အပိုင်း၁၄၀
Viewers 32k

Chapter 140

Chapter 140

ချက်ပြုတ် စား​သောက်ကြခြင်း




လတ်တ​လောရာသီဥတုက ပိုပို၍ ​​အေးလာသဖြင့် သူနှင့် ​ကျောက်ကျင်းကောတို့ ကိစ္စဝိစ္စများ လုပ်​ဆောင်ကြရာတွင် အလွန် အဆင်မ​ပြေ ဖြစ်ရသည်။ အ​ကြောင်းမှာ တစ်ချိန်လုံး အကာအရံများ​အောက်တွင်သာ လုပ်​ဆောင်ရ​သော​ကြောင့် ဖြစ်သည်။ ထိုအ​ကြောင်း​ကြောင့် ​ကျောက်ကျင်း​ကော၏ ကိုယ်​လေးကိုလည်း မမြင်ရသည်မှာ ကြာပြီ ဖြစ်သလို များစွာ​သော ပုံစံအ​​နေအထားများကလည်း အဆင်မ​ပြေပြန်။ ​ကျောက်ကျင်း​ကောသာ ကိုယ်ဝန် မရှိပါက အဆင်​ပြေနိုင်ပါ​သော်လည်း က​လေးရှိ​နေသည့်အတွက် ကျင်း​ကောအား လုံးဝ အ​အေးမိ မခံနိုင်။


"ကျင်း​ကော... ခဏ​စောင့်​နော်" ကျန်းကျန့်က ​ကျောက်ကျင်း​ကောကို ​ပြောကာ တံခါးဖွင့်၍ အပြင်သို့ ထွက်သွား​လေသည်။


​​ကျောက်ကျင်း​ကောက အနည်းငယ် ရှုပ်​ထွေးသွားသည်။ ကျန်းကျန့်က ဘာလို့ ထွက်သွားရတာလဲ...


ကျန်းကျန့်က အပြင်ဘက်သို့ ​ခြေလှမ်း အနည်းငယ် လှမ်းလိုက်ပြီး​နောက် မီးဖို​ချောင်ထဲသို့ ဝင်ကာ ​မြေအိုးကြီးကို ရှာလိုက်ပြီး ပြန်မလာခင် မီး​သွေးများကိုလည်း တူးလာခဲ့​​​​​သေးသည်။


ကျန်းကျန့်က ​​မြေအိုးနှင့် မီး​သွေးကို ယူကာ အခန်းထဲသို့ ပြန်လာခဲ့ပြီး သူနှင့်​ ​ကျောက်ကျင်း​ကောတို့၏ အိပ်ရာ ပတ်ပတ်လည်တွင် မီး​မွှေးလိုက်​လေသည်။


"မီး​မွှေးပြီး ဘာလုပ်မလို့လဲ" ​ကျောက်ကျင်း​ကောက ရှင်းမပြနိုင်​​အောင်ပင် စိတ်ညစ်ညူးသွားပြီး ​မေးလိုက်မိသည်။ မီး​သွေးက ပိုက်ဆံများစွာ ကုန်ကျသဖြင့် ၎င်းကို သုံးစွဲရန် တွန့်တိုခဲ့ရသည်။ သို့​သော်လည်း ကျန်းကျန့်က အများကြီး သုံးလိုက်ပြန်​လေပြီ။


"အခန်းကို နည်းနည်း​လောက် ပို​နွေးသွား​အောင်လို့" ကျန်းကျန့်က ​ကြေးဝါ​ခြေ​ထောက်နှင့်အ​နွေး​ပေးစက်ကို မီး​ထွန်းလိုက်သည်။


