အခန်း၉၂
Viewers 8k

Chapter 92

(ကိုယ်တို့ အတူရှိနေကြပြီ)


လင်းရွှမ် သည် လူစုလူဝေးကြီးကို လွှမ်းမိုးလိုက်ပြီးနောက် ချိုက်ယူဟုန် သည် လင်းယောင်ယောင် က မရင့်ကျက်သေးသူဟု ဝင်ပြောကာ တိုက်ပွဲကို ပြီးဆုံးစေလိုက်သည်။ ဤမျှ များစွာသော လူများအတွက် သူမ၏ ဖြည့်စွက်စာများကို နေ့စဉ်ကျွေးပေးရန်မှာ မဖြစ်နိုင်ပေ။


သို့သော် ဇာ့ခ်အသားကို အင်ပါယာတစ်ခွင်တွင် မြှင့်တင်လိုက်သည်နှင့်တစ်ပြိုင်နက် သူမ မချက်ပြုတ်ထားသည့် ဟင်းများဆိုလျှင်တောင်၊စွမ်းအင်စုပ်ယူမှုက 100% မဟုတ်သော်လည်း သာမန်ဖြည့်စွက်အစားအစာထက် ပိုကောင်းလာနိုင်သည်။ ဇာ့ခ်အသားတွင် ပါ၀င်သော စွမ်းအင်က သာမန်ပါဝင်ပစ္စည်းများထက် များစွာပို၍ ကြွယ်ဝခြင်းကြောင့်ပင်။


လူအုပ်ကြီးသည် လင်းရွှမ်၏ ပေါ့ပါးပြီး တုန်လှုပ်ချောက်ချားစရာ ကောင်းသော စကားတစ်ခွန်းကို ရုတ်တရက် သတိရသွားသည်။


'မစားချင်ရင်လည်း ကိစ္စမရှိပါဘူး …ကျွန်တော်တို့ မိသားစုအတွက်ပဲ သူမက ချက်ပေးမှာမလို့ပါ'


လင်းရွှမ် သည် အင်ပါယာအတွင်း ဇာ့ခ် အသားကို ကြေငြာလိုသော ဆန္ဒ ပြင်းပြခြင်းမရှိပေ။ သို့သော် ယခု ‌လူကြီးများသည် စိုးရွံ့နေကြပြီဖြစ်၏။


ဒီလိုကောင်းတဲ့အရာကို ဘယ်သူ့ကိုမှ မကြေငြာဘူးဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ…


တိုင်းပြည်နှင့် လူမျိုးအတွက်ဆိုသည်က အပ,ထား၊ ဇာ့ခ်များသည် လူသားတို့၏ အကြီးမားဆုံးရန်သူမှ လူကြိုက်များသော အစားအစာတစ်ခုအဖြစ် ရုတ်တရက် ပြောင်းလဲသွားနိုင်သည်။ ထိုအခြေအနေမျိုးတွင်၊ အဆုံးမဲ့ ဇာ့ခ် တိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်လာသော ထိတ်လန့်မှုများ အလွန်လျော့ကျသွားမည်ဖြစ်သည်။ ရောက်ရှိလာသော လူအုပ်ကြီးသည် ရုတ်တရက် သူတို့အား ကူညီပေးရန် လင်းယောင်ယောင် ကို တောင်းဆိုဖို့ ကိစ္စအား ဂရုမစိုက်နိုင်တော့ပေ။


ဘာလဲ…မင်းက တခြားသူတွေကို အနိုင်ကျင့်ပြီး ကလေးမလေးကို ကြောက်အောင် လုပ်ချင်တာလား…


လင်းယောင်ယောင် ကသာ တစ်ကယ့်ကို သူတို့၏ ပစ်မှတ်ဖြစ်ပေသည်။ တစ်ခုခုဖြစ်လျှင် လင်း မိသားစုကို အနိုင်မယူနိုင်ပေ။ လင်းမိသားစု၏ မျိုးဆက်သစ်လူငယ်သည် ကောင်းကင်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ လင်း မိသားစုတွင် SSS အဆင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်သော သားလေး ရှိရုံသာမက မွေးစားသမီးကလည်း ထူးခြားသော အင်္ဂါရပ်များစွာရှိသည့် SS အဆင့် ဉာဏ်ကြီးရှင် အစားအသောက် ကုထုံးပညာရှင် တစ်ဦးဖြစ်သည်။


သူတို့မှာ ဒီလောက်ထူးချွန်တဲ့ ကလေးတွေ ဘာကြောင့် မရှိတာလဲ…


လူကြီးများက စိတ်ပျက်နေကြသော်လည်း လင်းရွှမ် နှင့်လင်းယောင်ယောင် ကို သွားမစရဲကြပေ။ အများစုမှာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများရှိသူများဖြစ်ကာ ဝိညာဉ်ရေးနယ်ပယ်ကလည်း အချိန်အတော်ကြာအောင် ပြိုလဲသွားပြီးသား သူများဖြစ်သည်။ သက်သာပျောက်ကင်းရန် အချိန်အကြာကြီး စောင့်ရမည်ဖြစ်ပြီး ကုသဖို့ မျှော်လင့်ချက်ကလေးကတောင် အတော်ကို အခြေအနေကောင်းသည်ဟု ပြောရပေမည်။


