Chapter 99
-----------------------
ထိုနေ့မှစ၍ ကျင်းစစ်မှာ ပို၍ အလုပ်ရှုပ်လာကာ ဖုန်းအဝင်များကို တစ်ခါပြီးတစ်ခါ ဖြေနေရလေသည်။ ထိုဖုန်းများဝင်ပြီးသည်နှင့် သူအပြင်ထွက်သွားတတ်၏။
ယင်းကျောင်းသည် မူလက ကျင်းစစ်ကို ကျင်းမိသားစုမှ နှောက်ယှက်နေတာဟု ထင်ခဲ့သော်လည်း သူကဖုန်း ခေါ်ဆိုသူကို အမှတ်မထင် ကြည့်လိုက်သောအခါ ဆရာလျို ဖြစ်နေသောကြောင့် မမေးတော့ပေ။ အဆုံးတွင် ကျင်းစစ်မှာ ယန်ချန်းသို့ လေ့ကျင့်ရေးအတွက် နှစ်သစ်ကူးပြီးတာနှင့် သွားရမည် ဖြစ်သောကြောင့် ၎င်းက အကြောင်းအရင်းဖြစ်ပေလိမ့်မည်။
ယင်းကျောင်း သံသယမဝင်တာကို တွေ့သောအခါမှသာ ကျင်းစစ် သက်ပြင်းချနိုင်လေသည်။
အမှန်တွင် ဖုန်းခေါ်ဆိုသူက ဆရာလျိုမဟုတ်ဘဲ ရှေ့နေ ကုမ္ပဏီမှ ရှေ့နေဖြစ်၏။ သို့သော် သူက ယင်းကျောင်းကို အံအားသင့်သွားစေရန် ပြုလုပ်ချင်သောကြောင့် ယင်းကျောင်း ကြိုတင် တွေ့သွားမည်ကို စိုးရိမ်ကာ ဖုန်းခေါ်သူအမည်နေရာတွင် ပြောင်းလဲထားခြင်း ဖြစ်လေသည်။
ဤအကြောင်းပြောရလျှင် ထိုလှည့်ကွက်က သူယင်းကျောင်းဆီမှ သင်ထားခြင်းဖြစ်၏။ ထိုအချိန်တွင် သူ့ကို ယင်းကျောင်းနှင့် အတူထိုင်ရန် သဘောတူစေချင်သောကြောင့် ယင်းကျောင်းက တမင်တကာပင် သူ့နာမည်ကို လျိုရှစ်ချန်ဟု ပြောင်းလဲခဲ့ကာ ကျင်းစစ်ကိုစကားပြောနေသောသူက ဆရာလျို ဟု အထင်လွဲစေခဲ့သည်။
ကျင်းစစ် မနေနိုင်ဘဲ ရယ်လိုက်မိသည်။ ထိုအချိန်တုန်းက သူ အမှန်တကယ် စိတ်ဆိုးဒေါသ ထွက်ခဲ့၏။ သို့သော် ယခုတွင်မူ သူပြန်တွေးကြည့်လိုက်သောအခါ ချိုမြိန်မှုကို ခံစားလိုက်ရသည်။
ကျင်းစစ်က ကံကောင်းနေလေ၏။ ရှေ့နေနှင့် ဆွေးနွေးပြီးသောအခါ သူရဲ့စကောလာရှစ်က ရောက်ချလာသည်။ လိုအပ်သော စာရွက်စာတမ်းများနှင့် ပိုက်ဆံအား ရှေ့နေသို့ ပေးပြီးသောအခါတွင် ကျင်းစစ်ရင်ထဲတွင် တစ်နေသော ကျောက်တုံးကြီးက ပျောက်သွားရသည်။
တိုက်ဆိုင်စွာပင် ဆရာလျိုက သူ့ကို နေ့လည်တွင် စကောလာရှစ်၏ ရောက်ရှိလာမှုအကြာင်း ပြောရန် ဖုန်းခေါ်ဆိုလာသည်။ ဆရာလျိုက သူ့ကို တစ်စုံတစ်ရာအတွက် တွေ့ချင်ကြောင်းပြော၏။ ဖုန်းသံက မသဲမကွဲ ဖြစ်နေသောကြောင့် သူ့ကို လာတွေ့ရန် ပြောမှန်းသိသာသည်။
ကျင်းစစ်က သဘောတူလိုက်ကာ ယင်းကျောင်းရဲ့ စက်ဘီးကို စီး၍ ကျောင်းသို့ သွားလိုက်၏။
