Chapter 155
- ပူးပေါင်းဆောင်ရွက် ငွေရှာခြင်း
ကျန့်ရီက လွန်ခဲ့သောနှစ်များစွာကတည်းက လက်ထပ်ထားပြီးဖြစ်ပြီး ကလေးရှိသည်မှာလည်း ကြာပြီဖြစ်သည်။ သူ့ကလေးများအား သူနှင့်အတူမခေါ်လာဖူးသော်လည်း သူတို့အကြောင်းသိလေသည်။ကျန့်ပေါင်နင်၏စကားများကြားပြီးနောက် သူက ရုတ်တရက် နားလည်သွားသည်။
ဖုန်ကျင်းယွမ်ကလည်း ပြုံးလိုက်သော်ငြား ရှန်အန်ရှင်းက အနည်းငယ် စဥ်းစားမရဖြစ်သွား၏။
“ဘာ အဆင်မပြေဖြစ်တာလဲ...ကလေးကရော ကြည့်ကောင်းလို့လား"သူက ဤကလေး ကျောက်ကျင်းကောမွေးမမွေးမသိချေ။ကျောက်ကျင်းကော မြို့တော်မှာရှိတုန်းက ကိုယ်ဝန်မရှိဘူးလားလို့...။
ရှန်းအန်ရှင်းမှာ အစောပိုင်းတွင် ကျန်းကျန့်နှင့် ပြောဆိုဆက်ဆံမှုသိပ်မရှိကာ အကြိမ်အနည်းငယ်သာ ဆုံဖူးလေ၏။လူများကလည်း အကြောင်းပြချက်မရှိ သူ့အား ကျောက်ကျင်းကောကိုယ်ဝန်ရှိနေကြောင်း ပြောပြမည်မဟုတ်၍ သူက ကျောက်ကျင်းကောကိုယ်ဝန်ရှိနေမှန်း မသိပါချေ။
ကျန့်ပေါင်နင်က ပြုံးလိုက်ပြီး ဘာမျှဖြေဆိုမလာ၍ ကျန့်ရီက ရယ်မောလိုက်သည်။
"သူ့သမီးက သူ့ပေါ်သေးပေါက်ချလိုက်တာဖြစ်မယ်..ကျန်းကျန့်က သူ့သမီးခေါ်လာပြီး လူတွေကိုပြတော့ သူ့ကလေးက သူ့ပေါ်သေးပေါက်ချရော...ငါ ဒါကိုချရေးထားရမယ် ဒါမှ ကောင်မလေးကြီးလာရင် စလို့ရမှာ"
ကျန်းကျန့်သမီးမှာ သူမကလေးဘဝတုန်းက ဘောင်းဘီထဲသေးပေါက်ချခဲ့ပြီး ဆိပ်ကမ်းတစ်ခုလုံးမြင်သွားသည်အား သိလိုက်ပါက အလွန်ရှက်သွားလိမ့်မည်ဖြစ်သည်။ဤသို့တွေးနေရင်း ကျန့်ရီက ထိုကောင်မလေးကြီးလာမည့်ပုံစံအား ပုံဖော်ကြည့်သည်။ထို့နောက် သူက အနည်းငယ် ဆိုးဝါးသလိုခံစားရ၏။
ကျန်းကျန့်နှင့်ကျောက်ကျင်းကောတို့၏သမီးသာ သူတို့နှင့်တူပါက ဤမယုံရသည့်ကျန်းကျန့်မှာ သူ့သမီးအား ကျောက်ကျင်းကောအသွင် လေ့ကျင့်ပေးနိုင်၏။သူသာ ကျန်းကျန့်သမီးကိုသွားစရင် စိတ်ကြီးတဲ့ကောင်မလေးက ရိုက်မလာနိုင်ဘူးလား။
ကျန်းကျန့်က ကျန့်ပေါင်နင်နှင့်ဆန့်ကျင်စွာ စကားမပေါချေ။
