Chapter 153
နည်းမှန်လမ်းမှန် စီးပွားအကြံ
ဤတစ်ကြိမ်တွင် သူတို့က အပြင်တွင် ဆယ်ရက်ကျော်သာ နေရမည်ဖြစ်၏။
သင်္ဘောပေါ်ရှိဘဝက ကျန့်ပေါင်နင်နှင့်အခြားသူများအတွက် အတန်ပင် သက်သက်သာသာမရှိသော်လည်း သူတို့စစချင်းတွေးထားသည်ထက် ပိုလွယ်ကူပြီးလုံခြုံ၏။သူတို့က နောက်ဆုံး အတည်တကျဖြစ်သွားကြကာ သူတို့ကိုယ်သူတို့ ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်ထားလေသည်။
မျက်စိတစ်မှိတ်စာအတွင်း ကျောက်မိသားစုအိမ်အသစ်ပြောင်းသွားကြသည်က နှစ်လကျော်သွားပြီဖြစ်ကာ ခြောက်လအရွယ်ကျောက်မင်ကျိုးကလည်း ထိုင်နိုင်လာလေပြီ။
ကလေးအများစုက အချီခံထားရသည်ကို ကြိုက်သော်လည်း ကျောက်မင်ကျူးက သူမတစ်ယောက်တည်း ကစားခြင်းကိုသာ ကြိုက်လေ၏။ယခုတွင်လည်း သူမမှာ သစ်သားဇလုံထဲထိုင်နေပြီး ကိုင်ထားသည့်ပလုတ်တုတ်လေးနှင့် ကစားနေသည်။
ကျောက်လျူနှင့်ရှောင်ရို့တို့က ဘေးမှ သတိကြီးကြီးထားကာ ကြည့်နေရပြီး ကျောက်မိသားစုထံလာသည့် လူများနှင့်စကားပြောနေသည်။
“ကျွန်မတို့မိသားစုရဲ့ မင်ကျူးလေးက အရမ်းလိမ္မာပြီး ထက်မြက်တယ်..ကျန်းကျန့်အလုပ်ကပြန်လာရင် သူမကို မှတ်တောင်မှတ်မိမှာမဟုတ်ဘူး"
“ဒါပေမယ့် ကျန်းကျန့်က သူမနဲ့အနေနီးလို့သာ...အရင်က ကျန်းကျန့် သူ့သမီးကို မချစ်မှာစိုးရိမ်ခဲ့ပေမယ့်...မထင်ထားဘူး...ကျန်းကျန့်က မင်ကျူးကိုအရမ်းချစ်မယ်လို့လေ..သူအိမ်ရောက်တာနဲ့ ကလေးကို တစ်နေကုန်ချီထားချင်တော့မှာ"
“ကျင်းကောကလည်း ပိုပိုပြီး အလားအလာကောင်းလာတာလေ...."
အတိတ်တွင် ကျောက်လျူက ဤသို့ပြုမူလျှင် မနာလိုမည့်သူများရှိနိုင်သေးသော်လည်း ယခုမူ ကျန်သည့်နားထောင်နေသူများက အားကျမှုအပြည့်နှင့်ပင်။ ကျောက်မိသားစုက သူတို့ထက် အဆများစွာသာလွန်နေ၍ မနာလိုဖြစ်ရန်ခက်ခဲလှသည်။
သူတို့က အိမ်ထောင်မပြုရပဲ တစ်သက်လုံးတစ်ကိုယ်တည်းနေသွားရမည်ဟု ထင်ထားသည့် ကျောက်ကျင်းကောပင် အလားအလာကောင်းပြီး စီးပွားရေးလုပ်နိုင်နေသည်မဟုတ်ပါလား။
ကျန်းကျန့်က စစချင်းတွင် ကျောက်ကျင်းကောအပေါ်တွေးထားသည့် အကြောင်းရင်းရှိသည်။ကျင်းကောနေရာမှာသာ ဟယ်ချိုးရှန့်ကို အစားထိုးလိုက်ရင်.... အုတ်ဖိုကို ဘယ်လိုစီမံနိုင်မှာလဲ .... ဆိပ်ကမ်းကစာရင်းကိုင်တွေကိုလည်း ဘယ်လိုစည်းရုံးနိုင်မှာလဲ။
