Chapter 27
နွားတစ်ကောင်ရှာပြီးအနိုင်ကျင့်ပါလား...
ယောင်စစ်ဘေးနားတွင်ရပ်နေသော ထိုလူက ခဏမျှ တိတ်ဆိတ်နေပြီးနောက် ထပ်မံ၍ ဆိုလာသည်။
"ငါက မင်းရဲ့အဖေ အစစ် ..."
"ဒါဆို ငါကလည်း နင့်ရဲ့ အဘိုးလေးအစစ်ပဲ..."
ယောင်စစ် အနည်းငယ်မျှပင် တွေးတောမနေပဲ ခွန်းတုံ့ပြန်လိုက်သည်။
ယောင်စစ် ထိုသူက ဦးနှောက်မကောင်းသည့်သူဟု တွေးလိုက်မိသည်။၎င်းက ညအချိန်မတော်ကြီးသူမ၏ အခန်းထဲ ရောက်လာပြီး လှည့်ပတ်နေရုံမျှမက ပါးစပ်ဖွင့်လိုက်တိုင်း အဖေပါဟုလည်း ပြောနေသေးသည်။
ဒီလှပတဲ့ မျက်နာလေးကြောင့်ပဲ ငါ့ကို လှည့်စားနိုင်တယ်လို့ နင်က တကယ်ကြီးထင်နေတာလား...
ထိုပုံရိပ်က နောက်တစ်ဖန်တိတ်ဆိတ်သွားပြန်သည်။သူ လုပ်လည်းမလှုပ်သလို စကားလည်းမပြောတော့ပဲ ယောင်စစ်ကိုသာ စိုက်ကြည့်နေသည်။သူ့၏ ခန္ဓာကိုယ်မှ အေးစက်သည့် အငွေ့အသက်များ ထွက်ပေါ်နေသည်။ထို့နောက်သူမျက်မှောင်ကြုတ်လိုက်ပြီးနောက် ယောင်စစ်ဆီသို့ လက်ဆန့်တန်းလာသည်။
"နင်ဘာလုပ်မလို့လဲ..."
ချီးလိုပဲ...သူက ညအချိန်မတော်ကြီး အခန်းထဲ ဝင်လာပြီးမဟုတ်တာ လုပ်ချင်နေတာလား...
ယောင်စစ်၏ နှလုံးသားက နစ်မြှုပ်သွားပြီး ထိုသူသည် တကယ်ဟုတ်မဟုတ် စဉ်းစားနေမိသည်။သူမ ယောက်ယပ်ခတ်နေစဉ်မှာပင် ထ်ိုလူ၏ လက်က ပခုံးပေါ် ကျရောက်လာပြီး ညင်သာစွာပြောလာလေသည်။
"ငါ မင်းကို သက်သေပြမယ်.."
"ဟမ်...ဘာအဓိပ္ပါယ်လဲ..."
သို့သော် သူမ မည်သို့မှ မတုံ့ပြန်ရသေးမီပင် အင်အားကြီးလှသော စွမ်းအင်စီးကြောင်းတစ်ခုက ထိုသူ၏ လက်ဖဝါးမှနေ၍ သူမခန္ဓာကိုယ်ထဲ စီးဆင်းလာလေသည်။သူမခုခံဖို့ ကြိုးစားလိုက်သော်လည်း ထ်ိုစွမ်းအင်များက ချက်ချင်းပင် သူမတစ်ကိုယ်လုံးကို ပြန့်နှံ့သွားသည်။သူမ၏ နှလုံးခုန်နှုန်းများ သွေးကြောများထဲ နောက်ဆုံးဆံနွယ်များထ်ိတောင် ပြည့်နှက်သွားလေသည်။
ဒုတ် ဒုတ် ဒုတ်...
သူမ၏ နှလုံးခုန်နှုန်းက တစ်စုံတစ်ခုကို တုံ့ပြန်သကဲ့သို့ ပို၍ မြန်ဆန်လာပြီး ပခုံးပေါ်မှ ဖိအားကလည်း ပို၍ လေးလံလာလေသည်။ထ်ိုခံစားချက်ကြီးက ရင်ဘတ်ထဲမှ နှလုံးသားက ပေါက်ထွက်တော့မကဲ့သို့ပင် နှလုံးခုန်နှုန်းများ ပို၍ မြန်လာလေ ပို၍ စိတ်လှုပ်ရှားလာလေလေပို၍ လေးလံလာလေလေ။ထို့နောက်...
