အပိုင်း ၂၈
Viewers 16k

Chapter 28

နှစ်ချို့  FA ဘိုးဘေးကြီး


မူရွှမ် သွေးမျိုးဆက်၏ ဆွဲဆောင်မှုကြောင့် နိုးထလာခဲ့ခြင်းဖြစ်သည်။ထိုအခိုက်အတန့်၌ တခြားတစ်ယောက်စီမှ သူ့၏ သွေးမျိုးဆက်ကိုအာရုံခံလိုက်မိသည်အား ယုံကြည်ဖို့ပင်ခက်ခဲလှသည်။


ထိုခံစားချက်က အရမ်းလည်းထူးဆန်းလှသည်။ကိုယ့်ရဲ့ နှလုံးသားက တခြားတစ်ယောက်စီမှာ သွား၍ ခုန်နေသလိုမျိုးနှင့်တူ၏။၎င်းက သူကိုယ်တိုင်ပင် တခါမှ မကြုံခဲ့ဖူးသလို ပြင်းပြင်းထန်ထန် ကြမ်းကြမ်းတမ်းတမ်းခုန်နေခြင်းဖြစ်သည်။ရုတ်တရက် သူ့၏ မိတ်ဆွေတစ်ယောက်ပြောသည့်စကားကို သွား၍ အမှတ်ရမ်ိသွားပေသည်။


သူတို့၏ သွေးမျိုးဆက်ကို မြင်နေရသည်က ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းဖို့ အကြောင်းပြချက်တစ်ခု ရလိုက်သလိုပင်ထင်ရသည်။ထိုအချိန်က သူနားမလည်ခဲ့သော်လည်း ယခုအချိန်၌ 'ငါ့မှာ မျိုးဆက်တစ်ယောက်ရှိနေတာက ဒီလိုပါလား'ဟူသော ခံစားချက်မျိုးကို နားလည်သွားပေပြီ။


သူထိုကောင်မလေးကို ပထမဦးဆုံး စမြင်လိုက်ရသည့်အချိန်၌ သူတို့ မျိုးဆက်ထဲမှ ဆက်ခံသူကို ဆုံးရှုံးသွားကြသော သွေးစုပ်ဖုတ်ကောင်များက သူတို့၏ ရန်သူကို အရိုးကြေကြေ အရည်ခမ်းခမ်း ဘာကြောင့် လ်ိုက်လံသတ်ဖြတ်သည်အား နားလည်သွားပေသည်။


သူသာဆိုရင်လည်း ဒီဆက်ခံသူလေး အနည်းငယ် ပွန်းပဲ့ဒဏ်ရာရသွားမည်ဆိုလျှင်တောင်မှ စကြာဝဠာ တစ်ခုလုံးကို လက်စ ဖျောက်ပစ်လိုက်ဖို့ ဝန်လေးနေမှာမဟုတ်ပေ။


သူ့၏ ဆက်ခံသူလေးကို မျက်စိရှေ့၌ တွေ့နေရင်း ဒီတိုင်းရပ်ကြည့်မနေနိုင်တော့သောကြောင့် အသာနှိုးလိုက်မိသည်။ထိုအချိန်မှ သူ့၏ ဆက်ခံသူလေးက တခြားသူများ ပြောသည်နှင့် ကွာခြားနေသည်ကို သတိပြုမိလိုက်သည်။သူမ၏ စွမ်းအားများက မရှိသလောက် အားနည်းပေသည်။


မယုံနိုင်စရာပဲ.... အခုက စကြာဝဠာခေတ်တောင် ရောက်နေတာလေ... သူ ကမ္ဘာမြေပေါ်မှာတုန်းက အသုံးမကျဘူးဆိုရင်တောင်မှ ပဉ္စမျိုးဆက် သွေးစုပ်ဖုတ်ကောင် တစ်ယောက်အနေနဲ့ စွမ်းအားကြီးသင့်တယ်မဟုတ်ဘူးလား.... အခုတော့ သူ့ရဲ့ ဆက်ခံသူဖြစ်ကြောင်း သက်သေပြချင်လို့ သွေးမျိုးဆက်ကို လှုပ်နှိုးတာလေးကိုတောင် မခံနိုင်ဘူးတဲ့...သွေးစုပ်ဖုတ်ကောင်တွေရဲ့ အစွမ်းဆိုတာကလည်း သွေးမျိုးဆက်ကနေ လာတာလေ...အဲ့ဒီတော့ ငါ့ရဲ့ စွမ်းအားတွေက တကယ်ပဲ အဲ့ဒီလောက် စောက်သုံးမကျတာလား...


