Chapter 104
ကျင်းစစ်၏ အောင်မြင်မှုသည် တုန်းဟိုင်စီရင်စုအထက်တန်းကျောင်း တစ်ခုတည်းကိုသာ စိတ်လှုပ်ရှားနေခြင်း မဟုတ်ဘဲ အပြင်ကမ္ဘာကြီးကိုလည်း တုန်လှုပ်စေခဲ့လေသည်။ တုန်းဟိုင်ပြည်နယ်စုမှ သေချာကျွမ်းကျွမ်းကျင်ကျင် မလေ့ကျင့်ခဲ့ရသော ပြိုင်ပွဲဝင်သည် နိုင်ငံ့အရန်အသင်းသို့ ဝင်နိုင်သွားသည်ကို လူအများသည် မယုံနိုင်ခဲ့ပေ။
စာရင်းကို ထပ်ကာထပ်ကာ ကြည့်ပြီးနောက်မှသာ သူတို့သည် မှားယွင်းမဖတ်ခဲ့ကြောင်းကို အတည်ပြု၍ လက်ခံနိုင်သွားလေသည်။
[တချို့လူတွေကို သာမန်မျက်လုံးနဲ့ မမြင်နိုင်ဘူးပဲ ငါတော့ ဥာဏ်ကြီးရှင်တွေရဲ့ လောကကြီးကို နားမလည်ပါဘူး]
[ငါနားလည်ပြီ ကျင်းစစ်ဆိုတဲ့ ပြိုင်ပွဲဝင်ရဲ့ အဓိကက သင်္ချာဘာသာပဲ သူ့ရဲ့ အခြားအလုပ်ကကျတော့ မျက်နှာဖြတ်ရိုက်တာပဲ]
[ငါသာ တုန်းဟိုင်ပြည်နယ်စုက လူဆိုရင်တော့ တခြားဘာမှ မပြောဘဲ သူ့ကို မြှောက်ပင့်ချီးမွမ်းနေမှာ ]
[ငါ့မျက်နှာကတော့ အရိုက်ခံရလို့ ယောင်သွားပြီ ဒါပေမဲ့ ဘာလို့လဲတော့မသိဘူး ထူးထူးဆန်းဆန်း စိတ်လှုပ်ရှားနေတယ် မတ်လ နိုင်ငံ့အသင်းရဲ့ ရွေးချယ်ပွဲကို စောင့်မျှော်နေပါပြီ]
[အပေါ်ထပ်ကလိုပါပဲ +1 ကျင်းစစ်ကိုပဲ ဆက်အာရုံစိုက်နေပြီး သူ့ရဲ့နောက်ဆုံးရွေးချယ်ပွဲအထိ စောင့်နေပြီး သူဘယ်ထိ သွားနိုင်မလဲ စောင့်နေပါတယ်]
နှစ်စဥ်နှစ်တိုင်းတွင် ကောလိပ်ဝင်ခွင့်တွင် အဆင့်တစ်ရသောသူအား ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြမည် ဖြစ်သည်။ ကျင်းစစ်၏ မကြုံစဖူး အောင်မြင်မှုကြီးမျိုးကို မဆိုလေနှင့်။ အဖေကျင်းသည် ကျင်းစစ်၏ ပြိုင်ပွဲရွေးချယ်မှုကို ဂရုမစိုက်သော်လည်း ထိုနေ့တွင် သတင်းကိုသိလိုက်ရလေသည်။
သူသည် ဝဘ်ဆိုဒ်တွင်တင်ထားသော ထိုသတင်းပိုစ့်အား ဗလာဖြစ်နေသောအကြည့်ဖြင့်ကြည့်ရင်း သူ့ဆီမှ သာမန်ချီးကျူးခံရရုံဖြင့် အကြာကြီးပျော်ရွှင်နေတတ်သော ထိုကလေးအား တွေးလိုက်မိသည် ပထမဆုံးအကြိမ်အဖြစ် သူ၏ နှလုံးသားထဲတွင် နောင်တရလိုက်လေသည်။
တကယ်လို့ ... ငါသာသူ့ကို အရင်တုန်းက ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ရင် အခုဆို ဘယ်လိုများ ဖြစ်နေမလဲ?
