Chapter 159
- ချင်ဖုန့်အိမ်တော် ဖွင့်လှစ်ခြင်း
ရှန်းအန်ရှင်းက ကျန်းကျန့်နှင့်ကျောက်ကျင်းကောတို့နှစ်ယောက်လုံး အဝတ်လှဲထားကြသော်လည်း ကျောက်မင်ကျူးက မလှဲထားကြောင်း သတိထားမိသည်။
နေ့တစ်ဝက်အတွင်း ဤလူနှစ်ယောက်က အဝတ်ပြောင်းဝတ်ထားကြပြီး ကျောက်မင်ကျူးက မပြောင်းထားချေ .။သူကလည်း အစေခံမိန်းကလေးတစ်ယောက်အား လက်ခံဖူး၍ အကြောင်းအရာအား နားလည်သွားကာ နှလုံးသားထဲ ချဥ်တူးတူးခံစားရသည်။
ကျန်းကျန့်က ချင်ဖုန့်အိမ်တော်နှင့် ရင်းနှီးနေ၍ ကျန့်ရီအား နှုတ်ဆက်ပြီးသည်နှင့် ကျောက်ကျင်းကောအားခေါ်ပြီး လှည့်ပတ်ပြပေးလေ၏။
“သခင်ကြီးကျန်း..အရင်တုန်းကတော့ ကျွန်မတို့ တစ်ခုခုမေးလိုက်ရင် စိတ်ညစ်သွားတာချည်းပဲ..ဒါပေမယ့် အခုကျ ဘာလို့အရမ်းတက်တက်ကြွကြွပြောနေရတာတုန်း"အမျိုးသားအထူးဝတ်အင်္ကျီအား ဝတ်ထားသည့် လျူချမ်ချမ်က သူ့အိမ်ထဲမှထွက်လာပြီး ခပ်ချဥ်ချဥ်မေးလာ၏။
လျူချမ်ချမ်က ယခင်က ကျန်းကျန့်အား တွယ်ကပ်ချင်သော်ငြား နောက်ပိုင်း သူမအစီအစဥ်အား လက်လျှော့လိုက်သည်။သို့တိုင် သူမက ကျန်းကျန့်နှင့်ကျောက်ကျင်းကောတို့အတူရှိနေသည်အား မြင်သော် ခပ်ချဥ်ချဥ်စကားများ မပြောရမနေနိုင်ချေ။
“ဟုတ်တယ်..ခင်ဗျားကလေ အခြားသူတွေအပေါ်ဆို အရမ်းကွာသွားပြီနော် သခင်ကြီးကျန်း"ကျောက်လင်ရှီးလည်း ထပ်ပေါင်းပြောလာ၏။
လျူချမ်ချမ်နှင့် ထိုသူက အဝတ်အစားအတူတူပင်။ထိုအဝတ်အစားများက အမျိုးသားဝတ်များဖြစ်ကာ ယူနီဖောင်းလည်းဖြစ်သည်။အနာဂတ်တွင် ချင်ဖုန့်အိမ်တော်တွင် အလုပ်လုပ်သည့်အချိန် ဝတ်ထားရမည်ဖြစ်သည်။
“မင်းတို့ကိုလည်း ငါ့ဇနီးကိုဆက်ဆံသလို ဆက်ဆံနေရမှာလား"ကျန်းကျန့်က မျက်မှောင်ကြုတ်လိုက်သည်။
လျူချမ်ချမ်နှင့်ကျောက်လင်ရှီးတို့က ချက်ချင်း တိတ်ဆိတ်သွားကြသည်။
သို့သော်လည်း ကျန်းကျန့်က ကျောက်မင်ကျူးအားခေါ်ပြီး သေးဝတ်လှဲရန် အခန်းတစ်ခန်းရှာနေချိန် ကျောက်လင်ရှီးက ကျောက်ကျင်းကောအား တွေ့သွားသည်။
