Chapter 95
မြေပြင်သည် ဆီများဖြင့်ပြည့်ကာချောနေရာ ဆံပင် အနီရောင်နှင့် လူက ခြေထောက်တွင် အားသုံး၍ မရပေ။ ယင်းရှန့်ကျွင်းဆီမှ အရိုက်ခံလိုက်ရသောအခါ သူ့ခန္ဓာကိုယ်ကို လုံးဝ မထိန်းနိုင်တော့ဘဲ ယင်းရှန့်ကျွင်းနှင့် အတူ မြေပြင်ပေါ်သို့ ရှက်ရွံ့စရာကောင်းစွာ လဲကျသွားလေ၏။
ယခုအကြိမ်တွင် သူတို့နှစ်ယောက်မှာ ဒယ်အိုးထဲတွင် ဆီစိမ်ထားသလို ဖြစ်နေကာ သူတို့ တစ်ကိုယ်လုံးက ဆီများဖြင့် နင့်နေလေသည်။
တခြားသူများတွင်လည်း ကျင်းစစ်ဆီမှ ဆီများအပက်ခံထားရသောကြောင့် သူတို့က ကျင်းစစ်ဆီသို့လျှောက်သွားလိုက်ကာ မျက်လုံးနီနီများဖြင့် အံကြိတ်ကာ ပြောလိုက်သည်။
" မင်းလက်တွေကို မလိုချင်တော့ဘူးလား ဟမ်"
ကျင်းစစ်ရဲ့ အမူအရာက ပြောင်းလဲခြင်းအလျဥ်းမရှိဘဲ ဆီပုံးကို ချပြီး သူ့အိတ်ကပ်ထဲမှ မီးခြစ်ကို ထုတ်ကာ အေးစက်စွာ ပြောလိုက်သည်။
" ဒီနားကိုထပ်လာရဲရင် လာလိုက် ငါမီးရှို့ပစ်မှာ "
သူတို့ထဲမှ တစ်ယောက်က ရယ်မောလိုက်ပြီး " မင်းက ဘယ်သူ့ကို လာခြောက်လှန့်နေတာလဲ ငါမယုံဘူး..."
သူစကားမဆုံးခင် ကျင်းစစ်က မီးခြစ်အဖုံးကို ဖွင့်ကာ မီးခြစ်လိုက်တာကို မြင်လိုက်ရလေသည်။
ယင်းက အဝါဖျော့ရောင်ကို အပြာရောင် မီးတောက်များဖြင့် လေထဲတွင် ဝန်းရံထားပြီး ယိမ်းခါနေလေ၏။
ကျင်းစစ်က မီးခြစ်ကို ကိုင်ထားကာ ရှေ့သို့နှစ်လှမ်းတိုးလိုက်ပြီးနောက် သူ့အသံကမူ တည်ငြိမ်နေကာ မပြောင်းလဲတဲ့မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။
" အတူတူသေသွားရလည်း ကိစ္စမရှိဘူးနော်"
သူတို့က ရူးကြောင်ကြောင် ဖြစ်လာကာ အံ့အားသင့်နေကြပြီး သေရမည်ကို ကြောက်လာကြတော့သည်။
ထိုလူများက အလွန်ကြောက်လာကြကာ အနောက်သို့ တဖြည်းဖြည်း ဆုတ်ကာပြေးကြတော့သည်။ မြေပေါ်တွင် လဲနေသော ယင်းရှန့်ကျွင်းနှင့် ဆံပင်အနီရောင် လူတို့ပင် ထွက်ပြေးရန် သူတို့၏ လက်များနှင့် ခြေထောက်များကို သုံးတာ ကုတ်ကတ်ပြီး ထကြလေသည်။
သေစမ်း သူတို့က တိုက်ပဲတိုက်ချင်တာ သူတို့ အရူးနဲ့ ကြုံရမယ်လို့ ဘယ်သူက ထင်မှာလဲ...