လင်းယောင်ယောင် သည် အစားအသောက် ကုထုံး နယ်ပယ်တွင် အမြန် နာမည်ကြီးလာသည်နှင့်အမျှ သူတို့ အားတက်သရောဖြစ်သွားကြ၏။ ယခု မပူးပေါင်းနိုင်လျှင်တောင် နောင်တစ်ချိန်မှ ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလမ်းတွေ အမြဲရှိနေမှာဖြစ်သည်။ ထိုအခါ ၊ယခုလိုပင် အရသာရှိသော ဟင်းလျာများစားနိုင်မည်ဖြစ်ပေသည်။


"လင်းရွှမ်… ဟိုတစ်ခါက ဇာ့ခ်အသေကောင် ၁၅ထဲက ၁၄ကောင်က မင်းလက်ထဲမှာ ရှိတယ်လို့ ကြားတယ်…အဲ့ဒီ ဇာ့ခ်တွေကို ဦးလေးတို့ကို ဝေပေးပါ့လား"


"ထိပ်တန်းအဆင့်-၅ရှိတဲ့ ဂြိုလ်သား သားရဲအသားကို မင်းဆီကနေ ငါတို့ဝယ်ချင်ပါတယ်"


" ယောင်ယောင်… သမီးမှာ အခက်အခဲတွေရှိရင် ဦးလေးဆီ အချိန်မရွေးလာလို့ရတယ်နော်"


"ကလေးမလေး ယောင်ယောင်…ဦးလေးမှာ သိပ်ချစ်ရတဲ့ မြေးလေးရှိတယ်…သူကလည်း စစ်ပညာရေးအကယ်ဒမီမှာ ဂျူနီယာ ကျောင်းသားလေ…သူကလေ မင်းကို အရမ်းသဘောကျတယ်…နောက်ဆို အလုပ်တွေလုပ်ဖို့ အဖော်မရှိရင် ဖုန်းဆက်လိုက်ပါနော်.. "


"အဘိုးကြီးချိုက်…ဘယ်အချိန်ကျရင် ဇာ့ခ် အသားကို Star Network ရဲ့ အစားအစာပါဝင် ပစ္စည်းစာရင်းမှာ ထည့်သွင်းနိုင်မလဲ…နောက်လာမယ့် ဖြည့်စွက်ကုထုံးပြိုင်ပွဲအတွက်ကိုရော အစားအစာအုပ်စုမှာ ဇာ့ခ် အသားကို အဓိကပါဝင်ပစ္စည်းအဖြစ် ဘယ်လိုအသုံးပြုမှာလဲ… ယောင်ယောင် က နံပါတ်တစ်ဖြစ်မှာ သေချာပေမယ့်၊ အဲ့ဒီပွဲမှာလည်း သာမန်လူတွေကို ဇာ့ခ် အသား မြည်းခွင့်ပေးထားတယ်မလား"


ဤလူများ၏ စတိုင်လ် အပြောင်းအလဲကြောင့် လင်းယောင်ယောင် လွန်စွာ ထိတ်လန့်သွားခဲ့သည်။


သို့သော်၊ဤအရာတွေအားလုံးက သူ့အစ်ကိုဖြစ်သူ၏ စကားကြောင့်ပင်။လင်းရွှမ်က သူမကို ကာကွယ်ပေးလိုက်တာလည်းဖြစ်သည်။ ဤလူကြီးများသည် သူမနှင့် သူငယ်ချင်းဖြစ်ရန်၊ သူမ၏ဆန္ဒကို လေးစားမည့် အကြောင်းနှင့် အစားအသောက်ကုထုံးသုတေသနအခြေစိုက်စခန်းအတွက် အထောက်အပံ့အဖြစ် ဇာ့ခ် အသားပါဝင်ပစ္စည်းများကို ကြေငြာရန်ကိုပါ ထုတ်ဖော်ပြောကြားလာခဲ့၏။


ထို့နောက် လင်းရွှမ် သည် လင်းယောင်ယောင် ကို လူတိုင်းနှင့် ဆယ်မိနစ်ကြာ စကားပြောစေပြီး၊ နောက်ဆုံးတွင် သူထဲမှ ဇာ့ခ် ၁၃ကောင်ထဲမှ ၆ကောင်ကို အဘိုးကြီးချိုက် အား "ရောင်းရန်" ဆုံးဖြတ်ခဲ့သည်။ ထိုကိစ္စကပင် သူ၏ အကြီးမားဆုံး လိုက်လျောမှုဖြစ်နေလေပြီ။


