Chapter(76)
Viewers 10k

တစ်သိန်း၊ သူကနဂါးအသည်းနဲ့ဖီးနစ်ရိုးတွင်းခြင်ဆီစားနေတာမို့လို့လား။ ဘာပဲဖြစ်ဖြစ် သူခဏတာဒုက္ခရောက်ခဲ့ရတော့ လုံ့လံဝိရီယရှိဖို့နဲ့ချွေတာတတ်ဖို့မသင်ခဲ့ရဘူးပဲ။"

ဗီလာအပြန်လမ်းမှာ လင်ခုံးလုတစ်ယောက်ကြေကွဲလျက်။


0686: "....စျေးကြီးတာကတော်တော်လေးစျေးကြီးတယ်ဆိုပေမဲ့ မင်းတို့လိုဘောစိတွေအတွက်ဘာမှမဖြစ်ဘူးမလား။ အရင်ဘဝတုန်းကဆို မင်းကိုညစာအမြဲဖိတ်ကျွေးခဲ့တာလေ။ ဝိုင်နီတစ်ပုလင်းကယွမ်တစ်သိန်းတန်တယ်မဟုတ်ဘူးလား။"


လင်ခုံးလု: "မင်းလည်းသူငါ့ကိုဖိတ်ကျွေးတယ်ပြောတယ်နော်?"


0687: "ဒါပေမဲ့နောက်တော့မင်းပြန်ဖိတ်ကျွေးခဲ့တာ၊ စျေးတူတူလောက်ပဲ။"


"ဒါပေမဲ့အဲ့ဒါကကုမ္ပဏီရဲ့ပိုက်ဆံမဟုတ်လား။" လင်ခုံးလုတုန်ရီနေသောအသံဖြင့်ပြောမိသည်။

"သူကငါ့ကိုယ်ပိုင်ပိုက်ဆံကိုသုံးသွားတာကွ။"


0687: "....."


"မင်းတို့နောက်ပိုင်းအတူရှိတဲ့အခါကျရင် သူ့ပိုက်ဆံကမင်းပိုက်ဆံဖြစ်လာမှာပဲကို။"

0687နှစ်သိမ့်ပေးလိုက်သည်။

"မင်းသူပိုက်ဆံကိုထပ်ဖြုန်းရင် မင်းအမြတ်ပြန်ရတာပေါ့။"


"အဓိပ္ပါယ်ရှိတယ်။"

လင်ခုံးလုအသာနှစ်သိမ့်ခံလိုက်ပေမဲ့ အဆုံးတွင် သူဆုံးရှုံးလိုက်ရတာကတကယ့်ပိုက်ဆံအစစ်ဖြစ်သည်ပင်။


"သူပြောင်းလဲသွားပြီ၊ အရင်ဘဝကသူဒီလောက်အသုံးအဖြုန်းမကြီး..."

လင်ခုံးလုကြေကွဲသွားရပြန်ပေမဲ့ စကားအလယ်မှာတစ်ဆို့သွားရသည်။


0687: "!"


စနစ်မှာသိသိသာသာကိုတစ်ခုခုသဘောပေါက်သွားပြီး နှောင်းမှပြောလာသည်။

"ဇာတ်လိုက်ကပြန်မွေးဖွားလာပြန်တာလား။"


"အဲ့ထက်ပိုရမယ်။" လင်ခုံးလုစိတ်အေးအေးထားကာပြောလိုက်သည်။

"အရင်ဘဝကငါသေဆုံးပြီးနောက်ပိုင်းမှာ တစ်ခုခုဖြစ်သွားခဲ့တာနေမယ်။"


အရင်ဘဝကကုစစ်၏ပင်ကိုယ်စရိုက်နှင့်ကုစစ်သူ့ကိုမုန်းသည့်အချက်ကြောင့် ကုစစ်ကပြန်မွေးဖွားလာပုံမရဟုသူအရင်ကအဖြေထုတ်ခဲ့ပေမဲ့ ယွီမင်ရှို့ကိုယ်ထဲကအပိုင်းအစကသူ့အရင်ကအတွေးအခေါ်ကိုပြောင်းပြန်လှန်လိုက်သည်။


မကောင်းတဲ့စိတ်တန်ဖိုးနှင့်နှစ်သက်မှုနှုန်း၉၉ကတော့ဖြင့် အရင်ဘဝကသူ၏သေဆုံးမှုနောက်ပိုင်းမှာ တစ်ဖက်လူကသူ့ကိုအလွန်နက်ရှိုင်းစွာချစ်မိသွားသဖြင့် သဘာဝအလျောက်မကောင်းတဲ့စိတ်ဖြစ်ပေါ်လာသည့်အချက်ကြောင့်ဖြစ်လောက်မည်။


အရင်ဘဝမှာကုစစ်ကသူ့ကိုချစ်မိသွားလို့ ပြန်မွေးဖွားလာပြီးနောက်ပိုင်းမှာသူဒီလိုဖြစ်လာတာဆိုရင် နားလည်ပေးနိုင်သည်....


