Chapter 90
Viewers 9k

အပိုင်း(၉၀)


မှန်ပေသည်။ အင်ပါယာသာလျှင် အရာအားလုံး၏ဆုံချက်ပင်ဖြစ်သည်။ စုန့်လင်ဖန်တစ်ယောက် အေးစက်စက်ရယ်မောလိုက်ကာ- " နင်တို့တွေက အရှင်မင်းမြတ်ကို ဒီလောက်တုံးအလိမ့်မယ်လို့ တကယ်ထင်နေကြတာလား။ သူက အရမ်းအရမ်းကို ထက်မြက်လွန်းအားကြီးတယ်......"


စုန့်လင်းဖန်က ဟိုးအစနေပြီး စတင်ပြောပြလိုက်တော့သည်။ လင်ရှန်း နားထောင်ခဲ့ပြီးတော့ ဇာတ်ကြောင်းတစ်ခုလုံးကို ဇာတ်ရည်လည်သွားတော့သည်။ 


တော်ဝင်နန်းတွင်းက အပြင်ပိုင်းမှာ အေးဆေးတည်ငြိမ်တယ်လို့ ထင်ရပေမယ့်လည်း တကယ်ကတော့ အတွင်းပိုင်းတွင် အတော်လေး ရှုတ်ထွေးပွေလီပေသည်။ အခြေခံအားဖြင့်တော့ အာဏာကို ဆုပ်ကိုင်ထားသည့် အုပ်စုကြီး သုံးစုရှိလေသည်။ ရှေ့ပြေးဦးဆောင်နေသည့် အုပ်စုကတော့ တုရီတို့အဖွဲ့ပင်ဖြစ်သည်။ ဒီအဖွဲ့က အဓိကအားဖြင့် အမတ်အိုကြီးတွေနှင့် အကြံပေးအမတ်များ ပါဝင်ပတ်သတ်နေပေသည်။ သူတို့တွင် ထောက်ခံသူများရရှိနိုင်ရန် ဩဇာအဏာအများအပြားရှိကာ မကြာခဏပင် သူတို့၏လုပ်ပိုင်ခွင့်တွေကို အသုံးပြု၍ ပြီးခဲ့သော အင်ပါယာ အား သူတို့နည်းသူတို့ဟန်ဖြင့် မြှောက်တင်ကြလေသည်။ လက်ရှင်အင်ပါယာတောင်မှ သူတို့နှင့် သွားဝင်မရှုပ်ရဲခဲ့ပေ။


နောက်ထပ်အုပ်စုတစ်စုကတော့ တုဟောင်တို့အဖွဲ့ပင်ဖြစ်သည်။ ဒီအဖွဲ့ထဲကလူအများစုကတော့ ငယ်ရွယ်သည့်မင်းမှုထမ်းများနှင့်အကြံပေးအမတ်များ ဖြစ်ကြသည်။ သူတို့တွင်တော့ သူတို့၏ကိုယ်ပိုင်ယုံကြည်ချက်နှင့် ဆန်းသစ်တီထွင်မှုနှင့်လိုက်လျောညီတွေစွာ ပြောင်းလဲနိုင်မှုများ ရှိကြသည်။ သို့သော်လည်း သူတို့တွင် အင်အားမရှိချေ။ အင်ပါယာ၏ထောက်ပံ့မှုမရရှိဘဲ သူတို့မရပ်တည်နိုင်ကြချေ။


ဒီလိုမျိုးအခြေအနေအောက်တွင်တော့ အုပ်စုသုံးအုပ်စုက ကျိန်းသေပေါက်ပင် အတိမ်းအစောင်းမခံနိုင်ခဲ့ပေ။ တတိယအုပ်စုက နောက်ဆုံးတော့ စစ်သူကြီးယန်ဆွေ့အဖွဲ့ပင်ဖြစ်သည်။


