေထိုင်သွားခဲ့သည်။ တစ်နေ့သူတို့ခွဲခွာကြာချိန်တွင် ကလေးနှစ်ယောက်မှာတစ်ယောက်ကိုတစ်ယောက်အသက်ပေးရန်ကတိသစ္စာပြုထားခဲ့ကြပြီဖြစ်ကာ လက်ကလေးများဆုပ်ကိုင်လျက် မျက်ရည်ဝေ့သောမျက်လုံးများဖြင့် သူတို့ကိုဆွဲခွာလို့မရပေ။


ဒါပေမဲ့အဆုံးတွင် ဒါတွေအားလုံးမှာကလေးစကားများသက်သက်ဖြစ်သည်။ အလှလေးAမြို့တော်ကိုပြန်သွားပြီးသိပမကြာခင်မှာ သူ၏စိတ်ပိုင်းဆိုင်ရာချို့ယွင်းနေသည့်မိခင်ထံမှတွန်းချခံလိုက်ရပြီး မတော်တဆဦးခေါင်းကိုထိမိကာ ရှောင့်ပါ့နှင့်ပတ်သတ်ပြီးမေ့သွားခဲ့သည်။


ရှောင်ပါ့ကတော့သူ့ရင်ထဲမှာလရောင်ဖြူရှိမှန်းမှတ်မိသဖြင့် သူဒီအကြောင်းပြချက်ကြောင့်စာသင်ရန်Aမြို့တော်ကိုပြောင်းရွှေ့လာခဲ့သည်။ ဒါပေမဲ့သူ့အမြင်အာရုံကမကောင်းဘဲ ယွီမင်ရှို့ကိုလရောင်ဖြူလေးဟုမှားယွင်းယူဆကာ ယွီမင်ရှို့ကိုအချိန်အတော်ကြာစိတ်အားထက်သန်စွာလိုက်လံပိုးပန်းခဲ့သည်။


လင်ခုံးလု: "ဒါငါ့အမှားမဟုတ်ဘူးနော်၊ ဇာတ်ညွှန်းကငါမှားဝန်ခံအောင်လုပ်ခဲ့တာ။"


0687: "...."


လင်ခုံးလု: "ပြီးတော့ကုစစ်ကကောမမှားလို့လား။ ဘယ်သူကငါသူ့ကိုပေးခဲ့တဲ့လက်ကောက်ကိုယွီမင်ရှို့ကိုပေးဖို့ပြောခဲ့လို့လဲ။ သူကအမြဲမှတ်ဉာဏ်ပျောက်နေတော့တာပဲ။"


အမှန်ပင်၊ အရင်ဘဝမှာ ရှောင်ပါ့ကလေးဘဝတုန်းကအချိန်ဆီတိုက်ရိုက်ကူးပြောင်းသွားခဲ့ပြီး အရွယ်ရောက်လာချိန်မှာ သူဇာတ်ကြောင်းအရလူမှားမှတ်မိခဲ့သည်။ သူကယွီမင်ရှို့ကိုလရောင်ဖြူလေးဟုယူဆပြီး ကုစစ်ကိုအစားထိုးခံအဖြစ်ယူဆခဲ့သည်။ ရလဒ်အနေဖြင့် ကုစစ်နှင့်ယွီမင်ရှို့တို့နှစ်ဦးစလုံးကသူ့ကိုမကြိုက်ပေ။


ထိုတင်မကသေး၊ ယွီမင်ရှို့ကလည်းကုစစ်ကိုကြိုက်သည်။ သူကတော့သူတို့နှစ်ယောက်ကြားမှာညှပ်နေခဲ့သည့်အမြှောက်စာဇာတ်ကောင်သာဖြစ်ပြီး သူ့တည်ရှိမှု၏တစ်ခုတည်းသောလုပ်ဆောင်မှုမှာကုစစ်၏နှလုံးသားကိုနှိပ်စက်ညှင်းပန်းရန်ဖြစ်ပြီး ထို့နောက်သူ့မျက်နှာဖြတ်ရိုက်ခံရကာဒေဝါလီခံခဲ့ရသည်...