မဟုတ်ဘူး၊ သူနားမလည်နိုင်သေးဘူး၊ သူဘာလို့တစ်နပ်စာကိုယွမ်တစ်သိန်းကျော်အောင်စားရတာလဲ။ မင်းနေ့တိုင်းဒီစျေးနှုန်းကိုစားဖို့တော့မလိုဘူးမလား။ ဒါဆိုသူမတတ်နိုင်တော့ဘူးနော်!


0687ကတိတ်တခိုးရှာဖွေကြည့်ပြီးနောက် နောင်တဖြင့်တင်ပြလာသည်။

"အရင်ဘဝရဲ့လက်ကျန်ပုံရိပ်မရှိဘူး။"


"ဒါဆိုလဲထားလိုက်တော့။" လင်ခုံးလုဝမ်းနည်းစွာပြောလိုက်သည်။ "အိမ်ပြန်ပြီးအရင်စားတာပေါ့။"


သူအများကြီးမှာပြီး ကုန်အောင်မစားနိုင်ရင်အလဟဿဖြစ်သွားလိမ့်မယ်၊ သူကငွေချေဖို့တွန်းအားပေးခံခဲ့ရတာမို့ သူအမြန်ပြန်ပြီးအတူစားရမယ်။


လင်ခုံးလုကိုယ်တိုင်ကားမောင်းကာ ဗီလာကိုအမြန်ဆုံးအရှိန်ဖြင့်အပြေးအလွှားပြန်သွားလိုက်သည်။ သူတံခါးမှဝင်သွားသည်နှင့် ကုစစ်ကစားပွဲခင်းနေပြီး စမစားရသေးတာကိုမြင်လိုက်ရသည်။


လင်ခုံးလု: တော်သေးတယ်၊ ကံကောင်းလိုက်တာနော်၊ ငါဒီကောင်မစားရသေးတာကိုမှီလိုက်လို့။


အာဏာရှင်ဥက္ကဌမှာသက်မချလိုက်မိပြီး စားပွဲထံတည်ငြိမ်သောခြေလှမ်းများဖြင့်လျှောက်သွားကာ စားပွဲပေါ်ကဟင်းပွဲများကိုတစ်ချက်ကြည့်ပြီး သူ့မျက်လုံးမှာမသိလိုက်မသိဘာသာတောက်ပသွားရော့သည်။


တစ်သောင်းတန်ညစာဖြစ်ရန်တန်သည်ဟုပြော၍ရသည်။ ၎င်းကလူတို့ကိုအလွန်စားချင်စိတ်ဖြစ်စေပြီး ပုံစံမှာလည်းလက်ရာမြောက်လှသည်။ အကြည့်တစ်ချက်တည်းဖြင့်ပိုက်ဆံနံ့ရနိုင်သည်၊ ဒါက....အများကြီးမှာထားတာပဲ။


မင်းညဘက်ဒီလောက်အများကြီးစားပြီး အစာချေရအုံးမှာဆိုတော့ မင်းမအိပ်တော့ဘူးလား။


လင်ခုံးလုသူ့အသည်းလေးကိုပွတ်သပ်ငါ တစ်ဖန်နာကျင်စပြုလာပြန်သည်။


ကုစစ်မှာသူဒီလောက်မြန်မြန်ရောက်လာမည်ဟုမထင်ထားမိပေရာ အကြောင်းရင်းကိုစဥ်းစားမိကြည့်တော့ မရယ်မိဘဲမနေနိုင်ပေ။


ထားလိုက်တော့၊ ရှောင်ပါ့ကဒီလောက်ကပ်စေးနည်းတာ၊ သူမနက်ဖြန်ယွီဟုန်ကိုဖုန်းခေါ်ပြီး ကုအုပ်စုမှာလတ်တလော ရှောင်ပါ့အတွက်သင့်တော်တဲ့ပရောဂျက်ရှိလားမေးကြည့်လိုက်မယ်၊ ဒါမှ ဒီကောင်လေးပိုအမ်းနိုင်မှာ။