ကျောက်ကျင်းကောက စာရင်းတွက်ရာတွင် အလွန်မြန်သည်ဟု ဆိုရမည်။
ကျောက်လျူက ကျန်းကျန့်နှင့်ကျောက်ကျင်းကောတို့အကြောင်း ပြောနေစဥ် ထိုနှစ်ဦးက အပြင်မှအတူတူပြန်လာကြသည်။
လွန်ခဲ့သောသုံးလခန့်က သူတို့က အလွန်အလုပ်များခဲ့ကြသည်။ကျန်းကျန့်က အိမ်တွင် တစ်ရက်နှစ်ရက်သာနေပြီး ဆယ်ရက်ကျော်ကျော်အပြင်ထွက်နေရ၍ ကျောက်ကျင်းကောနှင့် အတူရှိချိန်မရချေ။အချိန်တိုင်း ပိုးထည်လုပ်ငန်းဆောင်ရွက်နေရသည်။
ဟယ်ချောင်စီရင်စုနှင့် အနီးတဝိုက်ရှိသာမန်လူများက ပိုးစာပင်စိုက်ပြီး ပိုးခြည်ကောင်များမွေးမြူကြသည်။နွေဦးပိုးခြည်ကောင်နှင့် နွေရာသီပိုးခြည်ကောင်ဟူ၍ခွဲထားလေ၏။
မေလတွင် နွေဦးပိုးခြည်ကောင်များက ပိုးအိမ်လေးများထုတ်ပေး၍ မကြာသေးမီက နွေဦးပိုးခြည်မှ ပိုးအိမ်များ စျေးကွက်ထဲရောက်နေပြီဖြစ်သည်။အသေးစားလုပ်ငန်းရှင်များက ပိုးအိမ်ဝယ်ရန် ကျေးရွာများသို့ သွားကြသည်။သို့သော်လည်း ပိုးအိမ်များသယ်သော်အခါ သယ်ယူပို့ဆောင်ရေးအတွက် ကျန်းကျန့်ကိုလိုမည်ဖြစ်သည်။ထို့ကြောင့် ကျန်းကျန့်၏သင်္ဘောလေးက ရပ်နားသည်ကရှားကာ တစ်နေ့လုံးပိုးအိမ်များနှင့် ထိတွေ့နေရသည်။ကျန်းကျန့်က သူ့ကိုယ်သူပင် ပိုးခြည်ကောင်ပိုးအိမ်နံ့ရသည်ဟုပင် ခံစားမိသည်။
သို့သော်ငြား အလုပ်များရသည်လည်း ကောင်းပါ၏။
ကျန်းကျန့်က အပြင်တွင် သုံးလခန့်ပြေးလွှားနေပြီးနောက် လူတော်တော်များများက ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းအကြောင်း သိရှိသွားကြကာ အလုပ်များများ ပေးလာကြသည်။ထိုမျှမက သူ့နောက်လိုက်များကိုလည်း လေ့ကျင့်ပေးထား၍ ထိုသူတို့က သူတို့ကိုယ်ပိုင်လုပ်အားခများ ယူနိုင်၏။
အနာဂတ်တွင် သူက ဟယ်ရှင်းစီရင်စုနယ်မြေရှိ စီးပွားရေးလုပ်ငန်းများနောက်လိုက်ရန် မလိုတော့၍ အဝေးသို့သွားပြီး လုပ်ငန်းလုပ်စရာမလိုတော့ပေ။
ကျန်းကျန့်က မနေ့က ပြန်လာခဲ့ပြီး ပြန်ရောက်သည်နှင့် ခြောက်နာရီကျော်ကျော်လောက် အိပ်ပစ်လိုက်သည်။ယခုက သူက စိတ်ကြည်နေပြီဖြစ်၍ သူ့သမီးကိုလည်း အရမ်းလွမ်းနေပြီဖြစ်သည်။