ဂျွတ်...
အိပ်ယာကျိုးသွားလေသည်။
မည်သည့် ပစ္စည်းဖြင့် ပြုလုပ်ထားမှန်းမသ်ိသော အိပ်ယာက ဖုန်မှုန့်အဖြစ်ပြောင်းလဲသွားသည်။ကမ္ဘာ့စွမ်းအားက ပြင်းထန်လွန်းလှသောကြောင့် နောက်ဆုံးတွင် ယောင်စစ် အေးစက်သောကြမ်းပြင်ထက်၌ လှဲလျောင်းနေရလေသည်။
သူမ၏ ဘေးမှ တိုးတိမ်သော ကျိုးပဲ့သံလေးတစ်ခုကို ကြားလိုက်ရပြန်၏။ကမ္ဘာ့စွမ်းအားက ပို၍ ပြင်းထန်လာသလိုမျိုး ခံစားလိုက်ရပြန်သည်။ထို့နောက် ကြမ်းပြင် အက်ကွဲလာလေသည်။
ရုတ်တရက် ယောင်စစ်၏ အောက်ခြေ၌ ဘာမှ ရှိမနေတော့ပဲ သူမရင်းနှီးကျွမ်းဝင်နေသော အခန်းက တဖြေးဖြေးဝေး၍ ကျန်ခဲ့လေသည်။ကျယ်လောင်သော ကျိုးပဲ့သံများနှင့်အတူ သူမ သုံးထပ်မှ ပထမထပ်ဆီသို့ ပြုတ်ကျသွားလေသည်။
အရာရာအားလုံးက မျက်တောင်တစ်ခတ်အတွင်း ဖြစ်သွားခြင်းဖြစ်သည်။ထိုလူ မျက်ခုံးကြုတ်လိုက်သည့်အချိန်မှစ၍ အခုထိ နှစ်စက္ကန့်လောက်သာ ကြာပေလိမ့်မည်။ယောင်စစ် ပထမထပ်ရှိ အေးစက်သော မြေပြင်တွင် လဲလျောင်းနေရင်း နှစ်လွှာနှင့် သုံးလွှာ မျက်နှာကျက်ရှိ သုံးပေခန့်ရှိသော အပေါက်ကြီးကိုကြည့်နေမိသည်။
အချိန်အတော်ကြာသည်အထိ အသိပြန်ဝင်မလာသေးပေ။အဖြစ်အပျက်များက ကြမ်းတမ်း ပြင်းထန်လှသော်လည်း သူမ၏ ခန္ဓာကိုယ်တွင်း နာကျင်မှု အနည်းငယ်မျှ မခံစားရပေ။
အလွှာနှစ်လွှာ၏ ကြီးမားလှသော အပေါက်ကြီးကို ဖြတ်၍ ထိုချောမောသော နတ်ဆိုး၏ မျက်နာကို မြင်နိုင်နေသေးသည်။ထိုသူ၏ မျက်နာပေါ်၌ စိတ်ရှုပ်ထွေးမှုနှင့်အတူ မျက်မှောင်ကြုတ်လိုက်ပြီးနောက် ထ်ိုအပေါက်မှတစ်ဆင့် သူမရှိရာဆီသို့ ခုန်ဆင်းလာလေသည်။
"မင်း ..."
"ဖေဖေ..."
ယောင်စစ် အနည်းငယ်မျှပင် တွန့်ဆုတ်မနေပဲ သို့မဟုတ် နှစ်ခါပြန် စဉ်းစားမနေပဲထ်ိုသူ၏ ခြေသလုံးကို တင်းတင်းဖက်ထားရန်သာ ဆုံးဖြတ်လိုက်သည်။
"ရှင်က ကျွန်မရဲ့ အဖေပါပဲ ရှင်က ကျွန်မရဲ့ သွေးသားတော်စပ်တဲ့ အဖေအရင်းပါပဲ..."
ချီးလိုဘဝကြီး... သူအသာလေး ရိုက်လိုက်တာက အဆောက်အဦးတစ်ခုလုံးကို ကြောက်စရာကောင်းလောက်အောင် ပျက်စီးသွားစေတယ်...
