အပိုင်း၉၆
Viewers 14k

Chapter 96

Chapter 96


နောက်တစ်နေ့ နံနက်တွင် ကျင်းစစ်နှင့် ယင်းကျောင်းက ကျောင်းအချိန်ဇယားများအတိုင်း စာလုပ်ရန် အိပ်ယာထကြသည်။


မနေ့က အိမ်မက်က သူ့စိတ်ထဲတွင် ရှိနေသေးသော်လည်း အပေါ်ရံတွင် မသိသာစေပေ။ ယင်းကျောင်းက ဖုန်းလာသောအခါ ဝရံတာသို့ ထွက်လိုက်သည်။


အရင်တုန်းက ယင်းကျောင်းက ဖုန်းဖြေသောအခါတွင် ဘယ်တော့မှ မရှောင်ပေ။ ကျင်းစစ်မှာ မထိန်းချုပ်နိုင်စွာ တွေးနေမိသည်။


ဘယ်သူ့ နံပါတ်လဲ ငါ ကြားလို့မရတာ ရှိလို့လား


ယင်းကျောင်းကို သူ့ဆီမှ တစ်စုံတစ်ယောက်က လုယူမည်ဟု အိမ်မက်မက်ထားပြီးနောက် ယခုတွင် ထိုသို့သော ကိစ္စမျိုး ဖြစ်လာ၏။


ဝရံတာရှိ ယင်းကျောင်းမှာ ကျင်းစစ် တွေးနေတာတွေကို မသိပေ။ သူက ဝရံတာ တံခါးကို ပိတ်ပြီး ဖုန်းဖြေလိုက်သည်။


" ဦးလေးယောင်"


မိနစ်အနည်းငယ်အကြာတွင် အရာအားလုံးကို သဘောတူပြီးသွားသော ယင်းကျောင်းက ပြန်ဝင်လာသည်။


"ကိုယ် လုပ်စရာရှိလို့ အပြင်သွားဦးမယ်" 


သူ့လက်တစ်ဖက်ကို စားပွဲပေါ်တင်ပြီး ကျင်းစစ်ဖက်သို့ ယိမ်းကာ ကျင်းစစ်ကိုကြည့်၍ ပြောလိုက်သည်။


" မင်းစားချင်တာ တစ်ခုခု ရှိလား ကိုယ်ပြန်လာရင် ယူလာခဲ့ပေးမယ်"


"ဟင့်အင်း"


ကျင်းစစ်က လက်ထဲမှ ဘော့ပင်ကို ချလိုက်ပြီး အတော်ကြာ တိတ်ဆိတ်နေပြီးနောက် နူးညံ့စွာ ​မေးလိုက်သည်။


" ဘာကိစ္စ ရှိလို့လဲ"


ယင်းကျောင်းမှာ အံ့အားသင့် သွားရသည်။


ကျင်းစစ်ကသူ့ကို အသေးစိတ် တခါမျှ မမေးဖူးပေ။ ထို့ကြောင့် သူလည်းအကြောင်းပြချက် မပေးဖူးပေ။ သူမြန်ဆန်စွာ ပြောလိုက်သည်။


" ကျန့်ချွယ်က အခုကိုယ့်အိမ်မှာ နေနေတာလေ အဲ့အိမ်မှာ တံခါးသော့က ရုတ်တရက်ကြီး တစ်ခုခု ဖြစ်သွားတယ်လေ အဲ့ဒါကိုယ့်ကို လှမ်းခေါ်တာ"


သူလိမ်နေတာ...


