အပိုင်း၁၀၀
Viewers 14k

Chapter 100

Chapter 100


-----------------------


ကြီးမားသော အိပ်ခန်းကြီးထဲတွင် လူနှစ်ယောက်ရဲ့ အသက်ရှူသံများက မြန်ဆန်ကာ ပြင်းထန်နေကြသည်။


လေထုထဲရှိ အပူချိန်က ပို၍ မြင့်သထက်မြင့်လာကာ မီးတောက်လေးများမှာ များသထက်များလာပြီး လောင်ကျွမ်းနေသကဲ့သို့ပင်။


နွေးထွေးသော အဝါရောင်မီးရောင်အောက်တွင် ကျင်းစစ်ရဲ့ ခန္ဓာကိုယ်မှာ ယင်းကျောင်းကြောင့် နီရဲနေလေကာ သူရဲ့ ထိလျှလွယ်သော အရာလေးက ယင်းကျောင်း၏ လက်ထဲတွင် ရောက်နေ၏။


သူ့ တစ်ကိုယ်လုံးက နူးညံ့နေကာသူ့မျက်လုံးများမှာ မျက်ရည်များဖြင့် ဝေဝါးနေပြီး သူ့ စိတ်လွတ်တော့မတတ် ဖြစ်နေလေသည်။ သူ့အသံထွက်သွားမည်ကို စိုးရိမ်သဖြင့် အံကြိတ်ထားရုံသာ တတ်နိုင်သည်။


ယင်းကျောင်းရဲ့ ကျစ်လျစ် သွယ်လျသော လက်ချောင်းများက သူ့ နှုတ်ခမ်းများကို ရှေ့နောက်ပွတ်တိုက်လိုက်ကာ အက်ရှရှအသံဖြင့် ပြောလိုက်သည်။


" ပေါင်ပေ့ ညည်းလေ ကိုယ်မင်းအသံကိုကြားချင်တယ် "


ကျင်းစစ်က အိပ်ယာခင်းစကို ကျစ်ကျစ်ပါအောင် ဆွဲလိုက်ကာ သူ့ ခေါင်းကို ဘေးသို့စောင်းလိုက်ပြီး ဘာမျှမပြောပေ။


"ကိုယ့်စကား နားမထောင်ဘူးလား" 


ယင်းကျောင်းလက်၏ အမြန်နှုန်းက အနည်းငယ် မြင့်လာကာ ပြောလိုက်သည်။


" ခုလေးတင် မင်းကိုယ့်ကို ကတိပေးခဲ့တယ်လေ"


ကျင်းစစ် မထိန်းချုပ်နိုင်စွာ ညည်းလိုက်မိသည်။ သူ့ ရှည်ကာထူးလျားသော မျက်တောင်များက ငုံ့ဆင်းသွားကာ တုန်ယင်သွား၏။ အတော်ကြာသောအခါ သူ့သွားများကို အံကြိတ်ထားရာမှ ခွာလိုက်မိသည်။


"တော်တယ်" 


ယင်းကျောင်းက ကျေနပ်သွားပြီး သူ့ခေါင်းကို ငုံ့လိုက်ကာ သူ့နားများကို ဆုချသည့်အနေဖြင့် နမ်းလိုက်သည်။


ကျင်းစစ်ရဲ့ နားများမှာ အရင်ကတည်းက အထိမခံနိုင်သော နေရာများဖြစ်ကာ ယခု ယင်းကျောင်းက ထိုနေရာကို ထိလိုက်သောအခါ သူ မထိန်းချုပ်နိုင်တော့ပေ။


ယင်းကျောင်းက ရယ်မောလိုက်မိသည်။


ယင်းကျောင်းက သူ့လက်ကို ငုံ့ကြည့်ကာ လှောင်ရယ်လိုက်သည်။


" ကျင်းရှန်း မင်းမလုပ်နိုင်ဘူးဆို ဒါဆိုဘာလို့ မင်းရဲ့ ပြည့်စုံနေတဲ့ အကျင့်စာရိတ္တ အရည်အသွေးကောင်းတဲ့ ခန္ဓာကိုယ် အလှအပနဲ့ မွေးဖွားမှုတွေက ဘာဖြစ်သွားတာလဲ"


ကျင်းစစ်မှာ စိတ်တိုမှုနှင့် ရှက်ရွံ့မှုကို တပြိုင်နက် ခံစားလိုက်ရကာ စောင်အောက်ထဲ ဝင်ပုန်းချင်နေမိသည်။


ယင်းကျောင်းက လူယုတ်မာပြုံးပြုံးလိုက်ကာ သူ့မျက်လုံးထဲသို့ စိုက်ကြည့်နေရင်း ခေါင်းငုံ့ကာ သူ့လက်ဖဝါးကို ဖြေးဖြေးလေး ယက်လိုက်တော့သည်။


ကျင်းစစ်၏ မျက်လုံးများမှာ ရုတ်တရက် ပြူးကျယ်သွားရသည်။


 " မင်း..."