သူတိတ်တခိုးခေါင်းခါလိုက်မိပြီးမှ ထိုင်ခုံကိုဆွဲထုတ်ပြီး လင်ခုံးလုကိုဖိချကာထိုင်စေပြီးနောက် သိတတ်သောအစားထိုးခံလေးပမာသရုပ်ဆောင်ကာ ပန်းကန်များဆင်ပြီး သူ့ကိုသေချာဆက်သလိုက်သည်။


"ရှောင်လု....ဘာလို့အစောကြီးပြန်လာတာလဲဟင်? ဟိုမှာအစည်းအဝေးရှိတယ်လို့မပြောခဲ့ဘူးလား။" 

သူလင်ခုံးလုရှေ့ကို ပင်လယ်သခွားစွပ်ပြုတ်ပန်းကန်ငယ်ကမ်းပေးကာ ရည်ရွယ်ချက်ရှိရှိမေးလိုက်သည်။


လင်ခုံးလု: "....." ငါမင်းကိုလုံးဝစိတ်မဆိုးသေးဘူးနော်။


"ယာယီဖျက်လိုက်တာ။"

သူစွပ်ပြုတ်တစ်ဇွန်းခပ်ကာ တစ်ငုံသောက်လိုက်ပြီး သူ့မျက်လုံးများကိုစိတ်ကျေနပ်စွာမှေးစင်းလိုက်မိသည်။


အင်း၊ ပိုက်ဆံနံ့ပဲ။


"အဓိကအကြောင်းရင်းကမင်းကဒီနေ့မှရောက်လာတာလေ။ သေချာတွေးကြည့်လိုက်တော့ ငါပြန်လာပြီးမင်းကိုအဖော်ပြပေးသင့်တာပေါ့။"

သူကျေနပ်သွားပြီးနောက် ကုစစ်ကိုစတင်တိုက်ခိုက်လိုက်သည်။ ပြောပြီးနောက် ကုစစ်မတ်တပ်ရပ်နေသေးတာကိုမြင်လိုက်ရရင်း သူအမြန်ပြောလိုက်သည်။

"မြန်မြန်ထိုင်လေ၊ အတူစားမယ်။"


ကုစစ်မှာတကယ်စိတ်အ​ခြေအနေကောင်းမွန်လျက်ရှိပြီး သူ့နှုတ်ခမ်းထောင့်များမှာမသိမသာကော့တက်သွားပေမဲ့ နောက်တစ်စက္ကန့်မှာ လင်ခုံးလုကဟင်းပွဲများကိုလက်ညှိုးထိုးကာ သေချာစီစဥ်လိုက်တာကိုမြင်လိုက်ရသည်။

"ဒီဟာရယ်၊ ဒီဟာရယ်၊ ဒီဟာရယ်ကိုအရင်စား..ဒီဟာတွေကရေရှည်သိုလှောင်ထားဖို့မသင့်တော်တော့ ဒီညအကုန်စားလိုက်တာအကောင်းဆုံးပဲ၊ ကျန်တာတွေကိုတော့ရေခဲသေတ္တာထဲမှာထည့်ထားပြီး မနက်ဖြန်မှစားလို့ရတယ်။"


နည်းလမ်းမရှိဘူးလေ၊ သူမှတစ်ခါထဲကုန်အောင်မှမစားနိုင်တာကို။


ကုစစ်: "....." မင်းပိုက်ဆံအတွက်စိတ်မကောင်းဖြစ်လို့ အပြေးအလွှားပြန်လာခဲ့တာမှန်းငါသိသားပဲ။


"ဒါနဲ့စကားမစပ် နောက်တစ်ခေါက်ကျရင်ဒီလောက်အများကြီးမမှာနဲ့တော့နော်။"

လင်ခုံးလုစားရင်းအလေးအနက်ပြောလိုက်သည်။


ကုစစ်၏နှုတ်ခမ်းထောင့်မသိမသာတွန့်သွားတာကိုမြင်လိုက်ရတော့ သူသူ့ကိုယ်သူအတွက်ခပ်တည်တည်ရပ်တည်ပေးလိုက်ရပြန်သည်။

"ဒါပေါ့၊ ငါပိုက်ဆံပြတ်နေတာမဟုတ်ဘူး၊ ဒါပေမဲ့ နိုင်ငံကလတ်တလောလုံ့လဝီရိယနဲ့ချွေတာမှုရှိဖို့ထောက်ခံထားတယ်လေ။ သာမန်နိုင်ငံသားတွေအနေနဲ့ ငါတို့ကလည်းတက်တက်ကြွကြွတုံ့ပြန်ပြီးတော့ စားစရာကိုမဖြုန်းတီးသင့်ဘူးပေါ့။ မင်းပြောကြည့်၊ မှန်တယ်မလား။"