ကျင်းစစ်က ရုတ်တရက် တခုခု ဖြစ်နေကြောင်း နားလည်လိုက်သည်။ ဖုန်းဆက်သူက ကျန့်ချွယ် ဖြစ်စေ၊ အိမ်ကိုကြည့်သူဖြစ်စေ သူထွက်ကာ စစ်ဆေးစရာမလိုပေ။


ကျင်းစစ်က သူ့ရဲ့ အလိမ်များကို မဖော်ထုတ်တော့ဘဲ ခေါင်းငြိမ့်ကာ ပြောလိုက်သည်။


"သိပြီ"


ယင်းကျောင်းက ယောင်ရစ်ချန်းကို တွေ့ရန် အလျင်လိုနေသဖြင့် ကျင်းစစ် တစ်ခုခု ဖြစ်နေတာကို မသိပေ။ သူကလက်ဆန့်ကာ ကျင်းစစ်ခေါင်းကို ပွတ်ပေးလိုက်ပြီးနောက် အိပ်ခန်းထဲသို့သွားကာ ပလတ်စတစ်အိတ်ကို ယူပြီး လှည့်ကာ တံခါးအပြင်သို့ ထွက်သွားလိုက်သည်။


ကျင်းစစ်က စားပွဲပေါ်သို့ ငုံ့ကြည့်လိုက်ပြီး အတော်ကြာသော အခါမှ သင်္ချာမေးခွန်းအစုံ အသစ်ကို ပြောင်းလိုက်ပြီး မေးခွန်းများကို ကသုတ်ကရက် ဖြေနေလိုက်သည်။


ယင်းကျောင်းနှင့် ယောင်ရစ်ချန်းသည် သူတို့အရင်က မှာခဲ့သော ပစ္စည်းများကို ယူရန် ဗီယန်ထီယန်မြို့တွင် ချိန်းဆိုလိုက်ကြသည်။


သူတို့ချိန်းထားသော ကော်ဖီဆိုင်သို့ရောက်သောအခါ ယောင်ရစ်ချန်းက စေ့စပ််တိကျသော အမူအရာဖြင့် ကွန်ပြူတာတွင် စာရိုက်နေလေသည်။


"ဦးလေးယောင်" 


ယင်းကျောင်းက သူ့ကို နှုတ်ဆက်စကားဆိုပြီးနောက် ၀င်ထိုင်ပြီး ​မေးလိုက်သည်။


" ဦးလေး အလုပ် ရှုပ်နေတာလား"


ယောင်ရစ်ချန်းက လပ်တော့ကို ပိတ်ကာ ပြုံးလျက်ဆိုလာ၏။


 " ဟုတ်တယ် ငါမင်းကိုတွေဖို့ အချိန် ရှာနေရတာနဲ့ အလုပ်ရှုပ်နေတာ ငါမင်းအပေါ် ဘယ်လောက်ကောင်းလဲ ကြည့်စမ်း"


လက်ဆောင်ပေးရန် အိမ်ခြံမြေအကြောင်းကို မမေးဘဲ သူအနားဝန်းကျင်ကို ကြည့်ကာ မည်သူ့ကိုမျှ မမြင်သောအခါ မေးလာသည်။


"မင်းဘယ်လိုလုပ် အဲ့ဒီလူနဲ့ အတူရှိနေတာလဲ မင်းက တကယ်အတည်ကြီးလား"


ယင်းကျောင်းက ယောင်ရစ်ချန်း သူ့အတွက် မှာပေးထားသော နို့လက်ဖက်ရည်ကို တစ်ငုံသောက်ကာ မျက်မှောင်ကြုံ့ရင်း ပြောလိုက်သည်။


 " သူ့နာမည်က ကျင်းစစ်"


"ကျွန်တော်က သူ့ကို လိုက်ခဲ့တာ သူက မတတ်နိုင်ဘဲ သံယောဇဉ် တွယ်သွားပြီး ကျွန်တော်နဲ့ တွဲဖို့ သဘောတူခဲ့တာ"


ယောင်ရစ်ချန်းမှာ ကြောင်တောင်တောင် ဖြစ်သွားရကာ ထပ်မမေးတော့ပေ။ အဖြေကို သူ သိသွားချေပြီ။


