အပိုင်း၁၅၆
Viewers 32k

Chapter 156

Chapter 156

- သတ်ပုံမှားသော အမည်နာမ



“သခင်ကြီးကျန်း ဘယ်လိုအလုပ်မျိုးလဲ"ကျောက်လင်ရှီးက ရှေ့တိုးလာရင်း လျူချမ်ချမ်အား ဘေးတွန်းလိုက်ကာ ကျန့်ကျန့်အား အားကိုးတကြီးကြည့်လာ၏။


“ဟုတ်တယ် သခင်ကြီးကျန်း...ဘယ်လိုမျိုးလဲ"


လျူချမ်ချမ်က ကျောက်လင်ရှီးရှေ့ပိတ်ရပ်ထားလိုက်သည်။ကျန်းကျန့်သာ လူတစ်ယောက်တည်းလိုလျှင် ကျောက်လင်းရှီအား မပေးလိုက်နိုင်။လျူချမ်ချမ် ပန်းထိုးရတာ ဘယ်လောက်စိတ်ညစ်နေမှန်း ဘုရားသခင်သာသိလိမ့်မယ်။


သူမက သဘောကျ၍သာ ရံဖန်ရံခါ လက်ကိုင်အိတ်လေးများထိုးလေ့ရှိပြီး ပျော်ရွှင်ဖွယ်အတိတ်ကာလဖြစ်၍ ပျော်ရွှင်ခဲ့သည်။သို့သော်ငြား ယခုက မကောင်းသည့်အရာများအတွက် ပျင်းပျင်းရိရိပန်းထိုးနေရသည်။စားဝတ်နေရေးအတွက်ဖြင့် ထိုအလုပ်မလုပ်ချင်ပေ။


လျူချမ်ချမ်က စဥ်းစားခန်းဝင်နေ၍ ကျောက်လင်ရှီးက ရှေ့တိုးလာ၏။


မသိမသာနှင့် တွန်းထိုးတွန်းထိုးဖြစ်လာ၍ သူတို့က ကျန်းကျန့်နှင့်ပိုပိုနီးလာသည်က ယုံမှားဖွယ်မရှိချေ။


ကျောက်ကျင်းကောက ရှေ့ထွက်တားလိုက်မှသာ ရပ်သွားကြသည်။


"မင်းတို့ ငြင်းခုန်နေစရာမလိုပါဘူး..လုပ်ချင်တဲ့သူတိုင်း အလုပ်လုပ်ခွင့်ရမယ်"


“အဲ့လိုကိုး"လျူချမ်ချမ်က ကျောက်ကျင်းကောအား စိုက်ကြည့်လိုက်သည်။ကျောက်လင်ရှီးကလည်း သူ့အားကြည့်လာ၏။သူတို့က ကျန်းကျန့်ကို ကိုက်မစားပါဘူး အဲ့လိုကြီးစောင့်ကြပ်နေစရာလိုလို့လား။


ကျန်းကျန့်က ဤလူများအား ဆိုးဆိုးဝါးဝါးမဆက်ဆံချေ။လျူချမ်ချမ်နှင့်ကျောက်လင်ရှီးတို့က ဟယ်ချောင်စီရင်စုတွင် နေထိုင်သည်မှာ နှစ်ဝက်ကျော်ရှိလောက်ပြီဖြစ်သည်။သူတို့က လေနေတို့နှင့်မထိတွေ့ရကာ ပြင်ပြင်ဆင်ဆင်နေရန်လည်း အားလပ်ချိန်များရှိနေ၍ ပိုပိုလှလာ၏။သူတို့က သူ့အားကြည့်လာသည့်ပုံစံက မမျှော်လင့်ထားစွာ ရမက်အပြည့်နှင့်ဖြစ်သည်။


ကျန်းကျန့်က ရုတ်တရက် နည်းနည်းစိတ်ညစ်သွား၏။ဒီလူတွေ ဘာလို့ကျောက်ကျင်းကောကို မြူဆွယ်သလိုကြည့်နေကြတာလဲ။


“တည့်တည့်ရပ်..လျှောက်ကြည့်မနေနဲ့"ကျန်းကျန့်က ဆိုလိုက်ရင်း:"ဒီအလုပ်အတွက်က အဲ့လိုနေရမယ်"