"အမေ"ကျန်းကျန့်က တံခါးမှဝင်လာသည်နှင့် ကျောက်လျူအားနှုတ်ဆက်လိုက်ပြီး သူ့သမီးထံအပြေးသွားလိုက်သည်။“
“အဖေ့ရဲ့ အဖိုးတန်ပုလဲလုံးလေး...လာပြီးဖက်ပါဦး"
ကျန်းကျန့်က သူ့သမီးဝဝကစ်ကစ်လေးအားဖက်လိုက်ရာ ကျောက်မင်ကျူးက ခြေထောက်ကလေးများနှင့် တွန်းကန်လာ၏။
“ချစ်သမီးလေးရ...ခြေထောက်ကလေးတွေက အားပြင်းလိုက်တာနော်"ကျန်းကျန့်က ပြုံးကာ ကျောက်မင်ကျူးအား ငုံ့နမ်းလိုက်သည်။
ကျောက်လျူနှင့်စကားလက်ဆုံကျနေသည့်လူများက ကျန်းကျန့်နှင့်ကျောက်ကျင်းကောတို့ပြန်လာသည်အားမြင်သော် ကျောက်လျူအား နှုတ်ဆက်ကာပြန်သွားကြသည်။မပြန်မီ ကျန်းကျန့်အား ကွက်ကြည့်ကွက်ကြည့် လုပ်သွားကြသေးသည်။
သူတို့က ကျန်းကျန့်နောက်လိုက်များမှာ သူတို့ဇနီးများအား ကျန်းကျန့်လောက် ချစ်တတ်ကြမှန်းကြားထား၍ သူတို့သမီးများအား ကျန်းကျန့်နောက်လိုက်များထဲမှ တစ်ယောက်ယောက်နှင့်လက်ထပ်ပေးလိုက်သည်က ကောင်းပေမည်။
လီယွမ်၏သေဆုံးမှုက ဟယ်ရှီရွာသားများအား အနည်းငယ်စိုးထိတ်စေ၍ ကျန်ကျန့်နောက်လိုက်သည်က အန္တရာယ်များသည်ဟု တွေးမိကြသော်လည်း လအနည်းငယ်ကြာပြီးနောက် စိတ်ပျော့သွားကြပြန်သည်။
ဟယ်ရှင်းစီရင်စုနယ်မြေက အလွန်ငြိမ်းချမ်း၍ ကျန်းကျန့်နောက်လိုက်သည်က လုံခြုံ၏။ထိုမျှမက ပိုက်ဆံအမြောက်အများရှာနိုင်၏။
ကျန်းကျန့်၏ ယခုတစ်ကြိမ်က မြို့တော်နှင့်သိပ်မဝေးလှ၍ ငွေလျှော့ပေးသော်ငြား မူလက လုံခြုံရေးအစောင့်မှာ တစ်လတွင် ငွေစနှစ်စရ၏။သို့သော် မြို့တော်သို့ ကျန်းကျန့်နှင့်အတူရောက်ဖူးသည့်သူများက တစ်လလျှင် ငွေစသုံးစရသည့်အပြင် အပိုထပ်ဆောင်းကြေးများပင်ရလေ၏။ကျေးလက်နေသူများအနေနှင့် ထိုသို့အလုပ်ကောင်းမျိုးအား မည်သို့ရှာနိုင်မည်နည်း။
ထိုလုံခြုံရေးအစောင့်များမဆိုထားနှင့်...အုတ်ဖိုတွင် ကျန်းကျန့်အား ကူပြီးအုတ်လုပ်ပေးနေကြသည့် အမျိုးသမီးများနှင့်ကောများလည်း ရှိကြသည်။သူတို့အများစုကလည်း ငွေစများစွာရထားပြီးသားများပင်ဖြစ်သည်။
ဤရွာရှိအမျိုးသားများက ဆိပ်ကမ်းဆောက်ပြီးနောက်ပိုင်း ကျန်းကျန်အတွက် အလုပ်မလုပ်ပေးနိုင်ကြတော့ချေ။သို့သော်ငြား ရွာရှိအမျိုးသမီးများကမူ ဤအကြောင်းကြောင့် ပိုက်ဆံရှာနိုင်ကြ၍ ဟယ်ရှီရွာအမျိုးသမီးများက ပိုပြီးသန်မာလာကြသည်။