ယင်းက အတည်ထက်ပိုပေသည်။ သူက အခုတည်းက အပြည့်အဝ ကာကွယ်နေပြီပင်။


"မင်းအဆင်ပြေတယ်လို့ ပြောခဲ့တယ်နော်... ဘာလို့ ယောင်္ကျားတစ်ယောက်ကို ရုတ်တရက်ကြီးကြိုက်သွားရတာလဲ"


ယင်းကျောင်းက စကားမပြောတော့ပေ။


ကျင်းစစ်က ကောင်းလွန်းသောကြောင့် သူကိုကြိုက်ခြင်းမှာ ကိစ္စမရှိပေ။ သူ့ကိုကြိုက်ရတာက ပုံမှန်ပင် ဖြစ်သည်။


ယောင်ရစ်ချန်းက သက်ပြင်းချလိုက်မိ၏။


 " မင်းဒီလမ်းကို ဆက်လျှောက်ချင်တာ သေချာလား မင်းမှာ အနာဂါတ်ရှိတော့မှာ မဟုတ်ဘူးနော်"


ယင်းကျောင်းက သူ့ကို ကြည့်ကာ ပြုံးလိုက်မိသည်။


ယောင်ရစ်ချန်းက သူ့ထံမှ နားလည်ရခက်စွာ အကြည့်ခံလိုက်ရသဖြင့် မေးလိုက်မိသည်။


" ဘာဖြစ်လို့လဲ"


"ဦးလေးယောင်" 


ယင်းကျောင်းက သူ့လက်ထဲမှ နို့လက်ဖက်ရည်ကို ချကာ ပျင်းရိစွာ ​မေးလိုက်၏။


" ဦးလေးက ချင်မင်းဆက်ကလား"


ယောင်ရစ်ချန်းမှာ ခဏတာ အံ့အားသင့်သွားရကာ သူ့ကိုယ်သူ ပဒေသရာဇ်စနစ်သုံးမိခြင်းကြောင့် အလှောင်ပြောင် ခံလိုက်ရတာကို နားလည်သွားလေသည်။ သူကရယ်မောလိုက်မိကာ ယင်းကျောင်းကို ဆူပူလိုက်ပြီးနောက် ထိုအကြောင်းပြောခြင်းကို ရပ်တန့်လိုက်ကာ အိမ်ခြံမြေ အကြောင်း စပြောလေသည်။


"ဘယ်အိမ်ကို မင်း သူ့ကို... ကျင်းစစ်ကို ပေးမှာလဲ ငါမင်းကို ပြောထားတဲ့ ပစ္စည်းတွေရော ဝယ်ပြီးပြီလား"


"ဟုတ်ကဲ့ ယူကြည့်လိုက်ပါ " 


ယင်းကျောင်းက ပလတ်စတစ်အိတ်ကို စားပွဲပေါ်တင်ကာ ပြောလိုက်သည်။


 " ကျွန်တော်တို့ကျောင်းနားနီးတဲ့အိမ်လေ အခု ကျွန်တော်နေတဲ့အိမ်နဲ့လည်း နီးတယ်"


"အိုကေ" 


ယောင်ရစ်ချန်းက သက်ဆိုင်ရာ စာရွက်များကို စစ်ဆေးလိုက်ပြီးနောက် တစ်ခုမှလိုအပ်နေတာကို မတွေ့ရပေ။ သူက စနောက်ချင်လာသောကြောင့် ကျင်းစစ်ရဲ့ မှတ်ပုံတင်ကို သေချာ ဂရုတစိုက်ကြည့်ကာ အပြုံးလေးဖြင့်ပြောလိုက်သည်။


 " သူက တော်တော်လေး ချောသားပဲ"


ယင်းကျောင်းက တခစ်ခစ်ရယ်မောလိုက်မိပြီး ကျင်းစစ်အကြောင်းကို ပြောသောအခါ သူ့မျက်နှာတစ်ခုလုံးက အလိုလို နူးညံ့သွားရသည်။


" ဒီဓာတ်ပုံမှာတင် ကြည့်ကောင်းတာ မဟုတ်ဘူး လူချင်းအပြင်မှာတွေ့ရင် ပိုချောတယ် ဦးလေးမသိလို့ သူကကြည့်ကောင်းရုံတင် မဟုတ်ဘူး စာလည်းအရမ်းတော်တယ် ..."


