အပိုင်း ၃၄
Viewers 15k

Chapter 34

ကြေငြာခွေးများ


အရှင်မင်းကြီးက သူမကိုတောင်တန်းတွေဆီခေါ်ဆောင်သွားပေး ... အာ ဖတ်ဖတ်...


သူကယောင်စစ်ကို ထာဝရအလင်းဂြိုလ်ဆီသို့ခေါ်ဆောင်သွားပေးမည်ဖြစ်သည်။


ယောင်စစ်တစ်ယောက် မူရွှမ်မကြာသေးမီကပေးခဲ့သော  < စကြာဝဠာဗဟုသုတစွယ်စုံကျမ်း >မှတစ်ဆင့်သိရှိခံရသည်များအရ  ဤစကြဝဠာတွင် အဖွံဖြိုးဆုံးဂြိုလ်ကြီးသုံးခု ဆက်သွယ်၍ မဟာမိတ်အဖြစ်ပေါင်းစည်းထားသည်။ ယခင်က ကမ္ဘာဂြိုလ်ပေါ်ရှိ နိုင်ငံကြီးများ ပြုလုပ်ခဲ့ကြသကဲ့သို့ပင်ဖြစ်သည်။


ထာဝရအလင်း ဂြိုလ်သည် အနီရောင်ဂြိုလ်မှ အနည်းဆုံး အလင်းနှစ်သုံးထောင်ခန့်ကွာဝေးလေသည်။ သို့သော် ပို၍ကွာဝေးသော အခြားဂြိုလ်များနှင့်ယှဥ်လျင် ဤသည်က အနီးဆုံး အဓိကဂြိုလ်ကြီးတစ်ခုဟုပြော၍ရလေသည်။


ယောင်စစ် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် အိပ်ယာဝင်ခဲ့ပြီး နောက်တစ်နေ့မနက်စောစောတွင် နိုးထလာခဲ့သည်။သူမက ယခင်တစ်ခေါက်ကကဲ့သို့ ဓားတစ်ချောင်းပေါ်တွင်လိုက်ပါစီးနင်းရမည်လော သို့မဟုတ် အပြာရောင်ဂြိုလ်က တောသူလေးတစ်ယောက်ကဲ့သို့ ယာဥ်ပျံပေါ်တွင်ထိုင်ရမည်လော အလွန်တရာသိချင်နေခဲ့သည်။


မူရွမ် တံခါးဝတွင်ရပ်နေကာ သူမအားအပြင်ဘက်မှလက်လှမ်းပြလာသည်။


" သွားစို့..."


" ဟုတ်..."


ယောင်စစ် သူ့နောက်မှ အလျင်အမြန်လိုက်ပါလာခဲ့သည်။


မူရွှမ် သူမ၏လက်အားကိုင်ဆွဲ၍တံခါးအပြင်သို့ခြေလှမ်းလိုက်သည်။တံခါးဝကိုဖြတ်ကျော်လိုက်သည်နှင့် စူးရှတောက်ပသော မျက်စိကျိန်းဖွယ်နေရောင်ခြည်က  သူမတို့အပေါ်ကျဆင်းလာလေသည်။ ဤသို့ အရှိန်ပြင်းပြင်းနေရောင်ခြည်ဆိုသည်မှာ အနီရောင်ဂြိုလ်တွင် ရှားပါးသောဖြစ်ရပ်တစ်ခုဖြစ်သည်။


အပြင်ထွက်ဖို့ နေ့ကောင်းလေးတစ်နေ့မဟုတ်လား...


" ငါတို့ရောက်ပြီ..."


မူရွမ်ရုတ်တရက်ဆိုလာသည်။


" ဘာကြီး..."


 ယောင်စစ် ကြောင်အသွားသည်။

 မူရွမ်ဘာပြောလိုက်တာ...


" ဒီမှာလူရှုပ်လို့ ငါ့အနားမှာနေ ဝေးဝေးလျှောက်မသွားနဲ့နော်..."