ထို့အပြင် ဤနေရာတွင်ရှိနေသည့် လူငယ်မျိုးဆက်သစ်များအတွက်၊ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုများ ဖြစ်စေ(သို့မဟုတ်) စိတ်ပိုင်းဆိုင်ရာနယ်ပယ် ပြိုကွဲစေသည်အထိ ဇာ့ခ်များ၏ တိုက်ခိုက်ခြင်းခံရပါက အဘိုးကြီးချိုက် မှတဆင့် လင်းယောင်ယောင် ထံသို့ ချက်ချင်းဆက်သွယ်နိုင်ကြောင်း ကတိပေးခဲ့သည်။ သူမသည် ထိုသူများအား ဖြည့်စွက်စာ ဇာ့ခ်အသားများ ကျွေးမွေးမည်ဖြစ်သည်။ အကြောင်းမှာ ဇာ့ခ်အသား၏ ကုသနှုန်းသည် အကောင်းဆုံးဖြစ်ပြီး ပြန်လည်နာလန်ထမှုနှုန်းမှာလည်း အလွန်မြန်ဆန်သောကြောင့်ဖြစ်သည်။ ဤနည်းလမ်းက အချိုနည်းနည်း ချကျွေးပြီး အပိုင်ချုပ်လိုက်ခြင်းပင် ဖြစ်ပေသည်။


လင်းရွှမ် သည် သူ့သဘောထားကိုဖော်ပြပြီးနောက်တွင် လင်းယောင်ယောင် ကို အိမ်တွင် အရေးကြီးကိစ္စ ရှိသည်ဆို၍ အကြောင်းပြချက် ပေး၍ အဝေးသို့ ခေါ်ထုတ်သွားခဲ့သည်။သူတို့ မောင်နှမနှစ်ယောက်လုံးသည် အရည်အချင်းရှိ၊ချောမော၊စည်းစိမ်ချမ်းသာသူများဖြစ်သည့်အလျောက် တခြားသူများထံမှ ချုပ်ခြယ်မှုကို ခံလိုကြသူများမဟုတ်ချေ။ထို့ကြောင့် ဤဂုဏ်သရေရှိ သူဌေးကြီးများအား အဘိုးကြီးချိုက် နှင့် ထားခဲ့သည်။


နောက်ဆုံးတွင်၊ အဘိုးကြီးချိုက် မြှင့်တင်လိုသည့် ကိစ္စမှာ ဇာ့ခ် အသားများနှင့် အစားအသောက်ကုထုံးပညာရှင်များ၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို တိုးချဲ့ခြင်းပင်ဖြစ်သည်။အရသာနှင့် ကုသခြင်းဆိုင်ရာ အာနိသင် နှစ်မျိုးလုံးကို ကောင်းမွန်အောင်လည်း အစားအသောက် ကုထုံးပညာရှင်များကို တိုက်တွန်းလိုခြင်းဖြစ်သည်။ထိုအရာများအားလုံးက ဤလူကြီးများ၏ အထောက်အပံ့ (ငွေ) နှင့် ခွဲခြားထား၍မရပေ။


ထိုအချိန်တွင် လင်းရွှမ် ၏ အစီအစဥ်များသည် ပို၍ ရေရှည် အကျိုးမျှော် အစီအစဉ်များ ဖြစ်နေရ၏။


အကယ်၍ ဧကရာဇ်မြို့တော်ကို ဇာ့ခ် များက အမှန်တစ်ကယ် ပစ်မှတ်ထားမည်ဆိုပါက အခြားတပ်များသည် အဆိုပါ ဇာ့အကောင်ကြီးများကို မြင့်မြတ်သောတပ်မဟာနှင့် ကင်းလှည့်တပ်ဖွဲ့များအား သိမ်းပိုက်ခွင့်ပြုနိုင်မည် မဟုတ်တော့ပေ။


မြင့်မြတ်သောတပ်မဟာ မှလွဲ၍ အခြားတပ်များသည် ဧကရာဇ်မြို့တော်သို့ တစ်ပြုံတည်း ပြန်ခွင့်မပြုသော်လည်း၊ အနီးပတ်ဝန်းကျင်ရှိ စစ်တပ်ကြယ်ပွင့်များ၏ ခံတပ်များကို စောင့်ကြပ်ထားခြင်း ကျေးဇူးကြောင့် လက်ရွေးစင်တပ်ငယ်များကို ဧကရာဇ်မြို့တော်သို့ တစ်သုတ်ပြီးတစ်သုတ် ပြန်ပို့ပေးနိုင်သည်။


ဧကရာဇ်မြို့တော်အတွင်း စစ်တပ်အာဏာရရှိရေးတိုက်ပွဲသည် ဧကရာဇ်အာဏာရရှိရေးတိုက်ပွဲကို ပုံစံတစ်မျိုးဖြင့် တားဆီးမည်ဖြစ်သည်။


သို့သော် ၊ယခု လောလောဆယ် အင်ပါယာမြို့တော်နှင့် ပတ်ဝန်းကျင်ကို စောင့်ကြပ်နေသော အဓိကတပ်ကြီးများ၏ ထိပ်တန်းတပ်သားအများစုနှင့်အတူ၊ ရှောင်မင် သည် ကျောင်းသူကျောင်းသားများ၏ တောရိုင်းတပ်သားများကို တည်ဆောက်ပြီး လျင်မြန်စွာ ကြီးထွားလာရန် မဖြစ်နိုင်ပေ။


