အခန်း ၉၆
Viewers 8k

Chapter 96

(ဇာ့ခ်တိုက်ခိုက်မှု၏အရင်းအမြစ်)


ကျောင်းသားသစ်ဖလား အရန်ကုထုံးပြိုင်ပွဲမှ အစားအသောက်ကုထုံးအဖွဲ့သည် "ရှေးတရုတ်စားစရာ" နှင့် "ဇာ့ခ် အသား" ဆိုသည့် ခေါင်းစဉ်နှစ်ခုကို ပွင့်ပွင့်လင်းလင်းကြေငြာခဲ့ပြီးနောက် မထင်မှတ်ဘဲ လူအများက အာရုံစိုက်လာခဲ့သည်။ထို့ကြောင့် လူကြိုက်များသော ဆေးဝါးနှင့် ဂီတကုထုံးအဖွဲ့များထက် လူအများ၏ အာရုံစိုက်မှုကို ပိုမိုဆွဲဆောင်ခဲ့သည်။


သို့ဖြစ်၍၊ဆေးဝါးနှင့် ဂီတကုထုံးများတွင် အဓိက တီထွင်ဆန်းသစ်မှုများ ပြုလုပ်ရန်မှာ ပို၍ခက်ခဲနေတော့သည်။ ယခင်က ထိုဌာနနှစ်ခုစလုံးမှာ ပရိသတ်များပြားမှုကြောင့်သာ အဓိကနာမည်ကြီးခဲ့ရခြင်း ဖြစ်သည်။


ယခင်က အစားအသောက်ကုထုံးဌာနသည် လူတိုင်းပါးစပ်ဖျားမှာ ရေပန်းမစားခဲ့ပေ။ ပျက်စီးနေသော စိတ်ပိုင်းဆိုင်ရာ နယ်ပယ်ရှိသူများကသာ မလွှဲသာမရှောင်သာ ဖြည့်စွက်အစားအစာများကို စားရပြီး တစ်ခြား ရွေးချယ်စရာလည်း မရှိပေ။ လူအများစုသည် ဖြည့်စွက်အစားအစာများကို အဆိုးဆုံးဟင်းလျာအဖြစ် ထင်မြင်နေကြသည်။ 


 ဒါပေမယ့် ဒီတစ်ခါ ခေါင်းစဉ်က ဇာ့ခ်အသားရောပါတာလား…


 ပြိုင်ပွဲ ပထမအကျော့တွင် အများစုသည် လင်းယောင်ယောင် ပြုလုပ်သော ရှေးဟောင်း တရုတ်စတိုင် ဟင်းပွဲငါးမျိုးကို မြည်းစမ်းခဲ့ရသည်။ တခြားသူများကလည်း တရုတ်ရှေးဟောင်းအစားအစာကောင်းများ ချက်ထားသော်လည်း သူမ၏ လက်ရာကသာ အတော်ကောင်းပြီး စွဲလန်းသွားစေလေသည်။စမတ်စက်ရုပ်များက ပြင်ဆင်ပေးသော အစားအစာများနှင့်နှိုင်းယှဥ်ပါက၊ ကြယ်တာရာခေတ် လူသားများအတွက် သူမ နည်းလမ်းက အတော်လန်းဆန်းစေပြီး အပြောင်းအလဲဖြစ်စေလေသည်။


အထူးသဖြင့် လင်းယောင်ယောင် ဆိုသည့် ကလေးမလေး ချက်လုပ်ထားသော ဟင်းပွဲလေးတွေများပင်။ သူမ လက်ရာများက ထပ်ခါထပ်ခါ စားချင်စိတ်တောင် ဖြစ်မိစေသည်။


 ဖြည့်စွက် အစားအစာတွေက ဒီလိုမျိုးသာ အရသာရှိနေရင် ဘယ်သူက ဆေးဝါးတွေကို တစ်နေကုန်သောက်ပြီး ဘေးထွက်ဆိုးကျိုးမျိုးစုံကို ခံနိုင်ရည် ရှိမှာလဲ…


