Chapter 158
- ချင်ဖုန့်အိမ်တော် ဖွင့်လှစ်ခြင်း
ရှန်းအန်ရှင်းက ကျောက်ကျင်းကောမှာ ကျဥ်းတည်းကျပ်တည်းရောက်နေပြီဟု ခံစားလိုက်ရသည်။သူက ကျန်းကျန့်နာမည်အမှားကြီးတောင် ရေးထားသေးတယ်။
သူက ကျန်းကျန့်မှာ စာဖတ်တတ်ပြီး ကြိုးစားမှန်းလည်းသိ၍ ကျန်းကျန့်အား ဤအကြောင်းသိစေချင်၍ ပြောလိုက်သည်
:"ကျန်းကျန့်နာမည်က ရေးရလွယ်ပါတယ်..ကျင်းကော..ငါပြမယ်လေ"
စုတ်တံကိုယူပြီး မှင်ရည်နှစ်လိုက်ကာ ရှန်းအန်ရှင်းက စက္ကူစပေါ်ရေးလိုက်သည်။တစ်ခါက ကျန်းကျန့်နာမည်အား တိတ်တိတ်လေးရေးခဲ့ပြီး ဤစာလုံးနှစ်လုံးအား ကောင်းကောင်းမွန်မွန်လေ့ကျင့်ခဲ့သည်။ .
ရှန်းအန်ရှင်းရေး၍မပြီးခင် သူ့ရှေ့ကစက္ကူစအား ကျန်းကျန့်က ဆွဲယူလိုက်သည်။
"စာသင်တာကို မနှောင့်ယှက်ပါနဲ့..ငါတို့က စားကြတော့မှာမို့ ကျေးဇူးပြုပြီး ထွက်သွားပေးပါ"
ကျန်းကျန့်၏မျက်နှာက အေးစက်နေ၍ ရှန်းအန်ရှင်းကမြင်သွားချိန်၌ မေ့လဲမတတ်ဖြစ်သွားသည်။ကျန်းကျန့်က ယခင်ကလည်း သူ့အပေါ် နွေးထွေးမှုမရှိသော်ငြား ဖုန်ကျင်းယွမ်ထက် ကောင်းကောင်းမွန်မွန်ဆက်ဆံခံရသည်။သို့သော်လည်း ယခုတွင်ဖြင့် ကျန်းကျန့်သူ့အားရိုက်တော့မည်ဟုပင် ခံစားရလေ၏။
ကျန်းကျန့် သူ့အား တကယ်ရိုက်ချင်နေပြီဖြစ်သည်။သူက တည့်တိုးသမားဖြစ်၍ ရှန်းအန်ရှင်း၏နောက်ကွယ်က ခံစားချက်အား မမြင်သော်လည်း ကျန်းကျန့်က ရှန်းအန်ရှင်းတွင် မကောင်းသောရည်ရွယ်ချက်ရှိသည်ဟု ခံစားမိသည်။
သူက ကျောက်ကျင်းကောအား အခြားသူများနှင့်တွေ့ရန် တားမြစ်ပိတ်ပင်မထားချေ။ကျောက်ကျင်းကောက စီးပွားရေးလုပ်ရန် အပြင်ထွက်ကာ သူ့လူများအား လေ့ကျင့်ပေးသော်ငြား ဤသို့တစ်ခါမှ မခံစားရချေ...။သို့သော်ငြား ယခုအကြိမ်တွင် ကျောက်ကျင်းကောက သူနှင့်ပြောဆိုဆက်ဆံနေသည့်လူများအကြောင်း ပြောဖူးသော်လည်း ...ဒီလူက သူ့အိမ်ကို နေ့တိုင်းနီးပါး ဘာလာလုပ်ရတာလဲ။အဲ့ဒါအပြင် ကျောက်ကျင်းကောက ရှန်းအန်ရှင်းကို အရမ်းအလေးပေးလွန်းနေတယ်လေ...။
“သခင်ကြီးကျန်း"
ရှန်းအန်ရှင်းက ကျန်းကျန့်အား ခက်ခက်ခဲခဲကြည့်လိုက်သည်။ကျန်းကျန့်က ကျောက်ကျင်းကောအား အရေးတကြီးဆက်ဆံနေသဖြင့် သူက တစ်ခုမှပြောပင်မပြောနိုင်။သူ ဒေါသထွက်လာပြီဖြစ်သည်။ကျောက်ကျင်းကောက သူ့ဆံဆက်ပုံနဲ့ တန်လို့လား။
