အပိုင်း၁၀၅
Viewers 14k

Chapter 105

Chapter 105


အစပိုင်းတွင် ကျင်းစစ်သည် အလွန်သက်တောင့်သက်သာမရှိသည်ကို ခံစားမိသော်လည်း လေ့ကျင့်ရေးစခန်းတွင် ပင်ပန်းနေခဲ့သောကြောင့်ဟု ထင်ခဲ့ပြီး သိပ်အများကြီး မတွေးခဲ့ပေ။ ယင်းကျောင်းသည် သူ၏ လက်ကို ခုံအောက်တွင် မကိုင်ခင်အထိ သူအိပ်ပြီးနောက်တွင် ပြန်ကောင်း

သွားမည်ဟု ထင်ခဲ့လေသည်။

 

သူတို့နှစ်ယောက်၏ အသားများထိသွားသော နေရာမှ စူးရှသောနာကျင်မှုသည် ထွက်ပေါ်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ ချက်ချင်း ပျံ့နှံ့သွားလေသည်။ ကျင်းစစ်သည် နာကျင်မှုကြောင့် တုန်ယင်သွားပြီး မသိစိတ်အရ ရုန်းထွက်လိုက်လေသည်။


နာကျင်မှု ပျောက်ကွယ်သွားလေသည်။


"ကိုယ့်ကို မကိုင်စေချင်လို့လား..." ယင်းကျောင်းသည် သူ၏ မျက်ခုံးကို ပင့်ကာ ခေါင်းကို လှည့်လိုက်ရင်း မေးလိုက်လေသည် 


" လဝက်လောက်ကြာအောင်ထွက်သွားပြီးမှ ... ဘာဖြစ်လို့လဲ..."


ယင်းကျောင်းသည် သူ၏ ဖြူဖျော့နေေသော မျက်နှာအား အံ့အားသင့်စွာ ကြည့်လိုက်ပြီး လက်ဆန့်ထုတ်ကာ သူ၏ နှဖူးကို စမ်းလိုက်ရင်း စိုးရိမ်စွာ ပြောလိုက်လေသည် " မင်းအအေးမိပြီး ဖျားနေတာလား...ဘာဖြစ်လို့လဲ... ကိုယ့်ကိုပြောလေ"


သူထိလိုက်သောနေရာမှ အခြားနာကျင်မှုတစ်ခုသည် ပေါက်ကွဲထွက်ပေါ်လာပြီး ၎င်းသည် ထင်ယောင်ထင်မှား ဖြတ်ခြင်း မဟုတ်ကြောင်းကို တမင်တကာ သတိပေးလိုက်သကဲ့သို့ပင်။


တစ်ခုခု ဖြစ်နေခြင်း မဟုတ်သည်မှာ အမှန်ပင်။ ယင်းကျောင်းထိလိုက်လျှင်သာ နာကျင်မှုကို ခံစားရလေသည်။


ကျင်းစစ်၏ လက်ချောင်းထိပ်များသည် တုန်ယင်သွားပြီး သူ၏ နှလုံးသားထဲတွင် မုန်တိုင်းတိုက်နေသလိုပင်။


ဘာတွေဖြစ်နေတာလဲ...


သူသည် လှေကားပေါ်သို့ တက်နေချိန်တွင် အဆင်ပြေနေတုန်းပင်။ ယင်းကျောင်းသည် သူ၏ ပခုံးကိုပင် ပွေ့ဖက်ထားခဲ့လေသည်။ 


ဘာလို့ ရုတ်တရက်ကြီး အဲ့လို ဖြစ်သွားတာလဲ...


သူ အတော်ကြာသည်အထိ ဘာမျှ မပြောသည်ကို တွေ့သောအခါ ယင်းကျောင်းသည် သူ၏ လက်ကို ခပ်ပြင်းပြင်း ဖျစ်လိုက်ပြီး သူ့၏ အာရုံကို ပြန်ဆွဲဆောင်လိုက်လေသည် " ပြောဦးလေ"


"ငါ..." ကျင်းစစ်သည် ပို၍တိုးလာသော နာကျင်မှုကို သည်းခံလိုက်ပြီး ပြောင်းလဲမှု အနည်းငယ်လေးကိုပင် ယင်းကျောင်း မမြင်စေရန် ကြိုးစားလိုက်ကာ အံကြိတ်ရင်း ပြောလိုက်လေသည် 


" အဆင်ပြေပါတယ် အဲ့ဒါက ... " 


၎င်းသည် အလွန်နာကျင်သောကြောင့် သူသည် ဆက်၍ မပြောခင် ရပ်တန့်လိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်ကာ ပြောလိုက်လေသည် 


" ငါ နည်းနည်းလေး ပင်ပန်းနေလို့ပါ ခဏလောက် အနားယူဖို့ လိုနေလို့"


ယင်းကျောင်းသည် တစ်ခုခု မှားယွင်းနေသည်အား ခံစားမိသောကြောင့် မျက်မှောင်ကြုတ်လိုက်လေသည်။


ကျင်းစစ်၏ ခန္ဓာကိုယ်သည် ချွေးအရမ်း မထွက်တတ်ပေ။ သို့သော် ထိုအခိုက်အတန့်တွင် သူကိုင်ထားသော ကျင်းစစ်၏ လက်ဖဝါးများသည် စိုစွတ်နေကာ ချွေးများ ရွှဲနေလေသည်။ ၎င်းသည် ပင်ပန်းနွမ်းနယ်မှု လက္ခဏာနှင့် မတူပေ။


သို့သော် ကျင်းစစ်သည် ခုနလေးတွင်ပင် အဆင်ပြေနေသောကြောင့် သူသည် နက်နက်ရှိုင်းရှိုင်း မတွေးခဲ့ပေ။ 


သူ ပင်ပန်းပြီး ချွေးထွက်တာ နေမှာပါ...