လင်းရွှမ် သည် လင်းယောင်ယောင် အား အစားအသောက်ကုထုံးသုတေသန အခြေစိုက်စခန်းအပြင်ဘက်သို့ ဆွဲထုတ်ပြီး အိမ်သို့ ခေါ်သွားခဲ့သည်။ လင်းယောင်ယောင် သည် ဖြည့်စွက်စာများကို အိပ်ချိန် များများစားစားမရှိဘဲ တစ်ရက်ခွဲကြာ ချက်ပြုတ်ကျွေးမွေးခဲ့သည်။ မနေ့ညက သူမ အိပ်ချိန်အတော်နောက်ကျပြီး ယနေ့မနက်ကျမူ စောစောထရသည်။ သူမသည် တစ်မနက်လုံး သူတို့အတွက် အစားအစာများပြင်ဆင်ခဲ့ပြီး သူမ၏နေ့လည်စာမှာ ဇာ့ခ်အသားနှစ်တုံးမျှသာဖြစ်သည်။ ညစာအတွက် အစားအသောက် ကုထုံးသုတေသန အခြေစိုက်စခန်းတွင် စားပြီး ဆက်နေမည်ဆိုပါက သူမ အနားယူနိုင်မည် မဟုတ်။ထို့ကြောင့်၊ သူမအား အတင်းအကြပ် အိမ်ကို ခေါ်လာခဲ့ရသည်။


လင်းရွှမ် ၏ စစ်ဘက်ဆိုင်ရာ အမြန်ကားပေါ်တွင် လင်းယောင်ယောင် က သူမ ယူလာသည့် နေ့လယ်စာများကို အာကာသ ခလုတ်ထဲမှ တစ်ခုပြီးတစ်ခု ထုတ်ယူလိုက်သည်။ ချက်ပြုတ်ထားသော ဇာ့ခ် အသားများ၊ သာမန်အသားများနှင့် ဟင်းသီးဟင်းရွက်ပါဝင်ပစ္စည်းများကို ပြင်ဆင်ထားခဲ့သည်။ ထို့ကြောင့် ယခုလည်း လတ်ဆတ်သော ပါဝင်ပစ္စည်းများနှင့် ချက်ပြုတ်ထားသော အစားအစာများကို ရွေးချယ်ကာ အရီးဆောင်စွမ်းအင်သုံး အိုးတစ်လုံးထဲတွင် ဟော့ပေါ့ဟင်းရည်များ၊ ဆော့စ်အစုံနှင့် လီမွန်တီး အအေးတစ်ဘူးကို ရွေးချယ်၍ အစားအသောက် ထည့်သည့် ဘူးအကြီးများထဲမှာ တစ်မျိုးစီ အတူတူထည့်လိုက်သည်။


ထို့နောက် အဘိုးလင်းကို တစ်ဘူး၊ အဘိုးဝေ့ကို တစ်ဘူး ပို့လိုက်သည်။ထို့နောက် လင်းမိသားစု၏ မိဘများနှင့် ဝေ့ မိသားစု၏ ဦးလေးနှင့် အဒေါ်ထံသို့ အစုံလိုက်ပို့ခဲ့သည်။ သို့သော် သူတို့တပ်စွဲထားသော စစ်တပ်ကြယ်တာရာသည် အနည်းငယ်ဝေးသော်လည်း ယနေ့ည အမီ စားနိုင်လောက်သည်ဟု ခန့်မှန်းရသည်။


သူမသည် ကားပေါ်တွင်ထိုင်ကာ ရေခဲအချိုရည်သောက်ရင်း ဟော့ပေါ့စားနေသည်။ သူမနှင့် ဆန့်ကျင်ဘက်တွင် အနည်းငယ် အေးစက်ပြီး ရုပ်ရည်ချောမောသူ တစ်ယောက် ထိုင်နေသည်။ သို့သော် သူသည် သူမ စားချင်သောအရာကို စိုက်ကြည့်လိုက်ရုံနှင့် ပန်းကန်ထဲ အလိုက်တသိ လာထည့်ပေးလေသည်။ သူမ ပျော်ရွှင်စွာ စားသောက်နေစဉ် သူမ၏ဝမ်းကွဲအစ်ကို ဝေ့ယွမ် ထံမှ ဗီဒီယို‌ကောလ်တစ်ခု ဝင်လာခဲ့သည်။ သူမလည်း လက်ထဲရှိ လီမွန်တီး အအေးကို အလျင်အမြန် ချလိုက်သော်လည်း ထိုခေါ်ဆိုမှုကို လက်မခံဝံ့သေးပေ။


ဝေ့ယွမ်သည် လင်းယောင်ယောင် နှင့် လင်းရွှမ် တို့ ဖက်နေသည့်အကြောင်းကို သိချင်သဖြင့် ဗီဒီယိုကောလ် ခေါ်လိုက်ခြင်းဖြစ်သည်။ ယခုတော့ သူမကို စစ်ဆေးဖို့ ရှာနေခြင်းပင်။


လင်းယောင်ယောင် လင်းရွှမ် ကို မကျေမနပ် စိုက်ကြည့်နေသည်။


"အစ်ကိုကြီးရဲ့ စိတ်စွမ်းအားက အရမ်းမြင့်မား နေတာကို ချောင်းလေး လာတာဘယ်လိုလုပ်ပြီး မသိရတာလဲ… သူ့ကို တမင်သက်သက် ခေါ်ပြချင်တာလား"