ထို့နောက်တွင် ယောင်ရစ်ချန်းသည် ကျင်းစစ်ကို ချီးကျူးမိသည့်အတွက် နောင်တရသွားတော့၏။ယင်းကျောင်းသည် ကျင်းစစ် ဘယ်လောက်တော်ကြောင်း သူ့အပေါ်ဘယ်လောက် စိတ်ရင်းမှန်ကြောင်းကို နာရီဝက်လောက်ကြာအောင် ငြီးငွေ့ဖွယ် ပြောနေသောကြောင့်ပင်။


အဆုံးတွင် ယောင်ရစ်ချန်းမှာ ကျင်းစစ်က ယန်းကျစ်ဂန်လူ ကို ကြိုက်နှစ်သက်ကြောင်းပါ သိသွားရသည်။


အခုခေတ် လူငယ်တွေ ချစ်မိသွားရင် ဒီလို ကြောက်စရာကောင်းကြတာပဲလား...


ယောင်ရစ်ချန်းရဲ့ မျက်နှာမှာ အမူအရာမဲ့နေကာ သူက ကော်ဖီဆိုင်ထဲမှ အတော်လေးလွတ်မြောက်သွားလိုပုံပေါ်လေသည်။ ယခုအချိန်တွင် သူ့နှလုံးသားထဲ၌ ယင်းကျောင်းကို ထပ်မတွေ့ပါစေနဲ့ဟု တိတ်ဆိတ်စွာ ကျိန်ဆိုဆုတောင်းလိုက်မိ၏။


ခွေးစာများ တဝကြီးကျွေးပြီးသွားသောအခါ ယင်းကျောင်းက စိတ်ကောင်းဝင်နေလေသည်။ ထို့ကြောင့် သူက မှာထားသော မုန့်များကို သွားယူရင်း ဘဲလျှာ နှစ်ဘူးကိုပါ ထပ်မှာယူလိုက်ကာ အိမ်သို့ပြန်သွားလိုက်သည်။


"အနားယူပြီးမှ စာလုပ်လေ" 


သူက စာလုပ်နေသော ကျင်းစစ်ကို ဆွဲကာ ဧည့်ခန်းထဲမှ ဆိုဖာပေါ်သို့ ခေါ်သွားပြီး ထိုင်ခိုင်းလိုက်သည်။


 "ကိုယ် ဘဲလျှာ ဝယ်လာတယ် အရင်စားရအောင် "


ကျင်းစစ်က "အင်း" လို့ အသံပြုလိုက်သည်။


ယင်းကျောင်းက ဘူးရဲ့ အခွံကို ခွာလိုက်ပြီးနောက် သူ့မျက်လုံးအစွန်တွင် သူ့အားအစာကျွေးမည်ကို စောင့်နေသလို လိမ္မာစွာထိုင်နေသော ကျင်းစစ်ရဲ့ ပုံရိပ်လေးကို တွေ့လိုက်ရသည်။ သူ့နှလုံးသားလေးမှာ ယားယံသွားပြီး သူကရုတ်တရက် ကျစ် တစ်ချက်စုတ်သတ်လိုက်မိသည်။


"ဘာဖြစ်လို့လဲ" ကျင်းစစ်က သူ့ဘက်ကို ချက်ချင်း လှည့်ကြည့်လာသည်။


"ဘူးကို ဖွင့်လိုက်တာ မျက်လုံးထဲကို ငရုတ်သီး စင်သွားတယ်" 