ထို​ကြေးဝါ ​ခြေ​ထောက် အ​နွေး​ပေးစက်ကို ကျန်းကျန့် မြို့​တော်တွင် ရှိစဥ်က ဝယ်လာခဲ့ခြင်း ဖြစ်သည်။ ၎င်းက ပုံမှန် သုံး​နေကျ လက်​ဆေးကန်ထက် ပို​သေးပြီး ​အောက်ပိုင်းကို ထူထဲ​သော ​ကြေးဝါဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ အထဲတွင် အဖုံးပါ​သော ​အ​ပေါက်ငယ်​လေးများ ရှိသဖြင့် ၎င်းထဲသို့ ​မီး​သွေးမီးကို ထည့်လိုက်​သောအခါ ​ခြေ​ထောက်နှင့် အခြားပစ္စည်းများကို အ​နွေးဓါတ် ​ပေးရန် အသုံးပြုနိုင်​ပေသည်။ ၎င်းကို ပို၍ ​သေးငယ်​စေရန် ပြုလုပ်ထားပါက လက်အ​နွေး​ပေးစက်ဟု ​ခေါ်ဆိုနိုင်​ပေသည်။


​သင်္ဘောပေါ်တွင် ကျန်းကျန့်က ၎င်းအထဲသို့ မီး​သွေးထည့်ကာ အိပ်ရာကို ​ခြောက်​​သွေ့ပြီး အပူ​ပေး​စေနိုင်သည့် ​ကြေးဝါ မီးဖိုအဖြစ် အသုံးပြုခဲ့သည်။ သို့​သော်လည်း ဟယ့်ရှီရွာက သ​င်္ဘောပေါ်မှာကဲ့သို့ မ​အေးသဖြင့် ​ကျောက်လျူက ​​နေထွက်လာတိုင်း အိပ်ရာခင်းများကို ထုတ်လှမ်း​​ပေးတတ်​လေရာ ၎င်းကို အသုံးပြုရန် မလိုခဲ့​ပေ။


ဤတစ်ကြိမ်၌ ကျန်းကျန့်က အထဲတွင် မီး​သွေးများစွာ ထည့်ကာ အိပ်ရာထဲတွင် ထည့်ထားလိုက်ပြန်သည်။


"အိပ်ရာခင်း​တွေ မီးမ​လောင်​အောင် ဂရုစိုက်ဦး"


​ကျောက်ကျင်း​ကောက ​ပြောလိုက်​​လေသည်။ သူတို့ ယခင်က ထိုထဲတွင် မီး​သွေးများစွာ ထည့်မသုံးဖူး​ပေ။ ပုံမှန်အားဖြင့် မီး​လောင်​​နေသည့် မီး​သွေးတုံး​လေးများနှင့် ပြာအ​​မြောက်အများကို ထည့်​နေကျ ဖြစ်၍ သိပ်ပူမည် မဟုတ်​ပေ။


"အဆင်​ပြေပါတယ်... ဘယ်အချိန် ဖြစ်ဖြစ် ​ရွှေ့လို့ ရတာပဲ" ကျန်းကျန့်က ​ပြောလိုက်​လေသည်။


​ကျောက်ကျင်း​ကောက ​ခေါင်းငြိမ့်ပြလ်ုက်ပြီး​နောက် သိချင်စိတ်များ ပြည့်​နေခဲ့​​လေသည်။ "ခင်ဗျား... ဘာလုပ်မလို့လဲ"


သူက အိပ်ရာပေါ်တွင် ကိုယ်တုံးလုံး လဲ​လျောင်း​နေရပြီး ကျန်းကျန့်က သူ့​ဘေးတွင် မီး​မွှေး​နေ​လေသည်။ ထိုမျှမက​သေး။ ​မြေ​ပေါ်တွင် မီးလင်းဖိုတစ်ခု ရှိ​နေ​သေးသည်။ သူ ဘာလုပ်မလို့ပါလိမ့်...


"မင်းကို စားမလို့​လေ" ကျန်းကျန့်က ​ပြောလိုက်​လေသည်။


​ကျောက်ကျင်း​ကောက သူနားကြားမှားသည်ဟုသာ ​တွေးမိလိုက်သည်။


"ကျွန်​တော့်ကို စားမယ်..."


ဘာ​ပြောတာပါလိမ့်... ကျန်းကျန့်က လူသားကို​တော့ မစား​လောက်ပါဘူး​​နော်...


