Chapter 93
Viewers 9k

အပိုင်း(၉၃)


အာ... လင်ရှန်းလဲ ဘာပြန်ပြောရမှန်း မသိတော့ချေ။ သူမစိတ်ထဲမှာတော့ အတွင်းကျေကျေနေလေပြီ.။ အမိန့်ပေးစည်းတံဆိပ်ပြားမရှိရင် သူတို့တွေ ကျီဟောင်လင်းနဲ့ အလဲလှယ်လုပ်ဖို့ဘာမှမရှိတော့တာပဲ။ အဲဒါဆိုရင် သူမရဲ့အဆိပ်ဖြေဆေးကရော ဘယ်လိုဖြစ်သွားမှာလဲ။


သူတို့နှစ်ယောက်သား ဘယ်လိုဆုံးဖြတ်ရမယ်မှန်း မပြတ်မသားဖြစ်နေကြစဉ်တွင် အသံတစ်ခုက တိတ်ဆိတ်ခြင်းကို ဖြိုခွဲလာခဲ့သည်။


" စဉ်းစားစရာမလိုတော့ဘူး၊ အဲဒီပစ္စည်းကို ငါယူသွားမယ် နင့်ရဲ့အဆိပ်ကတော့ ဆက်ပြီးရှိနေလိမ့်မယ်! နင်တို့နှစ်ယောက်စလုံး ဒီမှာပဲသေရမယ်! ဟားဟားဟားဟား........"


လင်ရှန်း ကျီဟောင်လင်း၏စက်ဆုပ်ဖွယ်ကောင်းသည့်အသံမှန်း တန်းခနဲ မှတ်မိလိုက်သည်။ ကျီဟောင်လင်းက သူတို့ဝင်လာသည့်ဝင်ပေါက်တွင် ထွက်ပေါ်လာခဲ့သည်။ အပေါ်ကနေစီး၍ မတ်တပ်ရပ်နေတာကြောင့် သူမမျက်နှာက စုတ်တီးစုတ်ပဲ့မွဲပြာခဲ့သည်။ 


TV မှာသူတို့ပြသနေတာက အတုတွေဆိုတာ ဒီအရာက သက်သေပြနေလေသည်။ မင်း ဘယ်လို"BOSS" ပဲဖြစ်နေနေ မင်းဟာညစ်ပတ်ပေရေနေတဲ့တွင်းထဲကို ဝင်လာရင်တော့ မင်းမျက်နှာက ဒီလိုပုံစံမျိုးစုတ်ပြတ်သတ်နေမှာပဲဖြစ်တယ်။


ဒီစုန်းမအိုကြီးက စောစောကတည်းက သူမတို့နောက်ကနေခြေရာခံလိုက်လာပြီးတော့ ရတနာသိုက်ကိုရှာဖို့ သူမတို့ကို တမင်တကာအသုံးချလိုက်တယ်ဆိုတာ လင်ရှန်းသဘောပေါက်သွားသည်။ ထိုကဲ့သို့တွေးတောလိုက်ပြီးတော့ သူမ သတိရှိစွာဖြင့် စည်းတံဆိပ်ပြားကို တင်းကျပ်စွာဆုပ်ကိုင်လိုက်ကာ- "ဒီမှာ စုန်းမအိုကြီး.... တကယ်လို့ ရှင့်မှာသတ္တိရှိရင် ကျွန်မတို့ရဲ့ ဆံပင်တစ်မွှေးကို ထိကြည့်လိုက်လေ၊ ကျွန်မ ဒီစည်းတံဆိပ်ကို ပေါက် ခွဲပစ်လိုက်မယ်!"


လင်ရှန်းက သူမကို စုန်းမအိုကြီးဟု ခေါ်လိုက်တာနှင့် ကျီဟောင်လင်း၏မျက်နှာအမူအရာက ရုတ်ချည်းပင် မဲမှောင်ကျသွားသည်။ သူမသွားတွေကို တင်းတင်းစေ့လိုက်ကာ ခြိမ်းခြောက်လိုက်သည်။ " ပေါက်ကြည့်လိုက်လေ၊ ဒီတံဆိပ်ပြားက ဒီမင်းဆက်ရဲ့အသက်ပဲ၊ နင် ပေါက်ခွဲလိုက်တာနဲ့ နင်တော့ သမိုင်းပေးတရားခံဖြစ်ပြီပဲ။"