“ကျန်းကျန့်..အန်ရှင်းက အဲ့လိုမဟုတ်ပါဘူး..."ကျောက်ကျင်းကောက ရှန်းအန်ရှင်း အပြစ်ရှာချင်သည့်သူက သူဖြစ်ကြောင်းပြောပြချင်ကာ ကျန်းကျန့်အပေါ် မကောင်းသည့်အရာများလည်း မပြောပြချင်ပေ။
အန်ရှင်း...ကျောက်ကျင်းကောက သူ့ကို နာမည်အစခေါ်ပြန်ပြီ။ကျန်းကျန့်က ရှန်းအန်ရှင်းအားကြည့်ကာဆိုသည်:
"မင်းက ရှန်းမိသားစုရဲ့ အရေးပါတဲ့လူပါ..ဒါကြောင့် အခြားလူရဲ့အိမ်မှာ ညစာလာစားဖို့မလိုဘူးမို့လား"
ကျန်းကျန့်က အများကြီးမပြောသော်ငြား ရှန်းအန်ရှင်းက ထိုစကားများအား ခံနိုင်ရည်မရှိချေ။သူကြိုက်တဲ့သူက သူ့ကို မောင်းထုတ်ဖို့ကြိုးစားနေတယ်....။
“သခင်ကြီးကျန်း...ကျွန်တော် ချက်ချင်းထွက်သွားပေးမှာပါ"ရှန်းအန်ရှင်းက ဆိုသည်။
“ကောင်းပြီလေ..မင်းခုနကတည်းက ထွက်သွားသင့်တယ်..ငါတို့ရွာမှာဆို ညစာစားချိန်ရောက်လို့ မသွားသေးတဲ့သူဆို အကြိမ်းမောင်းခံရတယ်"ကျန်းကျန့်က ရွာရှိလူအများစုက ပိုက်ဆံမရှိကြ၍ အစားအသောက်လာမျှစားသော သူများအား မုန်းတီးသောကြောင့်ဟု ပြောလိုက်သည်။
သူက အစားအစာပြတ်လတ်မနေသော်လည်း ရှန်းအန်ရှင်းထွက်သွားမည်အား မစောင့်နိုင်တော့၍ဖြစ်သည်။ရှန်းအန်ရှင်းက သူ့အိမ်တွင် တစ်နေ့လုံးနေနေ၍ အိမ်ပြန်ရောက်ချိန် ကျောက်ကျင်းကောနှင့်နှစ်ယောက်တည်းစားရန် ခက်ခဲလှသည်။တစ်ခါတစ်ရံ သူက နေ့လည်နားပြီး တစ်ရေးအိပ်ချင်၏။ယခင်က ကျောက်ကျင်းကောမှာ သူနှင့်အတူတူနေသော်လည်း ယခုက..။အိမ်တွင် အပြင်လူရှိနေ၍ ကျောက်ကျင်းကောမှာ ရှန်းအန်ရှင်းနှင့်သာ နေရန်ကလွဲရွေးစရာမရှိချေ။
သုံးယောက်သားစကားပြောနေစဥ် သူတို့ဘေးကုတင်မှ ကျောက်မင်ကျူးက အော်ငိုလာ၏။
ကျောက်မင်ကျူးက နိုးသည်မှာကြာပြီဖြစ်သော်လည်း တစ်ယောက်မှ သူမအား အာရုံမစိုက်ကြ၍ ဒေါသထွက်ပြီးကလန်ကဆန် လုပ်သင့်သည်မဟုတ်လား။
“ငါ့ရဲ့မင်ကျူးလေး..လာလာ..အဖေက ချီမယ်နော်"ကျန်းကျန့်က သူမအားချီလိုက်ပြီး ကျောက်မင်ကျူး၏ မျက်နှာဖွေးဖွေးလေးအား နမ်းလိုက်သည်။ဘယ်ဘက်နမ်းပြီး ညာဘက်ပြန်နမ်းပေးလိုက်၏။
ရှန်းအန်ရှင်းက ရှက်နေပြီဖြစ်၍ ဤမြင်ကွင်းအား မြင်သော် ကြာကြာမနေချင်တော့ချေ။သူ့ပစ္စည်းများကောက်သိမ်းလိုက်ပြီး ထွက်သွားတော့သည်။ကျောက်ကျင်းကောက သူထွက်သွားသည်အား လိုက်ပို့ချင်သော်လည်း ကျန်းကျန့်က တားလာ၏။
“ကျင်းကော..မင်ကျူးအတွက် သေးခံအဝတ်ယူချေ...မြန်မြန်လေး"