မူရွှမ်တစ်ယောက် မွေးတည်းကနေ ယခုအချိန်ထိ ပထမဦးဆုံးအကြိမ်အဖြစ် သူ့ကိုယ်သူ သံသယဝင်သွားမိလေသည်။သူမ၏ မေးခွန်းများအရ သူနှင့်တစ်ခေတ်တည်းမွေးဖွားခဲ့သူ ဖြစ်ကြောင်းလည်း သိလိုက်ရသည်။သူမက လွန်ခဲ့သော နှစ်ပေါင်းသန်းပေါင်းများစွာကအပြာရောင်ဂြိုလ်ပေါ်တွင် မွေးဖွားခဲ့သူဖြစ်သည်။


ထိုအကြောင်းကို တွေးလိုက်မိသည်နှင့် သူ့၏စိတ်ထဲ၌ ပြင်းပြင်းထန်ထန် တွေးလိုက်မိသော မေးခွန်းတစ်ခုပေါ်လာလေသည်။


ဒီလောက်တောင် အသုံးမကျ ပျော့ဖတ်နေတာ သူနှစ်ပေါင်းများစွာကြာအောင် ဘယ်လိုများ ရှင်သန်နေထိုင်ခဲ့တာပါလိမ့်...


"မင်းရဲ့ အစွမ်းက ဘာလဲ..."


မူရွှမ် မအောင့်နိုင်တော့ပဲ မေးလိုက်သည်။


"ကျွန်မလည်း အဲ့ဒီမေးခွန်းရဲ့ အဖြေကို သိချင်နေတာတော်တော်ကြာပြီ ..."


"မင်းရဲ့ အစွမ်းတွေက နိုးထမလာသေးဘူးလား..."


မူရွှမ် အံ့အားသင့်သွား၏။


"ဒါက နည်းနည်းတော့ ပြောရခက်တယ်..."


ယောင်စစ် လည်ချောင်းတစ်ချက်ရှင်းလ်ိုက်ပြီး ဂြိုဟ်တစ်ခုလုံး၏သက်တမ်းတစ်လျှောက် မည်ကဲ့သို့ အိပ်ပျော်နေခဲ့ကြောင်းကို ပြောပြလိုက်သည်။


"မင်းပြောတာက မင်းသွေးစုပ်ဖုတ်ကောင်အဖြစ် ပြောင်းသွားပြီး မကြာခင်မှာပင် မဖြစ်မနေ အနားယူလိုက်ရတယ်ပေါ့လေ ဟုတ်လား..."


မူရွှမ် မျက်မှောင်ကြုတ်လိုက်မိသည်။


"ဟုတ်တယ်  ဟုတ်တယ် နိုးထလာတာ မကြာသေးဘူး..."


"ဒါဆို တကယ်တမ်း သွေးစုပ်ဖုတ်ကောင်အဖြစ် နိုးထလာတာ နှစ်ဝက်တောင် မကြာသေးဘူးပေါ့..."


"အင်း အဲ့ဒီလိုပဲ ပြောရမှာပေါ့.. "


မူရွှမ်၏ မျက်ဝန်းများ မဲနက်သွားလေသည်။သို့သော်လည်းတစ်ချိန်တည်းမှာပင် ကျေနပ်အားရမှုနှင့် သူမတူအောင် တလက်လက်တောက်ပနေလေသည်။သူလက်အသာမြောက်၍ ယောင်စစ်ခေါင်းလေးကို ခပ်ဖွဖွ ပုတ်လိုက်သည်။ထို့နောက် အသံကို အနူးညံ့ဆုံး နှိမ့်ချ၍ ကြင်နာလှသောလေသံဖြင့် ပြောလိုက်၏။


"ဒါဆိုရင် မင်းက မွေးကာစ လေးပဲရှိသေးတာပေါ့..."