ကျန်းကျန့်က ကျောက်လျူအား ပြောလိုက်သည် "အမေ အခုလေးတင် ထမင်းချက်လီပြောတာ..အစားအစာတွေအသင့်ဖြစ်ပြီတဲ့"ကျန်းကျန့်က ကျောက်လျူအားပြောကာ သူ့သမီးအား ထပ်နမ်းလိုက်သည်။
“ဒါဆို..အမြန်သွားကြရအောင်"
ကျောက်လျူက အမြန်ထရပ်လိုက်သည်။
လူတိုင်းက ညစာစားမည့်နေရာသို့ အတူတူသွားလိုက်ကြပြီး ထမင်းချက်လီက စားပွဲရှစ်ခုတွင် ဟင်းပွဲများပြင်ဆင်ထားပြီးဖြစ်သည်။သူတို့ဝင်လိုက်ကြသည်နှင့် သူမက အမြန်ပင် အစားအစာများတည်ခင်းပေးလိုက်ပြီး ရှောင်ရို့အား သူမနှင့်အတူစားရန် အနောက်ဘက်ခေါ်သွားသည်။သူတို့နှင့်အတူတူ ကျန်းရှောင်မိန်လည်းပါ၏။
ကျန်းကျန့်က သူ့အိမ်အသစ်သို့ပြောင်းပြီးနောက် ကျန်းရှောင်မိန်လည်း ထိုနေရာတွင် စပြီးနေသည်။သို့သော်ငြား ကျန်းကျန့်က သူမအား ပင်မအဆောက်အအုံတွင် မနေစေပဲ နံရံနှင့်ကပ်လျက်အခန်းသာပေးလိုက်သည်။
ကျန်းကျန့်က ကျန်းရှောင်မိန်အား ကူညီပြီးတင်တောင်းကြေးပေးရန် ဆန္ဒရှိသော်လည်း သူမအား မိသားစုအဖြစ် မသတ်မှတ်ထား၍ နီးနီးကပ်ကပ်မနေစေချင်သည်ကြောင့်လည်း ပါလေသည်။
ကျန်းရှောင်မိန်က လူများ၏မျက်နှာအနေအထားအား အကဲခတ်ရာတွင်တော်သဖြင့် ဤအခြေအနေကိုမြင်သည်နှင့် ကျန်းကျန့်ထံမသွားပဲ ထမင်းချက်လီနှင့်ရှောင်ရို့တို့နှင့်သာ အတူတူစားသည်။
သူမက ကျန်းကျန့်ထံမှ ဤသို့အဆက်ဆံခံရသည်အား အာရုံမထားပါချေ။အမှန်တွင်ဖြင့် သူမ ကျောက်မိသားစုတွင်နေရသည့်နေ့ရက်များက ကျန်းမိသားစုတွင်နေရသည်ထက် ပိုကောင်းပေသည်။အခြားမပြောနှင့် အစားအစာများပင်လျှင်...ကျန်းကျန့်က သူတို့သုံးယောက်လုံးမှာ အိမ်တွင်ချက်သည့် ဟင်းပွဲများစားနိုင်သည်ဟု ပြောထား၍ ကျောက်မိသားစုအသားစားလျှင် သူတို့လည်း အသားစားရသည်။
ဥပမာအနေနှင့် ယနေ့တွင် ထမင်းချက်လီက ကြက်တစ်ကောင်သတ်ထား၍ ကြက်သားစားရမည်ဖြစ်သည်။
ထမင်းချက်လီနှင့်အခြားသူများက စစားနေပြီဖြစ်သော်ငြား ကျန်းကျန့်က မစားသေးပဲ ကျောက်မင်ကျူးအား ယာဂုခွံ့ကျွေးနေသည်။
သူမက ငယ်ကတည်းက ဇွန်းနှင့်ကျွေးဖူး၍ထင် ကျောက်မင်ကျူးက ယာဂုအား မငြင်းဆန်ပဲ ပို၍ပင်ကြိုက်နေသည်။ သို့သော်လည်း ကျန်းကျန့်က ပိုမကျွေးရဲချေ။ သူမအား နည်းနည်းကျွေးပြီးနောက် သူ့ဘေးရှိ သစ်သားပုံးလေးထဲထည့်ကာ အထဲတွင်ထိုင်ပြီးဆက်ကစားစေသည်။