အာဏာရှင်ဥက္ကဌက"ဇနီးလေး"ကိုသင်ပေးနေပုံ.jpg


ကုစစ်ကတကယ်သင်ပြခံလိုက်ရပြီး နာခံစွာခေါင်းငြိမ့်ကာပြောလိုက်သည်။

"ရှောင်လုပြောတာမှန်တယ်၊ နောက်တစ်ခေါက်ကျမှတ်ထားပါ့မယ်။"


အာဏာရှင်ဥက္ကဌကစိတ်ကျေနပ်စွာခေါင်းငြိမ့်ကာ တိတ်တခိုးသက်မချလိုက်သည်။


ဒီနည်းနဲ့သင်ပြခံရပြီးနောက်မှာ အစားထိုးခံလေးကတစ်ခါစားရင်သိန်းကျော်မစားလောက်တော့ပါဘူး....နော်?


ဒါပေမဲ့ ဖြုန်းတီးမှု၏အဆုံးသတ်ကားသူတို့နှစ်ယောက်လုံးအဆုံးမှာအဝစားပစ်လိုက်သည်။


ကုစစ်ကအဆင်ပြေသည်၊ သူကားအမြဲတမ်းအစာစားရာတွင်ချုပ်တည်းကာပုံမှန်ဖြစ်သည်။ ဒီနေ့သူဟင်းပွဲများစွာမှာခဲ့ပေမဲ့လည်း သူဗိုက်ပြည့်တဲ့အထိသာစားပြီးနောက်ရပ်တန့်လိုက်သည်။


လင်ခုံးလု၏အစာအိမ်မှာသူ့လောက်မကြီးပေမဲ့ သူကသူနှင့်ပမာဏတူတူစားခဲ့ပြီး နောက်ဆုံးဆိုဖာပေါ်မှာ"ပျင်းရိပျင်းတွဲ"လှဲကာ သူ့ဝမ်းဗိုက်ကိုပွတ်သပ်လိုက်သည်။


တကယ်သည်းမခံနိုင်လောင်အောင်ပဲ။ ဒီသင်ခန်းစာအပြီးမှာ သေချာပေါက်နောက်တစ်ကြိမ်ရှိမည်မဟုတ်။


အိုးမဟုတ်ဘူးပဲ၊ သူတကယ်အားပေးကြမ်းသွားတာ။


ဒါပေမဲ့ တကယ့်အခြေအနေမှာကုစစ်ကခဏကြာအောင်အနားယူပြီးနောက်ပြန်ကောင်းသွားသည်။ သူကဗိုက်တင်းနေပေမဲ့ထိုအကြောင်းတွေးနေဆဲဖြစ်ကာ သူ့ကိုကောက်ချီပြီး အစားထိုးခံအနေဖြင့်သူ၏တာဝန်ကိုလုပ်ဆောင်ရန် အပေါ်ထပ်ကိုသွားချင်နေပေသည်။


လင်ခုံးလုအနည်းငယ်ပြာယာခတ်သွားကာ အလျင်စလိုငြင်းလိုက်မိသည်။

"မဖြစ်ဘူး မဖြစ်ဘူး။"


သူဒီလိုနေရင် သူအန်ချမိတဲ့အထိအတွန်းခံလိုက်ရမှာစိုးတယ်။


"အင်း....ဟင်းပွဲတွေကိုမရှင်းရသေးဘူး။ မင်းအဆင်ပြေရင် ကျန်တာတွေကိုရေခဲသေတ္တာထဲမှာထားလိုက်လို့ရတယ်။ မဖြုန်းတီးနဲ့နော်။"


ကုစစ်ခေါင်းလှည့်ကာစားပွဲဝိုင်းကိုကြည့်လိုက်ပြီးနောက် အာဏာရှင်ဥက္ကဌကိုငုံ့ကြည့်ကာ နှုတ်ခမ်းများကိုတစ်ချက်ဆွဲငုံပြီးပြောလိုက်သည်။

"ဒါဆို ဒီည...."


"အခန်းခွဲအိပ်မယ်!" လင်ခုံးလုဆုံးဖြတ်ချက်ခိုင်မာပြတ်သားလျက် ပြောပြီးနောက်သူ့ကိုတိုက်တွန်းလိုက်သည်။

"ငါ့ကိုမြန်​မြန်ချပြီး စားစရာသွားသိမ်းတော့။"


ကုစစ်: "......"


ရှောင်ပါ့ကအရမ်းကပ်စေးနည်းပြီး မဖြုန်းတီးစေချင်မှတော့...