စီရင်စုမြို့ထဲရှိ ငါးနှစ်ခြောက်နှစ်ခန့် ပန်းချီဆွဲစားသည့် ကောများနှင့်အမျိုးသမီးများအား နေ့စဥ်နေ့တိုင်းပတ်သတ်နေရ၍ ကျန့်ပေါင်နင်က အပြောကြွယ်လာကာ လူများအား မည်သို့မည်ပုံပျော်ရန်လုပ်ရမည်ကိုလည်း ကောင်းကောင်းသိလေ၏။
သူက ကျန့်ရီပျော်သွားစေရန် လိုရာဆွဲယူပြောဆိုကာ ကျောက်မိသားစု၏အိမ်အသစ်သို့ သွားရင်း ဆိပ်ကမ်းအကြောင်း အသေးစိတ်ပြောပြလေ၏။
ကျောက်ဖူကွေ့မှာ အနားမနေနိုင်သည့်သူဖြစ်၍ ကျောက်မိသားစု၏လယ်မြေများတွင် စိုက်ပျိုးရန်တောင်းဆိုထားသည်။ထို့ကြောင့် ကျန်းကျန့်လူများက သူ့အားကူညီကြမည်ဖြစ်၍ သူ့တွင် လုပ်စရာများများစားစားမရှိချေ။
သူတို့က ကြက်ဘဲများမွေးမြူထားပြီး မကြာမီ ထိုကြက်ဘဲများက ကိုယ်တိုင်အစာကျွေးရန် မလိုတော့ချေ။သူတို့က ရွာသားများထံမှ ခရုများဝယ်ကာ ရွာသားစုံတွဲတစ်တွဲအား အစာကျွေးငှားထားလိုက်သည်။
ဤနည်းလမ်းဖြင့် ကျောက်လျူက အလုပ်မများတော့ပဲ ကြက်ဘဲများ ပိုမိုမွေးမြူနိုင်သည်။သို့သော်လည်း သူတို့က များများမွေးသော်လည်းရောင်းချခြင်းမပြုကြ။သူတို့က စားသောက်၍ဖြစ်စေ ကျန်းကျန့်က သူ့လူများအား ဆုချ၍ဖြစ်စေ သုံးသည်။
ကျောက်မိသားစုက ချမ်းသာကြွယ်လာသော်ငြား လယ်ယာအလုပ်မစွန့်လွှတ်ကြကာ ကိုယ့်ရပ်ဒေသချစ်စိတ်ရှိသူဖြစ်သည်။ခြံဝန်းထဲတွင်လည်း ပန်းပင်နှင့်အပင်ငယ်လေးများစိုက်ရမည့်အစား ရွှေသဖန်းသီး၊တရုတ်တည်သီးနှင့် မက်မွန်ပင်များစိုက်ပျိူးခဲ့သည်။
ထိုမျှမက သူတို့ရောက်သွားသော် ကျောက်ကျင်းကောက မြေပေါ်တွင် ကောက်ပဲသီးနှံများအား အခြောက်လှမ်းနေသည်။
ဤခေတ်တွင် သူတို့က ကောက်ပဲသီးနှံများအား အချိန်အတော်ကြာ ထိန်းသိမ်းထားချင်ပါက နေရောင်ထဲတွင် အကြိမ်အနည်းငယ် အခြောက်လှမ်းထားရန်လို၏။ထိုနေ့က နေပြင်း၍ အိမ်တွင်လည်း ဘာမှလုပ်စရာမရှိရာ ကျောက်ကျင်းကောက နေထုတ်လှမ်းနေခြင်းဖြစ်သည်။
အလုပ်က မပင်ပန်းသဖြင့် နားနားနေနေလုပ်နေခြင်းဖြစ်ပြီး အခြောက်မလှမ်းမီ လေ့လာနေရ၍သာ အနည်းငယ် မူးနောက်နောက်နေသည်။
“ဆရာ...ဧည့်သည်ပါလာတယ်"ကျန့်ပေါင်နင်က ကျောက်ကျင်းကောအား နှုတ်ဆက်အရိုအသေပေးလိုက်သည်။
