Chapter 89
Viewers 9k

အပိုင်း(၈၉)


တုမင်ယွဲ့တို့စုံတွဲ ထွက်ခွာသွားကြပြီးနောက် လင်ရှန်းနှင့်လိန်ဖန်လည်း မြို့တော်သို့ဦးတည်သွားလိုက်သည်။ 


သူတို့ထွက်လာကြတာက တစ်လတောင်ကျော်လာတာပဲဖြစ်သည်။ ဒီတစ်လအတွင်းတွင် တုရီပြန်ထွက်သွားကတည်းက သူနဲ့ပတ်သတ်နေသည့် မှူးကြီးမတ်ရာမှန်သမျှကို ရာထူးဘယ်လောက်နိမ့်သည်ဖြစ်စေ မြင့်သည်ဖြစ်စေ ရာထူးနေရာမှအကုန်ထုတ်ပယ်လိုက်ပစ်ခဲ့သည်။ ဖယ်ရှားခံရသည်မင်းမှုထမ်းတွေအားလုံး၏အမည်ကို တုမင်ယွဲ့၏ကြော်ငြာစာတမ်းဘေးတွင် ကပ်ထားခဲ့သည်။ ရွာသားအများစုက ထိုအမည်စာရင်းတွေကို စုပြုံကာ အလုအယက်တိုးဝှေ့၍ ကြည့်ရှုနေကြပါတယ်။


လင်ရှန်းလဲ သိချင်စိတ်နဲ့ သွားကြည့်မိလိုက်သည်။ ဒါပေမယ့် ချက်ချင်းပင် သူမ၏မျက်နှာအမူအရာက တောင့်တောင့်ခဲခဲကြီးဖြစ်သွားတော့တယ်။


"ဘာဖြစ်လို့လဲ" လိန်ဖန် ရောက်ရှိလာကာ မေးလိုက်တယ်။


လင်ရှန် အသံ တုန်ယင်နေလျက် ကြော်ငြာဆိုင်းဘုတ်အား လက်ညိုးထိုးလိုက်ခဲ့သည်။ "ကျွန်....ကျွန်မ အဖေ....."


ထိုအရာက မှန်ကန်ပေသည်။ စုန့်ရှမ်း၏အမည်က စာရင်းထဲတွင် ပါဝင်နေခဲ့သည်။ လိန်ဖန်လဲ ထိုအရာကို မမျှော်လင့်ထားခဲ့ပေ။ သူက လင်ရှန်းကိုတွဲလိုက်ပြီးတော့ နှစ်သိမ့်စကားပြောလိုက်သည်။ "အရမ်းကြီး မစိုးရိမ်ပါနဲ့ဦးလား။ ကိုယ်တို့တွေ အခြေအနေကို တစ်ချက်လောက် စုံစမ်းကြည့်ရတာပေါ့"


နောက်တစ်နေ့တွင်တော့ သူတို့နှစ်ယောက်သား ရုပ်လုံးဖျတ်ကာ သဲလွန်စလိုက်ရှာနေခဲ့တယ်။ စုန့်ရှမ်းကို နာမည်စာရင်းထဲမှာ တွေ့ပေမယ့်လည်း သူကအသက်ကြီးနေတာကြောင့်နှင့် တိုင်းပြည်အတွက်များစွာ အကျိုးပြုထားခဲ့တာကြောင့် သူ့ဘဝကို အေးချမ်းစွာ အနားယူနိုင်ရန် လွှတ်ပေးလိုက်ကြောင်း၊ တော်ဝင်နန်းတွင်းက အမိန့်ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိခဲ့ကြရသည်။ သူတို့က သူ၏ရာထူးကို သိမ်းယူလိုက်ကာ မည်သည့်နိုင်ငံရေးကိစ္စကိုမျှ ပါဝင်ပတ်သတ်စေခြင်းမပြုရန် အမိန့်ချမှတ်ခဲ့သည်။


သူမအဖေ၏အသက်က ချမ်းသာပေးခြင်းခံရကြောင်း လင်ရှန်းသိသွားချိန်မှသာ သက်သာရာရသွားတော့တယ်။ သူမရဲ့အဖေက ရာထူးမှအနားပေးခြင်းခံရပေမယ့်လည်း အနည်းဆုံးတော့ အသက်ရှင်သွားတာဖြစ်လို့ပါပဲ။ အနည်းဆုံးတော့ သူက ထောင်ထဲမှာပဲ ပိတ်လှောင်မနေရတော့ချေ။