နွေဦးပွဲတော် နီးကပ်နေပြီ ဖြစ်သောကြောင့် ပထမနှစ်နှင့် ဒုတိယနှစ်များသည် ပွဲကျင်းပရန် အိမ်သို့ပြန်ကြပြီး တတိယနှစ်များသာ မေးခွန်းပင်လယ်ကြီးတွင် ခက်ခဲစွာ ရုန်းကန်နေရသည်။ သို့ဖြစ်၍ ကျောင်းက ပိုမို တိတ်ဆိတ်နေ၏။ ကျင်းစစ်က စက်ဘီးကို သော့ခတ်လိုက်ကာ ရုံးခန်းဆီသို့ တန်းသွားလိုက်သည်။
ဆရာလျိုက ကြိုရောက်နေပြီးဖြစ်ကာ သူ့ရဲ့ ဖုန်းကို ကြည့်နေလေသည်။ သူ့ အသံကြားသောအခါ ခေါင်းမော့ကြည့်လိုက်ပြီး ကျင်းစစ်ကို တွေ့သောအခါ သူ့မျက်နှာတွင် အပြုံးပေါ်လာ၏။ သူ့ဘေးဘက်မှ ထိုင်ခုံကို ပုတ်ပြကာ ကျင်းစစ်ကို ပြောလိုက်သည်။
" မင်းလာတာ မြန်သားပဲ"
ကျင်းစစ်က သူ့ဘေးတွင် ဝင်ထိုင်ကာ ရှက်ရွံစွာ ပြောလိုက်သည်။
" ယင်းကျောင်းရဲ့ အိမ်က ကျောင်းနဲ့ နီးတယ်လေ"
သူတို့နှစ်ယောက်က သင့်မြတ်ပုံရသောကြောင့် ဆရာလျိုသည် စိတ်သက်သာရာရသွားရ၏။ သူက ထပ်မမေးတော့ဘဲ ဆက်ပြောလိုက်သည်။
" ဆရာ မင်းကို ဒီတစ်ခါ ရှာတာက လေ့ကျင့်ရေးအသင်းကိစ္စကြောင့် ဆရာကျောက်က အခုတလော အလုပ်ရှုပ်နေလို့ သူ ဆရာ့ကို ပြောခိုင်းလိုက်တာ"
ကျင်းစစ်က ချက်ချင်းပင် တည့်တည့်မတ်မတ် ထိုင်လိုက်၏။
"ပထမ ရွေးချယ်မှုမှာ ကျောင်းသား 19 ယောက်အရွေးခံရမှာ နောက်ဆုံးရွေးချယ်မှု ကျရင်တော့ 6 ယောက် အရွေးခံရမှာ မင်းလည်း သိပြီးလောက်ပါပြီ"
ကျင်းစစ် ခေါင်းငြိမ့်ပြတာကို တွေ့သောအခါ ဆရာလျိုက ဆက်ပြောလိုက်သည်။
" အဲ့ဒီ လူ ခြောက်ယောက်က နိုင်ငံတကာ ပြိုင်ပွဲမှာ ငါတို့နိုင့်ငံရဲ့ လေ့ကျင့်ရေးအသင်းကို ကိုယ်စားပြုတဲ့အတွက် သူတို့က ရလဒ်ကိုတင် ကြည့်မှာ မဟုတ်ဘူး"
ဆရာလျိုက သူပြောနေတာမှာ တစ်ခုခု လိုသွားမည်ကို စိုးရိမ်သောကြောင့် သူက ယခင်ကထက် ပို၍ ဖြေးဖြေးလေး ပြောလေသည်။
" စိတ်ပိုင်ဆိုင်ရာ ဥာဏ်ရည်ဥာဏ်သွေး အင်္ဂလိပ်စာ အားလုံးရဲ့ အရည်အသွေးအပေါ် မူတည်တယ်"
"ဆရာက ကျန်တာတွေအတွက် မစိုးရိမ်ဘူး မင်းက စိတ်ပိုင်ဆိုင်ရာလည်း တည်ငြိမ်တယ် မင်းက အရေးကြီးတဲ့ အချိန်မှာတောင် စိတ်အေးအေး ဖြေရှင်းနိုင်တယ် " ဆရာလျိုကဆက်ဆိုသည်။
" နည်းနည်း အေးစက်စက်နိုင်တာလေး တစ်ခုပဲ"
ဆရာလျိုက ခါးသက်စွာ ပြောလိုက်သည်။
" နိုင်ငံ့လေ့ကျင့်ရေးအသင်းကိုရောက်ရင် အနီးအနားက ကျောင်းသားတွေ ဆရာတွေနဲ့ နည်းနည်း ဖြစ်ဖြစ် တတ်နိုင်သမျှ တက်တက်ကြွကြွနေနော် သူတို့ကို မင်းက အေးစက်စက်နိုင်တယ် ခံစားရအောင် မလုပ်နဲ့"
ကျင်းစစ်သည် သူ၏လူမှုဆက်ဆံရေး အားနည်းချက်ကို သိပြီး ဆရာလျို ပြောနေခြင်းကလည်း သူကောင်းရန်အတွက်သာ ဖြစ်ကြောင်း သိလေသည်။ ထို့ကြောင့် သူကအလေးအနက်ထားပြောလိုက်သည်။
