အပိုင်း ၃၆
Viewers 18k

Chapter 36

VIP customer 


ထိုအချိန်ရောက်မှ မဟာမိတ်ဘဏ်အကောင့်က နှစ်တစ်ရာကျော်အသုံးမပြုလျှင် လုပ်ဆောင်ချက်များကို အလိုအလျောက်ပိတ်သွားတတ်ကြောင်း မူရွှမ်သတိရမိတော့သည်။ သူနှစ်တစ်ရာကျော်အိပ်စက်ပြီး ပြန်လည်နိုးထလာချိန်တွင် သူ၏ကလေးလေးကို သင်ကြားပေးနေရသည်များနှင့် အလုပ်ရှုပ်နေ၍ ကျန်ကိစ္စများကို နောက်သို့ပို့ထားခဲ့ရသည်။ ငွေပေးချေမှုလုပ်ငန်းစဉ် မအောင်မြင်သည်နှင့် ကြုံလိုက်ရသောအခါ မူရွှမ်တစ်ယောက် ကြောင်အပြီးရပ်နေမိသည်။


ထို့ကြောင့် စက်က သူ၏ငွေပေးချေမှုကို ဆက်တိုက်ငြင်းဆိုနေခဲ့သည်။


[သင့်ရဲ့အကောင့် အပိတ်ခံထားရပါတယ်]


[သင့်ရဲ့အကောင့် အပိတ်ခံထားရပါတယ်]


လေထုကြီးက ကိုးယိုးကားယားဖြစ်ပြီး တိတ်ဆိတ်သွားခဲ့သည်။


._.


ယောင်စစ် သူ့လက်ကိုဖယ်လိုက်ပြီး အားတင်းပြုံးလိုက်သည်။

"အာ.... ကျွန်မပဲရှင်းလိုက်ပါတော့မယ်"


သူမ မူရွှမ်လုပ်သည့်အတိုင်း အတုခိုး၍ သူမ၏ကွန်ပျူတာလက်ပတ်ကိုဖွင့်လိုက်သည်။ မိုးကြိုးဆေလ်ဗာနီထံမှရသော လျော်ကြေးငွေက လောက်ငှပါစေဟု ဆုတောင်းနေရသည်။ မဟုတ်ပါက ပို၍ရှက်စရာကောင်းနေတော့မည်ဖြစ်သည်။


တုန်ခါနေသောအသံတစ်ခုနှင့်အတူ အကွက်လေးတစ်ခု ထွက်ပေါ်သည်။


[VIP customer.]


ဝိုး... အဲ့တာဘာကိုဆိုလိုတာလဲ..


ယောင်စစ်ပြန်လည်မတုံ့ပြန်နိုင်မီ ဆိုင်မှအရောင်းဝန်ထမ်း၏ ပြီးပြည့်စုံသောအရောင်းတမ်းအပြုံးက အပိုင်းပိုင်းအက်သွားကာ ကြောက်စရာကိစ္စကြီးကို မျက်မြင်တွေ့လိုက်ရပုံနှင့် ဖြူရော်သွားသည်။ ကြောက်ရွံ့ထိတ်လန့်ကာ တုန်လှုပ်မှုတို့နှင့်အတူ သူမ ခါးကျိုးလုမတတ် ဦးညွတ်လိုက်ပြီးပြောလာသည်။

"တောင်းပန်ပါတယ်... ကျွန်မ ဒီကိစ္စကို မန်နေဂျာဆီ ချက်ချင်းအကြောင်းကြားပေးပါ့မယ်..." 


"အမ်...နေပါဦး..."

ယောင်စစ် သူမကို မတားလိုက်နိုင်မီ ထိုအမျိုးသမီးက ရေကန်နောက်မှချက်ချင်းပျောက်ကွယ်သွားပြီဖြစ်သည်။


ဒီအမျိုးသမီး ဘာလို့ရှင်းမပြသွားရတာလဲ... ငါ့မှာပိုက်ဆံမလောက်တာလား...


"မူရွှမ်.."

သူမ ဘေးမှလူကို လက်တို့လိုက်ပြီး ပြောလိုက်သည်။

"သူ ကျွန်မတို့ကို မောင်းထုတ်ဖို့ လုံခြုံရေးကိုသွားရှာတာများလားဟင်..."

