အပိုင်း၉၃
Viewers 14k

Chapter 93

Chapter 93


-----------------------


ကျင်းစစ် ဦးခေါင်းက ပေါက်ကွဲသွားပြီး သူ့မျက်နှာမှာလည်း လောင်ကျွမ်းတော့မတတ် ပူလောင်သွားရသည်။ 


သူက ဝိုးတိုးဝါးတား ထစ်ထစ်အအဖြင့် ပြောလိုက်သည်။


" မနက်အစောပိုင်း သဘာဝအလျောက် တုံ့ပြန်မှု"


"အိုး သဘာဝအလျောက် တုံ့ပြန်မှု " ယင်းကျောင်းက ခေါင်းငြိမ့်လိုက်ပြီး ပေါ့ပေါ့ပါးပါးဟန်ဖြင့် ပြောလိုက်လေသည်။


" အဲ့ဒါဆို မင်းပြောချင်တာက မင်းကကိုယ့်ကို တုံ့ပြန်ခဲ့တာ မဟုတ်ဘူးပေါ့"


ထိုမေးခွန်းက ဖြေဆိုရန် ခက်ခဲလွန်းသဖြင့် ကျင်းစစ်မှာ တိတ်ဆိတ်နေရန်သာ ရွေးချယ်လိုက်သည်။


"တကယ်လား" 


ယင်းကျောင်းက သူ့ခါးပေါ်သို့ လက်တင်ကာ အပြုံးတဝက်ဖြင့် ​ပြောလိုက်၏။


 " ဒါဆို ကိုယ်ဒီနေ့ မှန်မမှန် စစ်ဆေးကြည့်မယ်"


ကျင်းစစ်မှာ အသက်ရှူကျပ်သွားရပြီး အောက်သို့သွားနေသည့် ထို သူ့လက်ကို ဖမ်းကိုင်ကာ ​တားလိုက်သည်။


"မလုပ်နဲ့ ..."


"ဘာကို မလုပ်ရမှာလဲ"


"မှန်မမှန် စစ်ဖို့မလိုဘူး ..."


ယင်းကျောင်းက သူရဲ့ အပေါ်နှုတ်ခမ်းကို လျှာဖြင့်အသာယပ်လိုက်ကာ အရှက်မရှိ ပြောလိုက်သည်။


" ကိုယ်စစ်မကြည့်ရင် ကိုယ်ဘယ်လိုလုပ် သိမှာလဲ" 


သူက ခဏရပ်တန့်လိုက်ပြီးနောက် ဆက်ပြောလိုက်၏။


 " ကိုယ့်ကောင်လေးက ကိုယ့်ကို မတုံ့ပြန်ဘူးဆိုတာ အရေးကြီးတဲ့ ကိစ္စပဲ"


ကျင်းစစ်က မျက်လုံးများကို အောက်ချလိုက်သည်။ သူက အမှောင်ထဲတွင် ယင်းကျောင်းရဲ့ မျက်နှာကို ရှင်းလင်းစွာ မမြင်နိုင်သော်လည်း သူရှက်နေတုန်းပင် ဖြစ်လေသည်။ သူ့လက်သီးကို ဆုတ်လိုက်ပြီး ရှက်ရွံ့မှုကို ထိန်းချုပ်ကာ တီးတိုးပြောလိုက်သည်။


 " အင်း "


"ဘာဖြစ်တယ်" 


ယင်းကျောင်းက ယုတ်မာစွာ ပြုံးလိုက်ပြီး " မင်းဘာပြောလိုက်တယ် ကိုယ်သေချာမကြားရဘူး အဲ့ဒါက တုံ့ပြန်လား မတုံ့ပြန်တာလား"


ကျင်းစစ်မှာ နှလုံးသားထဲကနေ သက်ပြင်းချမိပြီး ပြောလိုက်ရသည်။


"တုံ့ပြန်တယ်"


ယင်းကျောင်းက ထပ်ပြီး တောင့်မခံနိုင်တော့သဖြင့် သူ့ခေါင်းကို ကျင်းစစ်လည်ပင်းထဲတွင် မြှပ်လိုက်ကာ အရိုင်းဆန်စွာ ရယ်မောပစ်တော့သည်။