ကျန်းကျန့်တွင် ပိုက်ဆံအမြောက်အများရှိနေပြီဖြစ်သော်ငြား သူတို့မိသားစုတွင် ထမင်းချက်သန့်ရှင်းရေးလုပ်သည့် ထမင်းချက်လီနှင့်ရှောင်ရို့မှလွဲ အခြားအစေခံများမရှိချေ။ထို့ကြောင့် သူ့အတွက် အစားအစာများများစားစားလုပ်ရန်က မဖြစ်နိုင်ချေ။
ယနေ့တွင် စားပွဲပေါ်ရှိအသားဟင်းလျာက ကြက်သားတစ်မျိုးတည်းဖြစ်သော်လည်း ထမင်းချက်လီက အသီးအရွက်ဟင်းပွဲများစွာပြင်ထားကာ တစ်မျိုးစီက အရသာရှိလှသည်။ကျန်းကျန့်က အသက်တစ်ရှိုက်အတွင်း ထမင်းနှစ်ပန်းကန်စားကာ ကျောက်ကျင်းကောသည်လည်း သူစားသလောက်စားလိုက်သည်။
ကျောက်ကျင်းကောက အများကြီးစားသည်အား တွေ့သော် ကျောက်လျူက သူ့ထံ မျှော်လင့်တကြီးကြည့်လာ၏:
"ကျင်းကော..မင်းထပ်ပြီး ကိုယ်ဝန်ရှိနေတာလား"
“မဟုတ်ပါဘူး...အမေရာ..အတွေးလွန်နေပြီ"ကျောက်ကျင်းကောက ရှက်သွေးဖြာသွားသည်။
"ဘာလို့ မဟုတ်ရမှာလဲ...ကောတွေက နို့တိုက်စရာမလိုဘူးလေ...ဒါကြောင့် သိပ်မကြာခင် ကိုယ်ဝန်ရကြတာ"ကျောက်လျူက ထပ်ပြောလာပြန်သည်။
"အရမ်းမြန်နေတယ်လေ"သူက လွန်ခဲ့သောနှစ်ဝက်ခန့်ကမှ မီးဖွားထားခြင်းဖြစ်သည်။
သေချာပေါက်ပင် သူကိုယ်ဝန်မရှိနိုင်သည့် အခြားအကြောင်းရင်းများလည်းရှိသည်။
တစ်ချက်က ကျန်းကျန့်က အလွန်အလုပ်များကာ သူနှင့်အတူဆက်ဆံရန် အခွင့်ရေးမရှိခြင်းကြောင့်ဖြစ်ကာ နောက်တစ်ချက်မှာ ကျောက်မင်ကျူးအားမွေးဖွားပြီးသည်နှင့် ကျန်းကျန့်က မပြီးဆုံးမီ အပြင်တွင်လွှတ်၍ဖြစ်သည်။ဒီလိုမှဖြင့် သူ့မှာ ဘယ်လိုကလေးရှိတော့မှာလဲ။
သူက ဤအတွက် စိတ်ရှုပ်နေ၍ ကျန်းကျန့်အား အကြောင်းရင်းမေးကြည့်သည်။ကျန်းကျန့်က ကလေးတစ်ယောက်ပြီးတစ်ယောက်မွေးသည်က သူ့အတွက် မကောင်းနိုင်ကြောင်းပြောလာ၍ သူက အမေးရပ်လိုက်ရသည်။
သို့သော်ငြား သူက အမှန်ပင် နောက်ထပ်ကလေးတစ်ယောက်လိုချင်မိသည်။
ထိုအကြောင်းတွေးမိရင်း ကျောက်ကျင်းကောက ထိုညနေတွင် စိတ်အားထက်သန်မှုအပြည့်ပြလာ၍ ကျန်းကျန့်အား ပိုပြီးစိတ်လှုပ်ရှားစေသည်။အဆုံးတွင်ဖြင့် နှစ်ဦးသား မတော်တဆ ကျောက်မင်ကျူးအား နိုးမိပြီးငိုသွားစေမိသည်။
ကျန်းကျန့်:"......"