"ကျွန်မကို လာခြိမ်းခြောက်ဖို့ မကြိုးစားလိုက်နဲ့၊ ကျွန်မ အဲဒီကိစ္စကို အယုံကြည်ရှိတာမို့ဘူးနော်!" လင်ရှန်းက ပြန်လည်ချေပလိုက်ပြီး သူမလက်တွေကို အပေါ်သို့မြှောက်လိုက်သည်။


လင်ရှန်း တကယ်လုပ်ပစ်လိုက်တော့မယ်ဆိုတာ ကျီဟောင်လင်းသိလိုက်တော့ ထိတ်ထိတ်ပျာပျာဖြစ်သွားကာ- "ယုအာ...!"


ကျီပိုင်ယုက စည်းတံဆိပ်အား လုယူရန် ချက်ချင်းပင်လေထဲသို့ ခုန်တက်လိုက်သည်။ သူ အလွန်လျင်မြန်လွန်းခဲ့သည်။ လင်ရှန်း မလှုပ်ရှားနိုင်လောက်မီမှာပင် ကျီပိုင်ယုနှင့်ဓားက သူမမျက်နှာသို့ လျှပ်တစ်ပျက်ရောက်ရှိလာခဲ့သည်။ စည်းတံဆိပ်က ရယူနိုင်တော့မလိုလို ထင်လိုက်ရချိန်တွင် လိန်ဖန်က သူ့၏ရွေ့လျားမှုကို ရှေ့ထွက်ကာ လာပိတ်လိုက်သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပဲ ကျောက်လှိုဏ်ဂူထဲတွင် သူတို့နှစ်ယောက်လုံး ထိပ်တိုက်ရင်ဆိုင်လိုက်ကြတော့သည်။


ထိုအခိုက်မှာပဲ လှိုဏ်ဂူအပေါ်ဘက်မှ မိုးသက်မုန်တိုင်း၏ တဝုန်းဝုန်းမြည်သံတွေက မြေပြင်တွင် တသိမ့်သိမ့်တုန်ခါသွားခဲ့သည်။ မိုးသည်းထန်စွာရွာသွန်းကျသည့်အသံတွေက မြေပြင်ပေါ်သို့ အရှိန်ဖြင့်လာဆောင့်ကျလာတော့သည်။


လိန်ဖန်က ကျီပိုင်ယုနှင့်မအားမလပ်နိုင်အောင်ဖြစ်နေတာကို ကျီဟောင်းလင်းတွေ့လိုက်တော့ လင်ရှန်းထံမှ စည်းတံဆိပ်ပြားအား သွားလုယူရန် သူမ ဆုံးဖြတ်လိုက်သည်။ လင်ရှန်းလည်း ဘာဆက်ဖြစ်တော့မယ်ဆိုတာသိလိုက်တော့ စူးစူးဝါးဝါးအော်ဟစ်လိုက်ကာ တစ်စုံတစ်ခုနောက်ကွယ်သို့ အသည်းအသန်ပြေးပုန်းလိုက်ခဲ့သည်။


လင်ရှန်း၏အော်ဟစ်လိုက်သံကိုကြားလိုက်ရတော့ လိန်ဖန် ကယ်ဆယ်ရန် ချက်ချင်းသွားလိုက်သည်။ ကျီပိုင်ယုလဲ သူအားတိုက်ခိုက်ရန် ရွေးချယ်လို့မရတော့ပေ။ အမေနှင့်သားနှစ်ယောက်သားလဲ လိန်ဖန်အား နှစ်ယောက်တစ်ဖက်ဖြင့် လိန်ဖန်တစ်ယောက်အား ပူးပေါင်းတိုက်ခိုက်ကြတော့သည်။ မူလကတော့ လိန်ဖန်ကအသာစီးရခဲ့ပေမယ့် ယခုကျတော့ ရှုံးနိမ့်တော့မလိုဖြစ်သွားတော့သည်။ လိန်ဖန် ရှုံးတော့မယ်ဆိုတာ လင်ရှန်းသိလိုက်တော့ သူမပုန်းကွယ်သည့်နေရာလေးမှ စိုးရိမ်သွားတော့သည်။