ကျင်းစစ်သည် သူပထမအကျော့အား ဖြတ်ကျော်နိုင်ခဲ့ကြောင်းကို ဝမ်ချုံး ပြောပြသောကြောင့် သိခဲ့ရလေသည်။
ထိုအချိန်တွင် သူသည် ပိတ်ပွဲအခမ်းအနားရှိ ဧည့်သည်များ၏ မိန့်ခွန်းပြောနေသည်ကို အာရုံစိုက်နေခဲ့သည်။ သို့သော် သူ၏ လက်မောင်းသည် ရုတ်တရက် နာကျင်သွားလေသည်။ သူခေါင်းလှည့်ကြည့်လိုက်သောအခါ ဝမ်ချုံးသည် သူ၏ လက်မောင်းအား တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရလေသည်။ ထို့နောက် ဝမ်ချုံးသည် ဖိနှိပ်ထားသောအော်သံဖြင့် ပြောလိုက်လေသည် " ပါပြီ ! ငါတို့နှစ်ယောက်လုံး ဒုတိယအကျော့ကို ပါသွားပြီ ! "
သူသည် ကျင်းစစ်အား ဖုန်းကို ပေးလိုက်ပြီး သူ၏ လည်ပင်းများသည် စိတ်လှုပ်ရှားမှုဖြင့် နီရဲနေလေသည်
" ကြည့်လိုက် ! ကြည့်လိုက် ! "
ကျင်းစစ်သည် ဖုန်းမျက်နှာပြင်ကို လျှင်မြန်စွာ ငုံ့ကြည့်လိုက်ချိန်တွင် သူ၏ နာမည်သည် စာရင်းတွင် အသေအချာကို ပါဝင်နေလေသည်။
တကယ် ပါသွားပြီ ...
ကျင်းစစ်၏ နှလုံးသည် အခုန်မြန်နေပြီး သူ၏ မျက်လုံးထောင့်စွန်းများနှင့် မျက်ခုံးများသည် ချက်ချင်း အပြုံးများဖြင့် စွန်းထင်းသွားသော်လည်း တည်ငြိမ်စွာဖြင့် ဖိနှိပ်ခံလိုက်ရလေသည်။ သူ ဝမ်ချုံးအား ဖုန်းပြန်ပေးလိုက်ပြီး သူ၏ ဖုန်းကိုထုတ်ကာ ယင်းကျောင်းဆီသို့ မက်ဆေ့ချ်ပို့ရန် ပြင်လိုက်သော်လည်း တချိန်တည်းတွင် ယင်းကျောင်းဆီမှ wechat မက်ဆေ့ချ်ကို တွေ့လိုက်ရလေသည်။
[ကျောင်း] : နိုင်ငံ့အရန်အသင်းကို ဝင်နိုင်သွားဆဲ့ အတွက် ဝမ်းသာပါတယ် ကိုယ်မင်းအတွက် ဂုဏ်ယူတယ်
ယသူ သိပြီးနေပြီ သူ ဒါကို အာရုံစိုက်ကြည့်နေတာလား...