"မင်္ဂလာပါကျောက်ကျင်းကော"
“ဘာကိစ္စရှိလို့လဲ"ကျောက်ကျင်းကောက ကျောက်လင်ရှီးအား ကျန်းကျန့်ကိုယ်လုပ်တော်အဖြစ် သူ့ကိုယ်သူပြောလာမည်စိုးကာ စိုးရိမ်တကြီးကြည့်လိုက်သည်။
“စိတ်မပူပါနဲ့..ကျန်းကျန့်ကို ခင်ဗျားဆီကနေ မလုပါဘူး"ကျောက်လင်ရှီးက ပြောလိုက်သည်။"ရှန်းအန်ရှင်းကိုသတိထားလို့ ပြောချင်ရုံပါ"
“ဟုတ်တယ်..ကျန်းကျန့်က ငါတို့ကိုပြောထားတာမို့ မင်းကို ခက်ခဲအောင်မပြောတော့ဘူးလေ..ဒါပေမယ့် သူက အဲ့လိုမဟုတ်ဘူး"လျူချမ်ချမ်ကလည်း ဆိုလိုက်သည်။
ကျောက်ကျင်းကောက သူတို့က ရုတ်တရက်ကြီး ဘာကြောင့် သတိပေးလာမှန်း နားမလည်သော်ငြား ခေါင်းသာညိမ့်ပြလိုက်သည်။"ကျေးဇူးပါ"
“ယဥ်ကျေးမနေပါနဲ့...ကျွန်မတို့ မြို့တော်တုန်းက အကြောင်းတွေ ရှင်မသိလောက်ဘူး..."လျူချမ်ချမ်က သူ့အား ရှန်းအန်ရှင်းနှင့်ဖြစ်ပျက်ခဲ့သည့်အကြောင်း အမြန်ပြောပြလိုက်၏။"ကျွန်မတို့ ရှင့်အတွက်လုပ်ပေးခဲ့တာနော်..ဒါပေမယ့် သူ့ကို အပြစ်လုပ်မိသွားတယ်..အနာဂတ်မှာ သူက ပြစ်မှတ်ထားလာရင် ကျွန်မတို့ကို ကူညီပေးရမယ်"
“ဟုတ်တယ်..ရှန်းအန်ရှင်းက အနာဂတ်မှာ ပြဿနာရှာလာခဲ့ရင် လွှတ်မထားရဘူးနော်"ကျောက်လင်ရှီးကလည်း ဆို၏။ ကျောက်ကျင်းကော၏မတော်တဆအကြောင်း စိုးရိမ်မိ၍ ရှန်းအန်ရှင်းက အနာဂတ်တွင် ပြဿနာလာရှာမည်စိုး၍ဖြစ်သည်။
“မင်းတို့ စိတ်ချပါ..ငါကူညီပါ့မယ်"ကျောက်ကျင်းကောက ခေါင်းညိမ့်ပြလိုက်သည်။ရှန်းအန်ရှင်းမှာ မကြာသေးခင်က ကျန်းကျန့်အပေါ် စိတ်မဝင်စားသည့်ပုံရှိသော်ငြား သူက စောင့်ကြည့်ထားရမည်ပင်။
ဤမြင်ကွင်းအား ခပ်ဝေးဝေးမှမြင်နေရသည့် ရှန်းအန်ရှင်းမှာ မျက်မှောင်ခဏခဏကြုပ်မိသည်။သူက ကျောက်ကျင်းကောထံသွားပြီး ကျန်းကျန့်စိတ်ဆိုးသွားသည့်အကြောင်းရင်းအား မေးလိုက်ချင်သော်ငြား ကျောက်ကျင်းကောက ထိုနှစ်ယောက်နှင့်စကားပြောနေမည်ဟု မထင်ထားချေ။
သူက အလွန်ဝေးနေ၍ သူတို့ပြောသည်အား မကြားနိုင်သော်ငြား သူတို့ပုံစံက အလွန်ရင်းနှီးပုံရသည်။
. . .
