အပိုင်း၉၈
Viewers 14k

Chapter 98

Chapter 98


-----------------------


ကျင်းစစ်က သူ့လက်ပေါ်မှ စာအုပ်များကို ပွတ်နေမိပြီး သူ့မျက်လုံးများက နီရဲလာသည်။


"မင်း..." 


သူ့ရဲ့ လည်စေ့မှာ ရွေ့လျားသွားပြီးနောက် သူ့ရဲ့ ဆို့နင့်နေသော အသံတွေကို ပြင်းပြင်းထန်ထန် ပြန်မျိုချလိုက်ကာ ​မေးလိုက်သည်။


" ဘယ်တုန်းက ဒါကို လုပ်ခဲ့တာလဲ"


"သိပ်မကြာသေးခင်က" 


ယင်းကျောင်းက ပြုံးသာပြုံးနေပြီး ထိုအကြောင်း မပြောချင်တော့ပေ။ သူ့လက်မောင်းအားကို အနည်းငယ်ထည့်ကာ ကျင်းစစ်ကို သူ့ဘက်ဆွဲလိုက်ပြီး နူးညံ့စွာ ပြောလိုက်၏။


" မင်းသူတို့နဲ့ ထပ်ပြီး မဆက်သွယ်ချင်တော့တာ ကိုယ်သိတယ် မင်းသူတို့အိမ်က ခွဲထွက်ချင်ရင် တစ်ခါတည်း အကုန်လုံး ရှင်းရှင်းလင်းလင်းနဲ့ တိတိကျကျ ခွဲထွက်လိုက်တာ ကောင်းတယ်လေ ဟုတ်တယ်မလား"


ကျင်းစစ်က ခေါင်းငြိမ့်ပြလိုက်၏။


"ဝူခုန်းကို သူ့နယ်မြေထဲမှာ ပြန်နေစေတာက အမြန်ဆုံးနည်းလမ်းလေ" ယင်းကျောင်းက ကျင်းစစ်ကို နားလည်သည်။ 


သူက နေထိုင်စရိတ်မရှိလျှင်ပင် ယင်းကျောင်းကို အကူအညီမတောင်းခဲ့ပေ။ အိမ်တစ်လုံးကို လွယ်လွယ်လက်ခံဖို့ဆို ပြောမနေနှင့်။ ထို့ကြောင့် ယင်းကျောင်းက စိုးရိမ်စွာ ပြောလိုက်သည်။


" အရေးအကြီးဆုံးက မင်းရဲ့ အမြဲတမ်းမှတ်တမ်းတင်ထားတဲ့အိမ်ကို ပြောင်းဖို့ပဲ ကျန်တာအရေးမကြီးဘူး"


ကျင်းစစ်က သူ့မျက်လုံးကို မော့ပြီး ယင်းကျောင်းကို စွဲမြဲစွာကြည့်လိုက်ကာ သူ့နှလုံးသားထဲမှ ပြည့်လျှံနေသော ခံစားချက်များကို မနဲ ထိန်းချုပ်နေရ၏။


သူက ယင်းကျောင်းသူ့နောက်ဘက်တွင် ၎င်းတို ဘယ်လောက် ပြင်ဆင်ခဲ့ရသလဲဆိုတာကိုလည်းမသိ ကျင်းမိသားစု၏ အိမ်ထောင်စု စာရင်းစာအုပ်ကိုလည်း ဘယ်လိုရလာသလဲဆိုတာကိုလည်း မသိပေ။ ၎င်းမတိုင်မီတွင် ယင်းကျောင်းက ထိုကိစ္စအား သူ့ထံသို့ တစ်လုံးမျှပင် မပြောခဲ့ပေ။


သူက အသီးကို ယူမလာခင်အထိ အပွင့်ပွင့်ကြောင်းမပြောခဲ့ပေ။ သူ့ကို ၎င်းက မပင်ပန်းသော ကိစ္စ ဖြစ်ကြောင်းသာ ပြောပြလေသည်။


ထို စာအုပ်ဖောင်းဖောင်းလေး နှစ်အုပ်က သူ့စိတ်ထဲတွင်မူ အတော်လေး လေးလံစရာကောင်းနေ၏။


သူက အချိန်အတော်ကြာတဲ့အထိ စကားမပြောတာကို တွေ့သောအခါ ယင်းကျောင်းမှာ ကျင်းစစ်က ၎င်းတို့ကို ငြင်းရန် အကြောင်းပြချက် ရှာနေပြန်ပြီဟု ထင်သွားကာ အကူအညီမဲ့စွာ ပြောလိုက်သည်။


"မင်းစိတ်ထဲဖိအားတွေ ခံစားဖို့ မလိုပါဘူး နောက်ပြီး မငြင်းနဲ့တော့နော် အဲ့ဒါက အရေးမပါဘူး"