"ကိုယ်အခု ချက်​နေတာလေ... ပြီးရင် မင်းကို စား​တော့မှာ" ကျန်းကျန့်က ​ကျောက်ကျင်း​ကောကို ပြုံးပြလိုက်သည်။


ထိုအပြုံးက အ​တော်​လေး အဓိပ္ပါယ် ရှိသည်။ ​ကျောက်ကျင်းကောက တစ်ခုခု မှား​နေ​ကြောင်းကို မ​ရေမရာ ခံစားလိုက်ရသည်။ ကျန်းကျန့် ​နောက်​နေတာ ​နေမှာပါ​​နော်... မီးက ဒီ​လောက်​ဝေးတာ သူ့ကို ​နွေးပဲ ​နွေး​စေနိုင်တယ်... တကယ်ကြီး ချက်လို့ မရဘူး​လေ...


"ကျင်း​ကော... စားချင်တာ ရှိလား... ကိုယ်မင်းအတွက် လုပ်​ပေးမယ်" ကျန်းကျန့်က ​ကျောက်ကျင်း​ကောကို ကြည့်ကာ သူ၏ စိတ်ရှုပ်​ထွေး​နေသည့် အမူအရာကို ​တွေ့လိုက်ရသဖြင့် ထပ်မစ​တော့။


"ဒါဆို ကန်စွန်းဥကင်" ​ကျောက်ကျင်း​ကောက ​ပြောလိုက်သည်။


"​ကောင်းပြီ​လေ" ကျန်းကျန့်က ​ခေါင်းငြိမ့်လိုက်ပြီး​နောက် ကန်စွန်းဥများ သွားရှာခဲ့သည်။ သူတို့၏ ​လေ့ကျင့်ခန်းပြီး​နောက် ကန်စွန်းဥ စားရသည်က အချိန်​​ကောင်း​လေး ဖြစ်​ပေလိမ့်မည်။


အခန်းကို တစ်ခဏမျှ အ​နွေး​ပေးပြီးသွား​​သဖြင့် အရင်ဆုံးစားရန်အတွက် တစ်ခုခု ချက်ပြုတ်ရ​ပေမည်။


ကျန်းကျန့်က မီးဖို​ချောင်ထဲမှ အ​စေ့အဆန်ထုပ်ကို ရှာကာ ညက ကျန်ခဲ့သည့် ထမင်းအချို့ကို ယူလိုက်ပြီး ဆားနယ်အသားအချို့နှင့် ကြက်ဥ သုံးလုံးကို သင်္ဘော​ပေါ်တွင် သုံးခဲ့သည့် သံအိုးလေးအတွင်းသို့ ထည့်ခဲ့သည်။


"အကူအညီ လို​သေးလား" ​ကျောက်ကျင်း​ကောက ထထိုင်ကာ အဝတ်ဝတ်ရန်အတွက် အိပ်ရာ​ပေါ်မှ ထဟန်ပြုလိုက်သည်။ ကျန်းကျန့်က ညသန်း​ခေါင်တွင် အချိန်အ​တော်ကြာ ​ပြေးလွှားခဲ့ရပြီး​နောက် ဗိုက်ဆာ​နေသည်ဟု ​တွေးခဲ့ပြီး ထို့​​ကြောင့်လည်း သူနှင့် ဟိုဟိုသည်သည် ကိစ္စများ မလုပ်ချင်​တော့ခြင်း ဖြစ်မည်ဟု ထင်လိုက်သည်။


"မလိုပါဘူးကွာ" ကျန်းကျန့်က တုံ့ဆိုင်းမ​နေဘဲ ​ကျောက်ကျင်း​ကော၏ အဝတ်များကို ​ကောက်ယူကာ အ​ဝေးမှ ​သေတ္တာ​လေးထဲသို့ ထည့်လိုက်သည်။


​ကျောက်ကျင်း​ကော: “. . .” ကျန်းကျန့်က သူ့ကို အဝတ်မဝတ်​စေချင်ဘူးလား...


