အခန်း ၉၄
Viewers 8k

Chapter 94

တရားဝင်


လင်းရွှမ် စကား၏ အဓိပ္ပါယ်မှာ အလွန်ထင်ရှားသည်။ ယခင်က လင်းယောင်ယောင် ကတိပြုခဲ့သော "အလောင်းအစား" ကို ရည်ညွှန်းခြင်းပင်။ ဤသုံးယောက်-တစ်ယောက်ပွဲမှာ သူ အနိုင်ရခဲ့ပါက သူကချက်ချင်း တရားဝင်ချစ်သူတစ်ယောက် ဖြစ်လာမည်ဆိုတာကိုပင်။


လင်းယောင်ယောင် က စိတ်ပိုင်းဆိုင်ရာ တင်းမာမှု စက်ဝန်းများဖြင့် တိုက်ခိုက်ခြင်းမပြုခဲ့ပါက၊သူ ယခုထက်ပို၍စောစော အနိုင်ရနိုင်ပေသည်။ သို့သော် ဤမတော်တဆမှုမှလည်း သူတို့နှစ်ဦးသည် စိတ်ပိုင်းဆိုင်ရာ အခြေအနေချင်း အလွန်လိုက်ဖက်ကြောင်း သူတွေ့ရှိခဲ့သည်။ထို့ကြောင့် သူမကို အနာဂတ်လက်တွဲဖော်အဖြစ် သတ်မှတ်နိုင်သည်။ အကယ်၍၊သူတို့နှစ်ယောက်၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေ လိုက်ဖက်မှုက 50% ထက် နိမ့်နေသည်ဆိုလျှင်တောင် လက်ထပ်ခွင့်လျှောက်လွှာကို အင်ပါယာကို တင်သွင်းပြီး အခြေအနေကို နောက်ထပ် သုံးနှစ်လောက်အထိ ပြန်သုံးသပ်ခွင့်ပြုရန်ပါ တွေးထားခဲ့သည်။


ဘယ်သူမဆို၊ မိမိ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေနှင့် လိုက်ဖက်ညီသော အဆင့်အတန်းမြင့်မားသည့် လက်တွဲဖော်တစ်ဦးရှိလျှင် ပိုကောင်းမည်မှာ သေချာသည်။ ဆိုလိုသည်မှာ အနာဂတ်တွင် နှစ်ယောက်သားမှာ ခန္ဓာကိုယ်နှင့် စိတ်တို့သာ ပေါင်းစည်းနိုင်ရုံသာမက စိတ်ပိုင်းဆိုင်ရာနယ်ပယ်မှာလည်း တိုးတက်ကောင်းမွန်လာနိုင်ပေသည်။သူတို့နှစ်ယောက်သားမှာ လက်တွဲဖော်သာမက ရင်းနှီးသော ဝိဉာဉ်ဖော်(spirit partner)လည်း ဖြစ်လာလိမ့်မည်။ လောကကြီးမှာ သူတို့ကို ခွဲနိုင်သူ ဘယ်သူမှ မရှိလာနိုင်ပေ။


လင်းယောင်ယောင် သည် အပြင်လူတစ်ဦးအနေဖြင့် ဤအလွန်သိမ်မွေ့ပြီးအသေးစိတ်အရာများအကြောင်းကို သိပ်မသိပေ။ သို့သော်လည်း သူမ စောစောကလို တုံ့ပြန်မှုမျိုးရခဲ့သည့် အကြောင်းရင်းမှာ သူမနှင့် လင်းရွှမ် တို့၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေမှာ လိုက်ဖက်မှုရှိခြင်းကြောင့် ဖြစ်နိုင်သည်ဟု နားလည်ခဲ့သည်။


ဝေ့ယွမ် နှင့် ချောင်းမင်ယောင် တို့သည် မက်ခါများက ပျက်စီးသွားတာကြောင့် မက်ခါ အခန်းထဲသို့ ပြန်ရောက်နေပြီဖြစ်သည်။ သူတို့နှစ်ဦးမှာသာ နောက်ခံမြင်ကွင်းကျယ်ကြီးထဲတွင် ကျန်ခဲ့သည်။သူတို့နှစ်ယောက်သည် နီးနီးကပ်ကပ် ပွေ့ဖက်ထားသော်လည်း မက်ခါမောင်းနှင်သည့်အခန်းမှ နံရံများသာ ခြားနေကြသည်။ နောက်ခံမြင်ကွင်းရှိ ဂလက်ဆီပေါ်တွင် ရိုမန်တစ်ဆန်ပြီး လှပသည့် မီးရှူးမီးပန်းများ တဖွားဖွားဖြစ်ပေါ်နေကြလေသည်။