ပြေးဖို့ရော အချိန်လောက်သေးရဲ့လား...


မူရွှမ် သူ၏ ရေခဲတုံးလိုအေးစက်ကာ ခံစားချက်တစ်စိုးတစ်စိမှမရှိသော မျက်နှာဖြင့် သူမဘက်လှည့်ကြည့်လာသည်။ သို့သော် သူ၏မျက်လုံးများက သူမကိုစူးစူးစိုက်စိုက်ကြည့်နေပြီး သူ့မျက်နှာတွင် သူမတစ်ခါမျှမမြင်ဖူးခဲ့သော လေးလေးနက်နက်ဖြစ်နေသည့်ခံစားချက်အချို့ကို ပြသနေသည်။


"ဘာ... ဘာဖြစ်လို့လဲ..."

သူမပြောတာမှန်သွားလို့လား...


"စစ်စစ်.."


"ဟမ်.."


"ငါတို့မှာ ပိုက်ဆံရှိတယ်..."


"အမ်..."

သူအဲ့တာကို ဘာလို့လာပြောနေတာလဲ...


မည်သည်ကိုမှ ရှင်းပြမလာပဲ မကျေမနပ်ဖြစ်နေသောပုံစံဖြင့် သူမဆံပင်များကို ဆွဲဖွလာသည်။


ယောင်စစ် ဘာတွေဖြစ်နေလဲမသိတော့ပေမဲ့ ခဏအကြာတွင် ရေကန်အနားတွင် တစ်ခုခုပွင့်လာသံကိုကြားလိုက်ရသည်။ အနက်ရောင်ဝတ်ဆင်ထားသော ခပ်တောင့်တောင့်လူတစ်ယောက်က သူတို့ထံဦးတည်လာပြီး အရောင်ဝန်ထမ်းအမျိုးသမီးက ထိုသူ့နောက်က လိုက်လာသည်။


ထိုခပ်တောင့်တောင့်လူက အပြေးတစ်ပိုင်းရောက်လာသည်ဖြစ်၍ သူ့နှဖူးစပ်တွင် ချွေးစအချို့ ဝေ့သီနေသည်။ သူတို့နားကို ကြီးမားတည်ငြိမ်သော ခြေလှမ်းများဖြင့်ရောက်လာပြီး မိတ်ဆက်လာသည်။

"ကျွန်တော့်ရဲ့ ဝန်ဆောင်မှုညံ့ဖျင်းမှုအတွက် ခွင့်လွှတ်ပေးပါ... "

သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်ပြီးနောက်တွင် တောက်ပစွာပြုံးပြလာသည်။

"ဒီနေ့ဆိုင်ခွဲတွေကို လာစစ်မယ်မှန်းမသိလိုက်လို့ပါ... အချိန်ယူပြီးကြည့်ပါ အချိန်ယူပြီးကြည့်ပါ...."


သူ သူမတို့နှစ်ယောက်စလုံးကို တစ်ချက်ကြည့်လိုက်သော်လည်း သူမထံတွင်သာ အကြည့်ရပ်နေသည်။

"ဒါက မမလေးဖြစ်ရမယ်... တွေ့ရတာဝမ်းသာပါတယ် မမလေး.. ကျွန်တော်က ထာဝရအလင်းတန်းဆိုင်ခွဲရဲ့ မန်နေဂျာပါ... ကျွန်တော့်ရဲ့မျိုးရိုးနာမည်က ကျိုးဖြစ်ပြီး မမလေးလု ဒီနေရာကိုလာစစ်ဆေးတဲ့အချိန်မှာ ဝန်ဆောင်မှုပေးရတဲ့အတွက် ဂုဏ်ယူမိပါတယ်..."


ယောင်စစ် စိတ်ရှုပ်ထွေးသွားကာ ခပ်တောင့်တောင့်ကြီး ဖြစ်သွားသည်။

ဒါဘယ်လို အခြေအနေကြီးလဲဟ...


"အာ.. ကျွန်မရဲ့ မျိုးရိုးနာမည်က ယောင်ပါ..."