ယင်းကျောင်းသည် သူ့ကို လွှတ်ပေးလိုက်ပြီး နူးညံစွာ မေးလိုက်လေသည်


 " ဒါဆို ခဏလောက် အိပ်ချင်လား... မင်းအဆင်ပြေတယ်လို့ မခံစားရရင် ကိုယ့်ကို မြန်မြန် ဖုန်းခေါ်လိုက် ကိုယ့်ကိုယ်ကို အရမ်း တွန်းအားမပေးနဲ့နော် အိုကေ?"


ကျင်းစစ် ပေါ့ပါးစွာ ခေါင်းငြိမ့်ပြလိုက်လေသည်။


သူ၏ ခန္ဓာကိုယ်သည် ပို၍ အဆင်မပြေဖြစ်လာပြီး သူ၏ နှလုံးခုန်နှုန်းသည် မြန်ဆန်လာကာ သူ၏ ရင်ဘတ်သည် တင်းကျပ်၍ အသက်ရှူပင် မဝတော့ပေ။


၎င်းသည် သူ ယခင်က ခေါင်းကိုက်ခဲ့ဖူးသလိုပင်။


ကျင်းစစ်၏ မျက်လုံးများသည် ရုတ်တရက် ပြူးကျယ်သွားပြီး မတ်တတ်ရပ်ကာ အပြင်ထွက်ရန် ခြေထောက်များကို မလိုက်လေသည်။


ချောင်းအန်ယန်း !


ငါ့ကို ဒီလို ပုံမှန် မဟုတ်တဲ့ အရာတွေ ဖြစ်အောင်လုပ်တဲ့ သူက ချောင်းအန်ယန်းပဲ ဖြစ်မယ်!


"မင်း ဘယ်သွားမလို့လဲ..." ယင်းကျောင်းသည်လည်း သူ့ကို စိုးရိမ်ကာ မတ်တတ်ရပ်လိုက်လေသည် " ကိုယ်မင်းနဲ့ လိုက်ခဲ့မယ်"


"မလိုက်နဲ့" ကျင်းစစ်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ့ကို သဘာဝကျကျပင် ပြန်လှည့်ကြည့်ကာ ပြောလိုက်လေသည်


 " ငါပြန်လာတာကို ဆရာ့ကို သွားပြောမလို့"


"မင်း မေးခွန်းတွေ ဖြေထားနှင့် ငါအဆင်ပြေပါတယ်"


သူပြောသည်မှာ အကျိုးအကြောင်းသင့်သောကြောင့် ယင်းကျောင်းသည် သံသယ မရှိဘဲ သူအတန်းထဲမှ ထွက်သွားသည်အား ကြည့်လိုက်ပြီး ပြန်ထိုင်လိုက်လေသည်။


ကျင်းစစ်သည် ရုံးခန်းသို့ မသွားပေ။ သူအပြင်ရောက်သည်နှင့် လှေကားဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလေသည်။


ယင်းကျောင်းနဲ့ဆိုရင် သက်တောင့်သက်သာ မရှိဘူး ယင်းကျောင်း သူ့ကို ထိရင် နာကျင်တာကို ခံစားရတယ် အဲ့လိုသာ ဆက်ဖြစ်နေရင် သူတို့ ဘယ်လို ရှေ့ဆက်ရမှာလဲ...


ကျင်းစစ်၏ နှလုံးသားသည် ပြုတ်ကျသလိုခံစားလိုက်ရသည်။ စတုတ္ထထပ်သို့ ခြေနှစ်လှမ်း သုံးလှမ်းဖြင့် တက်သွားလိုက်ပြီး တန်းခွဲ 11 သို့ တန်းတန်းမတ်မတ် သွားလိုက်လေသည်


ဘာတွေဖြစ်နေသည်ကို သူရှာဖွေရပေမည်။


တိုက်တိုက်ဆိုင်ဆိုင်ပင် သူ တန်းခွဲ 10 နားသို့ ရောက်သည်နှင့် ချဥ်းကပ်လာသော ချောင်းအန်ယန်းကို တွေ့လိုက်ရလေသည်။