ဂီတအားဖြည့်ကုထုံးအတွက်၊ ၎င်းသည် အဓိကအားဖြင့် စိတ်ခံစားမှုကို သက်သာစေပြီး ကုထုံးပညာရှင်၏ မျက်နှာ၊ ရုပ်ပုံနှင့် အရည်အချင်းတို့အပေါ် မူတည်ကာ စိတ်ခံစားမှုကို ပို၍သက်သာစေလေသည်။ ဖြည့်စွက်ကုထုံး၏ အကျိုးသက်ရောက်မှုသည် ပျမ်းမျှသာဖြစ်ပြီး အရေးပေါ်အခြေအနေတွင် မကယ်တင်နိုင်ပေ။ သို့သော် ထိတ်လန့်စရာကောင်းသည်မှာ အစားအသောက်ကုထုံးအဖွဲ့သည် တရုတ်အစားအစာကို ခေါင်းစဉ်အဖြစ် အသုံးပြုရုံသာမက ကြောက်မက်ဖွယ်ကောင်းသော ဇာ့ခ်အသားကို ပါ၀င်ပစ္စည်းများအဖြစ်လည်း အသုံးပြုနေခြင်းပင်။


 Star Network အင်တာနက်သုံးစွဲသူအများစု၏ ပထမဆုံးတုံ့ပြန်ချက်မှာ- 


'အာ… ဒီလိုကြောက်စရာကောင်းတဲ့ ဇာ့ခ် ကို ဘယ်လိုစားရမှာလဲ…ရွံတယ်'


 virtual ဟင်းပွဲများသာဖြစ်လျှင်တောင်ပါဝင်ပစ္စည်းများ၏အရသာမှာ 99%အထိ ဆင်တူနေမည်ဖြစ်သည်။


 ပွဲစီစဉ်သူက ဦးနှောက်မကောင်းတော့ဘူးလား…


 သို့သော်၊ ခေတ်ရေစီးကြောင်းကိုဦးတည်သော ဧကရာဇ်မြို့တော်သည် အလွန်ထူးဆန်းသော ကိစ္စကြီးမှာ လျင်မြန်စွာပျံ့နှံ့သွားသည်။


 "အို ဘုရား…Star Network က ဇာ့ခ်အသားကို ပါဝင်ပစ္စည်းတွေအဖြစ် မိတ်ဆက်ပေးခဲ့သေးလား"


 "မနေ့က ဇာ့ခ်အသားမြည်းပွဲအတွက် ငါမသွားနိုင်ပေမယ့် သူငယ်ချင်းတစ်ယောက်က ဇာ့ခ် အကြွပ်ကြော်ငါးချောင်းကို ပြန်ယူလာပေးတယ်…တစ်ခုလေးစားလိုက်ရလို့ ကံကောင်းလိုက်တာ…အရမ်းအရသာရှိတယ်…စားတောင် မလောက်ဘူး…အရမ်းနည်းလွန်းတယ်"


 "ကျွန်တော်က လောထောင်ဟောင် ရဲ့ အတန်းဖော်တစ်ယောက်ပါ…ပြီးခဲ့တဲ့သောကြာနေ့က ဇာ့ခ်တွေက သူ့ဦးနှောက်လှိုင်းကို တိုက်ခိုက်မှုကြောင့် သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ နယ်ပယ်ကို ထိခိုက်သွားခဲ့ပြီး သူ့ရဲ့ စိတ်စွမ်းအင်က အဆင့် S ကနေ အဆင့် A အထိ ကျဆင်းသွားပါတယ်… ဒါပေမယ့် ဇာ့ခ်အသားနဲ့ လုပ်ထားတဲ့ ဖြည့်စွက်စာတွေကို စားပြီး အခုဆို S-အဆင့် အထိ ပြန်ကောင်းလာပြီ... အတန်းဖော် လင်းယောင်ယောင် က အစားအသောက် ပါဝင်ပစ္စည်းအဖြစ် ဇာ့ခ် အသားကို ထည့်ဖို့ ပထမဆုံး စဉ်းစားခဲ့တာ အရမ်းကောင်းပါတယ်…ဒီရှာဖွေတွေ့ရှိမှုဟာ လူသားတွေရဲ့ အောင်မြင်မှုပန်းတိုင်တစ်ခုပါပဲ"