ယန်ဆွေ့က မြိုတော်တွင် မွေးဖွားလာခဲ့ပါတယ်။ မျိုးဆက်တိုင်းမျိုးဆက်တိုင်းတွင် သူ့တို့မျိုးရိုးက စစ်သူကြီးများဖြစ်ကြသည်။ သူ့အလှည့်ရောက်တဲ့အခါမှာတော့ ယန်ဆွေ့ဟာလဲ ရာထူးအကြီးဆုံးသို့ရောက်ရှိခဲ့သည်။ သူ့တွင် အကြီးမားဆုံးသော စစ်တပ်အာဏာရှိကာ မရေမတွက်နိုင်သော တပ်မှုးများကို မွေးထုတ်ပေးခဲ့တယ်။ လက်ရှိလောလောဆယ်တွင်တော့ သူတို့အားလုံးက တော်ဝင်နန်းတွင်းထဲတွင် အလွန်အရေးပါသော ရာထူးများရရှိထားကြလေသည်။ 


တကယ်လို့ ယန်ဆွေ့၏စစ်တပ်အာဏာနှင့်သူ၏တပ်မှုးတွေကသာ ပါဝင်လာခဲ့လျှင် တော်ဝင်နန်းတွင်းထဲတွင်ရှိသော စစ်တပ်အားလုံး၏တစ်ဝက်ကျော်ကျော်ကို ကိုယ်စားပြုနိုင်ပေသည်။ ရိုးရိုးပြောရရင်တော့ အင်ပါရာက ထိုလူကိုလဲ မထိပါးရဲပေ။


ဒါ့ကြောင့် ယန်ဆွေ့ဟာ အမြင့်မားဆုံးစွမ်းဆောင်ရည်ရှိတဲ့ သခင်ကြီးတစ်ယောက်အဖြစ် ထင်ရှားကျော်ကြားလာခဲ့တယ်။ အင်ပါယာက ထိုသူ့ကို ရိုသေလေးစားစွာနှင့်အခွင့်ထူးပေးတယ်လို့ ထင်ရပေမယ့်လည်း သူ့အတွင်းစိတ်ထဲမှာတော့ သူ့အား ခြိမ်းခြောက်မှုတစ်ခုအနေနဲ့သာ တွေးမြင်ထားခဲ့ပါတယ်။ အင်ပါရာက အနာဂတ်တွင် သူ့အား ဆန့်ကျင်၍ အကြောက်တရားမှ လွတ်မြောက်ချင်နေခဲ့ပါတယ်။ တကယ်လို့ ယန်ဆွေ့က တုရီနဲ့ပူးပေါင်းဖို့ ဆုံးဖြတ်ချက်ချလိုက်မယ်ဆိုရင် ရလဒ်တွေက တစ်မျိုးတစ်ဖုံပြောင်းလဲနိုင်လို့ပင်ဖြစ်သည်။


ထို့ကြောင့် အင်ပါယာ အတော်လေး ဦးနှောက်ခြောက်ခဲ့ရတယ်။ ဘယ်လိုလုပ်မှ တုဟောင် အာဏာကိုအပြည့်အဝထိန်းချုပ်နိုင်ပြီးတော့ ယန်ဆွေ့ရဲ့ဩဇာကို ကန့်သတ်နိုင်အောင် လုပ်ရမလဲ...ဟူ၍ပင်ဖြစ်တယ်။


ထိုအခိုက်တွင် အခွင့်အရေးတစ်ခုက ဆိုက်ရောက်လာခဲ့ပါတယ်။


မင်းသမီးတုမင်ယွဲ့က စုန့်မိသားစု၏သားနှင့် လက်ထပ်ချင်သည်ဟု ရုတ်တရက်ကြီး အဆိုပြုလို့လာခဲ့ပါတယ်။ အင်ပါယာက ညဏ်ရည်ထက်မြက်သူတစ်ယောက်ပင်ဖြစ်သည်။ ချက်ချင်းပင် လက်ထပ်ထိမ်းမြှားခြင်း၏ အကျိုးရလဒ်တွေကို သူသိမြင်ခဲ့ပါတယ်။ စုန့်လောင်က စုန့်ရှမ်း၏ဒုတိယသားပင်။ စုန့်မိသားစု၏အကြီးဆုံးသားဖြစ်သူက ယန်ဆွေ့၏တစ်ဦးတည်းသောသမီးဖြစ်သည့် ယန်ပိုင်ယွဲ့နှင့် လက်ထပ်ထားခဲ့တာကြောင့်ပင်ဖြစ်သည်။ ယန်ဆွေ့က သူ၏သားသမက်ဖြစ်သူအား အလွန့်အလွန် နှစ်ခြိုက်သဘောကျသူပင်ဖြစ်တာကြောင့်ပင်။