ကျန်းကျန့်က သူ့သမီးအား ချော့မြူချင်သော်ငြား ယခုအချိန်၌ မြားက လောင်ကျွမ်းနေဆဲအချိန်ဖြစ်သည်။ပြီးဆုံးသွားမှသာ ကျန်းကျန့်က သူ့သမီးအားချီရန် အားလပ်သွားလေသည်။
ကျန်းကျန့်က သမီးဖြစ်သူအား အိပ်ရန်ချော့သိပ်ပြီးမှ ကျောက်ကျင်းကောအား လက်ထဲပွေ့ဖက်လိုက်သည်။
"ကျင်းကော..မင်းဒီနေ့ဘာလို့အရမ်း စိတ်ပါနေရတာလဲ..ကိုယ့်ကိုလွမ်းနေတာလား"
သူမနေ့က ပြန်လာသည့်အချိန်က နောက်ကျနေပြီဖြစ်၍ ကျောက်ကျင်းကောနှင့် ဘာမျှမလုပ်လိုက်ရချေ။
“မင်ကျူးကို မောင်လေးတစ်ယောက်ပေးချင်လို့လေ"ကျောက်ကျင်းကောက ဆိုသည်။
"ဘာလို့ အလျင်လိုနေရတာလဲ..မင်ကျူးကြီးတဲ့အထိ စောင့်ပါအုံး"ကျန်းကျန့်က ဆိုသည်။အမှန်တွင်ဖြင့် သူက တစ်ယောက်ရှိရုံနှင့်လုံလောက်ပြီဟု တွေးထားသော်ငြား တစ်ယောက်တည်းရှိနိုင်သည့် အလားအလာက နည်းလေ၏။ရှေးခတ်ကာလတွင် သန္ဓေတားခြင်းအတွက် ထိရောက်သည့်နည်းလမ်းမရှိချေ။
သူ ယခုသုံးသည့်နည်းနှင့်လည်း မတော်တဆကိုယ်ဝန်ရနိုင်ခြေကမြင့်လေ၍ စိတ်မချရချေ။ ထို့ကြောင့် သူ့အားပြန်လည်မွေးဖွားလာစေရသည့် မတော်တဆအကြောင်း တွေးမိသည်။
ကျောက်ကျင်းကောနှင့် တစ်ခဏမျှ လုံးထွေးပြီးနောက် ကျန်းကျန့်က သူ့အားပြန်ဖမ်းမိသွားသည်။
"လာပါ ပြန်လုပ်ကြရအောင်..မင်း ကိုယ်ဝန်ရချင်ရသွားနိုင်တယ်"
ကျောက်ကျင်းကောလိုက်ပါမှုမရှိသည့် သူ့အပြင်ဘက်ကမ္ဘာက စိတ်ညစ်ဖွယ်ကောင်းသော်ငြား ပြန်ရောက်သည်နှင့် သက်တောင့်သက်တာရှိသွားလေသည်။သို့သော်လည်း အနာဂတ်တွင် သူက အိမ်တွင်သာ နားနိုင်တော့မည်ဖြစ်၍ ပိုက်ဆံစောင့်ပြီးစုစရမည်ပင်။သူသာ အပြင်ထွက်ရလျှင်လည်း ကျောက်ကျင်းကောနှင့်ကျောက်မင်ကျုးတို့ပါ ခေါ်သွားမည်ဖြစ်သည်။
ကျန်းကျန့်က ရုတ်တရက် သူ့အနာဂတ်ဘဝအား မျှော်မှန်းကြည့်သည်။
လွန်ခဲ့သည့်သုံးလကျော်က ကျန်းကျန့်ကိုယ်ရံတော်လုပ်ငန်းက စရိတ်များအားလုံးနှုတ်ယူပြီး အသားတင်အမြတ်က ငွေစငါးရာကျော်ရ၏။ထို့ပြင် အုတ်ဖိုမှလည်း ငွေစငါးရာကျော်လောက်ရ၍ အမြတ်က ငွေစတစ်ထောင်ခန့်ဖြစ်သွားသည်။
