အပိုင်း ၃၇
Viewers 15k

Chapter 37

ဓားစာခံ သေရလိမ့်မယ်


"ကောင်းပြီလေ... မမလေးယောင်... ကျန်တာတွေတပ်ဆင်ဖို့အတွက် ကျွန်တော့်ကို အချိန်နည်းနည်းလောက်ပေးပါဦးဗျာ..."

ဆိုင်ရှင်ယူလာပေးသော သေတ္တာကိုဖွင့်လိုက်သောအခါတွင် အစိမ်းရောင်ပန်းပွင့်လေးတစ်ပွင့် လွင့်ပျံလာသည်။ အဘိုးလျှိုက ဂါထာကဲ့သို့ တစ်ခုခုကိုရွတ်ဆိုလိုက်သောအခါ သူ့လက်ဖဝါးပေါ်ရှိ သွေးစက်လွင့်ပျံလာကာ အစိမ်းရောင်ပန်းပွင့်လေးနှင့် ဆုံသွားပြီး ပန်းပွင့်လေးက အနီရောင်အဖြစ်ပြောင်းသွားသည်။ ခဏအကြာတွင် သူ့ခြေထောက်အောက်၌ အဖြူရောင်စက်ဝိုင်းကြီးတစ်ခုထွက်ပေါ်လာကာ ယဇ်ပူဇော်နေသည့်ပုံနှင့်ပင် တူနေသည်။ ခဏအကြာတွင် သူမ၏ကွန်ပျူတာလက်ပတ်ကာ ထိုပန်းပွင့်နှင့် ပေါင်းစပ်သွားသည်။


မြင်ကွင်းတစ်ခုလုံးက မှော်ဆန်ဆန်အငွေ့အသက်တို့ လွှမ်းခြုံနေသည်။


ငါတွေးထားတဲ့  နည်းပညာမြင့်လုပ်ဆောင်မှုတွေက ဘယ်မလဲ... ငါ စိတ်ကူးယဉ်ရုပ်ရှင်ရိုက်ကွင်းထဲများ လွဲဝင်မိသွားတာလား...


-_-|||


"အာကာသမျိုးနွယ်တွေက သိုလှောင်ပစ္စည်းပေါင်းစပ်ပေးတဲ့ နေရာမှာ အချိန်တော်တော်ကြာလိုတတ်တယ်..."

မန်နေဂျာက ယောင်စစ်တစ်ယောက် စောင့်နေရသည်ကို မကြိုက်လောက်ဘူးဟု ထင်သောကြောင့် ကြိုးကြိုးစားစားရှင်းပြလာသည်။

"ဒါပေမယ့် အဘိုးလျှိုက တော်တော်လေးအတွေ့အကြုံရှိပြီး သူ့ရဲ့ကျွမ်းကျင်မှုနဲ့ လုပ်နိုင်စွမ်းက  အတော်လေးအရည်အချင်းရှိပါတယ်..." 


"အိုး... "

အဘိုးလျှိုရဲ့ မှော်ဆန်ဆန်လုပ်ဆောင်မှုတွေအကုန်လုံးက သူက အာကာသမျိုးနွယ်ဝင်ဖြစ်နေတာကြောင့်ကိုး... ကြည့်ရတာတော့ ဒီလိုလုပ်ဖို့လည်း လွယ်မယ့်ပုံမပေါ်ပါဘူးလေ...


ယောင်စစ် သူမကို အနီရောင်ဂြိုလ်သို့ ဓားပျံနှင့်လိုက်ပို့သော လူတစ်ယောက်ကို သတိရမိသွားသည်။ ၎င်းသည် နည်းပညာနှင့် ရိုးရာနည်းလမ်းများကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ ထိုလူများက အလွန်ဉာဏ်ကောင်းကြပေသည်။ သူမထိုအရာအားလုံးကို တွေ့ကြုံပါများလာပါက နေသားကျသွားမည်ဖြစ်သည်။ 


ယောင်စစ် ဘေးဘက်တွင် စိတ်ရှည်လက်ရှည်စောင့်နေပြီး နာရီခန့်ကြာသောအခါတွင် သူမပျင်းရိလာတော့သည်။ သူမ ဟိုဟိုသည်သည်လျှောက်ကြည့်လိုက်သောအခါ ဗလာဖြစ်နေသောနံရံပေါ်တွင် ခလုတ်တစ်ခုရှိနေသည်ကို မြင်လိုက်ရသည်။


ဒါဘာလဲ..