ကျင်းစစ်သည် စာရိုက်သည့်နေရာကို နှိပ်လိုက်ပြီး ပြန်စာရေးရန် ပြင်လိုက်ချိန်တွင် ဖုန်းပေါ်မှ အချိန်အား ရုတ်တရက် မြင်လိုက်ရပြီး သူ့ကိုယ်သူ တည်ငြိမ်သွားစေရန် ထပ်မံဖိအားပေးလိုက်လေသည်။
အခုက အတန်းချိန်ပဲ ယင်းကျောင်းကို အာရုံလွင့်အောင် လုပ်လို့ မဖြစ်ဘူး
၎င်းသည် ခက်ခဲသော်လည်း ပိတ်ပွဲအခမ်းအနားသည် တစ်နာရီခွဲ အကြာတွင် ပြီးဆုံးသွားလေသည်။ ထိုအချိန်တွင် ယင်းကျောင်း၏ အတန်းသည်လည်း ပြီးသွားခဲ့လေသည်။ ကျင်းစစ် ချက်ချင်း ယင်းကျောင်းကို ဖုန်းခေါ်လိုက်လေသည်။ ယင်းကျောင်းသည်လည်း ချက်ချင်း ဖုန်းကိုင်လိုက်လေသည်။
"ဝမ်းသာပါတယ် ကျင်းရှန်" ယင်းကျောင်း၏ ရယ်နေသောအသံသည် မိုက်ခရိုဖုန်းမှတဆင့် ပျံလွင့်လာလေသည် " နောက်ထပ် စံချိန်တစ်ခုကို ချိုးလိုက်ပြန်ပြီ"
ကျင်းစစ်၏ မျက်နှာသည် ရုတ်တရက် နီရဲသွားပြီး အနည်းငယ် ရှက်ရွံ့သွားလေသည်။ သို့သော် သူ၏ ချစ်ရသူနှင့် ပျော်ရွှင်မှုအား ပို၍ မျှဝေချင်လေသည်။ သူသည် ဖုန်းကိုကိုင်ထားရင်း တိုးတိုးလေး ပြောလိုက်လေသည် " မင်း ...ငါပြန်လာမဲ့ အချိန်ကို စောင့်နေနော်"
ယင်းကျောင်း၏ မျက်ဝန်းထဲမှ အပြုံးသည် တဖြည်းဖြည်း လျှံကျလာလေသည်။ သူသည် ခိုးနားထောင်ရန် ရောက်လာသော ကျန့်ချွယ်ကို တွန်းထုတ်လိုက်ရင်း မတ်တတ်ရပ်ကာ ဘေးသို့ လျှောက်သွားလိုက်လေသည် " ဘယ်အချိန်ရထားရောက်မှာလဲ?"
ကျင်းစစ် မသိစိတ်အရ ရထားရောက်မည့် အချိန်အား ပြောပြလိုက်ချင်သော်လည်း အရင်တစ်ခေါက်က သူ့အား အမြန်လာကြိုသည့်အကြောင်းတွေးလိုက်မိသည်နှင့် သူ၏အတန်းချိန်ကို နှောင့်နှေးစေမည်အား စိုးရိမ်သောကြောင့် အမှန်ကို မပြောခဲ့ပေ " ညနေ ခြောက်နာရီရထား ဘူတာရုံကို ညနေ ကိုးနာရီရောက်မယ် "
ယင်းကျောင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်လေသည် " အရမ်းနောက်ကျမှလား..."
"အင်း" ကျင်းစစ်သည် သူ့၏ ဦးနှောက်ထဲတွင် အကြောင်းပြချက်ကို စဥ်းစားနေလိုက်ရင်း ပြောလိုက်သည် " ငါနဲ့ တခြားသူငယ်ချင်းတွေ အပြင်ထွက်လည်မလို့"
ပြသနာ မရှိသောကြောင့် ယင်းကျောင်း အရမ်းမတွေးဘဲ ခေါင်းငြိမ်လိုက်လေသည်
" ဒါဆိုလည်း အိုကေလေ ပျော်ပျော်လည်ခဲ့ မင်းရထားပေါ်တက်ရင်တော့ ကိုယ့်ကို အသိပေးဦး"
"အိုကေ"
ယင်းကျောင်း၏ အတန်းသည် စခါနီးသောကြောင့် ကျင်းစစ်သည် သူ့ကို စကားအများကြီး မပြောခဲ့ပေ။ သူ့ကို ဖုန်းချရန် ပြောလိုက်ပြီး အဆောင်ဆီသို့ ပြန်သွားကာ စတင် ထုတ်ပိုးလေတော့သည်။
သူ၏ ရထားသည် နေ့လည်နှစ်နာရီတွင် ဖြစ်ပြီး သူသည် ဘူတာရုံသို့ နေ့လည်စာ စားပြီးချိန်တွင် ရောက်မည်ဖြစ်သောကြောင့် အချိန်လုံလောက်၏။
