လီယွမ်ချင်း စိတ်ရှုပ်သွားလေသည်။
လုယွင်ဖေးက သူ့ကိုgroup chatထဲ ပြန်ထည့်ပေးလိုက်သည်။
လီယွမ်ချင်း [: ဘာလို့ငါ့ကို ထုတ်လိုက်ကြတာလဲ ...]
ဝမ်မင်ယီ : [မင်းက စကားအပြောအဆို မတတ်လို့လေ ...]
လုယွင်ဖေး : [ဟားဟားဟား ... သခင်လေးက သူ့ကောကောကို ထိန်းချုပ်ထားတဲ့သူပဲလေ ... တခြားလူတွေကို သူ့ကောကောနဲ့တူတယ်ပြောမိတာကိုး ... သူသာ မင်းရှေ့မှာရှိရင် မင်းကို တကယ်ကန်လိမ့်မယ် ...]
လီယွမ်ချင်း
ဒါဆိုရင် မင်းကောကောက ပြန့်ကျင်းယွမ်နဲ့ ဘယ်နေရာက တူနေလို့လဲ ...]
ဝမ်မင်ယီ : [ပြောရမယ်ဆိုရင် သူကပြန့်ကျင်းယွမ်နဲ့ အပေါ်ကကိစ္စတွေမှာ တူတာမဟုတ်ဖူး ... ပြန့်ကျင်းယွမ်လိုမျိုး ကောင်လေးတွေကိုပဲ သဘောကျတယ်လို့ ပြောချင်တာ ...]
ဝမ်မင်ယီ
ဟုတ်တယ် ...]
လုယွင်ဖေး
မင်း ဘယ်လိုသိတာလဲ ... စီနီယာက တစ်ယောက်ယောက်ကို ကြိုက်နေတာလား ...]
ဝမ်မင်ယီ : [ဒီတစ်ခုကတော့ သူနဲ့ ပြန့်ကျင်းယွမ်ကြားက ခြားနားချက်ပဲ ... ပြန့်ကျင်းယွမ်ရဲ့ မျက်လုံးတွေက အကောင်းအတိုင်းဆိုပေမယ့် ငါ့ကောကောကတော့ ကန်းနေရှာတယ် ... မင်းသာ ကိုယ့်မျက်လုံးကိုယ် မလိုချင်တော့ရင် လိုအပ်တဲ့လူတွေကို လှူလိုက်လို့ရတယ် ... ငါ့ကောကောကတော့ အရမ်းကန်းနေလို့ ဘယ်သူ့ကိုမှ လှူလို့မရဘူး ... မျက်လုံးတွေ မရှိရင်တောင် ပိုကောင်းဦးမယ် ...]
လီယွမ်ချင်း
စီနီယာက ဘယ်သူ့ကို ကြိုက်နေလို့လဲ ...]
ဝမ်မင်ယီ တွေးပြီးပြောလိုက်သည်
ငါ သူ့ကို သဘောမကျဘူး ... မင်းတို့ သူ့ကို သိမှာမဟုတ်ဖူး ... သူ့နာမည်က ကျန်းဇီမော့တဲ့ ... တစ်နေ့နေ့ မင်းတို့သူ့ကိုတွေ့မှ ငါ ထပ်ပြောပြမယ် အကောင်းဆုံးကတော့ သူနဲ့ဝေးဝေးနေတာပဲ ... အဲ့ဒီလူက စိတ်အခြေအနေကို ဆိုးရွားအောင်လုပ်နိုင်တဲ့ အော်ရာရှိတယ် ... မင်းတို့ ငါ့ကောကောကနေတစ်ဆင့် အဲ့ဒါကို သိနိုင်တယ် ... ပြီးတော့ ဝမ်ပေါ် ...ဝမ်ပေါ်ကလည်း အဲ့ကောင်ကို ကြိုက်နေတာ ... မင်းတို့ ဝမ်ပေါ်နဲ့လည်း ဝေးဝေးနေသင့်တယ် ...]
လုယွင်ဖေးနှင့် လီယွမ်ချင်းတို့ ကျန်းဇီမော့ကို မသိသော်လည်း " ကောင်းပြီ " ဟုသာ ပြောလိုက်သည်။
လီယွမ်ချင်း : [ဘာပဲဖြစ်ဖြစ် ငါတို့မိသားစုက ဝမ်မိသားစုနဲ့ အဆက်အသွယ်မရှိကြဘူး ... ပြီးတော့ ငါတို့က အပြင်မှာနေနေပြီလေ ... တစ်နှစ်မှာ နှစ်လသုံးလတော့ အိမ်ပြန်ကြသေးတယ် ... မင်း ငါတို့ကိုထက် ကိုယ့်ဘာသာကိုယ် စိတ်ပူသင့်တယ် ...]