မူရွှမ် လေးနက်စွာညွှန်ကြားလိုက်သည်။


ထိုအခါမှသာ ယောင်စစ်တစ်ယောက် မျက်စိရှေ့ရှိမြင်ကွင်းမှာ ရင်းနှီးနေသော နန်းတော်တံခါးဝကြီးအစား  လူထူထပ်သော ခဲရောင်လမ်းမရှည်ကြီး ဖြစ်နေသည်ကို  သတိထားမိသွားခဲ့သည်။


သူမနောက်သို့ရုတ်ချည်းလှည့်ကြည့်မိသောအခါ တံခါးချပ်ကဲ့သို့ ပုံရိပ်ယောင်တစ်ခုက ဖြေးညှင်းစွာ မှိန်ပါးပျောက်ကွယ်နေပြီး ထိုမှတစ်ဆင့် သူမတို့အိမ်ရှိပရိဘောဂများကိုပင် ယောင်စစ် ခပ်ရေးရေးမြင်နေရသည်။


" မြန်... မြန်လိုက်တာ..."


ယောင်စစ် သူမမျက်စိဖြင့် တပ်အပ်မြင်နေရသော မြင်ကွင်းအားမယုံကြည်နိုင်သည့်အတွက် ရှေ့တစ်ပြန် နောက်တစ်ပြန်ကြည့်လျက် အတည်ပြုနေရလေသည်။  မူရွှမ် သူမအား အပြင်ခေါ်သွားပေးမည်ဟုပြောခဲ့ခြင်းက အတည်ကြီး   'အ ပြင် ခေါ် ' လာပေးခြင်းဖြစ်သည်ပေ။


အာကသယဥ်ပျံရောဘယ်မှာလဲ...

ဓားပျံရော...

အလင်းနှစ်သုံးထောင်ရော...


" ထာဝရအလင်း ဂြိုလ်မှာ အထူးပြုလုပ်ထားတဲ့စကြဝဠာတံခါးချပ်တစ်ခုရှိတယ်  ဒီနေရာကို ဘယ်ဂြိုလ်ကနေမဆို တိုက်ရိုက်လာနိုင်တယ်..."


မူရွှမ် စိတ်ရှုပ်နေဆဲဖြစ်သော ယောင်စစ်ကိုမြင်သောအခါ ရှင်းပြလာသည်။


ဒီလိုလား...


ယောင်စစ် သိပ်နားမလည်နိုင်သည့်တိုင် အထင်ကြီးစရာဖြစ်သည်ကိုခံစားမိပါသည်။


" ကောင်းပြီ..."


သူမရှုပ်ထွေးနေသေးသည့်တိုင် မထူးပြီဖြစ်၍ မူရွှမ်နောက်သို့ လိုက်ပါလာခဲ့သည်။


သူမတို့ ခဲရောင် စင်္ကြန်လမ်းသို့ဝေးဝေးလျှောက်လာသောအခါ သူမတို့ထွက်လာခဲ့သောနေရာသည် အနည်းငယ်မြင့်မားသော  အခုံးသဏ္ဍာန်တစ်ခုဖြစ်ကာ ၎င်းအလယ်တွင်ခဲရောင်အရည်များရှိပြီး ထိုအရည်များအတွင်းမှ လူများအလျှိုလျှိုဖြတ်သန်းဝင်ရောက်လာကြကာ တံခါးချပ်တစ်ခုအလားလုပ်ဆောင်နေသည်ကို မြင်တွေ့လိုက်ရသည်။


၎င်းတို့အနက်မှ အချို့သည် သူမကဲ့သို့ ဝါဝင်းသောအသားအရည် နက်မှောင်သောဆံပင်ရှိကာ အချို့မှာ အပြာရောင်အသားအရည်ရှိသည်။အချို့ကမူ ​ခေါင်းသုံးလုံး ခြေလက်ခြောက်ချောင်းရှိပြီး အချို့က အတောင်ပံများဖြင့်ပျံသန်းလာကြသည်။ အချို့ဆိုပါက ဦးခေါင်းနေရာထက်တွင် ဖန်ဘောလုံးအတွင်းကူးခတ်နေသော ငါးတစ်ကောင်ပင်ရှိလို့နေသည်။  