ကျင်းစစ်ကို စနောက်ပြီးနောက် ယင်းကျောင်းမှာ စိတ်ကောင်း ဝင်နေသဖြင့် သူ့ကိုရေချိုးပြီး မနက်စာစားရန် ဆွဲခေါ်သွားလိုက်သည်။ ထို့နောက် ကျောင်းရဲ့ သင်ရိုးများအတိုင်း သူတို့က မေးခွန်းများကို စတင်ဖြေကာ စာလုပ်ကြတော့သည်။


နေ့လည်ရောက်သောအခါ ယင်းကျောင်းရဲ့ ဖုန်းကတုန်ခါလာသည်။ သူ့ခဲတံကို ချလိုက်ကာ ဖုန်းကို ကောက်ကိုင်လိုက်ပြီး ကြည့်လိုက်သောအခါ ကျန့်ချွယ်နှင့် အခြားသူများစီမှ ဖြစ်နေတာကို တွေ့လိုက်ရ၏ --


[ကျန့်ချွယ်က မမှန်ဘူး] : [ဝက်ဆိုဒ်လင့်]


[ကျန့်ချွယ်က မမှန်ဘူး] : အစ်ကိုကျောင်း သူတို့က အစ်ကိုစစ်ရဲ့ အဖေအကြောင်း ပြောနေတာလား သေစမ်း ! သူကလူရော ဟုတ်ရဲ့လား


[ဖန်ချန်းချန်း] : သားရဲတိရစ္ဆာန် အိုကြီး


[ဦးလေးဟယ့်] : ငါ့ရဲ့ သောင်းကျန်းတတ်တဲ့ ဒေါသကို ထိန်းလို့ မရတော့ဘူး...အစ်ကိုရောသိလား @ကျောင်း @ကျောင်း


ယင်းကျောင်းက မျက်မှောင်ကြုံ့ကာ ကျန့်ချွယ်ပို့ထားသော ဝက်ဆိုဒ်လင့်ကို နှိပ်လိုက်သည်။


ကြည့်မိတာနှင့် သူ့မှာအံ့အားသင့်သွားရ၏။


မကောင်းသောလူများမှာ သူတို့ရဲ့ ကိုယ်ပိုင် သီးနှံကို ရိတ်သိမ်းရသည်မှာ အသေအချာပင်။ သူဘာမှ မလုပ်ခင် အဖေကျင်းမှာ အရင် ပြိုလဲ သွားချေပြီ။


[ကျောင်း] : ငါသိပြီ


[ကျန့်ချွယ်က မမှန်ဘူး] : မဟုတ်သေးပါဘူး အကိုက ဘာလို့ ဂရုမစိုက်တာလဲ ကျွန်တော်က အပြင်လူဖြစ်တာတောင် ပေါက်ကွဲနေရပြီ


[ဦးလေးဟယ့်] : လူအိုကြီးကျန့် ... စိတ်လျှော့ အစ်ကိုကျောင်းက အရင်ထဲက ဒီကိစ္စကို သိတယ်ဆိုတာ ထင်ရှားနေတာပဲလေ


[ကျန့်ချွယ်က မမှန်ဘူး] : အိုး


[ကျန့်ချွယ်က မမှန်ဘူး] : ကျွန်တော်က တော်တော်လေး စိတ်မချမ်းသာရဘူးလို့ ကျွန်တော်က ထင်ထားတာ ဒါပေမဲ့ အကိုစစ်က ကျွန်တော့်ထက် ပိုဆိုးနေမယ်လို့တော့ မထင်ထားဘူး


[ကျောင်း] : မင်းက တကယ်လည်း စိတ်မချမ်းသာနေရတာလေ ကျင်းစစ်က စိတ်မချမ်းသာဖြစ်ရတာမျိုးမရှိဘူး ငါရှိတယ်


[ဦးလေးဟယ့်] : .......... အဲ့ဒီကိစ္စတွေအကြောင်းပြောရင်းနဲ့ မဆိုင်တဲ့ ကိစ္စတွေကို မပြောနဲ့ ဒါနဲ့ အစ်ကိုစစ်က ဘူဖေးစားရတာကြိုက်လား ငါတို့နားကဆိုင်မှာ ကောင်းတယ် သူ့ကို ခေါ်လာခဲ့ပါ့လား