သူက ကျင်းစစ်၏ မျက်လုံးများကို စိုက်ကြည့်ကာ အတည်ပေါက်ပုံဖြင့် ပြောလိုက်သည်။


"ကိုယ်တို့ရဲ့ ချစ်သူရည်းစား ဆက်ဆံရေးက ဘယ်တော့မှ မပြောင်းလဲဘူးလေ ဟုတ်တယ်မလား"


ကျင်းစစ်က ပြင်းပြင်းထန်ထန် ခေါင်းငြိမ့်ပြလိုက်သည်။


"ဒါပဲလေ ကိုယ်မင်းကို ပိုင်တယ် အဲ့တော့ ထွက်ပြေးမနေနဲ့ ဒီအိမ်ကို ဘယ်သူ့နာမည်နဲ့ပိုင်တယ်ဆိုတာက အရေးကြီးလို့လား" 


ယင်းကျောင်းက ခေါင်းငုံ့လိုက်ကာ သူ့နှုတ်ခမ်းလေးကို နမ်းလိုက်ပြီး အပြုံးဖျော့ဖျော့လေးဖြင့် ပြောလိုက်သည်။


" နာခံစမ်းပါကွာ ကိုယ်မင်းကို လက်ခံရအောင် အထူးနည်းလမ်းတွေနဲ့ လုပ်ရအောင်  ဖိအားမပေးနဲ့"


ကျင်းစစ်ရဲ့ လည်ချောင်းတွင် တစ်ခုခု တစ်နေသလို ဖြစ်နေကာ စကားမပြောနိုင်သေးပေ။


ယင်းကျောင်းက ဘာလို့ အဲ့လောက်ကောင်းရတာလဲ...သူက ပေးလည်းပေးရသေးတယ် သူ့စိတ်ဖိအားမဖြစ်အောင်လည်း ဒီလိုစကားတွေ ပြောနေသေးတယ်


ယင်းကျောင်းက သူ့ ဖြစ်တည်မှုကစပြီး စိတ်ပိုင်းဆိုင်ရာအထိပါ အရာအားလုံးကို ဂရုစိုက်ပေး၏။


ကျင်းစစ်က သူ့နဖူးကို ယင်းကျောင်း ပခုံးပေါ်တင်ထားလိုက်ပြီး သူ၏နီရဲနေသော မျက်လုံးများကို ယင်းကျောင်း မမြင်စေရန် ကွယ်ထားလိုက်သည်။


"ငါ..." 


သူက အသက်ပြင်ပြင်းရှုလိုက်ကာ သူ့ရဲ့ တုံးအသော ပါးစပ်ကို ပထမဆုံးအကြိမ်အဖြစ် မုန်းတီးမိသွားသည်။ သူ့တွင် ပြောစရာများက အသေအချာပင် မြောက်များစွာ ရှိသော်လည်း သူ့ပါးစပ်မှ ထွက်ကျလာသောအခါတွင်တော့ စာကြောင်းတစ်ကြောင်းတည်းသာ ပြောမိလေသည်။


" ငါ မင်းစကားကို နားထောင်ပါ့မယ်"


အိမ်တစ်ခုက ဘာမျှ အရေးမပါခြင်းတော့ မဟုတ်ပေ။ ၎င်းက အလွန်ဈေးကြီး၏။ ယင်းကျောင်းပြောသည်မှာ အမှန်ဖြစ်သော်လည်း သူက ၎င်းကို စိတ်အေးလက်အေးနှင့်တော့ လက်မခံနိုင်ပေ။


သို့သော် ယခုအချိန်တွင် ငြင်းလိုက်ပါက မာနကြီးလွန်းကာ မစစ်မှန်သလိုဖြစ်နေပြီး ယင်းကျောင်းရဲ့ကြင်နာမှုများမှာလည်း အလကားဖြစ်သွားပေလိမ့်မည်။


ထိုစကားကိုကြားသောအခါ ယင်းကျောင်းက အစပိုင်းတွင် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်ပြီးနောက် သူ့အသံမှာ အနည်းငယ် မှားယွင်းနေတာကို သဘောပေါက်သွားသည်။


"ဘာဖြစ်လို့လဲ" 


ယင်းကျောင်းက ကျင်းစစ် မျက်နှာကို ကြည့်ချင်သော်လည်း ကျင်းစစ်ကမူ သူ့ပုခုံးကြားထဲတွင် မြှပ်ထားကာ ကြည့်ခွင့်မပေးပေ။


ယင်းကျောင်းမှာ ရယ်မောလိုက်မိပြီး သူ့ကို ဖိအားမပေးတော့ဘဲ သူ့ဆံပင်နှင့် နောက်ကျောကို လက်ဖြင့် ပွတ်သပ်နေရင်းဖြင့် ရုတ်တရက် ပြောလိုက်သည်။


" ကလေးလေး တစ်ခုခုကတော့ မဟုတ်တော့ဘူး"