မန်နေဂျာ အံ့အားသင့်သွားကာ သူမထက်ပင် စိတ်ရှုပ်သွားပုံပေါ်လာသည်။

"မိန်းကလေးက လုမိသားစုရဲ့ သမီးငယ်လေးမဟုတ်ဘူးလား..."


"မဟုတ်ဘူးလေ..."

သူမက ယောင်မိသားစုကဖြစ်ပြီး ယခုဆိုလျှင် မူမိသားစု၏ တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်၍ရနေပြီဖြစ်သည်။


"ဒီဆိုင်ခွဲကို စစ်ဆေးဖို့လာတာ မဟုတ်ဘူးလား..."


ယောင်စစ် ခေါင်းခါပြလိုက်သည်။


“…"


မန်နေဂျာ၏ နှုတ်ခမ်းများအနည်းငယ်တုန်ရီသွားကာ သူ၏ပြီးပြည့်စုံလှသော အပြုံးပင် ကွဲအက်သွားခဲ့သည်။

"ဟားဟားဟား.... ဘာပဲဖြစ်ဖြစ် အတူတူပါပဲ... မိန်းကလေးလို ဂုဏ်သရေရှိဖောက်သည်တစ်ဦးကို ဝန်ဆောင်မှုပေးရတာလည်း တကယ့်ကို ဂုဏ်ယူစရာပါပဲဗျာ.."


ယောင်စစ် ငွေချေလိုက်စဉ်က system မှသူမကို VIP တစ်ဦးဖြစ်သည်ဟု ပြောလိုက်သဖြင့် ထိုသို့ပြောလိုက်ခြင်းက သူမကိုအထူးဝန်ဆောင်မှုပေးရမည်ဟု ဆိုလိုလိုက်ခြင်း ဖြစ်ပေလိမ့်မည်။


"VIPတွေက အရမ်းထူးခြားတာလားဟင်..."


"မမလေးယောင်ကတော့ နောက်နေပြန်ပါပြီ.."

မန်နေဂျာက ပြေရာပြေကြောင်းပြုံးပြရင်း ဆက်ပြောလာသည်။

"VIPတွေဆိုတာ လုလုပ်ငန်းစုရဲ့ အမြင့်ဆုံးအဆင့် customerတွေဖြစ်ပြီး ဘုတ်အဖွဲ့ရဲ့ အာဏာအရှိဆုံးလူတွေပါ... အဲ့လိုလူက စကြဝဠာတစ်ခုလုံးမှာ ဆယ်ယောက်တောင်မရှိတဲ့အပြင်... VIPတွေထဲမှာ လုမိသားစုဝင်အများစုပဲပါကြတယ်..."


ဆယ်ယောက်ဆိုသည်ကပင် များလွန်းနေပြီဖြစ်သည်။ သို့သော် သူ၏အကန့်အသတ်ရှိသော ဗဟုသုတလေးအရ ထိုကဲ့သို့သော လုပ်ပိုင်ခွင့်အာဏာက ဘုတ်အဖွဲ့တွင် ရှယ်ယာနှစ်ဆယ်ရာခိုင်နှုန်းထပ်ပို၍ရှိသူ သူများတွင်သာရှိသည်မှန်း သိသေးပေသည်။ ထို့ကြောင့် VIPဖြစ်ရန် အဆင့်မှီသူများမှာ လူကြီးမင်းလု၊ သခင်လေးလုနှင့် မမလေးလုသာဖြစ်ကြလေသည်။ သခင်မလု တွင်ပင် ထိုကဲ့သို့သော အခွင့်အာဏာကိုမရပေ။ ထို့ကြောင့် မန်နေဂျာက သူမက မမလေးလုမဟုတ်မှန်းသိလိုက်သောအခါ စိတ်လှုပ်ရှားမှုများ ငြိမ်သက်သွားရခြင်းဖြစ်သည်။


"လုမိသားစုလား..."

ယောင်စစ် တစ်စုံတစ်ခုကို အမှတ်ရသွားပုံပေါ်၍ မေးလိုက်သည်။

"ရှင်ပြောတာ လုရန်မဟုတ်လား..."