သူမ မနေနိုင်မထိုင်နိုင် နှိပ်ကြည့်လိုက်သောအခါ သူမ ရှေ့ရှိနံရံပွင့်သွားကာ တိမ်တိုက်များနှင့်အတူ မိုးမျှော်တိုက်ကြီးများကိုပါ တွေ့လိုက်ရသည်။


"ကျွန်တော်တို့ရဲ့ဆိုင်က ထာဝရအလင်းဂြိုလ်ရဲ့ အလယ်ဗဟိုမှာတည်ရှိတာလေ..."

မန်နေဂျာက သူမ၏သိချင်စိတ် ပြင်းပြနေသော အမူအယာကိုတွေ့လိုက်၍ ရှင်းပြလာသည်။

"ကျွန်တော်တို့မှာ တစ်မြို့လုံးရဲ့ အလှဆုံးမြင်ကွင်းကို ပိုင်ဆိုင်ထားတယ်..."


ယောင်စစ် ခေါင်းငြိမ့်ပြလိုက်သည်။ မြင်ကွင်းက အတော်လေးလှပနေပြီး သူမရှေ့ရှိ ဆန်းကျယ်ကာ ခမ်းနားထည်ဝါလှသော အဆောက်အဦးကြီးများက ထိုအလှလိုဖြည့်စွက်ထားသည်။ တိမ်ထူထူတို့၏အောက်ခြေတွင် လယ်ကွင်းစိမ်းစိမ်းနှင့် ရေကန်အချို့ပင်မြင်နေရပြီး သူမရှိနေသောနေရာကို ဦးတည်၍ပျံသန်းလာသော လူတစ်ယောက်ကိုပင်မြင်လိုက်ရ...


အမ်... နေပါဦး...


လူတစ်ယောက်တဲ့လား...


လခွမ်းပဲဟေ့... လူတစ်ယောက် ဒီကိုတကယ်ကြီး ပျံပြီးလာနေတာ...


"မန်နေဂျာရေ ဟိုကပျံနေတဲ့လူက ဒီကိုတိုက်မိတော့မှာလားလို့လေ.."


"မမလေးယောင်ရယ်... နောက်နေပြန်ပါပြီ.. ထာဝရအလင်းဂြိုလ်မှာ ‌လေထုအပေါ်လွှာမှာ  ပျံသန်းခွင့်မရှိတဲ့ တင်းကြပ်တဲ့စည်းကမ်းတစ်ခုထုတ်ထား..."


ဒုန်း


မန်နေဂျာ စကားမဆုံးမီတွင် ကျယ်လောင်သောအသံကြီးထွက်ပေါ်လာပြီး သူတို့ရှေ့ရှိ မှန်ကြီး အစိတ်စိတ်ကွဲအက်သွားသည်။


အနက်ရောင်ဝတ်စုံနှင့်လူ ဝင်လာပြီး ဟိုယိုင်ဒီယိုင်ဖြစ်နေသည်။


"..." ယောင်စစ်


"..." မန်နေဂျာ


"..." အဘိုးလျှို


သောက်ကျိုးနည်း... အနာဂတ်ကမှန်တွေက အရည်အသွေး အဲ့လောက်ညံ့ရလား... အစကတည်းသိရင် တစ်နေရာရာပြေးပုန်းလိုက်မှာပေါ့ဟ..


"မင်း... မင်းဘယ်သူလဲ..."

မန်နေဂျာ၏မျက်နှာတွင် ထိတ်လန့်မှုတို့ပြည့်နေပြီး မေးလိုက်သည်။ အဘိုးလျှိုသည်လည်း တောင့်ခဲနေလျက်ရှိသည်။


အနက်ရောင်ဝတ်စုံနှင့်လူ ကုန်းထလာကာ သူတို့သုံးယောက်လုံးကို ကြည့်လိုက်ပြီး သူ့အကြည့်က ယောင်စစ်ထံတွင် ကျရောက်သွားတော့သည်။


ယောင်စစ် ရုတ်တရက်ကြီး မကောင်းသည့် ခံစားချက်များရလိုက်သည်။


ထင်ထားသည့်အတိုင်းပင် ခဏအကြာတွင် သူ သူမနားပြေးလာပြီး လည်ပင်းကိုချုပ်ထားလိုက်သည်။ ထို့နောက် နီရွှေရွှေအရောင် လက်နက်တစ်ခုကိုထုတ်လိုက်ကာ ကျန်နှစ်ယောက်ကို ချိန်လိုက်သည်။

"မလှုပ်နဲ့... မဟုတ်ရင် ဒီတစ်ယောက်သေသွားမယ်..."