ကျင်းစစ်က သူ့ရဲ့စိတ်ခံစားချက်များတွင် နစ်မြှပ်နေကာ မလွတ်မြောက်နိုင်သေးသဖြင့် မသိစိတ်က အမှတ်မဲ့ တုံ့ပြန်လိုက်၏။


" ဟမ်"


"ကိုယ်အရမ်းကောင်းနေတာကိုကျ မင်းဘာလို့ စိတ်မလှုပ်ရှားတာလဲ" ယင်းကျောင်းက မျက်ခုံးပင့်ကာ ရဲတင်းစွာ ပြောလိုက်သည်။


" ကိုယ်က မီးအိမ်ဖွင့်ပြီး ရှာရင်တောင် ထပ်မတွေ့နိုင်တော့တဲ့ အရမ်းကောင်းတဲ့ ချစ်သူလေ မင်းရဲ့ နှလုံးသားထဲမှာတော့ ကိုယ်က ပျက်ဆီးယို့ယွင်းနေတဲ့ အိမ်နဲ့တောင် မယှဥ်နိုင်ဘူးလားဟင်"


ကျင်းစစ် : "..."


ကျင်းစစ်မှာ ငိုရမလား ရယ်ရမလားပင် မသိတော့ချေ။ သူ့ရဲ့စိတ်ခံစားချက်များဖြင့် လွှမ်းမိုးခံထားရခြင်းက ရုတ်တရက် ပြန်တည်ငြိမ်သွားသည်။


 " မဟုတ်ဘူး"


ယင်းကျောင်းက ပြောလိုက်သည်။


"ဒါဆို ကိုယ့်ကို သက်သေပြလေ"


သက်သေပြရမယ် ဘယ်လို သက်သေပြရမလဲ...


ယင်းကျောင်းကထပ်ပြီး မမေးတော့ပေ။ သူက ကျင်းစစ်ရဲ့ လက်ချောင်းများကိုသာ ကစားနေပြီး ကျင်းစစ် ဦးစွာ ပြောလာမည်ကို သိသာမြင်သာစွာပင် စောင့်နေခြင်းဖြစ်၏။ 


ကျင်းစစ်ရဲ့နှလုံးခုန်နှုန်းမှာ ပို၍ပို၍ မြန်ဆန်လာပြီး အဆုံးတွင်သူစိတ်လျော့လိုက်ကာ အတော်ကြာမှ တိုးတိုးလေး ပြောလိုက်သည်။


" မင်းက အရေးအကြီးဆုံးပါ..."


ယင်းကျောင်းရဲ့ မျက်နှာပေါ်မှ အပြုံးကြီးသည် တဖြည်းဖြည်း ပို၍ နက်ရှိုင်းလာပြီး ထိုစာကြောင်းကို သူ့နှလုံးသားထဲတွင် အကြိမ်ပေါင်းများစွာ ထပ်ကာထပ်ကာ ရေရွတ်နေမိသည်။  ကျင်းစစ်ရဲ့ အသံက တုန်ယင်မနေတော့တာကို ကြားရသောအခါ သူဆက်၍ စနောက်မနေတော့ချေ။


 "ကောင်းပါပြီဗျ"


"ဘယ်အရာမဆိုထက် ပိုအရေးကြီးတယ်" ကျင်းစစ်က ထပ်ပြောလိုက်သည်။ 


သူ့အသံက သိပ်မကျယ်ပေ။ သို့သော် ယင်းကျောင်းက ရှင်းလင်းစွာ ကြားရလေသည်။


ယင်းကျောင်းမှာ ဆို့နင့်သွားမိပြီး သူ့လက်မောင်းထဲသို့ကျင်းစစ်ကို ထည့်ကာ ပွတ်သပ်နေလိုက်သည်။


အတော်ကြာသောအခါ သူတို့နှစ်ယောက်ရဲ့ စိတ်ခံစားချက်များမှာ တည်ငြိမ်လုနီးပါး ဖြစ်သွားကာ ယင်းကျောင်းက ကျင်းစစ်ကို လွှတ်ပေးပြီး ပြောလိုက်သည်။


" သွားရအောင် မနက်စာသွားစားရအောင်"


ကျင်းစစ်က ခေါင်းငြိမ့်ကာ ယင်းကျောင်းနောက်သို့ လိုက်သွားသည်။


ယခင်နှင့် မတူစွာပင် ယနေ့အတွက် မနက်စာမှာ ရိုးရှင်းပုံရ၏။ ရိုးရှင်းသောခေါက်ဆွဲခွက်လေးတစ်ခွက်သာ ကျင်းစစ်အရှေ့တွင် ရှိနေ၏။


"မင်းအတွက် သက်ရှည်ခေါက်ဆွဲ ကိုယ်..." 