ဝမ်ချုံးသည် သူထက်အရင် ထုတ်ပိုးပြီးကာ ဤနေရာမှ ထွက်သွားရန်ပင် မစောင့်နိုင်သောကြောင့် ကျင်းစစ်အား အမြန်လုပ်ရန် တိုက်တွန်းနေလေသည် " မြန်မြန်လုပ် ငါတို့နှစ်ယောက်လုံး နေ့လည်နှစ်နာရီမှာ ရောက်မယ့် ရထားနော် မဟုတ်ရင် နောက်ကျနေဦးမယ်"
ကျင်းစစ်သည် သူ၏ အလျင်လိုနေသော အကြည့်ကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်ပြီးနောက် အလျင်အမြန် လုပ်လိုက်ရလေသည်။
သူတို့နှစ်ယောက်သည် အပြင်ထွက်မစားဘဲ ကန်တင်းတွင်သာ အမြန်စားလိုက်ကြပြီး ရထားဘူတာသို့ သွားကြလေသည်။ မတ်လတွင် တွေ့ရန် ချိန်းဆိုမှုအပြီး သူတို့ အိမ်သို့ ပြန်သွားကြလေသည်။
ကျင်းစစ်သည် တစ်လအကြာ အပြင်းအထန် လေ့ကျင့်ခဲ့ရသောကြောင့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုအပြင် သုံးနာရီကြာ ရထားစီးခဲ့ရလေသည်။ သူအိမ်ပြန်ရောက်သည်နှင့် အိပ်ယာပေါ်တွင် အိပ်ပျော်သွားလေသည်။ သို့သော် သူ ယင်းကျောင်းကို အမှန်တကယ် တွေ့ချင်နေသောကြောင့် သူ၏ ပင်ပမ်းနွမ်းနယ်မှုများကို ခုခံလိုက်ကာ ညနေစာချိန်တွင် ကျောင်းသို့ သွားလိုက်လေသည်။
ထိုအချိန်တွင် ယင်းကျောင်းသည် ညနေစာစားပြီးနောက် အတန်းသို့ ပြန်လျှောက်သွားလိုက်လေသည်။
"ကျွန်တော် ဒီအပတ် တနင်္ဂနွေ မှာ အကိုနဲ့ အတူရှိမှာ မဟုတ်ဘူး" ကျန့်ချွယ်သည် သူအဝေးသို့လျှောက်သွားသည်နှင့် ပြောလိုက်လေသည် " ချောင်းယွမ်က ကျွန်တော်နဲ့ ရုပ်ရှင်သွားကြည့်ဖို့ ကတိပေးထားတယ်"
ချောင်းယွမ် ဆိုသည့် မိန်းကလေးအား ကျန့်ချွယ် ပိုးပမ်းနေသည်မှာ လအတော်ကြာပြီ ဖြစ်သည်။
"မင်းပြောကြည့် သူမ ငါ့ကို စိတ်ဝင်စားနေပြီလား?"
ရုပ်ရှင်ကြည့်ဖို့ စိတ်ဝင်စားတာနေမှာ ဆက်ပြီး အိမ်မက်မက်နေလိုက်
ဟယ်ကျိုး မျက်လုံးလှန်လိုက်ကာ သူ့အား လျစ်လျူရှူထားလိုက်တော့သည်။
ယင်းကျောင်း နှာမှုတ်လိုက်လေသည် " ငါ့မှာစပျစ်ဆီရှိတယ် ငါပြီးရင် မင်းစိတ်ကူးယဥ်တာ ပျောက်သွားအောင် မင်းကို သုတ်ပေးမယ်..."
သူ၏ မျက်စံအိမ်များသည် ရုတ်တရက် ကြုံ့သွားပြီး သူသည်ရှေ့တည့်တည့်သို့ စိုက်ကြည့်နေကာ သူ၏ ခြေလှမ်းများသည် မသိစိတ်အရ ရပ်တန့်သွားလေသည်။
ထိုနေရာတွင် ကျင်းစစ်သည် သူ့ကို ပြူးကျယ်နေသော မျက်လုံးများဖြင့် အံ့အားသင့်စွာ စိုက်ကြည့်နေလေသည်။
"အစ်ကိုကျောင်း ဘာဖြစ်တာလဲ ... ဟေး... အစ်ကိုစစ် မင်း ပြန်လာပြီပဲ ... " ဟယ်ကျိုးသည် ကျင်းစစ်ဆီသို့ ပြေးလာကာ အပြုံးဖြင့် ပြောလိုက်လေသည် " စာသင်ဆောင်ရှေ့မှာ ကျွန်နော်တို့ တွေ့ရတာ တိုက်ဆိုင်လိုက်တာ"
"မင်းက သတ္တိ ပိုရှိလာတာပဲ ဟုတ်တယ်မလား.."