ဤနည်းလမ်းနှင့် ကျန်းကျန့်က သင်္ဘောကြီးကြီးများဝယ်ရန် တွေးထားသည်။သူ စိတ်ကျေနပ်လျှင် ကျောက်ကျင်းကောကိုလည်း ဤအကြောင်းပြောရမည်ပင်။
ကျောက်ကျင်းကောသည်လည်း ပိုက်ဆံများများရှာချင်လျှင် ဦးစွာရင်းနှီးမြှုပ်နှံရမည်အား သိထား၍ ကန့်ကွက်ခြင်းမရှိပေ။သူက အုတ်ဖိုကိုချဲ့ထွင်နိုင်သော်လည်း အခြားရွာတွင်ဆောက်သည်က ပိုကောင်းမည်ဟု ပြောလာ၏။
"မဆိုးဘူး"ကျန်းကျန့်က ခေါင်းညိမ့်ပြလာပြီး အနာဂတ်တွင် သူက သင်္ဘောသေးသေးလေးနှင့်မသွားတော့ဟု ပြောလာ၏။
"အဲ့ဒါနဲ့မသွားလို့ အဆင်ပြေပါ့မလား"
“ပြသနာမရှိဘူး"ကျန်းကျန့်က ပြုံးကာဆိုသည်။
"ကိုယ့်လက်အောက်မှာ အသုံးဝင်မယ့်လူတစ်ချို့ရှိနေပြီလေ စာရင်းကိုင်အယောက်နှစ်ဆယ်ကလည်း အလုပ်ကောင်းကောင်းလုပ်နေကြတယ်"
“ကျန့်ပေါင်နင်ကော အဲ့ထဲပါလား"ကျောက်ကျင်းကောက မေးလိုက်သည်။"သူက အတတ်မြန်တယ်..အလုပ်ကြိုးစားတယ်"
"ပါတာပေါ့..သူက ဒီတစ်ခေါက် အလုပ်ကောင်းတစ်ခုလုပ်ခဲ့လို့ ဆုချခဲ့သေးတယ်"
ကျန်းကျန့်က ဆိုသည်။
ကျန်းကျန့်က ကျန့်ပေါင်နင်အပေါ် ကျေနပ်အားရမိကာ ကျန့်ပေါင်နင်ကလည်း ကျန်းကျန့်အား အလုပ်ရှင်ကောင်းတစ်ယောက်အဖြစ် တွေးထား၏။
သူက ကျန်းကျန့်နှင့်သုံးလကြာသာ နေခဲ့ဖူးသော်လည်း ကျန်းကျန့်က မျှော်လင့်မထားစွာ သူ့အားမြေတောင်မြောက်ပေးခဲ့သည်။
ဤတစ်ကြိမ် ထွက်ပြီးပြန်လာရာတွင် ကျန်းကျန့်က သူ့အား ငွေစနှစ်စနှင့်ဘဲတစ်ကောင်အား ဆုအဖြစ်ပေးခဲ့ပြီး အနာဂတ်တွင် ဝမ်ဟိုင်ရှန်းနှင့်အတူလုပ်ကိုင်ရန် ပြောခဲ့သည်။
ထိုအပိုင်းကိုသာ တာဝန်ယူလိုက်ပါက သူက တစ်လလျှင် ငွေစငါးစရမည်ဖြစ်ပြီး အလုပ်ကောင်းကောင်းလုပ်ပါက အပိုဆုကြေးပင်ရလိမ့်မည်။
တစ်လကို ငွေစငါးစ...။
ကျန့်ပေါင်နင်က ပျော်ရွှင်နေကာ သူ့အမေ၊အစ်ကိုနှင့် ညီမနှစ်ယောက်စလုံးလည်း ပျော်နေကြသည်။သူ့အမေက ပထမဆုံးရက်တွင်ပင် ဘဲအားချက်လိုက်ကာ နောက်တစ်ရက် ချက်စားရန်အတွက် ကြက်သားဝယ်လာခဲ့သည်။
ထိုအချိန် စုန့်လီလည်းရောက်လာပြန်၏။