ကုစစ်ကလင်ခုံးလုကိုအောက်ချကာ စားပွဲဝိုင်းကိုအလွန်နာခံစွာသွားရှင်းပြီး ဟင်းပွဲအားလုံးကိုရေခဲသေတ္တာထဲထည့်လိုက်သည်။


ထို့နောက် သူဖုန်းထုတ်ကာ X treasureကိုနှိပ်ကာ ထီးငယ်လေးများ(ကွန်ဒုံး)၏နာမည်ကြီးဘရန်းစတိုးကိုရှာပြီး ဆိုဒ်နှင့်အရေအတွက်ကိုနှိပ်ကာ တစ်ဗူးမှာပြီး ငွေချေကာ OKဟုနှိပ်လိုက်သည်။


ဒါတွေအကုန်ပြီးဆုံးသွားပြီးနောက် သူကျေနပ်သွားကာအပေါ်ထပ်တက်သွားပြီး ​ခြေလက်ဆေးကြောလိုက်ပြီးမှ အာဏာရှင်ဥက္ကဌလေး၏အခန်းတံခါးကိုအလွယ်လေးတွန်းဖွင့်ကာ ဝင်အိပ်လိုက်သည်။


လင်ခုံးလုမှာမနေ့ကညလယ်ခေါင်ထိမှောက်လှန်ခံခဲ့ရပြီး နေ့ဘက်မှာပါတစ်မနက်လုံးမှောက်လှန်ခံခဲ့ရကာ နေ့လယ်ခင်းမှာညီလာခံသွားတက်သွားခဲ့သည်။ သူတကယ်ပင်ပန်းနွမ်းနယ်နေပေရာ စောစီးစွာအိပ်မောကျသွားသည်။


ကုစစ်ကသူ့ကိုရင်ခွင်ထဲအသာဆွဲထည့်ကာ မှိန်ပျပျအလင်းရောင်ထဲမှာသူ၏အိပ်ပျော်နေသောမျက်နှာလေးကိုစိုက်ကြည့်နေမိပြီး တစ်အောင့်ကြာမှလက်မြှောက်ကာသူ့နှဖူးထက်ကနူးညံ့ညံ့ဆံနွယ်ကိုအသာဖယ်ပေးကာ တီးတိုးပြောလိုက်သည်။

"နှလုံးသားမဲ့တဲ့ကောင်လေး...."


သူပြောပြီးနောက် လင်ခုံးလု၏နှဖူးပေါ်ခပ်ဖွဖွအနမ်းတစ်ပွင့်ဖိကပ်လိုက်ပြီးမှ သူ့ကိုတင်းကြပ်စွာပွေ့ဖက်ကာ စိတ်ကျေနပ်စွာဖြင့်မျက်လုံးမှိတ်လိုက်သည်။


X treasure၏လုပ်ဆောင်မှုမှာအလွန်မြန်ဆန်လှသည်၊ ပြောထားသကဲ့သို့နောက်တစ်နေ့မှာရောက်လာသည်။


နောက်တစ်နေ့မနက်စောစောမှာ လင်ခုံးလုအိပ်ရာထပြီး ရေအမြန်ချိုးကာ အောက်ထပ်ဆင်းပြီး ဗီလာအပြင်ကဘဲလ်တီးနေသည့်deliveryသမားကိုသွားတွေ့လိုက်သည်။


ကုစစ်မှာမနက်စောစောထခြင်းနှင့်နေသားကျနေပြီမို့ သူကဒီအချိန်မှာမီးဖိုချောင်ထဲတွင်ချက်ပြုတ်နေလေရာ အပြင်ကတံခါးဘဲလ်သံမပြောနှင့် ဖုန်းသံကိုပင်မကြားပေ။


လင်ခုံးလုသူ့ကိုတစ်ချက်လှမ်းကြည့်လိုက်တော့ သူအလုပ်များနေမှန်းမြင်လိုက်ရသဖြင့် သူ့ရေခွက်ချကာ အပြင်ထွက်ပြီး deliveryသမားကိုကူမပေးလိုက်သည်။


deliveryသမားမှာဘာဖြစ်နေမှန်းမသိဘဲ သူ့ကိုမြင်လိုက်ရချိန်မှာ သူ့မျက်နှာထက်အပြုံးတစ်ပွင့်ဖြင့် အသက်အောင့်ကာပြောလာသည်။

"လူကြီးမင်းယန်းစစ်မလား။ မင်းမှာထားတာရောက်ပါပြီ၊ လက်မှတ်ထိုးပေးပါနော်။" 