ဤစကြာဝဠာကြီးက ထူးခြားအံ့ဖွယ်များဖြင့် ပြည့်နှက်လို့နေပေသည်။


ဂလက်ဆီများအတွင်း မျိုးနွယ်စုပေါင်းများစွာ နေထိုင်ရပ်တည်နေကြသည်ကို သူမသိသော်လည်း ယခုလိုမျက်မြင်ကိုယ်တွေ့က ပထမဆုံးအကြိမ်ဖြစ်ပေသည်။မည်သို့ဖြစ်စေ သူမအာရုံစိုက်ကြည့်လေလေ လူသားအသွင်ပုံရိပ်များက ပို၍အာရုံဖမ်းစားသည်ကို သတိထားမိခဲ့သည်။


ယောင်စစ် တောသူမလေးတစ်ဦးကဲ့သို့ ထူးခြားသော အသေးစိတ်အချက်အလက်လေးများအား  လိုက်လံငေးမောကြည့်ရှုနေသည်။ သူမ တစ်နှစ်ပတ်လုံးဤမြင်ကွင်းမျိုးအား ထိုင်၍ကြည့်ရှုနေရလျှင်ပင် ငြီးငွေ့သွားမည်မဟုတ်ဟု တွေးထင်မိလေသည်။


မူရွှမ် ယောင်စစ်လက်ကိုဆွဲကိုင်ထားလျက် လူအုပ်ကြီးအားဖြတ်သန်းလာခဲ့သည်။ရုတ်တရက်ဆိုသလို လူအုပ်ကြီးကစုရုံးသွားကြဟန်တူကာ ထူးဆန်းသောအသံမျိုးစုံဖြင့်ပြည့်နှက်သွားလေသည်။


ကောင်းကင်က ရှုပ်ထွေးသော သပ်ရပ်သော ကြီးမားသော သေးငယ်သော စသည်စသည်တောက်ပနေသော အလင်းများဖြင့်ဖုံးလွှမ်းသွားသည်။  အမျိုးမျိုးသော ကြေငြာပုံရိပ်လွှာများက နေရာအနှံ့သို့ဖြန့်ကျက်ကာ အချို့က ပျောက်ကွယ်မသွားခင် ဖြတ်သွားဖြတ်လာများ၏ဘေးတွင် အချိန်အတော်အကြာကပ်၍ လိုက်ပါနေမည်ဖြစ်သည်။


ထိုကဲ့သို့ကြော်ငြာနည်းစနစ်မှာ တိုးတက်နေသော နဂါးငွေ့တန်းစနစ်များ၏ ခေတ်မှီနည်းပညာတစ်ခုဖြစ်သည်မှာ သံသယဖြစ်စရာပင်မလိုချေ။


ယောင်စစ် ဘေးမှလိုက်ပါလာသော ကြေငြာပုံရိပ်လွှာများမှ အကြည့်မလွှဲနိုင်ပေ။ သူမက ကြေငြာစာလုံးများကိုဖတ်ရန်ပင် အချိန်ကြာမြင့်စွာအသုံးပြုရသည်။ ဖတ်လေ့ဖတ်ထမရှိသဖြင့် စာလုံးပေါင်းသည့်အခါ အသံထွက်၍ပေါင်းသည်။


" ပန်းမိုးဖွဲ ဆေးပြား...  စကြာဝဠာ၏နံပါတ်တစ် နတ်ဘုရားကတောင် သုံးတာနော် ..."


" နတ်ဘုရားမူရဲ့ အထူးဆေးတောင့် ...သင့်ရဲ့ စိတ်ကိုတည်ငြိမ်စေပြီး ဝိဉာဥ်ကိုအားဖြည့်ပေးတယ်..."


" ထူထဲပွင့်လန်းဆပ်ပြာ..  နတ်ဘုရားမူရွှမ်လို စွဲမက်ဖွယ်ရနံ့ကို ပိုင်ဆိုင်သွားစေမယ်..."


" သစ်သားအာကာသခုံ... သင့်ကို နတ်ဘုရားမူရွှမ်လို ကျယ်ပြန့်သောပခုံးတွေ ပိုင်ဆိုင်သွားစေမယ်..."


" မူရွှမ် အမှတ်တံဆိပ်..."

 


ဘုရားရေ ဘာတွေလဲ...


