Chapter 97
ယင်းကျောင်းက မျက်လုံးမှိတ်လိုက်ပြီးနောက် ကျင်းစစ်ကို သူ့လက်မောင်းအားကို သုံးကာ ဆွဲထူလိုက်ပြီး ဆိုဖာ နောက်ကျောသို့ ကပ်ကာ သူ့နားထင်နှင့် နားသန်သီးလေးကို ပြင်းထန်စွာ နမ်းလိုက်၏။
" အစကတော့ မမာဘူး အခုတော့ မင်းကြောင့် မာသွားပြီ ကိုယ်ဘယ်လို လုပ်ရမလဲ"
ကျင်းစစ်ကသူ့ကို မယုံကြည့်နိုင်စွာ ကြည့်လိုက်မိပြီး သူ ၎င်းကို မမျှော်လင့်ရုံထားပေ။ သူက ကတိမတည်ရုံသာမက ကျင်းစစ်ကိုပင် တရားခံအဖြစ် စွပ််စွဲသေးသည်။
ယင်းကျောင်းက သူ့နားနားတွင် ပင့်သက်ရှိုက်လိုက်ပြီး အက်ရှရှ အသံဖြင့်ပြောလိုက်သည်။
" မင်းကိုယ့်အတွက် လုပ်ပေးစရာ မလိုပါဘူး ဒါပေမဲ့ ကိုယ်ဘာသာ လုပ်တဲ့ အချိန်ကျရင် မင်းကို တွေးပြီး လုပ်လို့ရလား"
ဘာလို့ အဲ့လိုကိစ္စကြီးကို လာမေးနေတာလဲ...
ကျင်းစစ်ရဲ့ တစ်ကိုယ်လုံးမှာ နီရဲသွားပြီး လောင်ကျွမ်းမတတ် ပူနွေးသွားရသည်။
သို့သော် ယင်းကျောင်းက သူ့ကို တစ်ဆင့်ချင်းဖိအားပေးပြီး မေးလိုက်သည်။
"ကိုယ်အဲ့လို လုပ်လို့ရလား"
ကျင်းစစ်က အံတင်းတင်းကြိတ်လိုက်ပြီး နောက်ဆုံးတွင် စကားတစ်ခွန်းကို ပြောထုတ်လိုက်ရသည်။
" ရတယ်..."
ယင်းကျောင်းက တခစ်ခစ် ရယ်မောလိုက်ပြီး ကျင်းစစ်ရဲ့နားသန်သီးလေးကို ဆုချသလို နမ်းရှုံ့လိုက်သည်။
" မင်းကိုတွေးလိုက်ရင် ကိုယ်..."
သူက အရှက်မရှိသောစကားတချို့ကို တီးတိုးပြောလာ၏။
" အဆင်ပြေရဲ့လား"
ကျင်းစစ် ထပ်သည်းမခံနိုင်တော့သောကြောင့် သူ့လည်ပင်းကြားထဲတွင် ခေါင်းကို မြှပ်နှံထားလိုက်ပြီး စကားပြန်မပြောတော့ပေ။
ယင်းကျောင်းက သူ့ဆံပင်ကို ပွတ်လိုက်ပြီးနောက် သူ့လည်ပင်းအနောက်ကို ပွတ်သပ်လိုက်သည်။
" ဘာလို့စကားမပြောတော့တာလဲ သဘောမတူဘူးလား"
သူက ကျင်းစစ် လက်ကို ကိုင်ကာ မြှောက်လိုက်ပြီးနောက် သူ့မျက်လုံးတွေကို လက်ကိုကြည့်နေရင်းမှ တွေးဆနေဟန်ဖြင့် ပြောလိုက်သည်။
" ဒါဆို ကိုယ်မင်းလက်တွေကို တွေးလို့ရသေးတာပဲ..."