"လာခဲ့... ကိုယ်မင်းကို ​​ပေါက်​​ပေါက် လုပ်​ပေးမယ်" ကျန်းကျန့်က ​ပြောလိုက်ပြီး​နောက် ပြောင်းဖူးစေ့ကို မီးထဲသို့ ပစ်ထည့်လိုက်​လေသည်။


စပါး​စေ့များ မီးထဲသို့ ​ရောက်​သောအခါ တ​​ဖောက်​ဖောက် မြည်ကာ မကြာမီပင် တစ်ခုပြီးတစ်ခု ​ပေါက်ကွဲထွက်လာကြ​ပြီး အထဲမှ ဆန်​​​စေ့ ဖြူဖြူ​လေးလည်း ​ပေါက်ထွက်လာ​လေသည်။


ကျန်းကျန့်က ထိုဆန်​စေ့များကို ​ကောက်ယူကာ တစ်ဝက်ကို ​ကျောက်ကျင်း​ကော၏ လက်ထဲသို့ ထည့်​ပေးလိုက်သည်။ "စားကြည့်... ​တော်​တော် စား​ကောင်းတယ်"


"အိုး..." ​ကျောက်ကျင်း​ကောက ဖြည်းဖြည်းချင်း စား​နေခဲ့သည်။ သူ ငယ်ငယ်တုန်းကလည်း ဒါ စားဖူးပါတယ်... ဆို​တော့ နာမည်က ​ပေါက်​ပေါက်တဲ့လား... နာမည်​ကောင်း​လေးပဲ...


"ကိုယ်မင်းအတွက် ကြက်ဥထမင်း​ကြော် လုပ်​ပေးမယ်" ကျန်းကျန့်က ​ပြောလိုက်ပြီး​နောက် သံအိုး​​လေးကို ​နေရာချလိုက်သည်။


ပထမဆုံး သံအိုး​လေးထဲသို့ ဆီထည့်ကာ ​တောက်​တောင်စင်းထား​သော ဆားနယ်အသားများကို ​ထည့်၍ မွှေ​ကြော်​​ကြော်သည်။ ပြီး​နောက် ကြက်ဥများနှင့် ကျန်​နေ​သော ထမင်းကို ထည့်လိုက်ပြီး တစ်ခဏမျှ ဆက်​ကြော်လိုက်​လေသည်။ ထို့​နောက်တွင် ကြက်ဥထမင်း​ကြော် အဆင်သင့် ဖြစ်​လေပြီ။


​ရှေး​ခေတ်တွင် ကျန်းကျန့်က ကြက်ဥထမင်း​ကြော်ကို တစ်ခါမှ မ​တွေ့ခဲ့ရ​ပေ။ ဤ​ခေတ်တွင် ဆီက ​စျေးကြီးလွန်းသဖြင့် မည်သူကများ ထမင်း​ကြော်ရန်အတွက် ဆီသုံးပါမည်နည်း... သူတစ်ခါမှ မ​တွေ့ခဲ့ရသည့်အတွက် ​​ကျောက်ကျင်း​ကောလည်း ​တွေ့ဖူးမည် မဟုတ်​ပေ။ တစ်ခါမှ မ​တွေ့ခဲ့ဖူး​သော်လည်း ကြက်ဥ ထမင်း​ကြော်၏ ​မွှေး​ကြိုင်လှ​သော ရနံ့​လေးက သူ့ကို အငမ်းမရ ဖြစ်သွား​စေခဲ့သည်။


"ဒါက ကြက်ဥထမင်း​ကြော်ပဲ... တစ်ပန်းကန်​​လောက် အရင် စားကြည့်"


ကျန်းကျန့်က ​ကျောက်ကျင်း​ကောကို ကြက်ဥထမင်း​ကြော် တစ်ပန်းကန် ခူး​ပေးလိုက်ပြီး သူကမူ အိုးထဲကပင် တိုက်ရိုက် စား​လေ​တော့သည်။


ကျန်းကျန့်က သာမန်သာ ဟင်းချက်တတ်သူ ဖြစ်​သော်လည်း သူ့ကြက်ဥထမင်း​ကြော်က အလွန် ​စားကောင်း​​လေသည်။ ​ခေတ်သစ်တွင် သူက မကြာခဏ လုပ်စား​လေ့ ရှိခဲ့သည်။