လက်ထပ်ပြီးနောက်ချက်ချင်းပင် ယန်ဆွေ့က လင်းဖန်အား သူ၏ဆက်ခံသူတစ်ယောက်အဖြစ် ပျိုးထောင်ပေးချင်နေခဲ့တယ်။ အင်ပါရာက ဒါကိုတွေ့လိုက်တော့ လက်ထပ်အမိန့်တော်တစ်ခုကို ချက်ချင်းထုတ်ပြန်လိုက်ခဲ့တော့သည်။ အခြားတစ်ဖက်မှာတော့ သူက ထိုအမိန့်တော်ကို သူ၏သမီးတော်ပျော်ရွှင်စေဖို့တွက် ထုတ်ပြန်လိုက်တာလို့ ထင်မြင်စေခဲ့ပါတယ်။ ဒါပေမယ့် အတွင်းစိတ်ထဲမှာတော့ သူဟာ စုန့်လောင်ကိုအသုံးချကာ စုန့်လင်းဖန်နှင့်ယန်ဆွေ့အား ချုပ်ကိုင်ချင်လို့ပင်ဖြစ်သည်။


"ဒါဆိုရင် အစ်ကိုကြီးပြောနေတာက အရှင်မင်းမြတ်က ရည်ရွယ်ချက်ရှိရှိနဲ့ လက်ထပ်ထိမ်းမြှားဖို့ စီစဉ်လိုက်တာပေါ့ ဟုတ်လား"


"အမှန်ပဲ" စုန့်လင်းဖန် က ခေါင်းညိတ်လိုက်သည်။ "ဒါတင်မကသေးဘူး... ငါခန်းမှန်းရသလောက် မင်းသမီးက ငါ့ကို လက်ထပ်ချင်နေတယ်ဆိုတာ သူ အစောကြီးကတည်းက ရိပ်စားမိနေတာ။ သူ အမှားလုပ်မိသွားသလို ဟန်ဆောင်လိုက်ပြီးတော့ သူ့အစီစဉ်တွေကို ဖျာခင်းချလိုက်တာပဲ။" 


စုန့်လင်းဖန် ပြောလို့ပြီးဆုံးသွားချိန်မှာတော့ လင်ရှန်းတစ်ယောက် တုန်လှုပ်ခြောက်ခြားသွားတော့တယ်။ တကယ်လို့များ သူမအစ်ကိုကြီး ပြောတာသာအမှန်တွေဆိုရင် တုမင်ယွဲ့က သူမအစ်ကို ကိုပဲ လက်ထပ်ချင်တာပါလို့ သူ့ကိုပြန်ပြောလိုက်တာကို အင်ပါယာက ဘာဖြစ်လို့ သူ့စကားကို ပြန်ရုတ်သိမ်းဖို့ ငြင်းဆန်လိုက်တယ်ဆိုတာ ရှင်းလင်းသွားပြီပဲ။ ဝိုး.... ဒီတော့ အင်ပါယာက သူ့သမီးကို အရမ်းချစ်သလိုလိုနဲ့ တကယ်တမ်းက သူ့ရဲ့ဩဇာအာဏာကို ထိန်းသိမ်းဖို့အတွက် သူ့သမီးရဲ့ပျော်ရွှင်မှုကိုစတေးတာပဲကိုး။ 


အခုလိုတွေးမိလိုက်တော့မှ လင်ရှန်းတစ်ယောက် ဘာဖြစ်လို့ တုမင်ယွဲ့က နန်းတော်ထဲကိုပြန်သွားဖို့ထက် ဟယ်လောင်စန်းနဲ့အတူ လျှောက်လည်ပတ်နေချင်တယ်ဆိုတာ ရုတ်တရက်ကြီး နားလည်သွားတော့တယ်။ သူမက အချစ်ခံရပေမယ့်လည်း ဩဇာအာဏာရဲ့သားကောင်ဖြစ်ရတဲ့ ကံကြမ္မာကနေ မလွတ်မြောက်နိုင်ဘူးပဲ။