ဟမ်... ဟေ့ လာပြန်ပြီလား အဲ့ဒီ မွေးကာစ ဆိုတဲ့ ဘွဲ့ကြီးကို မနည်းဖျောက်ထားရတာနော် ပြန်လာမပေးနဲ့...မလိုချင်ဘူး ငါက်ိုမူကြိုတော့ ပြန်မပ်ို့ကြပါနဲ့...


"အရင်ဆုံး ငါနဲ့ လိုက်ခဲ့ ..."


မူရွှမ်ပြောပြောဆ်ိုဆိုဖြင့် တစ်ဖတ်လှည့်သွားသည်။သို့သော်လည်း တစ်စုံတစ်ခုကို သတိရသွားပုံမ်ျိုးဖြင့် ပြန်လှည့်လာပြီး ယောင်စစ်၏ လက်ကို ဆွဲလိုက်သည်။သူမ ဘာမှ ပြန်တုံ့မပြန်နိုင်ခင်မှာပင် လေထဲသို့ တက်သွားလေသည်။


"ခဏလေးနေပါဦး ငါ့ကို ဘယ်ခေါ်သွားဦးမလို့လဲ..."


ယောင်စစ် တားချိန်ပင်မရလိုက်ပဲ မူရွှမ်နှင့်အတူ ပျံသန်းနေလေပြီ။သူမ၏ နောက်မှာ ကျန်ခဲ့သော ပြိုကျနေသည့် ကြမ်းခင်းများနှင့် အိမ်ကြီးကိုတစ်ချက်လှည့်ကြည့်လိုက်သည်။


သွေးစုပ်ဖုတ်ကောင် ဖေဖေတွေအားလုံးက ဒီလိုကြီးပဲလားဟင်...သုံးလှမ်းလောက် လှမ်းလိုက်ရင်ကို အိမ်ပြန်ရောက်နေပြီလေ...အဲ့ဒါကို သူမကို တစ်ခါပွေ့ ပြီးတော့ သုံးထပ်ကို ပြန်ခုန်တက် ပြီးတော့ ပြတင်းပေါက်ကနေပြန်ခုန်ချပြီး ပျံသန်း အဲ့ဒီလိုကြီးတကယ်လုပ်ရတာလား...


မူရွှမ်၏ စိတ်ထဲ အပြစ်ရှိသလို ခံစားနေရသည်။သွေးစုပ်ဖုတ်ကောင်များက သွေးမျိုးဆက်ရှေ့ကို ရောက်လေလေ ပို၍ အစွမ်းထက်လေလေဖြစ်သည်။ထို့ကြောင့် ဆက်ခံသူက လက်ဆင့်ကမ်းသူထက် အားနည်းကြပေသည်။


ထို့ကြောင့် ဆက်ခံသူတွေက သူတို့ သွေးစုပ်ဖုတ်ကောင်အဖြစ် ပြောင်းသွားသည့်အချိန်မစ၍ လက်ဆင့်ကမ်းသူနား၌ တစ်ဖဝါးမခွာ နေလေ့ရှိကြသည်။


လက်ဆင့်ကမ်းသူများကလည်း ထ်ိုအချိန်အတောအတွင်း သွေးစုပ်ဖုတ်ကောင်တို့၏ သိသင့်သိထိုက်သော ဗဟုသုတများကို သင်ကြားပေးရင်း အထူးစွမ်းရည်များ နိုးမထမလာမချင်းအတူ ရှိနေပေးတက်ကြသည်။


ပြောရမည်ဆ်ိုလျှင် လက်ဆင့်ကမ်းသူဆိုသည်မှာ ဆက်ခံသူတို့၏ အခက်အခဲအကြမ်းတမ်းဆုံးအချိန်များ၌ သေမတူ ရှင်မကွာ စောင့်ရှောက်နေပေးကြသူများဖြစ်လေသည်။သူတို့နှစ်ယောက်က တစ်ယောက်၏ ဘဝအတွက် တစ်ယောက်ဖြစ်တည်လာသလိုမျိုး အရေးပါကြသည်။


ယခု၌ မည်သို့ဖြစ်သွားသည်မသိပေ။သူ့၌ ဆက်ခံသူရှိသည်ဆ်ိုသည်ကို သူ တကယ်ကို မသိခဲ့ပေ။သူမကို သင်ကြားပေးခွင့် ဆုံးရှုံးလိုက်ရပြီဟု ထင်နေခဲ့မိသည်။