ကျောက်ကျင်းကောအတွက်က ရှန်းအန်ရှင်းမှာ ကျန်းကျန့်နှင့်ကျောက်မင်ကျူးလောက် အရေးမပါ၍ ကျန်းကျန့်စကားများကြားပြီးသည်နှင့် ရှန်းအန်ရှင်းအား လိုက်မပို့တော့ပဲ သေးခံအဝတ်သွားယူသည်။
သူက ကျန်းကျန့်အား သေးခံအဝတ် ပေးလိုက်သည့်အချိန်ထိ ကျောက်ကျင်းကောက စိတ်ပူနေဆဲဖြစ်သည်။
"ဒီသခင်လေးရှန်းနဲ့ သခင်ကြီးကျန့်တို့က အတူတူစီးပွားရေးလုပ်နေကြတာလေ..ခင်ဗျားသူ့ကို အဲ့လိုပြောလိုက်လို့ အဆင်ပြေပါ့မလား"
သူက ရှန်းအန်ရှင်းအား သိပ်မကြိုက်ပေ။စင်စစ် ဤလူက ကျန်းကျန့်အား လိုချင်ဖူး၏။သူက ဆိုးဝါးပြီးအနည်းငယ်စော်ကားသည့်နှယ် ခံစားရသော်လည်း ရှန်းအန်ရှင်း၏အသိအမြင်ကြွယ်မှုကိုဖြင့် လေးစားလေသည်။
“ကိုယ်တို့လည်း သခင်လေးကျန့်နဲ့ စီးပွားရေးလုပ်နေတာမဟုတ်ဘူးလား"ကျန်းကျန့်က ကျောက်ကျင်းကောအားကြည့်ရင်း ထပ်မေးလိုက်သည်။"ကျောက်ကျင်းကော..ကိုယ်မင်းကို အတည်ပြောစရာရှိတယ်"
“ဘာများလဲ"ကျောက်ကျင်းကောက ကျန်းကျန့်အား ကြည့်ရင်း စိုးရိမ်တကြီးမေးလိုက်သည်။ကျန်းကျန့် ဘာပြောချင်တာပါလိမ့်။
ကျန်းကျန့်က ကျောက်မင်ကျူး၏သေးခံအဝတ်အား ကျွမ်းကျမ်းကျင်ကျင်လှဲပေးပြီးနောက် ပြောလိုက်သည်
:"အနာဂတ်မှာလည်း မင်းကိုယ့်နာမည်ကို အဲ့အတိုင်းရေးသင့်တယ်..ကိုယ့်အတွက်နဲ့မပြောင်းလိုက်ပါနဲ့"
သူက ရှေးခတ်သို့ရောက်လာသော်လည်း ကျန်းကျန့်စိတ်က ခေတ်သစ်ခန္ဓာကိုယ်ထဲကအတိုင်းဖြစ်၍ သူ့အကြံများကလည်း အလွန်ခေတ်မှီ၏။သူက ဤခေတ်တွင် အလိုက်သင့်နေရန် အကောင်းဆုံးကြိုးစားမည်ဖြစ်ပြီး သူ့အကြိုက်ကိုလည်း မလွှင့်ပစ်ချင်ပေ။သူက ကျောက်ကျင်းကောက သူ၏ယခုပုံစံအား ကြိုက်လိမ့်မည်ဟု မျှော်လင့်မိသည်။
ကျောက်ကျင်းကောက သူ့စကားအား ကြားသော် သတိလစ်မတတ်ဖြစ်သွားသည်။ဒါ တကယ်ကြီး ကျန်းကျန့်ပြောချင်တာအကုန်လား။အမှန်တွင်လည်း သူက နာမည်အမှားရေးရသည်အား ကြိုက်ပါသည်။ကျန်းကျန့်က သူ့အား တစ်ချက်ချင်း တစ်ချက်ချင်း သင်ပေးထား၍ပင်။ထိုအကြောင်း မစဥ်းစားတော့ပဲ ကျောက်ကျင်းကောက ခေါင်းညိမ့်ပြလိုက်သည်။
ကျန်းကျန့်က ထပ်ပြောလာ၏:"စကားမစပ် အဲ့ရှန်းအန်ရှင်း...ကိုယ်တို့အိမ်ကို ထပ်မလာစေနဲ့တော့..ကိုယ်က မကြိုဆိုဘူးလို့သာ ပြောလိုက်..သူက အခြားလူရဲ့အိမ်ထောင်ရေးကို နှောင့်ယှက်လို့ မိုးကြိုးပစ်ခံရမှာ မသိဘူးလား ....."