ယောင်စစ် ဆွံ့အသွားတော့သည်။


ဖာ့ခ်... ဘာလို့ငါလဲ.. ငါက အဝေးဆုံးမှာရှိနေတာလေ.. ဘယ်လိုတောင်ကံဆိုးရတာလဲဟ...


အနက်ရောင်ဝတ်စုံနှင့်လူ အော်ဟစ်အမိန့်ပေးလိုက်ချိန်တွင် လူတစ်စုက အထဲကိုဝင်လာခဲ့သည်။ ယောင်စစ်ကို ချုပ်ထားသောလူနှင့်မတူပဲ... ထိုလူများက တူညီဝတ်စုံကို ဝတ်ဆင်ထားကြသည်။ သူတို့လက်ထဲတွင် သေနတ်များကိုကိုင်ထားကြပြီး အနက်ရောင်ဝတ်စုံနှင့်လူကို ချိန်ရွယ်ထားကြသည်။


ထိုသူများက ရဲများဖြစ်ရမည်ဟု သူမတွေးလိုက်မိသည်။


"ဟေးရှီ.. မင်းငါတို့ဖမ်းလိုက်ပြီ... လက်နက်ချပြီး အဖမ်းခံပါ..."

ရဲအုပ်ဖြစ်ဟန်တူသော လူက အမိန့်ပေးလိုက်သည်။


"နောက်ဆုတ်စမ်း... မဟုတ်ရင် သူမကိုသတ်ပစ်မှာနော်..."

အနက်ရောင်ဝတ်စုံနှင့်လူက နည်းနည်းမျှပင်ကြောက်ဟန်မပေါ်ပေ။ သူက ယောင်စစ်ခေါင်းကို သူ၏လက်နက်နှင့်ချိန်ထားပြီး အံတင်းတင်းကြိတ်ထားသည်။


"ဟေးရှီ မင်းဒုစရိုက်မှုတွေ အများကြီး ကျူးလွန်ပြီးပြီ... မင်း ထာဝရအလင်းတန်းဂြိုလ်ကနေ ထွက်သွားနိုင်မယ်လို့ တကယ်ထင်တာလား..."


"မလှုပ်နဲ့... ငါသေရင် သူမလည်း အသက်မရှင်စေရဘူး..."


"စိတ်လိုက်မာန်ပါ မလုပ်စမ်းနဲ့... မင်းဒီနေ့မလွတ်နိုင်မှတော့ မပြစ်မရှိတဲ့လူကို ဘာလို့ ထိခိုက်စေချင်နေရတာလဲ.."


"ဟမ့်... ငါကလူတွေအများကြီးသတ်ပြီးသွားပြီလေ တစ်ယောက်ပိုသတ်လိုက်တော့ ဘာဖြစ်မှာကြလို့..."


"သူမသေသွားရင်တောင် မင်းလွတ်မှာမပါဘူး... လက်နက်ချလိုက်စမ်းပါ..."


"မသေချာသေးပါဘူး... မင်းတို့သာငါ့ကို လွှတ်ပေးရင် ငါလည်း သူမကိုလွှတ်ပေးမှာပေါ့..."


"လုံးဝမရဘူး... မင်းကသေဒဏ်စောင့်နေရတဲ့သူလေ..."


"ငါသာအသက်မရှင်နိုင်ရင်... ဒီမိန်းမလည်း ငါနဲ့အတူသေရမယ်..."


"ဓားစာခံကို လွှတ်ပေးလိုက်စမ်း..."


"ငါတို့ အတူတူသေကြမှာကွ..."


"ဟေး.."

ယောင်စစ် လက်တစ်ဖက်မြှောက်လိုက်သည်။

"ရှင်တို့တွေ အသုံးအနှုန်းပြောင်းပေးလို့ရမလား... 'သေ'ဆိုတဲ့ စကားကိုမပြောကြေးနော် အိုကေလား... "

အဲ့စကားလုံးက သူမကို စိတ်ရှုပ်စေတယ်...

"ပြောတာ နောက်ကျသွားပေမယ့်.. ကျွန်မက သွေးစုပ်ဖုတ်ကောင်ပါ..."

မသေနိုင်တဲ့ မျိုးစိတ်လေ သိတယ်မလား...


“…”


ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။