ကျန်းကျန့်က သူတို့အားလုပ်စေချင်သည့်အလုပ်ကို ပြောပြလိုက်သည်။


လျူချမ်ချမ်နှင့်ကျောက်လင်ရှီးတို့က တိတ်ဆိတ်သွားလေ၏။ယင်းက အလုပ်ကောင်းတစ်ခုဖြစ်သော်ငြား သူတို့၏အလှအား သုံးရမည်လည်းဖြစ်၏။ဧည့်သည်များသာ တွန်းအားပေးလာလျှင်...။


“စိတ်မပူနဲ့.. စာချုပ်မှာလက်မှတ်ထိုးစရာမလိုဘူး..မင်းတို့မကြိုက်ရင် နှုတ်ထွက်လို့ရတယ် အဲ့ဒါအပြင် ချင်ဖုန့်အိမ်တော်က မင်းတို့ရဲ့လုံခြုံရေးကို တာဝန်ယူပေးမှာ မင်းတို့မလုပ်ချင်တာကိုလည်း ငြင်းလို့ရတယ်"ကျန်းကျန့်က ဆိုသည်။


လျူချမ်ချမ်က ပြည့်တန်ဆာအိမ်မှ လာခြင်းဖြစ်သည်။အစောပိုင်းတွင် သူမက လွတ်မြောက်ချင်၍ ချမ်းသာသည့်ကုန်သည်တစ်ဦးအား သူမကိုပြန်ရွေးရန် အကောင်းဆုံးကြိုးစားပြီးမြူဆွယ်ခဲ့သည်။မဒမ်က သူမ၏စာချုပ်အား ကိုင်ထားခြင်းဖြစ်၍ သူမရှာသည့်ငွေတစ်ပဲတစ်ပြားမှ မရလိုက်ချေ။သို့သော်လည်း သူမသာ တစ်ခုခုပြောလိုက်ပါက ဖောက်သည်များများလက်ခံရန် တွန်းအားပေးခံရလိမ့်မည်။ကျန်းကျန့်နှင့်သာဆိုပါက စာချုပ်တွင် လက်မှတ်ထိုးရန်လည်း မလို၍ လခလည်းရမည်ဖြစ်ပြီး ဧည့်သည်များမှပေးသည့်ဆုကြေးများလည်း ရမည်ဖြစ်သည်။


“ကျွန်မလုပ်မယ်"လျူချမ်ချမ်က တွန့်ဆုတ်ခြင်းမရှိဖြေလာ၏။


“ကျွန်တော်လည်းလုပ်မယ်"ကျောက်လင်ရှီးကလည်း ဆို၏။


အတန်ကြာက နှစ်ဦးသား တိုးတိုးတိတ်တိတ်ရန်စောင်နေကြသော်လည်း တစ်ခဏအကြာ ညီမအရင်းများသဖွယ် ပြန်တည့်သွားကြပြီး သီချင်းများပင်ညည်းလိုက်ကြသည်။"သခင်ကြီးကျန်း စိတ်မပူပါနဲ့ အလုပ်ကောင်းကောင်းလုပ်ပါ့မယ်"


“ဟုတ်တယ် ကျွန်မတို့ ချင်ဖုန့်အိမ်တော်ရဲ့ စည်းမျဥ်းအတိုင်း နေပါ့မယ်"


"အချိန်ရောက်လာလို့ သခင်ကြီးကျန်းက ကျွန်မတို့ကိုသိက္ခာရှိရှိသူတော်ကောင်းလို ဖြစ်စေချင်ရင်တောင် စိတ်မပျက်စေရပါဘူး"


.......


အလုပ်လုပ်ရန် ဆန္ဒရှိသူများက လျူချမ်ချမ်နှင့်ကျောက်လင်းရှီတို့သာမက သူတို့နှင့်အတူ အမျိုးသမီးအချို့လည်းပါ၏။ကျန်းကျန့်၏"ကိုယ်လုပ်တော်များ"ဟု ရှန်းအန်ရှင်းတစ်ချိန်လုံးမြင်ခဲ့သည့်အုပ်စုတစ်ခုလုံးက ထိုအိမ်တွင်ရှိလေ၏။သေချာပေါက် မလုပ်ချင်သူများလည်း ရှိနေသည်။