" ကျွန်တော် ကြိုးစားမှာပါ"
"ကောင်းပါပြီ" ဆရာလျိုက ရေတစ်ငုံသောက်လိုက်ကာ ထပ်ပြောလာသည်။
" နိုင်ငံ့လေ့ကျင့်ရေးအသင်းက သင့်ကြားမှုမှာ လေးနက်ပြင်းထန်တယ် အထက်တန်း ဒုတိယနှစ်ကျောင်းသားတွေ ပါရွေးချယ်ထားပေမဲ့ ဆရာကြားတာတော့ တော်တော်များများက အသင်းထဲဝင်ပြီးတဲ့နောက် ဆက်မလုပ်နိုင်ကြတော့ဘူးတဲ့"
ဆရာလျိုက သူ့ကိုကြည့်ကာ ပြောလိုက်သည်။
" ဖိအားမများစေနဲ့ မင်းရဲ့ အဆင့်တွေက အခုတောင် အရမ်းကောင်းနေတာ မင်းရဲ့ တက္ကသိုလ်အတွက်လည်း ရွေးချယ်ပြီးသွားပြီ တစ်ခုခု ဖြစ်မှာ စိတ်မပူဘဲ အတွေ့အကြုံသာယူခဲ့"
အစတွင် ဆရာလျိုသည် သူအများကြီးတွေးနေမည်ကို စိုးရိမ်ကာ မပြောချင်ပေ။ သို့သော် လေ့ကျင့်ရေးအသင်းက အလုံပိတ်စခန်းသွင်းကျင့်ပေးမှာ ဖြစ်သည်။ သူသာကြိုမပြောထားလျှင် ထိုအချိန်ကျမှ တစ်ခုခုဖြစ်ပါက သူမတတ်နိုင်တော့ပေ။
"ကျွန်တော် နားလည်ပါပြီ"
ကျင်းစစ်က ဆရာလျိုတွေးနေသလို နုနယ်ကာ ထိရှမလွယ်ပေ။ ထို့ကြောင့် သူအလေးအနက်ထားကာ ပြောလိုက်သည်။
" ကျွန်တော် အကောင်းဆုံးကြိုးစားမှာပါ မလုပ်နိုင်ရင်လည်း အတင်းဖိအားမပေးပါဘူး"
ဆရာလျိုက ခုံကို ပုတ်လိုက်ပြီး " ဒီလိုပဲ ဖြစ်နေရမယ်"
သူက ပြောပြီးနောက် ခုံအောက်မှ စာအုပ်အိတ်ကို ထုတ်လိုက်ကာ ကျင်းစစ် ခြေထောက်နားတွင် ချပေးပြီး ပေါ့ပါးစွာ ပြောလိုက်သည်။
" နိုင်ငံ့လေ့ကျင့်ရေးအသင်းရဲ့ ရွေးချယ်မှုက သင်္ချာစာအုပ်တွေကို အကြည့်များတာနဲ့လဲ ဆိုင်တယ် ဒါတွေက ကျောင်းကထောက်ပံ့ပေးတာ ဆရာနဲ့ ဆရာကျောက် သွားဝယ်လာတာ ယူပြီး ကြည့်လိုက်ပါဦး"
ကျင်းစစ်မှာ အနည်းငယ် ထိတ်လန့်သွားရသည်။
ယခုက အားလပ်ရက် ဖြစ်သော်လည်း ဆရာလျိုနှင့် ဆရာကျောက်က သူ့အတွက် စိတ်ပူနေတုန်းပင် ဖြစ်၏။
စာအုပ်ထဲသို့ ကူးပြောင်းပြီးမှ သူက ပို၍ ကံကောင်းလာပုံ ပေါ်သည်။
လူတိုင်းက သူ့အပေါ်ကောင်းလွန်းသည့်အတွက် မည်သို့ ပြန်ပေးဆပ်ရမှန်းပင် မသိတော့ပေ။
"ကျေးဇူးပါ ဆရာ" ကျင်းစစ်က ဆရာလျိုကို ကြည့်ကာ ကတိပေးလိုက်သည်။
" ကျွန်တော် ကျိန်းသေ ဖတ်လိုက်ပါ့မယ်"
ဆရာလျိုသည် မထိန်းနိုင်ဘဲ သဘောကျစွာရယ်လိုက်မိသည်။
" မင်းအရမ်းကြီးဖတ်ဖို့ မလိုပါဘူး မင်းလုပ်နိုင်တာသာ လုပ်ပါ"
သူက အတော်ကြာတွေးနေပြီးမှ ပြောလိုက်သည်။