လင်ရှန်းတစ်ယောက် အားလုံးရှင်းရှင်းလင်းလင်းသိသွားသည့် အမူအရာတစ်ခုဖြင့် - "ဒီလိုဆိုတော့ အရှင်မင်းမြတ်က တုမင်ယွဲ့နဲ့ ညီမလေးရဲ့လက်ထပ်ထိမ်းမြှားမှုကို အသုံးချပြီးတော့ ကိုကြီးနဲ့စစ်သူကြီးကို ထိန်းချုပ်ဖို့ လုပ်တာပေါ့။ ဒါပေမယ့် ညီမလေးထွက်သွားလိုက်တော့ သူ့ဆီမှာ တစ်ယောက်မှ မရှိတော့ဘူးဖြစ်သွားတာပေါ့။ အဲဒါကြောင့် သူက အဖေ့ကို အသုံးချလိုက်တာပဲ ညီမလေးပြောတာ မှန်ရဲ့လား"


" နင်က ငါထင်ထားသလောက် မတုံးဘူးပဲ" စုန့်လင်းဖန်က လင်ရှန်းခေါင်းကို ခေါက်လိုက်၍ လှောင်ပြုံးကာ ပြောလိုက်တယ်။ 


'ဝိုး.... အင်ပါယာက တော်တော်ကိုစက်ဆုပ်စရာကောင်းတဲ့သူပဲ။ လင်ရှန်း မကျေမနပ်ဖြင့် အံကြိတ်လိုက်သည်။ သို့သော်လည်း အကြောင်းစုံကိုပိုသိရဖို့အတွက် သူမပြောချင်တဲ့စကားလုံးတွေကို ပြန်မြိုသိပ်လိုက်ပြီး ဆက်လက်နားထောင်လိုက်တယ်။ သူမခန့်မှန်းထားသလိုပင် စုန့်လင်းဖန် ဆက်လက်ပြောလိုက်ခဲ့သည်။


"တကယ်တော့ ဒီတစ်ကြိမ် အရှင်မင်းမြတ်ရဲ့လှည့်ကွက်က မတူတော့ဘူး။ အခုအခြေအနေတွေက ပြောင်းလဲသွားပြီ။ အာဏာဆုပ်ကိုင်ထားတဲ့ အုပ်စုသုံးခုရှိတယ်။ အငြင်းပွားမှုတွေ အများအပြားရှိပေမယ့်လည်း ဘက်အားလုံးမှာတော့ ကန့်သတ်ချက်တွေရှိနေတယ်။ ရလဒ်တစ်ခုအနေနဲ့က အတော်လေးတည်ငြိမ်နေတယ်လို့ ထင်နေရတာပဲ။ ဒါပေမယ့်လည်း လက်ရှိလောလောဆယ်မှာ မင်းသားကြီးကတော့ မရှိတော့ဘူး။ လက်ရှိအာဏာကိုင်စွဲထားတာ အုပ်စုနှစ်အုပ်စုပဲရှိတော့တယ်။ သူ့ရဲ့အာဏာကို မူလအတိုင်းပြန်ထိန်းသိမ်းနိုင်ဖို့အတွက်က အိမ်ရှေ့စံမင်းသားက မင်းသားကြီးနဲ့ပတ်သတ်တဲ့လူတွေအားလုံးကို ဖယ်ရှားပစ်ရမှာပဲ။ အခုတော့ အားလုံးက ကြောက်နေရမယ့် အခြေအနေဖြစ်နေပြီ။