သူတို့စကားများပြီးနောက် ကျန့်ပေါင်နင်က အလွန်အလုပ်များနေ၍ စုန့်လီအား မမြင်သည်မှာကြာပြီဖြစ်သည်။ယခုစုန့်လီအားတွေ့လိုက်ရာ နဂိုအမြင်မကြည်သည်ပါ မေ့သွားပြီး စုန့်လီအား ညစာဖိတ်လေ၏။သို့သော်ငြား စုန့်လီက သူ့အား ကျန်းကျန့်လက်အောက်အလုပ်မလုပ်ရန်အတွက် သိမ်းသွင်းရန်ရောက်လာခြင်းဖြစ်သည်။
ကျန့်ပေါင်နင်က စုန့်လီအား မောင်းထုတ်ရန်တွန့်ဆုတ်မနေပေ သူ့အား အာရုံမစိုက်ချင်မိချေ။
ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းတွင် အလုပ်လုပ်နေကြသူနှစ်ဆယ့်နှစ်ယောက်ရှိကာ သူတို့အားလုံးက အလုပ်အပေါ်စိတ်ကျေနပ်မှုအပြည့်ရှိကြသည်။သူတို့က သင်္ဘောပေါ်တွင်အချိန်ကုန်သည်များသော်လည်း ကောင်းကောင်းစားနေရ၍ အချို့က ဝပင်ဝလာသည်။
စုန့်လီကဘာလို့ ရေးကြီးခွင်ကျယ်လုပ်နေရတာလဲ။သူ့အား အလုပ်ထွက်ခိုင်းနေသည်က ယုံပင်မယုံနိုင်။
ကျောက်ပေါင်နင်၏ကြည်လင်နေသောစိတ်ကလေးက စုန့်လီကြောင့် ပျက်သွားပြီး စုန့်လီသည်လည်း ဤတစ်ကြိမ်၌ အလွန်ဒေါသထွက်သွားသည်။အခြားသူများကဲ့သို့ ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်းတွင် အလုပ်လုပ်နေသည့် ကျန့်ပေါင်နင်မှာ သူတို့က လူကောင်းများဟု မပြောပဲနေနိုင်မည်နည်း။
ကျန်းကျန့်ဘက်တွင်လည်း အရာအားလုံးက လမ်းကြောင်းမှန်ပေါ်ရောက်သွားကာ မြို့တော်တွင် နှစ်ဝက်ကျော်ကျော်နေလာခဲ့သည့် ကျန့်ရီက ဟယ်ချောင်သို့ပြန်လာပေသည်။
သူက အင်ပါယာစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်လာပြီးနောက် မြို့တော်တွင် အချိန်အတော်ကြာနေခဲ့သော်ငြား တစ်ချိန်လုံးမနေနိုင်ချေ။အမှန်တွင်ဖြင့် သူက နန်းတွင်းရေးရာဌာနသို့ ပိုးထည်တင်ပို့ပေးရခြင်းဖြစ်ပြီး ပိုးထည်ကောင်းများကလည်း ယန့်ကျီမြစ်တောင်ပိုင်းမှ လာလေသည်။
သူ ဟယ်ချောင်မှထွက်လာသည့်အချိန်နှင့်ဆိုရလျှင် တစ်နှစ်ကျော်ပြီဖြစ်သည်။ဟယ်ချောင်စီရင်စုဆိပ်ကမ်းများအားကြည့်ရင်း ကျန့်ရီမှာ ကျန်းကျန့်အကြောင်းမတွေးပဲမနေနိုင်။
ကျန်းကျန့်မှာ သူပြန်လာပြီးနောက် ဟယ်ရှီတွင်သာ တစ်ချိန်လုံးနေနေ၍ ဖြစ်ပျက်နေသည်တို့အား မသိလိုက်ချေ။