လင်းယောင်ယောင် သည် ရှက်ရွံ့သွားပြီး အဖြေပေးရန် ငြင်းဆန်လိုက်သည်။ သူမ ဗီဒီယိုကောလ်ကို ချလိုက်သော်လည်း လင်းရွှမ် က မက်ခါခန်းထဲမှ ထွက်လာကာ သူမ၏ ယဉ်မောင်းခန်းတံခါးကို လက်ဗလာဖြင့်ဖွင့်ရန် ရောက်လာတော့သည်။


 Star Network တွင် အောက်ဆီဂျင်အတွက် မလိုအပ်သောကြောင့်၊ စက်ကိရိယာမရှိသော ပြင်ပအာကာသတွင် ရှိနေလျှင်လည်း အန္တရာယ်မရှိပေ။ သို့သော် ဝေ့ယွမ်နှင့် ချောင်းမင်ယောင်တို့သည် မက်ခါအခန်းအပြင်ဘက်တွင် စောင့်နေကြခြင်းဖြစ်သည်။


 မူလက သူတို့သည် လင်းရွှမ် ကို သင်ခန်းစာတစ်ခု ပေးပြီး ဝေ့မိသားစုမှ သမီးဖြစ်သူကို လိုက်ရန်မှာ ထင်သလောက် မလွယ်ကူကြောင်း သူ့ကိုပြောပြချင်သော်လည်း ယခုမူ အထင်နှင့်အမြင်က လွဲမှားနေရတော့သည်။ချောင်းမင်ယောင် က သူ၏ ဝမ်းကွဲအစ်ကိုကို ပုခုံး ပုတ်ပြီး နှစ်သိမ့်ပေးရင်း ပြောလိုက်သည်။


"အစ်ကို၊ ကျွန်တော်တို့ ရှုံးတာက ပုံမှန်ပါပဲ..လင်းရွှမ် ရဲ့ 99.999% အနိုင်ရနှုန်းကို ကြည့်လိုက်လေ… သူက မက်ခါလောကထဲကို ဝင်လာခါစ အစပိုင်းမှာတုန်းကပဲ ရှုံးခဲ့တယ်ထင်တယ်… အရှုံးတွေ ဘယ်လောက်ရှိရှိ စစ်မြေပြင်ကို ရောက်သွားတော့ သူ ဘယ်တော့မှ မရှုံးတော့တာ ဖြစ်နိုင်တယ်...ပြီးတော့ လင်း မိသားစုပုံစံက အရမ်းကောင်းပါတယ်…ယောင်ယောင်ကို သူတို့က ငယ်ငယ်လေးကတည်းက မွေးလာခဲ့တာမလား… လင်းရွှမ် က သူမကို သူ့ရဲ့အနာဂတ်လက်တွဲဖော်အဖြစ် သတ်မှတ်လိုက်ပြီဆိုတော့ ယောင်ယောင် ကို လုံးဝလက်လျှော့မှာမဟုတ်ဘူး..."


 ဝေ့ယွမ်က နှမြောနေပုံဖြင့် ပြုံးလိုက်သည်။ 


 "ငါက ဒီလောက်ပဲ မျှော်လင့်နိုင်ပါတယ်... ငါ သဘောမတူရင်တောင် သူနဲ့ ဘာလုပ်နိုင်မလဲ… သူ့ကို မရိုက်လည်း မရိုက်နိုင်ဘူး"


တစ်ခုတည်းသော သတင်းကောင်းမှာ လင်းယောင်ယောင် သည် သူမ၏ ဂရုစိုက်မှုကို လင်း မိသားစုအပေါ်သာ အာရုံစူးစိုက်ထားခြင်း မဟုတ်ပေ။ ပုံမှန်အားဖြင့် သူမသည် ဖြည့်စွက်အစားအစာများ လုပ်သောအခါ လင်းမိသားစုထံသို့ ဝေစုတစ်ခု ပေးပို့ခဲ့ပြီး ဝေ့မိသားစုအတွက် မျှဝေပေးတတ်သည်။ ဝမ်းကွဲများအနေနှင့် ပြောရလျှင် သူမ၏မွေးစားအစ်ကို လင်းရွှမ် ထက် သူမ ပြုလုပ်သော ဖြည့်စွက်အစားအစာများကို စားသုံးရန် သူတို့က အခွင့်အရေးပိုများပေသည်။သူနှင့်ဝေ့မိသားစုက ပြင်းပြင်းထန်ထန်ကန့်ကွက်ပါက လင်းယောင်ယောင်သည် ဝေ့မိသားစုထံ လုံးဝပြန်မလာတော့မှာကို သူကြောက်မိသည်။