ထိုအချိန်က ဖြစ်ခဲ့သည်က ကျောက်ကျင်းကောဆွပေးလိုက်၍သာ ဖြစ်ပြီး စောစောက ဖြစ်ခဲ့သည့်အရာက သူနှင့်တစ်ခုခုဆိုင်နေနိုင်၏။သူ့အတွက် ကျောက်ကျင်းကောအား မြင်သာအောင်ပြရန် မဖြစ်နိုင်ချေ။
ထိုနေ့က ချင်ဖုန့်အိမ်တော်ကြီးမှာ ဟာလာဟင်းလင်းဖြစ်နေသော်ငြား နောက်တစ်နေ့တွင် ပြောင်းလဲသွားလေ၏။
ကျန့်ရီက ဟယ်ချောင်ရှိ လူချမ်းသာများအား ချင်ဖုန့်အိမ်တော်တွင် လာကစားရန် ဖိတ်စာများပို့လိုက်သည်။
ကျန့်အိမ်တော်က ဟယ်ချောင်စီရင်စုတွင် အရေးပါဆုံးအိမ်တော်ဖြစ်၍ လူတိုင်းက သူတို့အား မျက်နှာလိုမျက်နှာရလုပ်ချင်ကြ၏။ယခုအခြေအနေတွင်ဖြင့် လူတိုင်းက ဝမ်းပန်းတသာသွားကြမည်ဖြစ်သည်။
ကျန်းကျန့်နှင့်အလုပ်အတူတူလုပ်လေ့ရှိပြီး လီကျားရွာတွင်နေထိုင်သည့် လီမင်ကျဲက ပိုးထည်လုပ်ငန်းတွင်ပါဝင်လုပ်ကိုင်ရန် ကမ်းလှမ်းသူများထဲမှတစ်ယောက်ဖြစ်သည်။
သူကလီကျူးကျန့်နှင့်ရန်စရှိဖူး၍ ကျန်းကျန့်က သူအားခြောက်လိုက်မှသာ လီကျူးကျန့်က သူ့အားမနှောင့်ယှက်ရဲတော့ခြင်းဖြစိသည်။ထိုကတည်းက သူက ကျန်းကျန့်အား အလွန်သဘောကျသွားကာ ဤနှစ်ထွက် သူ၏ကုန်ပစ္စည်းများအား သယ်ပို့ပေးခွင့်ပြုလိုက်သည်။
ဤတစ်ကြိမ်တွင် ကျန့်မိသားစုက လှမ်းအကြောင်းကြားလိုက်သော်ငြား ကျန်းကျန့်က ဤလုပ်ငန်းတွင် စပ်တူပါဝင်နေမှန်းသိ၍ သူက သေချာပေါက် စောစောလာလေ၏။
ချင်ဖုန့်အိမ်တော်နှင့် မလှမ်းမကမ်းတွင် မြစ်တစ်စင်းရှိလေ၏။လီမင်ကျဲက မြစ်ဘက်သဲသောင်ပြင်မှလာသောအခါ ချင်ဖုန့်အိမ်တော်သို့သွားလိုက်ပြီး ဝင်လိုက်သည်နှင့် သာမန်အရပ်အမောင်းနှင့်လူငယ်လေးယောက်က အဝတ်အစားအတူတူဝတ်ထားကြပြီး တံခါးဝတွင်ရပ်နေကြသည်။သူအား မြင်သွားသည်နှင့် တညီတည်းဦးညွတ်လာကြသည်။
"ကြိုဆိုပါတယ်..ဧည့်သည်"
လီမင်ကျဲ၏လုပ်ငန်းက မသေးလှသော်ငြား တောရွာတွင်သာနေသူဖြစ်၍ သူ့ဘဝတွင် အဆောင်အယောင်များမရှိချေ။ဤသို့ဦးညွတ်မှုက သူ့အား အနည်းငယ်မသက်မသာဖြစ်စေသော်လည်း နည်းနည်း သဘောခွေ့သွားကြောင်း ပြောနိုင်၏။တံခါးမှဝင်လာပြီးနောက် တံခါးမှလူများအတိုင်း ဝတ်စားထားသည့် အခြားယောကျာ်းလေးတစ်ယောက် ရှေ့ရောက်လာပြီး လီမင်ကျဲအား ဟောခန်းထဲခေါ်သွားပေး၏။
လီမင်ကျဲတွေ့နေရသည့် အရာရာက စကားတစ်လုံးတည်းဖြင့်ပြောနိုင်သည်။