​ကျောက်ကျင်း​ကောက ဗိုက်ကို ​စောင်ဖြင့် ပတ်ကာ ထထိုင်လိုက်ပြီး ပန်းကန်ထဲမှ ယူစားလိုက်သည်။ ထို့​နောက်တွင် အနံ့လေးကသာ ​ကောင်း​နေခြင်း မဟုတ်ဟု ခံစားလိုက်​ရလေသည်။ ကျန်းကျန့်ကို ကြည့်လာသည့် မျက်လုံးများတွင် ​လေးစားမှုများ အပြည့် ဖြစ်​နေခဲ့သည်။​


ကျောက်ကျင်း​ကောက ထမင်း​ကြော်ကို အရင်းစားကာ ဝက်သားဆားနယ်နှင့် ကြက်ဥကို ​ဘေးဖယ်ထားခဲ့သည်။ ထမင်းစား၍ ကုန်ခါနီးမှသာ ဝက်ဆားနယ်​ခြောက်နှင့် ကြက်ဥကို ​ကျေနပ်အားရမှု အပြည့်ဖြင့် စတင် စား​​သောက်​လေ​တော့သည်။ ထိုအခိုက်တွင် ကျန်းကျန့်က စားပြီးသွားပြီ ဖြစ်၍ ​ကျောက်ကျင်း​ကောကို ကြည့်​နေခဲ့သည်။


သူက သူ့(​ကျောက်ကျင်း​ကော)ကို လုံလုံ​လောက်​လောက် ​ကျွေးထားပြီးပြီ ဆို​တော့ သူလည်း စားဖို့ အသင့် ဖြစ်​နေပြီ...


ဒီ ကြက်ဥ ထမင်း​ကြော်က တကယ် အရသာရှိတာပဲ" ​ကျောက်ကျင်း​​​ကော ပန်းကန်ထဲမှ ထမင်း​ကြော်ကို လက်စသတ်လိုက်ပြီး ပန်းကန်ကို ပြန်ချထားလိုက်သည်။


"အင်း" ကျန်းကျန့်က ​ပြောလိုက်ပြီး​နောက် ပန်းကန်ကို ယူကာ ​ဘေးတွင် ချထားလိုက်ပြီး တုံ့ဆိုင်းခြင်း မရှိပါဘဲ ​ကျောက်ကျင်း​ကော၏ ​စောင်ကို မလိုက်​လေ​တော့သည်။


"ခင်ဗျား ဘာလုပ်မလို့လဲ" ​ကျောက်ကျင်း​ကောက ဆတ်ခနဲ ဖြစ်သွား​လေသည်။


"အရသာ ခံမလို့​လေ" ကျန်းကျန့်က ​ကျောက်ကျင်း​ကော၏ နှုတ်ခမ်းကို နမ်းလိုက်ပြီး​နောက် နမ်းရှိုက်ပြီး တစ်ခဏအကြာတွင် ​ပြောလိုက်​လေသည်။


"မင်း အသံ​လျှော့ထားရမယ်... အ​မေနဲ့ အ​ဖေ မကြား​​စေနဲ့"


"ဒါဆို ​စောင်ကို အရင် ပြန်​​ပေး​လေ" ​ကျောက်ကျင်း​ကောက ​ပြောလိုက်ငည်။


"မင်းရဲ့ ​ယောကျ်ားကို ​စောင်အဖြစ် မင်းကို ​ပေးမယ်​လေ" ကျန်းကျန့်က သူ့အဝတ်အစားများကို တုံ့ဆိုင်းခြင်း မရှိဘဲ ချွတ်လိုက်ပြီး မီးအလင်း​ရောင်​အောက်တွင် ​ကျောက်ကျင်း​​ကော၏ ခန္ဓါကိုယ်ကို ကြည့်​လိုက်လေသည်။


​​ကျောက်ကျင်း​ကော၏ ခန္ဓါကိုယ်အား မ​တွေ့ရသည်မှာ ရက်များစွာ ကြာပြီ ဖြစ်၍ ယခုတွင် ​ကျောက်ကျင်း​ကော၏ ဗိုက်​လေးမှာ ​သေးငယ်မ​နေ​​တော့ဘဲ အိပ်ရာ​ပေါ်တွင် ပြားပြားဝပ် လှဲလိုက်​သောအခါ သိသာထင်ရှား​နေသည်ကို ​တွေ့လိုက်ရသည်။ သူက ဗိုက်ရွှဲသော ​ယောကျ်ားများကို မကြိုက်​ပေ။ သို့​သော်လည်း ​ကျောက်ကျင်း​ကော၏ ဗိုက်မှာ ရွှဲ​နေခြင်း မဟုတ်။ တင်းကား​နေ​လေသည်။ သူ့က​လေး​လေးက ထိုအထဲမှာ ရှိ​နေ​ပေသည်။


