Chapter 152
- နည်းမှန်လမ်းမှန် စီးပွားအကြံ
ကျန်းကျန့်၏လူများက ကျောင်းအတွက် မျှော်လင့်ချက်အပြည့်ဖြစ်နေကြသော်လည်း ကျောင်းဖွင့်ရန် အတွက်က အချိန်ယူရလိမ့်မည်ဖြစ်၏။ထို့ကြောင့် ဤကျောင်း၏ ပထမအသုတ်က ကျန်းကျန့်စုဆောင်းထားသည့် စာရင်းကိုင်များဖြစ်သည်။
နောက်တစ်နေ့တွင် ကျန်းမင်က ဟယ်ရှီရွာမပြန်မီ စာရင်းကိုင်၂၂ယောက်ရွေးခဲ့သည်။
စစချင်း၌ ဤလူများက အလိမ်ခံရမည်စိုး၍ ရင်တမမဖြစ်နေကြသော်ငြား ဟယ်ရှီဆိပ်ကမ်းအား မြင်ပြီးနောက် စိုးရိမ်ကင်းသွားလေ၏။ဆိပ်ကမ်းက ဘာမျှမရှိပုံရသော်လည်း ခမ်းနား၏။အစိမ်းရောင်အုပ်ချပ်များ ခင်းထားလေသည်။ထိုမျှမကသေး ဆိပ်ကမ်းနားရှိအိမ်များအားလုံးက နှစ်ထပ်အဆောက်အအုံများ ဖြစ်ကြသည်။
ကျန့်ပေါင်နင်က စုန့်လီအားရှောင်နေသော်ငြားအဆုံး၌ သူ့မိသားစုထံရောက်လာသည့် စုန့်လီထံ မှစကားများစွာနားထောင်ခဲ့ရ၏။သူက စုန့်လီစကားများအား အပြည့်အဝမယုံသော်ငြား အနည်းငယ်စိုရိမ်နေဆဲပင်။သို့သော်လည်း လမ်းတစ်လျှောက် အလိမ်မခံရဖူးကြောင်း တွေးမိသည်။ဆန့်ကျင်ဖက်တွင်လည်း သူက စုန့်လီမှာ ကျန်းချောင်ရှန့်ထံမှအလှည့်စားခံရဖူးကြောင်း စဥ်းစားမိသည်။
ဥပမာအနေနှင့် ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းခေါင်းဆောင်က သူ့ဇနီးမိသားစုပိုက်ဆံကိုအမှီပြုနေသည့် ကျေးဇူးမသိတတ်သူတစ်ယောက်ဖြစ်ရမည်...သို့သော်ငြား သူတို့အားခေါ်လာသည့်သူများက သေသေချာချာပင် ကျန်းကျန့်အား အလွန်လေးစားကြလေ၏။ကျန်းကျန့်သာ စုန့်လီပြောသလိုလူမျိုးဆိုရင် သူက အခြားသူတွေကို ဘယ်လိုစည်းရုံးသိမ်းသွင်းနိုင်မှာလဲ။
“နောက်ပိုင်း မင်းတို့ဒီမှာနေရမှာမို့ တစ်ယောက်စီက နေဖို့အခန်းရွေးလို့ရတယ်..."ကျန်းမင်က လမ်းပြပေးလာပြီး ဤစာရင်းကိုင်များအား တောင်ဘက်မျက်နှာမူထားသည့် နှစ်ထပ်တိုက်အဆောက်အအုံသို့ ခေါ်သွားလေ၏။
ဤအိမ်များက အလွန်မကြီးလှ။တစ်ဆက်တည်း ဆောက်ထားခြင်းဖြစ်သည်။သင်က အိမ်ထဲဝင်လိုက်သည်နှင့် နှစ်ဖက်နှစ်ချက်လုံးတွင် အခန်းများနှင့်လှေကားများကိုတွေ့ရလိမ့်မည်။ ဒုတိယထပ်တွင်လည်း နှစ်ဖက်နှစ်ချက်လုံး၌ အခန်းများရှိပေ၏။