ပျော်ရွှင်မှုပင်။
သူက ဤနေရာတွင် လူများနှင့် စီးပွားရေးအကြောင်းပြောနိုင်ကာ ဂီတ၊ချက်စ်၊လက်ရေးလှနှင့်ပန်းချီတို့အကြောင်း အခြားသူများနှင့်ဆွေးနွေးနိုင်ပြီး အခြားသော စိတ်ဝင်စားစရာများအကြောင်းလည်း ရှိပေ၏။
စစချင်းတွင် ကျန့်ရီနှင့်ကျန်းကျန့်တို့က လောင်းကစားအိမ်တစ်ခုဆောက်ချင်သော်လည်း နောက်ပိုင်း ထိုသို့မလုပ်ပဲ ပိုပြီးခမ်းခမ်းနားနားလုပ်ထားပြီး အခြားသူများနှင့်ပြောဆိုဆက်သွယ်နိုင်ရန် ဧည့်သည်များအတွက် ေနရာများထားထားသည်။
စာသင်ဆောင်အကြီးကြီးလည်းရှိပြီး လူတိုင်းစာဖတ်နိုင်ရန် စာအုပ်များစွာထားရှိထား၏။လက်ဖက်ရည်ခန်းများလည်းရှိပြီး လက်ဖက်ရည်ကောင်းကောင်းအပြင် သာမန်လူများ ယခင်ကမမြင်ဖူးသည့် အစားအစာများလည်း ရနိုင်၏။
ဤနေရာ၌ သင်က ဘောလုံးပစ်ကစားနည်းနှင့်အခြားအရာများလည်း ကစားနိုင်၏။တချီတွင် ကစားနည်းအချို့ရှိသော်လည်း ကတ်ကစားနည်းကဲ့သို့ အချို့ကစားနည်းသစ်များထည့်ပေးထားသည်။
ဤနေရာတွင် ရေချိုးခန်းကြီးများက သီးသန့်ရေကန်များနှင့်ဖြစ်၍ လူတိုင်းအား စိတ်သက်သာစေ၏။အမှန်တွင်ဖြင့် ချင်ဖုန့်အိမ်တော်တွင် အမှားများလည်းရှိသည်။ဤနေရာရှိ အမှုထမ်းယောကျ်ားလေးများက ကျန့်မိသားစုမှခေါ်လာခြင်းဖြစ်သော်ငြား ဟယ်ချောင်စီရင်စုသည်ဖြင့်..။
ယင်းက စီရင်စုမြို့လေးသာ ဖြစ်သည်။
ထိုနေ့ကရောက်လာသည့်သူများအားလုံးက ဟယ်ချောင်စီရင်စုဒေသခံများဖြစ်ရာ သူတို့ ယခုမြင်နေရသည့်အရာများက ယခင်က တစ်ခါမှမမြင်ဖူးသည့်အရာများဖြစ်သည်။
“ကျုပ်ကြားတာ..ကတ်ကစားတာက နန်းတော်က လာတာတဲ့..ဧကရီမယ်တော်ကြီးက ကတ်ကစားရတာကြိုက်တယ်တဲ့လေ"
“ဒီမုန့်လေးကလည်း နူးညံ့နေတာပဲ..ဒါကိုတစ်ခါမှ မစားဖူးပါဘူး"
“ဒီမုန့်ကလည်း နန်းတော်က ဧကရီမယ်တော်ကြီး စားတဲ့ဟာလိုမျိုးပဲဖြစ်ရမယ်.ကျုပ်ကြားတာ.သခင်လေးကျန့်က နန်းတော်ကိုသွားခဲ့တာဆိုလား"
ရေကန်ထဲစိမ်နေကြသည့် လူများက အလွန်သက်တောင့်သက်တာရှိနေကြပြီး ခေါင်းလျှော်၍ပင်ရသည်။
"အပြည့်အစုံတော့ မဆောက်ရသေးဘူးဆိုတော့ ဆိုးတာပေါ့"
သင်သာ ထွက်လက်စစာအုပ်အား ဖတ်နေပါက ခိုးထွက်ထားသည်ဘာသာပြန်အား ဖတ်နေခြင်းကဲ့သို့ဖြစ်နေလေသည်။
. . .