ကျင်းစစ်မှာ လုံးဝ ပြိုလဲသွားရချေပြီ။
"...အိုကေ"
သူမျက်လုံးကို မှိတ်ကာ တိုးတိုးလေးပြောလိုက်သည်။
" မင်း...မင်းလုပ်ချင်တာသာလုပ်"
၎င်းစကားလုံးများက ယင်းကျောင်း၏ နှလုံးသားထဲမှ မီးတောက်များကို လုံးလုံးလျားလျား လောင်ကျွမ်းသွားစေလိုက်သည်။ သူက ကျင်းစစ်ရဲ့ ခါးကို နှစ်ကြိမ်တိုင်တိုင်ပွတ်လိုက်ပြီးနောက် သူ့စိတ်ကိုသူ ထိန်းလိုက်ပြီး လွှတ်ပေးလိုက်ကာ ရေချိုးခန်းထဲသို့ ဝင်သွားလိုက်သည်။
ကျင်းစစ်က လက်မြှောက်ကာ မျက်နှာကို ကာလိုက်ပြီးနောက် ဆိုဖာပေါ်သို့ တိတ်ဆိတ်စွာ မှီချလိုက်မိသည်။ သူ ရုတ်တရက် မတ်တပ်ရပ်ပြီး ရေခဲသေတ္တာဆီသို့သွားကာ ရေခဲသေတ္တာတံခါးကိုဖွင့်ပြီး အနားကပ်နေလိုက်သည်။
သူတို့ရဲ့ သေနတ်များကို ဆိုဖာပေါ်တွင် ပွတ်တိုက်မိမလို ဖြစ်ခဲ့ချိန်တွင် သူတို့နှစ်ယောက်ကြားရှိ တစ်ခုခုက တိတ်ဆိတ်စွာ ပြောင်းလဲသွား၏။
သူတို့နှစ်ယောက်က ရံဖန်ရံခါ အမှတ်တမဲ့ တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ချိန်တွင် သူတို့နားရှိ လေထုထဲတွင် မီးပွားများ လွင့်နေတတ်သည်။
ထိုကဲ့သို့ပင် ရက်အနည်းငယ်ကြာသွားလေသည်။ ကျင်းစစ်ရဲ့ မွေးနေ့သို့ မရောက်မှီ နေ့တွင် ယင်းကျောင်းက အပြင်သို့ ထွက်သွားပြန်သည်။
"ငါတို့သွားခဲ့တဲ့ နို့လက်ဖက်ရည်ဆိုင်လေ"
ဟယ့်ကျိုးက ယင်းကျောင်းကို ပြောလိုက်သည်။
"သူငါ့ကို ရောက်ပြီလို့ပြောတဲ့ wechat မက်ဆေ့ချ် တစ်ဆောင်ပို့တယ်"
ယင်းကျောင်းက သိကြောင်းပြရန် ခေါင်းငြိမ့်ပြလိုက်သည်။
ယနေ့နံနက်တွင် သူက ကျင်းစစ်၏နာမည်ဖြင့် အိမ်ခြံမြေ တရားဝင် လက်မှတ်ကို ရခဲ့ပေသည်။
သို့သော် မှတ်တမ်းတင်ထားသော တစ်သက်တာ နေထိုင်ရာကို ပြန်၍ မှတ်ပုံတင်ချင်လျှင် အိမ်ပိုင်ဆိုင်ကြောင်း လက်မှတ်စာချုပ် တစ်ခုတည်းသည် မလုံလာက်ပေ။ သူရဲ့ မူလနေထိုင်ရာမှ မှတ်တမ်းတင်ထားသော အမြဲတမ်းနေထိုင်ရာ စာအုပ်ကိုလည်း လိုအပ်၏။
အဖေကျင်းကို တောင်းရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ ထို့ကြောင့် ယင်းကျောင်းက ကျင်းမြောင်ကို တွေးလိုက်မိလေသည်။
သူတို့က ကော်ဖီဆိုင်သို့ ရောက်သောအခါ ကျင်းမြောင်သည် အသိသာဆုံးမြင်ရသည့် နေရာတွင် ထိုင်နေတာကို တွေ့လိုက်ရ၏။
