Chapter 102
လေ့ကျင့်ရေးအသင်းသည် အပြည့်အဝအခန်းပိတ်၍ လေ့ကျင့်ရခြင်း ဖြစ်သောကြောင့် ကျောင်းကန်တင်းတွင်သာ အစာစားရပြီး ကျောင်းဂိတ်ဝမှ ထွက်ခွာခွင့် မပြုပေ။
" မင်း သူ့ကို မြင်ဖူးလား..."
နေ့လည်စာ စားပြီးသောအခါ သူတို့နှစ်ယောက်သည် ကန်တင်းမှ ထွက်လာကြရင်း ဝမ်ချုံးသည် ရှေ့မှ ပိန်ပိန်ရှည်ရှည် လူအား လက်ညှိုးထိုးပြလိုက်ကာ ကျင်းစစ်ကို တိုးတိုးလေး ကပ်ပြောလိုက်လေသည်
" သူ့နာမည်က ချန်းဟိုင် သူက အထူးလူလေ သူက မနက်ဖြန် ဖွင့်ပွဲ အခမ်းအနားမှာ ပြိုင်ပွဲဝင်တွေကိုယ်စား စဥ်ပေါ် တက်ပြောပေးရမှာ နိုင်ငံ့လေ့ကျင့်ရေးအသင်းက ကြိုတင်စာရင်းသွင်းထားတာ"
ဝမ်ချုံး၏ ကျောင်းသည် ပြိုင်ပွဲများတွင် ကောင်းကောင်းလုပ်နိုင်ခဲ့သောကြောင့် ဝမ်ချုံးသည် အတွင်းကျကျအချက်အလက်များကို ကျင်းစစ်ထက် ပိုသိလေသည်။
ကျင်းစစ် သူပြသောနေရာကို ကြည့်လိုက်ပြီး ချန်းဟိုင်၏ အသွင်အပြင်ကို မှတ်သားထားလိုက်လေသည်။
" ငါတို့ ကံမကောင်းဘူး ဒီနှစ် စာတော်တဲ့ နတ်ဘုရားတွေ အများကြီးပဲ" ဝမ်ချုံး သက်ပြင်းချလိုက်လေသည် " အဲ့ဒါက အရေးမကြီးပါဘူး တက္ကသိုလ်တွေ ရွေးပြီးပြီပဲ နိုင်ငံခြားကို အလကားခရီးသွားရတာတော့ ပိုကောင်းပေမဲ့ မသွားနိုင်ရင်လည်း ရိုးရိုးလေးပဲ ကျောင်းကို ပြန်သွားတာပေါ့"
အိုလံပစ်သွားပြိုင်ရမှာကို နိုင်ငံခြား ခရီးစဥ်တဲ့လား... ကျင်းစစ် မတတ်နိုင်ဘဲ ရယ်လိုက်လေသည်။ အတော်လေးတော့ ဆီလျော်ပါတယ်
"ဟုတ်ပါပြီအကောင်းဆုံး ကြိုးစားပေါ့"
ပထမဆုံးနေ့သည် ဘာမျှမဟုတ်ပေ။ အဓိက အကြောင်းအရာသည် ပြိုင်ပွဲဝင်များအား သတင်းအချက်အလက်များကို ပေး၍ ပြိုင်ပွဲဝင်အချင်းချင်း ရင်းနှီးစေရန် အချိန်ပေးခြင်းပင်။ ဒုတိယနေ့တွင် စတင်လေသည်။
မနက်ခင်းတွင် ပျော်ရွှင် စိတ်ကျေနပ်ဖွယ် ဖွင့်ပွဲ ကျင်းပပြီး နေ့လည်တွင် ပြင်းပြင်းထန်ထန် စာကို လေ့ကျင့်ရလေသည်။
အဓိကအကြောင်းအရာမှာတော့ ထို့ ဆယ့်လေးရက်လုံးသည် အလွန်တင်းကျပ်ခြင်းပင်။
လေ့ကျင့်ရေးအသင်း၏ ပထမအကျော့တွင် စာမေးပွဲ လေးကြိမ် ဖြေရမည်ဖြစ်ပြီး အရံအသင်းဝင်များကို ၎င်းတို့၏ ရလဒ်များအရ ရွေးချယ်မည်ပင်။ ပျမ်းမျှအားဖြင့် နှစ်ရက်တစ်ကြိမ်စာမေးပွဲ ရှိလေသည်။