" မင်းအခုရက်ပိုင်း ယင်းကျောင်းဆီက အင်္ဂလိပ်စာ သင်ရမယ် အထူးသဖြင့် စကားပြောပိုင်းကို လေ့ကျင့် အဲ့ဒါမှ မင်းအသားကျမှာ"
"ဟုတ်ကဲ့"
ပြောစရာကိစ္စအားလုံးအား ပြောပြီးသောအခါ ဆရာလျိုကနောက်ဆုံးအနေဖြင့် ပြောလိုက်သည်။
" ယန်ချန်းကို သွားရင် ဂရုစိုက်နော် တစ်ခုခုလိုရင် ဆရာတွေကိုသာခေါ် အားမနာနဲ့"
ကျင်းစစ်က သူ့ကို ထပ်ကာထပ်ကာ ကျေးဇူးတင်စကားဆိုလိုက်ရသည်။
ဆရာလျိုက ဖုန်းမျက်နှာပြင်ကို ကြည့်နေရင်း ကျင်းစစ်ကို အချိန်မနှောင့်နှေးစေဘဲ ပြန်ခွင့်ပြုလိုက်သည်။
ကျင်းစစ် ရုံးခန်းထဲမှ ထွက်သွားမှသာ သူပြန်သွားလောက်ပြီဟု ယူဆကာ ဆရာလျိုသည် ဖုန်းလိပ်စာ စာအုပ်ကိုဖွင့်ကာ ကျောက်ဖုန်ရဲ့ ဖုန်းနံပါတ်ကို ရှာလိုက်ပြီး ဖုန်းခေါ်လိုက်သည်။
ကျောက်ဖုန်မှာ သူ့ ဖုန်းကို စောင့်နေသည်မှာ အတော်ကြာနေပြီ ဖြစ်၍ ဖုန်းဝင်လာတာနှင့် တန်းကိုင်လိုက်ပြီး အလျင်လိုစွာ မေးလိုက်သည်။
" ပြီးသွားပြီလား မင်းတစ်ခုခုများပြောဖို့ မေ့ကျန်ခဲ့သေးလား"
ဆရာလျိုက ပြောလိုက်သည်။
" ငါက ဘယ်လိုလုပ် မေ့နိုင်ပါ့မလဲ မင်းပြောခဲ့တာအကုန် ကျင်းစစ်ကို ပြောပြလိုက်တယ်"
"ကောင်းပါပြီ" ကျောက်ဖုန်က စိတ်သက်သာရသွားကာ မထိန်းနိုင်ဘဲ မေးလိုက်မိသည်။
" မင်းကဘာလို့ ငါ့လုပ်ရမှာကို ဝင်လုပ်ပေးတာလဲ"
ဆရာလျိုမှာ မပြောချင်သော်လည်း ကျောက်ဖုန်က သူ၏ လျှို့ဝှက်ချက်များကို ဖော်မည်အား စိုးရိမ်သောကြောင့် ပြောပြလိုက်ရသည်။
" ငါ ကျင်းစစ်အတွက် သင်္ချာစာအုပ် တချို့ဝယ်ထားတာ သူ့ကိုတော့ ကျောင်းကထောက်ပံ့တာလို့ ပြောထားတယ် အဲ့ဒါကြောင့် အဲ့အကြောင်းကို သူ့ကို မပြောနဲ့"
ကျောက်ဖုန်က ကြောင်တောင်တောင်ဖြင့် ပြန်ပြောလိုက်သည်။
"အိုကေ ငါနားလည်ပြီ"
--
အပြင်ဘက်တွင်မူ ကျင်းစစ်က စာအုပ်များကို စက်ဘီးနောက်ခုံတွင် ချည်လိုက်ပြီး စက်ဘီးကို တွန်း၍ထုတ်လိုက်သည်။
ရန်သူများသည် ကျဥ်းမြောင်းသောလမ်းတွင် ဆုံတတ်ကြ၏။ သူ ကျောင်းပေါက်ဝမှ ထွက်ထွက်ချင်း ချောင်အန်းယန်ကို တွေ့ဆုံလိုက်ရသည်။
ချောင်အန်းယန်က စိတ်မရှည်သော မျက်နှာထားနှင့် သက်လတ်ပိုင်းအမျိုးသမီး တစ်ဦးနောက်သို့လိုက်နေသည်။ သူက ဘေးပတ်ဝန်းကျင်ကို ခဏခဏ ကြည့်နေသောကြောင့် ကျင်းစစ်ကို တွေ့လိုက်လေသည်။
သူတို့အချင်းချင်းတွေ့သွားကြသောအခါ ချောင်အန်းယန်၏ မျက်လုံးများက ချက်ချင်းဆိုသလို ပြောင်းလဲသွားသည်။