ဒါပေမယ့်ရုတ်တရက်ပင် သူမစိတ်ထဲတွင် ပုံမှန်မဟုတ်သလို ခံစားလိုက်ရသည်။ သူမအဖေက အသက်တော်တော်ကြီးနေပါပြီ။ သူ့အလုပ်သူလည်း ရိုးရိုးသားသားနဲ့ဖြောင့်မတ်စွာလုပ်လာခဲ့တာမဟုတ်ဘူးလား။ ပုန်ကန်တဲ့အဖွဲ့ထဲမှာ ပူးပေါင်းပါဝင်နေစရာ အကြောင်းလဲမရှိပါဘူး။ အိမ်မှာဆိုရင် ပိုးဟတ်တစ်ကောင်ကိုတောင် သတ်ဖို့ဝန်လေးနေသူတစ်ယောက်ပါ။ ပုံမှန်အတိုင်းဆိုရင်တော့ သူမအဖေက မင်းသားကြီးနှင့်ပတ်သတ်ပြီးတော့ ဘာမှလုပ်စရာအကြောင်းမရှိပါဘူး။ ဘာတွေများ ဖြစ်ကုန်တာလဲ။'


လင်ရှန်းနှင့်လိန်ဖန်က သူမမိဘတွေဆီကို သွားပြီးတော့ ဒီအကြောင်းတွေကို စုံးစမ်းရန်ဆုံးဖြတ်လိုက်ပါတယ်။ 


ပြောရရင်တော့ တော်ဝင်နန်းတွင်းက စုန့်ရှမ်းရဲ့ရာထူးနေရာကို ဖယ်ရှားလိုက်ကတည်းက သူ၏ချွေးမမိသားစုအပေါ်မှာ မှီခိုအားထားနေရသည်။ အခုလောလောဆယ်တွင် သူတို့က စစ်သူကြီးယန်ဆု မိသားစု၏ အိမ်တော်တွင် နေနေကြရပါတာပဲဖြစ်သည်။


လင်ရှန်းက ထိုအကြောင်းကိုသိရှိသွားတာနှင့် ညကြီးမင်းကြီးတွင်ပင် လိန်ဖန်ကိုဆွဲကာ စစ်သူကြီး၏အိမ်တော်သို့ ညကြီးမင်းကြီးပင် အပြေးအလွှားသွားလိုက်ခဲ့သည်။ ဆူဆူပူပူဖြစ်မှာကိုရှောင်ရှားဖို့အတွက် သူတို့က တိုက်ရိုက်ကြီး ဝင်မသွားခဲ့ပေ။ ထိုအစား လိန်ဖန်က လင်ရှန်းကိုခေါ်ကာ တိတ်တဆိတ်ခိုးဝင်လိုက်ခဲ့ပါတယ်။


စစ်သူကြီးတစ်ယောက်အနေနဲ့ ယန်ဆွေ့၏အိမ်တော်က လုံခြုံရေးအလွန်တင်းကျပ်ပေသည်။ သို့သော်လည်း လိန်ဖန်၏သိုင်းပညာစွမ်းရည်က အလွန်မြင့်နေခဲ့သည်။ သူက လင်ရှန်းနှင့်အတူ အိမ်တော်ထဲသို့ အနှောက်အယှက်မရှိဘဲ ဝင်ရောက်နိုင်ခဲ့တယ်။ သူတို့နှစ်ယောက် အိမ်တော်ထဲကို ဝင်ရောက်သွားပြီးနောက်တွင် သူမမိဘနှစ်ပါးနေထိုင်သည့် ကပ်လျက်ခြံဝန်းကို နားစွန့်နားဖျားကြားလိုက်ရပါတယ်။ ထို့ကြောင့် သူတို့ချက်ချင်းသွားလိုက်ခဲ့သည်။ အံအားသင့်ဖို့ကောင်းလောက်စွာပင် သူတို့သွားသည့်လမ်းတွင် စုန့်လင်းဖန်နှင့် ဝင်တိုက်မိလိုက်တော့တယ်။