အရင်ဘဝမှာသူကအမြဲကောင်းကောင်းမွန်မွန်သရုပ်ဆောင်ခဲ့ပါရက်နှင့် သူနေ့လယ်စာဘူးရတော့မည့်အချိန်မှာ ယွီမင်ရှို့ကဘယ်ကြွက်သားမှားယွင်းနေမှန်းမသိ လမ်းမပေါ်မှာနေနေသည့်သူ့ကိုရုတ်ခြည်းဖမ်းဆီးကာသူ့ကိုဗီလာထဲမှာပိတ်လှောင်ထားခဲ့သည်။ သူကဘာမှမလုပ်ဘဲဒီအတိုင်းတိတ်တဆိတ်စူးစမ်းနေပုံမှာနာမကျန်းဖြစ်နေသည့်အလား။


ဒါပေမဲ့ရိုးရိုးသားသားပြောရရင် သူထိုရက်အနည်းငယ်မှာစားစရာနှင့်သောက်စရာရှိခဲ့ပြီး အတော်လေးသက်တောင့်သက်သာဖြစ်စွာနေထိုင်ခဲ့ရသည်။ သူသာနေ့လယ်စာဘူးရဖို့အလျင်စလိုဖြစ်ပြီး ပြတင်းပေါက်ပေါ်ကျော်တက်ကာ ပြေးထွက်ပြီးကားတိုက်မခံခဲ့လို့ရှိရင် လင်ခုံးလုရက်အနည်းငယ်ပိုကြာကြာနေထိုင်နိုင်သည်။


ဒါပေမဲ့၎င်းမှာအတိတ်ဘဝကဖြစ်ပြီး အခုဆိုသူ့မှာချစ်သူဖြစ်နေပြီမို့ စိတ်ပိုင်းဆိုင်ရာညှင်းဆဲမှုမလုပ်ချင်တော့ပေ။


ဒါကိုတွေးမိရင်း လင်ခုံးလုမျက်လွှာချကာအနောက်လှည့်ပြီးထွက်သွားဖို့ပြင်လိုက်သည်။


ဥက္ကဌငယ်လေးတချို့မှာယွီမင်ရှို့ကိုမြင်လိုက်ရတော့ သူတို့မျက်လုံးများတောက်ပသွားကြကာ သူ့ကိုနွေးထွေးစွာနှုတ်ဆက်လိုက်ကြသည်။


ဒါပေမဲ့ယွီမင်ရှို့ကလူအုပ်ကိုဖြတ်ကျော်ကာ လင်ခုံးလုဆီလျှောက်သွားပြီး လက်ဆန့်ကာအပြုံးတစ်ပွင့်နှင့်ဆိုလာသည်။

"ဒါကဖေးလုအုပ်စုရဲ့ဥက္ကဌလင်မဟုတ်လား။ ကိုယ်မင်းကိုသိတာကြာပြီ။ တွေ့ရတာဝမ်းသာပါတယ်။"


လင်ခုံးလုမျက်ခုံးပင့်မိကာ တစ်ခုခုမှားနေမှန်းခံစားမိလိုက်သည်။


အရင်ဘဝက သူစောစီးစွာထွက်သွားခဲ့သဖြင့် ဒီတစ်ခေါက်လိုမျိုးယွီမင်ရှို့ဒီညီလာခံကိုတက်ရောက်ခဲ့လားသူမသိပေ။ ဒါပေမဲ့သူသေချာတာကတော့ယွီမင်ရှို့ကအခုလိုမျိုးသဘောကောင်းသောလေသံဖြင့် လက်ဦးမှုရယူပြီးသူ့ကိုနှုတ်ဆက်လိမ့်မည်မဟုတ်။


အရင်ဘဝက ဥက္ကဌယွီမှာသူ့ကိုအမြဲတမ်းအလွန်မုန်းတီးခဲ့သည်။ သူ့ကိုမြင်ရတိုင်း သူကမျက်မှောင်ကြုတ်ကာဝေးဝေးသာနေလိမ့်မည်ဖြစ်ပြီး သူ့အနားလုံးဝချဥ်းကပ်လာလိမ့်မည်မဟုတ်။