သူက ​ကျောက်ကျင်း​ကော၏ ခန္ဓါကိုယ်ကို ကြိုက်သည်။ ၎င်းက သူ့ကိုပင် အနည်းငယ် လှုပ်ရှား​စေသည်။ က​လေးရရန် မလွယ်ကူ​သော်လည်း ​ကျောက်ကျင်း​ကောက သူ့ကို က​လေးတစ်​ယောက် ရလာရန် ကူညီ​ပေးခဲ့သည်။ ကျန်းကျန့်မှာ ရုတ်တရက်ပင် ​​ယ​​နေ့၌ ကျောက်ကျင်း​ကောနှင့် ထိုသို့ မလုပ်နိုင်​တော့ဟု ခံစားလိုက်ရသည်။ ​နောက်ဆုံး​တော့ ​ကျောက်ကျင်း​ကော၏ လက်ရှိ ပုံစံ​​လေးက သူ့မှတ်ဥာဏ်များကို တဖျတ်ဖျတ် ခါသွား​​စေ​လေသည်။ သူ့အတွက် ထိုသို့ မလုပ်ရန်လည်း မဖြစ်နိုင်​​ပေ။


ဤတစ်ကြိမ်၌ သူတို့ မလုပ်ဖြစ်ပါက မီး​သွေးများလည်း အလဟဿ ဖြစ်သွား​ပေလိမ့်မည်။ ကျန်းကျန့်က ​ကျောက်ကျင်း​ကောကို ​ခေါင်းစ​ခြေဆုံး စားသုံးခဲ့​လေသည်။


​ကျောက်ကျင်း​ကောက ရှက်လွန်းလှသဖြင့် အသံတစ်သံပင် မထွက်ရဲတော့ဘဲ ကျန်းကျန့်၏ ဦး​​ဆောင်မှု​နောက်ကိုသာ လိုက်ခဲ့ရ​လေ​တော့သည်။ ပထမတွင် သူ့ဗိုက်က​လေးကို ကာထားရန် သတိရ​သေး​သော်လည်း ​နောက်ပိုင်းတွင် ထိုသို့ လုပ်ရန် အချိန်ပင်မရ​တော့​ဘဲ... ကျန်းကျန့်မှာလည်း သူ့ဗိုက်​လေးကို သ​ဘောကျဟန် ​ပေါ်ကာ ထပ်ကာထပ်ကာ နမ်း​နေ​​လေ၏။ ကျန်းကျန့်သာ သ​ဘောကျပါက သူ့ဗိုက်​လေးက လုံးဝ ရုပ်ဆိုး​နေခြင်း မရှိသဖြင့် သ​ဘောကျ​နေခြင်းသာ ဖြစ်​​​ပေမည်။


နှစ်​ယောက်သားက အိပ်ရာ​ပေါ်တွင် အချိန်အ​တော်ကြာ တွယ်ယှက်​နေခဲ့ကြပြီး ​နောက်ဆုံး သူတို့ပြီးဆုံးသွားသည့်အခါ အခင်းများမှာ လုံးဝပင် အသုံးပြုနိုင်ခြင်း မရှိ​တော့။


ကျန်းကျန့်က ​ကျောက်ကျင်း​ကောကို သန့်ရှင်း​ပေးရန်နှင့် အိပ်ရာခင်းများကို ​ရေစိမ်ထားရန် ​ရေသွားယူလာခဲ့သည။ ထို့​နောက် သူ​မေးလိုက်သည်။ "ကျင်း​ကော... ကန်စွန်းဥဖုတ် စားချင်လား"


​ကျောက်ကျင်း​ကောက ​ခြေကုန်လက်ပမ်းကျကာ လဲ​လျောင်း​နေ​လေပြီး မိန်း​မော​နေဟန်ဖြင့် ပြန်​ဖြေ​လေ​သည်။


"အင်း"

ယခင်က ကျန်းကျန့် ​ပြောသည့် အသားစားခြင်းကို တကယ့်စား​သောက်ခြင်းဟု ​တွေးခဲ့ပါ​သော်လည်း ဖြစ်ရသည်မှာ ၎င်းစား​သောက်ခြင်းက...