ယင်းကျောင်းသည် ဟယ်ကျိုးကို ဖြတ်ကျော်သွားပြီး ကျင်းစစ်ကို တိုင်လုံးဆီသို့ တွန်းလိုက်ကာ ဖက်၍နမ်းချင်စိတ်ကို ထိန်းထားလိုက်ပြီး သူ၏ နားသံသီးလးကို ဖျစ်လိုက်ရင်း ခပ်ဖွဖွရယ်ကာ ပြောလိုက်လေသည်
" ကိုယ့်ကို လိမ်တယ်ပေါ့..."
ကျင်းစစ်ကို တွေ့လိုက်သည့်အခိုက်တွင် ယင်းကျောင်းသည် တုံ့ပြန်လိုက်လေသည်။
အပြင်ထွက်လည်ပတ်စားသောက်ခြင်း မရှိပေ။ ကျင်းစစ် တမင်တကာ လိမ်ပြောခဲ့ရသည့်အကြောင်းမှာ ယင်းကျောင်းသည် သူ၏ စာများကို နှောင့်နှေးစေပြီး သူ့ကို လာကြိုမည်ကို စိုးရိမ်သောကြောင့်ပင်။
ကျင်းစစ်၏ နှုတ်ခမ်းများသည် ပြုံးသွားပြီး စကားမပြောပေမဲ့ ယင်းကျောင်းကို ကြည့်နေသော သူ၏ အကြည့်များသည် တောက်ပနေလေသည်။
ယင်းကျောင်း၏ နှလုံးသားလေးသည် ဘောလုံးလေးသကဲ့သို့ ချက်ချင်း နူးညံ့ပျော့ပျောင်းသွားလေသည်။ အဆောက်အဦးရှေ့တွင် သွားလာနေသော လူများကိုသာ ထည့်တွက်မနေပါက ခြေထောက်များပင် ပင်ပန်းမောလျကာ အားနည်းနေသော သူ၏ လူလိမ်လေးအား လက်မောင်းထဲတွင် ပွေ့ဖက်ထားလိုက်မည်ပင်။
သူ၏ နှလုံးသားထဲမှ အုံကြွလာသော ခံစားချက်များကို ထိန်းချုပ်ထားလိုက်ရင်း ကျင်းစစ်၏ ဆံပင်များကို နှစ်ကြိမ်တိုင် ပွတ်သပ်လိုက်ကာ မေးလိုက်သည် " မင်း ပင်ပန်းနေပြီလား?"
"မပင်ပန်းပါဘူး"
ယင်းကျောင်း ရယ်လိုက်လေသည် " မင်းက ဒီလောက်ပိန်နေတာကိုတောင် အရမ်းခေါင်းမာတာပဲ"
ကျင်းစစ်၏ ပခုံးကို ဖက်လိုက်ရင်း ပြောလိုက်လေသည် " ဒီမှာရပ်မနေပဲ အတန်းထဲကို သွားရအောင်"
ကျင်းစစ် ခေါင်းငြိမ့်ပြလိုက်ကာ သူနှင့်အတူ ဝင်သွားလေသည်။
နှစ်လှမ်းသာလျောက်ပြီးချိန်တွင် ကျန့်ချွယ်သည် သူ့ကို ရုတ်တရက် အသိပေးလိုက်လေသည် " အစ်ကိုစစ် အကို့ဖိနပ်ကြိုး ပြေနေတယ်"
ကျင်းစစ်သည် ငုံ့ကြည့်လိုက်သောအခါ သူ၏ ဘယ်ဘက် ဖိနပ်ကြိုး လျော့နေသည်ကို တွေ့လိုက်ရပြီး ထောင့်နားသို့ လျှောက်သွားလိုက်ကာ ကြိုးကို ချည်တော့မည့်အချိန်တွင် ယင်းကျောင်းသည် သူ့ရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်လေသည်။
"မတ်တတ်ရပ်လိုက်" သူ၏ သွယ်လျလျ လက်များကို ဆန့်ထုတ်လိုက်ကာ ပြေလျော့နေသောကြိုးကို ချည်လိုက်ရင်း ပြောလိုက်လေသည် " အဝတ်တွေ အထူကြီး ဝတ်ထားပြီး ဆောင့်ကြောင့်ထိုင်လို့ အဆင်မပြေဘူးလေ"
ကျင်းစစ်နှင့်အတော်ကြာ အတူရှိနေပြီးနောက် ယင်းကျောင်း၏ စရိုက်သည် အတော်လေး ပြောင်းလဲသွားပေသည်။ အနည်းဆုံး ဖိနပ်ကြိုးများသည် ယခင်ကထက် ပို၍ လှပသွားလေသည်။
"အဆင်ပြေသွားပြီလား..." သူ ချည်ပြီးသောအခါ ချက်ချင်းမထဘဲ ခေါင်းမော့ကာ ကျင်းစစ်ကို ကြည့်ရင်း အပြုံးလေးဖြင့်မေးလိုက်လေသည် " ညီညီညာညာ ရှိရဲ့လား..."
