အပိုင်း၁၄၂
Viewers 31k

Chapter 142

Chapter 142

လက်ထပ်ခွင့်​ ​တောင်းဆိုမှု ကျရှုံးသွား



လတစ်ဝက်အကြာတွင် မြင်းက ​သေချာထိန်း​ကျောင်းခံထားရပြီး သူ့လူများကလည်း မြင်းနှင့် ပိုရင်းနှီးလာကြကာ ​သေချာ ထိန်း​ကျောင်းလာနိုင်ကြသည့်အတွက် ကျန်းကျန့်က မြင်းကို ​ကျန့်မိသားစုမှ ​ဟယ့်ရှီရွာသို့ ပြန်ယူလာခဲ့သည်။


ရထားလုံးအတွက်ကား... အချိန်တစ်ခုအထိ သုံးနိုင်ဦးမည် မဟုတ်ဘဲ ထိုကဲ့သို့​သော ရထားလုံး​ကောင်း​လေးကို ကုန်စည်သယ်ရာတွင်လည်း မသုံးချင်သည့်အတွက် ကျန့်မိသားစုတွင်သာ ထားခဲ့​လေသည်။


ကျန်းကျန့်က မြို့​တော်က​နေ မြင်းတစ်​ကောင်ဝယ်လာမယ်လို့ မထင်ထားဘူး... ​


ကျောက်လျူက မြင်းကို ကြည့်၍ ဂုဏ်ယူဝံ့ကြွားစိတ်များ ဝင်လာပါ​သော်လည်း သူမထက် အရပ်ပိုရှည်​နေ​သော မြင်းကို ​ကြောက်ရွံ့​နေ​သေးသည် ဖြစ်၍ ​ရှေ့မတိုးရဲပါ​ပေ။


ဖု​ချောင်သို့ မသွားခင်မှာပင် ကျန်းကျန့်က အရာများစွာ လုပ်ခဲ့သည်။ မြင်းကို စီရင်စုမြို့မှ အိမ်ပြန်​ခေါ်လာသည့်အပြင် မိသားစုနှစ်စုကိုလည်း သင်ခန်းစာ ​ပေးခဲ့​သေးသည်။ သူတို့ထဲမှ တစ်စုက ​ကျောက်လျူ၏ မိခင်ဘက်မှ မိသားစုဖြစ်သည်။


​ကျောက်လျူ၏ မိသားစုက ကျန်းကျန့်နှင့် ​ကျောက်ကျင်း​ကော၏ မင်္ဂလာပွဲတွင် ပြဿနာ လာရှာကြပြီး​နောက် ကျန်းကျန့်ထံမှ အရိုက်ခံလိုက်ကြရပြီး ကျန်းကျန့်က သူတို့ကို ​ငွေပြန်​ပေးရန် ​ပြောခဲ့သည်... သို့​သော်လည်း သူတို့က ​ငွေပြန်မ​ပေးခဲ့ကြ​ပေ။


ကျန်းကျန့် ယခင်က သူတို့ကို ဂရုမစိုက်နိုင်ခဲ့သည်မှာ ထိုအချိန်က ကိစ္စများစွာ ဖြစ်ပွား​နေ​သော​ကြောင့် ဖြစ်ပြီး မြို့​တော်သို့ သွားရသည့်အခါတွင်လည်း သူ့တို့ကို ပို၍ ဂရုမထားနိုင်သဖြင့် သက်​တောင့်သက်သာ ရှိသည့် ဘဝကို အချိန်တစ်ခုမျှ ​နေ​​​စေရန် ခွင့်ပြုထားခဲ့ခြင်း ဖြစ်သည်။ သို့​သော်လည်း ကျန်းကျန့် ​ငွေအ​မြောက်အများ ရလာသည်ကို ကြား​သောအခါ ​ကျောက်လျူ၏ မိသားစုက ​ကျောက်မိသားစုထံ ​ရောက်လာကြပြီး ​ကျောက်လျူကို ​​ငွေ​ပေးရန်ပင် ​တောင်းဆိုခဲ့ကြသည်။ ​ကျောက်လျူက အစပိုင်းတွင် သူမ၏ မိသားစုထံမှ ​ရောင်းစားခံလိုက်ရပါ​သော်လည်း ​ကျောက်လျူငွေရှိလာ​သောအခါ မိသားစုကို ကြည့်ရှု​ပေးသင့်သည်ဟု သူတို့က ခံစား​နေကြ​လေသည်။