သူတို့သုံးယောက်တိုက်ခိုက်နေကြသည်မှာ သူမနှင့်ပိုနီးကပ်လာခဲ့၍ လင်ရှန်းလည်း ရှေ့သို့ထွက်လိုက်ကာ ကျီဟောင်လင်း၏မျက်နှာသို့ အမိန့်ပေးစည်းတံဆိပ်ပြားနှင့် ကောက်ပေါက်ပစ်လိုက်ခဲ့သည်။ ကျီဟောင်လင်း အချိန်မီမရှောင်တိမ်းနိုင်လိုက်ခဲ့ပဲ သူမမျက်နှာပြင်ပေါ်တွင် သွေးစက်တွေကပေါ်ထွက်လာခဲ့သည်။ 


"နင်!" ကျီဟောင်လင်းတစ်ယောက် စူးရှစွာအော်ပြောလိုက်ကာ ရှုးသွပ်သွားသလို ဖြစ်သွားခဲ့သည်။ သူမက လင်ရှန်းအား ရက်စက်စွာဖြင့်ထိုးသတ်လိုက်ရန် ကြံရွယ်လိုက်ပေမယ့် လင်ရှန်းက လျင်လျင်မြန်မြန်ဖြင့် ရှောင်တိမ်းနိုင်လိုက်ခဲ့သည်။ သူမလက်ဖဝါးက ကျောက်နံရံအလှဆင်တန်ဆာပေါ်သို့သာ အစားကျရောက်သွားတော့သည်။ 


ချက်ချင်းပင် လင်ရှန်း၏ဦးခေါင်းထက်မှ ကျောက်တုံးအမှုန်အစလေးတစ်ခု ကျဆင်းလာခဲ့တော့ လင်ရှန်းတစ်ယောက် ကြောင်အသွားခဲ့သည်။ မိုးစက်မိုးပေါက်တွေက သူမမျက်နှာပေါ်သို့ စတင်ကျဆင်းလာခဲ့သည်။ သူမကြည့်မိလိုက်သည့်အခါတွင်တော့ ကျီဟောင်လင်းက သူမအားနောက်ထပ်တစ်ဖန် လာတိုက်ခိုက်လိုက်တော့သည်။


ဒီတစ်ကြိမ်တွင်တော့ သူမအလွန်နှေးကွေးသွားခဲ့ပြီး မရှောင်တိမ်းနိုင်လိုက်ခဲ့ပေ။ သူမကိုယ်သူမ သေလူတစ်ယောက်လို့ သတ်မှတ်လိုက်ချိန်မှာတော့ ပုံရိပ်တစ်ခုက ရုတ်တရက် သူမမျက်နှာရှေ့တွင်ထွက်ပေါ်လာခဲ့၍ လက်ဝါးကို တားဆီးလိုက်သည်။


"ယု..အာ? မင်း!" ကျီဟောင်လင်းက လင်ရှန်း၏ရှေ့တွင်ရှိနေသည့်လူကို အံအောတုန်လှုပ်စွာဖြင့် ကြည့်လိုက်သည်။ သူမမျက်နှာအမူအရာက ပျက်ယွင်းသွားတော့သည်။


ကျီပိုင်ယုက ပြန်တုံ့မပြန်လိုက်ဘဲ ပျံသန်းလိုက်ကာ သူမနှင့်စတင်တိုက်ခိုက်လိုက်သည်။


မျက်တောင်တစ်ခတ်အတွင်းပင် သူတို့၏ရန်သူတွေက တစ်ယောက်နှင့်တစ်ယောက်တိုက်ခိုက်နေကြသည်။ လင်ရှန်း နားမလည်နိုင်တော့ပေ၊ ဘာကြောင့်လဲဆိုတာ သူမမှာ စိုးရိမ်ပူပန်ဖို့ အချိန်မရှိပေ၊ ဘာ့ကြောင့်လဲဆိုတော့ ကျောက်ခဲတွေက နေရာတိုင်းတွင် တစ်ဖွဲဖွဲကျဆင်းလာလို့ပင်။ ကျောက်လှိုဏ်ဂူက ဖောက်ထွင်းထားတာ နှစ်ပေါင်းအတော်ကြာခဲ့ပြီဖြစ်တော့ ရေရှည်တွင်စိတ်ချရသည့်ဖွဲ့စည်းပုံတစ်ခုမဟုတ်တော့ချေ။