ယင်းရှန့်ကျွင်းပြောတာ အမှန်ပဲ သူညီကရူးနေတာ သူနားက သူငယ်ချင်းတွေရောပဲ...
မျက်တောင် တစ်ခတ် အတွင်းတွင် ယင်းရှန့်ကျွင်းနှင့် သူ့အဖွဲ့သည် ရှေးဟောင်းမြို့မှ ပျောက်ကွယ်သွားလေ၏။ ထို့အစား ဆီများနှင့် ခြေရာများသာ ကျန်ခဲ့ချေသည်။
ကျင်းစစ်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိပြီးနောက် မီးခြစ်ကို ငြိမ်းလိုက်သည်။
ယင်းကျောင်းက သူ့ကို ရှုပ်ထွေးနေသော မျက်လုံးများဖြင့် ကြည့်လိုက်မိသည်။
" မင်းအဲ့ဒီလို လုပ်စရာ မလိုပါဘူး ကိုယ်သူတို့ကို ဖြေရှင်းနိုင်တယ်"
အထူးသဖြင့် စစ်တန်းလျားတွင် နေခဲ့ဖူးသောကြောင့် သူက အသက်ငယ်ငယ်တည်းကပင် အတိုက်အခိုက်တွင် ထူးချွန်လေသည်။ အတိတ်တွင်မူ သူက အခြားသူများနှင့် အငြင်းပွားလျှင် သူကသာ အမြဲ သူ့ငယ်ချင်းများအရှေ့တွင် ရပ်ပေးခဲ့သူဖြစ်၏။ သူတို့ကလည်း အကျင့်ဖြစ်နေကြပြီဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ သူက သန်မာကာ အလွယ်တကူ မနာကျင်နိုင်ပေ။
ယခုမူ တစ်စုံတစ်ယောက်က သူ့ကို ကာကွယ်ပေးသည်မှာ ပထမဆုံးအကြိမ် ဖြစ်လေသည်။
သူရဲ့ ကျင်းစစ်လေးက မတိုက်ခိုက်နိုင်သည်မှာ သိသာပြီး ပြသနာများကို လည်း မုန်းတီးတတ်မှန်း သိသာသော်လည်း တစ်စုံတစ်ယောက်က ယင်းကျောင်းကို စော်ကားမော်ကားပြောလာချိန်တွင် သူက ယင်းကျောင်းအရှေ့တွင် မတုံ့ဆိုင်းဘဲ ကမူးရူးထိုး လာရပ်လေ၏။
"အဲ့ဒါက အလုပ်မဖြစ်ဘူး"
ကျင်းစစ်က နှုတ်ခမ်းကို ကိုက်ပြီး ဆီပုံးကို ကောက်ကိုင်ကာ ပြောလိုက်သည်။
" မင်းအတွက်က မင်းသူတို့ကို ရိုက်မှာဆိုပေမဲ့ ငါ့အတွက်တော့ သူတို့က မင်းကို ငါ့ရှေ့မှာ တိုက်ခိုက်တာလေ"
သူ့အတွက်လည်း ယင်းကျောင်းက အလွန်ထူးခြားပေသည်။ မည်သူမျှသူမှ သူ့ခေါင်းကို မရိုက်နိုင်သလို ယင်းကျောင်းကိုလည်း မည်သူကမျှ ရိုက်လို့မရချေ။ ယင်းကျောင်းကို အနည်းငယ်ပင် နာကျင်အောင်လုပ်တဲ့ မည်သူကိုမဆို သူကလည်း ထပ်တူညီစွာ တိုက်ခိုက်ပစ်မည် ဖြစ်သည်။