ပွင့်ပွင့်လင်းလင်း ထုတ်မပြောလျှင်တောင် သူမ၏ ရင်ထဲ၌ သူ့ကို မကျေနပ်မှု အများကြီး ဖြစ်နေနိုင်သည်။ထ်ို့ကြောင့် သူ့ကို သူမ လက်ဆင့်ကမ်းသူအဖြစ် လက်မခံရင်ဖြစ်ဖြစ် သို့မဟုတ်သူနှင့် လိုက်လာဖို့ ငြင်းဆန်ရင်ဖြစ်ဖြစ် မည်ကဲ့သို့ လုပ်ရမည်ကို အစီအစဉ်များဆွဲထားခဲ့သည်။


ယခုမူ သူမက လက်ဆင့်ကမ်းသူအဖြစ် ချက်ချင်းလက်ခံရုံသာမက သွေးစုပ်ဖုတ်ကောင်တို့၏ အကြောင်း ဘာမှမသိသေးသည့် မွေးကာစလေးဖြစ်နေလေသည်။


လက်ဆင့်ကမ်းသူနဲ့ ဆက်ခံသူကြား သွေးလှုံ့ဆော်မှုအကြောင်းလေးကိုတောင် ဉာဏ်မမှီနိုင်သေးဘူး...အားလုံးအတွက် အချိန်မှီသေးတာပဲ...သူက သူမကို ဂရုတစိုက်နဲ့ ပြုစုပျိုးထောင်ပေးလို့ ရသေးတယ်...အချိန်ဘယ်လောက်ကြာကြာ ကိစ္စမရှိဘူး စွမ်းအင်အားနည်းတာကတော့ စကားထဲ ထည့်ပြောစရာတောင် မလ်ိုတော့ဘူး...ဒီဖေဖေမူရွှမ်တစ်ယောက်လုံးရှိတယ်...သူအခု သူ့မှာ ပြဿနာတစ်ခုပဲကျန်တော့တယ်...မွေးခါစလေးတွေကို ဘယ်လ်ို ပြုစုပျိုးထောင်ရတယ်ဆိုတာ သူမသိဘူး...


နှစ်ပေါင်းများစွာမရေမတွက်နိုင်အောင် နေထိုင်ခဲ့ပြီးပြီဆိုသော်လည်း မွေးကာစများကို ပြုစုပျိုးထောင်သည့် အတွေ့အကြုံမျိုး သူ့မှာ လုံးဝ မရှိပေ။သို့သော် မည်သို့ပင်ဖြစ်ဖြစ် သူမကို ခေါ်လာလိုက်သည်က မှားသည့် အလုပ်မဟုတ်ပေ။စောနလေးတင် သူ့၏ ဆက်ခံသူလေးပြောသွားသော သွေးစုပ်ဖုတ်ကောင်တွေကြားမှ တိုက်ပွဲကြောင့် ပင်ပန်းသွားပြီး အနားယူခဲ့ရသည့် အကြောင်းကို ပြန်သတိရသွားပြီး သူ့နှလုံးသားထဲ၌ နာကျင်သွားမိသည်။


သူ့နှလုံးသားထဲ၌ ဒေါသများက အရှိန်အဟုန်ပြင်းပြင်းဖြင့် ထွက်ပော်လာလေသည်။


သူ့ရဲ့ ဆက်ခံသူလေးက သူ့ရဲ့ နောက်ကွယ်မှာ တကယ့်ကို ခံစားနာကျင်ခဲ့ရတာပဲ...


ဒုတ်ိယမျိုးဆက် တတိယမျိုးဆက် သွေးစုပ်ဖုတ်ကောင်များသာယခုလက်ရှိအချိန်တွင် သမိုင်းဝင် ဖြစ်မသွားသေးပဲ ရှိနေဦးမည်ဆိုပါက သူချက်ချင်း သွားရှင်းလောက်ပေသည်။


ထိုအတွေးကို တွေးလိုက်မိသည်နှင့် ယခုလက်ရှိ အကြီးအကဲများကို သူ့၏ ဆက်ခံသူအကြောင်း သွား၍ ပြောပြထားရန် သတိရမိသွားလေသည်။


ဤသို့ဖြင့် ဘုရင်ကြီးပျောက်သွား၍ အရေးပေါ် အစည်းအဝေးထိုင်နေကြသော အကြီးအကဲများရှေ့သို့ မူရွှမ်ရုတ်တရက် ပေါ်လာလေသည်။


"အရှင်...တော်သေးတာပေါ့..."