လူများက တစ်ယောက်တစ်ပေါက်ပြောနေကြပြီး အကြောင်းအရာများက ကျန်းကျန့်ချင်ဖုန့်အိမ်တော်အားစဥ်းစားထားသည်များက အင်ပါယာနန်းတော်မှလာသည့် ထုတ်ကုန်များအား သုံးထားကြောင်းပြောနေကြသည်။
ထိုအချိန် ကျန်းကျန့်နှင့်ကျန့်ရီတို့က ကြက်ကြော်စားနေကြခြင်းဖြစ်သည်။ဤကြက်ကြော်က ဒုတိယထပ်တွင်တည်ခင်းသည့် ဟင်းလျာအသစ်များထဲမှ တစ်ခုအပါအဝင်ဖြစ်ကာ ကျန့်ရီက သူတို့အတွက် တစ်ပန်းကန်စီ မှာထားခြင်းဖြစ်သည်။
ဟုတ်တယ်...ကြက်ကြော်ဆိုမှ...။
ဤကြက်ကြော်က ကျန်းကျန့်က လုပ်ပုံလုပ်နည်းကို ပြောပြထားပြီး ကျန့်ရီက လုပ်ထားခြင်းဖြစ်သည်။ဤဟင်းလျာက ချင်ဖုန့်အိမ်တော်၏ စျေးကြီးအထူးဟင်းလျာများထဲမှ တစ်ပွဲဖြစ်ပြီး ခေတ်သစ်တွင်ဖြင့် အသင့်စားအစားအစာဟုခေါ်ကြသော်ငြား လက်ရှိအချိန်တွင် ယင်းက အဆင့်မြင့်ဟင်းလျာဖြစ်လာသည်။
ဒီခေတ်မှာ ဘယ်သူက ဆီစျေးကြီးအောင်လုပ်ထားလဲ။
ကျန်းကျန့်က ဤခေတ်ကြက်ကြော်က ခေတ်သစ်ကလောက်အရသာမရှိကြောင်း တွေးမိသော်ငြား ကျောက်ကျင်းကောကဖြင့် အလွန်နှစ်ခြိုက်နေ၏။
ဤကြက်ကြော်က တစ်ပိုင်းလုံးကြော်ထားခြင်းမဟုတ်ပဲ သေးသေးလေးဖြတ်ထား၍ ကျောက်ကျင်းကောက အခြားသူများ မလှုပ်ရသေးခင် ပန်းကန်တစ်ခုလုံးပြောင်သွား၏။
သူက ရုတ်တရက် ရှက်ကိုးရှက်ကန်းဖြစ်သွားသော်ငြား ကျန်းကျန့်က သူ့ရှေ့က ပန်းကန်အလွတ်အား သူ၏ကြက်ကြော်ပန်းကန်နှင့် လှဲပေးလိုက်သည်။
ကျန့်ရီက ရုတ်တရက် ဗိုက်ဝသွားသလိုခံစားရကာ သူ့ရှေ့က ကြက်ကြော်အား ထပ်မစားနိုင်တော့ပေ။ထို့ကြောင့် သူက တံခါးဆီသွားပြီး အောက်ကဟောခန်းအခြေအနေအား တစ်ချက်ကြည့်လိုက်သည်။
ဤနေရာက ကတ်ကစားရသည့်နေရာဖြစ်သည်။လျူချမ်ချမ်၊ကျောက်လင်ရှီးနှင့်အခြားအမျိုးသမီးများက ဆင်တူအမျိုးသားဝတ်စုံများဝတ်ထားကာ ဆံပင်ကိုလည်း ရိုးရိုးလေးစည်းနှောင်ထားပြီး စားပွဲနားမတ်တပ်ရပ်ကာ ဧည့်သည်များနှင့်လောင်းကစားလုပ်နေ၏။
သူတို့အားလုံးက ကောင်းကောင်းမွန်မွန်ဝတ်စားထားကြပြီး စားပွဲကလည်းကျယ်၍ အပြင်လူများက သူတို့နားမကပ်နိုင်ကြ။ဤနေရာသို့လာသည့် ဧည့်သည်အားလုံးက ဤမြင်ကွင်းအားတွေ့သော် သူတို့အား ထိချင်တိုင်းထိ၍မရနိုင်ကြောင်း သဘောပေါက်သွားကြသည်။သို့သော်လည်း ဤအကြောင်းကြောင့် လျူချမ်ချမ်နှင့်အခြားသူများအား ပိုပိုထိစေချင်မိ၍ မထွက်သွားချင်ပဲ ထိုင်သာနေ၏၊