"အဲ့တော့ မိန်းကလေးက လူကြီးမင်းလုနဲ့ရင်းနှီးကြတာပေါ့လေ..."

မန်နေဂျာ အတော်လေးပျော်သွားခဲ့သည်။

"သူက နောင်တက်မယ့် လုအိမ်တော်ခေါင်းဆောင်လေ..."


“…”


သူမ နောက်ဆုံးတော့ နားလည်သွားခဲ့လေပြီ။ သူမနိုးထလာစက ယန်ရွှမ် လုရန်ကိုခြိမ်းခြောက်၍ လျော်ကြေးငွေများစွာ တောင်းခဲ့စဉ်တွင် ကတ်အချို့ပါလာခဲ့လေသည်။

အဲ့တော့ လုရန်ဆိုတဲ့လူက ကိုယ်ပိုင်ဆိုင်တွေတောင် ဖွင့်ထားတာပေါ့လေ..


"အာ.. မန်နေဂျာရေ.. ကျွန်မမှာ အရမ်းအရေးကြီးတဲ့ မေးခွန်းရှိနေတယ်..."


"မမလေးယောင် ကျေးဇူးပြု၍မေးပေးပါ.."


"ကျွန်မက VIP customer ဆိုတော့လေ ..."


"အမ်း..."


"လျော့ဈေးလေးများ ရနိုင်မလား..."


"..."


မန်နေဂျာ ကျောက်ရုပ်ကြီးလို တောင့်ခဲသွားခဲ့သည်။

ငါ့ကိုလာနောက်နေတာလား.... ဒါက ငါသူဌေးကွဆိုပြီး ကြွားတဲ့နည်းလမ်းလား...


"ဟီးဟီး... မမလေးယောင်.. မမလေးက VIPလေ အဲ့တော့ ဒီဆိုင်က ဘာယူယူအကုန် အလကားပေးမှာပါ..."


VIPဖြစ်ရတာ တကယ်တန်တာပဲ..


(⊙_⊙)


"ကျွန်မ အခု သိုလှောင်ပစ္စည်းလေးပဲလိုတာပါ..."


"ရတာပေါ့ ရတာပေါ့..."

မန်နေဂျာ သူ့နှဖူးပေါ်က ချွေးများကို သုတ်လိုက်ကာ ဘေးသို့ခြေတစ်လှမ်းရွေ့လိုက်သည်။

"မမလေးယောင်...ဒီလမ်းကနေလိုက်ခဲ့ပေးပါ.. ကျွန်တော် မမလေးကို အလုပ်ခန်းထဲခေါ်သွားပေးပြီး.. တပ်ဆင်ပေးဖို့ ကျွမ်းကျင်သူတစ်ဦးကို စီစဉ်ပေးပါ့မယ်...."


သူက သူမကိုကျွမ်းကျင်ပညာရှင်ဆီ ခေါ်သွားပေးမှာလား...

ယောင်စစ် မူရွှမ်ကို အတည်ပြုလိုသည့်ပုံစံဖြင့် လှမ်းကြည့်လိုက်သည်။


သူ ခေါင်းငြိမ့်ပြလာသည်။

"သွားလေ... ငါဒီကစောင့်နေမယ်..."


ယောင်စစ် အခြားအခန်းသို့ မန်နေဂျာနောက်က လိုက်သွားခဲ့သည်။


မူရွှမ်နှင့် အရောင်းဝန်ထမ်းတို့သာ ကျန်ခဲ့တော့သည်။


"လူကြီးမင်းရှင့် မမလေးကို ဧည့်ခန်းထဲမှာ စောင့်နေချင်ပါသလား..."


"မစောင့်ဘူး...."