ကျင်းစစ်နှင့် အခြားသူများ အပြင်းအထန် လေ့ကျင့်နေချိန်တွင် ပြင်ပကမ္ဘာကြီးသည်လည်း သူတို့၏ သတင်းများကို နားစွင့်ထားကြလေသည်။
[လာကြ လာကြ နိုင်ငံ့လေ့ကျင့်ရေးအသင်းရဲ့ ဒုတိယအကျော့က ချန်းဟိုင် ဖြစ်မယ်လို့ ငါလောင်းတယ် ]
[ငါ့ရဲ့ စီနီယာ ဝမ်ချုံး ဖြစ်မှာ]
[ချန်းရှန် ကံကောင်းပါစေ အား အား အား အား ! ငါ့ရဲ့ ပန်းတိုင်လေး ]
[ငါ ကျင်းစစ် ဘက်က လောင်းမယ်]
[တုန်းဟိုင်ပြည်နယ်စုက ကျင်းစစ်လား... အမှန်အတိုင်း ပြောရင်တော့ လူမုန်းမှာပဲ ဒါပေမဲ့ သူက ကြက်ကန်းဆန်အိုးတိုးပြီး ရောက်လာတာ]
[ကျင်းရှန် ....ကြည့်ကောင်းပြီး အရမ်းတော်တယ် ငါ သူ့ဘက်ကလောင်းမယ်]
[ လူတိုင်း ပီတိဖြာနေတာ ပြီးပြီလား တုန်းဟိုင်ပြည်နယ်စုကလူတွေက တော်တော်လေးကို အမွှန်းတင်တတ်တာ ငါသိသွားပြီ အရင်က သေချာတောင် မသိခဲ့ရတဲ့ ပြိုင်ပွဲဝင်က အခု အရမ်းကို နာမည်ကြီးနေတာပဲ ကြည့်လေ အရမ်းအမွှန်းတင်သလို ဖြစ်နေမှာ မကြောက်ဘူးလား... တကယ်ဆိုရင် သိုသိုသိပ်သိပ်နေပြီး တခြားပြိုင်ပွဲဝင်တွေ ဘယ်လောက်တော်ကြောင်းကိုလည်း ကြည့်လိုက်ပါဦး ကျင်းစစ် ဒုတိယအကျော့မှာ ပါနိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး]
[ငါလဲမဖြစ်နိုင်ဘူးထင်တယ် +1 လူတွေအတွက် မဟုတ်ဘူး ပြည်နယ်တွေအတွက်]
အရင်တစ်ခေါက်မှ မျက်နှာဖြတ်ရိုက်မှုများကြောင့် ကျင်းစစ်၏ အကြောင်းသည် အတော်လေး ရေပန်းစားနေ၏။ လူအများသည် ကျင်းစစ်၏ ပြိုင်ပွဲအတွက် လုပ်ဆောင်မှုများကို အမျိုးမျိုး ထင်ကြေးပေးနေပြီး အများစုသည် သူ့အား ဒုတိယအကျော့တွင် ပါနိုင်မည်ဟု မယုံကြည်ပေ။
ပထမအနေဖြင့် ယခင် ပိုစ့်များတွင် ဖော်ပြထားသကဲ့သို့ပင် ကျင်းစစ်သည် အိုလံပစ်အတွက် စနစ်တကျလေ့ကျင့်မှုများကို သေချာ မလေ့ကျင့်ခဲ့ရသောကြောင့် လူသိမများခဲ့ပေ။ နိုင်ငံ့လေ့ကျင့်ရေးအသင်းတွင် ဝင်ရောက်ယှဥ်ပြိုင်နိုင်သည်မှာ ကံကောင်းမှုကြီးပင်။ သို့သော် နိုင်ငံ့အရံအသင်းဝင်ဖြစ်ရန်မှာ ကံကောင်းမှု တစ်ခုတည်းဖြင့် မရနိုင်တော့ပေ။ ဒုတိယမှာ သူတို့သည် တုန်းဟိုင်ပြည်နယ်စု၏ ပညာရေးစနစ်ကို မယုံကြည်ပေ။