သူတို့ထွက်မသွားချင်သည့် အခြားအကြောင်းပြချက်များလည်းရှိသေးသည်။ဤကတ်များကစားရသည်က ပျော်စရာကောင်း၍ပင်။
သူတို့က စားပွဲအပြင်ဘက်တွင် ထိုင်နေပြီး လူငယ်လေးတစ်ယောက်က လက်ဖက်ရည်နှင့်အစားအစာများ ဧည့်ခံလာ၏။သူတို့က လောင်းကြေးအား ထားသောအခါ ပိုက်ဆံအစစ်များမသုံးပဲ လက်သည်းခွံအရွယ် ကြွေပျော့များသုံးထားခြင်းဖြစ်သည်။
“လောင်းကစားနဲ့တောင်မတူတော့ဘူး"ကျန့်ရီက သက်ပြင်းချလိုကိသည်။
ထိုနေရာရှိ လောင်းကစားသမားများကြားတွင် သူ့အား လောင်းကစားဆိုင်ပိတ်ရန် ဖျောင်းဖျဖူးသောဦးလေးတစ်ယောက်ရှိသည်။သူ၏ဦးလေးက လောင်းကစားကိုမုန်းသော်လည်း ယခု သူက ကစားနေ၏။
ဟယ်ချောင်စီရင်စုက မြို့တော်မဟုတ်ရာ မြို့တံတိုင်းများလည်းမရှိသဖြင့် ညမထွက်ရအမိန့်လည်းမရှိချေ။ဤညတွင် ချင်ဖုန့်အိမ်တော်ရှိလူများ ဆိုင်ပိတ်သည်မှာ နောက်ကျနေပြီဖြစ်ပြီး တရားဝင်သာဖွင့်ပြီးပါက တစ်ချို့လူများက ထိုနေရာတွင်နေပင်နေတော့မည်ဖြစ်သည်။
နောက်တစ်နေ့တွင် ချင်ဖုန့်အိမ်တော်က ဟယ်ချောင်ရှိ အထက်တန်းစားများကြား လူပြောများသောနေရာတစ်ခုဖြစ်လာခဲ့သည်။
ထိုလူများက ချင်ဖုန့်အိမ်တော်သို့သွားရသည်အား အလွန်သဘောကျကြသည်။သို့သော်လည်း အမျိုးသမီးများကဖြင့်..။သူတို့အမျိုးသားများက အပြင်တွင် မိန်းမထွက်ရှာသည်ထက် ထိုသို့သောနေရာမျိုးသွားခြင်းက ပိုကောင်းမည်ဖြစ်သည်။
ထိုနေ့က ချင်ဖုန့်အိမ်တော်က ပိုက်ဆံမရှာခဲ့ပေ။ လူတိုင်းကလည်း လိုအပ်သည်လေးများသာဝယ်ကာ အခြားအရာများအပေါ် ပိုက်ဆံမသုံးခဲ့ကြပေ။
သို့သော်လည်း ရက်အနည်းငယ်ကြာပြီးနောက် ချင်ဖုန့်အိမ်တော်က တရားဝင်ဖွင့်ပြီဖြစ်ကာ အရာရာတိုင်း ပိုက်ဆံကုန်မည်ဖြစ်သည်။
ကျန်းကျန့်နှင့်ကျန့်ရီတို့မှာ နေ့တိုင်း ပိုက်ဆံနှင့်လုံးပမ်းနေရသည်။
ဟယ်ချာင်စီရင်စုတွင် သြဇာအာဏာရှိသည့်မိသားစုများမရှိသော်လည်း လုပ်ငန်းလုပ်သည့်မိသားစုများက တောင့်တင်းသည့်မိသားစုဖြစ်ကာ ပိုးထည်လုပ်ငန်းလုပ်သည့် လီမင်ကျဲ၏လက်ထဲတွင်လည်း ငွေတုံးတစ်သောင်းရှိလေ၏။