ယင်းကျောင်းက မျက်လုံးတစ်ဖက်ကို လက်ဖြင့်ကာလိုက်ကာ မျက်မှောင်ကြုံ့ရင်းဆိုလိုက်သည်။


မျက်လုံးထဲသို့ ငရုတ်သီးဝင်သွားခြင်းမှာ ပေါ့တန်လို့မရသောကြောင် ကျင်းစစ်က ချက်ချင်း စိုးရိမ်သွား၏။


" ငါကြည့်ဦးမယ်"


သူကမတ်တပ်ရပ်ကာ ခါးကိုင်းလိုက်ပြီး ယင်းကျောင်းရဲ့လက်ကောက်ဝတ်ကို အသာကိုင်လိုက်ပြီးနောက် ချော့နေသောလေသံလေးဖြင့် ပြောလိုက်၏။


" မကာထားနဲ့ ငါ့ကို ကြည့်ခွင်ပေး"


ယင်းကျောင်းက လက်ကို တဖြည်းဖြည်း ချလိုက်သည်နှင့် ကျင်းစစ်က ချက်ချင်း ကြည့်လိုက်သည်။


ထိုအချိန်တွင် ယင်းကျောင်းက သူ့မျက်နှာကို ရုတ်တရက် ကိုင်လိုက်ပြီး သူ့ခေါင်းကို မော့ကာ ကျင်းစစ်ရဲ့ နှုတ်ခမ်းကို ပြင်းပြင်းထန်ထန် နမ်းရှိုက်လိုက်တော့သည်။


ကျင်းစစ်က အံ့အားသင့်သွားပြီး သူဟန်ဆောင်နေမှန်း သဘောပေါက်သွားလေသည်။


သူ့ကို လိမ်ပြန်ပြီ..


ကျင်းစစ်က သူ့အောက်နှုတ်ခမ်းကို ပိတ်ကိုက်လိုက်ပြီး သူ့ကိုလွှတ်အောင်လုပ်ကာ ဘေးတွင် ထိုင်လိုက်သည်။


"စိတ်ဆိုးသွားတာလား" ယင်းကျောင်းက ရယ်လိုက်ပြီး ကျင်းစစ်နားသို့ ကပ်ကာ ​ဆိုလိုက်သည်။


" ကိုယ့်ကို နမ်းခွင့် မပေးဘူးပေါ့လေ"


ကျင်းစစ်က စကားမပြောပေ။


"ကိုယ်မှားပါတယ် ဟုတ်ပြီလား" ယင်းကျောင်းက အရေထူစွာ တောင်းပန်စကားဆို​လိုက်၏။


 " ကိုယ်တောင်းပန်ပါတယ် မင်းက ချစ်ဖို့ကောင်းလွန်းတော့ ကိုယ်က ခဏလောက် မထိန်းနိုင် ဖြစ်သွားတာ"


ကျင်းစစ် နှလုံးသားမှာ အနည်းငယ် ချိုမြိန်သွားပြီး အနည်းငယ် ချဥ်တူးမှုကိုလည်း ခံစားနေရသည်။


သူ့က ယုံကြည်လက်ခံနိုင်ရန် ကြိုးစားနေသည်။ ယင်းကျောင်းက သူ့အပေါ် အရမ်းကောင်းသောကြောင့် သူ့ကို သံသယ မဝင်သင့်ပေ။ သူတို့က ချစ်သူတွေ ဖြစ်နေကြသော်လည်း သေးငယ်သော လျို့ဝှက်ချက်များကို တစ်ယောက်ပေါ်တစ်ယောက် ဖုံးကွယ်ထားသင့်၏။


"ကလေးလေး" 


ယင်းကျောင်းက သူ့မျက်နှာ အနည်းငယ် ထူးဆန်းနေတာကို တွေ့သောအခါ ကျင်းစစ်ရဲ့ မေးစေ့ကို မော့လိုက်ကာ အနီးကပ် ကြည့်လိုက်၏။


 "မင်းတကယ် စိတ်ဆိုးသွားတာလား"