ကျင်းစစ်သည် အင်တာနက်ပေါ်မှ ထိုကိစ္စများကို လုံးဝမသိပေ။ ယခု သူ့တွင် ဖုန်းကိုင်ချိန်ပင် မရှိသောကြောင့်ပင်။ ဗဟုသုတအသစ်များနှင့် စိန်ခေါ်မှုအသစ်များသည် သူ၏ အာရုံကို အပြည့်အဝ ဖမ်းစားထားလေသည်။ ထို့အပြင် သူ့အနားမှ လူများသည် အလွန်ထက်မြက်သောကြောင့် ပထမဆုံးအကြိမ်အဖြစ် တိုက်ပွဲဝင်ချင်စိတ်များ ဖြစ်ပေါ်လာခဲ့ရလေသည်။
ထိုသို့ဖြင့် တစ်ရက်ကြာသောအခါ ကျင်းစစ်သည် သူ၏ လေ့ကျင့်ရေးအသင်းအတွက် ပထမဆုံး စာမေးပွဲကို ဖြေဆိုရလေသည်။
မနက် 8:00 မှ နေ့လည် 12:30အထိ လေးနာရီခွဲကျော်ကြာအတောအတွင်းတွင် သူ၏ စိတ်သည် အပြည့်အဝ အာရုံစူးစိုက်ထားကာ သူ၏ ဦးနှောက်သည် လျှင်မြန်စွာ အလုပ်လုပ်နေရပြီး စာမေးပွဲအပြီးတွင် သူ့ခန္ဓာကိုယ် တစ်ခုလုံးသည် ပင်ပန်းနွမ်းနယ်နေတော့သည်။
သို့သော် အနားယူရန် အချိန် မရှိပေ။ သူ၏ နောက်ထပ် လေ့ကျင့်ရေးတွင် အာရုံမပျံ့လွင့်ဘဲ ထပ်မံ၍ နှစ်မြှပ်လိုက်ရပြန်သည်။ မဟုတ်ပါက ဆရာ၏ သင်ခန်းစာများကို လိုက်၍ မမှီနိုင်ပေ။
ညနေခင်းတွင် ဝမ်ချုံးသည် ကစားကွင်းတွင် ကျင်းစစ်နှင့် လမ်းလျှောက်ရင်း ပြောလိုက်လေသည်
" အချိန် လေးပုံတစ်ပုံကိုပဲ ဖြတ်ကျော်လို့ပြီးသေးတယ် နည်းနည်းတော့ သည်းမခံနိုင်သလို ခံစားနေရတယ်"
ကျင်းစစ်သည်လည်း ပင်ပန်းနေပြီး သူ၏ နားထင်ကို ပွတ်လိုက်ကာ ပြောလိုက်၏
" ပြန်ရောက်ရင် နည်းနည်းတော့ စာဖတ်နိုင်ဦးမယ်လို့ ထင်ထားတာ"
ဝမ်ချုံး သူ့ကို ထိတ်လန့်စွာ ကြည့်လိုက်သည် " မဖြစ်နိုင်တာ မင်းက ပုံမှန် မဟုတ်တော့ဘူးပဲ"
ကျင်းစစ် သူ့ခေါင်းကို ခါလိုက်လေသည် " မရဘူး ငါဆက်မဖတ်နိုင်တော့ဘူး အခုတော့ အိပ်ပဲ အိပ်ချင်နေတယ်"
သူတို့နှစ်ယောက် အဆောင်သို့ အတူတူပြန်သွားကြလေသည်။ ရေချိုးသန့်စင်ပြီး၍ ကျင်းစစ်သည် အိပ်ယာပေါ်တွင် ထိုင်နေချိန်တွင် ယင်းကျောင်းဆီမှ ဖုန်းခေါ်ဆိုမှုကိုရလိုက်လေသည်။ သူသည် အရမ်းပင်ပန်းနေပြီး သူ၏ အခန်းဖော်များသည် အပြင်ရေချိုးခန်းမှ ပြန်မလာကြသေးသောကြောင့် သူသည် အပြင်မထွက်တော့ဘဲ အိပ်ယာလက်ရန်းကို မှီလိုက်ကာ ဖုန်းဖြေလိုက်၏
" ယင်းကျောင်း"
ယင်းကျောင်းသည် ကျင်းစစ်၏ အသံကို ကြားသောအခါ တစ်ခုခုကို ခံစားမိလေသည် " အိပ်ချင်နေတာလား..."