မတိုင်မီက ကျန်းကျန့်မှာ လျူချမ်ချမ်၏အကြောက်အလန့်မရှိခြင်းကြောင့် ဤလူများအား စီရင်စုမြို့တော်၏ ဤဘက်ခြမ်းတွင်ထားရခြင်းဖြစ်သည်။သူက ဟယ်ရှီသို့သာ ခေါ်သွားပါက ကျောက်ကျင်းကောသဝန်တိုပြီး မုန်တိုင်းထန်လာမည်စိုး၍ပင်။ယခုမူ လျူချမ်ချမ်နှင့်အခြားသူများက ချင်ဖုန့်အိမ်တော်တွင် အလုပ်လုပ်ကြမည်ဖြစ်၍ ကျန်သူများအား စိုးရိမ်စရာမရှိ။


ကျန်းကျန့်က ကျန်သည့်အမျိုးသမီးများအား ဟယ်ရှီသို့ခေါ်သွားရန် ကြံထားပြီးဖြစ်သည်။ဤလူများသာ ရွာရောက်လျှင် လက်မထပ်ချင်သေးသူများက အဝတ်အစားများချုပ်လုပ်နိုင်သလို အစားအသောက်တန်းတွင်လည်း အလုပ်လုပ်နိင်၏။အိမ်ထောင်ပြုချင်သူများက လက်ထပ်ရန် တစ်ယောက်လောက်ရှာနိုင်မည်ဖြစ်သည်။


ဤခေတ်က ယောကျာ်းလေးများအား သမီးများထက်ပိုချစ်ကြပြီး အချို့လူများမှာ တရားဝင်ဇနီးသုံးယောက်နှင့်ကိုယ်လုပ်တော်လေးယောက်ရှိကာ သမီးဖြစ်သူအား ထောက်ပံ့မပေးချင်ကြပေ။မိသားစုကြီးများက အစေခံမိန်းကလေးများစွာသုံးကြသဖြင့် စီရင်စုတွင် အမျိုးသမီးများ ရှားပါးလာ၏။


ဤအတွက်ကြောင့် အမျိုးသားထုကြီးက သူတို့၏ဇနီးက ထွားသည်ဖြစ်စေအသားညိုသည်ဖြစ်စေ ဇနီးတစ်ယောက်ရှိနေပြီဖြစ်၍ဂရုမစိုက်ကြပေ။တစ်ကြိမ်လက်ထပ်ဖူးသည့်အမျိုးသမီးတစ်ယောက်အတွက်မှာမူ သူနှင့်လက်ထပ်မည့်အမျိုးသားက ခန်းဝင်ကြေးအနည်းငယ်သာပေးမည်ဖြစ်သည်။ပင်လယ်ဓားပြများထံမှကယ်တင်ထားသည့် ကျန်းကျန့်လက်ထဲက အမျိုးသားများကဖြင့် မပြောသာတော့ချေ။


ဤလူများက သင်္ဘောသားများအဖြစ် အလုပ်လုပ်နေကြကာ ကျန်းကျန့်လေ့ကျင်ပေးထားသည့်လူများလောက် ဝင်ငွေသိပ်မများပေ။ထိုသူတို့က အပြင်လူများဖြစ်၍ ဟယ်ရှီသူအမျိုးသမီးများနှင့်လည်း လက်ထပ်၍မရနိုင်ချေ။ခန့်မှန်းရသလောက် တစ်ယောက်ယောက်က သူတို့အား လက်ထပ်ချင်ပြီး သူတို့ကလည်း လက်ထပ်ရန်ဆန္ဒရှိနေသရွေ့ ရန်ပွဲများပင်ဖြစ်လာနိုင်သည်ဟု အဆိုရှိသည်။


ကျန်းကျန့်က သူ့သမီးလေးအား လွမ်းလာပြီဖြစ်၍ လျူချမ်ချမ်၊ကျောက်လင်းရှီနှင့်အခြားသူများအား သေချာစဥ်းစားခိုင်းထားပြီးသည်နှင့် ထွက်ရန်ပြင်တော့သည်။


ထိုအချိန် ရှန်းအန်ရှင်းမှာလည်း စဥ်းစားခန်းဝင်နေဆဲဖြစ်သည်။ကျန်းကျန့်၊လျူချမ်ချမ်နှင့်ကျောက်လင်းရှီတို့ကြား ပြောဆိုဆကိဆံပုံအား မြင်ပြီးနောက် ရှန်းအန်ရှင်းမှာ ဤလူများက ကျန်းကျန့်၏ကိုယ်လုပ်တော်များမဖြစ်နိုင်မှန်း သေချာသိသွား၍ သူတို့က အစတွင် သူ့အားလိမ်ခဲ့ခြင်းဖြစ်နိုင်သည်။