သွေးမျိုးဆက်ထဲ၌ ထ်ိုမျှကြောက်စရာကောင်းသည့် စွမ်းအင်မျိုးရှိမနေပေ။နှိုင်းယှဉ်ကြည့်ရမည်ဆိုလျှင် သူမက level 1 လူသစ်ကလေး ဖြစ်နေသည့်အချိန်၌ ထိုသူက အဆင့်မြင့် level၌ ရောက်နေပေပြီ။
အဖေတင်မဟုတ် အဘိုးဟု ခေါ်ရမည်ဆိုလျှင်ပင် သူမခေါ်ရန် ဆန္ဒရှိပေသည်။
"ထပါ..."
"ဟုတ်ကဲ့ပါ ဖေဖေ ကိစ္စမရှိပါဘူး ဖေဖေ ..."
"ငါ့ကို အဖေလို့ခေါ်သင့်တယ် ငါ့နာမည်က မူရွှမ်..."
"ဟုတ်ကဲ့ပါ ဖေဖေမူ...နားလည်ပါပြီ ဖေဖေမူ..."
"ငါက မင်းရဲ့ အုပ်ထိန်းသူ..."
"ဒါပေါ့ ဒါပေါ့ ဒါပေါ့ ...နားလည်ပါတယ် ဖေဖေ..."
"မင်းရဲ့ သွေးမျိုးဆက်က ငါ့ဆီက ဆင်းသက်လာတာ..."
"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ...နားလည်ပါတယ် ဖေဖေ..."
"မင်းရဲ့သွေးမျိုးဆက်က ငါ့ဆီက ဆင်းသက်လာတာ..."
"ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ ဖေ...နေဦး အခုဘာပြောလိုက်တာ..."
"မင်းကို သွေးစုပ်ဖုတ်ကောင်အဖြစ် ပြောင်းလိုက်တဲ့သူက ငါဖြစ်နိုင်တယ်..."
ငါနင့်ကို ဆဲလို့ရလား...
ယောင်စစ် ညလယ်ခေါင်ကြီး ဘယ်နေရာကမှန်းမသိ ထွက်ပေါ်လာသော သူမ၏ရှေ့မှ အဖေဆိုသူကို ကြည့်၍ စိတ်ရှုပ်ထွေးနေမိသည်။သူမ၏ အုပ်ထိန်းသူဆိုသူနှင့် အနည်းငယ်မျှပင် အဆက်အသွယ်မရှိခဲ့သည်မှာ အချိန်ပေါင်းများစွာ ကြာမြင့်ခဲ့လေသည်။သူမ၏ ရှင်သန်ရာ နည်းလမ်းများကိုလည်း သူမဘာသာသူမ သင်ယူခဲ့ရသည်။
ထိုသူက သူမသေလားရှင်လားပင် ဂရုမစိုက်ပဲ ဖုတ်ဖတ်ခါ၍ ထွက်သွားခဲ့သည်။သူမအတွက် အုပ်ထိန်းသူဆိုသည်က စကားလုံးတစ်လုံးလေးမျှသာဖြစ်ပြီးမည်သည့် အဓိပ္ပါယ်မှမရှိပေ။
ကမ္ဘာတွင်နေခဲ့စဉ်က သူမကိုဘဲသွေးခဲများ ရောင်းပေးခဲ့သူ အကိုလီက ထ်ိုအုပ်ထိန်းသူဆိုသူကြီးကို နေ့စဉ်နေ့တိုင်း ဆဲနေခဲ့ခြင်းကြောင့်လည်း ပါလိမ့်မည်ထင်သည် ။
သူ့စိတ်ထဲ၌ ထ်ိုသူကို အသုံးမဝင်သောငတုံးတစ်ယောက်အနေဖြင့် သတ်မှတ်ထားသည်ကလွဲ၍ ဘာစိတ်ခံစားချက်မှ မရှိပေ။ယခုချက်ချင်းကြီး ထိုင်ပြီး အပြစ်တင်နေဖို့ စိတ်ကူးမရှိပေ။
သူမသွေးစုပ်ဖုတ်ကောင် ဖြစ်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဆိုသော်လည်း သူမ၏ သက်တမ်း ၉၉.၉၉% က အိပ်ပျော်နေခဲ့ပြီးနှိုးထလာသည်မှာ နှစ်ဝက်ပင်မရှိသေးပေ။
ထို့ကြောင့် သွေးစုပ်ဖုတ်ကောင်များ၏ မျိုးဆက် လက်ဆင့်ကမ်းခြင်း အစွမ်းနှိုးထခြင်းဆိုသည်ကို ထည့်တွက်၍မရသေးပေ။သူမ၏ စိတ်က ကမ္ဘာပေါ်က လူတွေအတိုင်းအလုပ်လုပ်နေဆဲဖြစ်သည်။ပွင့်ပွင့်လင်းလင်းပြောရမည်ဆိုလျှင် အသက်၂၈နှစ် ရှိနေသော သူမအနေဖြင့် သူမနှင့် ရွယ်တူလူတစ်ယောက်ကို အဖေပါဟု ဘယ်လိုမှ စိတ်ထဲ ထည့်မရဖြစ်နေသည်။သူမ၏မသိစိတ်ထဲ၌ အဖေဆိုသောခေါင်းစဉ်အောက်၌ လူနှစ်ယောက်ကိုသာမြင်လို့ရလေသည်။
သူမကိုငယ်စဉ်ကတည်းက မိဘမဲ့ ကလေးကျောင်းတွင်ပစ်သွားသောသူရယ်၊ မာဆိုသောမျိုးရိုးနှင့်လူရယ်..