လင်ခုံးလုသူနှင့်တစ်ခုခုလုပ်ဖို့မရည်ရွယ်ထားပေမဲ့ အခုတော့သူ့အခြေအနေကိုအနည်းငယ်သိချင်သွားမိသည်။ ထို့အပြင် သူကသူ့လက်ကိုဆက်တိုက်ဆန့်ထုတ်ကာပြုံးနေပြီး ရပ်ကြည့်နေသည့်လုများစွာရှိနေသည်။ လင်ခုံးလုနောက်ဆုံးလက်ဆန့်ကာယဥ်ကျေးစွာပြောလိုက်သည်။

"တွေ့ရတာဝမ်းသာပါတယ်။"


ဒါပေမဲ့သူတို့လက်ကိုင်လိုက်သည့်အခိုက်---


"တင်၊ ပစ်မှတ်ရဲ့နှစ်သက်မှုနှန်း၉၉၊ မကောင်းတဲ့စိတ်တန်ဖိုး၉၉။"


လင်ခုံးလု: "?!!!"


0687: "!!!"


"ဖာ့ခ်၊ ဘယ်လိုအခြေအနေကြီးလဲ။" လင်ခုံးလုအသံမပြုရသေးခင် စနစ်ကအထိတ်အလန့်ပြောလာသည်။


လင်ခုံးလု: "....." ငါကမင်းကိုဘာဖြစ်သွားလဲမေးချင်နေတာရယ်။


0687: "ဇာတ်လိုက်နှစ်ယောက်ရှိတာလား။"


"မဟုတ်ဘူး။" လင်ခုံးလုချက်ချင်းငြင်းဆိုလိုက်သည်။


သူ့ရင်ထဲမှာရှော့ခ်ရနေပေမဲ့ မျက်နှာထက်ထုတ်မပြပေ။


လက်ဆွဲနှုတ်ဆက်တုန်းက သူယွီမင်ရှို့၏ကိုယ်ထဲမှာသူ့ချစ်သူ၏စိတ်ဝိညာဥ်ကိုခံစားမိခဲ့ပေမဲ့ သိပ်မသိသာဘဲ အနည်းငယ်ပင်အားနည်းနေတာမို့ အပိုင်းအစငယ်လေးတစ်ခုသာဖြစ်လိမ့်မည်။


ဒါပေမဲ့ယွီမင်ရှို့၏စိတ်ဝိညာဥ်ကပြည့်စုံသည့်အပြင် သူ့အရှိန်အဝါမှာသူ့ချစ်သူဟာနှင့်မတူပေ။ သူတို့သေချာပေါက်တစ်ယောက်ထဲမဟုတ်ပေ။


ကမ္ဘာတစ်ခုချင်းစီတိုင်းမှာသူ့ချစ်သူ၏စိတ်ဝိညာဥ်ကမပြည့်စုံမှန်း လင်ခုံးလုတကယ်တော့သိတာကြာပြီဖြစ်သည်။ သူတစ်ဖက်လူကိုအောင်နိုင်ပြီး သူနှင့်အတူတစ်ဘဝလုံးနေထိုင်ချိန်မှာ တစ်ဖက်လူကသူ့စွမ်းအားကိုသူ့ဆီပေးလိုက်ပြီး စိတ်ဝိညာဥ်အပိုင်းအစများကနောက်ကမ္ဘာတစ်ခုဆီမျောလွင့်သွားကာ နောက်ကမ္ဘာကအပိုင်းအစနှင့်ပေါင်းစည်းဖို့ရန်စောင့်နေလိမ့်မည်။


ထို့ကြောင့် သူကမ္ဘာများများအောင်နိုင်လေလေ ပဟေဠိကဲ့သို့ပင် သူ့ချစ်သူ၏စိတ်ဝိညာဥ်ကပိုပြီးပြည့်စုံသွားလိမ့်မည်။ 