ကျန်းကျန့်က လူကောင်းမဟုတ်မှန်း သိသွားချိန် ရှန်းအန်ရှင်းက ကျန်းကျန့်အပေါ်ထားသည့် ခံစားချက်များအား ရုတ်သိမ်းခဲ့သည်။သို့သော်လည်း ထိုအရာများက နားလည်မှုလွဲမှန်း သိသွားသောအခါ ရုတ်သိမ်းထားသော ခံစားချက်များက ယခင်ကထက်ပို၍ ကြီးမားလှိုက်တက်လာ၏။


ကျန်းကျန့်က အမြဲတစေ ကောင်းမွန်သည့်သူဖြစ်ပြီး ကျောက်ကျင်းကောအပေါ်တွင်လည်း အလွန်ချစ်မြတ်နိုးသည်။သို့သော်လည်း ကျန်းကျန့်က မျှော်လင့်မထားစွာ မဆင်မခြင်လုပ်တတ်သည့် မျက်နှာပုံစံလေးအား မြင်လိုက်ပြီးနောက် ရှန်းအန်ရှင်းမှာ ကျောက်ကျင်းကောအား ပို၍မနာလိုဖြစ်လာသည်။သို့သော်ငြား လွန်ခဲ့သောနှစ်ဝက်ခန့်က ကြုံခဲ့ရသည့် အတွေ့အကြုံက သူ့အား ခံစားချက်များဖုန်းကွယ်ရန်သင်ပေးခဲ့သည်။


သူ့စိတ်ထဲမည်သို့ဖြစ်နေပါစေ မျက်နှာထက်တွင်ဖြင့် ရှန်းအန်ရှင်းက အလွန်တည်ငြိမ်ပြီး ဘာမျှမပေါ်ချေ။သို့သော်ငြား သူက ထိုသူထွက်သွားသည်အား ပြန်လှည့်မကြည့်ပဲမနေနိုင်ချေ။ထို့နောက် ကျောက်လင်ရှီးနှင့်လျူချမ်ချမ်က သူ့အား မျက်နှာလုပ်လာကြသည်အား တွေ့လိုက်ရသည်။


ဤလူနှစ်ယောက်က သူ့အား မှတ်မိပြီး ဖြစ်ခဲ့သမျှကိုလည်း အမှတ်ရသွားကြောင်း ယုံမှားဖွယ်မရှိချေ။ထိုအချိန်က ဤလူနှစ်ယောက်မှာ သူ့အား ရည်ရွယ်ချက်ရှိရှိပြောခဲ့ခြင်းဖြစ်နိုင်၏။ရှန်းအန်ရှင်းမှာ နောက်ဆုံး သည်းခံနိုင်စွမ်းကုန်သွား၏။သို့သော်လည်း မကြာလိုက် စိတ်ပြန်ထိန်းကာ ခံစားချက်များအား မြိုသိပ်လိုက်ရသည်။


ဤလူများနှင့်တွေ့ဆုံပြီးနောက် မှောင်တော့မည်ဖြစ်၍ ကျန့်ရီကလည်း ချက်ချင်းပင် ကျန်းကျန့်အား ညစာစားရန်ဖိတ်လိုက်သော်ငြား ကျန်းကျန့်က ငြင်းပယ်လိုက်သည်။


"မင်ကျူးကိုတွေ့ဖို့ အိမ်ပြန်ချင်လို့ပါ"


သူက ကျောက်မင်ကျူးအား ခေါ်လာသည်ဖြစ်၍ သူ့သမီးနှင့်သာ အချိန်ဖြုန်းချင်သည့်အပြင် အလည်ပြပေးချင်၍လည်းဖြစ်သည်။


“ဒါဖြင့် မင်းအိမ်မှာသွားစားရင်ကော"ကျန့်ရီက ဆိုလိုက်သည်။"ငါမင်းနဲ့လိုက်ခဲ့မယ်လေ"


ကျန်းကျန့်က ခေါင်းညိမ့်ပြီးသဘောတူလိုက်သည်။ထမင်းချက်လီချက်ထားသည့်အစားအစာများမလောက်မည်စိုး၍ အပြန်လမ်းတွင် ကြက်ကင်နှင့်ချက်ပြီးသားအစားအစာများဝယ်ခဲ့ကာ အရက်ချိုင့်သေးတစ်ခုပင် ပါသေးသည်။


