Chapter 94
Viewers 11k

အပိုင်း(၉၄)


(၃)နှစ်ကြာပြီးနောက်


"မေမေ...သား ဝူဝူ သင်ချင်... သား ဝူဝူသင်ချင်......"


"သိုင်းသင်ချင်လို့လား။ သားက စကားတောင်ကောင်းကောင်းမပြောတတ်သေးဘူးလေ။ သွား..သွား...သွား။ သွားကစားတော့! သားမေမေ ပိုက်ဆံရှာနေတာကို လာမနှောက်ယှက်နဲ့တော့! လင်ရှန်း စိတ်မရှည်စွာဖြင့် သူမလက်တွေကိုဝေ့ရမ်းလိုက်ကာ သူမစာရင်းစာအုပ်ကိုပဲ ဆက်ကြည့်ရှုနေလိုက်သည်။(ဝူဝူ ဆိုတာ ဝူရှ = သိုင်းပညာကို ပြောချင်တာပါ) 


ကောင်ငယ်လေးက သူမ၏ဝတ်ရုံစကို ဆက်ကိုင်ဆွဲထားကာ- "မေမေ.. သား ဝူဝူသင်ချင်.. မေမေ.. သား ဝူဝူသင်ချင်...."


နောက်ဆုံးတော့ လင်ရှန်း အော်ငေါက်ပစ်လိုက်တော့သည်။ " လိန်ယွန်ချောင်!" နင် ငါ့ကိုဆက်နှောက်ယှက်အုံးမယ်ဆိုရင် ငါ သူဌေးဟွမ် ကို ရုဟွာနဲ့အတူကစားဖို့ ခေါ်သွားခိုင်းလိုက်မယ်!" ကောင်ငယ်လေးက သူမအား ငေးကြောင်စွာပြန်စိုက်ကြည့်လိုက်ပြီးတော့ ချာခနဲလှည့်ထွက်သွားကာ ဒယိမ်းဒယိုင်ပြေးထွက်သွားတော့လေသည်။


"မမလေး!" ရှောင်လုက မြင်လိုက်ရတော့ မနေနိုင်ပဲဝင်ပြောလိုက်သည်။ "သခင်လေးက ဒီလောက်ငယ်သေးတာကို , ဘာဖြစ်လို့ မမလေးက သူ့ကိုဆူနေရတာလဲ။ သူဌေးဟွမ်ရဲ့သမီးက သခင်လေးကိုတွေ့လိုက်တိုင်း အတင်းဖက်နမ်းနေတာကို မမလေးလဲ သိရဲ့သားနဲ့ကို။ မနေ့ကဆို သခင်လေး သူမကြောင့် ငိုတောင်ငိုတယ်!"


"ဘာပြောတယ်?!" လင်ရှန်း အံအားသင့်သွားခဲ့သည်။ "ဒီရုဟွာက ငါ့သားရဲ့တိုးဖူးကို စားရဲတယ်ပေါ့လေ"


"ရုဟွာ တင်မကဘူး။ မနေ့ကဆို နို့ထိန်းက သခင်လေးကို ရှုခင်းကြည့်ဖို့ခေါ်သွားတာကို အမျိုးသမီးတွေရဲ့အလစ်ဖမ်းတာကို ခံခဲ့ရသေးတယ်။ သူဌေးဟွာအပြင်ကို သူဌေးချင်ရော သူဌေးလီနဲ့သူဌေးယွန်ရဲ့သမီးတွေကပါ......."


"နင် ငါ့ကို လာနောက်ပြောင်နေတာလား" လင်ရှန်း ပေါက်ကွဲထွက်သွားတော့သည်။ " ငါ့သားရဲ့တို့ဖူးကို သူတို့က စားရဲတယ်ပေါ့လေ။ သူတို့က နောက်ထပ်အသက်မရှင်ချင်တော့ဘူးထင်တယ်..ဟမ့်!? ဒါဆိုရင် .. ငါသွားပြီးတော့ သူတို့ကိုမတွေ့တွေ့အောင် လိုက်ဖမ်းမယ်!" လင်ရှန်း စာရင်းစာအုပ်ကို ဘုန်းခနဲပစ်ချလိုက်ပြီးတော့ မုန်တိုင်းကဲ့သို့ပြေးထွက်သွားလိုက်သည်။


ရှောင်လုက သူမနောက်မှ အပြေးလိုက်သွားကာ လှမ်းအော်လိုက်သည်။ "မမလေး.. အပြင်မထွက်လိုက်နဲ့။ အဲဒီမှာလူအုပ်ကြီး......"