 "ဘာလဲ… ငါ့နတ်သမီး ယောင်ယောင် က ဇာ့ခ်အသား ဖြည့်စွက်စာ တီထွင်တဲ့ ပထမဆုံး ပညာရှင်တဲ့လား...မိုက်လိုက်တာ… ဒီဆီမီးဖိုင်နယ်အတွက်လည်း ငါ အရမ်း သူမကို မျှော်လင့်ထားတယ်…"


ဧကရာဇ်မြို့တော် အစားအသောက်ကုထုံးသုတေသနစင်တာ က ဤဆုံးဖြတ်ချက်ကို အတည်ပြုလိုက်သည်နှင့် အငြင်းပွားစရာများဖြစ်ခဲ့သည်။ ရှေးရိုးစွဲအစားအစာ ကုထုံးပညာရှင်များစွာသည် အာနိသင်အစား အနံ့အရသာကို ဂရုစိုက်ခြင်းသည် ဖြည့်စွက်အစားအစာများ၏သမိုင်းတွင် ဆုတ်ယုတ်သွားခြင်းဟု ယူဆခဲ့ကြသည်။ ပါဝင်ပစ္စည်းများအဖြစ် ဇာ့ခ်အသားကို အသုံးပြုခြင်းသည် ယဉ်ကျေးမှု၏ ဆုတ်ယုတ်မှုတစ်ခုဟု တွက်ဆထားကြလေ၏။


ထိုရှေးရိုးစွဲဝါဒီများထဲတွင် စိန့်ရို့စ်စစ်တက္ကသိုလ်၏ အစားအသောက်ကုထုံးဌာနမှ ကျန်းသဲစုန့် သည် အသံအကျယ်ဆုံးဖြစ်သည်။ ရှေးရိုးစွဲအစားအစာကုထုံးပညာရှင်အများစုသည် ဇာ့ခ်အသား မြည်းစမ်းပွဲကို မတက်ရောက်ခဲ့ကြဘဲ ငြင်းဆိုခဲ့ကြသည်။


သို့သော်လည်း ချိုက်ယူဟုန် သည် အင်ပါယာ၏ တစ်ခုတည်းသော အစားအသောက်ကုထုံးပညာရှင် ဆရာကြီးတစ်ဆူဖြစ်ပြီး ဧကရာဇ်မြို့တော် အစားအသောက်ကုထုံးသုတေသနစင်တာ ကော်မတီ ၏ ဥက္ကဌလည်းဖြစ်သည်။ အဖွဲ့ဝင် တစ်ဝက်ကျော်က သူ့ထင်မြင်ချက်ကို ထောက်ခံကြ၏။ ဧကရာဇ်မြို့တော် အစားအသောက်ကုထုံးသုတေသနစင်တာ သည် ဇာ့ခ်အသားများကို အားကြိုးမာန်တက် ကြော်ငြာရန် စစ်ဘက် ရေးရာနှင့် နိုင်ငံ့ရေးရာအင်အားစု အသီးသီးထံမှ ပြတ်သားသော ညွှန်ကြားချက်များကိုပင် ရရှိခဲ့သည်။


ရှေးရိုစွဲ ဆရာသမားများကလည်း ယခုလို ဖြစ်လာဖို့ မထင်မှတ်ထားပေ။ပြိုင်ပွဲအတွက် ဤကဲ့သို့သော ဆောင်ပုဒ်တစ်ခု ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အင်ပါယာကြီးတစ်ခုလုံးမှ ပြည်သူတို့က သပိတ်မှောက်မည်မှာ သေချာကြောင်း သူတို့ ယူဆခဲ့ကြသည်။  


မကြုံစဖူးမျှော်လင့်ချက်တစ်ခု ဖြစ်လာမယ်ဆိုတာ ဘယ်သူသိမှာလဲ...