သူ့ကို ကြည့်ရသည်မှာ အလျင်လိုနေပုံပေါ်ပြီး ကျင်းစစ်သည်လည်း အလျင်လိုနေလေသည်။


" တဆိတ်လောက်..." ချောင်းအန်ယန်းသည် သူ၏ မျက်လုံးကို ပင့်ကာ ကြည့်လိုက်သည်နှင့် သူ၏ မျက်နှာပေါ်မှ စိတ်မရှည်သည့် အမူအရာသည် နက်နက်ရှိုင်းရှိုင်း မုန်းတီးနေသော အမူအရာသို့ ပြောင်းလဲသွားလေသည်


 " ရွံဖို့ကောင်းလိုက်တာ"


"ရွံဖို့အကောင်းဆုံးလူက မင်းလေ"


 ကျင်းစစ်၏ ဦးနှောက်သည် မြန်ဆန်စွာ လည်ပတ်လှုပ်ရှားနေပြီး ချောင်းအန်ယန်းကို ပြောရန် အကြောင်းအရာကို တွေးနေလိုက်သည်


 " ခရစ်စမတ်တုန်းက မင်း ယင်းကျောင်းကို ရည်းစားစာ ပို့ခဲ့တာလား..."


သူက အဲ့အကြောင်းကို ဘယ်လိုလုပ် သိသွားတာလဲ...


ချောင်းအန်ယန်းသည် စိတ်တိုသွားကာ သူ၏ ရန်သူထံမှ ၎င်းအား ဟာသတစ်ခုအနေနှင့် မြင်သည့်အတွက် ရှက်ရွံ့ကာစိတ်တိုသွားလေသည်။


သူသည် ကျင်းစစ်အား စူးစူးစိုက်စိုက် ကြည့်နေလိုက်ပြီး သူ၏ စိတ်ထဲမှ ဒေါသများပင် လွတ်ထွက်မတတ် ဖြစ်နေလေသည်


 " အဲ့တော့ ဘာဖြစ်လဲ... မင်းကိစ္စ မဟုတ်ဘူး ယင်းကျောင်းက မင်းဖိနပ်ကြိုးကို ချည်ပေးတာက မင်းကို ကြိုက်လို့ ချည်ပေးတာလို့ ထင်နေတာလား... မင်းရဲ့ သောက်အိမ်မက်တွေထဲမှာပဲ ရမယ် ... "


သူ့ကိုယ်သူ ဖျောင်းဖျအယုံသွင်းနေသကဲ့သို့ ကျင်းစစ်ကိုလည်း လှုံ့ဆော်ချင်နေပုံ ပေါ်လေသည် " မင်းကို ပြောရဦးမယ် ယင်းကျောင်း ငါ့ကို လက်မခံနိုင်ရင် မင်းကိုလည်း လက်မခံစေရဘူး"


စကားပြောပြီးသောအခါ သူသည် ကျင်းစစ်ကို ပြင်းပြင်းထန်ထန် တွန်းလိုက်ပြီး ဖယ်ကာ လှေကားအောက်သို့ ဆင်းသွားလိုက်လေသည်။


ကျင်းစစ်သည် တစ်စုံတစ်ခုကို ရှာဖွေသိရှိခဲ့သောကြောင့် ချောင်းအန်ယန်းကို မတားဆီးခဲ့ပေ။ ဒီတစ်ခါ ချောင်းအန်ယန်းကို တွေ့ရတာ ခေါင်းမကိုက်တော့ဘူး


နိုင်ငံ့အရန်အသင်းကို ဝင်နိုင်သွားတာကြောင့်လား...


၎င်းအတွေးကို တွေးမိလိုက်သည်နှင့် သူ ငြင်းပယ်လိုက်လေသည်။ 


အဲ့လိုသာဆိုရင် အခုလိုမျိုး နောက်ထပ်တစ်ခု ဖြစ်မှာ မဟုတ်ဘူး


ဘာလို့လဲ?


မင်းရဲ့ ဖိနပ်ကြိုးကို ချည်ပေးခဲ့တယ် !


ထိုမတိုင်ခင်တွင် ချောင်းအန်ယန်းသည် သူ့အပေါ်တွင် အနည်းငယ်သာ လွှမ်းမိုးနိုင်ခဲ့လေသည်။ သို့သော် ယင်းကျောင်း သူ၏ ဖိနပ်ကြိုးအား ချည်ပေးခဲ့သည်ကို တွေ့ပြီးသည်နှင့် ကျင်းစစ်သည် ထပ်မံ၍ ခေါင်းမကိုက်တော့ဘဲ ယင်းကျောင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ဆက်သွယ်နိုင်ခြင်း မရှိတော့ပေ။ 


ဒါဆိုရင် ချောင်းအန်ယန်းက သူ့ရဲ့ အရည်အသွေးတွေကို အမှုမဲ့အမှတ်မဲ့ သုံးနိုင်ပြီး ငါနဲ့ယင်းကျောင်းကြားမှာ အဟန့်အတားကို ဖန်တီးနိုင်တာလား...