သူတို့ ဘုရင်ကြီးက တကယ်ကို နိုးထလာတာပဲ...


အကြီးအကဲအားလုံး စိတ်လှုပ်ရှားစွာဖြင့် တညီတညွှတ်တည်း ဒူးထောက် အရိုအသေပေးလိုက်ကြသည်။သူတို့ တစ်ညလုံး အစည်းအဝေးထိုင်နေခဲ့ကြသောကြောင့် ပင်ပန်းနွမ်းနယ်မှုများပင် ယူပြစ်သလို ပျောက်ကွယ်သွားလေသည်။


အရှင်သခင်လို့ မပြောရဘူး တောင့်တလိုက်တာနဲ့ ချက်ချင်းရောက်လာတော့တာပဲ...


အကြီးအကဲများအားလုံး အရိုအသေပြုပြီးသည်နှင့် ရင်းရင်းနီးနီး စကားပြောရန် ထလ်ိုက်ကြသည်။သို့သော်လည်း သူတို့အရှင်သခင်၏ မျက်နာက အလွန်လေးနက်သည်ကို တွေ့လ်ိုက်ရ၏။


သူက အနည်းငယ် မော်ကြွားသော အမူအရာမျိုးဖြင့် သူပြောချင်သည့် အကြောင်းများကို ကရားရေလွှတ်သလို တရစပ်ပြောပြီးနောက် အကြီးအကဲများ ပြန်လည် မတုံ့ပြန်နိုင်ခင်မှာပင် ပျောက်သွားလေသည်။


ပထမတစ်ချက် သခင်မလေးယောင်စစ်ရဲ့ စံအိမ် ပြိုကျသွားတယ်...ဒါကြောင့် သခင်မလေးယောင်စစ်ကို သူ့ရဲ့ နေရာကို ခေါ်သွားမယ်...


ဒါပေါ့ ပြိုကျသွားတယ်ဆိုမှတော့ ဘယ်လ်ိုလုပ် နေလို့ရတော့မှာလဲ ဒါဖြစ်သင့်တယ်...


ဒုတ်ိယအချက် သခင်မလေး ယောင်စစ်က အနားမယူခင် လေးလလောက်အလိုကမှ သွေးစုပ်ဖုတ်ကောင်အဖြစ် ပြောင်းခံလ်ိုက်ရတာ ဒါ့ကြောင့် သူက မွေးခါစလေးပဲရှိသေးတယ်...


ဒါကြောင့် သခင်မလေးရဲ့ ဗဟုသုတတွေက အံ့သြစရာကောင်းလောက်အောင်နည်းပါးနေတာကို ...ရပါတယ် ဒါလည်း နားလည်ပေးလို့ရတယ်...


တတိယအချက် သူကိုယ်တိုင် ယောင်စစ်ကို လေ့ကျင့်သင်ကြားပေးမယ်...


ဒါပေါ့... ဒါပေါ့... စတုတ္ထမျိုးဆက်နဲ့ ပဉ္စမျိုးဆက် ဆိုတာ အနီးကပ်ဆုံးတွေပဲလေ...ဒီလိုမ်ျိုး ကြင်နာမှုအပြည့်နဲ့ လေ့ကျင့်သင်ကြားပေးမယ်ဆိုတာနားလည်ပေးလို့ရတယ် ကိစ္စမရှိဘူး...


စတုတ္ထအချက် ယောင်စစ်က သူ့ရဲ့ ဆက်ခံသူပဲ ...


အင်းပေါ့... ဆက်ခံသူမရှိပဲနဲ့ နေလို့မှမရတာ ဒါလည်း နားလည်ပေးလို့ရ... 


ဟမ်...သောက်ကျိုးနည်း... 


ဘုရင်ကြီးမှာဆက်ခံသူရှိတယ် ဘယ်သူနဲ့ ရတာလဲ ...မဟုတ်သေးပါဘူး မဟုတ်သေးပါဘူး...