"အင်း" ကျင်းစစ်သည် သူ၏ မျက်လုံးများကို ပွတ်လိုက်ပြီး ဖိနပ်ချွတ်ကာ အိပ်ယာပေါ်သို့ တက်လိုက်လေသည်
" စာမေးပွဲဖြေဖို့ အရမ်းပြင်ဆင်လိုက်ရတော့ ပင်ပန်းနေလို့ မခံနိုင်တော့တာ"
" ဒါဆိုလည်း အိပ်တော့လေ" ယင်းကျောင်းတွင် လုပ်စရာ မရှိပေ။ သူသည် ကျင်းစစ်ကို လွမ်း၍ စကားပြောချင်သောကြောင့် ခေါ်လိုက်ခြင်းပင် " ကိုယ် ဖုန်းချလိုက်မယ်"
"မချနဲ့" ကျင်းစစ်သူ့ကို အလျင်အမြန် တားလိုက်ပြီး အခန်းပေါက်ဝကို လှမ်းကြည့်ပြီးနောက် အနည်းငယ် ရှက်ရွံ့စွာ ပြောလိုက်လေသည်
" နည်းနည်း ကြာကြာလေး ပြောမယ်"
ယင်းကျောင်း ရယ်လိုက်လေသည် " ကိုယ့်ကို လွမ်းလား..."
ကျင်းစစ် မျက်နှာသည် ရှက်ရွံ့စွာ နီရမ်းသွားပြီး အင်းလို့ အသံပြုလိုက်လေသည်။
"ကိုယ့်စကား နားထောင်ပါ အရင် အိပ်တော့" ယင်းကျောင်း ကျင်းစစ် ပင်ပန်းနေသည်ကို နားလည်သောကြောင့် မတတ်နိုင်ဘဲ ပြောလိုက်လေသည်။ သူ၏ အနားယူချိန်များကို အနှောက်အယှက် မပေးချင်သောကြောင့် ပြင်းပြင်းထန်ထန် တင်းကျပ်စွာ ပြောလိုက်လေသည်
" မင်းရဲ့ စိတ်ကို တက်တက်ကြွကြွနဲ့ထိန်းထားနိုင်မှ ပြန်လာပြီး လူတွေကို ကုစားပြီးကယ်တင်နိုင်မှာလေ"
ကျင်းစစ်သည် စောင်ကို ခါနေခြင်း ဖြစ်ပြီး ထိုစကားများကို ကြားသောအခါ သူသည် စောင်ခါနေသောအသံကျယ်ကျယ်ကြောင့် နားကြားမှားသွားသည်ဟု တင်ကာ မေးလိုက်လေသည်
" လူတွေကို ကုစားပြီး ကယ်တင်မယ်...."
"ဟုတ်တယ်လေ" ယင်းကျောင်း ရယ်ရင်း တိုးတိုးလေး ပြောလိုက်လေသည်
" အချစ်နာကျနေတာကို ကုစားပေးရမှာ"
ကျင်းစစ်သည် စောင်အောက်သို့တိုးဝင်လိုက်ပြီး ချိုမြိန်သလိုခံစားလိုက်ရကာ စိတ်လှုပ်ရှားသွားလေသည်။ သူ၏ ခံစားချက်များကို ပြန်လည် မစုစည်းခင်တွင် ယင်းကျောင်း ထပ်ပြောသံကို ကြားလိုက်ရလေသည်
" ကိုယ်တို့ရဲ့ သားတွေကို ကယ်ပါဦး မင်းက ဒီမှာ မရှိတော့ သူတို့တွေ အိမ်သာထဲမှာ ရေဆွဲချခံနေရမှာ"(🌚)
ကျင်းစစ် : "..."