သူက ရက်စက်သည်ဟု ယင်းကျောင်း ထင်မည်ကို စိုးရိမ်သဖြင့် ကျင်းစစ်ကသူ့ဆီသို့ လျှောက်သွားရင်း အသံတိုးတိုးဖြင့် ရှင်းပြလိုက်သည်။
" မြေပဲဆီက လောင်တတ်တဲ့ဆီ မဟုတ်ပါဘူး အဲ့ဒါက မီးတောက်တောက်ပေမဲ့ မီးတောက်တွေက သေးသေးလေးရယ် အခုက ဆောင်းတွင်းဆိုတော့ တစ်ခုခု ဖြစ်မှာ မဟုတ်ပါဘူး"
သူ့ ပါးများက အနည်းငယ် နီရဲနေကာ ယင်းကျောင်းကို ရှက်ရွံ့စွာ ကြည့်ပြီး ပြောလိုက်သည်။
" ငါ...ငါက သူတို့ကို ခြောက်တာပါ သူတို့ယုံသွားမယ်လို့ မထင်ထားဘူးလေ တစ်ချက်တည်းနဲ့တင် သူတို့ ဓါတုဗေဒကို မလေ့လာထားတာ သိသာတယ်"
ယင်းကျောင်းက အသက်ပြင်းပြင်း ရှုလိုက်ပြီး သူ့ကို ပြင်းပြင်းနမ်းချင်စိတ်ကို ထိန်းချုပ်ထားကာ သူ့ကို ဆွဲကာလက်မောင်းထဲ ထည့်လိုက်လေသည်။
ဆိုရိုးများတွင် ချစ်မိသွားခြင်းက လွယ်ကူပေမဲ့ အတူတူနေရခြင်းမှာ ခက်ခဲ၏။ အဘယ့်ကြောင့်ဆိုသော် လူနှစ်ယောက် အတူတူရှိလာချိန်တွင် သူတို့ရဲ့အနာအဆာများအား တစ်ယောက်ကို တစ်ယောက် ဖော်ပြလာသောကြောင့်ပင်။
သို့သော် ကျင်းစစ်က ရတနာတွင်းလေးပင် ဖြစ်၏။ အချိန်တိုင်း သူတူးလိုက်တိုင်း ကျင်းစစ်ဆီမှ မတူညီသော ရတနာလေးများကို တွေ့ရလေသည်။ ထို့ကြောင့် နေ့တိုင်းနေ့တိုင်း သူကျင်းစစ်ကို တစ်နေ့ထက် တစ်နေ့ပိုချစ်မိလာရသည်။
ယင်းကျောင်း၏နှလုံးသားထဲတွင် အဆုံးမရှိ နူးညံ့မှုများဖြင့်ပင်။ ကျင်းစစ်ကရုတ်တရက် သူ့ကို တွန်းလိုက်သည်။
"ယင်းကျောင်း"
"ဘာဖြစ်လို့လဲ ကလေးလေး"
ကျင်းစစ်က တိုးတိုးလေးပြောလိုက်သည်။
" ပစ္စည်းတချို့ကို ငှားပြီး မြေပြင်ပေါ်က ဆီတွေကို သုတ်ကြမလား"
ယင်းကျောင်း : "..."
"မဟုတ်ရင် တခြားသူတွေ တော်တော် ဒုက္ခများလိမ့်မယ်"
ယင်းကျောင်းက အသံနိမ့်နိမ့်ဖြင့် ရယ်မောလိုက်မိသည်။
ဟုတ်တယ် ဒါက ကျင်းစစ် အစစ်ပဲ။
ရှေ့နောက်တန်းစီနေချိန် ဘယ်တော့မှ မဖြတ်နဲ့... ဆောင်းတွင်းမှာ ရေနွေးသောက်ချင်ရင် မိန်းကလေးတွေကို မင်းမယူခင် အရင် ယူခွင့်ပေးရမယ်...
တခြားသူတွေကို အကြွေးတင်တာကို ကျိန်းသေ ပြန်ပေးရမယ် ...
သူက ဘယ်လိုလုပ် အရမ်းကောင်းနိုင်ရတာလဲ...