ဘာပြောသွားတာ...ဘုရင်ကြီးမှာ ဆက်ခံသူရှိတယ်...အဲ့ဒါကလည်း သခင်မလေးယောင်စစ် ဟုတ်လား သူတို့ မှားကြားလိုက်မိတာများလား...ဒါမဖြစ်နိုင်ပါဘူးနော် ဟုတ်တယ်မဟုတ်လား နှစ်ထောင်ပေါင်းများစွာ အိပ်စက်နေတဲ့ သူတို့ရဲ့ ဘုရင်ကြီးက အက်ဖ်အေလေးဆ်ိုတာ မသိတဲ့လူ ဘယ်သူများရှိလို့လဲ...


မျိုးဆက်လက်ဆင့်ကမ်းရန်အတွက် အပြာရောင်ဂြိုဟ်ပေါ်ကလူသားများ သေဆုံးသွားခဲ့ပြီဆိုသော်လည်း သွေးစုပ်ဖုတ်ကောင် ဘုရင်ကြီးသာ ဆက်ခံသူလိုချင်သည်ဆိုပါက မဖြစ်န်ိုင်တဲ့ ကိစ္စ မဟုတ်ပေ။


သို့သော်လည်း လွန်ခဲ့သော နှစ်ပေါင်းများစွာ ကမ္ဘာပေါ်တွင် ကံကြမ္မာဆိုးဝင်သည့် အချိန်ကတည်းက သူ့၏ သွေးမျိုးဆက်များက ကမောက်ကမ ဖြစ်၍ ပြောင်းလဲသွားသည်ဟု ပြောကြလေသည်။


သူ့ရဲ့ သွေးဗီဇက အလွန်ပင် ထူးခြားသိပ်သည်းလှသောကြောင့် မည်သူမှ လက်မခံနိုင်ကြပေ။ထို့ကြောင့် ဘုရင်ကြီး၌ ဆက်ခံသူတစ်ယောက်မှ ရှိမနေခြင်းပင်ဖြစ်၏။


ထို့ကြောင့်လည်း ကုန်လွန်ခဲ့သည့် နှစ်ပေါင်းများစွာအတွင်း၌ သူတို့ဘုရင်ကြီးက အထီးကျန်လွန်းသောကြောင့် အမြဲတမ်းလိုလို အနားယူအိပ်စက်နေခဲ့ခြင်းဖြစ်သည်။


ဒီတစ်ကြိမ်၌ သူနိုးထလာပြီး သူ့၌ ဆက်ခံသူရှိသည်ဟု ပြောနေလေသည်။


"ဆက်ခံသူတဲ့... ဒုတ်ိယအကြီးအကဲ...ခင်ဗျား တခုခုများတွေးမိလား..."


တတိယအကြီးအကဲက ဇဝေဇဝါပုံစံမျိုးဖြင့် မေးလိုက်သည်။


"ခင်ဗျားဆိုလိုချင်တာက..."


ဒုတ်ိယအကြီးအကဲ၏ မျက်နာက ဖြူဖျော့သွားသည်။ထို့နောက် အကြီးအကဲများအားလုံး တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိကြ၏။


"ဘုရားရေ... ငါတို့ ဘုရင်ကြီးတော့ ဆက်ခံသူလိုချင်လွန်းလို့ ရူးသွားရှာပြီ ...တွေ့ကရာ ပဉ္စမမျိုးဆက်တစ်ယောက်က်ို လက်ဆွဲပြီး သူ့ရဲ့ ဆက်ခံသူပါလို့ ပြောနေပြီ..."


လူတိုင်း သခင်မလေး ယောင်စစ်အတွက် စိတ်ထဲမှနေ၍ အမွှေးတိုင် ထွန်းပေးလိုက်ကြသည်။


"ကျုပ်တို့တွေ ဘုရင်ကြီးဆီသွားပြီးတော့ တခုခု အရ်ိပ်အမြွက် သွားပြောသင့်တယ်လို့ မထင်ကြဘူးလား..."


"အဲ့ဒါကို ဘယ်သူကသွားပြောမှာလဲ..."


အစည်းအဝေးခန်းမတစ်ခုလုံး ရုတ်ချည်း ငြိမ်သက်တ်ိတ်ဆိတ်သွားလေသည်။