စုန့်လင်းဖန်၏သိုင်းစွမ်းရည်က လိန်ဖန်ထက်တော့ နိမ့်ကျမနေခဲ့ပေ။ ခြံဝန်းထဲက လှုပ်ရှားလိုက်သံကို သူကြားလိုက်ရတာနဲ့ သူ့ဓားကိုရွှမ်းခနဲ ဆွဲထုတ်လိုက်ကာ ပြေးလိုက်ခဲ့တယ်။ ဒါပေမယ့် မိန်းကလေးပုံစံဖြစ်နေတဲ့ လင်ရှန်းနှင့် အိမ်ရှေ့စံမင်းသားကို တွေ့လိုက်ခဲ့တယ်။ သူပထမတော့ သူ့မျက်လုံးအမြင်မှားတာဖြစ်မည်လို့ သူ ထင်သွားလိုက်ခဲ့ပါတယ်။ 


သူအနီးကပ်ကြည့်မိလိုက်တော့ လိန်ဖန်၏ခါးတွင် ရွှေဓားစလွယ်ချိတ်ဆွဲထားခဲ့တာကို သူသတိထားမိသွားကာ တစ်ဝက်တစ်ပျက်လောက် သူတွေးမိသွားတယ်။ သူ အသံတိတ်အချက်ပြချက်တစ်ခုလုပ်လိုက်ကာ အခန်းတစ်ခုထဲသို့ခေါ်သွားလိုက်ပါတယ်။


သူတို့ အခန်းတွင်းသို့ ဝင်ရောက်ပြီးချင်းချင်းမှာဘဲ စုန့်လင်းဖန်က လင်ရှန်း လက်နှင့်ဖိသိပ်လိုက်ကာ- "ပြဿနာအိုးကောင်မလေး... နင် နောက်ဆုံးတော့ ပြန်လာဖို့ ဆုံးဖြတ်လိုက်တာပေါ့ ဟုတ်လား"


လင်ရှန်းတစ်ယောက် အတော်လေးနာသွားတာကြောင့် မျက်ရည်များပင် ဝဲတက်လို့သွားကာ- "ဟေး...နာတယ်နော် ...ငါက ကိုကြီးရဲ့ ညီမနော်"


စုန့်လင်းဖန်က လင်ရှန်းအား မျက်ထောင့်နီဖြင့်ကြည့်လိုက်ကာ - " ဘာလဲ... နင်က ငါတို့အကြာကြီးနေမှ တွေ့ရတာကြောင့် မျက်ရည်ရွှဲလဲနဲ့ ဆီးကြိုနေမယ်လို့ နင်မျှော်လင့်ထားတာလား"


လင်ရှန်း တအားစိတ်ဆိုးသွားကာ ပြန်လည်ချေပဖို့ပင် မစဉ်းစားနိုင်တော့ပေ။ သူမက လိန်ဖန်ဘက်လှည့်ကာ သူမကို ကူညီပေးဖို့ကြည့်လိုက်ပေမယ့် လိန်ဖန်က ဘေးသို့လှည့်လိုက်ကာ သူ ဘာမျှမမြင်လိုက်ရသလို ဟန်ဆောင်နေလေသည်။ ထိုအချိန်တွင်တော့ 'ယောက်ျားတွေက လုံးဝကို ယုံရသူတွေမဟုတ်ကြောင်း လင်ရှန်းတစ်ယောက် စိတ်ပျက်လက်ပျက်ဖြစ်သွားတော့သည်။


လင်ရှန်းတစ်ယောက် စိတ်ဆိုးနေစဉ်တွင်တော့ စုန့်လင်းဖန်က အဓိကအချက်ကို သွားလိုက်သည်။ " မင်းတို့နှစ်ယောက် ဘာဖြစ်လို့ဒီကိုရောက်လာတာလဲ ငါသိပါတယ်။ ငါ အားလုံးကို ပြောပြပေးလို့ရပါတယ် ဒါပေမယ့် အဲဒီမတိုင်ခင်မှာ မင်းတို့နှစ်ယောက် ဘာတွေဖြစ်သွားတယ်ဆိုတာ ငါအရင် သိချင်တယ်"


စုန့်လင်းဖန်က လိန်ဖန်အား နက်ရှိုင်းစွာစိုက်ကြည့်လိုက်ပြီးတော့ မေးလိုက်တယ်။ " မင်းက ပြောမလား ဒါမှမဟုတ် ဟိုပြဿနာအိုးလေးက ပြောမလား?"