ယောင်စစ် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီး ယောက်ယက်ခတ်နေသော အတွေးများကို မောင်းထုတ်လိုက်သည်။သူမရှေ့က လူက သူ့ရဲ့ သမီးကို တွေ့ဖို့အတွက် ညကြီးအချိန်မတော် ရောက်လာတာတဲ့လား...
သူပြောတာ မှန် မမှန် စကားသေချာပြောရန် လိုအပ်နေပေပြီ။
"ရှင်ပြောတဲ့အတိုင်းဆိုရင် ရှင်က ကျွန်မကို သွေးစုပ်ဖုတ်ကောင် အဖြစ် ပြောင်းပေးခဲ့တဲ့ လူပေါ့နော် ဒါဆ်ိုရင် ရှင်က စတုတ္ထမျိုးဆက်ကပေါ့..."
သွေးစုပ်ဖုတ်ကောင်တွေက မျိုးဆက် ၃၀ ကနေ စတယ်လို့ ဘယ်ကမြင်းမသားက ပြောခဲ့တာလဲ ...ပဉ္စမမြောက် မျိုးဆက်အဖြစ်နဲ့ လွတ်လွတ်လပ်လပ် ပျော်ပျော်ကြီးနေမယ်လို့ တွေးထားတဲ့သူမက ဒီသောက်ကျိုးနည်း အရာကို ဘယ်လို လက်ခံရမှာလဲ...
"ရှင်ဘယ်အချိန်တုန်းထဲက ကျွန်မကို ပြောင်းပေးခဲ့လဲဆိုတာကို မေးလို့ရမလား..."
သူက ခဏမျှ ငြိမ်သက်သွားပြီးနောက် မျက်မှောင်ကြုတ်လိုက်ပြီး ခေါင်းအသာခါယမ်းပြလာသည်။
"ငါလည်း မသိဘူး..."
"ဘာ...ရှင်ကျွန်မကို ဘယ်တုန်းက ကိုက်လိုက်တာလဲဆိုတာ မှတ်မ်ိလား..."
ထိုလူခဏမျှ ငြိမ်သက်သွားပြီးနောက် မျက်မှောင်ကြုတ်ကာ ခေါင်းယမ်းပြလိုက်သည်။
"မမှတ်မိဘူး..."
"ဘာ..."
"ပြောရမယ်ဆိုရင် မင်းဒီအချိန်ထိမတိုင်ခင်ထိ လောကကြီးထဲမှာ ရှိနေတယ်ဆိုတောင်မှ မသိဘူး...သွေးမျိုးဆက်ရဲ့ ဆွဲငင်မှုကိုလည်း မခံစားရဘူး..."
"နပေါဦး..."
ယောင်စစ် တကယ့်ကို ကြောင်အနေမိသည်။
"လူတစ်ယောက်ကို သွေးစုပ်ဖုတ်ကောင်အဖြစ် ပြောင်းဖို့ဆိုရင် ရှင့်ရဲ့ သွေးကိုလည်း ထည့်ပေးဖို့ လိုတယ်မဟုတ်လား...အဲ့ဒါတောင်မှ ဘယ်အခ်ျိန်မှာ ပြောင်းပေးလိုက်တယ်ဆိုတာကို တကယ်ပဲ မသိဘူးလား..."