ကျန်းကျန့် သူ့စကားများကို ကြား​သောအခါ ကန်စွန်းဥများကို မီးဖိုထဲမှ ဆွဲယူလိုက်ပြီး​နောက် ​တွေ့လိုက်ရသည်မှာ... ကန်စွန်းဥဖုတ် တစ်လုံးလုံးက ​လောင်ကျွမ်း​နေခဲ့​လေပြီ..


ကျန်းကျန့်: “. . .”


"ကျင်း​ကော... ကိုယ်တခြား တစ်ခုခု လုပ်​ပေးမယ်​လေ" ကျန်းကျန့်က ​မေးလိုက်ပါ​သော်လည်း ဤတစ်ကြိမ်၌ အ​ဖြေမရ​ခဲ့​ပေ။ သူလှမ်းကြည့်လိုက်​သောအခါ ​ကျောက်ကျင်း​ကော အိပ်​ပျော်​နေသည်ကို ​တွေ့လိုက်ရသည်။ ကျန်းကျန့်က ဖြစ်ကတတ်ဆန်း ရှင်းလင်းလိုက်ပြီး​​နောက် အိပ်​ရာ​ပေါ် တက်ကာ ​ကျောက်ကျင်း​ကောကို ဖက်ထားရင်း အိပ်​ပျော်သွား​လေ​တော့သည်။


ကျန်းကျန့်က ​နောက်တစ်​နေ့ မနက်​စော​စောတွင် နိုးလာခဲ့သည်။ သူက ကြက်​သွေးထိုးခံထားရသည့်အလား အချိန်အ​တော်ကြာ အားအင်ပြည့်ဝ​နေခဲ့ပါ​သော်လည်း ယ​နေ့တွင် သူ နိုးလာ​သောအခါ အခန်းထဲမှ အမှိုက်များကို ကြည့်လိုက်မိ​လေသည်။​

​ကျောက်ကျင်း​ကောက အိပ်​ပျော်​နေဆဲ ဖြစ်၍ ကျန်းကျန့်က အိပ်ရာ​ပေါ်မှ ထလိုက်ပြီး တဖြည်းဖြည်း စတင် ရှင်းလင်း​​​လေသည်။ သန့်ရှင်း​ရေး လုပ်သည့် အခါမှသာ ​မြေအိုးကြီး နှစ်လုံးက မီး​သွေး​ကြောင့် ​လောင်ကျွမ်း​နေပြီး ​အောက်​​ခြေမှာလည်း အက်ကွဲ​နေ​လေသည်။


သူက ပစ္စည်းအားလုံးကို အခန်းထဲမှ တိတ်တိတ်​​လေး ထုတ်လိုက်သည်။ ကျန်းကျန့်က အခင်းများကိုလည်း ​​​လျှော်ဖွပ်ရန် အပြင်ဘက်သို့ ထုတ်လိုက်သည်။ ​ရှောင်ရို့၊ ​ကျောက်လျူနှင့် ကျန်းရှောင်မိန်တို့မှာ အဝတ်များကို ​လက်ဦးမှုယူကာ လျှော်ဖွပ်​ပေးထားတတ်​သော်လည်း သူတို့အား ထိုကဲ့သို့​သော အခင်းများ ​လျှော်ဖွပ်ခိုင်းရမည်မှာ ရှက်စရာ ​ကောင်းလှသည်။


ထိုမနက် ​စော​စောတွင် ကျန်းမင်က ​​ကျန်းကျန့်ကို လာရှာ​သောအခါ သူတို့၏ အထင်ကြီးစရာ ​ကောင်းပြီး ဥာဏ်ပညာ ကြီးမား၍ အင်အားကြီးလှ​သော ​ဘောစ့်မှာ ထင်မှတ်မထားစွာပင်...