ယင်းကျောင်းက သူ့ခေါင်းကို ငုံ့လိုက်ပြီး ကျင်းစစ်ရဲ့ ဆံနွယ်စလေးများကို နူးညံ့စွာ နမ်းလိုက်ပြီး " အိုကေ"
" နောက်ပြီး ... ငါအလျင်လိုနေတာနဲ့ ပိုက်ဆံ မပေးခဲ့ရဘူး ..."
"အိုကေ ကိုယ်ပေးလိုက်မယ်"
"မီးခြစ်ကလည်း တခြားသူကို ပြန်ပေးရမယ်နော်"
"အင်း ကိုယ်ပြန်ပေးလိုက်မယ်"
"နောက်တစ်ကြိမ်...နောက်တစ်ကြိမ် အဲ့လူထပ်ပြီး မင်းကို ပြသနာ လာရှာရင် ငါ့ကို ခေါ်လိုက်နော် ဒီကိစ္စဖြစ်ပြီးသွားတော့ သူငါ့ကို တော်တော်လေး ကြောက်သွားမှာ"
"အိုကေ ကိုယ်မင်းစကားကို နားထောင်မယ်"
........
ထိုနေ့နေ့လည်တွင် နူးညံ့သောဘဝကိုသာ ဖြတ်သန်းခဲ့ရပြီး ဆီနံ့ကို ကိုယ်ပေါ်တွင် နံခြင်းအား သည်းမခံနိုင်သော ယင်းကျောင်းက တစ်ဖက်တွင် ပြောင်နေသော ကြမ်းတိုက်တံကို စားသောက်ဆိုင်မှ ငှားလာကာ မြေပြင်ပေါ်မှ ဆီများကို ကြိုးကြိုးစားစား သန့်ရှင်းလေတော့သည်။
ထိုသို့လုပ်ရတာကို သူက မကြိုက်တာမဖြစ်ရုံသာမက သူ့မျက်နှာပေါ်တွင် ဖုံးကွယ်မရသော အပြုံးတစ်ခုပင် ရှိနေသေး၏။
ကျင်းစစ်က သူ့ကို ကူလုပ်ပေးချင်သော်လည်း ယင်းကျောင်းထံမှ တားဆီးခံလိုက်ရသည်။
"မင်းက ဒီလို ကိစ္စ သေးသေးလေးတွေကို လုပ်ဖို့ လိုသေးလို့လား"
ယင်းကျောင်းက ကြမ်းတိုက်တံကို ပုံးထဲသို့ ထည့်ကာ ဆေးလိုက်ပြီးနောက် သူ့မျက်ခုံးကို ပင့်ကာ ပြောလိုက်၏။
" မင်းက ကိုယ့်ရဲ့ ကိုယ်ခန္တာကြံ့ခိုင် သန်စွမ်းမှုကို မယုံတာလား"
"မဟုတ်ပါဘူး"
ကျင်းစစ်က ခပ်မြန်မြန် ရှင်းပြလိုက်သည်။
" နှစ်ယောက်ဆို ပိုမြန်တာပေါ့"
"မင်း အိမ်ပြန်ဖို့ အလျင်လိုနေတာလား"
ယင်းကျောင်းက တခစ်ခစ်ရယ်လိုက်မောကာဆိုလိုက်သည်။
" မဖြစ်နိုင်ပါဘူး"
သူက ကျင်းစစ် နားနားကပ်ကာ တီးတိုးလေးပြောလိုက်၏။
" မင်းကတော့ နည်းနည်းအနစ်အနာခံရလိမ့်မယ်"
ကျင်းစစ်က ထိတ်လန့်သွားရသည်။
အနစ်နာခံရမယ် ဘာကို အနစ်နာခံရမှာလဲ
"ကိုယ့်ကို လောင်စာဖြည့်ဖို့ အစ်ကိုကျောင်း ဒါမှမဟုတ် ယောင်္ကျားလို့ခေါ် "