ဒီလိုမျိုးထိခိုက်လွယ်တဲ့ အခြေအနေအောက်မှာဆိုတော့ အင်ပါယာလည်း နောက်ထပ်ပြဿနာထပ် မတက်ချင်တော့ဘူး။ အဲဒါနဲ့ သူက အဖေ့ကို အသုံးချလိုက်တာပဲ။ တစ်ဖက်ကနေပြီးတော့ သူက သူ့ရဲ့အာဏာကို သိပ်ကိုထုတ်ပြချင်နေတာ။ နောက်တစ်ဖက်မှာတော့ သူက ငါတို့ကို သတိပေးချက်တစ်ခု လုပ်ချင်တာ ငါတို့ သူ့အပေါ်ကို သစ္စာရှိနေသရွေ့ ငါတို့အဆင်ပြေတယ်ဆိုပြီးတော့ သူက ပြောလိုက်တာပဲ။ အဲဒါကြောင့် အဖေကလဲ ဒီအာဏာလုပွဲထဲက စွန့်လွှတ်အနစ်နာခံလိုက်ရတဲ့သားကောင်တစ်ယောက် ဖြစ်လာတာပဲ။"


စုန့်လင်းဖန် ပြောနေတာပြီးသွားချိန်မှာတော့ လင်ရှန်းတစ်ယောက် ဒေါသချောင်းချောင်းထွက်သွားကာ အံကိုကြိတ်လိုက်၍ - " အဖေက အသက်ပဲတော်တော်ကြီးနေပြီပဲကို။ ဒီလိုသက်ကြားအိုကြီးကြောင့်နဲ့သူက ဒီလိုမျိုးအပြစ်ဒဏ်မျိုးကို လက်ခံလိုက်ရသေးတယ်။ အရမ်း မမျှတလွန်းအားကြီးနေပြီ" ပြောပြီးနောက်မှ လင်ရှန်းက လိန်ဖန်၏အဖေဖြစ်သူအား သက်ကြားအိုတစ်ယောက်ဟု ခေါ်လိုက်တာ သိပ်မကောင်းကြောင်း သူမ နားလည်လိုက်လိုက်တယ်။ သူမက လျင်မြန်စွာနဲ့ လိန်ဖန်၏တုံ့ပြန်ချက်ကို လှည့်ကြည့်လိုက်တယ်။


လိန်ဖန်က ပုံမှန်ထက် တိတ်ဆိတ်လွန်းနေ၍ သူ့မျက်နှာအမူအရာက ကြည့်ရတာ သိပ်မကောင်းမှန်း လင်ရှန်း သတိထားမိသွားပါတယ်။ ဘာဖြစ်သွားလဲဆိုတာ သူမမေးလိုက်ချင်ပေမယ့် သူမအစ်ကိုက သူမရှေ့သို့ ခြေတစ်လှမ်းသာသွားခဲ့သည်။


"လိန်ညီနောင်က တစ်ခုခုထူးဆန်းတာများ ရှာတွေ့သွားလို့လား"


လိန်ဖန်၏မျက်နှာက မဲမှောင်နေပေမယ့် သူ စကားတစ်ခွန်းမျှ ပြန်မပြောလိုက်ခဲ့ပါဘူး။


စုန့်လင်းဖန်က ဆက်ပြောလိုက်တယ်။ "အခုဆို လိန်ညီနောင်ရဲ့နောက်ခံအကြောင်းကို ငါ ကြားရတော့ ဘာဖြစ်လို့ ငါက ကြမ်းကြမ်းတမ်းတမ်းမလုပ်နိုင်ရမှာလဲ"


တစ်ခုခုတော့ မှားနေပြီဆိုတာ လင်ရှန်းပြောနိုင်လေသည်။ ဘာဖြစ်လို့ သူမအကိုကြီးက လိန်ဖန်အား အကြည့်မလွှဲဘဲနဲ့ စိုက်ကြည့်ပြီးတော့ ပြောနေတာများလဲ။ ပြီတော့ လိန်ဖန်ရဲ့အမူအရာကလဲ တဖြည်းဖြည်းနဲ့ ပျက်ပျက်လာရတာလဲ။'


"တကယ်လို့ ကျုပ်အထင်တွေက လိန်ညီနောင်နဲ့ တစ်စိတစ်ဝမ်းတည်းဖြစ်မယ်ဆိုရင်တော့ နန်းမြို့တော်ထဲမှာ နေစရာအကြောင်းမရှိဘူးမို့လား...အရှုပ်ထုတ်ကိုခေါ်ပြီးတော့ ဝေးဝေးကို ထွက်သွားလိုက်တာကောင်းမယ်။"