"ဟေး" ဟယ်ကျိုးသည် ကျင်းစစ်၏ ပုံစံကို တစ်ချက်ကြည့်လိုက်ရင်း ထူးဆန်းစွာ ပြောလိုက်လေသည် "အစ်ကိုကျောင်း ကျွန်တော့်ရဲ့ ဖိနပ်ကြိုးလဲ ပြေနေတယ်"
ကျန့်ချွယ်သည်လည်း ဝင်၍ နောက်ပြောင်လေသည် " ကျွန်တော့်ဟာရောပဲ"
သူတို့၏ စနောက်မှုများကြောင့် ကျင်းစစ်၏ မျက်နှာသည် နီရဲနေသော်လည်း သူ၏ နှလုံးသားသည် နွေးထွေးနေလေသည်။ သူ၏ လက်ကို ဆန့်ကာ ယင်းကျောင်းကို ဆွဲထူလိုက်ရင်း ပြောလိုက်လေသည် " ညီတယ် ထတော့"
"တော်သေးတာပေါ့" ယင်းကျောင်းသည် ဟယ်ကျိုးနှင့် အခြားသူများကို လျစ်လျူရှုလိုက်ကာ ကျင်းစစ်နှင့် ဘေးချင်းယှဥ်လျက် လှေကားပေါ်သို့ တက်သွားလေသည်။
အနောက်ဘက် ဓါးလွယ်ခုတ်မှ ကောက်ကျစ်သော မျက်နှာနှင့် သွေးများစီးကျလာမတတ် နီရဲနေသော မျက်လုံးများဖြင့် ကြည့်နေသော ချောင်းအန်ယန်းကို မည်သူမျှ သတိမထားခဲ့မိပေ။
ယင်းကျောင်း... သူနှင့် နီးစပ်ရန် အကောင်းဆုံးကြိုးစားသော်လည်း မနီးစပ်ရုံသာမက သူ့ကိုပင်ရွံရှာနေခဲ့သောသူက လက်ဦးမှုယူကာ ကျင်းစစ်၏ ဖိနပ်ကြိုးများကိုတော့ ချည်ပေးခဲ့လေသည်။
ဘာလို့ ကျင်းစစ်ပဲ ကောင်းတာတွေ ရနေတာလဲ...
သိသိသာသာပင် သူသည် ထိုကံကောင်းမှုများကို ရသင့်သောသူဖြစ်လေသည်။
ချောင်းအန်ယန်း လက်သီးဆုပ်ကာ သူ၏ နှလုံးသားထဲတွင် ရက်ရက်စက်စက် ကျိန်ဆိုနေလေသည်
ငါတို့နှစ်ယောက် အတူတူမရှိနိုင်ရင် မင်းတို့လည်း ကွဲစေရမယ်
ထိုနေ့မှစ၍ ကျင်းစစ်သည် ချောင်းအန်ယန်းကို တွေ့သည့်အချိန်တွင် ထပ်၍ ခေါင်းမကိုက်တော့သည်ကို သိရှိခဲ့ရလေသည်။
သို့သော် ထိုနေ့မှစ၍ သူသည် ယင်းကျောင်းနှင့် သက်တောင့်သက်သာမရှိတော့ပေ။ ယင်းကျောင်း သူ့ကို ထိတွေ့ချိန်တွင် နာကျင်မှုကို ခံစားရလေသည်။