ဒါပေမဲ့ကမ္ဘာတစ်ခုချင်းစီမှာ ဒီကမ္ဘာ၏မူရင်းအပိုင်းအစသာလျှင်ခန္ဓာကိုယ်ကိုထိန်းချုပ်နိုင်သည်။


ဒီကမ္ဘာကကုစစ်လိုမျိုးပင်။ သူ့ကိုယ်ထဲကလန်ဇယ်နှင့်ကျန့်စစ်ကဲ့သို့သောအခြားကမ္ဘာကအပိုင်းအစများရှိသော်ငြား ထိုအပိုင်းအစများကပေါင်းစည်းသွားပြီမို့အိပ်ပျော်နေပေကာ ကုစစ်သာလျှင်အသိစိတ်ရှိသည်။


ဒီတော့ယွီမင်ရှို့ကိုယ်ထဲကအပိုင်းအစမှာကုစစ်ပိုင်ဆိုင်တာဖြစ်ရမယ်၊ ဒါပေမဲ့ကုစစ်ရဲ့အပိုင်းအစကဘယ်လိုလုပ်ယွီမင်ရှို့ကိုယ်ထဲရောက်သွားရတာလဲ။


အရင်ဘဝကသူသေပြီးနောက်ပိုင်းမှာဖြစ်ခဲ့တဲ့အရာကြောင့်များလား။


မဟုတ်ရင် ကုစစ်ရဲ့အပိုင်းအစကဘယ်လိုလုပ်နောက်တစ်ပိုင်းကွဲထွက်သွားမှာလဲ။ ကံကောင်းချင်တော့ နှစ်သက်မှုနှုန်းနှင့်မကောင်းတဲ့စိတ်တန်ဖိုးကအလွန်အမင်းမြင့်မားနေတာ မျက်လုံးနီကျန့်နှင်ဆင်တူတယ်။ သူတို့ဒီလိုကွဲထွက်သွားတာ ကုစစ်အပေါ်ဘာမှမဖြစ်လောက်ဘူးမလား။


လင်ခုံးလုစိတ်ပူသွားရသည်၊ အစကသူယွီမင်ရှို့နှင့်အသာလက်ဆွဲနှုတ်ဆက်ပြီးနောက်လွှတ်ပေးလိုက်ဖို့စီစဥ်ထားပေမဲ့ စမ်းသပ်ဖို့အတွက် သူအနည်းငယ်ပိုမိုတင်းကြပ်ပြီးအနားတိုးကပ်ကာ အားနည်းသောအပိုင်းအစကိုသေချာလေးခံစားကြည့်ချင်မိသည်။


"တင်၊ ပစ်မှတ်ကရှာဖွေမှုစက်ကွင်းထဲမှာမရှိပါ။"


လင်ခုံးလုထိတ်လန့်သွားပေမဲ့ ကံကောင်းစွာဖြင့်0687ကပြောလာသည်။

"တင်၊ ပစ်မှတ်ရဲ့နှစ်သက်မှုနှုန်း၉၉၊ မကောင်းတဲ့စိတ်တန်ဖိုး၉၉။"


လင်ခုံးလု: ဟင်း၊ ဘာမှမဖြစ်ဘူးပဲ၊ ကြည့်လေ၊ ဒီတိုင်းဗလာကျင်းနေရုံပဲ။


သူလက်ကိုလွှတ်ပေးလိုက်ပေမဲ့ ယွီမင်ရှို့ကိုထပ်ကြည့်မိချိန်မှာ သူ့မျက်နှာထားမှာလည်းမထူးခြားမခြားနားပင်။


ယွီမင်ရှို့မျက်ခုံးအသာပင့်လိုက်မိသည်။ လင်ခုံးလုသူ့ကိုစမ်းသပ်နေတုန်းက သူဟာလင်ခုံးလုကိုစူးစမ်းနေတာဖြစ်သည်။


သူဘာဖြစ်နေမှန်းနားမလည်တော့ပေ၊ သူအရင်ကလင်ခုံးလုကိုလုံးဝအရေးမစိုက်ဘဲသူ့ကိုအနည်းငယ်ပင်စိတ်ပျက်ခဲ့ပေမဲ့ အခုတော့သူအကြောင်းမဲ့နီးစပ်ချင်လာသည်၊ နီးစပ်ပြီးရင်....