ထိုအိမ်မျိုး၌ သင်္ဘောသားများက တစ်ခန်းလေးယောက်နေရမည်ဖြစ်သည်။ခေါင်းဆောင်အချို့သာ နှစ်ယောက်တစ်ခန်းနေရမည်ဖြစ်သည်။သို့သော်ငြား စာသင်သားများစွာမရှိ၍ တစ်ယောက်တစ်ခန်းနေ၍လည်းရသည်။
ဤအဆောက်အအုံများမြင်ပြီးနောက် အသစ်လေးများက ဒုတိယထပ်တွင်နေရန် တုံ့ဆိုင်းမနေသော်လည်း အခြားသူများက အပေါ်ထပ်ကမြေညီထပ်လောက် မလုံခြုံဟု ခံစားမိကြသည်။
ကျန့်ပေါင်နင်က ပထမထပ်ကို ရွေးလိုက်သည်။သူက ယင်းမှာ အလွန်ကရိကထနိုင်သည်ဟု တွေးမိ၍ပင်။ဆိုရသော် ဒုတိယထပ်ကိုရွေးလိုက်ပါက ဆောင်းရာသီ၌ ဆီးသွားရန် အဝေးကြီးသွားရလိမ့်မည်ဖြစ်ရာ ပိုပြီးကရိကထနိုင်၍ပင်။
သူတို့က ကိုယ်ပိုင်အိပ်ရာခင်းများယူလာခဲ့၍ ကျန်းမင်က ပစ္စည်းများနေရာချရန်အတွက် အခန်းရွေးကြရန် အရင်ပြောလာ၏:"မနက်ဖြန်ကျရင် မင်းတို့ကို သင်ပေးဖို့ တစ်ယောက်လာလိမ့်မယ်..ခုနစ်ရက်ရှစ်ရက်လောက် သင်ပြီးရင် အိမ်ပြန်လို့ရပြီ...လှေနဲ့ပဲအပြင်ထွက်ရမယ်"
"သိပါပြီ"သူ့စကားများကြားပြီးနောက် လူသစ်လေးများက တစ်ညီတညွတ် ခေါင်းညိမ့်ပြလာ၏။ထို့နောက် တစ်ယောက်ယောက်က မေးလာသည်
:"ကျွန်တော်တို့ ဘာလုပ်ရမလဲမသိ...အစားအသောက်စားရမှာက ဘယ်နေရာမှာလဲ"“
"ညစာစားချိန်ကျရင် အစားအသောက်တန်းဆီသွားရမှာ .လူတိုင်း တစ်ခုစီအခမဲ့ရမယ်"ကျန်းမင်က ဆိုလိုက်ပြီး မနီးမဝေးမှအိမ်ကြီးတစ်လုံးအား ညွှန်ပြလိုက်သည်။“
ဤအိမ်ကြီးအား ကျန်းကျန့်မှ အစားအသောက်တန်းဟု အမည်ပေးထား၏။
ကျန်းကျန့်က အထဲတွင် မီးဖိုအများအပြား ပြုလုပ်ထားပြီး ကောအချို့နှင့်အမျိုးသမီးများ ချက်ပြုတ်နေကြသည်ကို တွေ့ရ၏။အချိန်ကျလာပါက ဆိပ်ကမ်းရှိ သင်္ဘောသားများနှင့်သူ့လူများ ထိုနေရာသို့ အစားအစာရရန်သွားနိုင်သည်။ထိုနေရာတွင်ပြင်ဆင်ပေးထားသော စားပွဲများကုလားထိုင်များတွင်လည်း စားသောက်နိုင်သကဲ့သို့ သူတို့အိမ်သို့ ယူသွား၍လည်းရသည်။
ဒါက...သူတို့က သင်္ဘောပေါ်အလုပ်လုပ်တာမဟုတ်ရင်လည်း...ပိုင်ရှင်က အစားအစာနဲ့နေရာထိုင်ခင်း ထောက်ပံ့ရတာလား။ကျန့်ပေါင်နင်က ဤရှင်းပြချက်အားကြားသော် မျက်လုံးများပင့်သွားရသည်။အခြားလူများက အလွန်ကျေနပ်နေကြ၏။
အစားအစာနဲ့အိမ်ရာအပါအဝင် တစ်လကိုငွေနှစ်တုံး။ဤသည်က အလုပ်ကောင်းတစ်ခုဖြစ်သည်။သူတို့လေ့လာသည့်နေ့များအတွက် ထိုသူတို့ကိုလည်း ပြန်ပေးရသည့်ပုံရှိသည်။ကျန့်ပေါင်နင်က သူ့အလုပ်အား ပို၍ကျေနပ်သွား၏။