ကျင်းမြောင်က ယင်းကျောင်းနှင့် တခြားသူများရောက်လာတာကို တွေ့သောအခါ သူက ချက်ချင်းမတ်တပ်ရပ်ကာ သူတို့အား တစ်ယောက်ချင်းကို လိုက်၍ နှုတ်ဆက်လိုက်သည်။
ယင်းကျောင်းက သူ့နှင့် မျက်စောင်းထိုးထိုင်ခုံကို ဆွဲထုတ်ကာ ထိုင်လိုက်ပြီး သူ့ကို စကားပြောရန် ပျင်းလွန်းသဖြင့် အဓိက အကြောင်းအရာကိုသာ ပြောလိုက်သည်။
"ပစ္စည်းတွေ ဘယ်မှာလဲ"
ကျင်းမြောင်ကိုယ်ကိုလှည့်ကာ အိမ်စာချုပ်စာအုပ်ကို သူ့လွယ်အိတ်ထဲမှ ထုတ်ပြီး ယင်းကျောင်းဆီသို့ တွန်းပေးလိုက်၏။
မနေ့က ဟယ့်ကျိုးသည် သူ့ကို ဆက်သွယ်ကာ သူ့အိမ်စာချုပ်စာအုပ်ကို တိတ်တိတ်လေး ယူလာရန် တောင်းဆိုလိုက်သောအခါ သူက မငြင်းရုံသာမက အရမ်းပင် ပျော်ရွှင်သွားလေသည်။
ယခုတလောတွင် အဖေကျင်းက အလုပ်မှ နှုတ်ထွက်ကာ အိမ်တွင်သာနေလေ၏။ သူတွင် လုပ်စရာမရှိသောအခါ သူက ကျင်းမြောင်ကိုသာ တချိန်လုံးစောင့်ကြည့်နေပြီး စာလုပ်ရန် ပြောကာ ကျင်းစစ်ဘယ်လောက်တော်ကြောင်း ပြောပြီး သူ့ပုံစံလိုက်လုပ်နိုင်ရန် ပြောနေတတ်သည်။
အဖေကျင်းတစ်ယောက် ကျင်းမြောင်ထက် ပို၍ တန်ဖိုးထားသော သူမှာ ကျင်းစစ်ဖြစ်ကြောင်း ကျင်းမြောင် အထူးတလည် သတိထားမိလေသည်။
၎င်းက သူ့ကို အလွန် စိတ်အနှောက်အယှက် ဖြစ်စေ၏။
ဟုတ်တယ် ကျင်းစစ်က အိမ်ကိုပြန်လာဖို့ ဆန္ဒမရှိဘူး ဒါပေမဲ့ နောက်ဆုံးကျရင် သူတို့က သွေးသားတော်စပ်တဲ့အတွက် သူ့စိတ်ကို တစ်နေ့မှာ ပြောင်းလိုက်ရင် ဘယ်လို လုပ်မလဲ...
အဲ့အချိန်ကျရင် အဲ့အိမ်မှာ သူ့(ကျင်းမြောင်)အတွက် နေစရာ ရှိပါ့ဦးမလား...
ထို့ကြောင့် ဟယ့်ကျိုး၏ တောင်းဆိုမှုကို ကြားရသောအခါ သူကတစ်ခွန်းမှပင် မပြောဘဲ သဘောတူခဲ့လေသည်။
သူက ကျင်းစစ်ကို သူတို့အိမ်၏ စာချုပ်မှ တိတ်တိတ်လေး ထုတ်ပယ်လိုက်ပြီးနောက် ရလာဒ်အနေဖြင့် ကျင်းစစ်ကလည်း သူတို့မိသားစုဝင် မဟုတ်တော့ပေ။ ဒုတိယတစ်ခုက သူ့အဖေသည် ထိုအကြောင်းကို ရှာတွေ့သွားပါက ကျင်းစစ်နှင့် အဖေကျင်းတို့မှာ ကျိန်းသေ ရန်ဖြစ်ကြမည်ဖြစ်ပြီး သူတို့ပြန်လည် သင့်မြတ်နိုင်ချေ မရှိတော့ပေ။
ယင်းကျောင်းက ထိုစာအုပ်ကိုဖွင့်ကာ လှန်ကြည့်လိုက်သည်။ ၎င်းတွင် အမှားမရှိကြောင်း အတည်ပြုပြီးသောအခါ သူ့အိတ်ထဲသို့ ထည့်လိုက်၏။
" ငါပြီးသွားရင် မင်းကို ဆက်သွယ်လိုက်မယ်"
ကျင်းမြောင်က လျှင်မြန်စွာ ခေါင်းငြိမ့်ပြလိုက်သည်။