ကျင်းစစ်က သူ့ခေါင်းကို သဘာဝမကျစွာ လှည့်လိုက်ပြီး သူ့ကို လျစ်လျူရှုပစ်လိုက်သည်။
ယင်းကျောင်းက ပြုံးကာ သူ့ကို တံတောင်ဖြင့် ဖြည်းဖြည်းလေး တွန်းလိုက်၏။
"ဘေးမှာရပ်နေ ကိုယ့်အလုပ်ကို မနှောက်နှေးစေနဲ့ မဟုတ်ရင် အိမ်ရောက်ရင် ကိုယ့်ခွန်အားကို မင်းကို သက်သေပြပစ်မယ်"
ကျင်းစစ်က အနည်းငယ် ချိုမြိန်သွားသလို အနည်းငယ်လည်း ရှက်ရွံ့သွားရပြီး တိတ်ဆိတ်စွာ အနောက်သို့ ဆုတ်သွားလိုက်သည်။
အနားယူချိန်ဖြစ်သော နေ့လည်စာစားချိန်ကို ကျော်လာပြီ ဖြစ်သည်။ အနောက်ဘက် မီးဖိုချောင်ထဲမှ အန်တီကြီးက အသီးအရွက်များကို ယူကာ ပန်းကန်များကို ဆေးကြောပြီး လူနှစ်ယောက်သုံးယောက်ကမူ ထိုင်နေကာ စကားစမည် ပြောနေကြသည်။
ယင်းကျောင်းက ကြည့်ကောင်းကာ အရပ်ရှည်ပြီး ဖြောင့်မတ်လေသည်။ အန်တီကြီးများက ဆွဲဆောင်ခံလိုက်ရကာ သူ့ကိုကြည့်ရင်း တီးတိုးပြောနေကြလေသည်။
"အဲ့ဒီကောင်လေး ဘာလုပ်နေတာလဲ"
"သူ့သူငယ်ချင်းက ဆီတွေ ကြမ်းပြင်ပေါ် သွန်ချလိုက်တာကို သူက ရှင်းနေတာ"
"အိုး အခုခေတ်မှာ စဥ်းစားတတ်တဲ့ လူငယ်တွေက ရှားသွားပြီပဲ"
"ဘယ်သူက မရှိဘူးပြောလို့လဲ"
"မင်းကကြည့်လည်းကောင်းတယ် ခါးကိုင်းပြီး အလုပ်လုပ်နေရတာတောင် မပင်ပန်းဘူး မင်းရဲ့ ခန္တာကိုယ် ခွန်အားနဲ့ ခါးအားက တော်တော်လေး ကောင်းတာပဲ"
အန်တီကြီးများက တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ပြီး ရှင်းလင်းကျယ်လောင်စွာ ရယ်လိုက်ကြတော့သည်။
ကျင်းစစ်က သူတို့စကားစပြောကတည်းက သူတို့ဘေးတွင် ရှိနေသဖြင့် အကုန် ကြားနေရပြီး သူဘာတွေးနေတာကို မသိနိုင်ကာ သူရဲ့ အမူအရာမဲ့နေသော မျက်နှာမှာ အနည်းငယ် နီလာလေသည်။
အရာအားလုံးကို ရှင်းလင်းပြီးသောအခါ ယင်းကျောင်းက ကြမ်းတိုက်တံနှင် လက်ဆွဲပုံးကို ဓာတ်ပုံ ရိုက်ကာ ပစ္စည်းများကို ပြန်ပေးလိုက်ပြီး ကျင်းစစ်နင့် မြေအောက်ရထားထဲသို့ ဝင်သွားလိုက်သည်သည်။