သို့သော်ငြား ကျောက်ကျင်းကောကမူ ကျန်းကျန့်သူ့အတွက်စီစဥ်ပေးသည့်အလုပ်အား မကျေနပ်ချေ။
"ကျွန်တော် မလုပ်နိုင်ဘူး..ကျွန်တော်က ဘယ်လိုလုပ်ပြီး လူတွေကို စာဖတ်တတ်ဖို့သင်ပေးနိုင်မှာလဲ...ကျွန်တော်က စကားလုံးတိုင်းမသိဘူးလေ..ကျွန်တော်...."ကျန်းကျန့်က သူငှားခဲ့သည့်စာရင်းကိုင်များအား သင်ကြားပေးရန် ပြောလာ၏။ဒါပေမယ့် သူက ဘယ်လိုလုပ်ပြီး အဲ့လိုမျိုးလုပ်နိုင်မှာလဲ။
လွန်ခဲ့သောတစ်နှစ်ကမူ သူက စာဖတ်နည်းကို သိပင်မသိချေ။သို့သော်ငြား ထိုလူများကဖြင့်...။သူတို့ထဲတွင် ကလေးဘဝတည်းက စာလေ့လာခဲ့သည့်သူအချို့ပင် ရှိနေ၏။
ကျောက်ကျင်းကောက ယုံကြည်မှုရှိသော်ငြား သူ့ကိုယ်သူ ဂုဏ်သရေရှိလူတစ်ယောက်အဖြစ် စဥ်းစား၍မရပါချေ။
“ကျင်းကော...မင်းသူတို့ကို စာဖတ်နည်းသင်စရာမလိုဘူး..သူတို့ကို ဂဏန်းသင်္ချာနဲ့ ကိုယ်မင်းကို
သင်ပေးထားတဲ့ ကိန်းဂဏန်းတွေအကြောင်းပဲ သင်ပေးရုံတင်"
ကျန်းကျန့်က ဂဏန်းသင်္ချာစာလုံးများက တရုတ်ဂဏန်းများထက် သုံးရပိုလွယ်ပြီး မြန်မြန်ရေး၍ရသည်ဟု တွေးမိသည်။ဤစာရင်းကိုင်များက သင်ယူပြီးနောက် အနာဂတ်တွင် ကုန်စည်၆၉ခုရှိလာပါက တရုတ်စာလုံးသုံးပြီးရေးသည်ထက် ၆၉ဟုရေးသည်က ပိုလွယ်မည်မဟုတ်ပါလား။
ဒါကို သူတို့ကိုယ်ရံတော်လုပ်ငန်းရဲ့ အမှတ်အသားအနေနှင့် သတ်မှတ်လို့ရတာပေါ့..အဟင်း..ဟင်း..။ယခုအချိန်တွင် အချို့သောလုပ်ငန်းကြီးများကပင် သူတို့စာရင်းများအား အထူးသင်္ကေတများ မသုံးကြသေးပေ။
"ကျွန်တော်က ကောတစ်ယောက်လေ"ကျောက်ကျင်းကောက အလွန်စိတ်မသက်မသာဖြစ်နေဆဲပင်။
“မင်းကလွဲလို့ ငါက အဲ့ဒါကိုသိတဲ့တစ်ယောက်တည်းသောသူပဲ...ထားလိုက်တော့ ငါသူတို့ကို ငါ့ရဲ့မနက်ပိုင်းအလုပ်ပြီးတာနဲ့ ညနေမှာ သင်ပေးလိုက်မယ်"ကျန်းကျန့်က သက်ပြင်းချလိုက်သည်။
"ခင်ဗျား ဘယ်လိုလုပ်နိုင်မှာလဲ..အရမ်းပင်ပန်းလိမ့်မယ်"ကျောက်ကျင်းကောက အံကြိတ်ကာဆိုသည်။"ကျွန်တော်သင်ပေးမှာပါ"ကျန်းကျန့်က အလုပ်ကြိုးစားသည့်သူဖြစ်၍ သူ့တာဝန်များအားခွဲပြီးကူညီပေးရမည်ပင်။
ကျန်းကျန့်က ကျောက်ကျင်းကောအားကြည့်၍ တိုးတိုးရယ်လိုက်၏။ကျောက်ကျင်းကောက အဆင်မပြေဖြစ်နေသော်ငြား နောက်တစ်နေ့တွင် ကျန်းကျန့်က စာသင်ခန်းဟုခေါ်သည့်နေရာသို့ သွားလိုက်သည်။