"ပလွတ်"ခနဲ သူရုတ်ခြည်းသူ့ဒူးများကိုထိန်းချုပ်မရတော့ဘဲ ကြမ်းပြင်ပေါ်ဒူးထောက်ကျသွားကာ လင်ခုံးလုရှေ့မှာဒူးတစ်ဖက်ထောက်လိုက်သည်။


လင်ခုံးလု: "???"


ပတ်ဝန်းကျင်ရှိလူများ: "!!!"


ဒီ....ဥက္ကဌယွီကဗြုန်းစားကြီးဒူးတစ်ဖက်ထောက်လိုက်တာ သူဘာလုပ်နေတာလဲ။ မင်းဥက္ကဌလင်ကိုပရိုပို့စ်လုပ်ချင်တာလား။


ဒါပေမဲ့ ယွီမင်ရှို့ကဒူးတစ်ဖက်ထောက်တာမဟုတ်ဘဲ သူကရှင်းရှင်းလင်းလင်းကိုဒူးနှစ်ဖက်ထောက်ချင်ပေမဲ့ နောက်ဆုံးအခိုက်အတန့်မှာ သူ့ခြေထောက်တစ်ဖက်ကရုတ်ခြည်းရပ်တန့်သွားတာကို လင်ခုံးလုသေချာမြင်လိုက်သည်။


လင်ခုံးလုအမြန်ဘေးရွှေ့လိုက်မိသည်၊ သူ့မှာနှစ်ကုန်(သို့)ပွဲတော်အတွက်စာအိတ်နီမရှိပေ။


ယွီမင်ရှို့၏မျက်နှာမှာသိသိသာသာကိုစိမ်းဖန်လျက်၊ သူ့ဒူးကားကြမ်းပြင်ပေါ်မှာသံရိုက်ထားသ​ယောင်။ သူအံကြိတ်ကာအကြာကြီးရုန်းကန်လိုက်ရပြီးမှ သူ့ကိုယ်သူရုတ်ခြည်းထိန်းချုပ်နိုင်သွားကာတွန့်ဆုတ်စွာထရပ်လိုက်သည်။


တစ်ခုခုမှားနေသည်ဟုသူပိုမိုခံစားသထက်ခံစားလာရကာ လင်ခုံးလုကိုကြည့်လိုက်ပြီး ဖျစ်ညှစ်ပြုံးကာပြောလိုက်မိသည်။

"ကိုယ်ဥက္ကဌလင်ကိုညစာအတူစားဖို့တောင်းဆိုချင်တာ၊ ဥက္ကဌလင်လက်ခံမလားသိချင်မိတယ်။"


ပတ်ဝန်းကျင်ရှိလူများ: "အိစ်!" ဒီဥက္ကဌယွီကဥက္ကဌလင်ကိုတကယ်လိုက်နေတာလား။


ဟုတ်တာပေါ့၊ လင်ခုံးလုသူ့ကိုမျက်နှာသာမပေးချင်ပေမဲ့ တစ်ဖက်လူ၏ကိုယ်ထဲမှာကုစစ်၏အပိုင်းအစရှိနေတာကိုတွေးမိတော့ သူတစ်အောင့်ကြာတုံ့ဆိုင်းသွားပြီးမှခေါင်းငြိမ့်ကာပြောလိုက်သည်။

"ရပါတယ်။"


0687: "မင်းဇာတ်လိုက်နဲ့ညစာအတူစားဖို့အိမ်ပြန်ချင်တယ်မပြောခဲ့ဘူးလား။"


လင်ခုံးလု: "ဒါ....အမှန်တော့ ငါပြန်မသွားရင်လဲ ငါသူ့ကိုအဖော်ပြုနေတုန်းပါပဲ။"


0687: "?"