ယခုအချိန်က အလုပ်ဆင်းကာ အိမ်သို့ပြန်ချိန် မဟုတ်သော်လည်း မြေအောက်ရထားပေါ်တွင် နေရာလွတ် မရှိပေ။
ယင်းကျောင်းက တံခါးကို မှီပြီး ဖုန်းကို ထုတ်ကာ ဟယ့်ကျိုးတို့အဖွဲ့နှင့် တခြားသူများ စကားပြောသော ဂရုကို ဖွင့်လိုက်လေသည်--
[ကျောင်း] : [ဓါတ်ပုံ]
ဟယ့်ကျိုးနှင့် အခြားသူများက ဂိမ်းတစ်ပွဲကို ပြီးသွားပြီဖြစ်သဖြင့် သူတို့က ကြမ်းပြင်တွင် ထိုင်ကာ ကိုလာ သောက်နေကြသည်။ သူဖုန်းမက်ဆေ့ချ် အသံကို ကြားသောအခါ ချက်ချင်းပင် wechat ကို ဖွင့်ကြည့်လိုက်ကြသည်။
ကျန့်ချွယ်က ဓါတ်ပုံကို အကြီးချဲ့ကာ အနီးကပ် ကြည့်လိုက်၏။
" အစ်ကိုကျောင်း ဘယ်လိုပုံတွေ ရိုက်လာတာလဲ သူ အစ်ကိုစစ်နဲ့ စေ့တနာ့ဝန်ထမ်းသွားလုပ်နေတာလား"
"ဟုတ်ပါ့မလား" ဟယ်ကျိုးက နားမလည်ပေ။
" သူတို့အိမ်စာတွေ လုပ်ဖို့ အိမ်ပြန်သွားတာမဟုတ်ဘူးလား"
ဖန်ချန်းချန်းက အမူအရာမဲ့စွာ ပြောလိုက်၏။
"ကြွားတာလေ"
ကျန့်ချွယ်က နားမလည်ပေ။
" ဒါက ဘာကြွားစရာ ရှိလို့လဲ လူအိုကြီးဖန် မင်းဆို ဆယ်နှစ်လောက်တုန်းက မြွေကိုက်ခံရပြီးမှ ကြိုးတွေကို ကြောက်သွားတာလေ"
ဖန်ချန်းချန်းက သူ့ကို ပေါ့ပါးစွာ ကြည့်လိုက်ပြီးနောက် ဘာမှ မပြောတော့ပေ။
ကျန့်ချွယ်က သူ့ခေါင်းကို ငုံ့ကာ စာရိုက်လိုက်၏ --
[ကျန့်ချွယ်က မမှန်ဘူး] : အစ်ကိုကျောင်း မင်းဘာတွေ လုပ်နေတာလဲ
[ကျောင်း] : ကန်းနေလား ငါရဲ့ပျော်ရွှင်မှုတွေပြည့်နေတာကို မမြင်ကြဘူးလား
[ဦးလေးဟယ့်] : ? ? ? မင်းရူးသွားတာလား ? ?
[ကျန့်ချွယ်က မမှန်ဘူး] : ကျွန်တော် ကြမ်းတိုက်တံနဲ့ လက်ဆွဲပုံးကိုပဲ တွေ့လိုက်တာပါနော်
[ဖန်ချန်းချန်း] : ...
[ကျောင်း] : အဲ့ဒါက ကျင်းစစ် ငါ့အတွက် တိုက်ခိုက်ပေးခဲ့တယ် ဆိုတဲ့ သက်သေပဲ
[ဦးလေးဟယ့်] : တိုက်ခိုက်တယ် ဟုတ်လား အကိုစစ်လို ကျောင်းသားကောင်းလေးက တိုက်ခိုက်မယ်တဲ့လား မင်းရဲ့ အလိမ်အညာတွေကို ခွေးပဲ ယုံလိမ့်မယ်
[ကျောင်း] : ငါ့အရှေ့ကလူနဲ့ မင်းတို့အရှေ့က လူနဲ့က တစ်ပုံစံထဲ တူပါ့မလားကွ...