သူလိုချင်တာကို ရပြီးသောအခါ ယင်းကျောင်းက အချိန်ထပ်မဖြုန်းချင်တော့သဖြင့် သူ့ရဲ့နို့လက်ဖက်ရည်ကိုပင် ကုန်အောင်မသောက်ဘဲ ဆိုင်မှ ထွက်သွားလိုက်သည်။
"ကျေးဇူးပဲ" သူအိပ်ကပ်ထဲမှ စီးကရက်ကို ကျန့်ချွယ်နှင့် အခြားသူများကို ပစ်ပေးလိုက်သည်။
" နောက်ရက်တွေကျရင် အိမ်မှာ ညစာလာစား တကယ်လို့ လာမယ်ဆို ကြိုပြော ငါ အန်တီ့ကို လာချက်ခိုင်းလိုက်မယ် "
"အိုကေ" ဟယ့်ကျိုးက ပြန်ပြောရန်ပင် မစောင့်ပေ။
" အသားများများပိုချက်နော် ကျန်တာဘာမှ ပြောစရာမရှိပါဘူး"
ကျန့်ချွယ်က စီးကရက်ကို ထုတ်ပြီး မေးလိုက်သည်။
" အစ်ကိုကျောင်း ကျွန်တော်တို့ မနက်ဖြန် ပျော်စရာ တောင်ကြားကို သွားမလို့ လိုက်ဦးမလား"
"မသွားနဲ့ ငါ့မှာ လုပ်စရာရှိတယ် မင်းတို့လည်း လာခဲ့"
ယင်းကျောင်းက ဖုန်းမျက်နှာပြင်မှ အချိန်ကို ကြည့်ရင်း ပြောလိုက်သည်။
" ငါအရင် ပြန်နှင့်တော့မယ်"
သူက တက္ကစီ တစ်စီးကို တားပြီး ကားထဲသို့ ဝင်လိုက်သည်။
ဟယ်ကျိုးမှာ သူ့နောက်ကျောကို ကြည့်ကာ သက်ပြင်းချလိုက်မိ၏။
" အစ်ကိုကျောင်းက နည်းနည်းတော့ စိတ်ရှုပ်စရာပဲ ဒါပေမဲ့ သူက အကိုစစ် အပေါ်တော့ စစ်မှန်ပါတယ်"
ကျန့်ချွယ်က ခေါင်းငြိမ့်လိုက်သည်။
" ကျွန်တော် သူ ဒီလောက် တစ်ယောက်ယောက်ကို ဂရုတစိုက် ဖြစ်နေတာ မမြင်ဖူးဘူး"
ဟယ့်ကျိုးက ပြုံးလိုက်ပြီး ဝံ့ကြွားစွာ ပြောလိုက်သည်။
" သူသာ အဲ့လောက် ဂရုမစိုက်ခဲ့ရင် အစ်ကိုစစ်က သူ့ကို လှည့်တောင် ကြည့်မှာ မဟုတ်ဘူး ငါကြားတာတော့ အစ်ကိုစစ်ကို လိုက်ပြီး ပိုးပန်းချင်နေတဲ့ သူတွေက ကျောင်းပေါက်ဝမှာ တန်းစီနေတာပဲတဲ့"
"အမှန်ပဲ"
ကျန့်ချွယ်က ရယ်မောလိုက်ကာ ဟယ့်ကျိုးနှင့်အတူ ပခုံးဖက်ကာ ထွက်သွားကြတော့သည်။
နောက်တစ်နေ့က ကျင်းစစ်၏ မွေးနေ့ပင်။
ကျင်းစစ်သည် ဘယ်သောအခါမှ မွေးနေ့ မကျင်းပဖူးပေ။ ၎င်းက ပိတ်ရက်မျှသာ ဖြစ်သောကြောင့် ကျင်းပစရာ မလိုပေ။
ထို့အပြင် သူက သူ့မွေးနေ့ကို ဖေဖော်ဝါရီ 19 ရက်မှ ဇန်နဝါရီ 31 သို့ပြောင်းလဲခြင်းအား အသားမကျသေးပေ။ ထို့ကြောင့် ယင်းကျောင်းက မွေးနေ့လက်ဆောင်ကို ထုတ်ပြလိုက်သောအခါ သူက အံ့အားသင့်သွားရသည်။
"ဒါက ... ဘာလဲ"
"ပျော်စရာမွေးနေ့လေးပါ"
ယင်းကျောင်းကသူ့ကို နူးညံ့စွာ ကြည့်ပြီးဆိုလိုက်သည်။
" ဖွင့်ပြီး ကြိုက်လားကြည့်ပါဦး"