ကျင်းစစ်က သူ့ကို လျစ်လျူရှုလိုက်သည်။ သူက ချောင်အန်းယန်ကို မြင်လျှင် သူခေါင်းကိုက်လာမည် ဖြစ်သော်လည်း ယခုတွင် ဘာမျှ မဖြစ်သေးပေ။ သူက စက်ဘီးပေါ်သို့ တက်တော့မည့် အခိုက်အတန့်တွင် သူ့ခေါင်းထဲတွင် ရုတ်တရက် တုန်ခါသံများကို ကြားလိုက်ရကာ ပုံရိပ်များ ချက်ချင်းပေါ်လာတော့သည်။
သူ့နားထင်မှာ တုန်ခါနေပြီး သူက စက်ဘီးကို အရှေ့သို့တွန်းနေသည်အား မနည်းထိန်းထားရကာ ချောင်အန်းယန်ကို သူ့မျက်နှာပေါ်မှ ထူးခြားမှုများအား မြင်ခွင့် မပြုပေ။ ထို့အပြင် ခေါင်းထဲသို့ ရောက်လာသော ပုံရိပ်များအား အဖြေရှာနေရသည်။
အစပိုင်းတွင် ကျင်းစစ်သည် အနည်းငယ် စိတ်ရှုပ်ထွေးနေသော်လည်း အတော်ကြာသောအခါ သူနားလည်သွားလေသည်။ ယနေ့တွင် သူဖတ်ခဲ့သော ဝတ္ထုက သူ့စိတ်ထဲ၌ နောက်ထပ် ပုံစံတစ်မျိုးဖြင့် ပေါ်လာခြင်းဖြစ်၏။
ချောင်အန်းယန်၏ ပြန်လည် မွေးဖွားလာခြင်းကိုလည်း တွေ့မြင်ခဲ့ရပြီး သူ့အဆင့်များက ယုတ္တိမတန်သော နည်းလမ်း အရှိုန်အဟုန်ဖြင့် တိုးတက်သွားတာကိုလည်း တွေ့ခဲ့ရလေသည်။
ဖိုရမ်တွင် သူ့ကို ချီးကျူးထားသည်များက အလွန်အကျူး ချီးကျူးထားခြင်းဖြစ်၏။
သူ့အတန်းဖော်များနှင့် ဆရာများကိုလည်း တွေ့ခဲ့ပြီး ချောင်အန်းယန်အပေါ်ထားရှိသော သူတို့ရဲ့ သဘောထားများက ယခုကဲ့သို့ပင် အလွန်ပင် တက်ကြွလက်ကြွ ဖြစ်နေကြသည်။
ချောင်အန်းယန်သည် ယင်းကျောင်းနားသို့ တစ်လှမ်းချင်း ချဥ်းကပ်နေတာကိုလည်း တွေ့ခဲ့ရ၏။
ယခင်က ချောင်အန်းယန်အပေါ် အမြင်မကောင်းသည့် ယင်းကျောင်း၏ သူငယ်ချင်းများက သူနှင့်အတော်ကြာ အဆက်အသွယ် ရှိပြီးနောက် အားလုံးမှာ ဘက်ပြောင်းကာ ချောင်အန်းယန်အတွက် ကူပြောပေးကြလေသည်။
ကျင်းစစ်ရဲ့ နှလုံးသားမှာ ရုတ်တရက် လေးလံသွားကာ သူအလွန်အမင်းကိုပင် အဆင်မပြေတော့ပေ။
သူ့အနောက်ဘက်တွင် ခြေသံများကြားလိုက်ရကာ အမျိုးသမီးရဲ့ တင်းတင်းကြပ်ကြပ် ဆူနေသောအသံကလည်း ကပ်ပါလာ၏။
"နင် ငါပြောတာနားထောင်နေလား ဒီနှစ်ဆောင်းတွင်း အားလပ်ရက်မှာ ကောင်းကောင်းမွန်မွန် ပြောင်းလဲပြီး အတန်းတက် ပြီးရင်အဆင့်တွေ တက်လာအောင် လုပ်ခဲ့ "
ကျင်းစစ် မျက်လုံးပင့်ကြည့်သောအခါ ချောင်အန်းယန် လျှောက်လာတာကို တွေ့လိုက်ရ၏။
ချောင်အန်းယန် သူ့အနားမှ ဖြတ်လျှောက်တော့မည့် အချိန်တွင် ကျင်းစစ်၏ သူငယ်အိမ်များက ရုတ်တရက် ကြုံ့ဝင်သွားသည်။
ဟုတ်တယ်
အပြင်က ချောင်အန်းယန်ရဲ့ နားမှာ ဘာအမှတ်မှမရှိဘူး ဒါပေမဲ့ သူစိတ်ထဲက ချောင်အန်းယန်ရဲ့ နားမှာ မှဲ့နီလေးတစ်လုံး ရှိနေတယ်...