ကျန်းကျန့်ကိုယ်တိုင်က အရက်သိပ်မကြိုက်သလို စစ်တပ်ထဲနေစဥ်ကလည်း သောက်ခွင့်မရချေ။သူထွက်သောအခါ တစ်ခါတစ်ရံသာသောက်လေ့ရှိသော်ငြား ဘီယာသောက်သည်ကများ၏။သူက အရက်အနည်းငယ်သောက်နိုင်သော်လည်း သိပ်မကြိုက်ရာ ကျန့်ရီဆန္ဒအရသာ ဆန်အရက်တစ်ချိုင့်ဝယ်ခဲ့ခြင်းဖြစ်သည်။


“ဒီဆိုင်မှာက အရက်ကောင်းကောင်းမရှိဘူး..ဒီဆန်အရက်ပဲသောက်လို့ရတာ..."သခင်ကြီးကျန့်က ဆိုလိုက်ပြီး အနည်းငယ်ခါးသောအရက်များအား ပြကာ ထိုအရက်များကသာ သောက်ရတန်ကြောင်းပြောလေ၏။


ဖုန်ကျင်းယွမ်က အရက်နှင့်ပတ်သတ်ပြီး များများသိထားသူဖြစ်၍ ချက်ချင်းပင် ကျန့်ရီအား ပြောပြလာသည်။ရှန်းအန်ရှင်းက စကားအနည်းငယ်သာ ပြောလိုက်ရသည်။သို့သော်ငြား ကျန်းကျန့်နှင့်ကျောက်ကျင်းကောမှာ ရောသွားကြသည်။


“ကျွန်တော့်အမေလုပ်တဲ့ အရက်ချိုကတော့ တအားအရသာရှိတယ်"ကျောက်ကျင်းကောက ဆိုသည်။ဤနှစ်နွေရာသီ၌ အစားအသောက်ပြတ်လတ်မနေ၍ ကျောက်လျူက ထမင်းကျန်ဟင်းကျန်များအား ဆေးနှင့်အရက်ရောပြီး ချက်ထားခြင်းဖြစ်သည်။


ကျန်းကျန့်က ခေါင်းညိမ့်ပြလိုက်သည်။ကျောက်လျူ၏အရက်က အမှန်ပင် ကောင်းမွန်ပြီး ခေတ်သစ်တွင် စျေးဝယ်စင်တာများတွင် သူဝယ်ဖူးသည့် အရက်ထက်ပင် ပိုကောင်းလေ၏။


နှစ်ဦးသားစကားပြောနေသည့်လေထုက အခြားသူများပင် တိတ်သွားစေသည်။ယခင်က မြို့တော်တွင်ဖြစ်ခဲ့သည့် အကြောင်းအရာအချို့အား အမှတ်ရသွားရင်း ရှန်းအန်ရှင်း၏နှလုံးသားနာကျင်သွားရသည်။


ကျန်းကျန့်အပေါ်စိတ်ပျက်သွားပြီးနောက် သူ့အမေကြောင်းလှမ်းထားသည့် ကိစ္စအား လက်ခံခဲ့ကာ သူ့အတွက် ပြင်ပေးထားသည့် အစေခံမလေးတစ်ဦးအား ယူခဲ့သည်။သို့သော်လည်း သူက အမျိုးသမီးများအား ကြိုက်၍မရရာ ကြိုးစားကြည့်ရင်တောင် အမျိုးသမီးများနှင့် မထိတွေ့ချင်ပေ။သူက လွတ်မြောက်ချင်၍ မြို့တော်မှထွက်လာခဲ့သော်ငြား အံ့အားသင့်စွာပင် ကျန်းကျန့်ထံ ပြန်ပြေးသွားမိသည်။


သိပ်မကြာလိုက် လူများစွာက စီရင်စုမြို့တော်ရှိ ကျန်းကျန့်အိမ်တော်သို့ ရောက်သွားကြသည်။