ယခုက ကျင်းစစ် သူချစ်သူဆီမှ မွေးနေ့ လက်ဆောင်ရဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်၏။ သူက သေးငယ်သော လက်ဆောင်ဘူးလေးကို ဂရုတစိုက်ဖြင့် ဖွဖွလေးကိုင်ထားကာ ဘူးအဖုံးလေးကို ဖြေးဖြေးလေး ဖွင့်လိုက်သည်။
အထဲတွင် ကြိုးနှစ်ချောင်းဖြင့် ရက်လုပ်ထားသော လက်ပတ်ကြိုး အနက်ရောင်လေးကို တွေ့လိုက်ရ၏။
၎င်းတို့သည် မတူညီသော ရွှေဖြင့် မြှပ်နှံထားကာ တစ်ခုကစတီယာတိုင်ဘီးလုံးကို ကိုယ်စားပြုပြီး တစ်ခုက ဓါးကို ကိုယ်စားပြုလေသည်။
" ပဲ့ကိုင်တံနဲ့ ကျောက်ဆူး"ယင်းကျောင်းကသူ့ကို ရှင်းပြလေသည်။
" ကျောက်ဆူးကြိုးက မင်းအတွက် ပဲ့ကိုင်က ကိုယ့်အတွက်"
သူကပြောရင်းနှင့် ကျင်းစစ်၏ လက်ကို ယူကာ လက်ကောက်ဝတ်တွင် လက်ပတ်ကို ညင်သာစွာ ဝတ်ပေးလိုက်သည်။
"လှတယ်"
ကျင်းစစ်က သူ့လက်ကို မြှောက်လိုက်ပြီး သူ့လက်ကောက်ဝတ်ပေါ်မှ သဏ္ဍာန်လေးကို မျက်တောင် မခတ်ဘဲ ကြည့်နေမိသည်။ထို့နောက်တွင် သူက ကျောက်ဆူး ရှေ့တွင် ရေးထားတာစာတန်းသေးသေးလေးကို တွေ့လိုက်ရ၏။
J≡C
(ကျောင်း≡စစ်)
တခြားသူသာဆိုလျှင် စာနှစ်လုံး အလယ်ရှိ မျဥ်းလေးသုံးကြောင်းက "သုံး" ဟူ၍ထင်ကြလိမ့်မည်ပင်။ သို့သော် ကျင်းစစ်က ယင်းကျောင်းကို ရုတ်တရက် ကြည့်ပြီး ပြောလိုက်သည်။
" ညီမျှခြင်း"
ယင်းကျောင်းက ပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်။ ကျင်းစစ် နားလည်မည်ကို သူသိနေ၏။
ကိန်းဂဏန်းမြင့် သင်္ကေတ နှစ်ခုသည် သူတို့မည်မျှပင် ပြောင်းလဲနေပါစေ တူညီခြင်း သင်္ကေတကြောင့် ဘယ်ဘက်နှင့် ညာဘက်က အမြဲတူညီနေကြမည်ပင်။
ကျင်းစစ်မှာ ဆို့နင့်သွားပြီး ယင်းကျောင်း ဘာပြောချင်သလဲဆိုတာကို ကောင်းကောင်း နားလည်လိုက်သည်။
အပြင်တွင် ဘာတွေဖြစ်နေပါစေ သူတို့ရဲ့ ချစ်သူရည်းစားဆက်ဆံရေးက ပြောင်းလဲမည် မဟုတ်ပေ။
"တပ်ပေးဦး" ယင်းကျောင်းက ကျင်းစစ်ဆီသို့ လက်ဆန့်ပေးလိုက်ပြီး တခစ်ခစ် ရယ်ကာ ပြောလိုက်သည်။
"ကိုယ့်ကိုလည်း တပ်ပေးဦး"
ကျင်းစစ်ရဲ့ လက်ချောင်းထိပ်များသည် တုန်ယင်နေသောကြောင့် လက်သီးတင်းတင်းဆုတ်လိုက်မိသည်။ ထို့နောက် အခြား လက်ပတ်တစ်ခုကို ယူလိုက်ကာ ယင်းကျောင်း၏ လက်ကောက်ဝတ်တွင် ပတ်ပေးလိုက်သည်။
သူတို့ရဲ့ လက်ကောက်ဝတ်နှစ်ခုက တစ်ခုနှင့် တစ်ခု ဘေးချင်းကပ်လျက် ယှဥ်တွဲရှိနေကြသည်။
ကျောက်ဆူးနှင့် ပဲ့ကိုင်တံ တစ်ခုတွင် J≡C ဖြစ်ပြီး နောက်တစ်ခုတွင်မူ C≡J...
"ငါ..."