သို့သော်၊သူမက တခြားတစ်ယောက်ဆိုပါကလည်း သူ့မှာပြောပိုင်ခွင့်ရှိမနေချေ။ အရာအားလုံးက သူမ ဆန္ဒအပေါ်တွင်သာ မူတည်နိုင်သည်။


ချောင်းမင်ယောင် က "သူတို့နှစ်ယောက်က ဘာလို့ ထွက်မလာသေးတာလဲ...တိုက်ပွဲ နေရာမှာ အချစ်အကြောင်း ပြောနေတာလား... Single အစ်ကိုနှစ်ယောက်ရဲ့ ခံစားချက်ကို သူမ ဂရုမစိုက်တာပဲ"


ဝေ့ယွမ် က သက်ပြင်းချလိုက်ပြီး


"သွားရအောင်...အော့ဖ်လိုင်းလုပ်လိုက်တော့… သူတို့က မခွဲနိုင် ဖြစ်နေတော့ အနှောက်အယှက်မပေးနဲ့...တော်ကြာ မင်းကို အမြင်ကတ်နေလိမ့်မယ်…ပြီးရင် သူမက ဟင်းချက်တိုင်း မင်းကို မကျွေးဘဲနေလိမ့်မယ်"

 

ချောင်းမင်ယောင် ကလည်း ချက်ချင်းပြန်ပြောလိုက်သည်။


 "ဘယ်လိုလုပ်ရမှာလဲ၊ ကျွန်တော်ကလေ မနာလိုဖြစ်ပြီး ကိုယ့်ညီမလေးရဲ့ဆက်ဆံရေးကို အနှောင့်အယှက်ပေးမယ့် အစ်ကိုမျိုးတော့ မဟုတ်ဘူး..လုပ်စရာရှိိလို့ အရင်ဆင်းလိုက်မယ်"


ဝေ့ယွမ်:...


ထို့နောက် သူက လင်းယောင်ယောင်ထံကို သူမ သဘောကျသူကိုသာ ရွေးသင့်ကြောင်း၊ လင်းရွှမ် က သူမကို ဆိုးဆိုးရွားရွား ဆက်ဆံဝံ့လျှင် ဝေ့မိသားစုက လင်းမိသားစုကို ကြောက်မှာမဟုတ်ဘဲ သူမကို သေချာပေါက် ကူညီပေးမှာမို့ ငြိမ်ခံမနေသင့်ကြောင်း စသည်ဖြင့် မက်ဆေ့ခ်ျ ပို့လိုက်သည်။ ထို့နောက် ချောင်းမင်ယောင် နှင့်ရှေ့ဆင့်နောက်ဆင့် အော့ဖ်လိုင်းလုပ်လိုက်သည်။


 တစ်ဖက်တွင်၊ ကြယ်ရောင်ကောင်းကင်တိုက်ပွဲ မြင်ကွင်း၌ လင်းယောင်ယောင် သည် သူမ၏ မောင်းနှင်အခန်းတံခါးကို လက်ဗလာဖြင့် အပေါက်ဖောက်လိုက်သည့် အမျိုးသားတစ်ဦးကြောင့် ထိတ်လန့်သွားရသည်။ မကြာမီ၊ ထိုလူသည် အခန်းထဲသို့ အတင်းဝင်လာပြီး သူ့လက်ပေါ်ရှိ သွေးများကို လျစ်လျူရှုကာ သူမ၏ ကိုယ်လုံးလေးကို ချက်ချင်း ပွေ့ဖက်လိုက်သည်။


 "ဘာလုပ်တာလဲ"