[ကျောင်း] : အဟတ်...မေ့လိုက်တော့ မင်းတို့လို စင်ဂယ်တွေက နားမလည်လောက်ဘူး ငါကျင်းစစ်ကို အဖော်သွားလုပ်ပေးလိုက်ဦးမယ်
[ဦးလေးဟယ်] : နေဦး ! မင်းငါတို့ကို ကြွားနေတာရပ်လို့ ရမလား ငါတို့မှာ အချိန်လည်းမရှိဘူး နားလည်းနားမထောင်ချင်ဘူး အိုကေလား
[ကျောင်း] : မနာလိုမှုက လူတွေကို ရုပ်ဆိုးစေတယ် မင်းက မနက်ဘက်မှာလည်း ငှက်လေးတွေနဲ့ လုပ်စရာမရှိဘူး ညဘက်မှာလည်း ငှက်လေးတွေနဲ့ လုပ်စရာ မရှိဘူး အဲ့ဒါတောင် မင်းမှာ ဘာလို့ အချိန်မရှိတာလဲ?
[ဦးလေးဟယ်] : ဖာခ့်! ဒီက ထွက်သွားစမ်း
ကျန့်ချွယ်က မျက်နှာကြက်ကို ကြည့်ကာ သက်ပြင်းချလိုက်ပြီး ဖန်ချန်းချန်းဘက်သို့လှည့်ကာဆိုလိုက်၏။
" လူအိုကြီးဖန် နွားကတော့ နွားပါပဲ"
ဖန်ချန်းချန်းက ကိုလာ တစ်ငုံကို အမူအရာမဲ့စွာ သောက်လိုက်ပြီး သူ့ရဲ့ဒေါသကို ထိန်းလိုက်ရသည်။
မြေအောက်ရထားပေါ်တွင် ကြွားလို့ ဝသွားသော ယင်းကျောင်းက သူ့ဖုန်းကို သိမ်းလိုက်ပြီး ခေါင်းကို စောင်းကာ ကျင်းစစ်ကို ကြည့်လိုက်ချိန်တွင် သူ့မျက်လုံးများက အလိုလို ပျော့ပျောင်းသွားသည်။
တခါတရံတွင် ကျင်းစစ်က သူ့အပိုင်ဖြစ်ကြောင်း ကမ္ဘာကြီးကို ကြေငြာချင်လေသည်။
သူက ပျင်းရိသဖြင့် စပ်စုလိုသောကြောင့် ကျင်းစစ်ကို စနောက်ခဲ့ခြင်းမှာ သူ့ဘဝတွင် အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်လေသည်။
သူ့အကြည့်များကို သတိထားမိသော ကျင်းစစ်က သူ့ခေါင်းကိုမော့ကာ သူ့အကြည့်များကို ရင်ဆိုင်လိုက်သည်။
ကျင်းစစ်ရဲ့ နှုတ်ခမ်းဖျားလေးက ကွေးတက်သွားပုံကိုကြည်ါပြီး အဆုံးတွင် သူထိန်းမထားနိုင်ဘဲ ရယ်လိုက်မိတော့သည်။
ယင်းကျောင်းက သူ့ကို ကြည့်လိုက်ချိန်တိုင်း သူ့နှလုံးသားလေးမှာ ဘောလုံးလေးလို နူးညံ့သွားပြီး သူပါအလိုလိုအမြဲလိုက်ရယ်နေမိသည်။
သူတို့အိမ်ပြန်ရောက်သောအခါ အချိန်မကုန်စေဘဲ တစ်ယောက်စီသည် ခုံတွင် ထိုင်ကာ သူတို့ရဲ့ ကိုယ်ပိုင် မေးခွန်းစာများကို လုပ်ကြတော့သည်။ည ဆယ်နာရီ ခွဲတဲ့အထိ စာလုပ်ကြပြီးနောက် ရေချိုးကာ အနားယူရန် အိပ်ယာဝင်ကြသည်။
ညသန်းခေါင်တွင် ကျင်းစစ်က ထပ်၍ အိမ်မက်မက်ပြန်၏။
သူက တက္ကသိုလ်တွင် ရောက်နေပြီး ခေါင်းကိုက်လာကာ မေ့လဲမတတ်ပင် ဖြစ်နေလေသည်။ မြူခိုးတွေထဲတွင် တစ်စုံတစ်ယောက်က သူ့နားနားသို့ ကပ်ကာ မလိုမုန်းထားစွာ ပြောနေလေသည်။
" မင်းစိုးရိမ်စရာ မလိုဘဲ သေလို့ရပြီ အခုကစပြီး မင်းပိုင်သမျှ ယင်းကျောင်း အပါအဝင် အားလုံးက ငါ့အပိုင်ပဲ"
ယင်းကျောင်း ... ယင်းကျောင်း !