ဤဖြစ်ရပ်ကအတော်ပင် ထူးဆန်းလွန်းပေသည်။ အချိန်တွေဆိုသည်က အတော်ပင် ပြောင်းလဲဆန်းသစ်တတ်သည့် သဘောသဘာဝရှိပေသည်။အစားအသောက်ကုထုံးပညာရှင်များနှင့် တိုက်ပွဲဝင်သူများအားလုံး ပျော်ရွှင်ကြပြီး နောက်လာမည့် ဇာ့ခ် များကို မကြောက်တော့ပေ။


 ဇာ့ခ် အသားကို စားချင်နေကြသည့် တိုက်ခိုက်ရေးသမားများကလည်း မျှော်တလင့်လင့်နှင့် စောင့်စားနေကြသည်။ ဇာ့ခ်များ ရောက်ရှိလာခြင်းသည် သေချာပေါက် အန္တရာယ်ရှိလိမ့်မည်ဖြစ်သော်လည်း အန္တရာယ်နှင့် အခွင့်အလမ်းသည် အမြဲတမ်း လက်တစ်ကမ်းတွင် ရှိနေသည်။


တစ်ကယ့် ဇာ့ခ်ဒီရေ ရောက်လာသည့်အခါ သူတို့ကို ကင်းလှည့်တပ်နှင့် သူရဲကောင်းတပ်ဖွဲ့တို့က ပိတ်ဆို့ထားရမည်ဖြစ်သည်။ သူတို့သည် အုပ်စုလိုက် တိုက်ခိုက်၊ လုယက်မှုများကို ခွဲတမ်းချထားဝေကာ ဇာ့ခ်များကို တစ်ယောက်ကို နှစ်ကောင်ခန့်စီသာတွေ့ဆုံနိုင်ဖို့ မျှော်လင့်ထားကြ၏။


 နူးညံ့ပြေပြစ်သော ရုပ်ရည်ရှိသည့် လူငယ်လေးသည် Star Network ရှိ အရာအားလုံးကို စိုက်ကြည့်နေသည်။


 'လင်းယောင်ယောင်'


ဇာ့ခ်အသားကို စားရန် သူမ၏ ရဲရင့်သောကြိုးစားမှုသည် အရှင်သခင် အင်ပါယာတစ်ခုလုံးတွင် ဤမျှကြီးမားသော မုန်တိုင်းကြီးဖြစ်စေမည်ဟု သူ မမျှော်လင့်ထားပေ။ ယင်းက သူ၏ ကာလရှည်ကြာ ဆွဲထားသော အစီအစဉ်ကို လုံးဝ အနှောင့်အယှက် ဖြစ်စေသည်။သူသည်ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဘယ်သောအခါမှ မပေါက်ကြားစေရန် ထိပ်တန်းဟက်ကာများ အသုံးပြုထားသည့် firewall မှ တစ်ဆင့် ဆက်သွယ်ရေးစနစ်ကို ဖွင့်ထားသည်။ သူ၏ ID မှာ "မစ္စတာM" ဖြစ်ပြီး သူပေးပို့ထားသော တစ်ဖက်လူမှာ နာမည်ပင်မရှိ၊ နာမည်နေရာမှာ အလွတ်ကြီးဖြစ်သည်။


 "နောက်ထပ် ဇာ့ခ်လှိုင်းက ဧကရာဇ်မြို့တော် နဲ့ ပတ်ဝန်းကျင်ကို တိုက်ခိုက်နိုင်ပါ့မလား… ငါးရက်လောက်ကြာရင် အရမ်းနောက်ကျသွားလိမ့်မယ်…အဲဒီအချိန်မှ မင်းရောက်လာရင် ဧကရာဇ်မြို့တော်ကို နည်းနည်းပဲ နစ်နာစေလိမ့်မယ်ထင်တယ်"


ထိုစကားနှင့်အတူ၊ သူသည် ဇာ့ခ် အသားအပေါ် အင်ပါယာ Star Network မှ လူများ၏လက်ရှိသဘောထားများနှင့်ပတ်သက်သောဝဘ် စာမျက်နှာအချို့ကို ပူးတွဲပြလိုက်သည်။


တစ်ဖက်က လှုပ်ရှားမှုမရှိသေး။ အမည်မသိထိုလူက နာရီဝက်ကြာမှသာ ပို့လာ၏။


"ဘာတွေ လောနေတာလဲ"


 "ငါ မလောလို့မရဘူး… လူတိုင်းက ဇာ့ခ်တွေကို လုံးဝ မကြောက်ဘဲ ပျော်ပျော်ကြီး တိုက်နေမယ်ဆိုရင် ငါ..."