မည်သို့ပင်ဆို​​စေကာမူ ထိုသို့ ​တွေးကြပြီး​နောက် သူတို့က အ​ကောင်အထည်​ဖော်ရန် ကြိုးစားလာကြ​လေသည်။ သို့​သော်လည်း အထမ​မြောက်ခင်မှာပင် ကျန်းကျန့်၏ လူများက ကျန်းကျန့်အား သူတို့၏ ရည်ရွယ်ချက်များအ​ကြောင်း ​ပြောပြလိုက်ကြသဖြင့် ​နောက်တွင်... ​ကျောက်လျူကို မ​တွေ့ရခင်မှာပင် ကျန်းကျန့်၏ လူများထံမှ အရိုက်ခံလိုက်ကြရသည်။ ထိုမျှမက​သေး ​ကျောက်လျူထံမှ ​ချေးထားသည့် ​ငွေများမှာလည်း နှစ်ဆ ဖြစ်သွား​လေသည်။


အခွင့်အ​ရေး ​ပေးပြီး​နောက် ​ကျန်းကျန့်က ​ကျောက်လျူကို ​ငွေများ​ပေးခဲ့သည်။ ​


ကျောက်လျူက ထို​ငွေများမှာ သူမ၏ မိသားစုထံမှ ဖြစ်​ကြောင်း မသိခဲ့​ဘဲ ကျန်းကျန့်ထံရလာ​သော ​ငွေဟုသာ ​တွေးခဲ့သည်။ မတိုင်ခင်ကလည်း ကျန်းကျန့်က သူမကို ​ငွေများ မကြာခဏ ​ပေး​လေ့ ရှိပြီး အကြိမ်တိုင်းလည်း အိမ်စရိတ်သုံးရန်ဟု ​ပြောခဲ့သည်။


ကျန်းကျန့်က ​ကျောက်လျူကို မရှင်းပြ​တော့ဘဲ ထွက်သွားပြီး​နောက် အခြားကိစ္စများကို တပြုံးပြုံးနှင့် လုပ်​ဆောင်​နေသည်။


ကျန်းကျန့်ထံမှ သင်ခန်းစာ​ပေးခံရသည့် ဒုတိယ မိသားစုမှာ ကျန်း​ရှောင်မိန်ကို ဝယ်ယူရန် ကြိုးပမ်းခဲ့သည့် လျန်ဖူဖာ၏ မိသားစု ဖြစ်သည်။


မူလတွင် လျန်ဖူဖာက ကျန်းကျန့်နှင့် မည်သို့မှ မသက်ဆိုင်ပါ​သော်လည်း ကျန်းကျန့်က လျန်ဖူဖာ၏ မိသားစုမှာ ကျန်း​ရှောင်မိန်ကို ဝယ်ယူရာ၌ ကျရှုံးသွားခဲ့ပြီး​နောက် အခြားရွာမှ မိန်းက​လေးတစ်​ယောက်ကို ​ချော့​မော့​မြှောက်ပင့်ကာ နားချနိုင်ခဲ့​ကြောင်း မ​တော်တဆ ကြားသိခဲ့ရသည်။ သူတို့က သူမကို ပိုက်ဆံတစ်ပြားမှ အကုန်အကျ မခံဘဲ လက်ထပ်ချင်ရုံသာမက ထိုမိန်းမငယ်​လေးကို သူတို့၏ မိသားစုအတွက် ကျွဲလိုနွားလို အလုပ်လုပ်​စေခဲ့သည်။ ကျန်းကျန့်က သူ့ကို ကိုယ်တိုင်ကိုယ်ကျ သင်ခန်းစာမ​ပေးခဲ့ဘဲ လျန်ဖူဖာကို နှစ်ပြားမတန်​အောင် ​ပြောဆိုခိုင်းပြီး အရိုက်ခံရသည့် အ​တွေ့အကြုံ ခံစား​ရစေရန် သူ့လူများကိုသာ လုပ်​ဆောင်ခိုင်းခဲ့သည်။ လျန်ဖူဖာ၏ ပထမဇနီးက သူမ၏ အ​မေအိမ်သို့ ပြန်သွားသည်ကို ကြားသိရ​သောအခါ ထိုအမျိုးသမီးကို ကွာရှင်းစာချုပ် ရရန် ကူညီ​ပေးခဲ့​သေးသည်။ မိန်းမများအား ရိုက်နှက်ရသည်ကို ကြိုက်သည့် ထိုလူအတွက်ကား မည်သည့်အမျိုးသမီးနှင့်မှ လက်ထပ်ခွင့်မပြုခြင်းက အ​ကောင်းဆုံးသာ ဖြစ်သည်။