"စိတ်မဆိုးပါဘူး" 


ကျင်းစစ်က သူ့ကိုယ်သူ ကြောင်သူတော်လို့ ခံစားလိုက်ရကာ သူ့မျက်လုံးများမှာ ယင်းကျောင်းကို ကြည့်လိုက်ပြီးနောက် ထပ်ပြောလိုက်သည်။


 " ငါစိတ်မဆိုးပါဘူး"


ယင်းကျောင်းက အရှေ့သို့ တစ်လက်မလောက် တိုးလာပြီး သူ့အကြည့်တွေက ကျင်းစစ် နှုတ်ခမ်းပေါ်သို့ ကျသွားကာ အသံတိုးတိုးဖြင့် ​မေးလိုက်သည်။


" မင်းကိုယ့်ကို နမ်းခွင့်ပေးမှာလား"


ကျင်းစစ်ရဲ့ ပါးများမှာ ပူနွေးသွားရသည်။ ယင်းကျောင်း ထိုသို့ပြောတာကို မည်မျှပင် ကြားဖူးပါစေ သူ အနည်းငယ် ရှက်ရွံ့နေတုန်းပင် ဖြစ်၏။


"ပြော​လေ ခွင့်ပြုမှာလား မပြုဘူးလား" 


ကျင်းစစ်က ခေါင်းငြိမ့်ပြလိုက်သည်။


ယင်းကျောင်း အတော်ကြာအောင် မထိန်းနိုင်တော့ပေ။ သူက တောင့်ခံနိုင်ရန် အကောင်းဆုံးကြိုးစားခဲ့လေသည်။ ကျင်းစစ်ရဲ့ အကြည့်တစ်ချက်ဖြင့် သူရဲ့သည်းခံမှုပင် မပြောနှင့် သူရဲ့စိတ်မှာလည်း အလုံး၀ုံဖမ်းစားခံလိုက်ရချေပြီ။


ဘဲလျှာမှာ အမေ့လျော့ခံလိုက်ရ၏။ ယင်းကျောင်းက ကျင်းစစ်ကို ဆိုဖာပေါ်သို့ ဖြည်းဖြည်းလေး တွန်းလိုက်ပြီး နမ်းရန် မှီချလိုက်သည်။


မြန်ဆန်နေသော အသက်ရှုသံများက ရောထွေးသွားပြီး ဒွိဟဖြစ်စေသော ရေသံကဲ့သို့အသံများမှာ လေထဲတွင် ထွက်ပေါ်လာကာ အနီးပတ်ဝန်းကျင် လေထုကလည်း ပို၍ပို၍ ပူနွေးလာသည်။


ကျင်းစစ်ရဲ့ မျက်လုံးများက ရုတ်တရက် ပွင့်လာကာ ထိစပ်တော့မည့် ယင်းကျောင်း၏ နှုတ်ခမ်းများကို ကြည့်လိုက်ပြီးနောက် တွန်းထုတ်လိုက်တော့၏။


"ဘာဖြစ်လို့လဲ ပေါင်ပေ့"


ယင်းကျောင်း အသံက အက်ရှနေကာ သူ့ကို ငုံ့ကြည့်လိုက်သည်။


သူတို့နှစ်ယောက်မှာ အလွန်နီးကပ်နေသောကြောင့် သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုကို ချက်ချင်း သတိထားမိလေသည်။


"မင်း..."ကျင်းစစ် ပါးများက နီရဲကာ ရှက်သွေးဖြာနေပြီး သူ့ခေါင်းကို ဖြည်းဖြည်းလေး ရွေ့လိုက်မိသည်။


"...ထတော့"


ယင်းကျောင်းက သူ့ခါးကို ဖြောင့်မတ်စေလိုက်ပြီး ကျင်းစစ်ရဲ့ ခန္တာကိုယ်သို့ ကျီစယ်လိုဟန်ဖြင့် ပွတ်သတ်လိုက်ပြီး သူ့လက်များကို ကျင်းစစ် ခါးပေါ်တင်လိုက်၏။


 " ကိုယ်မာနေပြီလို့ မင်းထင်လား"


ယခုအကြိမ်တွင် ကျင်းစစ်ရဲ့ မျက်နှာသာမက လည်ပင်းများပင် နီရဲသွားချေပြီ။


အဲ့ဒါက အရမ်းသိသာနေတာကို...