ယင်းကျောင်းက တစ်ချက် စဥ်းစားလိုက်ပြီးနောက် သဘောတူလိုက်သည် -


[ကျောင်း] : အိုကေ ငါ့ကို တည်နေရာပို့လိုက်


ထိုစာကြောင်းကို ပို့ပြီးသောအခါ သူက စာပို့ခြင်းကို ရပ်တန့်ရန် လုပ်လိုက်သော်လည်း ကျန့်ချွယ်က သူ့ကို ရုတ်တရက် တားလိုက်သည်။


[ကျန့်ချွယ်က မမှန်ဘူး] : အစ်ကိုကျောင်း မထွက်သွားပါနဲ့ဦး ကျွန်တော့်မှာ မေးစရာ ရှိသေးတယ် 


[ကျောင်း] : ?


[ကျန့်ချွယ်က မမှန်ဘူး] : အစ်ကိုစစ်နဲ့ ဘယ်လိုလုပ် တွဲဖြစ်သွားတာလဲ ကျွန်တော့်ကို သင်ပေးပါ့လား ကျွန်တော် ဒီနေ့ ကောင်မလေး တစ်ယောက်ကို ဒိတ်ဖို့ခေါ်တာ ကျရှုံးသွားတယ်


[ကျောင်း] : ငါ့နည်းလမ်းက မင်းနဲ့ မသင့်တော်ဘူး


[ကျန့်ချွယ်က မမှန်ဘူး] : ဘာလို့လဲ ဘာကွာလို့လဲ အကုန်လုံးက လှည့်ကွက်တွေပဲမဟုတ်ဘူးလား


[ကျောင်း] : ဘယ်လိုလုပ် မကွာဘဲနေမလဲ မင်းမျက်နှာကို မှန်ထဲမှာ ပြန်ကြည့် ပြီးရင် ငါ့မျက်နှာကို လာကြည့်လိုက်လေ


[ကျောင်း] : ငါလုပ်တဲ့ တချို့အရာတွေက လူတွေကို ဂြိုလ်မွှေတာ မင်းလုပ်ရင်ကတော့ အနီရောင် အာမေဍိတ် သတိပေးချက် အမှတ်အသားကြီးလေ


(Eng T/n : ယင်းကျောင်းသူ့ကို အာမေဍိတ် အမှတ်အသားနဲ့ နှိုင်းယဥ်ပြောတာကို ငါလည်း နားမလည်ဘူး)


[ MT/N : ယင်းကျောင်းပြောခဲ့သမျှစကားတွေကိုပြန်တွေးလိုက် ဘယ်လောက်တောင် 🔞 ဖြစ်သလဲဆိုတာ အဲ့ဒါကိုသာ ကောင်မလေးတစ်ယောက်ကိုသွားပြောရင် သေချာပေါက်ပါးရိုက်ခံရမှာလေ အဲ့ဒါကြောင့် အနီရောင်အာမေဋိတ်အမှတ်အသား 🔞❗️ လို့ သုံးသွားတာ ]


[ကျန့်ချွယ်က မမှန်ဘူး] : ထွက်သွားစမ်း ! ! !


ယင်းကျောင်းက ခပ်ညစ်ညစ် ပြုံးကာ ဖုန်းကို ချလိုက်ပြီး ဘေးတွင် စာကို အလေးအနက်ထားရေးနေသော ကျင်းစစ်ကို ကြည့်လိုက်သည်။ သူကအတော်ကြာတွေးနေလိုက်ပြီးနောက် နာမည်တစ်ခုကို wechat မှ ရှာဖွေသည့်နေရာတွင် ထည့်လိုက်ပြီး ဝရံတာ ဆီသို့လမ်းလျောက်သွားကာ စာရိုက်လိုက်၏။