ယောင်စစ် တစ်လုံးတစ်လေပင် ဆက်ဖတ်နိုင်စွမ်းမရှိပြီဖြစ်ရာ မူရွှမ်ဘက်သို့ အသာလှည့်ကြည့်လိုက်ရသည်။


" သူတို့ပြောနေတဲ့ နတ်ဘုရားမူရွှမ်က ရှင်တော့မဟုတ်လောက်ပါဘူးနော်..."


မူရွှမ်က မျက်မှောင်ကြုတ်လိုက်ပြီး ရှုပ်ထွေးနေသောအမူအရာတစ်ခုကသူ၏မျက်နှာထက် ထင်ဟပ်လာကာ ခေါင်းခါလိုက်သည်။


" ငါမသိဘူး..."


နာမည် အစအဆုံးလေးတူရုံပဲမဟုတ်လား...


သို့သော် ကြေငြာများအားလုံးတွင် နတ်ဘုရားမူရွှမ်ဟုသာ ထပ်တလဲလဲ အလွန်အကြူးအသုံးပြုနေကြသည်ဖြစ်ရာ ဤပုဂ္ဂိုလ်က အမှန်တကယ်ကို စကြာဝဠာ၏ဒိတ်ဒိတ်ကြဲ တစ်ဦးဖြစ်နိုင်သည်မဟုတ်ပါလား။


သူတို့နှစ်ဦး တစ်ဦးကိုယ်တစ်ဦးစိတ်ရှုပ်ရှုပ်နှင့် စိုက်ကြည့်နေကြစဥ်တွင် ကြီးမားသောပုံရိပ်တစ်ခုက ကြီးမားသောမျက်နှာပြင်တစ်ခုအလယ်၌ပေါ်ထွက်လာပြီး လမ်းကျဥ်းတစ်လျှောက် ကျယ်လောင်သောအသံတစ်သံ ထွက်ပေါ်လာစေသည်။


" မိတ်ဆွေ... အဆုံးမဲ့ချစ်ခြင်းကို ရှာဖွေနေပါသလား...အိမ်ထောင်ဖက်ရှာဖို့စောင့်ဆိုင်းနေကြတဲ့ မျိုးနွယ်စုံ ကျားမ မရွေးသက်ရှိတွေနဲ့  ပြည့်နှက်နေတဲ့ မူရွှမ် ဖူးစာရေးအေဂျင်စီမှာ လာရောက်စာရင်းသွင်းလိုက်စမ်းပါ...လူဖြစ်ဖြစ်၊ ငါးဖြစ်ဖြစ် ချစ်တတ်တဲ့နှလုံးသားရှိရုံနဲ့ သင့်ရဲ့အခြားနှလုံးသားတစ်ခြမ်းကို လူမျိုးရေးမခွဲခြား ချစ်မေတ္တာသာရှေ့တန်းထားပြီး အိမ်ထောင်ဖက်ရှာဖွေပေးနေပြီမို့  မူရွှမ်ဖူးစာရေးအေဂျင်စီကိုသာ ယုံကြည်ချက်ရှိရှိနဲ့ ကြွမြန်းလာခဲ့ကြစမ်းပါ...  သင်ကတစ်စုံတစ်ယောက်ရဲ့နှစ်ပေါင်းမီလီယံချီစောင့်ဆိုင်းနေခဲ့ရတဲ့ တစ်စုံတစ်ယောက်ဖြစ်နေနိုင်တာမို့ အချိန်မဆွဲကြပါနဲ့တော့..."


" ဟီး .. ဟီးဟီး... ဟီးဟီးဟီး..."


ယောင်စစ်၏နှုတ်ခမ်းများက ထိန်းချုပ်ထားသည့်ကြားမှ တဆတ်ဆတ်တုန်ယင်နေသည်။ သူမက ခေါင်းကိုတစ်ဖက်သို့ ခပ်ဆတ်ဆတ်လှည့်လိုက်ပြီး ပြောသည်။


" ဒီကြယ်စုမှာ ဖူးစာရေးအေဂျင်စီတောင် ရှိတယ်ပေါ့..."


မူရွှမ်၏ နဂိုမူလအေးစက်နေတတ်သောမျက်နှာက မှောင်မဲနေကာ သူ့ထံမှထွက်ပေါ်လာသောအေးစက်စက် အငွေ့အသက်များက ပတ်ဝန်းကျင်လေထုအားအေးခဲလာစေသည်။


" စခရင်ပေါ်က အဲ့မူရွှမ်က ရှင်မဟုတ်လောက်ပါဘူး..." 