ယင်းကျောင်း၏ ဒုတိယစာကြောင်းက ခေါက်ဆွဲခွက်သို့ ကြည့်လိုက်မိချိန်တွင် ပြတ်တောက်သွားရသည်။


"ဖာခ့်" ယင်းကျောင်း မတတ်နိုင်စွာ အသံခပ်အုပ်အုပ်ဖြင့် ဆဲရေးလိုက်မိသည်။ 


သူက ခေါက်ဆွဲရှည်များထည့်ထားသော ခွက်ကို မယုံကြည့်နိုင်စွာ ကြည့်ကာပြောလိုက်၏။


" ဘာလို့ ခေါက်ဆွဲတွေက ကျိုးကြေနေတာလဲ ထုတ်လိုက်တာနဲ့ ဘာလို့ အခဲလိုက်ကြီးတွေလဲကွ..."


ယင်းကျောင်းမှာ ကြွားချင်သော်လည်း အရှက်ရမှုသာ ဖြစ်သွား၏။


ယင်းကျောင်းမှာ စိတ်တိုလာကာ ခေါက်ဆွဲ ပန်းကန်လုံးကို ကောက်ကိုင်လိုက်ပြီး အံကြိတ်ရင်း အမှိုက်ပုံးဆီသို့ လျှောက်သွားလိုက်သည်။


 " မင်း ဒါကြီးကို စားစရာ မလိုပါဘူး ကိုယ် အပြင်ထွက်ပြီး မင်းအတွက် နောက်တစ်ခွက် ဝယ်ပေးမယ်"


"မလိုပါဘူး" 


ကျင်းစစ်က သူ့ကို တားဆီးလိုက်ကာ ထိုနားသို့ သွားလိုက်ပြီး ပုံမှန်ကဲ့သို့ပင် ခေါက်ဆွဲခွက်ကို ပြန်ယူလိုက်သည်။


" ငါ ဒါကို စားချင်တယ်"


"အဟမ်းအဟမ်း" ယင်းကျောင်းမှာ လည်ချောင်းရှင်းလိုက်မိ၏။ 


သူ့နားရွက်များက ပထမဆုံးအကြိမ်အဖြစ် အနည်းငယ် ပူနွေးနေတော့သည်။


 "မေ့လိုက်တော့ ဘာလို့ ..."


သူ စကားပြော၍ မပြီးသေးခင် ကျင်းစစ်က သူ့ထိုင်ခုံတွင် ပြန်ထိုင်ကာ တူကို ယူလိုက်ပြီး ခေါက်ဆွဲများကို စတင်စားနေတာကို တွေ့လိုက်ရသည်။


ယင်းကျောင်းကသူ့ကို ရှုပ်ထွေးနေသော အကြည့်များဖြင့်ကြည့်လိုက်ပြီး အတော်ကြာသောအခါမှ သူက စိတ်သက်သာရာရစွာ ပြုံးလိုက်ပြီး ကျင်းစစ်ကို မတားတော့ပေ။


ကျင်းစစ်က ခေါက်ဆွဲခွက်ကို အလွန်ကြိုက်နှစ်သက်သလို စားနေကာ အထဲမှ ကြက်သွန်မြိတ်များကိုပင် မကျန်စေခဲ့ပင်။


သူရဲ့ စိတ်အခြေအနေမှာ ထိုအချိန်တွင် တည်ငြိမ်နေကာ ယင်းကျောင်းကို မနေနိုင်ဘဲ မေးလိုက်မိသည်။


" ကိုယ် မင်း အိမ်ခြံမြေစာချုပ်ကို လုပ်နေတဲ့ အချိန်ကို ဘာလို့ မသိရတာလဲ"


ယင်းကျောင်းက အစားစားတာကို အဆုံးသတ်လိုက်ကာ သူရဲ့တူကို ချလိုက်ပြီး သူပါးစပ်ဘေးဘက်များကို တစ်ရှူးဖြင့် သုတ်ကာ ပြောလိုက်လေသည်။


" ကိုယ်မင်းကို အိမ်တံခါးလော့ခ် ပျက်တယ်လို့ ပြောတဲ့ အချိန်တုန်းကလေ"


ကျင်းစစ်ရဲ့ မျက်လုံးများက ရုတ်တရက် ပြူးကျယ်သွားရသည်။


 " အဲ့အချိန်တုန်းက မင်းအဲ့ဒါ လုပ်ဖို့ အပြင်ထွက်သွားခဲ့တာလား"


"မဟုတ်ရင် ဘာဖြစ်ရမှာလဲ" ယင်းကျောင်းက ပြန်မေးလိုက်၏။ 


ရုတ်တရက်ပင် သူကကျင်းစစ်၏ ပုံမှန်မဟုတ်သော အသံအနေအထားကို သတိထားမိလိုက်သည်။


" ဒါဆို ကိုယ်ဘယ်သွားတယ်လို့ မင်းက ထင်တာလဲ"


"ငါ..." ကျင်းစစ်က ရှက်ရွံ့စွာ တောင်းပန်လိုက်သည်။


" ငါ တောင်းပန်ပါတယ်"


ယင်းကျောင်းမှာ ကျင်းစစ်ထိုအချိန်က သူညာနေတာကို သိကာ မပြောဘဲ တိတ်ဆိတ်စွာ သည်းခံနေပြီး ဘာမျှ မမေးခဲ့ကြောင်းကို ရုတ်တရက် နားလည်သွားရသည်။


အဲ့ဒါကြောင့် သူပြန်လာတုန်းက ကျင်းစစ်က ပုံမှန် ဟုတ်မနေတာပဲ...