ကျင်းစစ်၏ မျက်နှာသာမက လည်ပင်းသည်ပင် နီရဲနေပြီး သူ့မျက်နှာကို စောင်ထဲတွင် မြှပ်ထားမည်ကို ကြည့်စရာပင် မလိုဘဲ ယင်းကျောင်း သိ၏။ သူ မထိန်းနိုင်ဘဲ ရယ်မောရင်း မေးလိုက်လေသည်
" မင်း အခု အိပ်ချင်နေပြီလား..."
ကျင်းစစ် : " ... အင်း "
" ဒါဆို ကောင်းသောညပါ"
"ကောင်းသောညပါ"
........
ရက်တွေကြာလာသည်နှင့်အမျှ လေ့လာရေးအသင်း၏ ပြင်းထန်သော လေ့ကျင့်မှုများသည်လည်း ပို၍သာ တိုးလာလေသည်။
လေးနာရီခွဲကြာ စာမေးပွဲသည် နှစ်ရက်တစ်ကြိမ် အမြဲတမ်းရှိ၏။ စာမေးပွဲပြီးသောအခါတွင် ဆက်၍ မလေ့ကျင့်ခင် နေ့လည်စာစားကြလေသည်။ အားလပ်ချိန် လုံးဝပင် မရှိချေ။
အစပိုင်းတွင် ဝမ်ချုံးသည် ကျင်းစစ်ထံတွင် ညည်းညူခဲ့သော်လည်း အဆုံးတွင် ညည်းညူရန်ပင် အင်အားမရှိတော့ပေ။ ညနေခင်း အဆောင်သို့ ပြန်ရောက်လာသောအခါ တုံ့ဆိုင်းစွာ ရေချိုးပြီးနောက် စကားတစ်ခွန်းမျှပင် မပြောနိုင်ခဲ့ပေ။
သို့သော် နေ့စဥ်ရက်ဆက် ပင်ပမ်းနွမ်းနယ်မှုသည် တစ်ညတာ အိပ်ရုံဖြင့် မပျောက်ကွယ်သွားစေဘဲ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများ ပိုမို များပြားလာလေသည်။ ထို့ကြောင့် လေ့ကျင့်ရေးအသင်း၏ လေထုသည် ညှိုးငယ်ထိုင်းမှိုင်းနေတော့၏။
များပြားသော စွမ်းအင်သုံးစွဲမှုကြောင့် ကျင်းစစ်၏ အစာစားချင်စိတ်သည် ပိုမိုများပြားလာပြီး မနက်ခင်းတွင် အများကြီးမစားတတ်သော သူ၏ အကျင့်ကိုပင် ပြောင်းလဲသွားစေသည်။ ညနေပိုင်းပြန်လာပြီးသောအခါ သူ၏ အစာအိမ်ကို ထောက်ပံ့ရန်အတွက် အဆာပြေမုန့်များကို ရှာဖွေကာ စားသုံးခဲ့ရလေသည်။ သူထိုသို့ စားသုံးနေလျှင်တောင် သူ၏ ခန္ဓာကိုယ်သည် ပိန်ပါးနေတုန်းပင်။
နောက်ဆုံးအကြိမ်တွင် ဖြေလွှာများကို ပေးအပ်ခဲ့ပြီးနောက် ကျင်းစစ် စိတ်သက်သာရာရစွာ သက်ပြင်းရှည်ကြီးကို ချလိုက်လေသည်။
အတန်းထဲမှ အခြားပြိုင်ပွဲဝင်များသည်လည်း သူ့လိုပင်။ နောက်ဆုံးတွင် သူတို့၏ ဝန်ထုတ်ဝန်ပိုးများကို ပစ်ချလိုက်ရသကဲ့သို့ပင် စားပွဲပေါ်တွင် မှောက်ကာ သက်ပြင်းချနေလိုက်ကြသည်။
သိသိသာသာပင် ထိုအချိန်သည် နေ့လည်စာစားချိန်ဖြစ်သော်လည်း အတော်ကြာသည်အထိ မည်သူမျှ မလှုပ်ရှားပေ။
ပြိုင်ပွဲဝင်များ၏ စာမေးပွဲ ဖြေလွှာများကို အသင်းဝင်များထံသို့ ဖြန့်ဝေမည် မဟုတ်သလို ဆရာများသည်လည်း ထိုဖြေလွှာများကို အမှတ်ပေးမည် မဟုတ်ပေ။ ရလဒ်မထွက်လာခင်အထိ မည်သို့ လုပ်မည်ကို မည်သူမျှ မသိကြပေ။
ကျင်းစစ် ဘောပင်ကို ချလိုက်ပြီး ဘောပင်အိတ်ကို မစောင်းစေဘဲ တည့်တည့်မတ်မတ်ဖြစ်အောင် လုပ်လိုက်ကာ ဝမ်ချုံး၏ ထိုင်ခုံ ဆီသို့ လျှောက်သွားလိုက်လေသည်
" နေ့လည်စာ သွားစားမလား..."