လင်ရှန်းတစ်ယောက် နောက်ထပ်ရင်တထိပ်ထိပ်နဲ့ ကြည့်မနေနိုင်တော့ဘဲ - " ဘာတွေဖြစ်နေတာလဲ... လှည့်ပတ်ပြီးပြောမနေပါနဲ့တော့ လိုရင်းသာပြောလိုက်ပါလား။ ကျွန်မကို စိတ်ပူအောင် လုပ်မနေနဲ့"


"နင်ကလေ ဘာဖြစ်လို့ ဒီလောက် အသည်းအသန်ဖြစ်နေရတာလဲ" စုန့်လင်းဖန်က လင်ရှန်းအား မျက်စိစွေကြည့်လိုက်ကာ - " ငါ့ အယူအဆအရဆိုရင်တော့ အရှင်မင်းမြတ်က လိန်ညီနောင်နဲ့ တွေ့ဆုံတာက တိုက်ဆိုင်မှုတစ်ခုလို့တော့ ငါမထင်ဘူး။"


တကယ်လို့ တိုက်ဆိုင်တာမဟုတ်ဘူးဆိုရင် ဘယ်လိုဖြစ်တာလဲ" လင်ရှန်း စိတ်ရှုပ်ထွေးသွားပါတယ်။


" နင် စိတ်ရှည်ရှည် မထားနိုင်တော့ဘူးလား... ငါသေချာတော့ တပ်အပ်မပြောနိုင်ပေမယ့် အဲလိုယူဆလိုက်ယုံပဲလေ မဟုတ်ဘူးလား...ညီနောင်လိန်.." စုန့်လင်းဖန်က လိန်ဖန်၏မျက်လုံးထဲသို့ စူးစူးစိုက်ကြည့်ကာ ပြောလိုက်တယ်။ "မင်းရော ငါ့ကို ဆက်ပြောစေချင်ရဲ့လား.. ငါတို့ သုံးသပ်ချက်တွေက တူတယ်ဆိုတာ သိချင်သေးလား"


လိန်ဖန်က စကားတစ်ခွန်းမျှပြန်မပြောလိုက်ပေမယ့် လင်ရှန်းမှာတော့ စိတ်ဖိစီးကာ- " အဲဒါဆိုလဲ ဆက်ပြောလိုက်လေ"


စုန့်လင်းဖန်က ပြုံးလိုက်ကာ ဆက်ပြောလိုက်တယ်။ " အဲအချိန်တုန်းက အရှင်မင်းမြတ်က အိမ်ရှေ့စံမင်းသား အာဏာဆုံးရှုံးပြီး ကျရှုံးတော့မယ်ဆိုတာ သူ မြင်နေရတယ်။ သူ့ရဲ့ အကြီးဆုံးမင်းသားက ဒီအခြေအနေကို အခွင့်ကောင်းယူလိုက်မှာကို သူကြောက်ပြီးတော့ တစ်ခြားသားတော်တွေအကုန်လုံးကို နယ်စပ်မှာ တိုက်ခိုက်ဖို့ လွှတ်လိုက်တာပဲ။ သူက သူ့သားတော်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ဓာတ်ပိုင်းတွေကြံ့ခိုင်လာအောင် သင်ကြားချင်ခဲ့တာ။ တကယ်တမ်း မျှတတယ်လို့ထင်ရပေမယ့်လည်း သူ့ရဲ့အကြီးဆုံးသားတော်ကို မောင်းထုတ်ပြီးတော့ အိမ်ရှေ့စံမင်းသားကို မြှင့်တင်ပေးချင်ခဲ့တာ။"


လင်ရှန်း၏စိတ်ထဲတွင် ရုတ်တရက်ပင် ဖျတ်ခနဲဖြစ်သွားပြီးတော့ စုန့်လင်းဖန်ပြောချင်တာကို နားလည်သွားခဲ့သည်။ သူမ ချက်ချင်းပင် ရပ်တန့်လိုက်ချင်ပေမယ့် လိန်ဖန်က သူ့ရဲ့ခပ်တည်တည်မျက်နှာထားနှင့် သူမအား ပိတ်ကာလိုက်ကာ သူမ၏အစ်ကိုဖြစ်သူဆက်ပြောတာ သူ အဆင်ပြေတယ်ဆိုတဲ့အကြောင်း အချက်ပြလိုက်သည်။