ထိုအချိန်တုန်းက သူ့စိတ်ထဲ ကျင်းစစ်က သူနမ်းတာကို မခံချင်သောကြောင့်ဟုသာထင်ခဲ့ကာ ထိုကိစ္စကြောင့်ဆိုတာ မသိခဲ့ပေ။


ယင်းကျောင်းက နှာမှုတ်ကာ ခေါင်းငြိမ့်ပြလိုက်၏။


"ဒါဆို မင်းက သိတာတောင် ကိုယ့်ကို မမေးဘဲ စိတ်ထဲမှာပဲ ခန့်မှန်းနေတယ်ပေါ့..."


ကျင်းစစ်မှာ ရှက်ရွံ့မှုနှင့် အပြစ်ရှိစိတ်ကို တပြိုင်နက်တည်း ခံစားလိုက်ရပြီး ယင်းကျောင်းကို ထပ်ကာ ​တောင်းပန်စကာစဆိုလိုက်သည်။


ယင်းကျောင်းက သုံးပြီးသားတစ်ရှူးကို လွှင့်ပစ်လိုက်ကာ ခပ်ပေါ့ပေါ့ပင် မေးလိုက်သည်။


" မင်းက ဘာအမှားလုပ်ခဲ့လို့လဲ"


"သံသယ ဝင်မိတာ..."


ယင်းကျောင်းမှာ အကူအညီမဲ့သလို ခံစားလိုက်ရ၏။


" မင်းအခုထိ နားမလည်သေးဘူးဘဲ"


ကျင်းစစ်က သူ့ကို မော့ကြည့်ကာ သူ့ကို သံသယဖြစ်စွာ ကြည့်လိုက်မိ၏။


" အဲ့လို မဟုတ်ဘူးလေ" 


ယင်းကျောင်းမှာ သူ့အသံက အနည်းပြင်းထန်သွားသည်ဟု ခံစားလိုက်ရသဖြင့် သူကျင်းစစ်ရဲ့ ဘေးနားဝင်ထိုင်လိုက်ကာ အသံကိုတိုးနှိမ့်ပြီး ဖြေးဖြေးလေး ပြောပြသည်။


" ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်မင်းကို လိမ်ခဲ့တာလေ အဲ့ဒါကိုယ့်အမှားပေါ့ မင်းကတော့ သဘာဝကျကျပဲ စိတ်ဆိုးပြီး သံသယဝင်မှာပဲလေ အဲ့ဒါအားလုံး ကိုယ့်အမှားပါ"


သူက ကျင်းစစ်ရဲ့ လက်ကို ကိုင်လိုက်ကာ သူ့ကို နက်နက်ရှိုင်းရှိုင်း ကြည့်ကာ ပြောလိုက်သည်။


" မင်းအဲ့အချိန်တုန်းက မပျော်နေခဲ့တာကို ဘာလို့ ကိုယ့်ကို ဘာမှ မပြောခဲ့တာလဲ"


"အဲ့လိုဆိုရင်" ကျင်းစစ်က ခေါင်းငုံ့ကာ ခက်ခက်ခဲခဲ ပြောလိုက်သည်။


" ငါက အရမ်းဒုက္ခပေးသလို ဖြစ်နေမှာလေ"


သူက ယင်းကျောင်းကို အတင်းအကြပ် စိတ်ကျဥ်းကျပ်အောင် လုပ်မိမည်ကို စိုးရိမ်နေခဲ့သည်။


"အဓိပ္ပာယ် မရှိတာ" ယင်းကျောင်းက သရော်သလိုရယ်လိုက်ပြီး " မင်း ယန်းချန်ကို သွားတုန်းက ဆိုရင် ကိုယ်မင်းကို ရှောင်လေ့ယွဲ့ နဲ့ အပြင်ကို ညဘက် အတူသွားတုန်းက စိတ်တိုခဲ့တာ အဲ့တုန်းကရော ကိုယ်မင်းကို ဒုက္ခတွေပေးမိသလို ဖြစ်သွားလား"


ကျင်းစစ်က ခေါင်းကို ခပ်သွက်သွက် ခါလိုက်ပြသည်။


သူထိုကဲ့သို့ မတွေးခဲ့ရုံသာမက ယင်းကျောင်းက သူကိုကပ်တွယ်နေတာကာ သူ့က ယင်းကျောင်းအတွက် အရေးကြီးသည်ဟုပင် ထင်စေကာ အနည်းငယ်ပင် ပျော်ရွှင်မိ၏။