ကျန်းကျန့် မြို့​တော်မှ ပြန်လာပြီး​နောက် ဟယ့်ရှီတွင် ရက်နှစ်ဆယ် ​​နေခဲ့သဖြင့် ဒီဇင်ဘာလသို့ ​ရောက်ရှိခဲ့​လေပြီ။ တစ်လအတွင်း နှစ်သစ်ကူး​တော့မည် ဖြစ်၍ ထိုကုန်ပစ္စည်းများကို မ​ရောင်းရ​သေးပါက နှစ်သစ်တွင်ပါ ​နေရ​ပေ​တော့မည်။


ကျန်းကျင့်နှင်​ကျောက်ကျင်း​ကောက ကိုယ်ပိုင်သင်္ဘောသားများနှင့်အတူ ဟယ်​ချောင်မှ ထွက်ခွာကာ ဖု​ချောင်သို့ သွားခဲ့သည်။


နှစ်သစ်ကူး​ချိန် နီးလာသည် ဖြစ်၍ မြို့က အလွန် လှုပ်ရှားသက်ဝင်​နေပြီး ပစ္စည်းအမျိုးအစားအားလုံးကလည်း အ​ရောင်းသွက်​နေသည်။ ကျန်းကျန့်က ကျန့်ရီ မိတ်ဆက်​ပေးထားသည့် ကုန်သည်များစွာနှင့် စာချုပ်ချုပ်ပြီး​နောက် သူဝယ်လာသည့် ​ဆေးပစ္စည်းများ၊ လက်ဝတ်ရတနာ၊ သား​မွှေးနှင့် အခြားအရာများအားလုံး ချက်ချင်း ​ရောင်းကုန်သွား​လေသည်။


ကျန့်မိသားစုက ​ဟယ်​ချောင်စီရင်စုတွင် ​နေကြ​သော်လည်း ဤမြို့တွင် အဆက်အသွယ် အနည်းငယ် ရှိ​နေဆဲ ဖြစ်သည်။ ကျန့်ရီ၏ ဂရုစိုက်မှု ​အောက်တွင် ရှိ​နေ​သော ကျန်းကျန့်မှာ ထိုမြို့တွင် ရက်အနည်းငယ် ကုန်ဆုံးကာ ကုန်ပစ္စည်းများ စစ်​ဆေး ​ရောင်းချချိန်၌ အခက်အခဲ တစ်စုံတစ်ရာမှ မ​တွေ့ခဲ့ရ​ပေ။


အရာအားလုံး ​​ချော​ချော​မွေ့​မွေ့ ဖြစ်သွားသည်ကို ​တွေ့လိုက်ရ​သောအခါ ကျန်းကျန့်က အုတ်ဖိုများအ​ကြောင်း စတင် စုံစမ်း​လေ​တော့သည်။ ဖု​ချောင်အနီးတွင် အုတ်ဖိုများစွာ ရှိကြပြီး ထိုအုတ်ဖိုများမှာ ဤ​နေရာရှိ မိသားစုကြီးများ၏ လက်​​အောက်မှ ဖြစ်ကြသည်။ အားလုံး​သော အုတ်ဖုတ်သမားများမှာ ထိုမိသားစုကြီးများနှင့် အ​ရောင်းစာချုပ် လက်မှတ်ထိုးထားကြရ​လေသည်။


ကျန်းကျန့်က ထိုအ​ကြောင်းကို တစ်ခဏမျှ စုံစမ်းပြီး​နောက် အဆုံးတွင် ထိုမိသားစုကြီးများထဲမှ တစ်ခုအတွက် အုတ်ဖုတ်​​ပေး​နေသည့် အုတ်ဖုတ်သမား နှစ်​ယောက်ကို ​ဝယ်လာခဲ့သည်။


အုတ်ဖုတ်​ပေးနိုင်သည့် လက်မှုဆရာ နှစ်​ယောက်လုံးက ကျန်းမျိုးရိုးများ ဖြစ်ကြပြီး အ​ဖေနှင့်သားအတွဲ ဖြစ်သည်။ သားက လက်မထပ်ရ​သေးဘဲ ဆယ့်ငါး၊ဆယ့်​ခြောက်နှစ် ရှိပြီ ဖြစ်သည်။ သို့​သော်ငြား သူနှင့် အတူ အုတ်ဖုတ်သည့် အလုပ် လုပ်ကိုင်​သော သူ့အ​ဖေမှာ ဇနီးတစ်​ယောက်နှင့် က​လေး ငါး​ယောက် ရှိ​​လေသည်။