လင်ခုံးလုပဟေဠိဖြစ်သွားရကာ ငုံ့ကြည့်လိုက်တော့ ကတ်ထူဗူးပေါ်မှာရိုက်နှိပ်ထားသည့်ဘရန်းတံဆိပ်ကိုမြင်လိုက်ရရာ သူ့မျက်နှာမှာတမဟုတ်ချင်းမည်းမှောင်သွားရသည်။


ဘာကြီး? XXထီးဘရန်းရဲ့ဗူးတစ်ခုလုံးတကယ်မဖြစ်နိုင်ဘူးမလား။ ကုစစ်ရူးသွားလို့ သုံးဖို့အများကြီးဝယ်ပစ်ခဲ့တာလား။ သူကsexဆိုင်ဖွင့်ဖို့စီစဥ်နေတာလား။ ဒါမှမဟုတ် သူဗီလာထဲမှာအရောင်းစက်ထားချင်နေတာလား။


မျက်နှာမဲ့လျက် လင်ခုံးလုမှာdeliveryသမားမျက်နှာထားဖြင့်လက်မှတ်ထိုးပြီးသွားကာ လက်မောင်းများကြားထဲ၌ကတ်ထူဗူးဖြင့်အနောက်လှည့်လာခဲ့သည်။


ဗီလာထဲပြန်ဝင်ပြီး ကတ်ထူဗူးကိုကော်ဖီစားပွဲပေါ်တင်ကာ လက်ပိုက်လျက် ကုစစ်ထွက်လာမှာကိုစောင့်နေလိုက်သည်။


ကုစစ်ကသူ့ကိုမစောင့်ရစေပေမဲ့ သူထွက်လာပြီးဗူးကိုမြင်သွားချိန်မှာ သူ့မျက်နှာထားကအလွန်ပုံမှန်ဖြစ်စွာ ပြောလာသည်။

"ဒီလောက်အမြန်ကြီးရောက်လာတယ်လား။"


လင်ခုံးလုခေါင်းလှည့်ကာမေးလိုက်သည်။

"မင်းဒီလောက်အများကြီးဝယ်ခဲ့တာ.....ဒီပစ္စည်းနဲ့ဘာလုပ်မလို့တုန်း?"


"သုံးဖို့လေ။" ကုစစ်ကဆိုသည်။


လင်ခုံးလု: "....."


သူ့မျက်နှာထားမှာရုတ်တရက်မယုံကြည်နိုင်ဖြစ်လာရော့သည်။ သူခုနကကတ်ထူဗူးထဲမှာ၁၂ဗူးရှိပြီး တစ်ဗူးမှာအခုတစ်ရာပါတာကိုမြင်လိုက်ရသည်။ ဒီတော့ပြောရရင် ဒီဗူးထဲမှာရာကျော်ရှိသည်...


အပ်ထဲငရုတ်ကျည်ပွေ့ထည့်သလိုဖြစ်သွားမှာကုစစ်မကြောက်ဘူးလား။"


"ဟေ့၊ X treasureကအထူးစျေးနှုန်းနဲ့ရောင်းနေတာကိုကျွန်တော်မြင်လိုက်လို့ရယ်။"

ကုစစ်ကပြောလာသည်။


လင်ခုံးလု: "....."


"အကုန်ဝယ်ပစ်၊ မဖြုန်းတီးနဲ့။"

ကုစစ်ကပြောလာပြန်သည်။


လင်ခုံးလုဒါကိုကြားလိုက်ရသော် သူ့ခြေသလုံးတုန်ရီသွားရသည်။


အာဏာရှင်ဥက္ကဌမရတော့ဘူး၊ အာဏာရှင်ဥက္ကဌမရတော့ဘူး၊ အံကြိတ်ကာပြောလိုက်သည်။

"မင်းသုံးနှစ်အတွင်းမှာထပ်ဝယ်ခွင့်မရှိတော့ဘူး။"


ကုစစ်: "....."


သုံးနှစ်၊ ဒါကသူ့ကိုလျှော့တွက်လွန်းအားကြီးသွားပြီ။


မနက်စာစားပြီးနောက် လင်ခုံးလုကနာကျင်သောမျက်နှာထားလုပ်ထားကာ ကုစစ်ကိုပြောလိုက်သည်။

"မင်းနောက်ကျကုမ္ပဏီကိုငါနဲ့အတူသွားရမယ်၊ အိမ်မှာတစ်ချိန်လုံးနေနေတာမကောင်းဘူး၊ ငါမင်းအတွက်တစ်နေရာစီစဥ်ပေးမယ်။"