“. . .”ကျောက်ကျင်းကောက ပြောစရာမရှိဖြစ်သွားသည်။အဲ့လောက်ထိ ပြင်းထန်သွားတာလား။
ရှန်းအန်ရှင်းက သူနှင့်တွေ့ရန် နေ့တိုင်းလာသည်က သူက ဤနေရာနှင့်စိမ်းနေ၍ မဟုတ်ပါလား။သို့သော်လည်း ကျန်းကျန့်က သူအားမကြိုက်၍ နောက်နောင် အိမ်ထဲခေါ်ခွင့်ပြုမည်မဟုတ်တော့။
ကျောက်ကျင်းကောက စားပွဲသန့်ရှင်းရေးလုပ်ပြီးနောက် ကျန်းကျန့်က လက်ထဲသမီးချီထားရင်း စားပွဲဆီလျှောက်လာသည်။ထိုအချိန် ထမင်းချက်လီနှင့်ရှောင်ရို့တို့ကလည်း အစားအစာများ စားပွဲပေါ်သယ်လာကြ၏။
ကျောက်ကျင်းကောနှင့်ကျန်းကျန့်အတွက် ပြင်ပေးထားသည့်အစားအစာများအပြင် စားပွဲပေါ်တွင်လည်း ကျောက်မင်ကျူးအတွက် နွားနို့ပူပူလေးတစ်ပန်းကန် ချလာသည်။
ကျန်းကျန့်က ဆာနေပြီဖြစ်၍ ထမင်းချက်လီအား သူ့သမီးထမင်းကျွေးပေးရန် ပြောလိုက်ရသည်။သူက နှေးကွေးမနေကာ မြန်မြန်သွက်သွက်စားလေ၏။ထို့နောက် ကျောက်ကျင်းကောအား ချင်ဖုန့်အိမ်တော်အကြောင်း ပြောပြလိုက်သည်။
“ကျင်းကော...ချင်ဖုန့်အိမ်တော်က ပြီးတော့မှာ..သခင်ကြီးကျန့်က မနက်ဖြန်ကျရင် လာကြည့်ဖို့ တစ်ယောက်လောက်ဖိတ်ခိုင်းထားတော့..ကိုယ်မင်းကို ကြည့်ဖို့ခေါ်သွားပေးမယ်"
“ကောင်းပါပြီ"ကျောက်ကျင်းကောက ခေါင်းညိမ့်ပြလိုက်သည်။
ကျန်းကျန့်က သူနာနာခံခံခေါင်းညိမ့်လိုက်သည်အား တွေ့သော် စိတ်ထဲနွေးထွေးသွားရပြီး ပြောလိုက်သည်:"ကျင်းကော..တရေးအိပ်မလို့ ဘေးမှာရှိနေပေး"
သေချာပေါက် ကျောက်ကျင်းကောက ကျန်းကျန့်၏တောင်းဆိုမှုသေးသေးလေးအား ငြင်းပယ်လိုက်မည်မဟုတ်ချေ။သို့သော်လည်း သူက ကျန်းကျန့်နားခြင်းက ရိုးရိုးနားခြင်းမဟုတ်မှန်း မထင်ချေ။
ကျန်းကျန့်နှင့် ဆက်ဆံပြီးနောက် ကျောက်ကျင်းကောမှာ လှုပ်ပင်မလှုပ်နိုင်တော့။
ကျန်းကျန့်က ကျေကျေနပ်နပ်နှင့် မီးဖိုချောင်ထဲဝင်သွားကာ ရေနှစ်ပုံးယူပြီးပြန်လာသည်။
"လာ..ကျင်းကော..မင်းရဲ့မျက်နှာနဲ့ခန္ဓာကိုယ်ကို ဆေးကြောလိုက်"
ကျန်းကျန့်က မီးဖိုချောင်ထဲ ရေယူရန်သွားလိုက်သည်နှင့် ထမင်းချက်လီက သူတို့ဘာလုပ်ထားမှန်း သိသွားမည်ပင်။ကျောက်ကျင်းကောမှာ ကျန်းကျန့်စကားများကြားပြီး ရှက်သွားသော်လည်း အနည်းငယ် စဥ်းစားမရဖြစ်လာ၏။"မျက်နှာသစ်ရမယ်.."မျက်နှာသစ်သည်က သာမန်ကိစ္စဖြစ်သော်လည်း ကျန်းကျန့်က ဘာကြောင့် တမင်ပြောပေးနေသည်လဲ။