ကျင်းစစ်ကသူ့နှဖူးကို ယင်းကျောင်း ပခုံးပေါ်တွင် တင်ထားလိုက်ပြီး သူ့နှလုံးသားထဲမှ ထကြွလာသော စိတ်ခံစားချက်များကို ဖိနှိပ်ကာ ပြောလိုက်သည်။
" ငါအရမ်းကြိုက်တယ် အရမ်းကိုပဲ"
ယင်းကျောင်းက သူ့ ဆံပင်လေးကို ပွတ်ပေးလိုက်ပြီး သူ့ခေါင်းကို ငုံ့ကာ သူဆံပင်ထိပ်လေးကို ဖွဖွလေးနမ်းလိုက်၏။
" ကြိုက်လို့တော်သေးတာပေါ့"
သူတို့နှစ်ယောက်က တိတ်ဆိတ်စွာ အတော်ကြာသည်အထိ ဖက်ထားကြပြီး ကျင်းစစ်က ရုတ်တရက် ခေါ်လာသည်။
"ယင်းကျောင်း"
"ဟမ်"
"ဘာလို့ ငါ့ဟာက ကျောက်ဆူးဖြစ်ပြီး မင်းဟာက ပဲ့ကိုင်တံဖြစ်နေတာလဲ"
ယင်းကျောင်းက ကျင်းစစ်ဘေးနားက သူ့လက်မောင်းကို ပိုမို တင်းကြပ်လိုက်တာက ကျင်းစစ်ကို သူ့လက်မောင်းကြားထဲ နစ်မြှပ်စေမတတ်ပင်။ သူလည်စေ့က တုန်ယင်သွားပြီး သူ့အသံကလည်း အနည်းငယ် ဩရှနေကာ သူက ပြောလိုက်သည်။
" ကိုယ်ထင်တာ..."
ကိုယ် မင်းကို ပြောပြချင်တယ်
သူအသက်ပြင်းပြင်းရှုကာ သူ့ကိုယ်သူ စိတ်လျော့ရန် ကြိုးစားကာ ပြောလိုက်သည်။
" ကျောက်ဆူးက ပိုကြည့်ကောင်းတယ်လေ"
အနာဂါတ်မှာ မင်းဘယ်သွားသွား ဘယ်ကမ္ဘာဖြစ်ဖြစ် ကိုယ်မင်းကို လိုက်ရှာမယ်
မင်းတစ်နေရာမှာ စောင့်နေသ၍ ကိုယ်လေပဲစီးရစီးရ လှိုင်းပဲ စီးရစီးရ လိုက်ရှာမယ်
"အိုး"
"နောက်ပြီးတော့"
ယင်းကျောင်းက ကျင်းစစ်ကို လွှတ်ပေးလိုက်ပြီး စာပွဲအံဆွဲကို ဆွဲဖွင့်လိုက်ကာ စာအုပ်လေး သုံးအုပ်ကို ထုတ်ကာ ကျင်းစစ်ကို ပေးလိုက်သည်။
"ဒါလေးရော"
"ဒါလည်း မွေးနေ့လက်ဆောင်ပဲလား"
ယင်းကျောင်းက ပြုံးကာ ခေါင်းခါပြလိုက်သည်။
" ဒါက အသက်ပြည့်ပွဲ အခမ်းအနား အတွက်"
ကျင်းစစ်က ၎င်းကို ဖွင့်ကြည့်လိုက်သောအခါ အံ့အားသင့်သွားရသည်။
စာအုပ်သုံးအုပ်တွင် အနီရောင် နှစ်အုပ်က သူ့နာမည်နှင့် အိမ်ခြံမြေပိုင်ဆိုင်ကြောင်းစာအုပ်ဖြစ်ပြီး အညိုရောင်စာအုပ်ကမူ ကျင်းမိသားစုရဲ့ စာရင်းစာအုပ်ဖြစ်၏။
ယင်းကျောင်းက သူ့လက်ကို ဖွဖွလေးကိုင်ပြီး နူးညံ့စွာ ပြောလိုက်သည်။
"အသက်ပြည့်ပြီး လူကြီးဖြစ်သွားတာ ဂုဏ်ယူပါတယ် မင်းဘာသာမင်း လွတ်လွတ်လပ်လပ်နေလို့ရပြီ ထပ်ချုပ်ချယ်ခံစရာ မလိုတော့ဘူး"
___
Translated By IQ-Team.