" ငါ့ကို ထူပါဦး" ဝမ်ချုံးသည် ထိုင်ခုံပေါ်တွင် ပျော့တိပျော့ဖတ် ပစ်လှဲထိုင်နေပြီး လက်မြှောက်ကာ ပြောလိုက်သည်။
ကျင်းစစ် ရယ်လိုက်ကာ လက်ဆန့်ပြီး သူ့ကို ဆွဲထူလိုက်၏
" သွားရအောင်"
ဝမ်ချုံး ခေါင်းငြိမ့်လိုက်ရင်း ကျင်းစစ်နှင့် ဘေးချင်း ယှဥ်၍ လျှောက်သွားလိုက်လေသည်။
သူ အတန်းထဲမှ ထွက်လိုက်သည်နှင့် ဝမ်ချုံးသည် အသိမပေးဘဲ "အာ" ဟူ၍ အသံပြုလိုက်ပြီး သူသည် အံ့အားသင့်စွာ တုံ့ပြန်လိုက်လေသည် " ဒီနေ့ပြီးရင် ပြီးပြီဘဲ ! "
စာမေးပွဲ စစ်ဆေးမှုများသည် မနက်ခင်းပိုင်းတွင်သာ ဖြစ်ပြီး နေ့လည်နှင့် ညနေခင်းတွင် ကိုယ်ပိုင်စာကြည့်ချိန် နှစ်ချိန် ရှိပါသည်။ မနက်ဖြန်တွင် ပိတ်ပွဲ အခမ်းအနား ကျင်းပမည် ဖြစ်၏။ ထိုအခမ်းအနားတွင် ရွေးချယ်မှုအတွက် ပြိုင်ပွဲဝင်များကို ကြေငြာမည် ဖြစ်ပြီး ပြီးဆုံးသွားလျှင် အသင်းကို ထားခဲ့၍ ထွက်ခွာသွားနိုင်လေသည်။
" ဟုတ်တယ်လေ " ကျင်းစစ် တုံ့ပြန်လိုက်လေသည်။ လေ့ကျင်နေသည့်အတောအတွင်းတွင် သူ၏ အားအင်များကို ကုန်ခမ်းစေပြီး သူ့လုပ်နိုင်စွမ်း မှန်သမျှကို ထုတ်သုံးခဲ့လေသည်။ ထို့ကြောင့် ရလဒ်မည်ကဲ့သို့ ဖြစ်နေပါစေ သူသည် အေးဆေးတည်ငြိမ်စွာ လက်ခံလိုက်မည် ဖြစ်သည်။
"ငါအခု အိမ်ပြန်ပြီး သုံးရက် သုံးညလောက် အိပ်ချင်တယ် " ဝမ်ချုံးသည် သူ၏ လက်ဖဝါး ဖောင်းဖောင်းလေးကို ဆန့်လိုက်ပြီး ကျင်းစစ်ကို ကြည့်ကာ ပြောလိုက်လေသည်
" ငါ့ကိုယ်ငါ ပိန်လွန်းတယ် ထင်နေတာ အရမ်း နာကျင်ရတာပဲ"
သူသက်ပြင်းချကာ ပြောလိုက်သည် " လူတွေက အလျင်လိုနေရင် အဆီတွေကတောင် မင်းကို ခြွင်းချက် ဖြစ်အောင် လုပ်ပေးထားတာပဲ"
" ငါလည်း အိမ်ပြန်ချင်တယ် " ကျင်းစစ်သည် လိုက်ကာကို မလိုက်ကာ ကန်တင်းထဲသို့ လမ်းလျှောက်ကာ ဝင်သွားလိုက်သည်။
အစပိုင်း ရက်အနည်းငယ်၌ သူ့တွင် ယင်းကျောင်းကို ဖုန်းဆက်ကာ စကားအနည်းငယ် ပြောရန် အချိန် ရှိသေး၏။ နောက်ပိုင်း၌ သူ့တွင် wechat မှသာ အဆက်အသွယ် လုပ်နိုင်ပြီး နာရီအနည်းငယ်ကြာသည်အထိ စာမပြန်နိုင်သော်လည်း ယင်းကျောင်းသည် သူ့ကို မကြာခဏ မက်ဆေ့ချ် ပို့လေ့ရှိသည်။