ကျင်းစစ် မနေနိုင်တော့ဘဲ သူ့နားကို ကိုင်လိုက်မိသည်။ သူ့တွင်လည်း ထိုကဲ့သို့ပင် တစ်နေရာထဲ တူနေသော မှဲ့နီလေးတစ်လုံးရှိ၏။ သူ့တွင်မူ ငယ်စဥ်ထဲက ရှိခဲ့ခြင်းဖြစ်ပြီး ဘုန်းတော်ကြီးက ၎င်းမှာ ကောင်းချီးပေးခံရတာဟု တစ်ခါတစ်ရံ ပြောခဲ့လေသည်။
ကျင်းစစ်ရဲ့ နှလုံးသားမှာ အရိုင်းဆန်စွာ အခုန်မြန်လာ၏။
ချောင်အန်းယန်ရဲ့ပြန်လည် မွေးဖွားလာမှု၊ တကယ့်အမှန်တွင် မူရင်းစာအုပ်နှင့် လုံးဝကွဲထွက်နေသော ရလဒ်၊ ရုတ်တရက် ပျောက်ကွယ်သွားသောမှဲ့နီလေး၊ ချောင်အန်းယန်ကို တွေ့သောအခါ ခေါင်းကိုက်တတ်ခြင်း၊ ထို့အပြင် သူ့နားက လူများထံမှ အသိအမှတ်ပြုခံရမှသာ ပျောက်ကွယ်သွားသော ခေါင်းကိုက်ခြင်း...
အဓိကဇာတ်ဆောင် ချောင်အန်းယန်ရဲ့ ကံကောင်းမှုတွေကို ငါခိုးယူခဲ့တာလား
သို့သော် ၎င်းက အဓိပ္ပာယ် မရှိပေ။ လူတစ်ယောက်ရဲ့ အဆင့်များက ကံကောင်းမှုကြောင့် တက်လာနိုင်သော်လည်း အမြဲတမ်းတော့ ရနိုင်မည် မဟုတ်ပေ။
ထို့အပြင် ... မှဲ့နီလေးရှိသောသူမှာ သူမဟုတ်ဘဲ ချောင်အန်းယန်ဖြစ်နေ၏။
ထို့အပြင် ချောင်အန်းယန်ပြန်လည် မွေးဖွားလာချိန်တွင် သူက ကောလိပ်ဝင်ခွင့်စာမေးပွဲရမှတ်အကြောင်း ကြားခဲ့ရပြီး ချောင်အန်းယန်သည် သိပ္ပံတွင် ပညာသင်ဆုရ ကျောင်းသားထက် တစ်မှတ်သာ နိမ့်လေသည်။
သူ့စိတ်ထဲမှ သဲလွန်စများအားလုံးက ရှုပ်နေသောအပ်ချည်ကဲ့သို့ဖြစ်နေရာမှ ချက်ချင်း ရှင်းလင်းသွားလေသည်။
ဖြစ်နိုင်တာက...
ကျင်းစစ် သူ့နှုတ်ခမ်းကို ကိုက်ကာ မထိန်းနိုင်ဘဲ တွေးလိုက်မိသည်။
ချောင်အန်းယန်ပြန်လည်မွေးဖွားပြီး ပြန်လည်တိုက်ခိုက်တာက ငါနဲ့ ဆိုင်နေတာလား
ငါဒီစာအုပ်ကို ရည်ရွယ်ချက်ခိုင်ခိုင်မာမာနဲ ဖတ်ခဲ့တာ
ယခု ချောင်းအန်ယန်းကို တွေ့သောအခါ သူ့ခေါင်းမှာ အရမ်း မကိုက်တော့ဘဲ ဤအရာက ထိုရည်ရွယ်ချက်ပြီးမြောက်သွားတာကို ဖော်ပြနေလေသည်။
အဲ့ဒါတွေ လုံးဝပြီးသွားရင် ငါထွက်သွားရမှာလား...