"အရမ်းချိုတယ်" ယင်းကျောင်းက ပြုံးကာ ပြောလိုက်သည်။


" မင်းကို ကိုလာသောက်ခိုင်းဖို့ အဆင်မပြေလောက်ဘူး"


ကျင်းစစ်မှာ အလွန်ရှက်ရွံ့သွားကာ လောင်ကျွမ်းမတတ်ပင် ပူလောင်လာရသည်။ သူက ဆက်တောင့်မထားနိုင်တော့သဖြင့် သူ့လက်ကိုမြှောက်ကာ မျက်နှာကို ကာရန် ပြင်လိုက်သည်။


"ဘာတွေ ကာနေတာလဲ ကိုယ်မင်းကို ဘာမှ မပါဘဲ မမြင်ဘူးတာကျလို့"


ယင်းကျောင်းက သူ့လက်ကို ဆွဲခွာလိုက်ကာ ပြောလိုက်သည်။


 " ကိုယ်မင်းကို လွှတ်ပေးမယ် ပြောမိလို့လား ကလေးလေး ဒီနေ့ကိစ္စက မပြီးသေးဘူးလေ"


ကျင်းစစ်က သူ့ရဲ့ နောက်ပြောင်မှုတွေကို ကြောက်ရွံ့သောကြောင့် သက်ညှာပေးရန် တောင်းပန်လိုက်သည်။


"ကောကော..."


ကျင်းစစ်က သူ့ကိုယ်သူ လွှတ်ပေးလိုက်ပြီးနောက် သူ့ရဲ့ရှည်လျားကျဥ်းမြောင်းသော မျက်လုံးမှာ စိုစွတ်တောက်ပနေကာ လူများကို ထပ်၍အနိုင့်ကျင့်ချင်လာစေရန် ပြုလုပ်နေသကဲ့သို့ပင်။


"ကောကော လို့ခေါ်လည်း အသုံးမဝင်ဘူး" 


ယင်းကျောင်းမှာ နာကျင်မှုကို ခံစားလိုက်ရကာ ချွေးများက သူ့့နှဖူးအရေပြားကို ဖြတ်ကျော်ကာ ထွက်လာသည်။ သူ့ရဲ့နက်ရှိုင်းသော အကြည့်များက ကျင်းစစ်၏ နှုတ်ခမ်းပေါ်သို့ ကျရောက်သွားကာ လေးနက်စွာ ပြောလိုက်သည်။


 "ဒီကိုလာခဲ့ မင်းအမှားလုပ်ရင် အပြစ်ပေးခံရမယ်"


မျက်လုံးနှစ်စုံ အကြည့်စုံသောအခါ ကျင်းစစ် ချက်ချင်း နားလည်လိုက်သည်။


သူ့ရဲ့ ပါးပြင်က ပူနွေးနေကာ ခြောက်ကပ်စွာ တံတွေးမျိုလိုက်မိသည်။ အတော်ကြာတဲ့အထိ သူနာခံစွာ လှဲနေလိုက်သည်။


တဝက်တပြက်တွင် ယင်းကျောင်းက သူ့ကို ငုံ့ကြည့်ကာ ရုတ်တရက် မေးလိုက်သည်။


" ကလေးလေး အရသာရှိရဲ့လား"


ကျင်းစစ်မှာ အသက်ပြင်းပြင်း ရှူလိုက်မိကာ သူ့မျက်လုံးများက ရှက်ရွံ့မှုကြောင့် နီရဲလာရသည်။


"ဘာလို့ စကားမပြောတာလဲ" 


ယင်းကျောင်းက သူ့ ဆံပင်ကို နူးနူးညံ့ညံ့လေး ပွတ်သပ်လိုက်ကာ သူ့ရင်ထဲမှ လောင်ကျွမ်းနေသော မီးတောက်ကို ထိန်းချုပ်၍ နောက်သို့ အနည်းငယ် ဆုတ်ကာ ထပ်မေးပြန်သည်။