 အမည်မသိလူက တစ်ဖန်…


 "အဆင့်မြင့် ဇာ့ခ်တွေဟာ မွေးစကနေ အရွယ်ရောက်ပြီးတဲ့အထိ စွမ်းအင်ကို ဝါးမြိုဖို့ အချိန်လိုအပ်တယ်...အဲ့ဒီ အချိန်ကလည်း ငါးရက်ပဲ လိုတယ်… ဒါပေမယ့် ဒီမသိနားမလည်တဲ့ လူသားတွေဟာ ငါတို့ ဇာ့ခ်မျိုးနွယ်ရဲ့ စစ်မှန်တဲ့ ခွန်အားကို မြင်နိုင်စေဖို့အတွက် နောက်ထပ် နှစ်ဆတိုးပြီး တိုက်ခိုင်းလိုက်မယ်… ထိုးစစ်ကို ဧကရာဇ်မြို့တော်ကိုပဲ ဦးတည်ခိုင်းလိုက်မယ်လေ… အခက်အခဲတွေကို ကြံ့ကြံ့ခံပြီး ညီလေးရဲ့ ဂုဏ်သိက္ခာကို ထူထောင်ရင်းနဲ့ ငါ့ရဲ့ ဇာ့ခ် တွေ မစားမိအောင်နေ"


 မစ္စတာ M ၏ အသက်ရှုသံတွေ ငြိမ်သက်လာသည်။


ဇာ့ခ်အင်အား ဆယ်သန်းက အခု နှစ်ဆတိုးလာပြီလား…


သို့သော် ဧကရာဇ်မြို့တော် တစ်ခုလုံးတွင် ကင်းလှည့်တပ်ဖွဲ့ဝင် တစ်သန်းသာရှိသည်။ထိုအချိန်တွင် ဧကရာဇ်မြို့တော်သည် ကြီးမားသော ပျက်စီးမှုကို သေချာပေါက် ခံစားရမည်ဖြစ်သည်။ သူ့အမူအရာက အေးစက်နေသော်လည်း တစ်ဖက်လူကို ဆက်ပြီးဆုံးဖြတ်ချက်ချခိုင်းလိုက်သည်။


 "ငါက မင်းရဲ့ညီ မဟုတ်ဘူး…ငါက လူသားတစ်ယောက်ပါ"


 လာမည့် ဇာ့ခ်လှိုင်းနှင့် ပတ်သက်၍ အခြားမည်သူမျှ မသိထားပေ။


 အရန်ကုထုံးပြိုင်ပွဲ၏ ဒုတိယပွဲစဉ်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ဟင်းပွဲပေါင်း ထောင်နှင့်ချီရှိခဲ့သော်လည်း လူဦးရေစာရင်းအရ ၃၀၀ ကျော်သာ ရှိခဲ့သည်။ လူတော်တော်များများက လင်းယောင်ယောင် လိုပင် ဟင်းအမယ်ပေါင်းများစွာကို အတူတူတင်ကြသည်။


စစ်ပညာရေးအကယ်ဒမီ ၏ အစားအသောက်ကုထုံးဌာနမှ ကျောင်းသားသစ် တစ်တန်းလုံးသည် ဒုတိယအကျော့သို့ ဝင်ရောက်နိုင်ခဲ့ကြသည်။သူတို့သည် အင်ပါယာ၏ အကောင်းဆုံး ကျောင်းသားများပင်။ သူတို့၏ အစားအစာများသည် ကောင်းမွန်သော အကျိုးသက်ရောက်မှုနှင့် ကောင်းမွန်သောအရသာ ရှိသောကြောင့် အားလုံးထဲတွင် ထင်ရှားပေါ်လွင်ကြသည်။


ယခုတစ်ကြိမ်တွင် လင်းယောင်ယောင် သည် အတန်းဖော်များအား ဇာ့ခ် အသားဟင်းချက်နည်းများစွာကို သရုပ်ပြပြီး မြည်းခိုင်းကြည့်သည်။ မေးစရာများရှိပါက သူမလည်း သေသေချာချာပြန်ဖြေပေးလေသည်။သူတို့အားလုံးက အတန်းဖော်များဖြစ်ပြီး သူမကို ‌ေဘာ့စ် ဟု ခေါ်ကြသည်။ အစားအသောက်ကုထုံးဌာန၏ စီနီယာများကမူ သူမဆီကို လာပြီးမသင်ယူချင်ကြသော်လည်း ချစ်စရာကောင်းသည့် အတန်းဖော်များက သူမကို ခြွင်းချက်မရှိ ထောက်ခံအားပေးသူများပင်။ အတန်းဖော်များက ပြိုင်ပွဲမှာ သည့်ထက်ပိုမြင့်သော အဆင့်များသို့ တက်လှမ်းနိုင်ပြီး ထိပ်တန်း 100 ထဲမှာ ပါဝင်နိုင်ဖို့ သူမကို မျှော်လင့်ထားကြသည်။