[ကျောင်း] : ဦးလေးယောင် အလုပ်ရှုပ်နေလား ကျွန်တော်မေးစရာလေး ရှိလို့


ယောင်ရစ်ချန်းက အစပိုင်းတွင် ယင်းကျောင်း အဘိုးရဲ့ အမွေကို ကိုင်တွယ် ဖြေရှင်းခဲ့ပြီး သူက ယင်းကျောင်း အဘိုး၏ ဂျူနီယာဖြစ်၏။ သူကယင်းကျောင်းတို့ မိသားစုနှင့် ဆက်ဆံရေးကောင်းပြီး ယင်းကျောင်းနှင့် အလွန် ရင်းနှီးလေ၏။


[ယောင်ရစ်ချန်း] : ဘာဖြစ်လို့လဲ ကျောင်းကျောင်း


[ကျောင်း] : ကျောင်းကျောင်းလို့ ခေါ်တာ ရပ်ပေးနိုင်မလား


[ယောင်ရစ်ချန်း] : အိုကေ ကျောင်းကျောင်း


[ကျောင်း] : ... မေ့လိုက်တော့ ဦးလေးကို မေးပါရစေ ကျောင်းသားတစ်ယောက်ရဲ့ အိမ်ထောင်စုစာရင်းကို ဘယ်လို ပြောင်းရမလဲ


[ယောင်ရစ်ချန်း] : မင်းပြောင်းချင်လို့လား ဘယ်ကိုလဲ


[ကျောင်း] : ကျွန်တော် မဟုတ်ဘူး ကျွန်တော့် သူငယ်ချင်း


[ယောင်ရစ်ချန်း] : အိုး ဒီလိုလား ပထမအချက်က အဲ့ပြောင်းမယ့် တစ်ယောက်က သူ့မိသားစုအိမ်ကနေ နေရာပြောင်းရမယ် ဒုတိယက ကျောင်းတွေ ပြောင်းရမယ် တတိယက သူရဲ့ နာမည်နဲ့ ကိုယ်ပိုင်အိမ်ကို မြေနေရာ အတိအကျ နဲ့ ရှိရမယ်


(Eng T/n : မှန်မမှန် မသေချာဘူး...)


ယင်းကျောင်းက သူ့ရဲ့ မက်ဆေ့ချ်ကို ဂရုတစိုက် ဖတ်လိုက်သည်။ ပထမနှင့် ဒုတိယက ကျင်းစစ်နှင့် အတိအကျ မသက်ဆိုင်ပေ။ ထို့ကြောင့် တတိယ တစ်ခုသာ ကျန်တော့သည်။


[ကျောင်း] : ဦးလေးယောင် ဦးလေးအခု တုန်းဟိုင်ပြည်နယ်ထဲမှာလား ကျွန်တော့်ကို အိမ်ခြံမြေ ဂရန်ချပေးတာလေး ကူညီပေးပါ့လား


[ယောင်ရစ်ချန်း] : အိမ်ခြံမြေကို ဂရန်ချပေးမယ် ဘယ်သူ့ကို ပေးမလို့လဲ အိမ်ခြံမြေ ဂရန်ချပေးမယ် ဆိုရင် အခွန်ခက အရမ်းမြင့်ပြီး တွက်ချေ မကိုက်ဘူးနော် တကယ်လို့ မင်းတစ်စုံတစ်ယောက်ကို ပေးချင်တယ်ဆိုရင် သူ့ကို ပိုက်ဆံအရင်ပေးပြီး အိမ်ကို ဝယ်ခိုင်းလိုက် ပြီးရင် အိမ်ကို သူ့နာမည်နဲ့ ထားလိုက်


[ကျောင်း] : အဲ့ဒါက အဆင်ပြေပါတယ် ဒီတိုင်းပဲ ပေးလိုက်မယ် မဟုတ်လို့ သူသိရင် လုံးဝလက်ခံမှာ မဟုတ်ဘူး


[ယောင်ရစ်ချန်း] သူက ဘယ်သူလဲ မင်းတို့ အခြေအနေကဘာလဲ ဘာလို့ အိမ်ကို ချက်ချင်းထုတ်ရောင်းနေတာလဲ


[ကျောင်း] : ကျွန်တော့် ချစ်သူကေောင်လေး


ယောင်ရစ်ချန်း : "..."