ယောင်စစ်က ကပြာကယာဝင်ပြောလိုက်သည်။


" ရှင့်အသံနဲ့လည်းမတူဘူးလေ လုံးဝ..."


သူမဝါကျအား အဆုံးမသတ်ရသေးခင်တွင်ပဲ လမ်းမထက်မှ စူးစူးရှရှကျယ်ကျယ်လောင်လောင် အော်ဟစ်လိုက်သံတစ်ခုပေါ်ထွက်လာလေသည်။


" အားးးးး အားးးး နတ်ဘုရားမူ ငါ့နတ်ဘုရားလေးမူရွှမ်..."


" သူက တကယ်ကို သွေးစုပ်ဖုတ်ကောင်တွေရဲ့အရှင်ဘုရင်လို့ကိုမပြောရဘူး လွန်ခဲ့တဲ့နှစ်တစ်ထောင်လုံးလည်း နတ်ဘုရားနေရာကမဆင်းတာပဲကြည့်လေ နတ်ဘုရားမူကအမြဲတမ်းငါ့ရင်ထဲကနတ်ဘုရားလေး ဖြစ်နေမှာ..."


" အဲဒါ သူရိုက်ထားတဲ့ နောက်ဆုံးထွက်ကြေငြာမဟုတ်လား အိုင်းး စာရင်းသွင်းနေတုန်းသာ အဲ့လိုနတ်ဘုရားလေးနဲ့ဆုံခွင့်ရရင် တန်ရချည်ရဲ့အေ..."


" အိပ်မက်မက်နေတာရပ်လိုက်စမ်းပါ သူကသွေးစုပ်ဖုတ်ကောင်မျိုးနွယ်စုကလေ တစ်ခြားမျိုးနွယ်စုနဲ့ဘယ်တော့မှချစ်လာမှာမဟုတ်ဘူး..."


" နတ်ဘုရားက လူထုအချစ်နဲ့ပဲသက်ဆိုင်တယ် နတ်ဘုရားမူလေး အားး..."


အဲဲ့တော့ တကယ်ကြီးအဲ့လူက မူရွှမ်ပေါ့...


ယောင်စစ်က သူမအဖေ ဤမျှ​ကျော်ကြားမှန်း မသိခဲ့ရပေ။


အိမ်ထောင်ဖက်အကြံပြု ကြော်ငြာအပြီးတွင် ပိုမိုကျယ်လောင်လာသော လူအုပ်ကြီး၏ရူးသွပ်စွာ အော်ဟစ်သံများကြောင့် မူရွှမ်၏မျက်နှာက မဲသထက် မဲမှောင်လို့လာသည်။


" ကြားပြီးကြပြီလား နတ်ဘုရားမူ ဆောင်းခိုအိပ်ပျော်နေတာကနေ လွန်ခဲ့တဲ့တစ်နှစ်ကပဲ နိုးလာခဲ့တယ်တဲ့လေ..."


" ယုံကိုမယုံနိုင်ဘူး ငါအသက်ရှင်နေတဲ့ခေတ်မှာသူနိုးလာတာကို အသက်ရှင်နေရတာကံကောင်းလိုက်တာဟယ်..."


" ဟုတ်ပါ့ နတ်ဘုရားမူကိုအပြင်မှာကြုံဖူးချင်လိုက်တာ..."


" ငါရောပဲလို့..."


 ယောင်စစ် တိတ်တဆိတ်ရှိနေသည်။


ညီမရေ နင်မြင်ချင်တဲ့ နတ်ဘုရားမူကအခုပဲ ငါ့ဘေးမှာရပ်နေတယ်...


မူရွှမ်ကလည်း စကားတစ်ခွန်းမျှမဟခဲ့ပေ။

အိမ်ပြန်သည့်အခါ အကြီးအကဲများနှင့် ခေါင်းစဥ်အချို့ကို ဆွေးနွေးရန်လိုအပ်လာပြီဖြစ်သည်။


 .....