စာရင်းကိုင်များက ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းအား လုပ်အားခများပေးရန် စောင့်နေသော်ငြား မနာမခံမလုပ်ရဲ၍သာ မနက်စောစောကတည်းက စာသင်ခန်းထဲစောင့်နေကြခြင်းဖြစ်သည်။ကျောက်ကျင်းကောလာသည်အားမြင်သော် သူ့အားကြည့်လိုက်ကြ၏။
စိတ်လှုပ်ရှားနေသော ကျောက်ကျင်းကောက ပိုပြီး စိတ်လှုပ်ရှားလာ၏။စိတ်လှုပ်ရှားနေ၍ တောင့်တောင့်ကြီးရပ်နေကာ မျက်မှောင်ဖွဖွကြုပ်မိသည်။သူက အလွန်အေးစက်ပြီး တည်တံ့ပုံပေါ်၏။
ကျန့်ပေါင်နင်နှင့်အခြားသူများက ကျောက်ကျင်းကောအား မသိကြသော်လည်း ကျောက်ကျင်းကောနှင့်ကျန်းကျန့်အတူတူရပ်နေသည်အား မြင်ဖူးကြသည်။သူတို့က သူ့အား ကိုယ်ရံတော်လုပ်ငန်း၏ခေါင်းဆောင်များထဲမှတစ်ယောက်အဖြစ် အရိုအသေပေးကြသည်။ဤသည်အားမြင်သော် ကျောက်ကျင်းကောက အနည်းငယ် စိတ်ငြိမ်သွား၏။
"ကိုယ့်နာမည်က ကျောက်ကျင်းကောပါ..ခင်ဗျားတို့ကို ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းရဲ့ လျှို့ဝှက်သင်္ကေတကို သင်ပေးမှာပါ..သင်ပြီးသွားရင် အနာဂတ်မှာ လုပ်ငန်းကိုပိုကောင်းကောင်းလုပ်နိုင်တော့မယ်လို့မျှော်လင့်မိတယ်“ကျန်းကျန့်က သူ့အား ဂဏန်းနံပတ်များသင်ပေးသော်ငြား အခု သူက သင်္ကေတတစ်ခုဟု တိုက်ရိုက်ခေါ်လိုက်သည်။
သင်္ကေတလား...ကျန့်ပေါင်နင်နှင့်အခြားသူများက အံ့အားသင့်ကာ သဘောကျသွားကြသည်။သူတို့က အခုမှရောက်လာသော်ငြား သင်္ကေတများသင်ရန် ဆန္ဒရှိကြသည်။
အောက်တွင်ထိုင်နေကြသော ကျောင်းသားများက အလွန်ပျော်ရွှင်နေ၍ ကျောက်ကျင်းကောက စိတ်သက်သာလာကာ စာရေးစုတ်တံအားယူပြီး နံရံပေါ်ရေးလိုက်သည်။
ယခုခေတ်အချိန်၌ ကျောက်သင်ပုန်းများနှင့်မြေဖြူများမပေါ်သေး၍ ကျန်းကျန့်က ယင်းကြောင့်စိတ်ရှုပ်ခံမနေ။ ကျောက်ကျင်းကောအတွက် နံရံပေါ်၌စက္ကူထူတပ်ပေးလိုက်သဖြင့် ကျောက်ကျင်းကောက အခြားသူများမြင်ရန် ထိုအပေါ်တွင် စာရေးနိုင်၏။
သူက ကိန်းဂဏန်း တစ်နှစ်သုံးများ ချရေးကာ ၎င်းတို့၏တန်ဖိုး ၁၂၃တို့ကိုလည်း ရေတွက်လိုက်ပြီး နှစ်ဆယ်ထိရေးလိုက်သည်။ရေးပြီးသွားသော် သူက မည်သို့မှတ်ရန်နှင့်လိုက်ရေးရန် သင်ပေးသည်။