 ပိုအရေးကြီးတာက သူမသည် အတန်းဖော်များကို မျက်နှာသာပေးလိုက်လျှင် သူမကို သူတို့က ကောင်းကောင်းမှတ်မိနိုင်မည်ဖြစ်သည်။ ထို့ကြောင့်၊ဘွဲ့ရပြီးနောက် သူတို့ဘဝအတွက် အလုပ်အကိုင်နေရာများ ရွေးချယ်ရာတွင် လင်းမိသားစုနှင့် ဝေ့မိသားစု၏ တပ်ဖွဲ့များကို သူမ မျက်နှာကြောင့် ရွေးချယ်နိုင်ခြင်း သို့မဟုတ် သူမ ဖွင့်လှစ်ရန် စီစဉ်ထားသော ရှေးတရုတ်အရန်ကုထုံးအစားအစာ ဆိုင်ခွဲများတွင် အလုပ်လာလုပ်နိုင်သည်။ထိုကိစ္စနှင့်ပတ်သတ်၍ သူမ၏ ရည်ရွယ်ချက်များကို ဖုံးကွယ်ထားခြင်းမရှိသော်လည်း လူတိုင်းကို ဖိအားမပေးချေ။ လင်း မိသားစုနှင့် ဝေ့ မိသားစု၏ စစ်တပ်ထဲသို့ မ၀င်ရောက်လိုခြင်း သို့မဟုတ် သူမ၏ အစားအသောက်ကုထုံးဆိုင်သို့ မလုပ်ချင်လျှင်လည်း ကိစ္စမရှိကြောင်းပြောပြထားသည်။


 သူမနှင့် အတန်းဖော်ဖြစ်ရသည်မှာ ကံကောင်းသည်ဟု အားလုံး ခံစားရသည်။ သူတို့ငွေတွေ အများကြီးရလျှင် သူတို့အတွက်ရော သူမအတွက်ပါ အကျိုးရှိမည် ဖြစ်သည်။ထို့အပြင်၊သူမ တစ်ယောက်တည်းအစား အားလုံးအတူတကွပူးပေါင်းဆောင်ရွက်မှသာလျှင် ရှေးတရုတ်အစားအစာ ဖြည့်စွက်ကုထုံးကို နာမည်ကြီးပြီး လူများပိုမိုနှစ်သက်လာကာ ဖြည့်စွက်အစားအစာများအပေါ် သူတို့၏ အမြင်များကို ပြောင်းလဲနိုင်မည်ဖြစ်သည်။


သူမ၏ ရိုးရှင်းသည့် သဘောထားနှင့်ပုံစံကြောင့် လူတိုင်းက သူမကိုသဘောကျကြသည်။သူမ ပုံဖော်ထားသည့် အနာဂတ်အလားအလာများကိုလည်း သူတို့ မျှော်လင့်နေကြသည်။ သူမကြောင့်၊ အစားအသောက် ကုထုံးပညာရှင်များသည် လူကြိုက်များပြီး လေးစားခံရမှာမလွဲပင်။ ဖြည့်စွက်အစားအစာကို စတင်လေ့လာစဉ်က ဤအစီအစဉ်ကို မစီစဉ်ထားသော်လည်း ယခုမူ ပိုမိုကြိုးစားလုပ်ဆောင်ရန် စိတ်လှုပ်ရှားနေသည်။


လင်းယောင်ယောင် ၏ လှုံ့ဆော်မှုဖြင့် အစားအသောက်ကုထုံးဌာနမှ ကျောင်းသားသစ်များသည် အစားအသောက်ကုထုံးကို သင်ယူပြီး သုတေသနပြုရန် ရုန်းကန်လှုပ်ရှားနေကြသည်။ နောက်ပိုင်းတွင် သူတို့အားလုံးသည် အစားအသောက် ကုထုံးပညာရှင်ကြီးများ ဖြစ်လာနိုင်ကြသည်။