ကျင်းစစ်က ချွေးအေးများပြန်ကာ သူ့မျက်လုံးများကို ဖွင့်လိုက်သည်။ စောင်အောက်မှ ယင်းကျောင်းလက်ကို လိုက်စမ်းကြည့်ပြီးနောက် ကိုင်မိသွားသောအခါမှသာ သူကအနည်းငယ် တည်ငြိမ်သွားသလို ခံစားလိုက်ရသည်။
ဘာတွေဖြစ်နေတာလဲ
ကျင်းစစ်မှာ အိပ်ချင်စိတ်ပျောက်သွားချေပြီ။ အရင်တစ်ကြိမ်ကလိုပင် ၎င်းက သာမန် အိမ်မက်မျှသာ ဖြစ်သည်ဟု သူမထင်တော့ပေ။
အမှောင်ထဲတွင် ကျင်းစစ်က မျက်နှာကျက်ကိုကြည့်ကာ မတတ်နိုင်ဘဲ တွေးနေမိသည်။ မူလကိုယ်ရဲ့သေဆုံးခြင်းက ခေါင်းကို သံချောင်းဖြင့် အရိုက်ခံရသောကြောင့် ဖြစ်ပြီး သူ့အိမ်မက်ထဲတွင် သူ့ရဲ့သေဆုံးခြင်းက ခေါင်းကိုက်ခြင်းကြောင့်ဟု ထင်ရလေသည်။
အရာအားလုံးက သူ့ခေါင်းနှင့် ဆက်နွယ်နေ၏။
ကျင်းစစ် နှလုံးခုန်သံက ပြင်းထန်လာသည်။
ငယ်ရွယ်တည်းက ကြီးလာတဲ့အထိ သူ့ မသိစိတ်အရ သူ့ခေါင်းကို ဂရုစိုက်ပြီး ကာကွယ်ချင်တာက တကယ်ပဲ ဘုန်းတော်ကြီးရဲ့ ကြက်စွပ်ပြုတ်ပုံပြင်ကို နားထောင်မိပြီး ကံကြမ္မာကို ပြောင်းလဲဖို့ ခေါင်းကိုပဲ မှီခို အားထားနေရလို့များလား...
ကျင်းစစ် တစ်ကိုယ်လုံးအေးစိမ့်သွားပြီး ယင်းကျောင်းဘက်သို့ မတတ်သာစွာ တိုးမှီလိုက်မိသည်။ ယင်းကျောင်းကသည် အိပ်ပျော်နေပြီး မျက်လုံးပင်မဖွင့်ဘဲ အရင်က အကြိမ်ထောင်ပေါင်းများစွာ လုပ်ခဲ့သည့်အတိုင်း မသိစိတ်အရ သူ့ကို လှမ်းဖက်လိုက်သည်။
ထို့ကြောင့် ကျင်းစစ်ရဲ့ ခန္ဓာကိုယ် အပူချိန်က တဖြည်းဖြည်း မြင့်တက်လာပြီး ထိုရှုပ်ထွေးနေသော အိမ်မက်များ နှင့် အတွေးများမှာ ပျောက်ကွယ်သွားရသည်။
သူက ယင်းကျောင်းကို ပြန်လည် ဖက်တွယ်လိုက်ပြီး တခဏလေး အတွင်းတွင် ပြန်လည် အိပ်ပျော်သွားတော့၏။