“ကျောက်ကျင်းကော ...မင်း ဘာလို့ ကောက်ပဲသီးနှံတွေ အခြောက်လှမ်းနေရတာလဲ"ကျန့်ရီက ကျောက်ကျင်းကောအား အံ့အားသင့်စွာကြည့်လိုက်သည်။
“သခင်လေးကျန့်ပါလား..."ကျောက်ကျင်းကောက ပေါက်ပြားအားချလိုက်ပြီး ဆိုသည်:"ဘာမှလုပ်စရာမရှိဖြစ်နေတော့ ကောက်ပဲသီးနှံတွေ ထုတ်လှမ်းမလို့လေ...သခင်ကြီးကျန့် ဝင်ပါအုံး"
လွန်ခဲ့သော လအနည်းငယ်ခန့်က ကျောက်ကျင်းကောက နေရာစုံမှလူများနှင့် စီးပွားရေးအကြောင်း ပြောဖူးဆိုဖူးလေသည်။ကျောက်ကျင်းကောက ကျန့်ရီအားမြင်သောအခါ ယခင်ကလောက် ရှိန်မနေတော့ချေ။ထို့အပြင် ပိုပြီး သက်တောင့်သက်တာဖြစ်လာ၏။
ကျန့်ရီက ဤသည်အားတွေ့လိုက်ရာ အနည်းငယ် အံ့အားသင့်သွားသည်။
ကျောက်ကျင်းကောက လူများအား အိမ်ထဲသို့ခေါ်လိုက်စဥ် ကျန်းကျန့်ကလည်း သူ့သမီး၏သေးဝတ်အား လှဲပြီးပြီဖြစ်ကာ သူ့အင်္ကျီလည်းလှဲထားလေ၏။
သူ့သမီးအား အခန်းတိုင်းတွင်သိပ်ထားနိုင်ရန်အတွက် ကျန်းကျန့်က အချင်းတစ်မီတာကျော်လောက်ကျယ်သည့် ပုခက်အား များစွာလုပ်ခိုင်းထားပြီး ဧည့်ခန်းထဲတွင်လည်း တစ်ခုရှိလေသည်။သူ့သမီးအား ထိုအထဲချလိုက်ပြီးနောက် ကျန်းကျန့်က ကျန့်ရီအား နှုတ်ဆက်လိုက်သည်။
ကျန့်ရီက ဤတစ်ကြိမ်တွင်မှာ မည်သည့်တောင်းဆိုချက်မှပါမလာပဲ လာသည်ဖြစ်ပြီး ကျန်းကျန့်နှင့် စကားစမြည်ပြောရုံသာဖြစ်သည်။သို့သော်လည်း ကျောက်မင်ကျူးက လျစ်လျူရှုထားခံရ၍ မကျေမနပ်အော်ငိုတော့သည်။ကံကောင်း၍ ကျောက်ကျင်းကောက ရောက်လာပြီး သူ့သမီးအား အဝေးခေါ်သွားသည်။
“ဒါဖြင့် မင်းက လှေမလိုက်တော့ဘူးပေါ့"သူက ကျန်းကျန့် အနားယူတော့မည်ဖြစ်ကြောင်းကြားသေည် ကျန့်ရီက မေးလိုက်ခြင်းဖြစ်သည်။
“ဟုတ်တယ်"ကျန်းကျန့်က ခေါင်းညိမ့်ပြသည်။
"ပြေးလွှားနေရတာ ပန်းလာပြီ...အိမ်မှာ အချိန်တစ်ခုလောက် နားအုံးမလို့"ကျန်းကျန့်က ဆို၏။
“..ငါမင်းကို ဟယ်ချောင်စီရင်စုမှာရှိတဲ့ လောင်းကစားအိမ်ရဲ့ မန်နေဂျာရာထူးနဲ့ အမြတ်ရဲ့ သုံးဆယ်ရာခိုင်နှုန်းပေးမယ်လို့ ကတိပေးထားသေးတယ်လေ...မင်း အခု ဒါတွေကို ကြိုက်တော့မှာမဟုတ်ဘူး..ဒီလိုလုပ်..မင်းငါ့ကိုကူပြီး ဟယ်ရှင်းစီရင်စုနယ်မြေမှာ လောင်းကစားအိမ်အများကြီး ဆောက်ပေး..အဲ့ဒီလောင်းကစားအိမ်တွေရဲ့ အမြတ်တစ်ဝက်ကို မင်းရလိမ့်မယ်"