ဒါပေမဲ့ကုစစ်ကိုတစ်ခုခုရှင်းပြရပေမည်။ သူဖုန်းထုတ်လိုက်တော့ တစ်ဖက်လူ၏ဖုန်းနံပါတ်ကိုမမှတ်ထားမှန်းရုတ်ခြည်းသတိရသွားသည်။ သူတုံ့ဆိုင်းသွားကာ သူ့လက်ထောက်ရှောင်စုန့်ကိုဆက်သွယ်ပြီးပြောလိုက်သည်။

"ယန်းစစ်ကိုငါ့ကိုယ်စားပြောလိုက်၊ ငါဒီညအစည်းအဝေးရှိလို့ ညစာပြန်မစားဖြစ်ရင် ကိုယ့်ဘာသာကိုယ်တစ်ယောက်ထဲစားလိုက်လို့။"


ကုစစ်ကဒီဗီလာတဝိုက်နှင့်အလွန်ရင်းနှီးသည်။ သူအရင်ဘဝဒီမှာနေတုန်းက မကြာခဏစူပါမားကတ်ကိုသွားကာ အသီးအရွက်ဝယ်ပြီးချက်ပြုတ်ကာ စပွန်ဆာလေးပြန်လာချိန်ကျအတူစားလေ့ရှိသည်။


ဒီကိစ္စများကိုကုမိသားစုသာသိသွားရင် သူတို့မေးရိုးများအလန့်တကြားပြုတ်ကျသွားလိမ့်မည်ပင်။ ကုစစ်ရဲ့လက်များကစာရင်းနဲ့လက်မှတ်ထိုးဖို့ပဲကို သူဘယ်အချိန်ချက်ပြုတ်မှာလဲ။ အဓိကအချက်ကတစ်ယောက်ယောက်ကသူ့ကိုချက်ခိုင်းရဲတယ်လား။


သို့သော်လည်း အရင်ဘဝကကုစစ်မှာလင်ခုံးလုအတွက်ချက်ပြုတ်ရတာကိုသဘောကျသည်။ အစပိုင်းတုန်းကဆိုရင် သူတို့မှာအတူနွေးထွေးသောအချိန်ရှိခဲ့ပြီး ယွီမင်ရှို့ပေါ်လာတော့....


ကုစစ်မီးဖိုခန်းမှာကျွမ်းကျင်ပြီးတင့်တယ်သောလှုပ်ရှားမှုဖြင့်အသားခုတ်နေပေမဲ့ ယွီမင်ရှို့ကိုတွေးမိသွားချိန် ရုတ်တရက်စဥ့်နီတုံးပေါ်ကျယ်လောင်စွာခုတ်လိုက်မိသည်။


ထိုစဥ်ရှောင်စုန့်ကဖုန်းခေါ်ကာ စီးပွားရေးအပြုအမူဖြင့်ပြောလာသည်။

"ဥက္ကဌလင်ဒီနေ့ပြန်လာမှာမဟုတ်လို့ မင်းညစာကိုမင်းဘာသာမင်းအရင်စားနှင့်လို့ရတယ်။"


ကုစစ်: "....."


သူဓားကိုစဥ့်နီတုံးပေါ်"ဘန်း"ခနဲခုတ်ကာ မျက်နှာသေဖြင့်ပြောလိုက်သည်။

"ပြန်မလာဘူး? သူဘယ်သွားနေလို့လဲ။"


ရှောင်စုန့်မှာအသားခုတ်သံကြောင့်တောင့်တင်းသွားရပြီး သူ့အသံမှာထစ်အသွားကာပြောလိုက်မိသည်။

"ငါ ငါမသိဘူး၊ ဥက္ကဌလင်ကအစည်းအဝေးရှိတယ်လို့ပဲပြောတယ်။"


အစည်းအဝေး?