ကျန်းကျန့်က အ​ဖေနှင့်သားကို ဝယ်လာပြီး ​ဘောနပ်စ်အ​နေဖြင့် က​​​လေးများပါ ပါလာခဲ့သည်။ ကျန်းကျန့်မှာ ထိုမိသားစုက က​လေး​မွေးနိုင်လွန်း၍ မိသားစုကြီးက သူတို့ကို ​ရောင်းရန် ဆန္ဒရှိ​နေခြင်း​ပေ​လားဟု သိချင်သွားရသည်။


ကျန်းကျန့်က ထိုသို့ ​တွေး​​နေခဲ့ပါ​သော်လည်း မကြာခင်မှာပင် ၎င်းက တကယ့်အ​ကြောင်းရင်း မဟုတ်​ကြောင်း သိသွား​လေသည်။ ထိုအ​ဖေနှင့်သားကို သူ့ထံသို့ ​ရောင်းချခဲ့သည့် တကယ့်အ​ကြောင်းအရင်းမှာ သူတို့၏ မိသားစုက က​​လေးများလွန်းသည်​ကြောင့် မဟုတ်ဘဲ သူတို့၏ အုတ်ဖုတ်လက်ရာက သိပ်မ​ကောင်း​သော​ကြောင့် ဖြစ်သည်။


"ကျွန်​တော်က အကြာကြီး မသင်ခဲ့ရ​တော့ တစ်ခါတစ်​လေ မ​ကောင်းတဲ့ အုတ်​တွေလည်း ဖုတ်မိတယ်" အ​ဖေဖြစ်သူက ကျန်းကျန့်ကို ခပ်ရှက်ရှက် ကြည့်လိုက်သည်။ အုတ်​ကောင်းများ ဖုတ်နိုင်ရန်အတွက် အချိန်အ​တော်ကြာ ​လေ့ကျင့်ရန် လိုအပ်ပါ​သော်လည်း သူနှင့် သူ့သားတို့မှာ အသစ်များသာ ဖြစ်ကြပြီး များများစားစား မ​လေ့ကျင့်ရ​သေး​ပေ။ သူတို့ မတိုင်မီက အုတ်များ ဖုတ်ခဲ့ဖူး​သော်လည်း သူတို့ ဖုတ်ထား​သော အုတ်များမှာ ရံဖန်ရံခါတွင် အသုံးမတည့်လှ​ပေ။


ကျန်းကျန့်သည်လည်း ထိုအ​ကြောင်းကို သိ​ပေသည်။ ဤ​ခေတ်တွင် မည်သူကမှ နည်းပညာကို အခြားသူများထံ လက်လွှဲမ​ပေးလိုကြဘဲ သူ့ထံသို့ ကျွမ်းကျင်ပညာရှင်ကို ​လွယ်လွယ်ကူကူ ​ရောင်းချလိုက်ရန် မဖြစ်နိုင်သဖြင့် အံ့သြစရာ မဟုတ်​တော့ပေ။


"မင်းက အုတ်ဖုတ်နိုင်မလား"


"ကျွန်​တော် ​နောက်ထပ်များများ ​လေ့ကျင့်လိုက်ရင် ဖြစ်မှာပါ... ​သေချာပါတယ်... ကျွန်​တော် ကြိုးကြိုးစားစား လုပ်ပါ့မယ်" သက်လတ်ပိုင်းလူက ​ပြောလိုက်သည်။ "အခု ​ရေထည့်ရုံ​လေးပဲဆို​တော့ မ​သေချာသေးတာပါ"


​ရေထည့်တယ်... ကျန်းကျန့်က မတိုင်မီက အုတ်ဖုတ်စက်ရုံသို့ ​ရောက်ဖူး​ပြီး အုတ် မည်သို့ ဖုတ်ရမည်ကို အကြမ်းဖျင်း သိသည်။ သို့​သော်လည်း အုတ်ဖုတ်ရန် ​ရေထည့်ရ​သည့်အ​ကြောင်းကိုကား တစ်ခါမှ မကြားဖူးခဲ့​ပေ။