“သခင်ကြီးကျန့် အတည်ပြောတာပါလား"ကျန်းကျန့်က ကျန့်ရီအား ကြည့်လိုက်သည်။
“အတည်"ကျန့်ရီက ဆိုသည်။
“သခင်လေးကျန့်..ကျုပ်ခင်ဗျားအတွက် သေချာလုပ်ပေးပါ့မယ်"ကျန်းကျန့်က အင်တင်တင်ဖြစ်နေ၍ သူက ပြောလိုက်သည်"ဒါပေမယ့် မင်းကို အရင်းတစ်ဝက်နဲ့ လူအင်အားအပြည့်ပေးမယ်လေ"
“ကောင်းပြီလေ..လုပ်ကြတာပေါ့"ကျန့်ရီက ဆို၏။
နှစ်ဦးသား အမြန်ပင် လုပ်ငန်းစပြီး ကျန်းကျန့်က အခြားတစ်ခုအား အမှတ်ရသွားသည်။"စကားမစပ် ဒီလူအင်အားအကြောင်းဆိုလို့ ကျုပ်မှာလည်း အသုံးဝင်တဲ့လူတွေရှိတယ်ရ အဲ့ဒီမှာပဲလေ..မနက်ဖြန် စီရင်စုမြို့ကိုသွားတဲ့အခါ သခင်လေးကျန့်ကို ခေါ်ပြအုံးမယ်"
ကျန်းကျန့်က ပင်လယ်ဓားပြများထံမှ ကယ်ထားသည့် လျူချမ်ချမ်နှင့်ကျောက်လင်ရှီးတို့အကြောင်းပြောနေခြင်းဖြစ်သည်။
ဤလူများထဲတွင် ပန်းထိုးအဝတ်များနှင့် ပိုက်ဆံမရှာချင်သူများလည်းရှိ၍ သူသာ လောင်းကစားအိမ်ဖွင့်လိုက်ပါက သူတို့အား ထိုနေရာတွင် အလုပ်ပေးနိုင်၏။သို့သော်လည်း သူက လျူချမ်ချမ်နှင့်ကျောက်လင်းရှီတို့ လောင်းကစားဆိုင်တွင် အလုပ်လုပ်ပါ့မလား မပြောရဲသေး။
မဟုတ်ဘူး...လောင်းကစားအိမ်လို့မခေါ်ရဘူး။ပိုပြီး အထက်တန်းကျကျ နာမည်ပေးရမယ်။
ကျန့်ရီက ကျန်းကျန့်နှင့်အတူ နေ့လယ်စာစားနေချိန် ကျောက်ကျင်းကောက ရှန်းအန်ရှင်းအား လေ့လာဆန်းစစ်နေသည်။
ရှန်းအန်ရှင်းက ကျန်းကျန့်အပေါ် အာရုံရှိမနေမှန်း သိသွားမှသာ စိတ်ကြည်လာ၏။
“ကျန်းကျန့်...ခင်ဗျားတကယ်ပဲ ကျန့်ရီနဲ့အတူတူ လောင်းကစားဆိုင်ဖွင့်ချင်တာလား"ကျောက်ကျင်းကောက ဧည့်သည်များပြန်သွားပြီးနောက် မေးလာသည်။
“အင်း"ကျန်းကျန့်က ဆိုလိုက်သည်။
"ကိုယ်ရံတော်လုပ်ငန်းက ကိုယ့်စီးပွားရေးမို့ အလေးပေးလုပ်မှာပါ ဒါပေမယ့် ပိုကြီးလာဖို့ဆို အချိန်နဲ့ငွေပိုကုန်လိမ့်မယ်..အဲ့လိုဆိုရင် ပိုက်ဆံနည်းနည်းလောက်ထပ်ရှာဖို့ ရင်းနှီးမြှုပ်နှံမှုအချို့ လုပ်ဖို့လိုမယ်"