ကုစစ်မည်းမှောင်သောမျက်နှာဖြင့်ဖုန်းချပစ်လိုက်သည်။ အရင်ဘဝကဒီနေ့မှာ ရွှေသခင်လေးမှာနေ့လယ်ခင်းစီးပွားရေးညီလာခံအပြင် တစ်ခုခုတက်စရာရှိလားသူမမှတ်မိပေ။


ပြီးတော့အရင်ဘဝမှာ တစ်ဖက်လူကညီလာခံတက်ပြီးမမှောင်ခင်ပြန်လာခဲ့သည်။ ဒီတော့ဒီဘဝကအရင်ဘဝကလောက်မကောင်းဘူးလား။


စဥ့်နီတုံးပေါ်ကတစ်ဝက်ခုတ်ထားသောအသားကိုကြည့်မိပြန်တော့ ကုစစ်လှောင်ပြုံးပြုံးမိကာ အနောက်လှည့်ပြီးဧည့်ခန်းဆီပြန်သွားကာ အနီးနားရှိကြယ်ငါးပွင့်ဟိုတယ်ကိုတိုက်ရိုက်ဖုန်းခေါ်ပြီးတည်ငြိမ်စွာပြောလိုက်သည်။

"မင်းတို့ဆီကစျေးအကြီးဆုံးဟင်းပွဲကိုယူလာခဲ့၊ မ​မေ့နဲ့၊ စျေးအကြီးဆုံးနော်!"


ဖုန်းခေါ်ဆိုမှုပြုပြီးနောက် သူဖုန်းကိုဘေးကိုပစ်ချကာရယ်မောလိုက်သည်။


ချက်ပြုတ်တယ်? သူကမွေးစားခံထားရတာဆိုရင် သူပိုက်ဆံဖြုန်းရမှာပေါ့။


ဗဟိုမြို့တော်ကဟိုတယ်၏ကားပါကင်မှာ ယွီမင်ရှို့ကကားတံခါးဖွင့်ပြီး လင်ခုံးလုကိုကြည့်ကာအကြုံပြုလာသည်။

"ဥက္ကဌလင်၊ ကိုယ့်ကားနဲ့သွားမလား။"


သူနီးကပ်သွားဖို့လင်ခုံးလုတွေးလိုက်သည်၊ ဒါမှ အပိုင်းအစဘာဖြစ်နေမှန်းသူခံစားကာ ကုစစ်အတွက်ဘယ်လိုပြန်ယူရမလဲအဖြေရှာနိုင်မှာဖြစ်သည်။ သူခေါင်းငြိမ့်ရန်ပြင်လိုက်စဥ် ဖုန်းကရုတ်တရက်တုန်ခါလာသည်။


သူအလိုလိုဖုန်းယူကြည့်လိုက်မိသည်။


၎င်းမှာဘဏ်ကပို့လိုက်သည့်သုံးစွဲမှုပြေစာဖြစ်သည်။


ဒါပေမဲ့အကြောင်းအရာကိုဖတ်ပြီးနောက် သူ့မျက်နှာတမဟုတ်ချင်းစိမ်းဖန်သွားရော့သည်။


တစ် တစ်သောင်း? ဟိုတယ်ညစာမှာတာ?


"ဥက္ကဌလင်?" ယွီမင်ရှို့ဘာကြောင့်မှန်းမသိ သူ့ကိုထပ်မံအသိပေးလိုက်မိသည်။


လင်ခုံးလုမှာဖော်ရွေရန်စိတ်အခြေအနေရှိမနေဘဲ သူ့နှလုံးသားမှာတုန်ခါလာလျက် ရုတ်တရက်ပြောလိုက်သည်။

"စိတ်မရှိပါနဲ့ ကျွန်တော့်အိမ်မှာချက်ထားတာရှိလို့ ကျွန်တော်အိမ်ပြန်စားမှဖြစ်မယ်။"


ကုစစ် သူ သူ....သူဒီလောက်အများကြီးမှာပြီးတော့ စျေးကြီးကြီးနဲ့ပေးဝယ်ပြီး သူ့ဘာသာသူအကုန်ကုန်အောင်စားနိုင်လို့လား။


________________________________