မူရွှမ်ပြန်ပြောလိုက်ကာ သူ့အကြည့်များက သူ၏ကလေးလေးထွက်သွားသော နောက်ကျောသာ ကပ်ညိနေသည်။ သူမ သူ့မြင်ကွင်းထဲမှ ပျောက်ကွယ်သွားချိန်မှ စကြဝဠာကွန်ရက်ထဲသို့ သူ့အကောင့်ကို ပြန်ဖွင့်ရန် ဝင်လိုက်သည်။



ယောင်စစ် သူမ၏သိုလှောင်ခန်းကို ပိုမိုမြင့်မားသော နည်းပညာဖြင့် အဆင့်မြှင့်လိုသည်။ အဆုံးတွင် မန်နေဂျာက သူမကို တောအုပ်လေးတစ်ခုလို အလှဆင်ထားသော အခန်းကျယ်ကြီးတစ်ခုထဲ ခေါ်ဆောင်သွားလေသည်။ ထိုနေရာတွက် ထိုင်ခုံတစ်လုံးသာရှိပြီး ထိုထိုင်ခုံပေါ်တွင် အဘိုးအိုတစ်ယောက်ထိုင်နေသည်။ သူ့ခေါင်းတစ်ခုလုံးဆံပင်ဖြူတို့ ဖုံးလွှမ်းနေကာ သူ၏ဝတ်ရုံရှည်ကြီးက မြေပြင်ကိုပင်ထိနေသည်။ သူက ခြုံထည်အရှည်ကြီးကို ဝတ်ဆင်ထားကာ လက်ဖက်ရည်တစ်ခွက်ကိုကိုင်ထား၍ အာကာသမျိုးစိတ်တစ်ယောက်နှင့်ပင် တူနေသည်။


သူ သူမဝင်လာသည်ကို မြင်သောအခါ အလန့်တကြားဖြစ်သွားခဲ့သည်။ နောက်ဆုံးတွင် အသိပြန်ဝင်သွားပုံပေါ်ကာ ခပ်မြန်မြန်ရပ်လိုက်ပြီး အော်လိုက်သည်။

"ကောင်းသောနေ့ပါ..."

သူ၏အသံက ယဉ်ကျေးဖောရွေနေသောကြောင့် အာကာသမျိုးစိတ်နှင့် မတူနေပေ။


"အဘိုးလျှို..."

မန်နေဂျာက သူမကိုအထဲဝင်ခိုင်းလိုက်သည်။

"မမလေးယောင်က VIPတစ်ယောက်ပဲ... သူမကို သိုလှောင်နယ်မြေတပ်ဆင်ပေးလိုက်ဦး... တခြား လုပ်ဆောင်မှုတွေပါ သေသေချာချာတပ်ဆင်ပေးလိုက်ပါဦးဗျာ...."


"ရတာပေါ့ သူဌေးရယ်..."

လူအိုကြီး အဆက်မပြတ်ခေါင်းငြိမ့်ပြလိုက်ပြီး အာကာသမျိုးစိတ် လူတစ်ယောက်နှင့် လုံးဝမတူတော့ပေ။


"မမလေးယောင်... ကျေးဇူးပြုပြီး ကွန်ပျူတာလက်ပတ်လေးကို အဘိုးလျှိုဆီပေးလိုက်လို့ရမလားဗျာ..." 


ယောင်စစ် မန်နေဂျာပြောသည့်အတိုင်း ပြောလိုက်သည်။


"မမလေးယောင်...ကျေးဇူးပြုပြီး မမလေးရဲ့ ညာဘက်လက်ကို ထုတ်လိုက်ပါ..."

ကွန်ပျူတာကိုယူပြီးနောက် အဘိုးလျှိုကပြောလာသည်။


ယောင်စစ် စိတ်ရှုပ်သွားပြီး ထိုလူဘာလုပ်မည်မှန်းမသိသော်လည်း သူမ၏ညာဘက်လက်ကိုဆန့်ထုတ်ပေးလိုက်သည်။ ထိုလူက သူ့လက်ကိုလည်းဆန့်ထုတ်လိုက်ကာ သူမလက်မောင်းကို အသာအယာထိလိုက်သည်။ ခဏအကြာတွင် သူမလက်ချောင်းများမှ သွေးတစ်စက်ထွက်ပေါ်လာသည်။ သို့သော် သူမလက်ပေါ်တွင် ဒဏ်ရာဟူ၍ တစ်ခုမှရှိမနေပေ။


ထို သွေးစက်က အသက်ရှိနေဟန်ပေါ်ကာ အဘိုးလျှိုထံ သူ့ဘာသာ ပျံသန်းသွားသည်။