အိမ်အတွက် ကျန်းကျန့်ပြင်ထားသည်က သိပ်အဆင့်မမြင့်လှ၍ အိမ်အပြင်ဘက်မှကြည့်လျှင် အလွန်သာမန်ဆန်၏။ အတွင်းပိုင်းက သန့်ရှင်းနေပြီး ပရိဘောဂများလည်းရှိသည်။ဥပမာအနေနှင့် ထမင်းစားခန်းတွင် မသေမျိုး၈ပါးစားပွဲ(လေးထောင့်စားပွဲ) နှင့် သာမန်ဟုပင်ဆုံးဖြတ်၍မရနိုင်သည့် သစ်သားခုတင်ကြီးက နံရံကိုမူပြီးလုပ်ထား၏။ သစ်သားပြားနှင့်လုပ်ထားခြင်းဖြစ်ပြီး အမြင့်တိုင်က မီတာဝက်ရှည်၏။အထဲတွင် ကျောက်မင်ကျူးက ဝါဂွမ်းသိပ်ချည်ဘောလုံးလေးအား ပစ်ကစားရင်း ထိုင်နေသည်။


သူမလေးက တစ်ခစ်ခစ်ရယ်မောရင်း ပစ်ဆော့နေသည်။ကျန်းကျန့်နှင့်ကျောက်ကျင်းကောတို့ဝင်လာသည်အား မြင်သော် သူမက သိသိသာသာပင် အလွန်ပျော်ရွှင်သွားပြီး မျက်နှာကြက်အား မျက်နှာမူပြီး ခြေလက်ကလေးများက နောက်ပြန်ကျသွား၏။သို့သော်လည်း သူမက အထပ်ထပ်ဝတ်ထား၍ ထမနိုင်တော့ခြင်းဖြစ်သည်။


ကျန်းကျန့်၏နှလုံးသားက တဒင်္ဂ အရည်ပျော်သွားကာ သူမထံအပြေးလေးသွားပြီး ဘောလုံးလေူအား ကူမြောက်ပေးလိုက်ပြီး သူမမဖမ်းခင် သူက ဖမ်းပေးလိုက်သည်။


ကျောက်မင်ကျူးက ပို၍ပင် ပျော်ပျော်ရွှင်ရွှင်ရယ်မောလာခဲ့၏။


“သခင်ကြီးကျန်းက တကယ်ကို သခင်မလေးကျန်းအပေါ် တုန်နေအောင်ချစ်တာပဲ"ဖုန်ကျင်းယွမ်က ဆိုသည်။"သခင်မလေးကျန်းက တကယ်ကိုတက်ကြွပြီးတော့ ချစ်စရာကောင်းလှတယ်"


“ဟုတ်တယ်..သခင်ကြီးကျန်းက သခင်မလေးကျန်းအပေါ် ကြင်နာတယ်"ရှန်းအန်ရှင်းကလည်း ဆို၏။


အမှန်တကယ်ဖြင့် ကျောက်မင်ကျူး၏မျိုးရိုးနာမည်မှာ ကျောက်ဖြစ်သော်ငြား ကျောက်ကျင်းကောက ဤအကြောင်းပြောပြထားခြင်းမရှိသဖြင့် သူက ပြုံးရုံပြုံးကာ ခေါင်းညိမ့်လိုက်သည်။သို့သော်လည်း ကျန့်ရီက ပြောလိုက်၏:"သခင်မလေးကျန်းမဟုတ်ဘူး...သခင်မလေးကျောက်ရယ်"


“သခင်မလေးကျောက်လား"ရှန်းအန်ရှင်းက အံ့သြသွား၏။


“ဟုတ်တယ်...ကျန်းကျန့်က ကျောက်မိသားစုအိမ်ထဲကို လက်ထပ်ထားတာလေ"ကျန့်ရီက ဆိုသည်။


အစောပိုင်း၌ သူက ကျန်းကျန့်မှာ ဤအကြောင်းအားလူမသိစေချင်ဟု ထင်မိ၍ အခြားသူများကို မပြောပြသော်ငြား အတူလက်တွဲအလုပ်လုပ်ပြီးနောက် သူအတွေးလွန်နေမှန်းနားလည်သွားရသည်။ကျန်းကျန့်က ဤအကြောင်းအား လုံးဝဂရုမစိုက်ပါချေ။


ကျန်းကျန့်က ဤအကြောင်းဂရုမစိုက်သော်လည်း တမင်သက်သက်ပြောထားဖူးခြင်းမရှိ၍ သိထားခြင်းမရှိသော ဖုန်ကျင်းယွမ်နှင့်ရှန်းအန်ရှင်းတို့နှစ်ယောက်လုံးက ဤအကြောင်းကြားပြီး အံ့အားသင့်သွားကြလေ၏။