ကျင်းစစ်သည် ကြမ်းပြင်ကို ငုံ့ကာ စိုက်ကြည့်နေမိပြီး အတော်ကြာသောအခါ သူ၏ အားအင်များကို ဆုံးရှုံးသွားသကဲ့သို့ နံရံကို မှီလိုက်လေသည်။


သူသည် ချောင်းအန်ယန်း၏ မလိုမုန်းထားကာ အငြိုးထားခံရမှုကို ဘယ်သောအခါကမျှ မကြောက်ရွံ့ခဲ့ပေ။ သူသည် ပို၍ပို၍ကောင်းလာသည်နှင့် တစ်နေ့တွင် ပျောက်သွားလိမ့်မည်ဟု ထင်ခဲ့လေသည်။ သို့သော် ယခုတွင်တော့ သူသည် ရုတ်တရက် ကြောက်ရွံ့ထိတ်လန့်လာလေသည်။


ယင်းကျောင်းကို ဘယ်လို ရှင်းပြရပါ့မလဲ...


တစ်ရက် ဒါမှမဟုတ် နှစ်ရက်လောက် သူ့ကို ထိခွင့်မပေးဘဲ အကြောင်းပြချက်ပေးရတာက အဆင်ပြေသေးပေမဲ့ တစ်လ နှစ်လ ဒါမှမဟုတ် နှစ်တွေအထိ ဆိုရင် ဘယ်လိုလုပ်မလဲ...


သူတို့သည် ချစ်သူများဖြစ်သောကြောင့် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု လုံးဝ မရှိဘဲ မည်ကဲ့သို့ နေရမည်နည်း။


လျှောက်လမ်းတစ်လျောက်မှ မီးရောင်များသည် သူ့အပေါ်တွင် ကျရောက်နေခဲ့ပြီး သူ၏ ဖြူဖျော့နေသော မျက်နှာကို ပံ့ပိုးနေသယောင်။ လူများသည် ဖြတ်သွားနေကြပြီး တစ်ခါတစ်ရံတွင် စပ်စုသော အကြည့်များ သူ့ထံသို့ ရောက်လာတတ်လေသည်။ ကျင်းစစ်သည် ၎င်းကို နားမလည်နိုင်ဘဲ ထိုနေရာတွင် အတော်ကြာရပ်နေပြီး နှလုံးသားထဲတွင် ထိတ်လန့်ကြောက်ရွံ့နေလေသည်။


မည်မျှကြာသည်ကိုပင် မသိသော်လည်း သူ၏ ခြေထောက်များ ထုံကျင်လာသောအခါမှသာ ပြန်လည်၍ အသိဝင်သွားပြီး လှည့်ကာ လှေကားအောက်သို့ တစ်ဆင့်ချင်း ဆင်းသွားလိုက်လေသည်။


သူသည် ဖြေးဖြေးလေးလျှောက်နေသည်မှာ သူ့ကျောပေါ်တွင် လေးလံသောအရာကြီးအား တင်၍ သယ်နေရသလိုပင်။


တိုတောင်းသော တစ်ထပ်ကို ဆင်းရန်ပင် ဆယ်မိနစ်လောက် ကြာလေသည်။


အတန်းတံခါးအားမဖွင့်ခင်တွင် သူ၏ ဖြူဖျော့နေသည်များ အနည်းငယ် ပျောက်ကွယ်သွားစေရန် မျက်နှာအား ပွတ်သပ်လိုက်လေသည်။


သူ ယင်းကျောင်းနဲ့ အတူရှိချင်တယ် ဒါကို ဘယ်သူမှ မရပ်တန့်နိုင်ဘူး ဒီကမ္ဘာရဲ့ ဇာတ်လိုက်ဆိုရင်တောင်ပေါ့


၎င်းသည် အနည်းငယ် နာကျင်ကာ သက်တောင့်သက်သာ မရှိသော်လည်း သူသည် အတတ်နိုင်ဆုံး သည်းခံမည်ပင်။


နည်းနည်းလောက် သည်းခံလိုက်ရင် နောက်ကျ အသားကျသွားမှာ


ကျင်းစစ် ကောင်းကောင်းလုပ်နိုင်ခဲ့လေသည်။ သူနှင့် နီးကပ်နေသော လီကျိုးပင် ပုံမှန် မဟုတ်သည်အား မမြင်ပေ။ သို့သော် ယင်းကျောင်းက ရှာတွေ့သွားလေသည်။


"ကျင်းစစ်" ယင်းကျောင်းသည် ကျင်းစစ်၏ နာမည်အပြည့်အစုံအား စာသင်ဆောင်ဘေးမှ ပန်းခင်းထဲတွင် သူ့အား ချစ်ကြောင်းဝန်ခံသည်မှ လွဲ၍ ယခုတွင်မူ ပထမအကြိမ်အဖြစ်ခေါ်ခဲ့လေသည်


 " ကိုယ်မင်းကို ထိလိုက်ရင် မင်း နာတာလား..."


ကျင်းစစ် မည်မျှပင် ကောင်းကောင်းဖုံးကွယ်ထားသော်လည်း အချို့သော အခြေအနေအရ အလိုအလျောက် တုံ့ပြန်မှုများကိုမူ မဖုံးကွယ်နိုင်ပေ။


ယင်းကျောင်း၏ နှလုံးသားသည် လစ်ဟာသွားသလို ခံစားလိုက်ရလေသည်။ သူဘယ်လိုလုပ် သဘောမပေါက်ဘဲ နေပါ့မလဲ...