"ကိုယ်မာမနေပါဘူး" 


ယင်းကျောင်းက ရုတ်တရက် ပြုံးလိုက်သည်။ ထို့နောက် ကျင်းစစ်ရဲ့ မယုံကြည်ဟန် မျက်လုံးများကို ကြည့်ကာ သူ့လက်ကို ဆွဲကိုင်ပြီး ပြောလိုက်သည်။


" မင်းမယုံရင် ကိုင်ကြည့်လေ"


ယင်းကျောင်း အိမ်ရဲ့ ဝရံတာသည် ဧည့်ခန်းနှင့် ဆက်နေကာ ၎င်းတို့ကြားတွင် ကြီးမားသော မှန်ဆွဲတံခါးကို တပ်ဆင်ထား၏။


၎င်းက မနက်ခင်းနေရောင်အဝင်အတွက် အကောင်းဆုံးဖြစ်ပြီး အလင်းရောင်သည် မှန်မှတဆင့် ဧည့်ခန်းထဲအထိပါ ရောက်ကာ အတွင်းရှိ အရာအားလုံးကို ၎င်းတို့ရှေ့တွင် ရှင်းလင်းစွာ ဖော်ပြထားပေသည်။


ကျင်းစစ်ရဲ့ခန္ဓာကိုယ် တစ်ပိုင်းက ယင်းကျောင်းထံမှ ဆိုဖာပေါ်သို့ အဖိခံထားရပြီး လဲနေကာ သူ့အင်္ကျီအနားများမှာ အပေါ်သို့ လိပ်တက်နေပြီး သူရဲ့ ဖြူဖွေးပိန်ပါးသော ခါးနေရာလေးကို လှစ်ဟပြထားသလို ဖြစ်နေ၏။


သူက ယင်းကျောင်း ဆိုလိုတာကို နားမလည်ခြင်း မဟုတ်ပေ။ သူကလည်း လက်ခံလိမ့်မည် ဖြစ်၏။ သို့သော် ယခုက မနက်ဘက်ကြီး ဖြစ်ကာ ဧည့်ခန်းထဲတွင် ဖြစ်နေသည်။


သူ့မျက်နှာက ရှက်သွေးဖြာသွားကာ သူ့နှလုံးသားလေးမှာလည်း အရိုင်းဆန်စွာ အခုန်မြန်လာပြီး အနည်းငယ် တည်ငြိမ်အောင် မနဲထိန်းနေရပြီး သူ့လက်ကို ယင်းကျောင်း ဆုတ်ကိုင်ထားရာမှ ဆွဲထုတ်ရန် ကြိုးစားလိုက်သည်။


" မလုပ်ဘူး"


"ဘာလို့ မရတာလဲ" 


ယင်းကျောင်းကသူ့ခေါင်းကို ငုံ့လိုက်ကာ သူ့လည်ပင်းကို ဖွဖွလေးနမ်းလိုက်ပြီး သူ့ရဲ့ အသက်ရှူရာမှ ထွက်လာသော ပူနွေးသော လေများက ကျင်းစစ်ရဲ့ အသားပေါ်သို့ ပက်ဖျန်းလိုက်သလို ဖြစ်သွား၏။


"ကျင်းရှန်း မင်းကို အခု တာဝန် ထမ်းဆောင်ဖို့က ပိုခက်လာတာပဲ"


သူက တခစ်ခစ် ရယ်ပြီး ပြောလိုက်သည်။


 " မင်းကိုယ့်ကို အရင်မမေးဘူးလား ကိုယ်ကမင်းကို သက်သေပြမလို့လေ ဘာဖြစ်လို့လဲ"