ဤလူအားလုံးက အခြေခံရှိကြ၍ ယင်းအားသင်ယူသည့်အခါ အခက်အခဲမရှိကြ။ထိုသူတို့က နံရံပေါ်ရေးထားသည့်အားလုံးအား ချရေးလိုက်ကြသောအခါ ကျောက်ကျင်းကောက အမြှောက်ဇယားချရေးကာ မှတ်ထားကြရန် ပြောလိုက်သည်။
“တစ်ကိုတစ်နဲ့မြှောက် တစ်ရတယ် ..နှစ်ကိုတစ်နဲ့မြှောက် ...နှစ်....ကိုးကိုကိုးနဲ့မြှောက် ရှစ်ဆယ့်တစ်..ဒါကိုချရေးထားကြပါ...ချရေးပြီးရင် တွက်ရမြန်တယ်...ဥပမာ ခုနကမေးခွန်းမှာ လူကိုးယောက်မှာ တစ်ယောက်ကိုငွေတုံးရှစ်တုံးပေးရင် ရလဒ်က..၇၂ပေါ့..ရလဒ်ကို မြန်မြန်တွက်လို့ရတယ်"
တကယ်တမ်း တချီတွင် အမြှောက်ဇယားပေါ်သည်က ကြာပြီဖြစ်၏။သို့သော်ငြား ထပ်ညွှန်းနှင့်အတိုင်းအတာများက ကျောက်ကျင်းကောသိထားသည်နှင့် ကွဲလွဲပေ၏။သို့သော်ငြား တွက်နည်းများစွာလုပ်လိုက်လျှင်တောင် လူများက သိကြတော့မည်မဟုတ်ချေ။
ဤခေတ်တွင် ကျောင်းများက စာဖတ်တတ်ရန်သာ သင်ပေးကြပြီး တွက်ချက်ပုံများအား သင်မပေးနိုင်ကြ။ဤစာရင်းကိုင်များက ယင်းအကြောင်းသိသော်လည်း အခြားသူများအား မည်သည့်အကြောင်းပြချက်နှင့်မှ သူတို့ကိုယ်ပိုင်စွမ်းရည်အား သင်ပြပေးကြမည်မဟုတ်ချေ။
ဤလူထဲမှအချို့အား ကျန်းကျန့်မှလေ့လာပြီး စုဆောင်းထားသော်ငြား အများစုကိုဖြင့် မလေ့လာမိသေး။ကျန့်ပေါင်နင်က သူ့အဖေထံမှ သုံးနှင့်ခုနစ်မြှောက် နှစ်ဆယ့်တစ်ရကြောင်း ကြားဖူးသော်ငြား စေ့စေ့စပ်စပ် မသင်ကြားခဲ့ရပေ။ဤအတွက်ကြောင့် လူတိုင်းက ယခုတွင် ကျောက်ကျင်းကောရေးပြသည့် "လျှို့ဝှက်သင်္ကေတ"အား ကြိုးကြိုးစားစားသင်ယူနေကြ၏။
ကျန်းကျန့်က တမင်သက်သက် တစ်ချက်ကြည့်ရန်လာသော် ကျောက်ကျင်းကောကောင်းကောင်းလုပ်နေသည်အား တွေ့လိုက်ရသည်။သူက ကျောက်ကျင်းကောအား စူးစိုက်ကြည့်လိုက်ပြီး လက်ထဲတွင်သမီးကိုချီထားရင်း သူ့သင်္ဘောအားကြည့်ရန် သွားလိုက်သည်။
ရက်အနည်းငယ်အတွင်း သူက ပြန်ထွက်ရမည်ဖြစ်၍ ဤရက်များတွင် သူ့သမီးနှင့်အတူတူ အချိန်ကုန်ရပေမည်။
ကျန့်ပေါင်နင်နှင့်အခြားသူများက ထိုမနက်အစားအသောက်တန်းတွင် ယာဂုစားပြီး အတန်းသို့ရောက်လာကြသည်။နှစ်နာရီခန့်သင်ယူပြီးနောက် အစားစားချိန်ရောက်လာ၍ ကျောက်ကျင်းကောက သူတို့အား နေ့လည်စာစားရန် လွှတ်လိုက်ခြင်းဖြစ်၏။
“နေ့လည်မှာ ဘာစားရမလဲတော့ မသိဘူး...မနက်က ယာဂုကတော့ ပျစ်ပြီးအရသာရှိလိုက်တာဗျာ..."