လင်ရှန်း ဂရုမစိုက်ပေ။ သူမ အင်္ကျီလက်စကိုမတင်၍ အမေတွေ၏အကြောင်းကို ပြသတော့သည်။ ဒါပေမယ့် သူမ အပြင်ထွက်လိုက်သည့်အခိုက်မှာပင် သူမက ကလေးအမေတွေအားလုံးရဲ့ ဝိုင်းထားခြင်းကို ခံလိုက်ရတော့လေသည်။


"အားရား.. သခင်မလိန် ရှင် နောက်ဆုံးတော့ အပြင်ထွက်လာပြီပဲ! ကျွန်မ ရုဟွာလေးက ရှင့်ရဲ့ယွန်ချောင်ကို ကြိုက်တယ်လို့ပြောတယ်။ ကျွန်မအထင် သူတို့က တစ်ယောက်နဲ့တစ်ယောက်အတော်လေးလိုက်ဖက်တယ်။ ဘာဖြစ်လို့ ကျွန်မတို့ သူတို့ကိုနေရာမချပေးရမှာလဲ။ ကျွန်မတို့ အစီစဉ်ဆွဲလိုက်တော့မယ်နော်။ ရှင်ရော ဘယ်လိုထင်လဲ။ သခင်မဟွမ်က ပြုံးရွှင်ကာ သူမဆီကိုရောက်လာခဲ့သည်။


"ဟမ့် နေစမ်းပါဦးအေ။ နင့်အလှည့်မဟုတ်သေးမဟုတ်လား?! ရှင့်သမီးရုဟွာက ဝက်တစ်ကောင်လို့ ဖက်တီးပုတ်ကြီးကို။ သူမက ဘယ်လိုလုပ်ပြီးတော့ ငါ့ တို့တို့ ကိုယှဉ်နိုင်မှာလဲ" သခင်မချင်က သခင်မဟောင်ကို တွန်းထုတ်လိုက်၍ လင်ရှန်းဘက်သို့လှည့်လိုက်ကာ- " မမ.. သူပြောတာ နားမထောင်နဲ့။ ကျွန်မတို့ သို့သို့က အများကြီးပိုကောင်းတယ်။ သူမ နာမည်ကိုက အရမ်းကံကောင်းတာ။ ချင်သို့သို့လေ။ သူမသာ မမတို့မိသားစုထဲကိုရောက်လာလို့ကတော့ အကျိုးအမြတ်တွေက တစ်ခါတည်းရောက်လာမှာ!" (ချင် က တရုတ်လို ငွေလို အဓိပ္ပာယ်ရလို့ပါ) 


"ဖူး! ဘာဖြစ်လို့ ချွေးမတစ်ယောက်ဆီကနေ ပစ္စည်းဥစ္စာတွေကို ရဖို့ကြိုးစားရမှာလဲ။ နင်က လာဒ်လာဘနတ်မင်းကို မေးထားလို့လား!" သခင်မလီက အမျိုးသမီးများကြားထဲကိုဝင်တိုးက လင်ရှန်း၏လက်ကို ဆွဲယူလိုက်ကာ- "သခင်မလိန်...သူတို့အကုန်လုံးက အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာ။ ကျွန်မသမီးကသာ အကောင်းဆုံးရွေးချယ်မှုပဲ။ သူမက တည်တည်တန့်တန့်နဲ့ထက်လဲထက်မြတ်တယ် ပြီးတော့လဲ သူက ဉာဏ်လဲကောင်းသေးတယ်။ ဒီလောက်ကောင်းတဲ့မိန်းကလေးကို ဘယ်သွားပြီးရှာလို့ရနိုင်မှာလဲရှင်"


လင်ရှန်းတစ်ယောက် ချွေးပြန်ချင်သွားသည်။ " ရှင့်ရဲ့သမီးက နည်းနည်းလေး အသက်ကြီးနေတာမဟုတ်ဘူးလား"


"အဲဒါက ဘာဖြစ်နေလို့လဲ။ အသက်ကြီးတဲ့မိန်းမတစ်ယောက် က ရွှေတုံးတွေပိုတယ်လို့ ဆိုလိုတာပဲလေ။ တကယ်လို့ ရှင့်သားကသာ ကျွန်မသမီးနဲ့လက်ထက်လိုက်ရင် သူက ရွှေတုံးငါးတုံးတောင် ကိုင်လို့ရတာပဲ!"