"အဲ့အ​ကြောင်း ဆက်​ပြော" ကျန်းကျန့်က ​​ပြောလိုကိသည်။


ကျန်းကျန့် ​မေးလိုက်​သောအခါ ထိုလူက အ​သေးစိတ်ကျကျ ရှင်းပြခဲ့​သော်လည်း ကျန်းကျန့် နား​ထောင်ကြည့်လိုက်​သောအခါ ရုတ်တရက် ​တွေ့ရှိလိုက်ရသည်မှာ... ဒီ​ရှေး​ခေတ်က အုတ်ဖုတ်တဲ့ နည်းပညာက ​ခေတ်သစ်ကထက် ပိုရှုပ်​ထွေးတာပဲ... ပြီး​တော့လည်း ​ခေတ်သစ်မှာ ​အိမ်​ဆောက်ကြတဲ့ အနီ​ရောင်အုတ်​တွေက ​ရှေး​ခေတ်ကထက် အဆင့်အတန်း နိမ့်တယ်လို့ သတ်မှတ်လို့ ရတယ်...


​ရှေး​ခေတ် အစိမ်း​ရောင်အုတ်များမှာ မီးဖုတ်ပြီး​နောက် ​အေးသွား​စေရန် ​ရေထည့်​ခြင်းဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ထို့မှသာ ၎င်းတို့က ခိုင်ခံ့၍ တာရှည်ခံ​​ပေမည်။ ၎င်းတို့က အိမ်တစ်အိမ်​ဆောက်ပြီး​နောက် နှစ်​ပေါင်းတစ်​ထောင်​​လောက်ထိ မပျက်စီးနိုင်​ပေ။ သို့​သော်ငြား သဘာဝကျကျ အ​အေးခံထားသော အနီ​ရောင် အုတ်များမှာ ထိုအစိမ်း​ရောင်အုတ်များထက် ပို၍ သက်တမ်းတို​သည်။ ထို့​ကြောင့် ဤ​ခေတ်တွင် အနီ​ရောင်အုတ် ဖုတ်မိပါက အရည်အ​​သွေးမမီဟု ဆိုကာ ပစ်လွှင့်ခံရ​ပေမည်။


​သေချာ​ပေါက်ပင် ဤ​ခေတ်မှ အနီ​ရောင်အုတ်များက ​ကျောက်မီး​​သွေးလည်း မသုံးထားဘဲ အပူချိန်ကလည်း မမြင့်သည့်အတွက် ​နောက်ပိုင်းမျိုးဆက်များနှင့် အ​ရောင်တူသည်​တော့ မဟုတ်​ပေ။ သူတို့က တစ်ခါတစ်ရံ အစိမ်းနှင့်အနီ​​ရောင် ရော​နှော​နေတတ်သဖြင့် အဆုံးတွင် ​နောက်ပိုင်းမျိုးဆက်များ၏ အနီ​ရောင် အုတ်များနှင့် အ​တော်​​လေး ကွဲပြား​နေ​ပေသည်။ သို့​သော်ငြား ထိုကဲ့သို့​သော အုတ်များမှာ အသုံးမဝင်သည်​တော့ မဟုတ်​ပေ။


"မင်း ငါနဲ့အတူ ပြန်သွားရင် စပြီးအုတ်ဖုတ်လို့ ရပြီ... ပြီး​တော့ အစပိုင်းမှာ ဖုတ်လို့ ရတဲ့ အရည်အ​သွေးမပြည့်တဲ့ အုတ်​တွေကို ကြမ်းပြင်လုပ်ဖို့အတွက် သုံးလို့ ရ​သေးတယ်" ကျန်းကျန့်က ​ပြောလိုက်သည်။ ထိုလူနှစ်​ယောက်က အ​တွေ့အကြုံမဲ့​နေခြင်းသာ ဖြစ်​သော်လည်း ​လေ့ကျင့်၍ ရ​နေ​သေးသည်။


ထိုအချိန်တွင် မိသားစုကြီးက အပြစ်အနာအဆာရှိ​သော ထုတ်ကုန်များကို အသုံးမပြုချင်​သော်လည်း သူက​တော့ စိတ်ထဲ မထား​​ပေ။ ကျန်းကျန့်ကဘိလပ်မြေကို ရွှံ့မှဖုတ်ထားခြင်းဖြစ်​ကြောင်း သိ​နေသည်။ သို့​သော်လည်း ဘိလပ်မြေမှာ အုတ်များနှင့် ကွဲပြား​ပေသည်။ ဘိလပ်မြေ လုပ်ရန် ​ဖော်မြူလာလိုအပ်သည်။ ထို့​ကြောင့် သူက မည်သို့ လုပ်ရမည်ကို မသိ​ပေ။ ကံအား​လျော်စွာဖြင့် ဤ​ခေတ်တွင် ဘိလပ်မြေ မရှိပါ​​သော်လည်း အခြား​သော ​ရွေးချယ်စရာ နည်းလမ်းများစွာ ရှိ​နေဆဲ ဖြစ်သည်။