ကျင်းစစ် အနည်းငယ် နားလည်လိုက်သည်။


"အဲ့လိုက မဟုတ်သေးဘူးလေ" 


ယင်းကျောင်းက ကျင်းစစ်ရဲ့ မေးစေ့ကို ကိုင်ကာမလိုက်ပြီး" ကိုယ်မင်းကို စကားပြောနေတာလေ ဘာလို့ခေါင်းငုံ့ထားတာလဲ ကိုယ့်ကိုကြည့်"


"ကိုယ် မင်းကို စိတ်တိုအောင် လုပ်ခဲ့တယ်လေ မင်းစိတ်ကို ကြိုက်တဲ့ အချိန်ပေါက်ကွဲလိုက်လို့ရတယ် တောင့်ခံမနေနဲ့ ဒါမျိုးက အသေးအဖွဲ ကိစ္စလေးတွေပါ ဒါပေမဲ့ သည်းခံရင်းသည်းခံရင်းနဲ့ ကိစ္စတွေ ပိုပြီးကြီးလာလိမ့်မယ် အဲ့လိုဆိုရင် ကိုယ်တို့နောက် ဆယ်စုနှစ်တွေအထိ ဘယ်လိုလုပ် အတူနေပါ့မလဲ"


ကျင်းစစ်က ထိုအကြောင်းကို တခြားနည်းလမ်းဖြင့် စိတ်ထဲတွင် တွေးကြည့်လိုက်သည်။ ယင်းကျောင်းသာ သူ့လိုမျိုးဆိုလျှင် သူကဘာမျှ ပြောမည် မဟုတ်ပေ။ သို့သော် ကျင်းစစ်ကမူ သူ့ရဲ့ပုံမှန် မဟုတ်သော စိတ်ခံစားချက်များကို ဖုံးကွယ်ထားမိလိမ့်မည်။ သူသာ တိတ်တိတ်နေ ဖုံးကွယ်ထားမယ် ဆိုလျှင် စိတ်မကောင်း ဖြစ်နေမည်မှာသေချာပေါက်ပင်။


"ကောကော ငါတောင်းပန်ပါတယ်" 


ကျင်းစစ်က သူ့လက်ကို ဦးစွာကိုင်လိုက်ပြီး သူ့စိတ်ထဲမှ အရှက်အကြောက်တို့ကို လျစ်လျူရှုလိုက်ကာ အလျင်လိုစွာ ပြောလိုက်၏။


"ငါမှားသွားပါတယ် အနာဂါတ်ကျရင် ... အဲ့လိုထပ်မဖြစ်စေရတော့ပါဘူး ငါကတိပေးတယ်"


သူက လက်ဦးမှုယူကာ ယင်းကျောင်းကို ကောကောဟု ခေါ်လိုက်ပုံက ယင်းကျောင်းစကားကို နားလည်သဘောပေါက်သွားပုံ ပေါ်၏။


ယင်းကျောင်းက ကျင်းစစ်ရဲ့ စရိုက်ကိုသိ၏။ ထိုကဲ့သို့ ထုတ်ပြောရသည်မှာ သူ့အတွက် မလွယ်ကူပေ။ ထို့အပြင် ၎င်းကိစ္စတွင် သူ့အမှားလည်း မကင်းပေ။ သူက ကျင်းစစ်ကို ကိစ္စအများစုအား ရှင်းပြစရာမလိုဟု ထင်ခဲ့ပြီး တိုက်ရိုက်သာ လုပ်ခဲ့လေ၏။


သို့သော် ၎င်းက ကျင်းစစ်အား ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိဖြစ်စေခဲ့သည်။ သူအလေးအနက်ထား စဥ်းစားလိုက်ပြီး ထိုအကြောင်းကို ဆက်မပြောတော့ပေ။


"ကိုယ့်ကို ကတိပေး ကိုယ်က လူအိုကြီးလျို မဟုတ်ဘူးနော်"


သူက စိတ်အနှောက်အယှက်ဖြစ်နေတုန်းဟု ကျင်းစစ် ထင်နေကာ ထပ်ပြောတော့မည့်အချိန်တွင် ယင်းကျောင်း၏ စကားသံကို ကြားလိုက်ရသည်။


"ကိုယ်က ပိုပြီးတော့ လက်တွေ့ကျတဲ့သူ နှုတ်ပြောစကားတွေကို နားထောင်ရတာ ကိုယ်မကြိုက်ဘူး"


ကျင်းစစ်က ယင်းကျောင်းနှင့် ပြန်လည်သင့်မြတ်ချင်နေသောကြောင့် သူမည်ကဲ့သို့သော လူမျိုးဖြစ်တာကို မေ့နေခဲ့ကာ အလျင်လိုစွာ မေးလိုက်၏။