" အဲ့ဒါက အရသာရှိရဲ့လားလို့"


ကျင်းစစ်ရဲ့မျက်လုံးစွန်းများမှာ အနိုင်ကျင့်ခံရသောကြောင့် စိုစွတ်နေကာ သူ့မျက်တောင်ဖျားများသည်ပင် စိုစွတ်နေလေသည်။ သူက အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့ ပါးစပ်ကို လုံးဝမဟပေ။


သို့သော် သူယင်းကျောင်းကို မခုခံနိုင်သောကြောင့် နောက်ဆုံးတွင် ထိုစကားနှစ်လုံးကို ပြောရန် ဖိအားပေးခံခဲ့ရလေသည်။


ထိုလူနှစ်ယောက်က အတော်ကြာ ကစားပြီးနောက် ဝတ်စုံများ ပြန်လည် ဝတ်ဆင်လိုက်ကြလေသည်။ ညသန်းခေါင်အချိန်ပင် ရောက်နေချေပြီ။ ကျင်းစစ်က စောင်ထဲဝင်လိုက်ကာ ကိုယ်ကိုကျုံ့ထားပြီး ပိုးတုံးလေးကဲ့သို့ လုံနေအောင် စောင်ဖြင့် ပတ်ထားလိုက်သည်။


ယင်းကျောင်းက ကူကယ်ရာမဲ့သွားသလိုခံစားလိုက်ရကာ စောင်ထဲမှ လူကို ဆွဲထုတ်လိုက်ပြီး သူ့ရင်ခွင်ထဲထည့်ထားလိုက်၏။


 " မင်းက စကားမပြောချင်တော့ဘူးပေါ့"


"မပြော...မပြောပါနဲ့ ..." 


ကျင်းစစ်က လက်ဆန့်လိုက်ပြီး ယင်းကျောင်း၏ ပါးစပ်ကို အုပ်ကာ ပြောလိုက်သည်။


 "ကောကော မပြောပါနဲ့တော့ ...နော်"


"အိုကေ မပြောတော့ဘူး" 


ယင်းကျောင်းကခေါင်းငုံ့ပြီး သူ့လက်ဖဝါးကို နမ်းကာ စကားလမ်းကြောင်းလွှဲပြောလိုက်သည်။


" မင်းဒီနေ့ အပြင်ထွက်သွားတာ ဘယ်သူ့ကို တွေ့ခဲ့လို့လဲ"


"ဘယ်သူမှ မတွေ့ပါဘူး" ကျင်းစစ်က မျက်လွှာချကာ ယင်းကျောင်းအား သူ့ခါးကို ပွတ်သပ်ခွင့် ပေးထားလိုက်သည်။


" ငါ ဒီတိုင်း သတိလွတ်သွားတာပါ"


ယင်းကျောင်းက သူအမှန်ကို ပြောခြင်းမဟုတ်သောကြောင့် ရယ်လိုက်မိသည်။ သို့သော်အရေးမကြီးပေ။ သူအကြမ်းဖျင်း ခန့်မှန်းနိုင်လေသည်။


"ပေါင်ပေ့" 


ယင်းကျောင်းက သူမေးစေ့ကို မော့လိုက်ကာ အလေးအနက် ပြောလိုက်သည်။


 "အဲ့လိုမျိုး ကိုယ့်နှလုံးသားကို ဆူးနဲ့ ထိုးမယ့် စကားမျိုး မပြောပါနဲ့ ဟုတ်ပြီလား"


"ငါတောင်းပန်ပါတယ်" ကျင်းစစ်မှာ ထိုအချိန်ခဏက သူ့ကိုယ်သူ ပြန်ရိုက်နိုင်စေရန် ဆုတောင်းလိုက်ကာ အပြစ်ရှိစွာ တောင်းပန်လိုက်မိသည်။


 " ငါ ဘယ်တော့မှ ထပ်မပြောတော့ပါဘူး"


"ဘာအကြောင်းကိုမှ စိုးရိမ်မနေပါနဲ့" 


ယင်းကျောင်းကကျင်းစစ်၏ ဆံပင်နှင့် လည်ဂုတ်လေးကို ပွတ်သပ်ကာ နူးညံ့စွာ ပြောလေသည်။


 " ကိုယ် မင်းနဲ့ အတူ ဒီမှာ ရှိတယ်"


ကျင်းစစ်က အင်း လို့ အသံပြုလိုက်သည်။


"ဒါဆို..." ယင်းကျောင်းက ကျင်းစစ်၏ ဆံပင်ကို ငုံ့ကြည့်ပြီး ရမ်းကာစွာ ပြုံးလိုက်သည်။