လူဝယ်ပြီး​နောက် ကျန်းကျန့်က လုပ်စရာ မရှိ​တော့သဖြင့် ​ကျောက်ကျင်း​ကောကို ​ခေါ်ကာ ဖု​ချောင်တွင် ​စျေးဝယ်ထွက်ခဲ့သည်။


ကျန်းကျန့်က ​ကျောက်ကျင်းကောအား ဖု​ချောင်သို့ တစ်ကြိမ် ​ခေါ်လာခဲ့ဖူး​သော်လည်း ထိုအချိန်က ​ငွေမရှိသဖြင့် မည်သည်ကိုမှ မဝယ်ခဲ့ကြ​​ပေ။ သို့​​သော်လည်း ယခုတစ်​ခေါက်က ကွဲပြားသွား​လေပြီ။


ကျန်းကျန့်နှင့် ​ကျောက်ကျင်း​ကောက မြို့​တော်သို့ ​ရောက်ဖူးပြီး မြို့ကြီးတစ်မြို့၏ ကြွယ်ဝချမ်းသာမှုကို ​တွေ့မြင်ခဲ့ကြရသည်။ သို့​သော်လည်း မြို့​​တော်နှင့် နှိုင်းယှဥ်ပါက ဤမြို့မှာ လုံးဝကွဲပြား​လေပြီး ဤ​နေရာရှိ အချို့ပစ္စည်းများမှာ အထူး​ကောင်းမွန်ကာ ပုံစံများမှာလည်း မြို့​တော်ရှိ ပစ္စည်းများထက် ပို၍ အနုစိတ်သည်။ ဥပမာအားဖြင့် ပါးနီ၊ ​ပေါင်ဒါနှင့် လက်ဝတ်ရတနာများမှာ မြို့​တော်ရှိ ပစ္စည်းများထက် အရည်အ​သွေးမနိမ့်ပါးဘဲ ​စျေးကလည်း ပိုချိုသည်။


ကျန်းကျန့်က လှည့်ပတ်ကြည့်ရှုလိုက်ပြီး​နောက် ​ကျောက်လျူအတွက် တစ်ခုခု ဝယ်သွားရမည်ဟု ​တွေးခဲ့သည်။


​ကျောက်ကျင်း​ကောက ကျန်းကျန့်​နောက် လိုက်​နေပြီး ပစ္စည်းများကိုင်တွယ်​နေသည်ကို ကြည့်ကာ အနည်းငယ် ​ပျော်ရွှင်လာရပါ​သော်လည်း ကျန်းကျန့်က သူ့အတွက် လုံးဝ ​တွေးမထားသည်ကို ​တွေ့လိုက်ရမှသာ အနည်းငယ် ​နေရခက်သွား​လေသည်။


"လူကြီးမင်း... ဒီလက်​ကောက်​လေးကို ဘယ်လို သ​ဘောရလဲ... သူက ခင်ဗျား​ဘေးက ဒီ... ​ကောနဲ့ အရမ်း သင့်​တော်ပါတယ်"


လက်ဝတ်ရတနာဆိုင်ထဲမှ လူများက ကျန်းကျန့်က ရတနာများအ​ကြောင်း ​မေး​နေသည်ကို ကြားလိုက်ရ​သောအခါ ​ကောတစ်​ယောက် ဝတ်ရင် သင့်​လျော်သည့် ​ငွေလက်​ကောက် တစ်ကွင်း ထုတ်ယူလာခဲ့ကြသည်။


"ကျွန်​တော် လိုချင်တာ သူ့အတွက် မဟုတ်ပါဘူး... ကျွန်​တော့်အ​မေအတွက်ပါ" ကျန်းကျန့်က ​ပြောလိုက်ပြီး​နောက် ဆိုင်ရှင်အား အခြား​​သော ဒီဇိုင်းများ ထုတ်ယူခိုင်းလိုက်သည်။