အဲ့ဒါကို မသိခင်အထိ ကျင်းစစ်ကို သူ ဘယ်နှစ်ခါတောင် ထိခဲ့မိတာလဲ...


သူသည် အကြိမ်ပင် မရေတွက်နိုင်ပေ။ ကျင်းစစ် မည်မျှ နာကျင်ခဲ့ရမည်ကိုလည်း မရေတွက်နိုင်ပေ။ ကျင်းစစ်က သူ့မျက်နှာ မပျက်အောင် ထိန်းချုပ်ပြီး နေခဲ့တာလား


ယင်းကျောင်း၏ နှလုံးသားသည် တဆစ်ဆစ် ကိုက်ခဲနေပြီး သူ၏ လက်ကို ဖြတ်ပစ်ရန်ပင် မစောင့်နိုင်တော့ပေ။


သူ၏ မျက်လုံးများကို မှိတ်လိုက်ကာ ကျင်းစစ်ကို သူသိထားသည်များအား ဖွင့်ဟပြောဆိုလိုက်လေသည် 


" မင်းက ဒီကမ္ဘာက မဟုတ်တာကြောင့်လား ဒါမှမဟုတ် ချောင်းအန်ယန်းကြောင့်လား..."


ကျင်းစစ်၏ ဦးနှောက်သည် မတွေးနိုင်တော့ဘဲ ချက်ချင်း ဗလာဖြစ်သွားလေသည်။


သူ၏ နောက်ကျောသည် မာကျောသော နံရံအား ထိတွေ့မိသည့်အချိန်အထိ နောက်သို့ မသိစိတ်အရ ဆုတ်သွားလိုက်ပြီး အနည်းငယ် အသိပြန်ဝင်လာလေသည်။


"မင်း..." လက်သီးစုပ်လိုက်ကာ သူ့ကိုယ်သူ တည်ငြိမ်စေရန် ကြိုးစားရင်း ပြောလိုက်သည် 


" မင်းဘယ်လိုသိလဲ?"


ဖြစ်နိုင်တာက ... သူ့ကိုယ်သူ ကြောက်ရွံ့နေတာလား...


"မင်း ရူးနေတာလား..." 


သူ ဘာကိုတွေးနေသည်လဲကို တွေ့သောအခါ ယင်းကျောင်းသည် ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပြီး သူ၏ ခေါင်းကို ပွတ်ကာ ဖက်ထားချင်၍ သူ၏ လက်များကို မြှောက်လိုက်သော်လည်း သူတို့အား ပြန်ချလိုက်လေသည် " စတွေ့တဲ့ နေ့ကတည်းက ကိုယ်သိတယ် မင်းက သူနဲ့ မတူဘူးဆိုတာကို "


(T/n : သူဆိုတာ မူလ ကျင်းစစ်ပါ)


" ကိုယ်မင်းကို ရေးခိုင်းတဲ့ အာမခံစာကို မှတ်မိသေးလား...အဲ့ဒါကြောင့် ကိုယ်မင်းရဲ့ လက်ရေးကို အတည်ပြုနိုင်တာ နောက်ပြီး မင်းကို တမင်တကာ စရင်း မဟုတ်တဲ့ ခုံနေရာကို ညွှန်ပြလိုက်ပြီး စစ်ဆေးလိုက်တာလေ"


"မင်း ဘာကို ကြောက်တာလဲ..."


ယင်းကျောင်းသည် သူ့အား နူးညံ့စွာ ကြည့်လိုက်လေသည်


 " ကိုယ့်ဆီကို အချိန်မှီ ရောက်လာပေးလို့ ကျေးဇူးပါ"


ကျင်းစစ်၏ မျက်လုံးများသည် လျှင်မြန်စွာ နီရဲသွားပြီး ဆို့နင့်နေလေသည် "ကောကော..."


" အခု မင်းရဲ့ အတိတ်ကို ကိုယ့်ကို ပြောပြပါ့လား..."


ကျင်းစစ် ခေါင်းငြိမ့်လိုက်လေသည်။ သူ၏ မိုဘိုင်းဖုန်းတွင် နားလည်ရခက်စွာ ပေါ်လာသော ဝတ္ထုမှ စပြောချင်သော်လည်း သူ၏ ပါးစပ်ကို ဖွင့်လိုက်ချိန်တွင် မည်သည့်အသံမျှ ထွက်မလာပေ။ 


သူမပြောပြချင်သောကြောင့် မဟုတ်ဘဲ မပြောပြနိုင်ခြင်းသာ။ ဤကမ္ဘာကြီး၏ စည်းမျဥ်းများသည် သူ့ကို တားဆီးထားလေသည်။ 


သူ၏ နှဖူးမှ ချွေးများသည် စိတ်လှုပ်ရှား ထိတ်လန့်မှုကြောင့် ထွက်လာသော်လည်း သူသည် စကားတစ်လုံးကိုမျှ ဖျစ်ညှစ်၍ မပြောနိုင်ပေ။