"အရှင်မင်းမြတ်က သူ့မှာ နောက်ထပ်သားတော်တစ်ပါး ထပ်ရှိတာကို တွေ့ရှိသွားခဲ့တော့ သူ့လူတွေကို လွှတ်ပြီးတော့ လိန်ညီနောင် ဘယ်ရောက်နေလဲဆိုတာ ရှာဖို့လွတ်လိုက်တယ်။ လူတွေကြားထဲမှာနေထိုင်နေတဲ့ သားတော်က အိမ်ရှေ့စံမင်းသားနဲ့ တစ်ထပ်တည်းတူနေမှန်း သူတုန်လှုပ်စွာ နားလည်သွားတယ်။ ရလဒ်တစ်ခုအနေနဲ့က သူ အကြံတစ်ခုကိုတွေးလိုက်မိတယ်။ အိမ်ရှေ့မင်းသားဆီမှာ အကြောင်းတစ်ခုခုပေါ်ပေါက်လာရင် သူ့မှာ နောက်ထပ်အရန်အနေနဲ့ထားရမယ့် သားတစ်ယောက်ရှိနေသေးတာပဲ။ ဒါဆိုရင် သူဘယ်လိုပဲဖြစ်ဖြစ် မရှုံးနိုင်တော့ဘူး။ သူက အဲဒီနောက် တိုက်ဆိုင်သလိုနဲ့ လိန်ညီနောင်နဲ့ တွေ့လိုက်ပြီးတော့......တိုက်ဆိုင်သလိုနဲ့ တိုက်ခိုက်မှုကို...တိုက်ဆိုင်သလိုနဲ့ ........"


" နောက်ထပ် ဆက်မပြောနဲ့တော့" လိန်ဖန်က နောက်ဆုံးတော့ သူ့အား ဖျတ်ချလိုက်သည်။ သူ့မျက်နှာအမူအရာက တင်းမာခက်ထန်နေတော့သည်။


"ငါ ပြောလို့ မပြီးသေးဘူးလေ။ မင်းက ဘာဖြစ်လို့ ဒီလောက် လောကြီးနေရတာလဲ။" စုန့်လင်းဖန်က ဆက်ပြောလိုက်တယ်။ " တကယ်တော့ ငါဒီအကြောင်းတွေကို တွေးကြည့်ပြီးတော့ ထူးဆန်းတယ်လို့ ခံစားနေရတာ။ အရှင်မင်းမြတ်ရဲ့ စဉ်းစားဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းအရဆိုရင် ဘယ်လိုလုပ်ပြီးတော့ ဒီအရှုပ်ထုတ်က မိန်းကလေးတစ်ယောက်ဖြစ်တယ်ဆိုတာကို သူ မသိဘဲနေနိုင်ရမှာလဲ.. တစ်ခုတည်း ဖြေရှင်းချက်ပေးနိုင်တာက သူက ငါ့ရဲ့ညဏ်နည်းတဲ့ညီမလေးကို အသုံးချပြီးတော့ ငါတို့ကို ထိန်းချုပ်ချင်တာပဲ။ ပြီးတော့လဲ သူက မင်းကိုလဲ ထိန်းချုပ်နိုင်တာပဲလေ။ အိမ်ရှေ့စံမင်းသားက အသက်ရှင်လျက်နဲ့ပြန်လာနိုင်ကတည်းက သူလဲ နောက်ထပ် အရန်တစ်ဦးမလိုတော့ဘူး မဟုတ်လား......"


"တော်လောက်ပြီ" လင်ရှန်း ကျယ်လောင်စွာအော်ဟစ်လိုက်တော့သည်။ " ကိုကြီး‌ပြောလို့ ပြီးပြီလား.. ဘာအရန်လဲ.. လိန်ဖန်က လိန်ဖန်ပဲ။ သူက တစ်ယောက်ယောက်ရဲ့ အရန်လူမဟုတ်ဘူး"


TheEnd....