ယောင်ရစ်ချန်းက တိုက်ရိုက် ဖုန်းခေါ်လာသည်။


 " ယင်းကျောင်း မင်းတကယ် ပြောနေတာလား" 


ယင်းကျောင်းက အင်း လို့ ပြောလိုက်ကာ ဝရံတာ တံခါးကို ပိတ်လိုက်၏။


"မဟုတ်သေးပါဘူး" 


ယောင်ရစ်ချန်းက အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့စိတ်ထဲမှ အံ့အားသင့်မှုကို ဖုံးဖိကာ ဖျောင်းဖျလိုက်သည်။


" မင်းကငယ်သေးတယ် နောက်ပြီး မင်းက ယောင်္ကျားလေး..."


သူနှုတ်ခမ်းကို အကြိမ်ပေါင်းများစွာ လှုပ်ရှားလိုက်သော်လည်း " ချစ်သူကောင်လေး " ဆိုသောစကားကို ပြောမထွက်ဘဲ အခြားစကားလုံးဖြင့် ဆက်ပြောလိုက်ရသည်။


"တခြားတစ်ယောက်ကလည်း ငယ်သေးတယ် မင်းတို့ရဲ့ ဟော်မုန်းတွေ ကစားနေတာပါ အဲ့လောက်ကြီးအထိ မင်းလုပ်စရာ မလိုဘူး မင်း..."


"ဦးလေးယောင်" ယင်းကျောင်းက သူ့စကားကို ဖြတ်ပြောလိုက်သည်။


 " ကျွန်တော်က ကလေး မဟုတ်တော့ဘူး ကျွန်တော်သိသင့်တာကို သိတယ် ဦးလေး အားတဲ့ အချိန်ရှိလား"


ယောင်ရစ်ချန်းက ယင်းကျောင်း ကိုကောင်းကောင်းသိလေသည်။ သူလုပ်မည်ဟုပြောလျှင် ဆွေးနွေးညှိနှိုင်းရန် အခန်း မရှိတော့ပေ။ အိမ်တစ်လုံးလောက်က ယင်းကျောင်း အတွက် ဘာမျှ မဟုတ်ပေ။ 


ထို့ကြောင့် သူသဘောတူလိုက်ရသည်။


" ကိုယ့်ဖာသာကိုယ် အဖြေရှာလိုက် ငါမင်းကို မနက်ဖြန် လာရှာမယ်"


"အိုကေ ဦးလေးကိုပဲ ဒုက္ခပေးရမှာပဲ"


ယင်းကျောင်းက ဖုန်းချကာ ပြုံးလိုက်သည်။


ဟော်မုန်းတွေက အလုပ်လုပ်နေတယ်ပေါ့...


သူထိုအိပ်ယာတွင် ဘယ်နှစ်ကြိမ် အိပ်ခဲ့မှန်း မသိပေမဲ့ သူမလှုပ်ချင်ပေ။


ကျင်းစစ် မနက်က အိပ်ယာပေါ်တွင် ထိုင်ခဲ့ပြီး သူ့နှုတ်ခမ်းကို စူထားတာကို တွေးမိသောအခါ သူရုတ်တရက် သူ့နှလုံးခုန်မြန်လာရသည်။ ထို့နောက် တည်ငြိမ်ရန် အကောင်းဆုံးကြိုးစားနေပုံကိုမြင်ယောင်မိသောအခါ ယင်းကျောင်းမှာပို၍ပင် အသည်းယားလာရ၏။


သူ့ လည်စေ့က ရွေ့လျားသွားပြီး သူ့စီးကရက်တစ်လိပ်ကို ထုတ်ကာ သောက်လိုက်ချင်သော်လည်း သူဆေးလိပ်သောက်တာကို မကြိုက်သော ကျင်းစစ် အကြောင်းတွေးလိုက်မိလျှင် ချိုချဥ်ကို လက်အပြည့်ထုတ်လိုက်ပြီး အများအပြားကို တစ်ကြိမ်ထဲဝါးစားလိုက်ကာ သူ့ရင်ထဲမှ အပူကို ထိန်းချုပ်နေရသည်။