“ဘာများလဲ"ကျောက်ကျင်းကောက နားမလည်ချေ။
“ဆိုလိုချင်တာက ကိုယ်က လောင်းကစားဆိုင်တစ်ခုဖွင့်ပြီး အဲ့ကနေ အရင်းရမယ်"ကျန်းကျန့်က ရှင်းပြလာသည်။"အချိန်သိပ်မကြာလောက်ပါဘူး..ကိုယ်အဲ့မှာ ညှိပြီးရင် မင်းနဲ့မင်ကျူးလည်း ကိုယ့်နောက်လိုက်ခဲ့လို့ရတယ် အဆင်ပြေသွားပြီလေ"
ကျန်းကျန့်က ကျန့်ရီအားကူမည်ဟု ဆုံးဖြတ်ပြီးသားဖြစ်၍ သူ့ဇနီးနှင့်သမီးကိုပါ အတူခေါ်သွားမည်ဖြစ်သည်။တစ်ဖက်တွင်လည်း ကျန့်ရီက ခန့်မှန်းကြည့်သည်။
"ကျန်းကျန့်..ဒီကောင်လေး သေချာပေါက် ကျောက်ကျင်းကောကိုခေါ်လာမှာပဲ...မဟုတ်သေးဘူး သူ့သမီးပါ ခေါ်လာမှာစိုးရတယ်"
“မဖြစ်နိုင်ဘူးလေ...သခင်လေးကျန့် ကလေးက တစ်နှစ်တောင်မပြည့်သေးဘူးကို"ဖုန်ကျင်းယွမ်က မယုံချင်။
“သူဒီနေ့ လုပ်ခဲ့တာကိုကြည့်လေ...သူ့သမီးပါခေါ်လာမယ်လို့ လောင်းရဲတယ်"ကျန့်ရီက ဆိုလိုက်သည်။
"သူက ငါတွေ့ဖူးတဲ့ မိသားစုကိုချစ်တဲ့သူမျိုးပဲ"
သူတို့ကဲ့သို့ယောကျ်ားမျိုးက ကလေးအား တစ်ချိန်လုံးထိန်းနေမည်မဟုတ်သော်လည်း ကျန်းကျန့်ကဖြင့် ကလေးချီထားရုံမက လှည့်ပတ်ပြနေသေးသည်။
“သခင်လေးကျန့်..အဲ့လို မဟုတ်လောက်ပါဘူး"ရှန်းအန်ရှင်းက ဆိုသည်။သူက ကျန်းကျန့်မှာ ကျောက်ကျင်းကောအပေါ်အလွန်ကြင်နာမှန်း တွေးမိသော်ငြား ကျန်းကျန့်တွင်လည်း ကျောက်ကျင်းကောအပြင် အမျိုးသမီးများနှင့်ကောကိုယ်လုပ်တော်များ ရှိချင်ရှိနေနိုင်၏။
တစ်နှစ်ကြာသွားသော်ငြား ရှန်းအန်ရှင်းက ဤအကြောင်းတွေးမိတိုင်း နာကျင်ရဆဲဖြစ်သည်။
ကျန့်ရီက ရှန်းအန်ရှင်း၏မယုံသင်္ကာမှုအား ဂရုစိုက်မနေပေ။ကျန်းကျန့်အကြောင်းမသိသူများက ကျောက်ကျင်းကောအပေါ် သူ၏ချစ်မြတ်နိုးမှုအား ယုံကြည်ရန်ခက်ခဲလေ၏။သို့သော်လည်း သူက ယုံပေသည်။
ကျန်းကျန့်၏ကျောက်ကျင်းကောအပေါ် သဘောထားက သူ့အား ပို၍ပင် ကျန်းကျန့်နှင့်ပူးပေါင်းစေမိ၏။သူသာ ကျန်းကျန့်နှင့်စပ်တူလုပ်လျှင် ပန်သွမ်နှင့်ရှန်းမိသားစုတို့နှင့်ပူးပေါင်းသည့်အခါကလောက် မြိုသိပ်နေရမည်မဟုတ်ပေ။