သူ ယင်းကျောင်းအား အမှန်တကယ် လိုချင်၏။ သူ့အား သင်္ချာများဖြင့် ဝန်းရံထားချိန်၌ပင် မတွေးဘဲမနေနိုင်ကာ ထိုခံစားချက်ကိုလည်း မေ့မရနိုင်ပေ။
"ငါ့ကို နောက်ကျရင် ဆက်သွယ်ဖို့ မမေ့နဲ့နော်"
ဝမ်ချုံး ပြတင်းပေါက်နားသို့သွားကာ အစာကို မှာလိုက်ပြီး ကျင်းစစ်ဘေးနားတွင် ပန်ကန်ပြားနှင့် စောင့်နေလေသည်။ ထို့နောက် ကျင်းစစ်အား ပြောလေသည်
" ငါတို့က ရဲဘော်ရဲဘက်တွေတင် မဟုတ်ဘဲ အနာဂါတ်ကျရင်လည်း ငါတို့က ကျောင်းတူတူ တက်ရမှာ"
" အင်း" ကျင်းစစ်သည် ပြတင်းပေါက်မှ အန်တီကြီးအား ဟင်းနှစ်မျိုး ပိုထည့်ပေးရန် ပြောလိုက်ပြီး ထမင်းစားပွဲဆီသို့ ဝမ်ချုံးနှင့် အတူ လျှောက်သွားလိုက်လေသည်။
" ဟေး မင်းရဲ့ အထက်တန်းတတိယနှစ် အတွက် ဘယ်လို အချိန်ကုန်မယ် စဥ်းစားထားလဲ..." ဝမ်ချုံးသည် နံရိုးမှ ကပ်နေသော အသားကို ပါးစပ်ထဲထည့်လိုက်ပြီး ကျင်းစစ်ကို စပ်စုစွာ ကြည့်လိုက်လေသည်
" ဘယ်လိုပဲဖြစ်ဖြစ် ငါကတော့ တစ်ချိန်လုံး ကျောင်းမှာ နေဖို့ အစီအစဉ် မရှိဘူး အိမ်မှာပဲ ဂိမ်းကစားပြီး လွတ်သွားတဲ့ နှစ်တွေအတွက် အစားထိုးပြီး ကစားဦးမှာ"
ကျင်းစစ် ထိုကိစ္စကို တစ်ခါမျှ မတွေးခဲ့ဖူးပေ။
သူ ထိုအကြောင်းကို လေးလေးနက်နက် တွေးလိုက်ပြီး ပြောလိုက်လေသည် " အတန်းပဲ ဆက်တက်မှာ"
သို့သော် သူအာရုံစိုက်ရမည့်အရာသည် သူ၏သင်ယူခြင်းမှ ယင်းကျောင်းအား စာလေ့လာရန် တိုက်တွန်းနှိုးဆော်ခြင်းအား ပြောင်းလဲသွားမည်ပင်။
ယင်းကျောင်း၏အကြောင်းကို တွေးမိသောအခါ ကျင်းစစ်၏ မျက်နှာပေါ်တွင် မဖုံးကွယ်နိုင်သော အပြုံးလေး ပေါ်လာလေသည်။
၎င်းကိုတွေ့သောအခါ ဝမ်ချုံးသည် သူ့ကိုယ်သူပင် သံသယဝင်မိတော့သည်။ သူတကယ် ကျောင်းတက်ရတာကို ပျော်နေတာလား ဒါမှမဟုတ် တုန်းဟိုင်ပြည်နယ်စုက ကျောင်းမှာ တစ်ခုခု ထူးခြားတာ ရှိလို့လား..