 နေ့လည်ပိုင်းတွင် လင်းယောင်ယောင် သည် အစားအသောက်ကုထုံးသုတေသနစခန်းသို့ ဝင်ရောက်ခဲ့သည်။ ချိုက်ယူဟုန် သည် ဧကရာဇ်မြို့တော် အစားအသောက်ကုထုံးသုတေသနစင်တာ သို့သွား၍ ဇာ့ခ်အသားများကို ဖြည့်စွက်စာအဖြစ် အနည်းဆုံး ကျွမ်းကျင်အဆင့်ရှိသူများနှင့် ပြုလုပ်ခဲ့သည်။သူက ဇာ့ခ်အသားကို ကြေငြာရန် လူကြီးများအား သဘောတူဖို့ တောင်းဆိုသော်လည်း ကုန်ကျစရိတ် လုံးဝမရှိပေ။ ဧကရာဇ်မြို့တော် အစားအသောက်ကုထုံးသုတေသနစင်တာ ကသာ ဇာ့ခ် အသား ဖြည့်စွက် အစားအစာများကို ပုံမှန် ထောက်ပံ့ပေးရန် လိုအပ်သည်။ စားဖိုမှူး လင်းယောင်ယောင် လောက်အရသာမရှိလျှင်တောင် ကျွမ်းကျင်သူအဆင့်များ ချက်ပြုတ်ထားမှ အဆင်ပြေနိုင်ပေသည်။

 

သူတို့အားလုံးသည် ထိပ်တန်းမာစတာအဆင့်တွင် ရှိနေကြသော်လည်း နောင်လာမည့် မျိုးဆက်သစ်လူငယ်များထက် ကျော်လွန်နိုင်အောင် တိုးတက်မှုကို ဆက်လက်ရှာဖွေကြရမည်ဖြစ်သည်။ထိုသို့လေ့ကျင့်နိုင်အောင်လည်း ထိပ်တန်းအဆင့်-၅ ပါဝင်ပစ္စည်းများကို လင်းယောင်ယောင်က စီစဉ်ပေးထားပြီးသားပင်။


 ယခုအချိန်တွင်၊သူမသည် တရုတ်အစားအစာများနှင့် ဇာ့ခ် အသားများကြားတွင် ထင်ရှားပေါ်လွင်စေရန်ကြိုးစားလုပ်‌ နေရသည့်အတွက် မအားလပ်ပေ။ထို့အပြင် သူမ၏ အတန်းဖော်များကိုလည်း လက်လွတ်မခံဘဲ သင်ပြရသည်။ ချိုက်ယူဟုန်၊ ချိုက်မူပိုင်၊ ရန်နင် နှင့် တခြားသူများရှေ့မှာ သူမ၏ ဟင်းချက်နည်းများကို ဘယ်တော့မှ ဖုံးကွယ်ထားဖို့ စိတ်ကူးမရှိပေ။ထို့ကြောင့် ရှေးဟောင်း တရုတ်အစားအစာ သင်ကြားရေး ဗီဒီယိုများကို ပုံမှန် တင်ပေးလေ့ရှိသည်။ သူမကိုယ်တိုင်ကလည်း အဆင့်အတန်းကို မြှင့်တင်ဖို့ ကြိုးစားနေရမည်ဖြစ်သည်။ ရှေးခေတ်တရုတ်အစားအစာများ၏ စိတ်ဝင်စားဖွယ်အကောင်းဆုံး အရသာနှင့်ပတ်သက်၍ အားလုံးထက် တော်နေအောင် ကြိုးစားရ၏။


 သို့သော်လည်း သူမ သည် ခက်ခက်ခဲခဲ တွေးတောပြီးသည့်တိုင် ဆန်းသစ်ပြီး အရသာရှိကာ ဇာ့ခ်အသားနှင့်စားလျှင်လည်း သင့်လျော်သည့် သူမ ယခင်က မလုပ်ဖူးသော အရာကို မတွေးတတ်သေးပေ။



xxxxx