"မနက်ဖြန် ကိုယ်နဲ့ တစ်စုံစာလောက် သွားဝယ်ရအောင် ဘယ်အရသာကို မင်းကြိုက်လဲ"


ကျင်းစစ်မှာ အတော်ကြာသည်အထိ အံ့အားသင့်နေကာ သူ အဘယ့်ကြောင့် ခေါင်းစဥ်မှာ ၁၈နှစ်အောက်ကန့်သတ်အဆင့်ကို ရောက်သွားမှန်းကို နားမလည်တော့ပေ။


" ကိုယ်ကြားတာတော့ အမျိုးမျိုး ရှိတယ်တဲ့ ဆူးထစ်ပါတာရယ် ပါးလွှာတာရယ် ပုတီးစေ့ရယ် ရေခဲရယ် ... ဘယ်တစ်ခုကို မင်းကြိုက်လဲ"


(EngT/n :ကွန်ဒုံးတွေအကြောင်းထင်တယ်?O///O)


ကျင်းစစ်က သူ့ခေါင်းကို ယင်းကျောင်း ရင်ခွင်ထဲတွင် နှစ်ထားကာ ဘာမျှမပြောပေ။


" မင်းရော" ယင်းကျောင်းကဆက်ကာ ဖိအားပေးပြီး မေးလိုက်သည်။


 " ဒါမှမဟုတ် မင်း စူပါမားကတ်မှာ ရွေးချင်သေးလား"


"အကုန် ... အကုန်..." ကျင်းစစ်ကသူ့လက်ချောင်းများကို ခပ်တင်းတင်း ဆုတ်ထားလိုက်ပြီး သူ့မျက်လုံးကို မှိတ်ထားကာ ပြောလိုက်သည်။


 " မင်းလုပ်ချင်တာသာလုပ်"


ယင်းကျောင်းမှာ တဟားဟားရယ်မောလိုက်မိသည်။ သူစနောက်နေသည်မှာ လုံလောက်နေပြီ ဖြစ်သောကြောင့် ခေါင်းငုံ့ကာ ကျင်းစစ်ရဲ့ ဆံပင်များကို နမ်းလိုက်ပြီး အိပ်ယာဘေးမှ မီးအိမ်ကို ပိတ်ရင်း ​ပြောလိုက်၏။


" အိပ်တော့"


ကျင်းစစ်က ပင်ပန်းလွန်းသောကြောင့် ခေါင်းအုံးနှင့် ခေါင်း ထိသည်နှင့် အိပ်ပျော်သွားလေသည်။


အမှောင်ထဲတွင် ယင်းကျောင်းက ကျင်းစစ်၏ အသက်ရှုသံခပ်မှန်မှန်လေးကို နားထောင်နေလိုက်ပြီး သူ့ကို ရင်ခွင်ထဲသို့ထည့်ကာ သက်ပြင်းဖွဖွချလိုက်မိသည်။


နောက်ရက်အနည်းငယ်တွင် နှစ်သစ်ကူးအကြိုရက် ရောက်တော့ပေမည်။


ယင်းကျောင်းနှင့် ကျင်းစစ်က နှစ်သစ်ကူးပွဲတော်တွင် အစောကြီးတည်းကပင် ဟယ့်ကျိုးနှင့် အခြားသူများကို ခေါ်ထားရန် သဘောတူထားလေသည်။ ညနေဘက်တွင် သူတို့က ကြက်အုန်းနို့ချက်ကို စားခဲ့ကြပြီး မီးရှူးမီးပန်လွှတ်ရန် ကွင်းပြင်သို့ ထွက်သွားကြသည်။


" ဒီတစ်ခါ မီးရှူးမီးပန်းက လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်းက မီးရှူးမီးပန်းတွေထဲမှာ အကောင်းဆုံးဖြစ်မယ်လို့ ငါကြားတယ်" 


ကျန့်ချွယ်က အလွန်စိတ်လှုပ်ရှားသောကြောင့် ထိုင်ပင် မထိုင်နိုင်သေးပေ။ မီးရှူးမီးပန်းများကို ကြိုက်သောကြောင့်သာ မဟုတ်ဘဲ အနီးအနားရှိ ပျော်ရွှင်ဖွယ်နှစ်သစ်ကူး လေထုကြောင့်လည်း ဖြစ်လေသည်။


" ဆယ်မိနစ်တောင် ဖြစ်နေပြီ"