ကျန့်ပေါင်နင်နှင့် မိသားစုနောက်ခံတူသည့် လူတစ်ယောက်က သူ့အားပြောလာသည်။ထိုသူက သူ့မိသားစုတွင် ပိုက်ဆံတစ်ပြားမှမရှိ၍ သူ့အဖိုးစာဖတ်တတ်၍သာ သူစာဖတ်တတ်ပြီး အဖိုးထံမှ သင်ခဲ့ရကြောင်း ဆိုသည်။
ကျန့်ပေါင်နင်က ဗိုက်ဆာနေသည်မှာကြာပြီဖြစ်၍ နေ့လည်စာအကြောင်း မစဥ်းစားရမနေနိုင်ချေ။အစားအသောက်အနံ့များရသော် မသိလိုက်စွာနှင့် တံတွေးတစ်ချက်မြိုမိသည်။
ခေတ်သစ်အခါတွင် သင်က အစားအသောက်တန်းတွင် စားလျှင်ပင် အသားအမျိုးမျိုးစားနိုင်၏၊သို့သော်ငြား ဤခေတ်တွင်ဖြင့် ထုတ်လုပ်နှုန်းက အလွန့်အလွန်နိမ့်နေ၍ အသားရရန် မလွယ်ကူချေ။
အစတွင် ကျန်းကျန့်၌ လူနည်းနည်းသာရှိ၍ နေ့တိုင်းအသားကျွေးနိုင်၏။သို့သော်ငြား အချိန်ကြာကြာမကျွေးနိုင်တော့။သူက ပိုက်ဆံသုံးရလက်တွန့်သည့်သူမဟုတ်သော်ငြား နေ့တိုင်းအသားစားနေပါက အနီးအနားက ဝက်များကိုဝယ်ထားရမည်ဖြစ်သည်။ထို့ပြင် ဝက်စျေးကလည်း တဟုန်ထိုးတက်နေ၏။ထို့ကြောင့် သူ့လက်အောက်လူများအား တစ်လ၏ငါးရက်မြောက်နေ့တိုင်း အသားဟင်းကျွေးနိုင်မည်ဖြစ်သော်ငြား ပမာဏအများကြီးမဟုတ်ပေ။
တိုက်ဆိုင်စွာနှင့် ဤနေ့က ငါးရက်မြောက်နေ့ဖြစ်သည်။
ကျန်းကျန့်က ဝက်တစ်ကောင်ဝယ်ပြီး အရိုးထုတ်ကာ အတုံးသေးများတုံး၍ကင်ထားသည်။စားရန်ရောက်လာသည့်သူတိုင်း ဇွန်းတစ်ဇွန်းစာရမည်။
ကျန့်ပေါင်နင်အတွက်အစားအစာများ ချပေးလာပြီး ထိုလူများက စွတ်ပြုတ်တစ်ပန်းကန်နှင့်အတူ သူ့ထမင်းပန်းကန်ထဲသို့ ဝက်သားဇွန်းအပြည့်တင်ပေးလာ၏။ထပ်ပြီး သူက ဆလတ်ပြုတ်တစ်ခွက်လည်း ရပေ၏၊
ဒီကောင်းကောင်းမွန်မွန်စားရတဲ့ အစားအသောက်တွေ နေရာထိုင်ခင်းတွေ အသာထား...ကျန့်ပေါင်နင်က စိတ်လှုပ်ရှားလာပြီဖြစ်၏။
ကျန်းမင်က တိုက်တိုက်ဆိုင်ဆိုင်ပင် ညစာလာစား၍ ကျန့်ပေါင်နင်က သွားပြောလိုက်သည်:
"....ကျန်းဆိုတဲ့သူက မျှတတဲ့တာဝန်ခံပဲ....အနာဂတ်မှာလည်း ကျွန်တော်တို့က နေ့တိုင်းကောင်းကောင်းစားရမှာလား"
“မဟုတ်ဘူး...ငါးရက်မြောက်နေ့တိုင်းသာ အသားစားရတာ..မင်းသာ ပိုက်ဆံပေးစားရင် မီးဖိုချောင်က မင်းအတွက် အရသာရှိတဲ့အစားအစာတွေ လုပ်ပေးလိမ့်မယ်"ကျန်းမင်က ဆိုသည်။
သင်က နေ့တိုင်းအသားမစားနိုင်သော်ငြား လတစ်လ၏ငါးရက်မြောက်နေ့တိုင်း စားနေနိုင်သဖြင့် ကျန့်ပေါင်နင်အား ပိုပြီးပျော်ရွှင်စေ၏။
သူတို့က နေ့လည်တွင် စာဆက်လေ့လာကြပြီး အားအင်အပြည့်တက်ကြွနေကြ၏။
ရက်အနည်းငယ်ကြာပြီးနောက် စာရင်းကိုင်၂၂ယောက်က ကျောက်ကျင်းကောသင်ပေးသည့် ကိန်းဂဏန်းများအားလုံး သင်ပြီးသွားကြသည်။