သူပြန်သွားသောအခါ ကျင်းစစ်က သင်္ချာအိုလံပစ် မေးခွန်း တစ်စုံကိုဖြေဆိုပြီး အကြမ်းစာရွက် အသစ်ကို ထုတ်နေသည်။


"ကိုယ် မင်းကို တစ်ခုပြမယ် " 


ယင်းကျောင်းက ကျန့်ချွယ် ပို့ပေးထားသော လင့်ကို နှိပ်ကာ ကျင်းစစ်ကို ဖုန်းပေးလိုက်သည်။


ကျင်းစစ် ယူလိုက်ပြီး အကြည့်တစ်ချက်ဖြင့် ဖတ်လိုက်ပြီးနောက် အနည်းငယ် အံ့အားသင့်သွားရသည်။


" ဒါက ... ဘယ်လိုဖြစ်လို့ ကိစ္စက ဒီလိုကြီးသွားတာလဲ"


"သူက ဒီလောက်ကောက်ကျစ်နေတာ ဒါနဲ့ပဲတန်တယ်" 


ယင်းကျောင်းက နှာမှုတ်ကာ ကျင်းစစ်ကို ငုံ့ကြည့်လိုက်သည်။


 " သူမင်းဆီ အနာဂါတ်မှာ လာမှာကို စိတ်မပူနဲ့တော့ ..."


ယင်းကျောင်းက သူ့လက်ကို ကိုင်လိုက်ပြီး ညင်သာစွာ ပြောလိုက်သည်။


" ကျောင်းမှာရှိတဲ့ လူတိုင်း ဒီကိစ္စကို သိသင့်တယ်"


ထိုကိစ္စက အဖေကျင်းကို ရှင်းထုတ်ပစ်ရန် ဖြစ်ပေမဲ့ ကျင်းစစ်အတွက်တော့ သူ့ကို သနားနေသော မျက်လုံးများနှင့် အခြားသူများရဲ့ သီးသန့် ဆွေးနွေးပြောဆိုမှုများကို အနာဂါတ်တွင် ရင်ဆိုင်ရမည် ဖြစ်သည်။


"အရေးမကြီးပါဘူး" ကျင်းစစ်က ပြုံးလိုက်သည်။


 သူ့ မိသားစု ကိစ္စများကို အခြားသူများရဲ့ အရှေ့တွင် ထုတ်ဖော်ပြောဆိုရခြင်းကို မကြိုက်ပေ။ ဆရာလျို တစ်ယောက်တည်းကို အရင်က ပြောခဲ့မိခြင်းကိုပင် အတော်လေး ရှက်ရွံ့နေမိပြီဖြစ်သည်။ 


သို့သော် သူ၎င်းကို ကျင်းဖူရဲ့ လာရောက် ပက်သက်ခြင်းကို ဖယ်ရှားရန် အသုံးပြုနိုင်လေသည်။


နောက်ပြီး ယင်းကျောင်းလည်း ရှိတယ်မလား...သူမပျော်ရင် ယင်းကျောင်းကို ကြည့်ပြီးစကားပြောလိုက်ရင် ပြသနာတွေ အာလုံးကို မေ့သွားရော။


ယင်းကျောင်းက သူ့မျက်နှာကို အနီးကပ်ကြည့်လိုက်ပြီး သူပြုံးနေခြင်း ဖြစ်ကြောင်းတွေ့လိုက်မှ စိတ်သက်သာယာရသွားသည်။


သူက ကျင်းစစ် လက်ထဲမှ စာရွက်ကို ယူကာ ချလိုက်ပြီး သူ့ကို မတ်တပ်ရပ်ရန် ဆွဲထူလိုက်သည်။


" သွားရအောင် နေ့လည်ကျရင် ဘူဖေးဆိုင်ကို သွားရအောင် ဟယ့်ကျိုးနဲ့ တခြားသူတွေလည်း သွားမှာ"


ဒါတွေအကုန်လုံးက သူ့ကို ပျော်ရွှင်စေတယ်ပေါ့...ဒါဆို သူ့ကို နောက်ရက် အနည်းငယ်လောက် ထပ်ပျော်နေရအောင် လုပ်ပေးလိုက်မယ်...


__


Translated By IQ-Team.