"လူအိုကြီးကျန့် စိတ်လျော့" 


ဟယ့်ကျိုးသည် အုန်းသီးကို ကိုင်ပြီး သောက်နေတုန်း ပြောလိုက်သည်။


" မင်းရဲ့ အစ်မက ချိန်းမထားဘူးလေ ဘာပျော်စရာများရှိလို့လဲ"


ကျန့်ချွယ်မှာ ချက်ချင်း ညိုးနွမ်းသွားသောပန်းပွင့်လေးလိုဖြစ်သွားလေသည်။ သူက ဘေးနားမှ ယင်းကျောင်းနှင့် ကျင်းစစ်ကို မနာလိုစွာ ကြည့်လိုက်ရင်း ချဥ်တူးစွာ ပြောလိုက်၏။


 " အဲ့တုန်းက ငါက ပုံမှန်ပဲ မေးလိုက်တာ"


ယင်းကျောင်းက ကျင်းစစ်၏ လျော့ရဲနေသော လည်စည်းပဝါလေးကို ပြန်ပတ်ပေးလိုက်ကာ သူ့ကို သနားနေသော အကြည့်ဖြင့် ကြည့်ကာစကားဆိုလေသည်။


" မင်းရဲ့ ကြမ်းတမ်းတဲ့ ပါးစပ်က တကယ်ကို စိတ်ညစ်ဖို့လည်းကောင်း သနားဖို့လည်းကောင်းတယ်"


ကျန့်ချွယ် : " ... "


ကျန့်ချွယ်သည် စိတ်တိုလွန်းသောကြောင့် သူ့နှာခေါင်းမှာ မဲ့ရွဲ့သွားကာ ဟယ့်ကျိုးကို မေးလိုက်သည်။


" လူအိုကြီးဟယ့် ဘယ်လို ဂီတ တူရိယာမျိုးကို ငါသင်သင့်လဲ အထက်တန်းနောက်ဆုံးနှစ် ပြိုင်ပွဲမှာ စတိတ်ဆင်ပေါ်မှာ ဂီတာ တီးခဲ့တဲ့ ကောင်လေးက အဲ့ပွဲလည်းပြီးရော ချစ်ရေးဆိုထားတဲ့ ရည်းစားစာတွေကိုလည်း ရသွားတယ်လေ"


သူကတွေးနေရင်း ပြောလိုက်သည်။


 " ဘယ်လို တူရိယာမျိုးက ငါ့ရဲ့ ယောင်္ကျားဆန်မှုတွေကို ပေါ်လွှင်စေပြီး ကောင်မလေးတွေကို ဆွဲဆောင်စေနိုင်လောက်မလဲ"


ဟယ့်ကျိုးက ပြောလိုက်သည်။


 " ဂစ်တာ တီးကြည့်ပါ့လား"


ကျန့်ချွယ်က ခေါင်းခါကာ ပြောသည်။


" ဂစ်တာတီးတဲ့ လူတွေအရမ်းများတယ် အဲ့ဒါက မထူးခြားဘူး"


ကျင်းစစ်က ထိုအကြောင်းကို တွေးလိုက်ကာ လေးနက်စွာ ပြောလိုက်သည်။


" စန္ဒရားရော"


ကျန့်ချွယ်က ခေါင်းခါလိုက်ပြန်သည်။


 " အဲ့ဒါက ခက်လွန်းတယ် မြန်မြန်သင်လို့ မပြီးနိုင်ဘူး"


ယင်းကျောင်းက သရော်လိုက်၏။။


ကျန့်ချွယ်က သူ့ကို သတိပေးသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။


" သင်ဖို့လည်း မြန်ရမယ် အာရုံလည်းအစိုက်ခံချင်တယ် ယောင်္ကျားလည်း ဆန်ချင်တယ် ..." ယင်းကျောင်းက ကျန့်ချွယ်၏ တောင်းဆိုချက်များကို တစ်ခုချင်း ရေတွက်နေလိုက်သည်။


"ဟုတ်တယ်"  ကျန့်ချွယ်က သူ့ရဲ့ သုံးသတ်ချက်များကို အလွန် ကျေနပ်သွားလေသည်။


 " အစ်ကိုကျောင်း အစ်ကို့မှာ ကောင်းတဲ့  အကြံဥာဏ်ကောင်း ပေးဖို့ ရှိလား"


ယင်းကျောင်း : " ဆူအိုးနား"


( Eng T/n : ပုလွေနဲ့ နည်းနည်း တူတယ်)