" ဘယ်သူက ပြဿနာအိုးလဲ" လင်ရှန်း ပြန်ခံပြောလိုက်တယ်။ စုန့်လင်းဖန်က သူမ မျက်နှာကို ဘေးတွန်းလိုက်ပြီးတော့ " ယောကျ်ားလေးတွေ စကားပြောနေတယ်လေ ဘေးဖယ်နေစမ်းပါ"


လင်ရှန်း.. "........."


စုန့်လင်းဖန်က လင်ရှန်းအား ဥပက္ခာပြုထားဖို့ ကြိုးပမ်းနေသော်လည်း ဇာတ်ကြောင်းက လင်ရှန်းမှ မရှင်းပြလျှင် အသက်မဝင်နိုင်လောက်ပေ။ ထို့ကြောင့် လိန်ဖန်က သူမအား ပြောပြရန် အချက်ပြလိုက်ပါတယ်။ လင်ရှန်းလဲ သူမ၏ဝတ်ရုံစကို အပေါ်သို့မတင်ကာ အစကနေ အဆုံးထိ ဖြစ်ပျက်သမျှကို ပြောပြလိုက်တော့သည်။


သူမ ပြောလို့ပြီးနောက်မှာတော့ စုန့်လင်းဖန်က အတွေးများဖြင့် နစ်မြုတ်သွားတော့သည်။


လင်ရှန်း စိတ်မရှည်တော့ဘဲ တိုက်ရိုက်ပင် မေးလိုက်တော့တယ်။ " ဘာလို့ ညီမလေးကချည်း အကုန်ပြောနေရမှာလဲ။ အစ်ကိုကြီးကလဲ ဘာလို့ အဖေ့နာမည်က စာရင်းထဲမှာ ပါရတာလဲဆိုတာကို ရှင်းပြမပေးတော့ဘူးလား။ ဘာလို့ အဖေ့နာမည်ကို စာရင်းထဲကနေ မဖယ်ထုတ်လိုက်ရတာလဲ"


စုန့်လင်းဖန် သူ့ခေါင်းကို မော့လိုက်ကာ ခပ်ပျော့ပျော့ရယ်မောလိုက်ကာ - "ဘာလဲ.... နင်တောင်မှ တစ်ခုခုမှားနေတယ်ဆိုတာကို တွေ့လိုက်တာလား"


"တစ်ခုခုမှားနေတာကို ညီမလေး ဘာလို့မတွေ့နိုင်ရမှာလဲ" လင်ရှန်းက စိတ်ရှုပ်သွားတော့သည်။ လင်ရှန်းတစ်ယောက် သူမအစ်ကိုနှင့်သူမ နေ့မှားပြီးတော့ မွေးလာသလားဆိုတာတောင် စတင်ပြီးတော့ ခံစားသွားမိတော့သည်။ 


စုန့်လင်းဖန်က သူ့ညီမဖြစ်သူ ရှုးကြောင်ကြောင်ဖြစ်တော့မှာကို ဂရုမစိုက်ခဲ့ပေ။ သူ ဆက်ပြောလိုက်တယ်။ " တကယ်ကတော့ နင်တို့နှစ်ယောက် လူတစ်ယောက်ကို ချန်ထားမိသွားတာ။ သူက ဒီအဖြစ်အပျက်တွေကနေ အကျိုးအရှိဆုံးသူပဲ။"


'ဘာလဲ? လင်ရှန်းတစ်ယောက် စိတ်ရှုတ်ထွေးသွားတော့တယ်။ ဒီအဖြစ်အပျက်အားလုံးရဲ့ နောက်မှာ ထိန်းချုပ်ထားတဲ့သူ တစ်ယောက်ရှိနေတာလား?'


စုန့်လင်းဖန်က သူမကို ကြည့်လိုက်ကာ အေးဆေးစွာနဲ့ထုတ်ပြောလိုက်တယ်။ " အရှင်မင်းမြတ်"


........


Tobe continued........