ကျင်းစစ်ရဲ့ ခြေလှမ်းများက ဖြေးဖြေးချင်း ရပ်သွားလေသည်။
အဲ့ဒါဆို ယင်းကျောင်း ဘယ်လိုလုပ်ပါမလဲ...
ထိုအကြောင်းတွေးလိုက်တာနှင့် ကျင်းစစ်ရဲ့ နှလုံးသားလေးမှာ မခံရပ်နိုင်စွာ နာကျင်လာရသည်။
ကျင်းစစ်က အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့ကိုယ်သူ စိတ်အေးအေးထားရန် အတင်းဖိအားပေးလိုက်ရသည်။
ထိုသို့တွေးခြင်းက အဓိပ္ပာယ်မရှိပေ။ သို့သော် သံသယ တစ်ခုရှိသေးလေသည်။
ငါ တစ်ခါတစ်ရံ မက်တတ်တဲ့အထဲမှာ ယင်းကျောင်းက ကောလိပ်မှာ ဘာတွေဖြစ်ခဲ့တာလဲ
ကျင်းစစ်က သူ့မျက်နှာကို ခပ်ကြမ်းကြမ်း ပုတ်လိုက်သည်။ ထိုအကြောင်းကို ထပ်မတွေးတော့ဘဲ စက်ဘီးစီးကာ အိမ်ပြန်သွားလိုက်သည်။
မရဘူး လုံးဝမရဘူး သူအခြေအမြစ် မရှိဘဲ မယုံနိုင်ဘူး
ကျင်းစစ်မှာ ၎င်း၏ အကျိုးသက်ရောက်မှုကို ခံစားနေရတုန်းဖြစ်ကာ သူက ထိုအကြောင်းကို တစ်နေ့လုံး နှံ့နှံ့စပ်စပ် တွေးနေလေသည်။သူ့ဦးနှောက်က ထပ်ကာထပ်ကာ တွေးနေခြင်းအား မရပ်တန့်နိုင်ပေ။ နောက်ဆုံး ညဘက်ရေချိုးပြီး သူအိပ်ယာပေါ်လှဲသည့် အချိန်အထိ သူမနေနိုင်ဘဲ ကိုယ့်ကိုယ်ကို ပြောလိုက်မိသည်။
" တစ်နေ့ ငါဒီမှာ မရှိတော့ရင် ယင်းကျောင်းကရော ..."
သူပြောနေတုန်းပင် ယင်းကျောင်းက သူ့မေးစေ့ကို ဖျစ်လိုက်သည်။
ယင်းကျောင်း၏ မျက်လုံးထဲတွင် မုန်တိုင်းပါပါးလေးရှိနေကာ သူ့ကို စူးစူးစိုက်စိုက်ကြည့်လိုက်၏။
" ဘာပြောလိုက်တာလဲ ကိုယ့်ကို ပြန်ပြောပြ"
သူ့စကားကို နားမလည်ပါက ခေါင်းခြောက်စေနိုင်ကြောင်းကို နားလည်လိုက်ကာ သူ့ခေါင်းကို ခပ်သွက်သွက်လေး ခါယမ်းပြလိုက်သည်။
"ဘာမှ မဟုတ်ပါဘူး"
သို့သော် ထိုစကားများက ပြောပြီးသွားပြီ ဖြစ်၏။
ယင်းကျောင်းကနှာမှုတ်လိုက်ကာ ကျင်းစစ်ကို သူ့လက်မောင်းထဲသို့ ဆွဲထည့်၍ ပြောလိုက်သည်။
" ကိုယ်က စိတ်ကောင်းဝင်နေလို့ မင်းက အဲ့လို စကားမျိုး ပြောရဲတာလား"
သူလက်များသည် တဖြည်းဖြည်း အောက်ဆင်းသွားကာ ကျင်းစစ် ညအိပ်ဝတ်ဆုံ၏ ပထမဆုံးကြယ်သီးကို ဖြေးဖြေးချင်း ဖြုတ်လိုက်သည်။
" အဲ့အကြောင်းပြောရအောင်"
ကျင်းစစ်မျက်နှာမှာ ချက်ချင်းနီရဲသွားကာ မတတ်နိုင်ဘဲ သူ့ပခုံးများကို ကြုံ့လိုက်မိပြီး လက်မြောက်ကာ ယင်းကျောင်း၏ လက်ကို ဖိထားလိုက်သည်။
" ငါမှားပါတယ်"
"အရမ်းနောက်ကျသွားပြီ"
ယင်းကျောင်းက သူ့လက်ကို ဆွဲဖယ်လိုက်ကာ သူ့ကို ပုံမှန်လိုပင် ခြောက်လှန့်နေလိုက်သည် ။ သူက ဆက်၍ ကြယ်သီးဖြုတ်နေပြီး ကျင်းစစ်ရဲ့ နားကိုကိုက်ကာ တိုးတိုးလေးပြောလိုက်၏။
" ကျင်းရှန်း မင်းက အရမ်းကို အားအင်ပြည့်ဝနေတာပဲ မင်းစောစောကတည်းက ပြောခဲ့သင့်တာ မင်းအတွက် မီးငြှိမ်းသွားဖို့ တစ်ခုခုလုပ်ရအောင်လေ"
"မဟုတ်ဘူး အဲ့လို မဟုတ်ဘူး..."