အနီးအနားတွင် မထိန်းနိုင်သော ရယ်သံများ ထွက်ပေါ်လာကာ ဟယ့်ကျိုးသည် ဖန်ချန်းချန်း ပေါ်သို့ အရယ်လွန်ကာ လဲကျသွားသောကြောင့် ဖန်ချန်းချန်းမှာ အသက်ရှူကျပ်မလိုပင် ဖြစ်သွားရသည်။


ကျင်းစစ်သည်ပင် မထိန်းနိုင်ဘဲ ရယ်လိုက်မိ၏။


ကျန့်ချွယ်က ယင်းကျောင်းကို ပြေးရိုက်ချင်သော်လည်း အဆုံးတွင် သူ့မှာ ရယ်သံများကို မထိန်းချုပ်နိုင်တော့ပေ။


ကွင်းပြင်ထဲမှ လူများက ရယ်မောနေကြသည်။


ကွင်းပြင်ထဲတွင် လူအများအပြားရှိသောကြောင့် လူအုပ်က ထူထပ်နေကာ အကုန်လုံးသည် " လွန်ခဲ့တဲ့ ဆယ်နှစ်က မီးရှူးမီးပန်းတွေထဲမှာ အကောင်းဆုံးမီးရှူးမီးပန်း" ကို အတည်ပြု စောင့်ကြည့်ရန် ရောက်လာကြခြင်း ဖြစ်လေသည်။ သူတို့သတိမထားမိလျှင် လူစု ကွဲသွားနိုင်လေသည်။


ယင်းကျောင်းက ကျင်းစစ်ဘက်သို့ လှည့်ကာ ကျင်းစစ်ကို ကြည့်ပြီး ပြောလိုက်သည်။


" ကိုယ့်နောက်လိုက်ခဲ့"


ကျင်းစစ်က ခေါင်းငြိမ့်ကာ သူသိကြောင်းပြလိုက်သည်။


ယင်းကျောင်းက ကျင်းစစ်၏ လိမ်လိမ်မာမာပုံစံလေးကို တွေ့လိုက်ရသောအခါ အသည်းယားသွားပြီး သူ့ကုတ်အင်္ကျီတွင် ပါသော ဦးထုပ်ထိပ်လေးကို ဆွဲလိုက်မိသည်။


ကျင်းစစ်က စိတ်တိုခြင်းအလျဥ်းမရှိဘဲ စိတ်အခြေအနေကောင်းနေခြင်းကြောင့် ဦးထုတ်ကိုပင် ဖြောင့်အောင် ပြန်ပြင်လိုက်သေးသည်။


သူတို့လာတာ အနည်းငယ် နောက်ကျသွား​သောကြောင့် လူများပြည့်နေကာ နေရာလွတ်ပင် မရှိတော့ချေ။ ဟယ့်ကျိုး၏ အရှုံးမပေးရသော ခန္ဓာကိုယ်သည်ပင် ပထမဆုံးအကြိမ်အဖြစ် ရှုံးနိမ့်သွားရသည်။ လူအနည်းငယ်က မြေအောက်ရထားဝင်ပေါက်၏ဘေးလမ်းတွင်သာ ရပ်နေကြရတော့သည်။


ဆယ်တစ်နာရီ ငါးဆယ့်ကိုးမိနစ်...11:59


ကွင်းပြင်ထဲရှိ နာမည်ကြီးသော အဆောက်အဦးပေါ်တွင် အချိန်ကို နောက်ပြန်ရည်တွက်နေသော ရောင်စုံ ကိန်းဂဏန်း များပေါ်လာလေသည်။


တစ်စုံတစ်ယောက်က မထိန်းချုပ်နိုင်စွာ ရေရွတ်လေတော့သည်။


" လေးဆယ့်တစ် ... လေးဆယ် ... သုံးဆယ့်ကိုး ..."