မြို့​တော်မှ ကျန်းကျန့် ဝယ်လာခဲ့သည့် ရတနာများမှာ အလွန်​လေးလံလှ​သော်လည်း အလွန် ထည်ဝါမှု မရှိ​ပေ။ အဆုံးတွင် သူက ထိုအချိန်၌ ​ကျောက်ကျင်း​​ကောနှင့်အတူ လှည့်ပတ်ကြည့်ရှုခဲ့ပြီး​နောက်တွင်... မြို့​တော်မှ ​စျေးနှုန်းများက အလွန် မြင့်မားလှသည်ဟု ထင်မိသည်။


ထိုရတနာများကို ကြွားဝါရန်အတွက် ​ကောင်းမွန်​သော်လည်း ထသွားထလာဝတ်ရန် မသင့်​တော်သဖြင့် ​ကျန်းကျန့်က ဤတစ်ကြိမ်တွင် သူမအတွက် လက်ရာ​ကောင်းမည့် ရတနာ​လေးများ ရှာဝယ်​ပေးသွားရန် စိတ်ကူးထားသည်။


ကျန်းကျန့်က ဆိုင်ရှင်ကို ကြည့်ရှုရန်အတွက် ပစ္စည်းများစွာ ထုတ်ယူလာရန် ​ပြောပြီး​နောက်တွင် နဂါးနှင့် ဇာမဏီငှက်ပုံ ပုံ​ဖော်ထား​သော ​ရွှေလက်​ကောက်ပြား​​လေးတစ်စုံနှင့် နဂါးသွဲ့​ကျောက် ကွပ်ထားသည့် ဆံထိုး​လေးတစ်ခုကို ​ရွေးချယ်ခဲ့သည်။


​​ရွေးချယ်ပြီး​နောက် ကျန်းကျန့်က ပစ္စည်းများကို ထုပ်ခိုင်းလိုက်သည်။


"လူကြီးမင်း... ခင်ဗျားရဲ့​ကော​လေး​အတွက်​ရော မ​ရွေး​တော့ဘူးလား" ထုပ်ပိုး​နေစဥ်တွင် ဆိုင်ရှင်က ​ပြောလိုက်သည်။


"ခင်ဗျားရဲ့​ကောက က​လေးလွယ်ထားရတာ​လေ... သူ့ကို လက်ဝတ်ရတနာ​တွေ ဝယ်​ပေးရင် ​ပျော်သွားမှာပဲ"


ဆိုင်ရှင်က ကျန်းကျန့် သူ့အ​မေအတွက်သာ ပစ္စည်း​​ရွေးပြီး သူ့​နောက်ကို လိုက်​နေသည့်​ကောအတွက် မ​ရွေး​ပေးသည်ကို ​တွေ့လိုက်ရသည်။ ထို​ကောက ကိုယ်​ပေါ်တွင် မည်သည့် အဆင်တန်ဆာမှ ဆင်ယင်မထားသဖြင့် ဆိုင်ရှင်မှာ ​ကျောက်ကျင်း​ကောကို သနားစိတ်ဝင်သွား​လေ၏။ ဒီ​ကော​လေးက ရုပ်ဆိုးတဲ့အပြင် သူ့​ယောကျ်ားကလည်း သူ့ကို လျစ်လျူရှုထားတယ်... တကယ် သနားဖို့ ​ကောင်းတာပဲ...


ကျန်းကျန့်က ကြက်​သေ​သေသွားရ​လေသည်။ သူက ​ကျောက်လျူအတွက် ဟိုဟိုသည်သည် ပစ္စည်းများ ဝယ်​ပေးရခြင်းမှာ အခြားလူများက သူ့ကို ​​ပျော်စရာ ​ကောင်းသည့် ဘဝ​လေးတွင် ​နေလိုပါက ​ယောက္ခမကို စိတ်​ကျေနပ်​စေရန် လုပ်​ပေးရမည်ဟု ​ပြောပြထားဖူး​သော​​ကြောင့် ဖြစ်သည်။ ​ကျောက်လျူကို လက်​တွေ့စမ်းသပ်ကြည့်ရ​သောအခါ ၎င်းက အမှန်ပင် ဖြစ်​နေသည်။ သူ့​ယောက္ခမ ​ကျောက်လျူက သူ့ကို လုံးဝ ​ကျေနပ်၍ ​နေ​လေသည်။ သူက ​ကျောက်လျူကို ရတနာ ဝယ်​ပေးချင်​နေသဖြင့် ​ကျောက်ကျင်း​ကောကို သတိမထားမိဘဲ ဖြစ်သွားရသည်။


“ကျွန်​တော်က လက်ဝတ်လက်စား​တွေ ဝတ်ရတာ မကြိုက်ဘူး"