ကျင်းစစ်က သူ့ခေါင်းကို ရှက်ရွံ့စွာ စောင်းလိုက်မိသည်။ ယင်းကျောင်းက သူ့နားနားသို့ ကပ်ပြောနေသောကြောင့် သူမထိန်းနိုင်တော့ဘဲ သူ့နောက်ကျောသာမှာ ထုံကျင်သွားောရသည်။
" မင်း ဝန်ခံဖို့ လိုပြီနော်"
ယင်းကျောင်းက ကျင်းစစ်၏ ညအိပ်ဝတ်စုံကို ဘေးသို့ပစ်လိုက်ပြီး သူ့ကို ခုခံခြင်းမှ တားဆီးလိုက်ကာ နမ်းရှုံ့ပြီး သူ့လက်ကို ဘောင်းဘီထဲ့သို့ ထည့်လိုက်သည်။
ကျင်းစစ်ရဲ့ခန္တာကိုယ်မှာ တခဏလောက်အေးခဲသွားပြီး သူ့ရဲ့ ပင့်သက်ရှိုက်သံများပင် ပြောင်းလဲသွားရသည်။
ယင်းကျောင်း၏ လက်က ဆက်လက် ရွေ့လျားနေဆဲပင်။
" မင်းပါးစပ်နဲ့ စကားမပြောချင်ရင် ပါးစပ်ကို တခြားတစ်ခုအတွက် သုံးလိုက်မယ်လေ"
ကျင်းစစ်ရဲ့ မျက်နှာမှာ ပူနွေးကာ နီရဲသွားရသည်။ ယင်းကျောင်းက သူ့ရဲ့ အားနည်းချက်ကို ဖမ်းကိုင်လိုက်သည့်အတွက် သူ့တစ်ကိုယ်လုံးမှာ ပျော့ပျောင်းသွားရသည်။ သူက သနားညှာတာမှုကို မသိစိတ်ရ တောင်းခံလိုက်မိသည်။
"ကောကော... ငါမှားသွားပါတယ် မလုပ်ပါနဲ့"
ယင်းကျောင်းရဲ့လည်စေ့က အပေါ်အောက် အကြိမ်အနည်းငယ် ရွေ့လျားသွား၏။ သူက ကျင်းစစ်ကို စိုက်ကြည့်လိုက်ပြီး အနည်းငယ်လေးပင် လွှတ်မပေးဘဲ ပြောလိုက်သည်။
" မင်းမှားမှန်းသိတယ် ဆိုတော့ ကိုယ်မင်းကို အပြစ်ပေးသင့်လား"
ယင်းကျောင်းက သူပြောလိုက်တာကို လိုက်ပြောလိုက်ခြင်းကြောင့် သူမငြင်းနိုင်တော့ပေ။ သူ့မျက်လုံးအစွန်များက စိုစွတ်လာကာ သူ့လည်ပင်းသည်ပင် နီရဲနေခဲ့ချေပြီ။
"...အင်း"
"တော်တယ်"
ယင်းကျောင်းက သူ့ ခေါင်းကို ငုံ့ကာ ကျင်းစစ်ကို နက်ရှိုင်းပြင်ထန်စွာ နမ်းလိုက်ကာ သူ့လက်ကို လှုပ်ရှားရန် အဆင်သင့်ဖြစ်နေသော အရာဆီသို့ ပို့လိုက်တော့၏။
_____
Translated By IQ-Team.