မူရွှမ်၏ မျက်နှာအေးစက်သည်ထက်အေးစက်လာသည်ကို တားဆီးနိုင်ရန်အတွက် ယောင်စစ် သူ၏လက်မောင်းကိုချိတ်၍ လူကြပ်သော လမ်းမပေါ်မှရှောင်ထွက်ကာ တိတ်ဆိတ်ကာသီးသန့်ဆန်သော နေရာတစ်ခုဆီသို့ ဆွဲခေါ်လာခဲ့ရသည်။ ယခုရောက်ရှိလာသောနေရာက တိတ်ဆိတ်ကာလူသူကျဲပါးပြီး တစ်ချက်ကြည့်ရုံဖြင့် လူချမ်းသာများသာဝင်ထွက်သွားလာနိုင်သည့် နေရာတစ်ခုဖြစ်ကြောင်း သိရှိနိုင်ပေသည်။


ခြေလှမ်းအနည်းငယ်မျှလျှောက်လှမ်းပြီးသည့်နောက် လမ်းဘေးမှ ယုန်တစ်ကောင်သူမရှေ့သို့ခုန်ထွက်လာလေသည်။ ထိုယုန်၏အရပ်မှာ လူတစ်ဦး၏ထက်ဝက်မျှမြင့်မားပြီး ကြီးမားသောယုန်နားရွက်များနှင့် ချစ်စဖွယ် ပန်းရောင်လက်ဖဝါးများလည်းရှိကာ ဂိမ်းအတွင်းသူမသတ်ခဲ့သော ယုန်များကိုပင်သတိရသွားစေသည်။


ယုန်က ရှေ့သို့ခုန်လာကာ ၎င်း၏လက်ဖဝါးနှစ်ဖက်ဖြင့် သူမအား နှင်းဆီနီတစ်ပွင့်ကမ်းပေးလာသည်။


" ငါ့အတွက်လား..."


ယောင်စစ်ကြောင်အသွားသည်။


ယုန်က မည်သည်မျှမဆိုဘဲ သူမအား ပန်းကိုသာထိုးပေးနေသည်။


" ကျေးဇူးပါ..."


ယောင်စစ်က တလှပ်လှပ်ခုန်လှုပ်နေသော ခံစားချက်လေးဖြင့် နှင်းဆီပန်းလေးအားလက်လွှဲယူလိုက်ပေသည်။


ယုန်က ခုန်ဆွခုန်ဆွဖြင့် အဝေးတစ်နေရာသို့ လှည့်ထွက်ပျောက်ကွယ်သွားတော့သည်။


ယောင်စစ်က ထာဝရအလင်းဂြိုလ်မှလူများ ဤမျှကြင်နာဖော်ရွေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ သူမက အပြုံးတစ်ခုဖြင့် နှင်းဆီပန်းလေးအား ငုံ့၍ရှူရှိုက်ရန်ပြင်လိုက်ချိန်တွင်ပဲ ပန်းကကျယ်လောင်သောအသံဖြင့် ပေါက်ကွဲသွားချေလေသည်။


ထို့နောက်ဖြတ်လတ်သော အသံတစ်ခုဖြင့် ကြေငြာစာမျက်နှာတစ်ခု ပွင့်လှစ်လာသည်။


"  ဆေလ်ဗီယန် သိုလှောင်အိတ် မီတာ၃၀၀၀ကျယ်ဝန်းတဲ့သိုလှောင်အိတ် နေရာတွေချွေတာနေစရာမလိုဘူးနော်...  ဂျူလိုင်လ၄ရက်နေ့မှာ သင့်ကို ၉၉၈ဒေါ်လာနဲ့ရောင်းချပေးမှာ ..ဒီလောက်မိုက်တဲ့ ပစ္စည်းကို ၉၉၈ထဲနဲ့နော်.... သင်ဒါကိုမမြင်ချင်ယောင်ဆောင်သွားလို့ရတယ် ဒါပေမယ့်သင်လက်လွှတ်ခံနိုင်မှာမဟုတ်ပါဘူး... အမိုက်စားဒီသိုလှောင်အိတ်ကို နတ်ဘုရားမူရွှမ်တောင်သုံးတယ်နော် အို..."


....

 ဒီကြေငြာခွေးတွေကတော့...