ကိန်းဂဏန်းများ နည်းလာသည်နှင့် အမျှ လူအုပ်၏ လိုက်ကာရေရွတ်သံများမှာ ပိုမိုကျယ်လောင်လာလေသည်။


နောက်ဆုံးတွင် အဆောက်အဦးပေါ်ရှိ ကိန်းဂဏန်းက သုညသို့ ပြောင်းလဲသွားပြီး ပထမဆုံး မီးရှူးမီးပန်း အတန်းလိုက်ကြီးသည် ဦးခေါင်းထက်ရှိ ညကောင်းကင်ပေါ်တွင် ရွှေရောင်ဖျော့ဖျော့ အမြီးကြီး ကဲ့သို့ ပေါ်လာကာ ယင်းက အလွန်တောက်ပပြီး လက်ရာမြောက်လွန်းလှ၏။


လူအုပ်က ရုတ်တရက် တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်ကြွေးကျော်ကြတော့သည်။


" ဒီတစ်ကြိမ်တော့ အချည်းနှီး မဖြစ်သွားဘူးဘဲ" ဟယ့်ကျိုးက ကျန့်ချွယ်ကို ကျယ်လောင်စွာ အော်ပြောလိုက်သည်။


ကျန့်ချွယ်က ပြင်းပြင်းထန်ထန် ခေါင်းငြိမ့်လိုက်ပြီး သူ့ရင်ထဲမှ အံ့အားသင့်မှုများကို တည်ငြိမ်သွားအောင် လုပ်ပြီးနောက် ဘယ် ညာ ကြည့်ကာ ရုတ်တရက် ပြောလိုက်သည်။


" အစ်ကိုကျောင်းနဲ့ အစ်ကိုစစ် ဘယ်မှာလ"


"ဟမ်" ဟယ့်ကျိုးက အနီးအနား တစ်ဝိုက်ကို ရှာကြည့်လိုက်ပေမဲ့ ဘယ်သူ့ကိုမျှ မတွေ့ပေ။ သူက အံ့ဩစွာ ပြောလိုက်မိသည်။


" သူတို့ဒီမှာပဲမလား လူတွေများတော့ လူအုပ်နဲ့ရောသွားပြီး တစ်နေရာရာရောက်သွားတာလား"


"ဟုတ်လောက်တယ်"


ထိုအချိန်တွင် မြေအောက်ရထားဝင်ပေါက်တွင် ယင်းကျောင်းက ကျင်းစစ်ကို နံရံသို့ တွန်းထားကာ ပြင်းပြင်းထန်ထန် နမ်းနေလေသည်။


ညသန်းခေါင် ဆယ်နှစ်နာရီကို ကျော်လွန်သွားပြီ ဖြစ်သောကြောင့် ရထားလမ်းတွင် အလုပ်များရပ်တန့်သွားပြီဖြစ်ပြီး အထဲတွင် မည်သူမျှမရှိပေ။ လူတိုင်းက မီးရှူးမီးပန်းများကိုသာ အာရုံရောက်နေသောကြောင့် တစ်စုံတစ်ယောက် ဝင်လာမည်ကို စိုးရိမ်စရာမလိုပေ။


အပြင်တွင် မီးရှူးမီးပန်းများက အလွန်လှပကာ အသက်ဝင်သော်လည်း အထဲတွင်မူ သူတို့၏ တိတ်ဆိတ်သော ကမ္ဘာငယ်လေးသာ ဖြစ်နေလေသည်။


ယင်းကျောင်း ကျင်းစစ်ရဲ့ လက်များကို ဆွဲကိုင်လိုက်ကာ သူ့လက်ချောင်းများနှင့် ယှက်ကိုင်ထားလိုက်ပြီး ကျင်းစစ်နှင့် နှဖူးချင်းဆိုင် ဖိထားပြီး နူးညံစွာ ပြောလိုက်သည်။


 " ပျော်ရွှင်စရာ နှစ်သစ်ပါ"


သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် နီးကပ်စွာ ရှိနေသောကြောင့် တစ်ယောက်အသက်ရှူထုတ်လိုက်သောလေများကို တစ်ယောက်က ရှူမိသလိုဖြစ်နေကြသည်။ ကျင်းစစ်က သူ့ခေါင်းကိုမော့ကာ ယင်းကျောင်းကို နမ်းလိုက်ပြီး​ ပြောလိုက်၏။


 " ပျော်ရွှင်စရာ နှစ်သစ်ပါ" 


ယင်းက သူတို့၏ ပထမဆုံးအတူတူ ဖြစ်ကျော်ခဲ့ရသည့် နှစ်သစ်ကူးဖြစ်ပြီး အနာဂါတ်တွင် ထိုကဲ့သို့ အများကြီး ရှိလာလိမ့်မည်ဖြစ်၏။