ကျင်းစစ်၏ လည်စေ့က လှုပ်ရှားသွားပြီး သူခြောက်ကပ်စွာ တံတွေးမျိုချလိုက်ရသည်။ သူက ယင်းကျောင်းကို ပြန်တုံ့ပြန်ဖို့ သည်းမခံနိုင်စွာ ခံစားနေရသည်။ သူက ယင်းကျောင်းနှင့်သူ၏ လက်ရှိပုံစံကို မြန်မြန် အဆုံးသတ်ချင်နေသဖြင့် ပြောလိုက်သည်။


 "ငါ...ငါမလုပ်ချင်ဘူး"


"ဒါဆို ကိုယ်ကမင်းကို အနိုင်ကျင့်နေတာလား"


ယင်းကျောင်းက ကျင်းစစ်ရဲ့ ဆံပင်ကို ဖွဖွလေးကိုင်လိုက်ကာ သူ့ကိုကြည့်ရန် ဖိအားပေးလိုက်ပြီး အပြုံးတစ်ဝက်ဖြင့်​မေးလိုက်သည်။


" တကယ်လားဟင်"


ယင်းကျောင်းရဉံ ပင်ကို အသံသည် ခပ်အုပ်အုပ် ဖြစ်ကာ ယခုတွင်သူက ရမက်ကြွနေသောကြောင့် အနည်းငယ် ရှတတ ဖြစ်နေလေသည်။ ကျင်းစစ်က ထိုအသံကို ကြားသောအခါ သူ့ရဲ့နားရွက်များက ယားယံသွားပြီး သူ့လည်ပင်းနောက်ဘက်လေးမှာထုံထိုင်းသွားရသည်။


သူ့အသက်ရှုသံများက ပြတ်တောင်းပြတ်တောင်း ဖြစ်လာသည်။ သူ့ခေါင်းကို ဘေးသို့ လှည့်ကာ ခေါင်းခါလိုက်ပြီး လက်ကို ပြန်ဆွဲထုတ်လိုက်သည်။


"ကိုယ့်ကိုကြည့်"


ယင်းကျောင်းက သူ့မေးစေ့ကို ဖျစ်ကာ သူ့မျက်နှာကို ပြန်လှည့်စေလိုက်သည်။ ကျင်းစစ် မော့ကြည့်သောအခါ သူ့လက်ကို ခါးပတ်ပေါ်သို့ တမင်တကာ တင်လိုက်၏။


"မင်းကို လွှတ်ပေးစေချင်တာလား"


ကျင်းစစ်မှာ နှလုံးသားထဲတွင် ထိတ်လန့်သွားကာ သူ့ခေါင်းများကို ငြိမ့်ရန်ပင် မစောင့်နိုင်တော့ချေ။


"ကောင်းတာလေး တစ်ခုခု ပြောလေ" 


ယင်းကျောင်းက သူ့ရဲ့ ခေါင်းနှင့် ညှပ်ရိုးများကို ပွတ်ပေးနေလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။


 "မင်းကောင်းတာ တစ်ခုခုပြောရင် ကိုယ်လွှတ်ပေးမယ် "


ကျင်းစစ်မှာ အသက်ရှုရတာ မွန်းကြပ်လာပြီး သူ့မျက်တောင်များက အတော်ကြာတုန်ယင်နေကာ သူရဲ့ ရှက်ရွံ့မှုများကို ထိန်းချုပ်လိုက်ပြီး တိုးညှင်းစွာ ခေါ်လိုက်သည်။


 "ကောကော..."


ယင်းကျောင်းရဲ့ နဖူးပေါ်မှ သွေးကြောများမှာ ခုန်သွားပြီး သူ့မျက်လုံးများက အနည်းငယ် နီရဲလာသည်။


____


Translated By IQ-Team.