လင်းရွှမ် ဘာမှ ရှင်းပြမနေဘဲ သူမ၏ကျောပြင်ကို အေးအေးဆေးဆေး ပွတ်သပ်ကာ သူမ ခေါင်းကို နမ်းလိုက်သောအခါ သူမ စိတ်ထဲ ကြည်နူးမှုကို ခံစားလိုက်ရသည်။


လင်းရွှမ် သည် ကလေးမလေး၏ ခေါင်းကို ရင်ဘတ်ထဲသို့ ဖိလိုက်ပြီး 


" ယောင်ယောင်… နောက်ဆို မင်းက ကိုယ့်အပိုင်ဖြစ်သွားလိမ့်မယ်…အခု ကိုယ် မင်းကို ဖက်ထားခွင့်ရလို့ အရမ်းပျော်တယ်…မင်းဟာ ဘုရားသခင်က ကိုယ်ကိုပေးခဲ့တဲ့ ရတနာတစ်ခုပဲ…မင်းရော ကိုယ့်လို ခံစားရလား…မင်းက ကိုယ့်အတွက် ကောင်းကင်က ဖန်ဆင်းပေးထားတဲ့ နတ်သမီးလေးပါပဲ"


 သူ့နှလုံးသားထဲက မိန်းကလေးသည် သူနှင့် စိတ်ပိုင်းဆိုင်ရာလိုက်ဖက်မှုအခြေအနေက 90% ထက်ပိုနေသည်။ ဆိုလိုသည်မှာ သူမ သူ့ဘေးနားမှာ ရှိသရွေ့ စိတ်ပိုင်းဆိုင်ရာနယ်ပယ်၏ ပင်ပန်းနွမ်းနယ်မှုဒဏ်၊ စိတ်ပိုင်းဆိုင်ရာ နယ်ပယ်တွင် ချို့ယွင်းမှု သို့မဟုတ် မည်မျှပင် ပျက်စီးနေစေကာမူ အလွယ်တကူ ပြန်လည်ကောင်းမွန်သွားနိုင်သည်။ 


လင်းယောင်ယောင် ၏ဖြည့်စွက်အစားအစာသည် အလွန်ထိရောက်သော်လည်း၊ တိုက်ရိုက်ဝိညာဉ်ရေးရာအကြံပေးခြင်းကဲ့သို့ စေ့စေ့စပ်စပ်နှင့် နက်နဲသော နည်းလမ်း တစ်ခု မဟုတ်ချေ။ ဝိညာဉ်ရေးရာ အကြံဉာဏ်ပေးပြီးနောက်၊ တိုက်ပွဲဝင်စစ်သည် သည် သူ့ကို အပ်နှံထားသော အရန်ကုထုံးပညာရှင်ကို စိတ်ထဲမှ တွယ်တာစိတ်နှင့် ယုံကြည်စိတ်ချစိတ်တို့ ရှိလာရုံသာမက အပြန်အလှန်အားဖြင့်လည်း နားလည်မှု ထပ်တူရသွားကြမည်ဖြစ်သည်။


 ဤနည်းဖြင့် လင်းယောင်ယောင်သည် နောင်တွင် သူ့ကို ထားခဲ့ရန် ဘယ်လိုမှ မဖြစ်နိုင်တော့ပေ။


လင်းယောင်ယောင် တစ်ကိုယ်လုံး တောင့်တင်းသွားသော်လည်း မြန်မြန် ပြေလျော့သွားရသည်။ ထို့နောက် သူမသည် လင်းရွှမ် ခါးကို ဂရုတစိုက်ကိုင်ထားလိုက်သည်။


 သူတို့ကြားက စိတ်ပိုင်းဆိုင်ရာ လိုက်ဖက်မှုက အတော်လေးမြင့်မားသည့်အတွက် သူမ ပျော်နေသော်လည်း ဝိညာဉ်ရေးရာလမ်းညွှန်မှုအတွက် စိတ်ပိုင်းဆိုင်ရာ အခြေအနေထဲကို နက်ရှိုင်းစွာသွားနေသော လုပ်ငန်းစဉ်က တစ်ဖက်လူ၏ အတွေးများကို ကျန်တစ်ယောက်က နားလည်နိုင်မည်ဖြစ်သည်။ သူမသည် ယခု လင်းရွှမ် အတွက် ဝိညာဉ်ရေးရာ လမ်းညွှန်မှုပေးမည်ဆိုပါက သူမသည် လင်းယောင်ယောင် အစစ်အမှန်မဟုတ်ကြောင်း မပြောပါဟု အာမ,မခံနိုင်ပေ။ သူမသည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက အထီးကျန်သော ဝိညာဉ်တစ်ကောင်သို့မဟုတ် အခြားကမ္ဘာမှ ဝိဉာဉ်လည်း ဖြစ်နိုင်သည်။