လင်ရှန်း - "............."


"ဘာဖြစ်နေကြတာလဲ။ ဘာတွေ ပွက်လောရိုက်နေကြတာလဲ။ သခင်မလိန် ကျွန်မ ဖိန်အာကသာ ရှင့်သားနဲ့အလိုက်ဖက်ဆုံးပဲ!"


လင်ရှန်းတစ်ယောက မျက်ရည်တောက်တောက်ကျချင်သွားတော့သည်။ - "ရှင့်ရဲ့ ဖန်အာက ယောက်ျားလေးတစ်ယောက် မဟုတ်ဘူးလား"


" ဟုတ်ပါ့ ! ဘယ်လိုကြီးလဲ! သူက ကောင်လေးတစ်ယောက်မဟုတ်လား။ ရှင် ရှုးနေပြီလား။ ကျွန်မရုဟွာက သာအကောင်းဆုံးရွေးချယ်မှုပဲ!"


"ငါ့ သို့သို့လေးက အကောင်းဆုံးရွေးချယ်မှုပဲ!"


"ငါ့သမီးက အကောင်းဆုံးရွေးချယ်မှုပဲ!"


".............."


လင်ရှန်း အငြင်းအခုန်တွေကြားထဲမှာ နောက်ထပ်မရပ်တည်နိုင်တော့ဘဲ အထဲကိုပြန်ဝင်လိုက်ကာ စိတ်ထဲတွင်တော့ 'ဒီကမာ္ဘမှာ ကလေးအမေတွေက အရမ်းကြောက်ဖို့ကောင်းတာပဲကိုး! မိခင်တစ်ယောက်ဖြစ်ပြီးတော့ ငါ ကိုယ့်သားကိုတောင်မှ မကာကွယ်နိုင်တော့ဘူးပဲ။ ငါ့အထင် ငါ သူ့ကို သိုင်းပညာ သင်ပေးလိုက်တော့မယ်!'


လင်ရှန်းတစ်ယောက် သူမသားလေးကို သိုင်းပညာသင်ကြားပေးဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။


ခြံဝန်းထဲတွင် လိန်ဖန်က လောလောဆယ် သူ့ဓားရှည်ကိုဖြင့် သိုင်းကွက်များကို လေ့ကျင့်နေသည်။ လင်ရှန်း စိတ်ပျက်လက်ပျက်ဖြစ်နေတာကို သူတွေ့တော့ သူ့ဓားကိုပြန်သိမ်းလိုက်ကာ မေးလိုက်တယ်။ " ဘာဖြစ်လို့လဲ"


လင်ရှန်း လေသံပျော့ပျော့ဖြင့်ပြောလိုက်သည်။ "ကျွန်မ ကျွန်မတို့သားလေးကို သိုင်းပညာသင်ပေးဖို့ ဆုံးဖြတ်လိုက်ပြီ!"


လိန်ဖန် တသောသောရယ်လိုက်ပြီးပြောလိုက်တယ်။ " ယွန်ချောင်က နှစ်နှစ်ခွဲပဲရရှိသေးတာလေ ။ ဘာဖြစ်လို့ ဒီလောက်အလျင်လိုနေရတာလဲ"


"ကျွန်မ ဘယ်လိုလုပ်ပြီး အဲလိုမလုပ်နိုင်ရမှာလဲ" ပြီးနောက် လင်ရှန်းက စောစောကဖြစ်ပွားခဲ့တဲ့ ဇာတ်လမ်းဆန်ဆန်ဖြစ်ရပ်တွေကို ရှင်းပြလိုက်ခဲ့သည်။ သူမ ရှင်းပြပြီးနောက်တွင် သူမလက်ကောက်ဝတ်တွေကို ဖျစ်ညစ်လိုက်ကာ- တကယ်လို့ ဒီလိုဖြစ်မယ်မှန်းသာကျွန်မသိခဲ့ရင် ကျွန်မ သားတစ်ယောက်ရလာမှာကို မရှိချင်တော့ဘူး။ သမီးတစ်ယောက်ရှိတာကမှ ပိုပြီးကောင်းသေးတယ်......"