နောက်တစ်နေ့မနက်စောစောတွင် ကျန်းကျန့်က စီရင်စုမြို့သို့မသွားမီ ကျောက်ကျင်းကောအား ခေါ်ပြီး ကျောက်မင်ကျူးအား ကျောပိုးချည်လိုက်၏။
သူက "ကျောပိုးရသည်"ဆိုသည့်စကားလုံးအား သုံးရခြင်းမှာ ရာသီဥတုအေးလာပြီဖြစ်၍ ကျောက်လျူက ခရီးရှည်ထွက်သည့်အခါ သူ့မြေးအအေးမိမည်စိုး၍ ကျန်းကျန့်အား ခြုံစောင်ကြီးယူလာပေးပြီး ကျောက်မင်ကျူးအား ပိုးထားစေ၏။
ကျန်းကျန့်က လှေပေါ်ရောက်သော် သူ့သမီးအားပိုးထားသည်ကို ဖြေလိုက်ချင်သော်ငြား ကျောက်မင်ကျူးက အိပ်ပျော်နေပြီဖြစ်၏။
“ကျင်းကော..စီရင်စုမြို့ကိုရောက်ရင် ပစ္စည်းတွေချဖို့ ကိုယ်ဝယ်ထားတဲ့အိမ်ကို အရင်သွားမယ် အဲ့မှာမင်ကျူးကိုအိပ်ခိုင်းပြီးမှ သခင်လေးကျန့်အိမ်သွားကြတာပေါ့"ကျန်းကျန့်က ကောက်ကျင်းကောအား ပြောလိုက်သည်။
သူက ဤတစ်ကြိမ်အပြင်ထွက်သည့်အခါ ကျောက်မင်ကျူးကိုပါခေါ်ခဲ့သော်ငြား ကလေးအား သူနှင့်တစ်ချိန်လုံးခေါ်ထားရန် မစီစဥ်ထားချေ။အမှန်တွင်ဖြင့် လုပ်ငန်းလုပ်သည့်အခါ ကလေးကိုခေါ်သွားရန်က အဆင်မပြေလောက်ချေ။ထို့ကြောင့် သူက ထမင်းချက်လီနှင့်ရှောင်ရို့တို့ကိုပါ ခေါ်လာပြီး ကျောက်မင်ကျူးအား စီရင်စုထဲရှိ သူ့အိမ်တွင်သာ အများစုနေရန် စီစဥ်ထားသည်။ဤသို့ဖြင့် သူက အလုပ်သွားသောအခါ သူ့သမီးအား ထားခဲ့မည်ဖြစ်ပြီး အလုပ်ပြီးသည်နှင့် အိမ်ပြန်လာပြီး သမီးနှင့်အတူရှိနိုင်မည်ဖြစ်ကာ မိသားစုနှင့် ညစာစားနိုင်မည်ဖြစ်၏။
တကယ်တမ်း ကျန်းကျန့်မှာ ကျောက်ဖူကွေ့နှင့်ကျောက်လျူတို့ကိုပါ ခေါ်လာချင်ခဲ့သော်လည်း သူတို့က ဒုက္ခများနိုင်ကြောင်း တွေးမိပြီး မလိုက်ချင်၍ဖြစ်သည်။
ထိုညက မည်သို့ပင်ဆိုစေ သူပြန်လာမည်ဖြစ်ကြောင်းစဥ်းစားမိ၍ ကျန်းကျန့်က တွန်းအားမပေးတော့။
ကျန်းကျန့်နှင့်ကျောက်ကျင်းကောတို့က စောစောထွက်လာကြသည်ဖြစ်၍ စီရင်စုမြို့သို့ရောက်သော် မိုးသောက်ချိန်သာရှိသေးသည်။ထမင်းချက်လီနှင့်ရှောင်ရို့တို့အား အရင်နေရာချပေးလိုက်ပြီး ကူညီလုပ်ကိုင် အစောင့်ထားရန် လူနှစ်ယောက်ချထားသည်။ထို့နောက် သူတို့က ကျန့်ရီအားတွေ့ရန် ကျန့်အိမ်တော်သို့သွားလိုက်ကြသည်။