 " ဒါဆို မင်းက ဘယ်လိုမျိုးကို ကြိုက်လဲ"


ယင်းကျောင်းက သူ့ရဲ့ အောက်နှုတ်ခမ်းကို လျက်လိုက်ကာ တိုးတိုးလေး ပြောလိုက်သည်။


 " ကိုယ်က ပါးစပ်နဲ့ လုပ်တာ ပိုကြိုက်တယ်"


ကျင်းစစ်က အတော်ကြာ အံ့အားသင့်နေပြီး ထိုစကားလုံးများကို ဆိုဖာပေါ်တွင် လွန်ခဲ့သော  ရက်အနည်းငယ်က သူပြောခဲ့တာတွေကို ချက်ချင်း တွေးမိသွားသောကြောင့် သူ့မျက်နှာမှာ ချက်ချင်း ရှက်သွေးဖြာသွားရသည်။


ယင်းကျောင်းက ခုံကို ပျင်းရိစွာ မှီထိုင်ကာ ကျင်းစစ်၏ ရှက်နေသောပုံလေးကို အတော်ကြာ သဘောကျစွာ ကြည့်နေမိပြီး သူ့စိတ်ထဲမှ ခပ်ရှုပ်ရှုပ်ကိစ္စများကို ထုတ်လိုက်ကာ အိမ်အကြောင်းသာ ဆက်ပြောလိုက်သည်။


 "အဲ့ဒီအိမ်ရဲ့ ပြောင်းရွေ့မှုက ဖြစ်နိုင်သမျှ မြန်မြန်ပြီးသင့်တယ် အဲ့ဒါမှ ညဘက်တွေ အိပ်ရေးမပျက်ရမှာ"


ကျင်းစစ်ကလည်း သူ့ကို အကြောင်းအရာပြောင်းစေချင်သူ ဖြစ်သောကြောင့် ခပ်မြန်မြန်ပင် ခေါင်းငြိမ့်ပြလိုက်သည်။


"အဲ့ဒါက သတင်းကိစ္စတွေ ပြီးတာနဲ့  အဲ့ကိစ္စလည်း ပြီးသင့်တယ် အဲ့ကျရင် မင်းလည်း ကိုယ့်လိုပဲ အမှီအခိုကင်းတဲ့ အကောင့်စာအုပ် ရလာလိမ့်မယ်" 


ကျင်းစစ်ရဲ့ နှလုံးသားလေးမှာ စိတ်လှုပ်ရှားမှုကြောင့်တုန်ယင်သွားရသည်။


 " မင်းမှာလည်း ကိုယ်ပိုင် အကောင့်စာအုပ် ရှိတယ်လား"


ယင်းကျောင်းက အင်း လို့ အသံပြုလိုက်ပြီး "အဲ့တုန်းက ကိုယ့်အမေက ကိုယ့်အတွက် လုပ်ပေးခဲ့တာ ကိုယ်လည်း ဘယ်လိုလုပ်ခဲ့လဲတော့ အတိအကျ မသိဘူး"


ကျင်းစစ်က ခေါင်းငြိမ့်လိုက်၏။


ထိုကိစ္စအားလုံးအား ပြောပြီးပြီ ဖြစ်သောကြောင့် ယင်းကျောင်းက ကျင်းစစ်ကို ထပ်မစတော့ပေ။ သူက စာဖြေလွှာ နှစ်စုံကို လေ့ကျင့်ရန် ထွက်သွားလေသည်။ နေ့လည်စာ စားပြီးသောအခါ သူက အိပ်ရန်အတွက် အိပ်ခန်းထဲသို့ ဝင်သွားလိုက်သည်။


သက်ရှည်ခေါက်ဆွဲချက်ရန်အတွက် သူ ယနေ့ မနက်တွင် စောစောထခဲ့ရသောကြောင့် သူက ယခုအချိန်တွင် အမှန်တကယ် အိပ်ချင်နေသည်။


ကျင်းစစ်ကမူ မအိပ်ပေ။ ယင်းကျောင်း အိပ်ပျော်သွားသောအခါ သူက ဖုန်းကိုယူကာ ဝရံတာသို့ ထွက်သွားပြီး သူမှတ်ထားသော ရှေ့နေ ကုမ္ပဏီသို့ ခေါ်လိုက်သည်။


ယင်းကျောင်းကို နိုးမိသွားမည်အား စိုးရိမ်သောကြောင့် သူက အသံတိုးတိုးဖြင့်ပြောနေခဲ့၏။


" ဟုတ်ကဲ့ ကျွန်တော် အိမ်ခြံမြေကိစ္စ တိုင်ပင်ချင်လို့ပါ"


"လက်ဆောင်ရထားတဲ့ အိမ်ခြံမြေကို ပြန်အပ်လို့ ရနိုင်မလား အမျိုးမတော်ပါဘူး လက်ခံသူက သဘောတူပါတယ်"