လင်းရွှမ် က သူမကို တစ်ချက်ကြည့်ပြီး ရှင်းပြလိုက်သည်။


"ကိုယ်က မင်းကို မလွှတ်ချင်လို့ .. ဘာလုပ်ရမှန်းမသိဖြစ်နေချိန်မှာ သူဝင်လာနေတာလေ"

သူမ နှုတ်ခမ်းကိုက်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏ နှုတ်ခမ်းများမှာ လီမွန်တီး အအေးကြောင့် အစိုဓာတ်ရရှိနေပြီး ပန်းနုရောင်သန်းနေသဖြင့် အလွန်ဆွဲဆောင်မှုရှိပြီး စားပွဲပေါ်ရှိ အရသာရှိသော အစားအစာများထက် သူ့ကို ဆာလောင်စေသည်။


သူမသည် သူ့ကို လက်ခံဖို့ ကြိုးစားသော်လည်း နီးကပ်လွန်းသည့် ဆက်ဆံရေးမျိုးဆိုလျှင် ငြင်းဆန်ချင်မိသည်။ ယခုလောလောဆယ်မှာ သူ့ကို အလွန်သတိထားပြီး စောင့်ကြည့်နေသည့် ကာလတွင် ရှိနေသေးသည်။ထို့ကြောင့်၊ တစ်စုံတစ်ခု မှားယွင်းသွားပါက အချိန်မရွေး ဆုတ်ခွာဖို့လည်း အချိန်လိုအပ်သည်။


လင်းရွှမ် က သူ့ကိုယ်သူ အလျင်စလိုမလုပ်ရန် အတန်အတန် စိတ်ထဲမှ သတိပေးနေ၏။ သူ့ဖြစ်တည်မှုကို လိုက်လျောညီထွေဖြစ်အောင် လုပ်ပြီး သူမအား စောင့်စေဖို့ စိတ်ရှည်သည်းခံရမည်ဖြစ်သည်။ သူမကို လုံးဝချစ်မိသွားသည်အထိ နက်ရှိုင်းစွာ နစ်မြုပ်သွားအောင် သွေးဆောင်ရန် ကြံစည်ပြီးမှ လှုပ်ရှားပါက သူမ တစ်သက်လုံး ထွက်ပြေးရန် မဖြစ်နိုင်တော့ပေ။


ခဏကြာသော်၊ဝေ့ယွမ် ၏ ဖုန်းခေါ်ဆိုမှုသည် အလိုအလျောက် တိတ်သွားခဲ့ပြီး လင်းယောင်ယောင် သက်ပြင်းချလိုက်သည်။ ထို့နောက် ၊ဝေ့ယွမ်နှင့်တွေ့ခါမှ သူမ "မနှောင့်ယှက်ရ" မုဒ်ကို ဖွင့်ထားပြီးမှ ပြန်မဖြည်မိသဖြင့် ဖုန်းမကိုင်ရခြင်းဖြစ်ကြောင်း ပြောရန် စီစဉ်ထားလိုက်သည်။


အလှလေး‌ချောင်း သည် လှည့်စားရန် လွယ်ကူသောကြောင့် ချောင်းမင်ယောင် ကို သူမ တည်တည်ငြိမ်ငြိမ်ဖြင့် လှည့်စားနိုင်ခဲ့၏။ သို့သော် ဝေ့ယွမ်က မအ,ပေ။ သူမ၏ နားကပ်အကြောင်းကို ဟိုးအရင်ကတည်းက သူ သိထားခဲ့ပြီးဖြစ်၍ ယခုဆို သူမနှင့် လင်းရွှမ် ကြားက ဆက်ဆံရေးကို ခန့်မှန်းပြီးသား ဖြစ်နိုင်သည်။ သူမ ဝေ့ယွမ်ကို မည်သို့ရှင်းပြရမှန်း မတွေးရသေးပေ။


ဝေ့ယွမ်သိသွားရင် ဝေ့မိသားစုကလည်း မကြာခင် သိသွားမယ်မလား… လင်း မိသားစုကရော ဘယ်လိုလဲ…


သူမ ရင်ဆိုင်နေရသည့် ပြဿနာကြောင့် ရုတ်တရက် ဟော့ပေါ့စားရန် စိတ်မ၀င်စားတော့ဘဲ စိတ်ပူစပြုလာသည်။


လင်းရွှမ် သည် တူကို ချလိုက်ပြီး သူမကို မှုန်ကုပ်ကုပ် စိုက်ကြည့်ကာ စိတ်ပျက်လက်ပျက် အသံလေးဖြင့် မေးသည်။


"ရှက်နေတာလား"


လင်းယောင်ယောင် သည် လင်းရွှမ် အဘယ်ကြောင့် ဤမျှ အေးဆေး ငြိမ်သက်သွားသည်ကို နားမလည်နိုင်ခဲ့ပေ။ သူ အေးဆေးမည်ဆိုလည်း၊အေးဆေး လောက်သည်၊ ဝေ့ယွမ်နှင့် ချောင်း ဝမ်းကွဲအစ်ကို နှစ်ယောက်မှာ သူ့ကို အနိုင်ယူရန် မဖြစ်နိုင်ပေ။


"ညီမလေးတို့ တွဲနေမှန်းသိရင် သူတို့ ဒေါသဖြစ်သွားမှာ ကြောက်တယ်…ညီမလေး သူတို့ကို စိတ်မကောင်းမဖြစ်စေချင်ဘူး..."