ထို့ကြောင့် လင်းရွှမ်ကို သူမ လုံးလုံး မယုံနိုင်သေးပေ။ထို့အပြင်၊သူမသည် သူ့ညီမ၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားသူ တစ်ယောက်မျှသာဖြစ်ပေသည်။


သို့သော်လည်း၊သူမသည် လင်းရွှမ်နှင့် စစ်မှန်သည့် ဆက်ဆံရေးတစ်ခုရှိဖို့ ကြိုးစားလိုစိတ်ရှိသည်။ဤ ခိုးယူထားသော ခန္ဓာကိုယ်ကို နောက်ဆုံးမှာ စွန့်လွှတ်ပြီး ကိုယ့်ကမ္ဘာပေါ်ကို ပြန်သွားရမည်ဆိုလျှင်တောင် သတ္တိရှိရှိ ရင်ဆိုင်ဖို့ သူမ ကြိုးစားချင်သည်။ယခု လင်းယောင်ယောင်သည် အပြစ်ရှိစိတ်ကလေးဖြင့် ပြောလိုက်သည်။


 "... စိတ်မကောင်းပါဘူး... လောလောဆယ်မှာ အစ်ကိုကြီးကို တိုက်ရိုက် ဝိညာဉ်ရေးရာ အကြံဉာဏ်‌ေပးတာကို လုပ်မပေးနိုင်တာကိုလေ…"


ခဏ ရပ်ထားပြီးနောက် ဆက်ပြောလိုက်သည်။


"တရားဝင်ဖြစ်သွားပြီ ဆိုတော့ အစ်ကိုကြီး နောင်တမရဖို့တော့လိုမယ်"


လင်းရွှမ် ၏နှလုံးသားသည် လေထဲတွင် ရပ်တန့်သွားသည်။ လင်းယောင်ယောင် သည် သူ့ထံမှ တစ်ခုခု ဖုံးကွယ်ထားသည်ကို သူ သိသည်။သို့သော်၊ သူက သူမ၏ ယုံကြည်မှုနှင့် ထိုက်တန်ကြောင်း လုပ်ရပ်များနှင့် ဖြည်းဖြည်းချင်း သက်သေပြလိမ့်မည်ဖြစ်သည်။ သူမကို အချိန်ပိုပေးပြီး စဉ်းစားခိုင်းဖို့တောင် သူ အစကတည်းက ပြင်ဆင်ထားပြီးသားပင်။  


ဤတစ်ကြိမ်မဟုတ်လျှင် နောက်တစ်ကြိမ် သို့မဟုတ် နောက်တစ်ကြိမ်... 


 သူမ ဘေးမှာ သူ ရှိနေသရွေ့ မကြာခင်မှာဘဲ သူမအား သိမ်းပိုက်နိုင်မည် ဖြစ်ပေသည်။သို့သော်၊မကြာမီ နောက်ထပ် အံ့သြစရာကိစ္စကြီးတစ်ခုနှင့် ကြုံရမည်ဆိုသည်ကို သူ မသိသေးပေ။


လင်းရွှမ် မယုံနိုင်ဖြစ်သွားသည်။ ကလေးမလေးကို သူ့ရင်ခွင်ထဲက လွှတ်ထားလိုက်သော်လည်း ဝမ်းသာအားရနှင့် သူမ ပုခုံးကိုကိုင်ကာ 


" ယောင်ယောင်...မင်းကိုယ့်ကို လက်ခံဖို့ ဆန္ဒရှိလား…အဲ့ဒါ မင်းရဲ့ စိတ်ရင်းမှန်လား"


ထို့နောက် လင်းယောင်ယောင် သည် ခြေဖျားထောက်၍ ရပ်ကာ လင်းရွှမ် ၏ အေးစက်တင်းမာသော မျက်နှာကို ဆုပ်ကိုင်ထားသည်။ နူးညံ့ချိုသာသော အသံဖြင့်


 "ကိုလူချောကြီးရယ်…မလှုပ်နဲ့…မျက်လုံးတွေကို မှိတ်ထားလိုက်"




xxxxx