သူသာ ချင်ဖုန်အိမ်တော်သို့လာပြီးလောင်းကစားမလုပ်ပါက ငွေတုံးဆယ်တုံးနှင့်အချိန်ကောင်းလေးရှိနိုင်သည်။သူသာ ထိုစရိတ်ကို အလွယ်လေးတတ်နိုင်လျှင် ဟယ်ချောင်စီရင်စုရှိလူချမ်းသာများကဖြင့် မပြောနှင့်တော့။
ဟယ်ချောင်စီရင်စုရှိလူများက ချင်ဖုန့်အိမ်တော်သို့ ကစားရန်သာ ရောက်လာကြသူများမဟုတ်ကြချေ။
ခေတ်သစ်အချိန်တွင် လူများလည်ပတ်နိုင်သည့် ကလပ်များဘားများရှိသော်လည်း ဤရှေးခတ်အချိန်တွင် ပျော်ပါးနိုင်သည်များမရှိကြ။
နေ့တိုင်းနီးပါး ချင်ဖုန့်အိမ်တော်က ငွေတုံးတစ်ရာခန့်ရလေ၏။စရိတ်များအားလုံးကိုချန်ပြီး အသားတင်အမြတ် ငွေတုံးခြောက်ရာရှာနိုင်၏။
ဤက အစသာရှိသေးသော်လည်း အရာအားလုံးသစ်လွင်နေ၏။ဂရုတစိုက်တွက်ချက်ပြီးနောက် ရသည့်ဝင်ငွေက အံ့သြစရာပင်။တစ်လတည်းနှင့် ငွေတုံးတစ်သောင်းရှာနိုင်သည်။
ယှဥ်ပြောရပါက ကျန်းကျန့်ကိုယ်ရံတော်လုပ်ငန်းက လွန်ခဲ့သောလအနည်းငယ်ဖွင့်ထားချိန်ကစ ငွေတုံးရာဂဏန်းအနည်းငယ်သာရှာနိုင်၏။ယခုခေတ်တွင်ပင် အမြတ်အရဆုံးအရာက ဇိမ်ခံပစ္စည်းများနှင့်အပျော်ရှာသည့် အရာများသာဖြစ်သည်။
“ဒီချင်ဖုန့်အိမ်တော်ကို ဖူချောင်မှာဆောက်လိုက်ရင်....အဲ့မှာက လူချမ်းသာစီးပွားရေးသမားတွေအများကြီးရှိတယ်"ကျန့်ရီက မူလက ချင်ဖုန့်အိမ်တော်အား အတည်မထားသော်လည်း မကြာမီရင်ဘတ်ထဲမီးတောက်နေပြီဖြစ်သည်။
ကျန့်မိသားစုက ချမ်းသာသော်လည်း ဖူချောင်တွင်က ကျန့်မိသားစုထက်ပိုချမ်းသာသည့်သူများရှိကာ ပိုက်ဆံသုံးရန်လည်းနေရာမရှိချေ။
“မင်းသာ ဖူချောင်ကိုသွားချင်ရင် ချင်ဖုန့်အိမ်တော်ကို နည်းနည်းကြီးကြီးလေးဆောက်ပြီး အဆောင်အယောင်တွေထပ်ထည့်"
ကျန်းကျန့်ကလည်း သူ၏ပုလဲလုံးလေးအတွက် တင်တောင်းကြေးစုရန် တွက်ချက်နေပြီဖြစ်၍ ပိုက်ဆံပိုရှာနိုင်မည့်နည်းအား သေချာပေါက်ရှာရမည်ပင်။
မဟုတ်..။သူက မင်ကျူးလေးအား လက်ထပ်ပေးရန်တွန့်ဆုတ်နေ၍ ခန်းဝင်ကြေးအား စုထားလိုက်သည်က ပိုကောင်းမည်ဖြစ်ပြီး သူမသာ တစ်ယောက်ယောက်ကိုကြိုက်နေပါက အိမ်သို့ဂုတ်ဆွဲခေါ်လာနိုင်ပေသည်။