“ကျန်းကျန့်...စောလှချည်လား"ကျန့်ရီက သမ်းလိုက်ရင်း ဆိုသည်:
"ပြောမယ်ဆို ငါက မင်းသမီးကိုပါ ခေါ်လာမယ်လို့ ထင်ထားတာ..ဒါပေမယ့် မမျှော်လင့်ထားစွာနဲ့ သူမကို ခေါ်မလာခဲ့ဘူးပေါ့"
“ကလေးက ခေါ်ခဲ့တယ်..အိပ်နေတာနဲ့ စီရင်စုက ကျုပ်နေရာမှာပဲ ထားခဲ့တာ"ကျန်းကျန့်က ဆိုသည်။
ကျန့်ရီမှာ မရယ်ပဲမနေနိုင်တော့။
ကျန့်ရီနှင့်ကျန်းကျန့်တို့နှစ်ဦးစလုံးက အရင်ဆုံး ဟယ်ချောင်စီရင်စုတွင် လောင်းကစားအိမ်တစ်ခုဖွင့်ရန် စီစဥ်ထား၏။သေချာပေါက် သူတို့က ဤလောင်းကစားအိမ်အား ချင်ဖုန့်အိမ်တော်ဟူသည့် နာမည်လှလှလေးပေးထားပြီးဖြစ်၏။
ဤချင်းဖုန်အိမ်တော်က လူချမ်းသာများအတွက်သာဖြစ်ပြီး ထိုလူချမ်းသာများက ထိုနေရာတွင် ပိုက်ဆံဖြုန်းနိုင်၏။သို့သော်ငြား သူတို့က ဤနေရာတွင် ပိုက်ဆံအကုန်မရှုံးစေချင်၍ ချင်းဖုန်အိမ်တော်က လောင်းကစားလုပ်နိုင်ပါသော်ငြား အများကြီးလုပ်ခွင့်မပေးထားကာ လောင်းကစားအားလုံးက အသေးစားများသာဖြစ်သည်။သေချာပေါက် လူချမ်းသာများ၏ လောင်းကစားအနည်းငယ်ကစားခြင်းက သာမန်လူတို့၏စိတ်ကူးထက်ကျော်လွန်၏။
တစ်ချိန်တည်းမှာပင် လက်ဖက်ရည်၊အစားအသောက်နှင့်အခြားသော ဝန်ဆောင်မှုများလည်း ပါသည်။သေချာပေါက် သွေးသားပျော်စရာများဖြင့် ပါနိုင်မည်မဟုတ်။
ကျန်းကျန့်က ထိုအိမ်အား အဆင့်မြင့်ကလပ်အိမ်အဖြစ်ပြောင်းလိုက်ချင်၍ အဆင့်နိမ့်အရာများ မလုပ်ချင်ခဲ့။
စည်းမျဥ်းစည်းကမ်းများအကြောင်း အချိန်အတော်ကြာ ဆွေးနွေးပြီးနောက် ကျန်းကျန့်နှင့်ကျန့်ရီတို့က အတောမသပ်နိုင်ကြပေ။နေ့လည်ထိ အပြီးမသတ်နိုင်ကြသေး၍ အရင်ဆုံးနေရာတစ်ခုရွေးရန် စီစဥ်လိုက်သည်။
သူတို့ထွက်လာသည်နှင့် အပြင်တွင်စောင့်နေကြသည့် ဖုန်ကျင်းယွမ်နှင့်ရှန်းအန်ရှင်းတို့အား တွေ့လိုက်ရသည်။
မည်သို့ဆိုစေ သူတို့က နေရာကြည့်ရန်သွားခြင်းဖြစ်၍ ကျန့်ရီက သူတို့လိုက်ချင်နေသည်အား မတားမြစ်ချေ။ကျန်းကျန့်ကမူ ဂရုပင်မစိုက်ပါချေ။ဖုန်ကျင်းယွမ်ဖြစ်စေ ရှန်းအန်ရှင်းဖြစ်စေ သူ့မျက်စိထဲတွင်ဖြင့် သိပ်မရင်းနှီးကာ အကြိမ်အနည်းငယ်သာဆုံဖူးသူများသာဖြစ်သည်။