ကျင်းစစ် တွေးလိုက်မိသည်။


သူ့မျက်လုံးကို အောက်ငုံ့ကာ သူ့လက်ကောက်ဝတ်ပေါ်မှ လက်ပတ်ကြိုးအနက်ရောင်လေးကို ကြည့်လိုက်သည်။ နေရာ ၊ပုံစံ ၊ နှစ်သစ်ကူးကျင်းပသည့် ပတ်ဝန်းကျင် အမြင်များသာ ပြောင်းလဲသွားလိမ့်မည်။ သို့သော် သူတို့နှစ်ယောက်က ဘယ်သောအခါမျှ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။


"မင်း ဘာတွေတွေးနေတာလဲ အရမ်းကို အာရုံစူးစိုက်ပြီးတွေးနေတာပဲ" 

ယယင်းကျောင်းက ကျင်းစစ်၏ နှာခေါင်းထိပ်လေးကို ချစ်မြတ်နိုးစွာ ပွတ်လိုက်ပြီး ပြုံးကာ​မေးလိုက်၏။


 " ကိုယ် ကောင်းကောင်း မလုပ်နိုင်ခဲ့လို့လား"


"မဟုတ်ဘူး..."


ကျင်းစစ် တစ်ခုခု ပြောချင်သော်လည်း အဆုံးတွင် အသံက သူတို့၏ နှုတ်ခမ်းများနှင့် လျှာများကြားတွင် ပျောက်ကွယ်သွားရသည်။


ယင်းကျောင်းအတွက် အလွန် စိတ်ကျေနပ်နှစ်သက်ဖွယ် နှစ်သစ်ကူးကို ရရှိခဲ့ခြင်းကြောင့် နေ့လည်တွင် စာများကို ကြိုးကြိုးစားစားလုပ်ကာ ညတွင် ကျင်းစစ်ကို စနောက်လေသည်။ သူ့ စွမ်းရည်များကို ညဘက် အိပ်ယာထဲတွင် ထုတ်လွှတ်လေ့ရှိပြီး နောင်တရနေသာ အချက်တစ်ခုမှာ ယခုအချိန်အထိ နောက်ဆုံးအဆင့်ကို မရောက်သေးခြင်းဖြစ်လေသည်။


သူတို့မလုပ်ချင်သောကြောင့် မဟုတ်ဘဲ လိုအပ်သောပစ္စည်းများ မစုံလင်သေးသောကြောင့် ဖြစ်၏။ 


သူက ကျင်းစစ်ကို ထိုအရာလုပ်ရန်အတွက်သာ ကြိုက်သည်ဟု ကျင်းစစ်ထင်မည်ကို စိုးရိမ်သောကြောင့် သူ့မှာ ယခင်က ကွန်ဒုံးများနှင့် ချောဆီများကို မပြင်ဆင်ထားခဲ့ပေ။


သူက ၎င်းတို့ကိုလိုချင်သောအချိန်သည် နွေဦးပွဲတော်ဖြစ်သောကြောင့် စတိုးဆိုင်များက မပို့ပေးပေ။


သူက လမ်းဘေးဆိုင်များမှ အပေါစားတံဆိပ်များက ကျင်းစစ်အတွက် မကောင်းမည်ကို စိုးရိမ်၍ သွားဝယ်ရန် ငြင်းဆန်ခဲ့လေသည်။ ထို့ကြောင့် သူသည် အံကြိတ်ကာ တရားဝင် ဝဘ်ဆိုဒ်များမှ ထိုပစ္စည်းများအား ပို့ပေးမည့် အချိန်ကို စောင့်ရန်သာ ရှိလေသည်။ နောက်ဆုံးတွင် ကျင်းစစ် လေ့ကျင့်ရေးအသင်းသို့ သွားရမည့်နေ့သို့ ရောက်လာချေပြီ။


-----------


စာရေးသူမှာ ပြောစရာ ရှိတယ်~


ပြဇာတ်ရုံငယ်လေး~


အစ်ကိုကျောင်း : ငါ  XXX တံဆိပ် ချောဆီကို လိုချင်တယ်


ကတ်စတန်မာ ဝန်ဆောင်မှု : ဆောရီးပါ အသည်းလေး ကျွန်မတို့က နွေဦးပွဲတော်မှာ ပစ္စည်းတွေ မပို့ပေးပါဘူး


အစ်ကိုကျောင်း : ??? ငါကအလျင်လိုနေတာကို ဘယ်လိုလုပ်ရမှာလဲ


ကတ်စတန်မာ ဝန်ဆောင်မှု : အသည်းလေး အောင့်ထားလိုက်ဖို့ အကြံပေးချင်ပါတယ် 


အစ်ကိုကျောင်း : ယီး ပဲကွာ !!


____


Translated By IQ-Team.