ကုစစ်ကဘောစိအဖြစ်မှပြန်မွေးဖွားလာပြီး ချမ်းသာကြွယ်သောဘဝမှာနေခဲ့ရသဖြင့် သူဘဝကျဆင်းနေတုန်းကပိုက်ဆံဘယ်လိုရှာရခက်ခဲ့မှန်းမေ့သွားတယ်ဆိုတာသူပြောနိုင်သည်။


သူတစ်ဖက်လူကိုဝန်ထမ်းတစ်ယောက်ဖြစ်စေကာ ဘဝ၏ခက်ခဲကြမ်းတမ်းမှုကိုတွေ့ကြုံစေရမည်။


0687: "ကွန်ဒုံးကစျေးမကြီးဘူး။" မနေ့ညကညစာနဲ့ယှဥ်ရင်ပေါ့။


"ဒီဟာကစျေးကြီးတာမကြီးတာနဲ့ဆိုင်တဲ့မေးခွန်းဖြစ်နေလို့လား။" လင်ခုံးလုမျက်မှောင်ကြုတ်လိုက်သည်။

"အရေအတွက်အရမ်းများလွန်းတယ်။ ဒီတော့ မင်းမသုံးနိုင်ရင် အလကားမဖြစ်သွားဘူးလား။"


0687: "မကုန်ခမ်းသွားတော့ဘူးလေ။"


လင်ခုံးလု: "လစ်လိုက်တော့။"


သူပြောတာကိုကြားလိုက်ရတော့ ကုစစ်၏မျက်လုံးမသိမသာတောက်သွားကာ ချက်ချင်းခေါင်းငြိမ့်ပြီး နွေးထွေးသောလေသံဖြင့်ဟုတ်ကဲ့ဟုပြောလိုက်သည်။


သူCမြို့တော်မှာနေပြီး အတိတ်မေ့ချင်ယောင်ဆက်ဆောင်နေတာက အတိတ်မေ့နေစဥ်အတောအတွင်းမှာရှောင်ပါ့ကိုအမိဖမ်းဖို့ပဲမဟုတ်ဘူးလား။ သဘာဝကျကျပင်၊ အိမ်မှာနေတာကကုမ္ပဏီမှာလောက်သူ့ကိုတွေ့ရဖို့အခွင့်အရေးသိပ်မရှိဘူး၊ ရုံးတွင်းအချစ်ဇာတ်လမ်းလည်းလုပ်လို့ရတယ်....


ဒါကိုတွေးမိရင်း ကုစစ်ထွက်သွားချိန်တွင် ထီးငယ်လေးဗူးနှစ်ဗူးကိုပါယူသွားသည်။


လင်ခုံးလုကမမြင်လိုက်ပေ။ သူကကုစစ်ကိုဘာရာထူးပေးရင်ကောင်းမလဲစဥ်းစားနေတာဖြစ်သည်။ အရမ်းနိမ့်လွန်းရင် ဥက္ကဌကုကိုနည်းနည်းမသင့်တော်ဘူး...ထားလိုက်တော့၊ သူ့ရဲ့ပြိုလဲနေတဲ့ကုမ္ပဏီငယ်လေးမှာ ဘယ်ရာထူးကဥက္ကဌကုနဲ့သင့်တော်လို့တုန်း?


သူသူ့ကိုကုမ္ပဏီဆီတန်းခေါ်သွားကာ သူ့လက်ထောက်ရှောင်စုန့်ကိုပြောလိုက်သည်။

"ဒါကအလုပ်သင်အတွင်းရေးမှူးအသစ်၊ သူ့ကိုမင်းနဲ့အတူခေါ်သွားလိုက်။"


သူချောင်းအသာဟမ့်လိုက်ပြီးမှ ကုစစ်ပုခုံးပေါ်ပုတ်ကာပြောလိုက်သည်။

"ရာထူးကသိပ်မမြင့်ဘူး၊ ဒါပေမဲ့အဓိကကမင်းကိုဘဝ(ဝန်ထမ်း)အတွေ့အကြုံခံစားစေချင်တာမို့ ကောင်းကောင်းလုပ်ရမယ်နော်။"


ကုစစ်ခပ်ဖွဖွပြုံးကာ ခေါင်းငြိမ့်လျက်ပြောလိုက်သည်။

"ဟုတ်ကဲ့။"


ရှောင်စုန့်ကားဥက္ကဌ၏လက်ထောက်ဖြစ်ပြီး အစားထိုးခံလေးဖြစ်သည့်သူကဥက္ကဌလင်ထံမှအလွန်မျက်နှာသာပေးခံနေရတာကိုမြင်လိုက်ရတော့ နက်ရှိုင်းသောမနာလိုမှုရုတ်ခြည်းမြင့်တက်လာပေသည်။