"လက်ဝတ်လက်စား ဝတ်ရတာကို မကြိုက်တဲ့သူ ဘယ်သူရှိမှာလဲ... ဝတ်ရတာ မကြိုက်ရင်လည်း သိမ်းထားလို့ ရ​တာပဲ​လေ" ဆိုင်ရှင်က ထပ်​ပြောလိုက်သည်။


"ဆိုင်ရှင်... ကျွန်​တော်တို့နဲ့ လိုက်မဲ့ လက်စွပ်များ ရှိမလား" ကျန်းကျန့်က ရုတ်တရက် ထမေးလိုက်သည်။


"ရှိပါတယ်... ခင်ဗျားက ဘယ်လိုပုံစံမျိုး ကြိုက်လဲ" ဆိုင်ရှင်က ​မေးလိုက်သည်။


"ကြည့်ရ​အောင်​လေ" ကျန်းကျန့်က ​ပြောသည်။


ခင်းကျင်းထားသည့် ရတနာများက အနည်းငယ်သာ ရှိသဖြင့် ကျန်းကျန့်က တစ်ထပ်တည်းတူ​သော ​ကျောက်စိမ်းလက်စွပ်နှစ်ကွင်းကို ရှာတွေ့ရန် အချိန်သိပ်မကြာလိုက်​​​ဘဲ ​မေးလိုက်သည်။


"ဒီဆိုင်ရဲ့ ပန်းတိမ်ပညာရှင်က အထဲမှာလား"


"ဟုတ်ပါတယ်... ပန်းတိမ်ဆရာက အ​နောက်မှာပါ" ဆိုင်ရှင်က ဤဆိုင်ဖွင့်ထားသည့် ပန်းတိမ်ဆရာ များစွာ ရှိ​ကြောင်း ​ပြောလိုက်သည်။


"ကျင်း​ကော... အပြင်ဘက်မှာ ကိုယ့်ကို ခဏ​စောင့်​နော်" ကျန်းကျန့်က​ ​ပြောလိုက်ပြီး​နောက် ရတနာဆိုင်၏ အတွင်းဘက်သို့ ဆိုင်ရှင်​နောက်မှ လိုက်သွား​လေသည်။


​​ကျောက်ကျင်း​ကောက ကျန်းကျန့် ထိုသို့ထွက်သွားသည်ကို မြင်​သောအခါ အနည်းငယ် ရှုပ်​ထွေးသွား​လေသည်။ ကျန်းကျန့်က သူ့ကို လက်စွပ် ဝယ်​ပေးမလို့လား... တစ်ထပ်တည်းတူတဲ့ လက်စွပ်နှစ်ကွင်း​​လေ... သူက တစ်ကွင်း ဝတ်ရင် ကျန်းကျန့်က ​နောက်တစ်ကွင်း ဝတ်မှာများလား... ဒါကသာ တကယ်ဆိုရင် ​ကောင်းမှာပဲ...


"မရီး... ​ဘောစ့်က မရီးအတွက် တစ်ခုခု ဝယ်​ပေးမလို့ ထင်တယ်" သူတို့နှင့် လိုက်ခဲ့သည့် ကျန်းမင်က ​ကျောက်ကျင်း​ကောကို ကာကွယ်​ပေးရန် တာဝန်ကျ​နေပြီး ​ခေါင်းကို ​စောင်းကာ ​ပြောလိုက်သည်။


​ကျောက်ကျင်း​ကောက ပို၍ပင် တ​​မျှော်​မျှော် ဖြစ်သွား​လေသည်။ သို့​သော်ငြား အချိန်အ​တော်ကြာမှ ကျန်းကျန့် ပြန်ထွက်လာ​သောအခါ တစ်ပုံစံတည်းသာ ဖြစ်​နေခဲ့သည်။ ယခင်က သူ့လက်ထဲတွင် ကိုင်ထားခဲ့သည့် လက်စွပ် နှစ်ကွင်းအား မည်သည့်​နေရာတွင် ထားခဲ့သည်လဲ မသိပါ​​ပေ။


"လာ​လေ... ကိုယ်တို့ ပြန်ရ​​အောင်" ကျန်းကျန့်က ​ပြောလိုက်သည်။ ပြီး​နောက် သူကပင် အရင်ဆုံး ထွက်သွား​​လေ​တော့သည်။


​ကျောက်ကျင်း​ကောက ​နောက်ကလိုက်​နေပြီး ရုတ်တရက် ဆိုသလို မဆိုသ​လောက်​လေး ဝမ်းနည်းသွား​လေသည်။