ကျန့်ရီက ဟယ်ချောင်စီရင်စုရှိ ကျန့်မိသားစုဝန်းတစ်ခုပေးလာပြီး ကြည့်လိုက်ရာ ကျန်းကျန့်ကျေနပ်သွားသည်။ထို့နောက် ကျန်းကျန့်က ပင်လယ်ဓားပြများထံမှ ကယ်တင်ထားသည့် အမျိုးသမီးများနှင့်ကောများအား တွေ့ရန်သွားလိုက်သည်။သူတို့သာ ဆန္ဒရှိပါက အနာဂတ်တွင် ချင်ဖုန့်အိမ်တော်တွင် အလုပ်လုပ်နိုင်မည်ဖြစ်၏။
အမျိုးသမီးများနှင့်ကောများက ကျန်းကျန့် စာရင်းကိုင်များအား စစ်ဆေးရန်သုံးသည့်နေရာဖြစ်သော ဟယ်ချောင်နှင့်မလှမ်းမကမ်းရှိ အိမ်တွင်နေရန်စီစဥ်ပေးထားခြင်းဖြစ်၏။ယင်းက အလွန်ကြီးမားပြီး အချို့နေရာများက ကျန့်ကျန့်ဒီဇိုင်းဆွဲထားသည့် ကုန်လှောင်ရုံပုံစံမျိုးဖြစ်၏။
အမျိုးသမီးများနှင့်ကောများအားလုံး အနောက်ဘက်ဝန်းတွင်နေကြသည်။ကျန်းကျန့်က ကျန့်ရီနှင့်အခြားသူများအား ထိုနေရာသို့ခေါ်လာခဲ့သည်။
နေရာရောက်သော် အထဲမဝင်မီ ကျောက်ကျင်းကောက ထိုအိမ်သားများအား နှုတ်ဆက်စေ၏။
“သခင်ကြီးကျန်း..ရောက်နေတာပါလား"
ကျန်းကျန့်အထဲဝင်လိုက်သည်နှင့် နူးညံ့ပြီးညုသံတစ်ချို့ပါသည့် လျူချမ်ချမ်၏အသံအား ကြားလိုက်ရသည်။
“အဲ့လိုအသံနဲ့ မပြောစမ်းနဲ့"ကျန်းကျန့်က မျက်မှောင်ကြုတ်လိုက်သည်။
“သခင်ကြီးကျန်းက ကျင့်သားရနေပြီမဟုတ်လား"လျူချမ်ချမ်က ထပ်ပြောလာ၏။
"သခင်ကြီးကျန်း...ဒီတစ်ခါကရော ကျွန်မတို့ဆီ လာတာဘာအကြောင်းရှိလို့ပါလဲ..ကျေးဇူးပြုပြီး ကိုယ်ရံတော်လုပ်ငန်းရဲ့အလံကို ပန်းထိုးဖို့တော့ ထပ်မခိုင်းလိုက်ပါနဲ့"
“လွယ်လွယ်နဲ့ ပိုက်ဆံအများကြီးရှာလို့ရတဲ့ အလုပ်တစ်ခုရှိတယ်..မင်းတို့လုပ်ချင်မလားလို့ မေးကြည့်တာ"
ကျန်းကျန့်က ဆို၏။
ကျန်းကျန့်က တည်ငြိမ်နေသလောက် ရှန်းအန်ရှင်းက နှလုံးသားဗြောင်းဆန်သလိုခံစားရသည်။
ဒီလူတွေက ဟိုတစ်ခါတုန်းက သူနဲ့တွေ့ဖူးတဲ့ ကျန်းကျန့်ရဲ့ ကိုယ်လုပ်တော်တွေမဟုတ်ဘူးလား။သူတို့က ကျန်းကျန့်ကိုယ်လုပ်တော်တွေမဟုတ်ပဲ ပင်လယ်ဓါးပြတွေလက်ထဲကနေ ကျန်းကျန့်ကယ်ပေးခဲ့တဲ့လူတွေတဲ့...။