၎င်းကို တွေ့သောအခါ ယင်းကျောင်းသည် အကြောင်းအရင်းကို ရုတ်တရက် ခန့်မှန်းမိလိုက်လေသည် 


" ပြောလို့ မရဘူးလား... အရေးမကြီးပါဘူး ဒါဆို ကိုယ်မင်းကို မေးခွန်းတွေ မေးမယ်နော် မင်း မပြောနိုင်ရင် ကိုယ့်ကို ခေါင်းငြိမ့်ခေါင်းခါပဲ လုပ်ပြ"


ယင်းကျောင်းသည် သူ၏ အတွေးများကို ရှင်းလင်းလိုက်ပြီး မေးလိုက်လေသည် " ကိုယ်မင်းကိုထိရင် မင်းနာတယ်မလား?"


ကျင်းစစ်သည် အတော်ကြာ တုံ့ဆိုင်းနေပြီး ခေါင်းငြိမ့်လိုက်လေသည်။


"ချောင်းအန်ယန်းနဲ့ ဆိုင်နေတာလား..."


ကျင်းစစ် ထပ်မံ ခေါင်းငြိမ့်ပြလိုက်ပြန်သည်။


"သူ..." ယင်းကျောင်းသည် သူ၏ မျက်လုံးထဲမှ ရက်စက်မှုနှင့်အန္တရာယ်များကို မျက်လွှာချကာ ဖုံးကွယ်လိုက်လေသည်


 " မင်းအတွက် ကြီးမားတဲ့ သက်ရောက်မှု ရှိတာလား.."


" အဲ့ဒါက ပျောက်သွားပြီ" ကျင်းစစ်သည် ယင်းကျောင်း ဆိုလိုသည်ကို နားလည်လိုက်လေသည် " သူ့ကြောင့်ဖြစ်တာ ဒါပေမဲ့ လက်ရှိ အခြေအနေကတော့ သူ့ထိန်းချုပ်မှုက လွတ်ထွက်သွားပြီ"


ယင်းကျောင်းသည် တန်းခွဲ 11 သို့သွားကာ ချောင်းအန်ယန်းအား သတ်ပစ်ချင်နေသည့်စိတ်များကို ထိန်းချုပ်ရင်း မေးလိုက်ပြန်သည် " မင်း အခုရက်ပိုင်း သက်တောင့်သက်သာ မရှိဘူးမလား အဲ့တာက ကိုယ်နဲ့ အတူရှိနေမှလား ဒါမှမဟုတ်" သူသည် ဆက်မပြောခင် ခတ္တရပ်တန့်လိုက်လေသည် " ကိုယ်တို့ရဲ့ ချစ်သူရည်းစား ဆက်ဆံရေးကြောင့်လား?"


"ကိုယ့်ကို မလိမ်နဲ့" ယင်းကျောင်းသည် သူ၏ မျက်လုံးများကို စိုက်ကြည့်လိုက်လေသည် " မင်း ကိုယ့်ကို ဖုံးကွယ်ထားလို့ မရဘူး"


ကျင်းစစ်၏ လည်စေ့သည် အကြိမ်ရေ အနည်းငယ် အပေါ်အောက် ရွေ့လျားသွားပြီး အတော်ကြာမှ ခက်ခက်ခဲခဲ ပြောလိုက်လေသည် " ငါတို့ရဲ့ ချစ်သူရည်းစား ဆက်ဆံရေးကြောင့်"


ထိုတိုတောင်းသော စကားငါးလုံးသည် ဓါးများကဲ့သို့ ယင်းကျောင်း၏ နှလုံးသားသို့ စိုက်ဝင်သွားလေသည်။


သူ၏ လက်သီးကိုဆုပ်ကာ ထိန်းချုပ်လိုက်ပြီး ဆက်မေးလေသည် " ဒီအခြေအနေက... အဲ့အချိန်တုန်းက ခေါင်းကိုက်တာမျိုးပဲလား မင်း တဖြည်းဖြည်းနဲ့ ပြန်ကောင်းလာပြီး နောက်ဆုံးကျ ပျောက်ကွယ်သွားမှာလား..."


" ဟုတ်တယ်" ကျင်းစစ်၏ မျက်လုံးများသည် နီရဲနေပြီး သူ၏ အသံသည် တုန်ယင်နေလေသည်။ သူသည် ယင်းကျောင်းကို မော့ကြည့်လိုက်ကာ ခက်ခက်ခဲခဲ ပြောလိုက်လေသည်


 " ဒါပေမဲ့ ဘယ်လောက်ကြာမလဲ ငါမသိဘူး ... "


သူစကားပြောပြီးသွားသည်နှင့် သူမြန်မြန် ထပ်ပြောလိုက်လေသည် " ကောကော စိတ်မပူပါနဲ့ ငါပြိုင်ပွဲမှာ ကြိုးစားပြီး ကျောင်းစာမေးပွဲမှလည်း မကျစေရပါဘူး ငါ့ကို စောင့်နေပါ"


ယင်းကျောင်းသည် ကျင်းစစ်အား ဗလာဖြစ်စွာ စိုက်ကြည့်နေလိုက်ပြီး သူ၏ နှလုံးသားသည် တချိန်တည်းတွင် နူးညံ့ကာ ချဥ်တူးနေလေသည်။


ကျင်းစစ်က အခု နေလို့မကောင်းနေပေမဲ့ ထိန်းချုပ်ပြီး သူ့ကို ပြန်နှစ်သိမ့်နေရတယ်


ကျင်းစစ်က ဘယ်လိုလုပ် အရမ်းကောင်းနိုင်ရတာလဲ...