ထ်ိုသူအချိန်အတော်ကြာ တိတ်ဆိတ်သွားပြန်ပြီးမှ ခေါင်းညိတ်ပြလိုက်သည်။
"ကံဆိုးလိုက်တာ...ငါက်ိုက မွေးပြီးစွန့်ပစ်ခံရမယ့် ကံပါတာပဲ ...အဲ့ဒီလိုဆိုရင် ရှင်လူမှားနေတာကောမဖြစ်နိုင်ဘူးလား...ကျွန်မတို့ DNA စစ်ကြည့်ကြရင်ကော..."
"မင်းရဲ့ သွေးမျိုးဆက်က ငါ့ဆီက ဆင်းသက်လာတယ်ဆိုတာ သေချာတယ် ...အဲ့ဒီ သွေးရဲ့ ဆွဲငင်မှုကြောင့်ပဲ ငါနှိုးလာတာ ..."
သူ့၏မျက်နာက အမူအရာကင်းမဲ့လှသော်လည်း အလေးအနက် ပြောနေခြင်းဖြစ်ကြောင်း သိသာပေသည်။
"အဲ့ဒီခံစားချက်က အတော်ကို ထူးဆန်းလေတယ်..."
သူအနားယူနေသည့် အချိန်တွင် ရင်ထဲက တစ်စုံတစ်ရာကချက်ချင်းပင် ထပြီး သူမကို သွားရှာဖို့ ပြောနေခဲ့သည်။ ထို့ကြောင့် သူနိုးထလာသည်နှင့် သူမကို တွေ့ပြီးနောက် သူ့၏သွေးမျိုးဆက်မှန်း သိသွားခဲ့လေသည်။
"ရှင်ပြောတဲ့ ဆွဲငင်မှုဆိုတာကကော ဘာကြီးလဲ အဲ့ဒါက ယုံလို့ကောရရဲ့လား..."
ယောင်စစ် တကယ့်ကိုမယုံနိုင်ဖြစ်နေသေးသည်။
"သူက စိတ်ထဲထင်ထားတွေ ပြောပြီးတော့မှ လူမှားနေတယ်ဆိုရင်ကော ဘယ်လိုလုပ်မလဲ..."
ထိုလူက သူမဆီ တည့်တည့်လျှောက်လာပြီးနောက် မျက်နာသေဖြင့်ပင် ပြောလိုက်သည်။
"ငါတို့ အဲ့ဒါကို ထပ်လုပ်ကြည့်လို့ရတယ်လေ..."
"ဘာ ဘာကိုပြောတာလဲ..."
"ငါ မင်းရဲ့ ကိုယ်ထဲက သွေးစုပ်ဖုတ်ကောင်သွေးကို လှုပ်နှိုးလို့ရတယ်..."
ထိုသူက ပြောပြောဆိုဆိုဖြင့် သူမပခုံးပေါ် လက်လာတင်ပြန်သည်။ယောင်စစ်၏ မျက်လုံးထဲ ကုတင်အမှုန့်ဖြစ်သွားပုံ ကြမ်းခင်းနှစ်ထပ်လုံးအပေါက်ဖြစ်သွားပုံများ ဖျတ်ခနဲ ပြေးသွားလေသည်။ထို့ကြောင့်သူမ အလျင်အမြန်ပင် ဘေးသို့ ရှောင်ထွက်လိုက်ပြီးပြောလိုက်သည်။
"နေပါဦး...ကျွန်မသိပါပြီ... "
တော်တော်လေးကို တက်ကြွနေတယ်ဟုတ်လား...အားနေရင်လည်း တခြားတစ်ယောက်ရှာပြီး အနိုင်ကျင့်နေလိုက်ပါလား...
ယောင်စစ် တကယ့်ကို ဆွံ့အနေမိသည်။
သူလှုပ်နှိုးလိုက်တယ်ဆိုတဲ့ သူမရဲ့စွမ်းအားက ဖျက်စီးခြင်း စွမ်းအားများလား နောက်တစ်ခါဆိုရင်တော့ သူမစံအိမ်တစ်ခုလုံး ပြိုကျသွားမှာသေချာနေပြီ...