မိုးသီးမိုးပေါက်များက အောက်ခြေမြေသားကို ပျော့လာစေခဲ့သည်၊ ကျီဟောင်လင်း၏ အားကြီးမားသည့်လက်ဝါးစောင်းက မြေသားထုကို လှုပ်ရမ်းစေလိုက်သည်။ အခုတော့ သူဘာသာသူပင် ရေရှည်မထောက်ပံ့နိုင်တော့ပဲ ပြိုအိကျလာတော့သည်။


လင်ရှန်း ကြောက်လန့်တကြားအော်ဟစ်လိုက်ကာ- "ဒီနေရာက ပြိုကျတော့မယ်။ ပြေးတော့!" သူမအသံက တိုက်ခိုက်နေကြသည့်သုံးယောက်ကို သတိပေးလိုက်ပေမယ့် လိန်ဖန်က ပထမဦးစွာ သတိဝင်လိုက်သူဖြစ်သည်။ လင်ရှန်းကိုဆွဲပြီးတော့ သူထွက်ပြေးလိုက်ချင်ပေမယ့် ကျီဟောင်လင်းက ငြင်းဆန်လိုက်ကာ သူတို့၏ထွက်ပေါက်ကို လာပိတ်ဆို့လိုက်ခဲ့သည်။


လိန်ဖန်လဲ ရွေးချယ်စရာမရှိတော့ဘဲ ကျီဟောင်လင်းနှင့်တိုက်ခိုက်လိုက်ရသည်။ သူ ပြန်လှည့်လိုက်ကာ လင်ရှန်းအား အော်ပြောလိုက်ခဲ့သည်။ "မင်း အရင်သွားနှင့်လိုက်!"


" ကျွန်မ ရှင်မပါဘဲနဲ့မသွားဘူး!" လင်ရှန်း ငိုကြွေး၍တုံ့ပြန်လိုက်ကာ အမိန့်ပေးတံဆိပ်ပြားအား တစ်ဖက်သို့ပစ်ပေါက်လိုက်ပြီးတော့ လိန်ဖန်အား ကူညီပေးချင်နေခဲ့သည်။


"သူမကို ခေါ်သွား!" လိန်ဖန် က ကျီပိုင်ယုအား ကျယ်လောင်စွာဖြင့်အော်ပြောလိုက်သည်။


ကျီပိုင်ယုက တိုက်ခိုက်နေတာကို ရပ်တန့်လိုက်ပြီးတော့ လိန်ဖန်နှင့်မျက်လုံးချင်းနင့်နင့်နဲနဲဆုံကြည့်လိုက်ခဲ့သည်။ ပြီးနောက် သူနောက်ပြန်လှည့်လိုက်ပြီးတော့ လင်ရှန်းအားပွေ့ယူလိုက်ကာ ထွက်ပေါက်သို့ ပျံသန်းထွက်သွားလိုက်သည်။


စူးရှတဲ့အလင်းတစ်ချက်ပေါ်လာပြီးနောက် ကမ္ဘာမြေတုန်ခါလောက်သည့်မိုးရေပေါက်တွေက လင်ရှန်းအပေါ်သို့ ကျဆင်းလာခဲ့သည်။ ဂျုံးခနဲကျယ်လောင်သည့်အသံတစ်ခုက သူမနောက်ကျောဘက်တွင် ဖြစ်ပေါ်လာခဲ့သည်။ ထိုအရာက အလွန်အမင်းပြင်းထန်လွန်းအားကြီး၍ သူမအသိစိတ်ထဲတွင် ဟာလာဟင်းလင်းဖြစ်သွားတော့သည်။ သူမ စွမ်းအားတွေအကုန်လုံးက ကျီပိုင်ယုနှင့် တိုက်ခိုက်ဖို့ရာ အသုံးပြုလိုက်ခဲ့တာကြောင့် သူမ ခန္တာကိုယ်က ရွံတွေနှင့်ဖုံးလွှမ်းသွားလဲ သူမဂရုမစိုက်နိုင်အားတော့ပေ။ သူမ အပူတပြင်းနောက်ပြန်သွားလိုက်ချင်ပေမယ့် တွင်းကြီးတစ်ခုလုံးက ဒီနေရာတွင် မရှိတော့ချေ။


အရာအားလုံးက အမည်းရောင်သို့ ပြောင်းလဲသွားက လင်ရှန်းတစ်ယောက် သတိမေ့မြောသွားတော့သည်။ 


......


TheEnd.....