ကျန်းကျန့်က ဤအကြောင်းသိသောအခါ ရိုးရိုးရှင်းရှင်း ပုစ္ဆာအချို့ပေးလိုက်သည်။သူတို့က အချိန်အနည်းငယ်ကြာနေသော်ငြား မှန်မှန်တွက်နိုင်၏။
သင်သာ မြန်မြန်တွက်ချင်ပါက ဖြေးဖြေးချင်းလေ့ကျင့်ရန်လိုသည်။
ကျန်းကျန့်က ကျေနပ်သွားကာ ဤလူများအား ပိတ်ရက်တစ်ရက်ပေးလိုက်သည်။
“မနက်ဖြန်မနက်မှာ..ငါမင်းတို့ကို စီရင်စုမြို့ကိုပို့ပေးမယ်..အိမ်ပြန် တစ်ညအိပ်လို့ရတယ်..ဒါပေမယ့် နောက်နေ့ကျရင် ...မနက်စောစော ဆိပ်ကမ်းမှာလာကြိုမယ်..မင်းတို့ငါ့နောက်ကို ခရီးတစ်ခုလိုက်ရလိမ့်မယ်"
“ဟုတ်ကဲ့ ဘော့စ်"စာရင်းကိုင်များက တသံတည်းပြန်ဖြေလာကြကာ ကျန်းကျန့်လက်အောက်ကလူများကဲ့သို့ သူ့အား ဘော့စ်ဟုခေါ်လာကြသည်။
ဆိပ်ကမ်းတွင် ခုနစ်ရက်ရှစ်ရက်နေပြီးနောက် ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းအကြောင်း နားလည်နေပြီးဖြစ်၏။ဥပမာအနေနှင့် ကျန်းကျန့်က တတ်လည်းတတ်နိုင်သည့်သူဖြစ်ကာ လူတိုင်းကိုလည်း စည်းရုံးသိမ်းသွင်းနိုင်၏။ဥပမာ သူတို့အား ယခင်က သင်ပေးခဲ့သည့် ကျောက်ကျင်းကောက ကောတစ်ယောက်သာမက ကျန်းကျန့်ဇနီးလည်းဖြစ်နေသည်။
စစချင်းကြားသည့်အချိန် ကျန့်ပေါင်နင်မှာ ကျန်းကျန့်က ချမ်းသာသည့်မိသားစုနှင့်လက်ထပ်ထားသည်က မှန်နိုင်ကြောင်းတွေးမိဆဲပင်။အမှန်တွင်ဖြင့် ကျောက်ကျင်းကောက ရုပ်ရည်အလွန်မလှ၍ ထိုသို့မဖြစ်နိုင်ကြောင်း သိလိုက်သည်။
...
ဆိပ်ကမ်းတွင် ဟယ်ရှီရွာမှလူများလည်းရှိသည်။သူတို့ပြောသည်က ကျောက်မိသားစုမှာအလွန်ဆင်းရဲလှ၍ အစားအစာရရန် ကောတစ်ယောက်ဖြစ်သည့် ကျောက်ကျင်းကောအား အချိန်အတော်ကြာအလုပ်လုပ်ခိုင်းရသည်။ကျောက်ကျင်းကောကြောင့်သာမဟုတ်ပါက သူတို့မိသားစုမှာ ယခုကဲ့သို့ ကောင်းမွန်သည့်ဘဝမျိုးရလိမ့်မည်မဟုတ်။
“ဒီဘော့စ်ကျန်းက တကယ်ကောင်းတယ်"
“သူပြောတာက ငါတို့သာ အလုပ်ကောင်းတစ်ခုရရင် လစာတိုးပေးမယ်တဲ့..အဲ့ဒါမှန်လောက်တယ်"
“အနာဂတ်မှာ ငါက သူ့လက်အောက်ကနေ ဘော့စ်တစ်ယောက်တောင် ဖြစ်လာနိုင်တာပေါ့"
. . .
ကျန့်ပေါင်နင်နှင့်အခြားသူများက နောက်တစ်ရက်၌ ဟယ်ချောင်စီရင်စုသို့ပြန်လာခဲ့ကြသည်။သူတို့အားလုံး တစ်ယောက်ပြီးတစ်ယောက်စကားတွတ်ထိုးနေကြကာ ကိုယ်ပိုင်အနာဂတ်အတွက် မျှော်လင့်ချက်အပြည့်ဖြစ်နေကြ၏။
ကျန့်ပေါင်နင်အတွက်လည်း အတူတူဖြစ်သည်။
ကျန်းကျန့်က သူတို့လုပ်အားခအား ငွေစတစ်စနှစ်စတိုးပေးထား၍ သူတို့မိသားစုများက ငတ်ပြတ်တော့မည်မဟုတ်။ကျန့်ပေါင်နင်က ပျော်ရွှင်နေစဥ်
စုန့်လီထံမှအတားခံလိုက်ရသည်။
“ကျန့်ပေါင်နင် ...မင်းက ပိုက်ဆံအတွက်နဲ့ သေချင်နေတာလား...အဲ့လိုကျေးဇူးမသိတတ်တဲ့လူဆီမှာအလုပ်လုပ်ပြီးတော့လေ ..."