"ညှိနှိုင်းလို့ ရနိုင်မလား အိုကေ ကျွန်တော်နားလည်ပါပြီ ကျေးဇူးပါ "


"နောက်ပြီးတော့" ကျင်းစစ် သူ့ရဲ့ဖုန်းကို တင်းကျပ်စွာ ဆုတ်ကိုင်ထားကာ မေးလိုက်သည်။ 


" အမျိုးမတော်စပ်တဲ့ လူတွေက အိမ်ထောင်စုစာရင်း တစ်အုပ်ထဲမှာ အတူ ထည့်လို့ ရနိုင်မလား"


"အသက်ပြည့်ပြီးသားတွေပါ အရွယ်မရောက်သေးတဲ့ လူတွေ မဟုတ်ပါဘူး"


" အကောင့်စာအုပ်တွေက ချိတ်ထားရမှာလား တကယ်လား  ဟုတ်ကဲ့ မနက်ဖြန် ကျွန်တော်အချိန် ရှိပါတယ်"


ဖုန်းချပြီးနောက် ကျင်းစစ်က စိတ်အခြေအနေကောင်းနေသောကြောင့် စာလုပ်ရန် သွားတော့၏။ အိမ်ခြံမြေစာရင်းနှင့် အိမ်ထောင်စုစာရင်းကို ယူကာ သံဘူးထဲသို့ ထည့်လိုက်သည်။


သူက ဘူးအဖုံးကို ပိတ်လိုက်ပြီးနောက် မနေနိုင်ဘဲ နောက်တစ်စက္ကန့်တွင် ထပ်ဖွင့်လိုက်သည်။ လုံလောက်အောင် ကြည့်ပြီးသောအခါ သံဘူးကို ပိတ်လိုက်၏။ သို့သော် သိပ်မကြာခင်တွင် သံဘူးကို ထပ်ဖွင့်ပြန်သည်။


အကြိမ်ပေါင်းများစွာ ပိတ်လိုက် ဖွင့်လိုက် လုပ်ပြီးသည့်နောက် သူက ၎င်းကို ထာဝရ သိမ်းဆည်းထားရန် နည်းလမ်းအား တွေးလိုက်မိလေသည်။


ကျင်းစစ်က ဖုန်းကို ထုတ်လိုက်ကာ ထိုစာအုပ် နှစ်အုပ်ကို ဓါတ်ပုံ အနည်းငယ် ရိုက်ယူလိုက်၏။


အိမ်ခြံမြေစာချုပ် ပြန်လည် အပ်နှင်းနိုင်ပြီး သူက မနက်ဖြန်တွင် ရှေ့နေနှင့် အသေးစိတ်ဆွေးနွေးရန် ချိန်းဆိုထားလေသည်။ သူက အိမ်ကို အမှန်စင်စစ် မလိုချင်ပေ။ သူလိုချင်သည်မှာ ယင်းကျောင်း၏ နှလုံးသားပင် ဖြစ်သည်။


ကျင်းစစ်က ထိုစာအုပ်နှစ်အုပ်ကို အင်တင်တင်ဖြင့်ကိုင်လိုက်သည်။ ပိုင်ဆိုင်မှုများကို ပြောင်းလဲလိုက်ပါက ၎င်းတို့က အသိမ်းမခံရတော့ပေ။


သို့သော် ၎င်းတို့က အရေးမကြီးပေ။ ရှေ့နေပြောသောစကားများကို ပြန်တွေးမိသောအခါ ကျင်းစစ်ရဲ့ မျက်လုံးများက တောက်ပသွားလေသည်။


ဆွေမျိုးမတော်သော လူများက အိမ်ထောင်စုစာရင်းတွင် ချိတ်ဆက်လို့ရပြီး အသက်မပြည့်သေးသူများအတွက်သာ ခက်ခဲလေ၏။ သို့သော် သူက အသက်ပြည့်ပြီးသူ ဖြစ်လေသည်။


ထိုအရာများသာ အဆင်ပြေပါက သူနှင့် ယင်းကျောင်းက အိမ်ထောင်စုစာရင်းတစ်အုပ်ထဲတွင် သူတို့နှစ်ယောက်သာ ရှိပေမည်။


အိမ်ထောင်စုစာရင်းစာအုပ်တွင် ပထမစာမျက်နှာသည် ယင်းကျောင်းဖြစ်ပြီး ဒုတိယ စာမျက်နှာက သူဖြစ်ကာ ၎င်းမှာ သူတို့လက်ထပ်ထားတာနှင့် မကွာတော့ပေ။


ထိုမြင်ကွင်းကို မြင်ယောင်ရင်း ကျင်းစစ်က သံဘူးကို ကိုင်ထားကာ ကြမ်းပြင်ပေါ်တွင် ပျော်ရွှင်စွာ လူးလိမ့်နေမိသည်။


_____


Translated By IQ-Team.