လင်းရွှမ် ပြုံးလိုက်ရာ သူ့မျက်နှာသည် ရေခဲနှင့် နှင်းများ အရည်ပျော်သွားကာ ပူနွေးသော နွေဦးနေရောင်ခြည်လိုမျိုး နွေးထွေး‌နူးညံ့လျက်။


"မင်းက ကိုယ်တို့ တွဲနေပြီလို့ ပြောလိုက်တာလား"


လင်းယောင်ယောင် : "..."


'ဟုတ်တယ်...ကိုယ်တို့ နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ဖွင့်မပြောကြသေးပေမယ့်လည်း အခုကြီးက တွဲနေကြတာလား'


တွဲမနေကြဘူးလို့ ပြောရင် ဘယ်လိုလုပ်ပြီး သူ့ကို လက်ကိုင်ခိုင်းပြီး ပေးဖက်ခိုင်းမှာလဲ...


သူမ ဘေးနားတွင် နေရာရွှေ့ပြီး ရုတ်တရက်လာထိုင်လိုက်သော လင်းရွှမ် သည် သူမကိုဖက်ရန် သူ့လက်ကြီးက ဆန့်တန်းထားသည်ကိုတွေ့လိုက်ရသောအခါ သူမ အနည်းငယ် ရှက်သွားသည်။ သူမ သူ့ ရင်ဘတ်ကို တွန်းထုတ်လိုက်ရင်း

"အစ်ကိုကြီးကို အခုက စုံစမ်းဆဲ ပဲနော်…တရားဝင် မဖြစ်သေးဘူးဆိုတော့ အမြဲတမ်း အနေအထိုင်ဆင်ခြင်ရမယ်...နော်"

လင်းရွှမ် ရင်ထဲဝယ် တိမ်နီများ စွန်းထင်းနေသည့် သူမ၏ မျက်နှာလှလှလေးကြောင့် သူ့နှလုံးသားကို လှုပ်ရှားစေသည်။သူ့နှုတ်ခမ်းထောင့်ရှိ အပြုံးသည် အရောင်မပြယ်သေး‌ဘဲ ဝေဆာလျက်ရှိသည်။ထို့နောက် သူက မိန်းကလေး၏ သွယ်လျသော ပုခုံးများကို ဖက်ထားကာ သူမ ခေါင်းကို ပွတ်ရင်း ငုံ့ကြည့်လိုက်သည်။


"… စိတ်မပူပါနဲ့ ၊သူတို့ စိတ်ဆိုးသွားရင်တောင် က်ိုယ့်ကိုပဲ အဓိက ဒေါသထွက်ကြလိမ့်မယ်…မင်းက ဘာကို ကြောက်တာလဲ...ကိုယ်က မင်းနဲ့ အတူရှိနေပေးမယ်"


ထိုအခါ သူမ နှလုံးသားထဲမှ စိုးရိမ်ပူပန်စိတ်များက တဖြည်းဖြည်း ငြိမ်သက်သွားသည်။ အရာအားလုံးကိုရင်ဆိုင်ဖို့ သူမဘေးနားမှာ သူ ရှိနေပေးနိုင်လျှင် အတော်ကောင်းပေမည်။ ကံကောင်းထောက်မစွာ၊ လင်းရွှမ် သည် လူဆိုးတစ်ယောက်လို အခွင့်အရေး မယူခဲ့ပေ။ သူက ပျော်ရွှင်နေသဖြင့် သူမအား ညင်သာစွာ ပွေ့ဖက်ကာ နှစ်သိမ့်ပေးခဲ့သော်လည်း မကြာမီ သူမကို အမြန်လွှတ်ပေးလိုက်လေသည်။


ထို့နောက် သူမ နှစ်သက်သော ပါဝင်ပစ္စည်းများကို ဟော့ပေါ့ထဲ ချက်ပြုတ်ရန် ကူညီပေးခဲ့သည်။ယခုတစ်‌ခါတော့ ဟင်းရည်ထဲကို အသားများထည့်ပြီး ကျက်သွားလျှင် ပဲငံပြာရည်ထဲနှစ်၍ ပန်းကန်ထဲမထည့်ဘဲ သူမကို သေချာခွံ့ကျွေးလေသည်။


လင်းယောင်ယောင် အနည်းငယ်ရှက်သွားသည်။


" တော်ပြီ ဗိုက်ပြည့်ပြီ…ညီမလေးက ကလေးမဟုတ်ပါဘူး…. ခွံ့ကျွေးစရာ မလိုပါဘူး"