ကျင်းစစ်သည် ရွေးချယ်မည့် ရလဒ်အား တည်ငြိမ်စွာ စောင့်နေသော်လည်း အခြားတစ်ဖက်ရှိ ကျင်းမိသားစုတွင်တော့ မသင့်မြတ်တော့ပေ။
ဇနီးဟောင်းမှ မွေးသောသားအား စားဝတ်နေရေးစရိတ် မပေးတော့သည့်သတင်း ပျံ့ပြီးနောက် အဖေကျင်းသည် လုပ်ဖော်ကိုင်ဖက်များ၏ ထူးဆန်းသော အကြည့်များကို သည်းမခံနိုင်တော့ဘဲ ခေါင်းဆောင်ဆီသို့ အလုပ်ထွက်စာ တင်လိုက်လေသည်။
အဖေကျင်းသည် ကုမ္ပဏီတွင် အလယ်အလတ်အဆင့်ဟု သတ်မှတ်၍ ရသော်လည်း သူ့နေရာအား အစားထိုးနိုင်လေသည်။ ခေါင်းဆောင်သည် သူ၏ နှုတ်ထွက်စာကို လျှင်မြန်စွာ သဘောတူလိုက်ပြီး အခြားလူသစ်များကို ချက်ချင်း ခန့်လိုက်လေသည်။
အဖေကျင်း ထိုကုမ္ပဏီမှ ထွက်ပြီးနောက် မည်သူမျှ သူ့အားမသိသော ကုမ္ပဏီအသစ်တွင် အလုပ်လုပ်ချင်ခဲ့လေသည်။ သူ့လုပ်ခဲ့သော ကုမ္ပဏီသည် ကောင်းမွန်သောကြောင့် သူ၏ အလုပ်သစ်တွင် မျှော်မှန်းလစာသည် တဖြည်းဖြည်းချင်း တက်လာမည်ပင်။
သို့သော် သူသည် လူထု၏ ခံယူချက်သဘောထားကို လျော့တွက်မိလေသည်။
ကျင်းစစ်သည် ကြည့်ကောင်းပြီး စာလည်းတော်၏။ သူသည် တုန်းဟိုင်ပြည်နယ်စုမှ နိုင်ငံ့လေ့ကျင့်ရေးအသင်းသို့ ဝင်နိုင်သော ပထမဆုံး ပြိုင်ပွဲဝင်ကျောင်းသား ဖြစ်ပြီး ကျောင်းသားတိုင်းအတွက် နမူနာယူထိုက်သူလည်း ဖြစ်၏။ ထိုကဲ့သို့သော ကလေးအား တစ်နိုင်ငံလုံးမှ မိဘတော်ချင်နေချိန်တွင် သူ၏ အဖေအရင်းဆီမှ အနိုင်ကျင့် နှိပ်စက်ခံခဲ့ရလေသည်။ ထိုကဲ့သို့သော သတင်းများအား မည်ကဲ့သို့ လူစိတ်မဝင်စားဘဲ နေနိုင်မည်နည်း။
အနည်းဆုံးတွင် သတင်းပေါက်ကြားမြန်သော အင်တာနက်ကုမ္ပဏီများတွင် အဖေကျင်းအား နာမည်ပျက်စာရင်းသွင်းထားလေသည်။
ကိုယ့်သားအရင်း အပေါ်တောင် ရက်စက်တဲ့လူကို ဘယ်သူက အလုပ်ခန့်ရဲမှာလဲ... မတော်တဆ သူ့ကို စိတ်အနှောက်အယှက်လုပ်မိလို့ ရုံးရဲ့ ရေသန့်စက်မှာ အဆိပ်ခတ်ထားရင် ဘယ်လိုလုပ်ပါ့မလဲ...