စုန့်လီက စွပ်စွဲပြောဆိုလာ၏။
“စုန့်လီ...မဟုတ်တာလျှောက်ပြောမနေနဲ့...ဘော့စ်ကျန်းက ကျေးဇူးမသိတတ်သူမဟုတ်ဘူး...ကျန်းချောင်ရှန့်က သူ့ကိုဘောင်ခတ်ပြီးကြည့်နေတယ်ဆိုတာ ရှင်းနေတာပဲ"
ကျန်းပေါင်နင်က မျက်မှောင်ကြုတ်ပြီး ကျန်းကျန့်ဘက်မှ ကာပြောလိုက်သည်။
"ကျန်းမိသားစုလုပ်ခဲ့တာတွေကြောင့်သာ မဟုတ်ရင်......"
“ကျန့်ပေါင်နင်...မင်းဒီလိုလူမျိုးဖြစ်သွားလိမ့်မယ်လို့ မထင်ထားဘူး...ငွေစနည်းနည်းအတွက် မင်းက ပရမ်းပတာပြုမူနေတယ်"စုန့်လီက ကျန့်ပေါင်နင်အား စိတ်ပျက်စွာကြည့်လိုက်သည်။
"တစ်ယောက်ယောက်အတွက်နဲ့ မင်းဒီလိုပြောလာမယ်ဆိုတာ ငါမယုံနိုင်ဘူး..သူ့လိုလူမျိုးက သူ့လူတွေအပေါ်ကောင်းပေးမယ်လို့ မင်းထင်နေတာလား..မင်း သူ့ဆီအလုပ်လုပ်ရင် မင်းဘဝကြီး ဆုံးရှုံးသွားရမှာ...."
“စုန့်လီ...မဟုတ်တာတွေ လျှောက်ပြောမနေနဲ့တော့"ကျန့်ပေါင်နင်မှာ ဒေါသထွက်လာရသည်။
နှစ်ဦးသားစကားများခဲ့ကြပြီး လမ်းခွဲခဲ့ကြသည်။
သေချာပေါက် ကျန့်ပေါင်နင်က စုန့်လီစကားများ နားထောင်မနေတော့ချေ။နောက်တစ်ရက်တွင် သူက ဟယ်ရှီရွာသို့ပြန်လာခဲ့ပြီးနောက်ရက် ဟယ်ချောင်စီရင်စုမှ သင်္ဘောလေးနှင့်ထွက်လာခဲ့သည်။
ဟယ်ချောင်စီရင်စုမှာ ဟယ်ရှင်းစီရင်စုနယ်မြေအတွင်းတည်ရှိ၍ ကျန်းကျန့်လုပ်ငန်းကလည်း ဟယ်ရှင်းစီရင်စုနယ်မြေ၏ အခွင့်အလမ်းအတွင်း ကျရောက်နေ၏။
ဟယ်ရှင်းစီရင်စုနယ်မြေအတွင်း ပင်လယ်ဓါးပြအချို့ရှိသော်ငြား အဖွဲ့ငယ်များသာဖြစ်၍ ကျန်းကျန့်သင်္ဘောပေါ် လက်မဆန့်ရဲကြ။ထို့ကြောင့် ကျန်းကျန့်သင်္ဘောက စိတ်ချရသည်။
သေချာပေါက် ဟယ်ရှင်းစီရင်စုနယ်မြေအတွင်း ကျန်းကျန့်ဖြတ်ကျော်ရမည့် အန္တရာယ်ရှိနေရာများလည်း ရှိသည်။ဟုန်ကျန်းဆားလွင်ပြင်ကဲ့သို့ နေရာဖြစ်သည်။သို့သော်ငြား မည်သူမျှ ထိုနေရာတွင် စီးပွားရေးမလုပ်သလို ကျန်းကျန့်ကလည်း ထိုနေရာသို့စီးပွားရေးသွားလုပ်မည်မဟုတ်သဖြင့် စိုးရိမ်ဖွယ်မရှိချေ။