သို့သော်လည်း လင်းရွှမ် က ပေးလာလျှင် သူမကလည်း မငြင်းဘဲ စားမြဲဖြစ်သည်။သူမက ဇာ့ခ် အသားများကို အစာမကြေမှာ ကြောက်သောကြောင့်အလွန်အကျွံမကျွေးပေ။ ထိုအစား သာမာန် အစာပလာများကိုသာ အများကြီးကျွေးသည်။သူမ မစားစားချင်အောင် အ‌ေကြာင်းပြချက်ကလည်း ပေးတတ်လွန်းသည်။


"ကြီးလာရင် ပိုစားရမယ်...မင်း အခုအရမ်း ပိန်နေတာ"


သူက ပြောရင်းဆိုရင်း သူမ တစ်ကိုယ်လုံးကို သိမ်းကျုံးကြည့်လိုက်ပြီး စိတ်ထဲမှလည်း'ကိုယ့်ဖို့ဆိုရင် ဒီ့ထက်ပိုပြီး ကြီးလာမှဖြစ်မယ်'


ကံကောင်းထောက်မစွာပဲ သူက သူမ အရပ်ပုကြောင်း မပြောခဲ့ပေ။ သူ ပြောလာလျှင် သူမ သေချာပေါက် စိတ်ဆိုးပစ်မိပေမည်။ ထို့နောက် သူမ ဆက်မစားနိုင်တော့ဘဲ ဖောင်းနေသော ဗိုက်လေးကို ပွတ်လိုက်ပြီး သူမ၏ စားကြွင်းစားကျန်များကို ကူစားပေးနေသော သူ့ကို မှီထားလိုက်သည်။သူက သူမထက် လေးငါးဆခန့် ပိုစားနိုင်ပေမည်။ထို့ကြောင့်လည်း အားပိုရှိနေခြင်းဖြစ်ရမည်။


လင်းယောင်ယောင် သည် လင်းရွှမ် ၏တင်းကျပ်နေသော သူ့လက်မောင်းရှိ ကြွက်သားများကို ထိကြည့်လိုက်ရာ သူက အစားရပ်လိုက်ပြီး


" ယောင်ယောင်…မင်း ကိုယ့်ကို ထပ်ထိရင် ကိုယ် မစားနိုင်တော့ဘူး...မင်းကိုပဲ စားလိုက်တော့မှာနော်"


လင်းယောင်ယောင် : "..."


သူမတို့ ချစ်သူနှစ်ယောက်သားသည် အများအားဖြင့် ရှုခင်းများအား လည်ပတ်ကြည့်ရှုခြင်းအတွက် အသုံးပြုလေ့ရှိသည့် အနှေးဆုံး အော်တို- မောင်းနှင်သူမုဒ်ကို ဖွင့်ပြီး နေအိမ်သို့ ပြန်လာခဲ့သည်။ ထို့နောက် လင်းရွှမ် သည် ကားပေါ်ရှိ ထမင်းစားစားပွဲကို သန့်ရှင်းရေးလုပ်ရန် စမတ်စက်ရုပ်အကူကိုခေါ်နေစဉ် လင်းယောင်ယောင် က ဆိုဖာပေါ်ထိုင်ကာ ဝေ့ယွမ် ကို အသံစနစ်ဖြင့်ပြန်ခေါ်လိုက်သည်။ထို့နောက် လင်းရွှမ် သည် သူမ ဘေးတွင်ထိုင်ကာ သူမ လက်ကိုကိုင်ရင်း ဆော့ကစားနေသည်။


ကျောင်းဝင်းထဲရှိ အဆောင်သို့ ပြန်လာခဲ့သည့် ဝေ့ယွမ်သည် အချိန်ပြည့် လင်းယောင်ယောင်ဆီမှ ဖုန်းကို စောင့်ဆိုင်းနေသောကြောင့် ချက်ချင်း ဖုန်းကိုင်လိုက်သည်။သူ့စိတ်ထဲမှာ သူမ ဖုန်းမကိုင်နိုင်သည်က လင်းရွှမ်က သူမ အနားမှာ ရှိနေ၍ အဆင့်မပြေဖြစ်နေခြင်းကြောင့်ဟု ဖြည့်တွေးပေးလိုက်၏။


အမြဲတမ်း တည်တည်ငြိမ်ငြိမ်နှင့်သာ စကားပြောဆိုတတ်သည့် ဝေ့ယွမ် က စိတ်အားထက်သန်စွာနှင့်ပြောလာသည်။


" ယောင်ယောင် ...ညီမ ပြောခဲ့တဲ့လူက လင်းရွှမ် မဖြစ်သင့်ဘူး မဟုတ်လား...လုံးဝ မဖြစ်ရဘူးနော်"


လင်းရွှမ် က သူမဘေးမှာ ရှိနေလျှင်လည်း ကိစ္စမရှိ၊ သူမကို ပြောချင်သည်။ သူ့ညီမလေးကို လင်း မိသားစုက စောင့်ရှောက်ထားပေးသော်လည်း ဤ လူယုတ်မာက ခိုးယူဖို့ ပြင်နေခြင်းပင်။


ယခင်က ဝေ့ယွမ်သည် လင်းယောင်ယောင်က သူတို့မိသားစုနှင့် နီးကပ်လာချိန်အထိ စောင့်ရန် တွေးနေခဲ့သည်။ ထို့နောက် သူ့ညီမကို ဝေ့မိသားစုထံ ခေါ်ယူကာ သူမ၏ ဘိုးဘွားများအား အသိအမှတ်ပြုစေ၍ ဝေ့ မျိုးရိုးနာမည် ပြောင်းစေချင်ခဲ့၏။