လင်ရှန်း ပိုပိုပြီးတော့ မချိတင်ကဲဖြစ်လာခဲ့ကာ- " အဲဒါအကုန်လုံးရှင့်အမှားပဲ။ ဘာဖြစ်လို့ ဒီလောက်အရမ်းကြည့်ကောင်းတဲ့မျက်နှာ ရှိရတာလဲ။ ခုတော့ကြည့်ပါဦး ကျွန်မတို့သားကို ရှင်လုပ်လိုက်တာကို။ သူက အရမ်းငယ်သေးတာတောင် ဒီကောင်မလေးတွေအကုန်လုံးက သူ့ကိုလိုချင်နေကြပြီ.... အိုးဟုတ်သား! မနေ့တုန်းက သိုင်းလေ့ကျင့်ရေးခန်းမဆောင်ထဲကို မိန်းမလှလေးတစ်ယောက် ရှင့်ကိုလာရှာတယ်လို့ ကျွန်မကြားလိုက်ရတယ်။ သူက ဘယ်သူလဲ ဟမ်.. ကျွန်မကို မှန်မှန်ပြောစမ်းပါ။ ရှင့်မှာ နောက်ထပ်မိန်းမတစ်ယောက် ရှိနေတာလား......။


လင်ရှန်း အရမ်းဇာတ်လမ်းတွေဆင်ပြောလိုက်တော့ လိန်ဖန်လဲ သူမပါးစပ်ပေါက်ကို လာပိတ်လိုက်ကာ- "မင်း ဘာမဟုတ်တမ်းတရားတွေလျှောက်ပြောနေတာလဲ"


"ဘာမဟုတ်တာလဲ....ကျွန်မက......အွန်း...... ကြိုတင်ကာကွယ်ဖို့ကြိုးစားနေတာလေ...အု......."


"အဲဒါက ဓားဝိညာဉ်တောင်ကုန်းက အမျိုးသမီးတပည့်မတစ်ယောက်ပါ"


"ဘာ.. ကျီပိုင်ယုက ရှင့်ကိုရှာဖို့ လူလွှတ်လိုက်တာလား" လင်ရှန်း အံအားသင့်သွားခဲ့သည်။ လွန်ခဲ့တဲ့သုံးနှစ်တုန်းက ဖြစ်ပျက်ခဲ့ပြီးနောက် သူမတို့တစ်တွေ အဲဒီတည်းက သူ့ကိုလုံးဝပြန်မတွေ့တော့ခဲ့ပေ။ ကျီဟောင်လင်းက ကျောက်လှိုဏ်ဂူထဲမှာ သေဆုံးသွားခဲ့ပြီး ကျီပိုင်ယုက အဆိပ်ဖြေဆေးကို ချန်ထားရစ်ကာ ပျောက်ကွယ်သွားခဲ့သည်။ ပြောကြတာကတော့ သူက အနီရောင်မီးစုန်းခန်းမအဖွဲ့အစည်းကို ဖျတ်သိမ်းလိုက်ပြီးတော့ သူ့နံမည်သူ ချင်ယုလို့ပြောင်းလဲလိုက်ခဲ့သည်။ ကျီဟောင်လင်း၏ရတနာတွေအားလုံးကို အသုံးပြုပြီးတော့ သူ့ကိုယ်ပိုင်ဓားဝိညာဉ်တောင်ကုန်း တည်ထောင်လိုက်ကာ ကျိန်းဟူ၏သမာသမတ်ကျသည့်ပုံရိပ်တစ်ခုဖြင့် လျင်မြန်စွာဖြစ်ပေါ်လာခဲ့သည်။ လင်ရှန်း ဝမ်းမြောက်ဝမ်းသာနဲ့အံ့အားသင့်သွားခဲ့သည်။ 


ဒါပေမယ့် ဘာဖြစ်လို့ သူက လိန်ဖန်ကို ဆက်သွယ်ဖို့ လူလွှတ်လိုက်ရတာများလဲ။ သူ ဘာလိုချင်လို့လဲ။ လင်ရှန်း စိတ်ရှုပ်သွားပြီးတော့ လိန်ဖန်အား ထူးဆန်းသလို စိုက်ကြည့်လိုက်သည်။


..........


TheEnd....