ငါ့ဘာသာငါ စိတ်ပူရဦးမှာလား ... ငါက ယောကျာ်းတစ်ယောက်လေ ... ငါက ကျန်းဇီမော့ သွေးစုပ်ဖို့ သွေးအိတ်တစ်အိတ်ပဲကို ... မင်းတို့လို သူ့ရဲ့လွှမ်းမိုးမှာမခံရတဲ့ လူတွေလိုမဟုတ်ဖူး ... ဒါမဲ့ သူ ဒီတစ်ခါတော့ အဲ့လိုဖြစ်မခံတော့ဘူး ...ပြန်လည်မွေးဖွားလာပြီးမှ ရွေ့လျားနေတဲ့ သွေးအိတ်ကြီး အဖြစ်ခံရမှာလား ... ဒီလိုကြက်သားအစပ်စာအုပ်ထဲက ကြက်သားအစပ် ဇာတ်လမ်းထဲက ရုန်းထွက်ပြီး ကျန်းဇီမော့နဲ့ ဝမ်ပေါ်ကို ဆိုးရွားတဲ့ အကျိုးဆက်တွေ ခံစားရအောင်လုပ်မယ် ...
ထိုသို့ တွေးနေစဉ်မှာပင် လင်းမူ၏ ငြင်သာသောအသံကို ကြားလိုက်ရသည်။
" မစ္စတာစစ် ကျန်းဇီမော့က တွေ့ချင်နေပါတယ် ..."
ဝမ်မင်ယီ မတ်တပ်ထကာ စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည်။
" မတွေ့ရဘူး ..."
စစ်ကျွင်းတောက် သူ့ကိုကြည့်လိုက်သော်လည်း ပြောလိုက်သည်က ...
" ဝင်ခဲ့လို့ ပြောလိုက် ..."
ဝမ်မင်ယီ သူနှင့် မနီးမဝေးမှလူကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
" ဒီမနက်အိမ်ကထွက်လာခင် ကျွန်တော့ကို ကတိပေးခဲ့တယ်လေ ... ကျွန်တော့်လို ချစ်စရာကောင်း အလိုက်သိပြီး နာခံတတ်တဲ့ ညီလေးကို ဒီလိုပဲ လှည့်စားလိုက်တာလား ... ကောကောရဲ့ အသိတရားက မထိခိုက်တတ်ဖူးလား .."
စစ်ကျွင်းတောက် သူ၏အသိစိတ် ထိခိုက်သည် မထိခိုက်သည်ကို မသိပေ။ သူ၏ညီငယ်လေးက ချစ်စရာကောင်းသော်လည်း အလိုက်သိပြီး နာခံမှုမရှိသည်က သေချာသည်။
" ကိုယ် မမေ့ပါဘူး ... မမေ့ဘူးဆိုတာနဲ့ပဲ သူ့ကို မရှင်းပြရတော့ဘူးလား ... အဲ့ဒါမှ နောက်ဆိုရင် ကိုယ့်ဆီမလာတော့မှာလေ ... ဟုတ်ပြီလား ..."
ဝမ်နင်ယီ စိတ်သက်သာရာရသွားသည်။ သို့မဟုတ်ပါက ကောကောက သူ့ကို ဒေါသထွက်တော့မည်။
" ကဲပါ လူတွေ ဝင်လာနေပြီ ... မင်းသူ့ကို မတွေ့ချင်ဘူးမလား ... အထဲက အိပ်ခန်းထဲမှာ ခဏသွားစောင့်နေ ..."
" ကျွန်တော် မသွားဘူး ..."
ဝမ်မင်ယီ ငြင်းဆိုလိုက်သည်။
" သူလာမှ ကျွန်တော်က ထွက်သွားရအောင် သူက ဘာကောင်မို့လဲ ... ပြီးတော့ ကျွန်တော့်ကို မကြည့်ခိုင်းရင် သူနဲ့ တကယ်လမ်းခွဲတာ ဟုတ်မဟုတ် ဘယ်လိုသိမှာလဲ ..."
ဝမ်မင်ယီ သူ၏အစ်ကိုကို မျက်စောင်းထိုးကာ ပြောလိုက်သည်။
" ကောကောနဲ့သူက ဘာမှမဆိုင်တော့ဘူးဆိုတာ ကျွန်တော်မြင်ချင်တယ် ..."
စစ်ကျွင်းတောက်က သူ့ကို အမြဲသည်းခံသူဖြစ်၍ ဘာမှ မပြောတော့ပေ။
" ဒါဆိုလည်း ကောင်းကောင်းနေ ..."
" ကျွန်တော် ဘယ်တုန်းက ကောင်းကောင်းမနေလို့လဲ ..."
ဝမ်မင်ယီ မေးလိုက်သည်။
သူ၏စကားများကြောင့် စစ်ကျွင်းတောက် ရယ်လိုက်မိသည်။ ချစ်ဖို့ကောင်းရန် ကြိုးစားနေသော သူ၏ညီငယ်လေးကို ကြည့်လိုက်မိသည်။