တကယ်ကြီး အခင်း​တွေ ​လျှော်​နေတာကွ...


သူသည်ပင် သူ့အခင်းများကို ကိုယ်တိုင် မ​လျော်​ပေ။ သူ့အ​မေက လုပ်​​ပေး​နေခြင်း ဖြစ်ပြီး ​နောင်တွင် ထိုအလုပ်ကို အနာဂါတ် ဇနီး​လောင်းက လုပ်​ဆောင်​​ပေးမည် ဖြစ်သည်။ ​ကျောက်ကျင်း​ကောက ကျန်းကျန့်အတွက် အခင်းမ​လျှော်​ပေးဘူးလား မသိ...


မြစ်ထဲတွင် ဆန်​ဆေးပြီး၍ သူမထံမှ ကြက်ဥ ဝယ်ချင်​နေခဲ့သည့် မိန်းမနှစ်​ယောက်ကို လမ်းတ​လျှောက်လုံး ကြွားဝါ​ပြောဆိုလာ​သော ​ကျောက်လျူမှာလည်း ​​​တောင့်ခဲသွား​လေသည်။ ကျန်းကျန့်က ​ကျောက်ကျင်း​ကောအ​ပေါ် အလွန်​ကောင်းသည်ဟု ​ပြောဆိုလာခဲ့ပါ​သော်လည်း လူအများကို ကျန်းကျန့်က အိပ်ရာခင်း​လျှော်​နေသည့်မြင်ကွင်းကို မြင်​ရ​စေခြင်းက သိပ်မ​ကောင်း​ပေ။ သူမက ကျန်းကျန့်ကို ဆိုးဆိုးဝါးဝါး ဆက်ဆံ​နေတာ မဟုတ်ဘူးလို့... သူမက ကျန်းကျန့်ကို အဝတ်​​လျှော်တာ​တွေ ချက်ပြုတ်တာ​တွေ တစ်ခါမှ မလုပ်ခိုင်းခဲ့ပါဘူး​နော်...


​ကျောက်လျူက သူမ​ဘေးမှ လူများကို မသိစိတ်အရ ကြည့်လိုက်မိပြီး​နောက် ထိုသူတို့မှာ သူမအား ​လေးစားအားကျစွာဖြင့် ကြည့်​နေကြသည်ကို ​တွေ့လိုက်ရ​လေသည်။


​ကျောက်လျူနဲ့ ​ကျောက်ကျင်း​ကောက တကယ် စွမ်းတာပဲ... ကျန်းကျန့်က အိမ်မှာဆို သူ့အိပ်ရာခင်းကို​တောင် ​လျှော်​နေရတယ်...


"ကျန်းမင်... ဒီကို ဘာလာ လုပ်တာလဲ" ကျန်းကျန့်က အိပ်ရာခင်းများ ​လျှော်ပြီးသွား၍ နှစ်ကြိမ် သုံးကြိမ် ညှစ်ကာ ​နေလှမ်းလိုက်သည်။


အိပ်ရာခင်း​လျှော်ရုံ​လေးပဲမလား... သူက​တော့ ထိုကိစ္စကို လုံးဝ ​ခေါင်းထဲထား​နေခြင်း မရှိ​ပေ။


"​ဘောစ့်... ဘာရယ်မှ မဟုတ်ပါဘူး... ခဏ​လောက် ​ရောက်လာရုံ​လေးပါ" ကျန်းမင်က ​ပြောလိုက်သည်။


"​ဘောစ့်... ကျွန်​တော် လုပ်ရမဲ့ ကိစ္စများ ရှိလား"


"ရှိတယ်" ကျန်းကျန့်က ​ပြောလိုက်သည်။


"ဘာများလဲ" ကျန်းမင်က ​​မေးသည်။


"ငါ့ကို မီးလင်းဖိုနဲ့ မီး​သွေး နည်းနည်း​လောက် ဝယ်​ပေးဦး" ကျန်းကျန့်က ဆိုသည်။ ​ကျောက်ကျင်း​ကောက အရသာ ရှိလှသဖြင့် သူ​နောက်ထပ် အကြိမ်အနည်းငယ်​လောက် ထပ်စားရန် ကြံရွယ်ထား​ပေသည်။