"ဒါဆို ကိုယ့်ကို ဒါကို ထိစေချင်လား?" ယင်းကျောင်း၏ ပါးစပ်သည် ခါးသက်နေပြီး သူ၏ လက်ကောက်ဝတ်မှ အင်္ကျီစကို လွယ်ကူအေးဆေးနေသလို ဟန်ဆောင်ကာ ခေါက်တင်လိုက်ပြီး လက်ကောက်ဝတ်မှ အနက်ရောင်လက်ပတ်ကြိုးကို ပြလိုက်လေသည်


 " အဲ့ဒါကို မင်းချည်ပေးထားတာလေ ဘယ်သူ့ကို စောင့်နေရမှာလဲ?"


"မင်း မွေးနေ့မှာ ကိုယ်ဘာပြောခဲ့လဲ...ကိုယ့်စကားတွေ နားထဲ မဝင်ဘူးလား...."


ကျင်းစစ် ခေါင်းခါပြလိုက်လေသည်။


"ဒါဆို ကိုယ့်ကို ထပ်ပြော"


"ငါတို့ ... " ကျင်းစစ်၏ နှလုံးသားသည် တဖြည်းဖြည်း တည်ငြိမ်သွားလေသည် " ငါတို့ ဘယ်တော့မှ မပြောင်းလဲဘူး"


"ဒါဆို မင်းက ဘာကို ကြောက်နေတာလဲ..." 


ယင်းကျောင်းသည် သူ့ကို စနောက်ရန်အတွက် အကောင်းဆုံး ကြိုးစားလိုက်လေသည် " ကိုယ် မင်းကို ထိလို့မရတာလေး တစ်ခုပဲလေ ကြီးကြီးမားမား ကိစ္စမှ မဟုတ်တာ အသက်သုံးဆယ်လောက်မှာ လူပျိုအဖြစ်နဲ့ သေသွားတဲ့ လူတွေ မရှိလို့လား..."


(Eng T/n : နောက်ဆုံး စာကြောင်းက ဘာကို ဆိုလိုတာလဲ မသိဘူး)  


(T/n : သူပြောချင်တာက အသက်သုံးဆယ်ထိတောင်မစွံတဲ့သူတွေရှိတယ် သူတို့ကငယ်သေးတယ်လေ)


ကျင်းစစ် မတတ်နိုင်ဘဲ ရယ်လိုက်မိသည်။ 


ယင်းကျောင်း သူ၏ အင်္ကျီလက်ကို ပြန်ဆွဲချလိုက်ပြီး ခပ်အုပ်အုပ် အသံဖြင့် ပြောလိုက်လေသည် " မှတ်မိလား... မင်းကို နောက်တစ်ခါ ထပ်ပြီး သတိပေးရဦးမလား..."


"မလိုပါဘူး"


အေးစက်နေသော လေသည် တိုက်ခတ်သွားပြီး လမ်းမီးရောင် မှိန်မှိန်အောက်တွင် သစ်ကိုင်းခြောက်လေးသည် လေတိုက်ခံရသောကြောင့် ကျိုးကျလာလေသည်။


" ပြောရင်းနဲ့ ဒီနေ့ ဆယ့်ကိုးရက်မြောက်နေ့ပဲ" ယင်းကျောင်း ရုတ်တရက် ပြောလိုက်လေသည် " ကလေးလေး ပျော်ရွှင်ဖွယ် မွေးနေ့ပါ"


ကျင်းစစ်သည် အံ့အားသင့်သွားလေသည်။ သူက အကုန်လုံးကို ခန့်မှန်းနိုင်ခဲ့တာပဲ


"အရင်တစ်ခေါက်က သက်ရှည်ခေါက်ဆွဲစားတယ်နော် အခုတစ်ခေါက်က မွေးနေ့ကိတ်" ယင်းကျောင်း ခပ်ဖွဖွလေး သက်ပြင်းချလိုက်လေသည် " ကိုယ်က မင်းစာသင်ခုံအောက်မှာ ဖွက်ထားပြီး စပရိုက်တိုက်မလို့ အခုတော့ ကြိုပြောလိုက်ရပြီ"


အချို့သော အကြောင်းအရာများကြောင့် ကျင်းစစ် ရုတ်တရက် မကောင်းသော ခံစားချက်ရလိုက်​လေသည်။


သူသည် ယင်းကျောင်းကို ပြတ်ပြတ်သားသားကြည့်ကာ ပြင်းပြင်းထန်ထန် တောင်းဆိုလိုက်လေသည် " တူတူ စားရအောင်"


ယင်းကျောင်း ခေါင်းခါပြလိုက်လေသည် " ကိတ်ထည့်ထားတဲ့ အိတ်ထဲမှာ ဖယောင်းတိုင်အိတ်ထည့်ထားတယ် တစ်တိုင်ထွန်းပြီး ဆုတောင်းလိုက်နော် ကျန့်ချွယ်ကို မီးခြစ်တောင်းလိုက်"


" ကိုယ်တို့..." ယင်းကျောင်း၏ လည်စေ့သည် အကြိမ်အနည်းငယ် ရွေ့လျားသွားပြီး သူ၏ အသံသည် အက်ကွဲနေကာ ထပ်မံ ပြောလိုက်လေသည်


 " အခုရက် ခွဲနေရအောင် မင်း..."