ဤခေတ်တွင် လူသားတို့သည် နှစ်ပေါင်းတစ်ရာကျော် အသက်ရှည်ကြသည်။ ထို့ကြောင့် ၊ဘယ်လိုပင် ၁၈နှစ်လုံးလုံး လင်းမိသားစုနှင့် နေခဲ့သည့်တိုင်၊သူတို့ ဝေ့မိသားစုနှင့် ၈နှစ်၊၁၀ခန့် နေလိုက်ပါက သွေးရင်းသားရင်းဖြစ်သော ဆွေမျိုးများသည် အကောင်းဆုံးဖြစ်ကြောင်း သူမ သိလာလိမ့်မည်။


သို့သော် အထက်ဖော်ပြပါ အစီအစဥ်များကို ပြီးမြောက်ခဲ့သော်ငြား မျှော်လင့်ထားသည့်အတိုင်း သူ့ညီမဖြစ်သူမှာ ဝေ့အိမ်ကို လာနိုင်တော့မည် မထင်ပေ။ အဘယ်ကြောင့်ဆိုသော် ယောင်ယောင် ကို ဝေ့ မျိုးရိုးနာမည် အမည်သစ်ပေးထားသည့်တိုင် သူမနှင့် လင်းရွှမ် အတူတူရှိနေပါက သူမသည် လင်း မိသားစုတွင် ဆက်လက်ရှိနေမည်ဖြစ်သည်။သူသာ လင်းရွှမ် ကို သွားတိုက်ခိုက်လိုက်လျှင် သူသာ ဆွေမျိုးမေ့အောင် ခံရဦးမည်ဖြစ်သည်။


ဝေ့ယွမ် သူ့ကို မရိုက်နိုင်သောကြောင့် ရုတ်တရက် ဒေါသထွက်လာသည်။


ဒီလိုလူယုတ်မာမျိုးကို ကျိန်ဆဲရုံပဲ တတ်နိုင်တာလား…


လင်းယောင်ယောင် သည် စပီကာမုဒ် ဖွင့်ထားသဖြင့် သူမ ရှက်ရွံ့သွားပြီး ဘယ်လိုပြန်ပြောရမှန်းကို မသိတော့ဘဲ


“အိုး…”


သူမဘေးရှိ လင်းရွှမ် ကလည်း မျက်ခုံးပင့်ကာ အနည်းငယ်အေးစက်စက် လေသံနှင့်ပြောလိုက်သည်။


"အိုး..ငါက မဖြစ်သင့်ဘူး ဟုတ်လား...ဘာဖြစ်လို့လဲ... မင်းငါ့ကိုစမ်းချင်တာလား"


သူ့လေသံက ယုံကြည်မှုအပြည့်နှင့်။

ယောက်ျားများသည် “မဖြစ်နိုင်ဘူး၊မလုပ်နိုင်ဘူး” ဆိုသည့် စကားများကို အတော်လေး ဆတ်ဆတ်ထိမခံတတ်ကြပေ။


ဝေ့ယွမ် သည် တစ်စက္ကန့်မျှ တိတ်ဆိတ်သွားပြီးနောက် ချောင်းမင်ယောင် ၏ ဒေါသသံက ဖုန်းထဲမှ ထွက်လာတော့သည်။


"ဖာ့ခ်... Star Network က မက်ခါပြိုင်ပွဲပလက်ဖောင်းမှာ တိုက်ကြမလား"


လင်းယောင်ယောင် :...


သူ့အစ်ကိုများမှာ သူမကြောင့် ရန်ဖြစ်နေကြသည်။နှစ်ယောက်က ဝမ်းကွဲအစ်ကိုများဖြစ်ပြီး ကျန်တစ်ယောက် သူမ ချစ်ရသော အစ်ကို ဖြစ်သည်။


သူမဘယ်ဘက်မှာ နေရမှာလဲ…


ထိုအကြောင်းကို တွေးပြီးနောက် သူမ သည် လင်းရွှမ် ၏ အင်္ကျီစကို ဆွဲရင်း ပြောလိုက်သည်။


"အစ်ကိုကြီး အေးအေးဆေးဆေး နေလိုက်တော့ ...အစ်ကို ဝေ့ယွမ် နဲ့ ဝမ်းကွဲ ချောင်းလေး ကို အနိုင်ကျင့်မနေနဲ့"


လင်းရွှမ် သည် ခဏမျှ တိတ်ဆိတ်သွားပြီး


"မင်းက တစ်မျိုးထင်နေပါလား... သူတို့ နှစ်ယောက်က ကိုယ့်ကို အနိုင်ကျင့်မှာလေ…ဟိုက နှစ်ယောက်ကြီးမလား"


စင်စစ်၊ အဓိပ္ပါယ်မရှိသည့်စကားများပြောဖို့ဆိုလျှင် လင်းရွှမ်ကို နိုင်သူမရှိတော့ပေ။



xxxxx

Ei Thet Hmue