ဥက္ကဌမွေးစားထားတဲ့အစားထိုးခံလေး၊ လေထီး၊ မပြောအပ်တဲ့စည်းမျဥ်း၊ ထူးခြားတဲ့ရုံးတွင်းရုန်းကန်တဲ့ဒရာမာလား။


ရှောင်စုန့်ချက်ချင်းသူ့အာရုံကြောတင်းကြပ်သွားရပြီးမှ တွေးမိပြန်သည်: မင်းဘာကိုစိုးရိမ်နေတာလဲ။ သူယန်းစစ်အကြောင်းသိတယ်၊ ပညာမတတ် အလုပ်အတွေ့အကြုံမရှိတာမို့ သူခေါင်းအုံးကိုမှုတ်ထုတ်နိုင်ရင်တောင် သူ့ကိုတော့သေချာပေါက်ဖယ်ထုတ်နိုင်မှာမဟုတ်ဘူး။


သူကအရည်အချင်းရှိတယ်၊ သူကဥက္ကဌလင်ရဲ့မရှိမဖြစ်ညာလက်ရုံးပဲ။


ကုစစ်ကတော့ သူဒီအသစ်လေးကိုခက်ခဲတဲ့အလုပ်ခဏပေးထားရမယ်။ အသစ်လေးနားမလည်ရင် သူသေချာပေါက်သူ့ကိုအကြံတောင်းလိမ့်မယ်။ ဒါဆိုသူကသူ့အရည်အချင်းကိုထုတ်ပြနိုင်မယ်၊ အသစ်လေးကသူ့ကိုသေချာပေါက်ယုံကြည်ကိုးစားလာမှာပဲ။


ဒါကိုတွေးမိရင်း ရှောင်စုန့်မှာမနေ့ညကအစိုးရနှင့်လင်ခုံးလုဆက်သွယ်ခဲ့သည့်ပရောဂျက်နှင့်ပတ်သတ်သည့်အချက်အလက်ကိုကုစစ်ဆီပေးကာ ပြောလိုက်သည်။

"မင်းဒီအချက်အလက်နဲ့အရင်ရင်းနှီးအောင်လုပ်ထားသင့်တယ်၊ ဥက္ကဌလင်ကဒီပရောဂျက်ကိုတော်တော်လေးအလေးထားတာ၊ ယွီဟုန်နည်းပညာကုမ္ပဏီကဥက္ကဌယွီဆိုမနေ့ကထူးခြားတဲ့အားထုတ်မှုလုပ်ပြီးတော့ ဥက္ကဌလင်ကိုညစာစားဖို့ဖိတ်ခဲ့တာဆိုတော့ သူလည်းဒီပရောဂျက်ကိုစိတ်ဝင်စားနေမယ်ထင်တယ်။"


ကုစစ်အချက်အလက်ကိုယူကာ ဒီတိုင်းနှစ်ကြိမ်လှန်လှောကြည့်နေပေမဲ့ ထိုစကားများကိုကြားလိုက်ရချိန် သူရုတ်ခြည်းခေါင်းမော့ကာမေးလိုက်မိသည်။

"ဥက္ကဌယွီ? ယွီမင်ရှို့လား?"


"အာ၊ ဟုတ်တယ်။"

ရှောင်စုန့်ခေါင်းငြိမ့်ကာ မနေနိုင်ဘဲအတင်းတုပ်လိုက်သည်။

"ဒါပေမဲ့ ငါကြားတာကတော့ မနေ့ကညီလာခံမှာဥက္ကဌယွီကဥက္ကဌလင်ရှေ့မှာဒူးတစ်ဖက်ထောက်ခဲ့တာဆိုပဲ။ လူအများကြီးကတော့သူကဥက္ကဌလင်ကိုလိုက်ပိုးနေတယ်ပြောကြတာပဲ။ ဒါသာအမှန်ဆို သူဥက္ကဌလင်ဆီကမလုလောက်....အဟမ်း။"


ပြောနေရင်းအလယ်မှာ အသစ်လေးကလင်ခုံးလု၏အိပ်ရာဖော်မှန်းရုတ်ခြည်းသတိရသွားကာ ရှက်ရွံ့စွာရပ်တန့်လိုက်မိသည်။


ကုစစ်မျက်လုံးအသာမှေးစင်းကာ ဖိုင်တွဲအထူလိုက်ကြီးကိုသူ့လက်နှင့်ချေမွလိုက်မိလေတော့သည်။


_______________________