“မင်းကိုယ်မင်း အရင်ကြည့်လိုက်အုံး"ကျန်းကျန့်က ဘေးက ကြေးမုံမှန်အား ကောက်ယူလိုက်ပြီး ကျောက်ကျင်းကောထံ ကမ်းပေးလိုက်သည်။
ကျောက်ကျင်းကော:"....."သူ့မျက်နှာ အရမ်းရှုပ်ပွနေတာ ယုံတောင်မယုံနိုင်ဘူး။
“အနာဂတ်မှာ မင်းမိတ်ကပ်မလိမ်းရင် ပိုကောင်းမယ်..ဒါပေမယ့် မင်းမျက်ခုံးမွေးရိတ်ထားတာလည်း ကြည့်ကောင်းပါတယ်"ကျန်းကျန့်က ကျောက်ကျင်းကော၏ခုနပုံစံအား သဘောကျကြောင်းပြောလိုက်သော်လည်း အနမ်းပေးပြီးနောက် ပေပွသွားပြီဖြစ်သည်...။
"ဒါကြောင့် အနာဂတ်မှာ ဒါတွေနဲ့သွားမရှုပ်တာ ပိုကောင်းမယ်"
သူ့မျက်ခုံးမွေးကလည်း အမည်းရောင်ပွနေပြီဖြစ်သော်လည်း ကျန်းကျန့်က သူ့အား ဆက်စားလေ၏။..ကျောက်ကျင်းကောက ကျန်းကျန့်အား အနည်းငယ် မြတ်နိုးမိသည်။
ကျောက်ကျင်းကောက တစ်ခဏမျှသန့်စင်လိုက်ပြီးနောက် ချင်ဖုန့်အိမ်တော်ကလည်း သန့်ရှင်းရေးလုပ်ထားပြီးဖြစ်နိုင်၍ ကျန်းကျန့်က သူ့အား အလည်အပတ်ဖိတ်ခြင်းသာဖြစ်မည်ဟု တွေးမိသည်။
တစ်ဖက်တွင်လည်း ဖုန်ကျင်းယွမ်က ချင်ဖုန့်အိမ်တော်သို့ သွားကြည့်နိုင်မည့် အခွင့်ရေးရလာသည်ထိ ကျန့်ရီနှင့် အချိန်အတော်ကြာ စကားစမြည်ပြောနေ၏။သို့သော်လည်း သူသွားချင်ပါက ရှန်းအန်ရှင်းလည်း သေချာပေါက် လိုက်မည်ဖြစ်သည်။
“သခင်လေးကျန့်...ကျုပ်ကြားတာ ချင်ဖုန့်အိမ်တော်က သခင်လေးထောင်ထားတာဆို ..တွေးကြည့်တာနဲ့တင် အရမ်းလှမယ်လို့ ခံစားရတယ်"ဖုန်ကျင်းယွမ်က ဆိုသည်။
ကျန့်ရီက ချင်ဖုန့်အိမ်တော်တွင် စီစဥ်နေချိန် သူတို့အားရှောင်နေ၍ ဖုန်ကျင်းယွမ်က ထိုအကြောင်းဘာမှမသိကာ ကြွားဝါပြောဆိုရန်သာ တတ်နိုင်၏။
“ယန့်ကျီမြစ်ရဲ့တောင်ပိုင်းက အိမ်တော်ကလည်းပန်းချီကားတစ်ချပ်လို လှပတယ်...ချင်ဖုန့်အိမ်တော်ကလည်း သခင်လေးကျန့်စီစဥ်တာဆိုတော့ ပိုတောင်လှအုံးမယ်လို့ တွေးမိပါရံ့"ရှန်းအန်ရှင်းက ထပ်လောင်းပြောလိုက်လေသည်။
သုံးယောက်သား မကြာမီ ချန်ဖုန့်အိမ်တော်သို့ ရောက်သွားချိန် ကျန်းကျန့်နှင့်ကျောက်ကျင်းကောတို့ကလည်း ရောက်နေပြီဖြစ်၏။
ကလေးလေးနှင့်ထိုနှစ်ယောက်က ပူးကပ်နေကြ၍ ကျန့်ရီအား သူ့ဇနီးပင် ခေါ်လာချင်စိတ်ဖြစ်မိသည်။သို့သော်လည်း သူက စဥ်းစားမိရုံသာ။သူ့အမျိုးသမီးက မိသားစုကြီးတစ်ခုမှ မိန်းမပျိုလေးဖြစ်ပြီး ဤနေရာမျိုးသို့ လိုက်လာချင်မည်မဟုတ်၍ သူ့တစ်ယောက်တည်းလွှတ်လိုက်မည်ဖြစ်သည်။အကြောင်းတစ်ချို့ကြောင့် ကျန့်ရီမှာ ရုတ်တရက် လစ်ဟာသွားသလိုခံစားရသည်။
!