" ငါ အဲ့လို မလုပ်ချင်ဘူး ​! " သည်းမခံနိုင်သလို ကျင်းစစ်သည် အံကြိတ်ရင်း စကားဖြတ်ပြောလိုက်ပြီး ခေါင်းမာစွာ တောင့်ခံနေလသည်


 " ကောကော ငါအဲ့လို မလုပ်ချင်ဘူး"


သူ၏ နှုတ်ခမ်းများသည် တုန်ယင်နေပြီး သူ၏ အသံသည် နှာသံပေါက်နေကာ ယင်းကျောင်းကို သက်သေပြရန် စိတ်အားထက်သန်နေလေသည်


 " ငါ သက်တောင့်သက်သာမရှိတာမျိုး မဖြစ်ပါဘူး လုံးဝကို မဖြစ်တာပါ ငါထိန်းထားနိုင်တယ်"


သူပြောလိုက်သည်နှင့် မျက်ရည်များ ရုတ်တရက် ကျဆင်းလာလေသည်။


ကျင်းစစ်သည် သူ၏ အားနည်း ရှက်ရွံ့ဖွယ် ရုပ်ဆိုးသော ပုံစံကို ယင်းကျောင်းရှေ့တွင် မပြချင်သော်လည်း သူမတတ်နိုင်ပေ။


သူ၏ ခေါင်းကို ဘေးသို့ လှည့်ကာ သူ၏ မျက်လုံးများကို ဖိသုတ်လိုက်ပြီး ပြောလိုက်လေသည်


 " ကောကော ငါနဲ့ အတူမရှိချင်တော့ဘူးလား...."


ယင်းကျောင်း၏ မျက်လုံးများသည်လည်း နီရဲနေပြီး ဝမ်းနည်းမှုများဖြင့် ပေါက်ကွဲတော့မတတ်ပင် " မငိုပါနဲ့ကွာ"


သူ၏ လက်ကို မြှောက်လိုက်သော်လည်း ပြန်ချလိုက်လေသည်။ သူ ကျင်းစစ်ကို မထိရဲပေ။ သူသည် နံရံကို ပြင်းပြင်းထန်ထန် ထုလိုက်ရင်း အက်ကွဲနေသောအသံဖြင့် ပြောလိုက်လေသည် 


" ပေါင်ပေ့ သေချာပြန်တွေးပါဦး ကိုယ် မင်းကို လိုက်ပြီး ပိုးပမ်းခဲ့ရတာ ကိုယ့်အတွက်လည်း မလွယ်ဘူးလေ"


"ဒါပေမဲ့..."


ယင်းကျောင်း၏ မျက်လုံးများသည် နီရဲနေလေသည် " စကားနားထောင်ပါကွာ မင်းခံစားနေရတာကို ကိုယ်မကြည့်ပါရစေနဲ့"


ကျင်းစစ်သည် ရုတ်တရက် ပြောစရာ စကားရှာမတွေ့တော့ပေ။


ထိုနေ့က ဘာပြောခဲ့သည်ကို သူလုံးဝ မမှတ်မိတော့ပေ။ အဆုံးတွင် သူသည် ယင်းကျောင်း၏ အင်္ကျီစကို ပြင်းပြင်းထန်ထန် ဆွဲကာ သူ၏ နှုတ်ခမ်းကို နမ်းခဲ့သည်ကိုသာ မှတ်မိတော့သည်။


၎င်းသည် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရော နာကျင်ခဲ့ရလေသည်။


ခဏတာဆိုလျှင်တောင် သူတို့နှစ်ယောက် တစ်နေ့တွင် ခွဲခွာရမည်ကို တစ်ခါမျှ မတွေးဖူးပေ။ 


ငါ သူ့ကို လက်ဦးမှုယူပြီး စနမ်းတဲ့နေ့က ငါတို့ ခွဲခွာရမယ့်နေ့လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။


......


စာရေးသူမှာ ပြောစရာ ရှိပါတယ် : 


သူတို့က ခွဲခွာ​နေရတယ် ဆို​ပေမယ့် ချိမြိန်​​​နေတုန်းပါပဲ သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ပွင့်ပွင့်လင်းလင်းရှိတယ် ဖုံးကွယ်ထားတာတွေ မရှိဘူး ဒါက သူတို့ ချစ်သူဆက်ဆံရေးကို ပိုတိုးတက်စေမှာပါ